← Chapters

အခန်း (၉၇၁-၉၇၅)

Vol. 65 Ch. 971-975

အခန်း (၉၇၁-၉၇၅)

Vol. 65 Ch. 971-975

Chapter 971

ယနေ့၏ နောက်ဆုံးနာရီအပိုင်းအခြား ဖြစ်သောကြောင့်...

သူမ၏အသက်သည် ဤတစ်နာရီအတွင်းတွင် အဆုံးသတ်သွားပေမည်။

သူမ အသက်ရှင်ရန် အချိန်တစ်နာရီသာ ကျန်တော့သည်။ မွေးကတည်းက ကြိုတင်ပြင်ဆင်ထားသော ဖြောင်မြောင်ဟုန်ပင်လျှင် ဤအချိန်အခိုက်အတန့်တွင် သူမ၏စိတ်နှလုံးသားအတွင်းမှ ခံစားချက်ကို ဖော်ပြ၍ မရနိုင်တော့ချေ။

အတိတ်မှ မြင်ကွင်းများက သူမ၏စိတ်အတွင်းတွင် လျှပ်ပြက်သကဲ့သို့ ထွက်ပေါ်လာသည်။

သူမ၏ ဖခင်...သူမ၏ မိခင်…

မိသားစုအတွင်းရှိ သူမ၏ မောင်နှမများ…

ထိုလူများအနက် သူမကို ပြန်ပေးဆွဲခဲ့သဖြင့် တွေ့ဆုံခဲ့ရကာ သေလမ်းရှာနေခဲ့သော ရီဖုန်းလည်း ပါဝင်သည်။

သူမ၏ အတွေးများ အဝေးသို့ လွင့်မျောသွားကာ....

ဤကျိန်စာ မရှိခဲ့လျှင် သူမ၏ ဘဝသည် အလွန်စိတ်လှုပ်ရှားဖွယ်ကောင်းမည် ဖြစ်ကာ သူမ လုပ်ချင်သော်လည်း လုပ်ခွင့်မရခဲ့သော အရာများစွာကို လုပ်ဆောင်နိုင်ပေမည်။

အမ်...

ဤအချိန်အခိုက်အတန့်မှာပင် သေခြင်းတရားကို စောင့်ဆိုင်းနေသော ဖြောင်မြောင်ဟုန်သည် တစ်စုံတစ်ရာ မှားယွင်းနေသည်ကို သတိပြုမိသွားသည်။

ရုတ်တရက် သူမ၏ လှပသော မျက်လုံးများကို ဖွင့်လိုက်၏။

သူမ၏ ယခင်မှတ်သားထားမှုအရ နောက်ဆုံးနာရီသည် ကုန်ဆုံးသွားပြီ ဖြစ်သောကြောင့်ပင်။

အချိန်သည် နောက်တစ်နေ့သို့ပင် ရောက်ရှိနေလေပြီ။

“ဘယ်လိုဖြစ်တာလဲ...”

“ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...”

ဖြောင်မြောင်ဟုန်သည် အလွန်အံ့အားသင့်နေသဖြင့် စိတ်တည်ငြိမ်နိုင်ခြင်း မရှိတော့ပေ။

သူမ ယနေ့တွင် သေဆုံးသွားခြင်းမရှိလဲ အသက်ရှင်မည်ဟု တစ်ကြိမ်တစ်ခါမျှ တွေးထင်ထားခဲ့ခြင်း မရှိချေ။

“အရင်က တွက်ချက်တာ မှားခဲ့တာလား...”

"ဒါပေမဲ့ ဒါက မဟုတ်သေးဘူး..."

"ဒီနေ့ဆိုတာက အသိသာကြီးလေ"

ဤအချိန်အခိုက်အတန့်တွင် ဖြောင်မြောင်ဟုန်သည် စိတ်လှုပ်ရှားနေသည့်အပြင် စိုးရိမ်ပူပန်နေသည်။

အချိန်တန်နေပြီ ဖြစ်သော်လည်း သူမ၏ကိုယ်ခန္ဓာရှိ ကျိန်စာစွမ်းအား မပေါက်ကွဲသေးပေ။

အကြောင်းအရင်းကို ရှာဖွေရန်အတွက် ဖြောင်မြောင်ဟုန်သည် သူမ၏စွမ်းအင်များကို အလျင်အမြန် ကျင့်ကြံလိုက်သည်။ကြီးမားသော စွမ်းအားသည် သူမ၏မရီဒါန်းများအတွင်း၌ စီးဆင်းနေကာ တစ်ပတ်ပြီးတစ်ပတ် လည်ပတ်နေသည်။

သို့ရာသည် သူမသည် စွမ်းအားများကို အကြိမ်ရေအနည်းငယ် လှည့်ပတ်ပြီးနောက် ထိတ်လန့်တုန်လှုပ်သွားကာ သူမ၏ မျက်လုံးများ ပြူးကျယ်သွားသည်။

အကြောင်းအရင်းမှာ သူမ၏ခန္ဓာကိုယ်အတွင်းမှ ကျိန်စာစွမ်းအား ပျောက်ကွယ်သွားသည်ကို သူမ အံ့အားသင့်ဖွယ် တွေ့ရှိခဲ့သောကြောင့်ပင်။

“မရှိတော့ဘူး...ဒါက တကယ်ကို ပျောက်သွားပြီ”

ဖြောင်မြောင်ဟုန်က အခိုင်အမာ အတည်ပြုလိုက်သည်။

ရလဒ်ကို အကြိမ်ကြိမ် အတည်ပြုပြီးနောက် သူမ၏အသံ တုန်ရီလာကာ ဝမ်းသာမျက်ရည်များ ကျလာပေ၏။။

သူမ၏စိတ်အတွင်းရှိ ခံစားချက်ကို ဖော်ပြရန် စကားလုံးများ ရှာမတွေ့ခဲ့ချေ။

သူမ သေရတော့မည်ဟု ထင်ခဲ့သော်လည်း အရေးကြီးသည့် အချိန်အခိုက်အတန့်တွင် သူမ၏ခန္ဓာကိုယ်အတွင်းရှိ ကျိန်စာစွမ်းအား ရှင်းရှင်းလင်းလင်း ပျောက်ကွယ်သွားခဲ့သည်။

ဓားချိုင့်ဝှမ်း၏ ကြီးမားကျယ်ပြန့်သော ရင်ပြင်တွင်...

ယခုချိန်တွင် မိုးမလင်းသေးချေ။

သို့ရာတွင် ဤနေရာ၌ တပည့်အမြောက်အများရှိနေကာ ဓားနည်းစနစ်များကို ပြင်းပြင်းထန်ထန် လေ့ကျင့်နေကြသည်။

သူတို့အနက်မှအများစု၏ မျက်နှာများပေါ်တွင် ကြေကွဲဝမ်းနည်းမှုများဖြင့် ပြည့်နှက်နေသည်။

ဖြောင်မြောင်ဟုန်သည် ဓားချိုင့်ဝှမ်းတွင် အလွန်မြင့်မားသော အဆင့်အတန်းရှိသည်။

သူမသည် ဤသွေးဝေးတပည့်များအပေါ် အလွန်ကြင်နာစွာ ဆက်ဆံပြီး မကြာခဏ ဓားပညာများ သင်ပေးလေ့ရှိသည်။

ထို့ကြောင့်...

ဖြောင်မြောင်ဟုန်၏ သေဆုံးမှုသည် ဓားချိုင့်ဝှမ်းတစ်ခုလုံးကို ကြေကွဲဝမ်းနည်းမှုများအတွင်းတွင် နစ်မြုပ်သွားစေခဲ့သည်။

ဓားပညာများကို အရူးအမူး ကျင့်ကြံခြင်းဖြင့်သာ သူတို့သည် ဝမ်းနည်းမှုကို မခံစားရတော့ဘဲ စိတ်သက်သာရာ ရနိုင်မည်ဟု တွေးထင်ကြပေ၏။

သို့ရာတွင် ဤအခိုက်အတန့်၌ ရင်ပြင်ပေါ်တွင် ဓားနည်းစနစ်များ ကျင့်ကြံနေသော တပည့်အမြောက်အများသည် သူတို့၏ မျက်လုံးများကို ဓားသင်္ချိုင်းနေရာသို့ ရုတ်တရက် လှည့်ကြည့်လိုက်ကြသည်။

မြင့်မားသော အထိမ်းအမှတ်မုခ်ခုံးအောက်တွင် အဆုံးမရှိသော လမ်းတစ်လမ်းရှိပြီး ဓားပေါင်းများစွာနှင့် သေဆုံးသွားသော အရိုးများစွာကို မြှုပ်နှံထားသည်။

သို့ရာတွင် ဤအချိန်အခိုက်အတန့်၌...

မြေနီလမ်းပေါ် နင်းလျှောက်လာသည့် ခြေသံများ ထွက်ပေါ်လာသည်။

ဤရုတ်တရက် အပြောင်းအလဲကြောင့် ရင်ပြင်ရှိ တပည့်များအားလုံးနှင့် မုခ်ခုံးအောက်ရှိ အစောင့်များသည် အမြင့်ဆုံးသတိအနေအထားဖြင့် မတ်မတ်ရပ်ကာ သူတို့၏လက်များအတွင်းတွင် ဓားများကိုဆုပ်ကိုင်၍ သတိကြီးစွာ စောင့်ကြည့်လိုက်ကြသည်။

အကြောင်းအရင်းမှာ ယခင်ခေတ်အစဥ်အဆက်တွင် လူများအားလုံးသည် ဤလမ်းအတွင်းသို့ ဝင်သွားခဲ့သည်သာရှိပြီး မည်သူမျှ ပြန်ထွက်မလာခဲ့ဖူးသောကြောင့်ပင်။

ထို့ကြောင့် ဤအချိန်အခိုက်အတန့်တွင် ဓားသင်္ချိုင်းအတွင်းမှ ခြေသံ ထွက်ပေါ်လာသဖြင့် အမှန်တကယ်ကို ထူးဆန်းလွန်းနေသည်။

ခြေသံများ တစတစ ပိုနီးလာပြီးနောက် တဖြည်းဖြည်းနှင့် မသဲမကွဲပုံရိပ်တစ်ခုက လူများအားလုံး၏မျက်လုံးများအတွင်း၌ ထွက်ပေါ်လာသည်။

သူမသည် အရပ်ရှည်ပြီး...

နှင်းကဲ့သို့ဖြူဆွတ်သော ဝတ်ရုံရှည်ကို ဝတ်ဆင်ထားသည်။

သူမသည် လောကီအရေးကိစ္စများနှင့် မသက်ဆိုင်သော နတ်မိမယ်တစ်ပါးကဲ့သို့ အလွန်လှပပေ၏။ဤသည်မှာ သူမ၏နောက်ကွယ်မှ ပတ်ဝန်းကျင်နှင့် လုံးလုံးလျားလျား ဆန့်ကျင်ဘက်ဖြစ်နေကာ သူမ

လက်အတွင်းတွင် ဓားရှည်တစ်လက်ကို ကိုင်ပြီး ခြေလှမ်းတစ်လှမ်းချင်း လျှောက်လှမ်းထွက်လာသည်။

နောက်ဆုံး၌....

လူများအားလုံး သူမ၏ မျက်နှာကို ရှင်းရှင်းလင်းလင်း မြင်လိုက်ကြသည်။

“သခင်မလေး...ဒါက သခင်မလေးပဲ”

“အိုး ဘုရားရေ...သခင်မလေးက ဘယ်လိုလုပ်ပြီး ပြန်ထွက်လာတာလဲ...”

“ဒါက ဘယ်လိုဖြစ်တာလဲ....အချိန်အရဆိုရင် သခင်မလေးက…”

ဓားသင်္ချိုင်းအတွင်းမှ ထွက်လာသူမှာ ဖြောင်မြောင်ဟုန်ပင်။ ဓားချိုင့်ဝှမ်းမှလူများသည် သူမကို မြင်ချိန်၌ သရဲတစ္တေတစ်ကောင်ကို မြင်တွေ့လိုက်ရသည့်အလား မယုံကြည်နိုင်စွာဖြင့် အော်ဟစ်လိုက်ကြသည်။

ဤနေရာတွင် ဖြစ်ပွားသော အပြောင်းအလဲများသည် ဓားချိုင့်ဝှမ်းတစ်ခုလုံး၏ စိတ်အာရုံကို ချက်ချင်း ဆွဲဆောင်သွားနိုင်ပေ၏။

ဓားချိုင့်ဝှမ်း၏ လက်ရှိအရှင်သခင်ဖြစ်သူ ဖြောင်ကျန်းသည်လည်း တခြားလူများနှင့်အတူ ဤနေရာသို့ အလျင်အမြန် ရောက်ရှိလာသည်။

မကြာခင်မှာပင် လူထောင်နှင့်ချီ၍ ဤနေရာသို့ရောက်လာပြီး မုခ်ခုံးအောက်တွင် မတ်တတ်ရပ်နေသော ဖြောင်မြောင်ဟုန်ကို ထိတ်လန့်တုန်လှုပ်ပြီး မယုံကြည်နိုင်သော မျက်လုံးအကြည့်များနှင့် ကြည့်လိုက်ကြသည်။

ဖြောင်ကျန်းသည် သူ့ရှေ့ရှိ ဖြောင်မြောင်ဟုန်ကို ခြေဆုံးခေါင်းဆုံးကြည့်ရင်း သူ၏ခန္ဓာကိုယ် တုန်ရီနေသည်။ အချိန်အတော်ကြာပြီးနောက် သူက မဝံ့မရဲမေးမြန်းလိုက်သည်။

“ဟုန်အာ...ဒါ… ဒါက မင်းလား...”

လူတိုင်း၏ အကြည့်အောက်တွင် အဖြူရောင်ဝတ်စုံဝတ် အမျိုးသမီးသည် ခေါင်းအနည်းငယ်ညိတ်ပြကာ ဝမ်းသာမျက်ရည်များဖြင့် ပြန်ဖြေသည်။

“ဟုတ်ပါတယ်...ဦးလေးကျန်း ဒါက ငါပါ...”

“ဦးလေးကျန်း”ဟူသော ခေါ်သံကြောင့် ဖြောင်ကျန်း၏မျက်လုံးများ နီမြန်းသွားသည်။

ဖြောင်မြောင်ဟုန်သည် ဓားသင်္ချိုင်းမှ ပြန်ထွက်လာသည်ကို သူ ချက်ချင်းနားလည်သွားသည်။ မည်သည့် အကြောင်းပြချက် ရှိနေစေကာမူ ဤသည်မှာ သူ၏တူမ ဖြောင်မြောင်ဟုန်သာ ဖြစ်သည်။

သူ မမှားနိုင်ချေ။

မည်သို့မျှ မမှားနိုင်ပေ။

“ဟုန်အာ မင်း ဘာဖြစ်လာတာလဲ...”

“မင်း ဘယ်လိုလုပ်ပြီးတော့ ပြန်ထွက်လာတာလဲ…”

ဖြောင်ကျန့်က အလျင်အမြန် ပြေးသွားပြီး စိုးရိမ်ပူပန်စိတ်ပူစွာ မေးမြန်းသည်။ သို့ရာတွင် သူ့၏မျက်လုံးများအတွင်းတွင် မျှော်လင့်တောင့်တသော အရိပ်အယောင်တစ်ရပ် ရှိနေပေ၏။

သို့ရာတွင်....

သူ မည်သည့်အရာကို မျှော်လင့်ရမှန်း မသိခဲ့ပေ။

သို့သော် သူ့၏ ထင်မှတ်မထားသော မျှော်လင့်ချက်သည် အမှန်တကယ် အကောင်အထည် ပေါ်လာလိမ့်မည်ဟု သူ တွေးထင်မထားမိချေ။

“ဦးလေးကျန်း....”

"ဘာကြောင့်မှန်းတော့ ငါ မသိဘူး... ဒါပေမဲ့ ငါ့ရဲ့ခန္ဓာကိုယ်ထဲက ကျိန်စာစွမ်းအား ပျောက်သွားပြီ"

“ငါ...ငါ သေစရာ မလိုတော့ဘူး...”

ဖြောင်မြောင်ဟုန်၏မျက်လုံးများ နီမြန်းနေကာ ဝမ်းသာမျက်ရည်များဖြင့် ပြောဆိုသည်။

ဖြောင်မြောင်ဟုန်၏ စကားများ ကျရောက်သည်နှင့် တပြိုင်နက်တည်း လှိုင်းထောင်ပေါင်းများစွာ ထလာသည့်အလား လူများအားလုံး ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။

“ဘာပြောလိုက်တာလဲ....”

“ဒါက....”

“သခင်မလေးရဲ့ ခန္ဓာကိုယ်ထဲက ကျိန်စာစွမ်းအား ပျောက်သွားပြီလား....”

ထိတ်လန့်တုန်လှုပ်စွာ ပြောဆိုလိုက်သော အသံများ တစ်သံပြီးတစ်သံ ထွက်ပေါ်လာပေ၏။

ဖြောင်ကျန့်၏ခန္ဓာကိုယ် ပို၍တုန်ရီလာပြီး သူ နားကြားမှားသွားမည်ကို စိုးရိမ်သဖြင့် ဖြောင်မြောင်ဟုန်၏အနီးသို့ ချဉ်းကပ်ကာ အလေးအနက်ထားသော လေသံဖြင့် မေးမြန်းသည်။

“ဟုန်...ဟုန်အာ...မင်း ပြောတာ တကယ်ပဲလား....”

Chapter 972

“အမှန်ပါပဲ...မဟုတ်ရင် ငါက ဘယ်လိုလုပ်ပြီးတော့ အခု ဒီနေရာမှာ မတ်တတ်ရပ်နေနိုင်မှာလဲ....”

ဖြောင်မြောင်ဟုန်က တုံ့ပြန်အဖြေပေးသည်။

“ကောင်းတယ်... ကောင်းတယ်...အရမ်းကောင်းတယ်"

ဖြောင်မြောင်ဟုန်၏ အဖြေကို ကြားချိန်တွင် ဖြောင်ကျန့်သည် သူ၏မျက်ရည်များကိုသုတ်ပြီး စိတ်လှုပ်ရှားစွာဖြည့် သူမကို ကြည့်လေသည်။

“ဒါပေမဲ့ ငါ ခုထိ နားမလည်နိုင်တာကတော့....ကျိန်စာစွမ်းအားက ဘာအကြောင်းမှမရှိဘဲနဲ့ ပျောက်ကွယ်သွားတဲ့ကိစ္စပဲ”

ထိုအချိန်မှာပင် ဖြောင်မြောင်ဟုန်က မျက်မှောင်ကြုတ်ပြီး ချစ်စဖွယ်အမူအယာဖြင့် ပြောဆိုသည်။

“နဂါးငါးကြောင့်လား....”

တစ်စုံတစ်ယောက်က မေးမြန်းသည်။

ဖြောင်မြောင်ဟုန်က ခေါင်းခါလိုက်သည်။သူမသည် ရီဖုန်း ပေးခဲ့သော နဂါးငါးကို မသုံးခဲ့ချေ။အကြောင်းအရင်းမှာ သူမအတွက် နောက်ဆုံးအချိန်သို့ ရောက်ရှိနေကြောင်း သူမ သိထားသောကြောင့်ပင်။

“ဒါဆို ဟုန်အာ...ခုလတ်တလောအတွင်းမှာ မင်း ထူးခြားတဲ့ ရတနာတစ်ခုခုကို အသုံးပြုမိသေးလားဆိုတာ ထပ်ပြီးစဉ်းစားကြည့်ပါအုံး”

ဖြောင်ကျန့်က ထပ်မံ၍ မေးမြန်းသည်။

ဖြောင်မြောင်ဟုန်သည် ထပ်မံ၍ခေါင်းခါယမ်းလိုက်၏။

အကယ်၍ သူမသည် ထူးခြားသော ရတနာတချို့ကို သုံးစွဲခဲ့လျှင်ပင် ထိုအရာများသည် ဓားချိုင့်ဝှမ်းတွင် မြင်တွေ့နေကျ ရတနာများသာ ဖြစ်သဖြင့် အကျိုးသက်ရောက်မှုများကို သူမ ကောင်းစွာသိရှိထားသည်။ ထိုအရာများသည် သူမ၏ခန္ဓာကိုယ်ထဲမှ ကျိန်စာစွမ်းအားကို ပျောက်ကွယ်သွားစေသည့် အကြောင်းအရင်း မဖြစ်နိုင်ချေ။

“အမ်....”

“ငါ့ရဲ့ခန္ဓာကိုယ်ထဲက ကျိန်စာစွမ်းအားလည်း ပျောက်ကွယ်သွားပြီ....”

လူတိုင်း အံ့အားသင့်နေကြစဉ်မှာပင် လူအုပ်အကြားတွင်ရှိနေသော တပည့်တစ်ယောက်က ရုတ်တရက် အံ့အားတသင့် အော်ဟစ်လိုက်သည်။

သူ၏အော်ဟစ်သံကြောင့် လူများအားလုံး ချက်ချင်းဆိုသလိုပင် သူ့ကို အာရုံစိုက်လာကြသည်။

“တကယ်လား....”

ဖြောင်ကျန့်နှင့် ဖြောင်မြောင်ဟုန်တို့သည် တပြိုင်နက်တည်း ပြောလိုက်ကြ၏။

တခြားသူများလည်း သူ၏အဖြေကို မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။

ဤတပည့်၏ခန္ဓာကိုယ်အတွင်းမှ ကျိန်စာစွမ်းအား အမှန်တကယ် ပျောက်ကွယ်သွားခဲ့ပါက ဤသည်မှာ တိုက်ဆိုင်မှုသက်သက် မဟုတ်နိုင်တော့ချေ။

“လုံးဝ အမှန်ပါပဲ...သခင်ကြီးနဲ့သခင်မလေး...”

သူတို့၏ မျှော်လင့်တကြီး အကြည့်များအောက်တွင် ထိုတပည့်က အလျင်အမြန် တုံ့ပြန်အဖြေပေးသည်။

“ခုဏ သခင်မလေးက သူရဲ့ခန္ဓာကိုယ်ထဲက ကျိန်စာစွမ်းအား ဘာအကြောင်းမှမရှိဘဲ ပျောက်ကွယ်သွားပြီလို့ ပြောတာကို ကြားတဲ့ချိန်မှာ..ငါကလည်း အလိုလိုနေရင်း ငါ့ကိုယ်ငါ စစ်ဆေးကြည့်လိုက်မိတယ်...ငါ စစ်ဆေးကြည့်မိတာနဲ့ ကျိန်စာစွမ်းအားက တကယ်ကြီး ပျောက်ကွယ်သွားတာကို ငါ တွေ့လိုက်ရတယ်....”

ဤတပည့်၏စကား အဆုံးသတ်သွားချိန်တွင် သတင်းအချက်အလက်တစ်ခုသည် သူတို့၏ စိတ်များအတွင်းသို့ ဝင်ရောက်လာသည့်အလားပင်။

“မြန်မြန်...မြန်မြန်...မြန်မြန်လေး...မင်းတို့အားလုံး...မင်းတို့ရဲ့ခန္ဓာကိုယ်ထဲက ကျိန်စာစွမ်းအားကို ချက်ချင်း စစ်ဆေးကြည့်ကြစမ်း”

ကြီးမားသောစွမ်းအားနှင့် ရောယှက်နေသော အသံတစ်သံ ထွက်ပေါ်လာသည်။

ရုတ်ချည်းဆိုသလိုပင် တပည့်တစ်ယောက်ချင်းစီသည် သူတို့၏မျက်လုံးများကို စုံမှိတ်ကာ သူတို့၏စွမ်းအားများကို ဒန်တျန်အတွင်းသို့ စုစည်းပြီး အာရုံခံလိုက်ကြသည်။

အချိန်တခဏအကြာတွင် တပည့်တစ်ယောက်၏ အသံ ထွက်ပေါ်လာသည်။

“ချိုင့်ဝှမ်းသခင်... သခင်မလေး...ငါ့ရဲ့ကျိန်စာစွမ်းအားလည်း ပျောက်ကွယ်သွားပြီ...”

“ဟုတ်တယ်....ငါ့ဆီမှာလည်း မရှိတော့ဘူး..”

“ပျောက်သွားပြီ... တကယ်ကို ပျောက်သွားပြီ...ဟား ဟား ဟား ဟား....”

အချိန်တခဏအတွင်းတွင် အံ့အားသင့်ခြင်း ရှိုက်ကြီးတငင်ငိုကြွေးခြင်း နှင့် ဝမ်းသာအားရအော်ဟစ်သံစသည့် အသံအမျိုးမျိုးသည် လေ့ကျင့်ရေးကွင်းတစ်ခုလုံးအနှံ့ ပျံ့နှံ့သွားပေ၏။

“ဦးလေးကျန်....ရှင်ရော ဘယ်လိုအခြေအနေ ရှိလဲ...”

ဖြောင်မြောင်ဟုန်က မျှော်လင့်တကြီး မေးမြန်းသည်။

“ငါ....ငါ့ဆီမှာလည်း မရှိတော့ဘူး”

ဖြောင်ကျန့်၏ခန္ဓာကိုယ် တုန်ရီနေကာ အထစ်ထစ်အငေါ့ငေါ့ဖြင့် ပြောဆိုသည်။ သူ၏ ခန္ဓာကိုယ်အတွင်းရှိ ကျိန်စာစွမ်းအား အမှန်တကယ်ပင် ပျောက်ကွယ်သွားခဲ့သည်ကို သူ မယုံကြည်နိုင်ချေ။

ဖြောင်မိသားစု ၏ ချိတ်ပိတ်ခံထားရမှုသည် တစ်နေ့တွင် ပွင့်သွားလိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ပေ။

သူ၏မျက်လုံးအတွင်းမှ မျက်ရည်များ ယိုစီးကျနေမှုကို သူ မထိန်းချုပ်နိုင်တော့ဘဲ မြေပြင်ပေါ်သို့ ဘုန်းခနဲ ဒူးထောက်လိုက်သည်။

“အိုး နတ်ဘုရားရေ...မင်းက နောက်ဆုံးတော့ မျက်လုံးဖွင့်ကြည့်ခဲ့ပြီ....”

“ငါတို့ဖြောင်မိသားစုရဲ့မျိုးဆက်တွေက နောက်ဆုံးတော့ ကျိန်စာကို မခံစားရတော့ဘဲနဲ့ ကံကောင်းသွားခဲ့ပြီ...."

“ငါတို့ဖြောင်မိသားစုကို ဖုံးလွှမ်းထားတဲ့ တိမ်မည်းတွေက နောက်ဆုံးတော့ ကင်းစင်သွားခဲ့ပြီ…”

ဤအချိန်အခိုက်အတန့်တွင်...

ဓားချိုင့်ဝှမ်းတစ်ခုလုံးသည် ပျော်ရွှင်မှုအတွင်းတွင် နစ်မြုပ်နေပြီး မရေမတွက်နိုင်သော လူများ ဝမ်းသာလုံးဆို့ပြီး ငိုကြွေးနေကြသည်။

ကျိန်စာစွမ်းအားသည် သူတို့၏ ခေါင်းများပေါ်တွင် ဖိနှိပ်ထားသော ကြီးမားသည့် တောင်တစ်လုံးနှင့် တူညီကာ မည်မျှထိ လေးလံသည်ကို သာမန်လူများ စိတ်ကူးပင်ယဥ်ကြည့်ဖူးမည်မဟုတ်ချေ။

ဤကျိန်စာသည် နှစ်ပေါင်းတစ်သိန်းကြာသည်အထိ ဖြောင်မိသားစုကို အသက်ရှူမွန်းကြပ်စေခဲ့သည်။

ယခုချိန်တွင်မူ ကျိန်စာစွမ်းအား သည် နောက်ဆုံး၌ ပျောက်ကွယ်သွားခဲ့လေပြီ။ သေရာမှ အသက်ရှင်ကျန်ရစ်ခြင်း၏ ပျော်ရွှင်မှု အနာဂတ်ဘဝအတွက် တောင့်တမှု နှင့် အတိတ်၏ မှောင်မိုက်မှုအပေါ် ကြောက်ရွံ့မှုတို့သည် ရောယှက်နေသဖြင့် မရေမတွက်နိုင်သောလူများသည် သူတို့၏ မျက်ရည်များကို မထိန်းနိုင်တော့ဘဲ ငိုကြွေးနေကြသည်။

အထက်မိုးကောင်းကင်ယံတွင် အနက်ရောင် ဝတ်ရုံများဝတ်ဆင်ထားသော ပုံရိပ်အချို့ရှိနေကာ ဤအရာအားလုံးကို တိတ်ဆိတ်ငြိမ်သက်စွာ ကြည့်နေကြ၏။

“ဒီနှစ်တွေအတွင်းမှာ သူတို့ တကယ်ပဲ ပင်ပန်းခဲ့ကြတယ်..."

အနက်ရောင်ဝတ်ရုံအတွင်းမှ ခွေးတစ်ကောင်၏ခေါင်း ထွက်ပေါ်လာပြီး သူက တည်ကြည်လေးနက်စွာ သက်ပြင်းရှိုက်လိုက်သည်။

“အမှန်ပဲ....”

နံဘေးမှ ကင်းခြေများကလည်း ခေါင်းညိတ်လိုက်သည်။

သူတို့သည် ပုံမှန်အားဖြင့် ပျော်ပျော်ရွှင်ရွှင် နေလေ့ရှိသော်လည်း ဤအချိန်အခိုက်အတန့်တွင်မူ သူတို့၏ စိတ်နှလုံးသားများအတွင်းတွင် လေးလံမှုကို ခံစားရသည်။

ခေါင်းဆောင်လုပမ်ဝေသည် စကားတစ်ခွန်းမျှမပြောဘဲ အရာရာတိုင်းကို တိတ်ဆိတ်စွာ ဆက်လက်စောင့်ကြည့်နေပေ၏။

အချိန်အတော်ကြာပြီးနောက် အနက်ရောင် ဝတ်ရုံအောက်ရှိ သူ၏အရိုးလက်ဝါးကို အနည်းငယ် လှုပ်ယမ်းလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ဓားချိုင့်ဝှမ်းပေါ်သို့ အစွမ်းထက်သော စွမ်းအားလှိုင်းတစ်ရပ် ကျဆင်းလာသည်။

ဤကျွန်းပေါ်ရမှ လူများသည် ထိုအရာကို အချိန်တခဏတာအတွင်းတွင် ခံစားနိုင်မည် မဟုတ်သော်လည်း ဤအချိန်အခိုက်အတန့်တွင် ဓားချိုင့်ဝှမ်းသည် ပြန်လည်မွေးဖွားလာခဲ့လေပြီ။

ဤနေရာသည် ယခင်က မြေရိုင်းဖြစ်ခဲ့လျှင် ယခုချိန်တွင်မူ သုခဘုံပင်။

ဤမြေပေါ်တွင် နေထိုင်သူများသည် ပါရမီအရည်အချင်းနှင့် ကျင့်ကြံမှု နှစ်မျိုးလုံးတွင် ထူးခြားသော တိုးတက်မှုများ ရရှိမည်ကာ ကြီးမားသော ကောင်းချီးများကို ခံစားရမည်။

ခွေးတို့တစ်သိုက်သည် လုပမ်ဝေကို လေးစားမှု အပြည့်ဖြင့် ကြည့်လိုက်ကြ၏။

“ဒါပေမဲ့ အစ်ကိုကြီး...အဲ့ဒီအချိန်တုန်းက ဘာတွေ ဖြစ်ခဲ့တာလဲ”

ခွေးက မအောင့်အည်းနိုင်တော့ဘဲ မေးမြန်းလိုက်သည်။

လုပမ်ဝေက ခေါင်းအနည်းငယ်မော့ပြီး တိတ်ဆိတ်ငြိမ်သက်နေသည်။

အချိန်အတော်ကြာပြီးနောက် သူက တုံ့ပြန်အဖြေပေးသည်။

“အချိန်တန်ရင် မင်းတို့ သိလိမ့်မယ်....”

ထိုသို့ပြောပြီးနောက် သူသည် သူ့၏အရိုးလက်ဝါးဖြင့် လေဟာနယ်ကို ညင်သာစွာ ထိတွေ့လိုက်၏။ထိုလေဟာနယ်သည် ရေလှိုင်းများကဲ့သို့ လှိုင်းဂယက်များထလာကာ လေဟာနယ်အက်ကွဲကြောင်းတစ်ကြောင်း ထွက်ပေါ်လာသည်။

နောက်ထပ်အချိန်တခဏတွင် သူသည် ခွေးတို့တစ်သိုက်နှင့်အတူ လေဟာနယ်အက်ကွဲကြောင်းအတွင်းသို့ ဝင်ရောက်သွားပြီးနောက် အစအနမကျန် ပျောက်ကွယ်သွားသည်။

Chapter 973

နယ်မြေကြီးကိုးခု၌....

ရီဖုန်း အတော်လေး စိတ်အနှောင့်အယှက် ဖြစ်နေသည်။

သူ နယ်မြေကြီးကိုးခုတွင် အချိန်ကြာမြင့်စွာ လှည့်လည်သွားလာခဲ့သော်လည်း ပိုင်ဟွမ်၏အရိပ်အယောင်ကို မတွေ့ရသေးသည့်အပြင် သူမ၏ဆွေမျိုးသားချင်းများနှင့် ပတ်သက်၍လည်း မည်သည့်သတင်းအစအနမျှ မရရှိခဲ့ချေ။

ဤအချက်သည် သူ့ကို အချိန်တဏတာကြာသည်အထိ စိတ်ရှုပ်ထွေးသွားစေခဲ့သည်။ သူသည် လူအမြောက်အများရှိကာ ကောလဟာလများ ထွက်ပေါ်လေ့ရှိသည့် လက်ဖက်ရည်ဆိုင်များ အရက်ဆိုင်များကဲ့သို့သော နေရာများတွင်အချိန်ဖြုန်းရင်း သတင်းအချက်အလက်အချို့ကို ရှာဖွေနိုင်ရန် ကြိုးစားနေရသည်။

သို့ရာတွင် ဤအခိုက်အတန့်တွင် အရက်ဆိုင်တစ်ဆိုင်၏အပေါ်ထပ်၌ ခရမ်းရောင်ဝတ်စုံဝတ်ထားသော အမျိုးသားတစ်ယောက်သည် ပိုင်ဟွမ်၏ အချစ်ရေးကိစ္စအကြောင်းကို စိတ်လှုပ်ရှားစွာ ပြောပြနေသည်။

လူအုပ်စုတစ်စုသည် စိတ်ဝင်တစား နားထောင်နေကြ၏။

ပိုင်ဟွမ် သည် အချစ်တာအို၏သူတော်စင် ဖြစ်သောကြောင့် နယ်မြေကြီးကိုးခုခုလုံးတွင် ဤလမ်းကြောင်းကို လျှောက်လှမ်းသူတိုင်း ချစ်ခြင်းမေတ္တာ၏ ဆွဲဆောင်ခြင်းကို ခံရပေမည်။ ထို့ပြင် အချစ်နွံအတွင်း၌ နစ်မြုပ်နေသော အချစ်သူတော်စင်၏ တာအိုကြောင့် အချစ်တာအိုလမ်းကြောင်းသို့ ဝင်ရောက်လာသော ကျင့်ကြံသူများသည် အင်အားတစ်ဝက်စိုက်ထုတ်ရုံဖြင့် အကျိုးကျေးဇူးနှစ်ဆ ရရှိကာ သူတို့၏ကျင့်ကြံမှုသည် လျင်မြန်စွာ တိုးတက်လာပေမည်။

ယခုအချိန်၌ လောကကြီးတခွင်လုံးတွင် ပန်းနုရောင် ချစ်ခြင်းမေတ္တာအငွေ့အသက်များဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ ပိုင်ဟွမ်၏ကံကြမ္မာသည် ချစ်ခြင်းမေတ္တာအတွင်း၌ နစ်မြုပ်နေသည်ဟု ဆိုလိုခြင်းပင်။ ထို့ကြောင့် တစ်စုံတစ်ယောက်သည် ပိုင်ဟွမ်နှင့် စိတ်ခံစားချက် ဆက်စပ်မှုတစ်ခုခု ရှိနေသရွေ့ ထင်ယောင်ထင်မှား ပြောဆိုရုံသက်သက် ဖြစ်နေလျှင်ပင် ယုံကြည်သူများရှိနေပါက ထိုလူသည် ပိုင်ဟွမ်၏ချစ်ခြင်းမေတ္တာကံကြမ္မာနှင့် ဆက်စပ်နေပေမည်။

လူများ ပို၍ယုံကြည်လေလေ ထိုလူရရှိမည့် ကံကောင်းခြင်း ပို၍ ကြီးမားလာလေလေပင်။

သို့ရာတွင် ဤအကြောင်းကို လူအနည်းငယ်သာ သိထားကြသည်။

အခြားဒေသများရှိ ဂိုဏ်းတချို့ကသာလျှင် ထိုအကြောင်းကို အနည်းငယ် သိရှိထားကြသည်။

ဝမ်ယွဲ့ဂိုဏ်းသည် ထိုဂိုဏ်းများအနက်မှ တစ်ဂိုဏ်းဖြစ်သည်။

ဝမ်ယွဲ့ဂိုဏ်းချုပ်၏ သားဖြစ်သူ ရှခိုင်ဟန်သည် ပိုင်ဟွမ် ဥာဏ်အလင်းပွင့်သွားသည့် အချိန်အခိုက်အတန့်မှ စတင်၍ သူနှင့်ပိုင်ဟွမ်တို့သည် ချစ်သူများဖြစ်ကြောင်း နေရာတိုင်းတွင် ထင်ယောင်ထင်မှား ပြောဆိုနေခဲ့သည်။

အစပထမတွင် ဤအကြောင်းကို မည်သူကမျှ မယုံကြည်ကြချေ။ သို့ရာတွင် ဝမ်ယွဲ့ဂိုဏ်းချုပ်သည် သူ၏သားကို ပိုင်ဟွမ်၏ကံကြမ္မာအား မျှဝေခံစားနိုင်ရန်အတွက် ဂိုဏ်းတစ်ခုလုံးကို စုစည်းပြီး နေရာအနှံ့အပြားတွင် ကြွားဝါခဲ့သည်။

ဤသည်မှာ လူသုံးယောက်ရှိပါက ကြောင်တစ်ကောင်ပင်လျှင် ကျားတစ်ကောင်ဖြစ်သွားသည့် ဆိုရိုးစကားအလားပင်။

လူတစ်ယောက်တည်းမှ ကြွားဝါလျှင် မည်သူမျှ ယုံကြည်မည်မဟုတ်ဘဲ လူနှစ်ယောက်မှ ကြွားဝါးလျှင် လူအများသည် ဇဝေဇဝါဖြစ်လာကြပေမည်။ သို့ရာတွင် လူအုပ်စုတစ်ခုမှ ကြွားဝါလျှင် မည်မျှပင် ထူးဆန်းသော ကြွားဝါးမှု ဖြစ်စေကာမူ လူများသည် တဖြည်းဖြည်း ယုံကြည်လာကြပေမည်။

ဤအချိန်အခိုက်အတန့်တွင် ဒုတိယထပ်တွင် မတ်တတ်ရပ်နေသော အမျိုးသားတစ်ယောက်သည် စာလိပ်တစ်ခုကို သူ၏လက်တစ်ဖက်ဖြင့် ဖြန့်လိုက်၏။

ဤပန်းချီကားအတွင်းတွင် စိတ်ရွှင်မြူးနေပုံရသော အမျိုးသားတစ်ယောက်သည် လက်များကို နောက်ပစ်ထားကာ ဝေးကွာသော နေရာမှ လှပသော အမျိုးသမီးတစ်ယောက်၏ နောက်ကျောကို ကြည့်နေသည်။ သူ၏မျက်ခုံးနှစ်ခုကြားတွင် ချစ်ခြင်းမေတ္တာအငွေ့အသက်များဖြင့် ထုံမွှမ်းနေပေ၏။

စာလိပ်ကိုဖြန့်သောလူသည် ပန်းချီကားအတွင်းမှ အမျိုးသားကို ညွှန်ပြပြီး ပြောဆိုသည်။

“ဒါက လမင်းကြည့်ဂိုဏ်းချုပ်ရဲ့သား ရှခိုင်ဟန် ...သူက ပိုင်ဟွမ်ရဲ့ချစ်သူပဲ....”

ပိုင်ဟွမ်၏ချစ်သူဟု ကြားချိန်တွင် အရက်ဆိုင်၏ အပေါ်ထပ်နှင့်အောက်ထပ်ရှိ လူများထံမှ သက်ပြင်းချသံများ ထွက်ပေါ်လာတယ်။

“ဒါက အမှန်လား...မင်း ငါ့ကိုနောက်နေတာလား” လမ်းသွားလမ်းလာတစ်ဦးက အော်ဟစ်မေးမြန်းသည်။

“ဒီ တမူထူးခြားတဲ့ သခင်လေးကို ကြည့်လိုက်ပါအုံး...ငါ နောက်နေတာနဲ့ တူလို့လား”

ထိုလူသည် ပန်းချီကားအတွင်းမှ အမျိုးသမီး၏ နောက်ကျောပြင်ကို ညွှန်ပြပြီး အလေးအနက်ထားသောလေသံဖြင့် ပြောဆိုသည်။

“ဒါက ပိုင်ဟွမ်ပဲ...”

သူ၏စကားဆုံးသည်နှင့် တပြိုင်နက်တည်း အရက်ဆိုင်တစ်ခုလုံး ဆူညံပွက်လောရိုက်သွားသည်။ ပြင်ပရှိ လူများအားလုံး လည်ပင်းရှည်ရှည်ဆန့်ကာ ဆိုင်အတွင်းသို့ ဝင်ရောက်လာကြသည်။

သူတို့သည် ပိုင်ဟွမ်၏ပုံပန်းသဏ္ဌာန်ကို ကြည့်လိုက်ကြ၏။

ဤသည်မှာ နောက်ကျောပုံတစ်ပုံမျှသာ ဖြစ်သော်လည်း လူများအား သိချင်စိတ်ပြင်းပြစေသည်။

တချို့လူများသည် သူတို့၏ နတ်ဘုရားစိတ်အာရုံကို အသုံးပြု၍ စစ်ဆေးကြည့်ရာ ပန်းချီကားအတွင်းမှ အမျိုးသမီးတွင် ပြင်းထန်သော စွမ်းအင်လှုပ်ရှားမှုများ ရှိနေသည်ကို ရှာဖွေတွေ့ရှိမိသည်။ ထို့ပြင် ပန်းချီကားအတွင်းမှ အမျိုးသားနှင့်အမျိုးသမီးတို့ကြားတွင် ပြင်းထန်သော ချစ်ခြင်းမေတ္တာများ ရှိနေကာ ခပ်ဖျော့ဖျော့ တာအိုစွမ်းအားတစ်ရပ်လည်း ရှိနေပုံရသည်။

ဤစူးစမ်းစစ်ဆေးမှုအပြီးတွင် လူငါးယောက်ခြောက်ယောက်ခန့် ယုံကြည်သွားကြသည်။

လူများအားလုံး စိတ်ပါဝင်စားစွာ နားထောင်နေကြစဉ်တွင် ပုံပြောသူ၏မျက်ခုံးများ လှုပ်ရှားသွားပြီး သူသည် စိတ်လှုပ်ရှားစွာဖြင့် ဇာတ်လမ်းကို ဆက်လက်၍ပြောပြသည်

“ငါတို့ သခင်လေးက ပိုင်ဟွမ်နဲ့ ဘယ်လိုဆုံတွေ့ခဲ့လဲဆိုတာ သိချင်ကြလား....ပြောရမယ်ဆိုရင် ဒါက ဇာတ်လမ်းရှည်ကြီးပဲ..."

“ငါ မှတ်မိသလောက်တော့...တစ်ညနေခင်းမှာ ငါ့ရဲ့သခင်လေးက သစ်တောအုပ်ထဲမှာ လျှောက်သွားနေတုန်း အဝေးကနေ ဇီသာသံကို ကြားလိုက်ရတယ်.... အဲဒီအသံက သူ့ရဲ နားထဲကို စမ်းရေသံလို စိမ့်ဝင်သွားပြီးတော့ သူ့ရဲ့စိတ်နှလုံးသားထဲမှာ ရစ်သိုင်းလွှမ်းခြုံနေတယ်...ဒါကြောင့် သူ

က ဇီသာသံရဲ့နောက်ကို လိုက်သွားခဲ့တယ်”

“ချောင်းတစ်ခုကို ဖြတ်ပြီးတဲ့နောက်မှာ သူက ကျောက်တုံးတစ်တုံးပေါ်မှာ ထိုင်နေတဲ့ မိန်းမလှလေးတစ်ယောက်ကို တွေ့လိုက်ရတယ်..သူ့ရဲ့ နောက်ကျောကို မြင်ရရုံနဲ့တင် အသက်ရှူမှားလောက်အောင် လှတယ်”

ပန်းချီကားချပ်ကို ကိုင်ထားသော ပုံပြောသူ သည် အားတက်သရော ပြောဆိုနေကာ သူ့မျက်လုံးများကို စုံမှိတ်ပြီး စိတ်ခံစားမှုပြင်းပြင်းဖြင့် ပြောဆိုသည်။ ဤသည်က သစ်တောအုပ်အတွင်းတွင် မိန်းမလှလေးကို တွေ့ဆုံခဲ့သူမှာ သူကိုယ်တိုင် ဖြစ်နေသကဲ့သို့ပင်။

ဆူညံသော သက်ပြင်းချသံများ ထွက်ပေါ်လာကာ လူတိုင်းသည် ပုံပြောသူ ဖော်ပြသော ပတ်ဝန်းကျင်အတွင်းသို့ ဝင်ရောက်သွားသည့်အလား ခံစားနေရသည်။

လူများအားလုံး စိတ်ဝင်စားမှု မြင့်တက်လာသည်ကို မြင်ချိန်၌ ပန်းချီကားကို ကိုင်ထားသော လူသည် စကားပြောဆိုရင်း ပို၍ စိတ်လှုပ်ရှားလာကာ ပျော်ရွှင်စွာ ကခုန်နေသည်။

“ကျောက်တုံးက အေးစက်ပေမဲ့ ဘာအချွန်အတက်မှ မရှိဘူး...အဲ့ဒါက ပြားချပ်ပြီး တော့ ချောမွေ့တယ်"

“အဲ့ဒီနောက်မှာ ပိုင်ဟွမ်က လဲလျောင်းပြီးတော့ သူ့ရဲ့ နူးညံချောမွေ့တဲ့ခြေထောက်တွေကို ငါတို့သခင်လေးရဲ့ ပခုံးပေါ် တင်လိုက်တယ်...ငါတို့သခင်လေးကလည်း သူ့ရဲ့ခန္ဓာကိုယ်ကိုကုန်းပြီးတော့…”

“…”

လူများအားလုံး စိတ်ဝင်တစား နားထောင်နေကြပြီး သူတို့ လုပ်လက်စအရာများကို ရပ်တန့်လိုက်ကြ၏။

သူတို့သည် အသက်အောင့်ပြီး ပုံပြောသူပြောဆိုနေသော စကားများကို အလေးအနက်ထား၍ နားထောင်နေသည်။

သူတို့ အာရုံမစိုက်မိလျှင် စကားတစ်ခွန်း လွတ်သွားမည်ကို စိုးရိမ်နေကြသည်။

မူလက စိတ်ဓာတ်ကျသော ရီဖုန်းသည် ဤစကားများကို ကြားချိန်တွင် သူ၏လက်အတွင်းမှ ဝိုင်အရက်ခွက်ကို အောက်သို့ချလိုက်သည်။

သူ၏မျက်လုံးများ တဖျတ်ဖျတ်တောက်ပနေသည်။

“သူတော်စင်မှာ ချစ်သူရှိတာ တကယ်ဖြစ်နိုင်လား”

ရီဖုန်းက သူ၏မေးစေ့ကိုပွတ်သပ်ရင်း ခန့်မှန်းလိုက်သည်။

"ဒါက အမှန်ဆိုရင် အဲ့ဒီလူကနေတဆင့် ပိုင်ဟွမ်ကို ရှာလို့ရနိုင်မလား…”

“ဟေး...ညီအစ်ကိုရီ.... မင်းက ပိုင်ဟွမ်ကို ဆက်ရှာဖို့ စဉ်းစားနေတုန်းပဲလား”

ထိုအချိန်မှာပင် ဆံပင်အပြာရှိသော လူငယ်တစ်ယောက် ရောက်လာပြီး ရီဖုန်း၏မျက်နှာချင်းဆိုင်နေရာတွင် ခင်မင်ရင်းနှီးစွာ ဝင်ထိုင်လိုက်သည်။

ထိုလူငယ်၏ နာမည်သည် ချန်းသုန်ပင်။

သူသည် ကပ်ဘေးနယ်ပယ် ပဉ္စမအဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်သည်။ သူတော်စင်တစ်ယောက် နိုးထလာခဲ့သောကြောင့် ပျော်ရွှင်စရာ ကိစ္စများတွင် ပါဝင်ရန် သူသည် နယ်မြေကြီးကိုးခု မဟာမိတ်အဖွဲ့သို့ ရောက်ရှိလာခဲ့သည်။ ထို့ကြောင့် သူသည် အနီးအနားရှိ စားသောက်ဆိုင်များတွင် မကြာခဏ အချိန်ဖြုန်းလေ့ရှိသည်။ အချိန်တခဏအကြာတွင် စားသောက်ဆိုင်၌ သတင်းအချက်အလက်များ စုဆောင်းနေသော ရီဖုန်းနှင့် ရင်းနှီးသွားခဲ့သည်။

သူသည် ကြင်နာစိတ်ရှိသူဖြစ်ကာ....

သူ တစ်နေရာရာမှ ကြားလာရသော ပိုင်ဟွမ် နှင့် ပတ်သက်သည့် ကောလဟာလတချို့ကို ရီဖုန်းအား ပြန်ပြောပြခဲ့သည်။

ထိုအရာများသည် အသုံးမဝင်သော်လည်း သူ၏စိတ်ရင်းကို မြင်တွေ့နိုင်ပေ၏။

“ဟေး ညီအစ်ကိုရီ.... မင်း ဘာလို့ ပိုင်ဟွမ် ကို ရှာနေတာလဲဆိုတာ ငါ နားလည်တယ်”

ချန်းသုန်က ဝိုင်အရက်တစ်အိုးကိုမှာပြီးနောက် ရီဖုန်းကို ငှဲ့ပေးရင်း အပြုံးနှင့် ပြောဆိုသည်။

“သူက မွေးရာပါသူတော်စင် တစ်ယောက်ပဲ... သူ့ဆီကနေ အခွင့်အရေးတချို့ မရချင်တဲ့လူဆိုလို့ မရှိဘူး မဟုတ်လား.... မင်းနဲ့ငါလို သေးငယ်တဲ့ တည်ရှိမှုလေးတွေကို မပြောနဲ့....တခြားနယ်မြေတွေက အင်အားစုကြီးတွေတောင် ရောက်လာတယ်လို့ ငါ ကြားထားတယ်...”

"ဒီယှဉ်ပြိုင်မှုက ဘယ်လောက်ထိ ပြင်းထန်မလဲဆိုတာ မင်း စဉ်းစားကြည့်စမ်း....”

“ဒါကြောင့် ညီအစ်ကိုရီ ငါ မင်းကို ပြောမယ်... ငါတို့လို အောက်ခြေလူတန်းစားတွေက ကိုယ့်ကိုယ်ကိုယ် ချင့်ချိန်ပြီးတော့ စဉ်းစားရမယ်... ပိုင်ဟွမ်နဲ့ ဆက်ဆံရေးတစ်ခု ရှိလာဖို့ဆိုတာ မဖြစ်နိုင်ဘူး.... ငါတို့ အလှည့်ကို လုံးဝ မရောက်နိုင်ဘူး....”

"ဒီရှုပ်ထွေးတဲ့ ဝဲဂယက်ထဲ ခုန်ချပြီးတော့ မင်းကိုယ်မင်း ဒုက္ခမပေးပါနဲ့...”

“အဲ့ဒီတည်ရှိမှုကြီးတွေရဲ့ မျက်လုံးထဲမှာ ငါတို့က ပုရွက်ဆိတ်တစ်ကောင်လောက်တောင် အရေးပါမှာ မဟုတ်ဘူး”

ရီဖုန်းက ပြုံးလိုက်သည်။

ချန်းသုန်၏ သတိပေးမှုသည် စိတ်စေတနာကောင်းဖြင့်ဖြစ်ကြောင်း သူ သိသည်။

သို့ရာတွင် သူသည် သေလမ်းကို ရှာလိုခြင်းကြောင့်ဖြစ်ပြီး ကံကောင်းလိုခြင်းကြောင့် မဟုတ်ချေ။

ဤကြီးမားသော ယှဥ်ပြိုင်ပွဲတွင် အခွင့်အရေးရရန် ကြိုးစားသည်ထက် သေခြင်းကို ရှာဖွေသည်က ပို၍လွယ်ကူပေလိမ့်မည်။

သို့ရာတွင် အခြေခံအကြောင်းအရင်းကို ပြန်သွားရပါက သူသည် ပိုင်ဟွမ်၏ချစ်သူကို ရှာရပေမည်။

စင်မြင့်ပေါ်တွင် ဇာတ်လမ်းဆက်ပြောနေသော လူကိုကြည့်ရင်း ရီဖုန်းသည် မနေနိုင်မထိုင်နိုင် မေးမြန်းလိုက်၏။

“သူပြောတာ အမှန်လို့ မင်းထင်လား။”

“ပြောရခက်တယ်”

ချန်းသုန်က ပြောဆိုသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ဝမ်ယွဲ့ဂိုဏ်းက ဒေသတစ်ခုအတွင်းက ဂိုဏ်းကြီးတစ်ဂိုဏ်းပဲ... အဲ့ဒီဂိုဏ်းရဲ့ သခင်လေးကလည်း ငါတို့ရဲ့မျက်လုံးတွေထဲမှာ အရေးပါတဲ့ လူတစ်ယောက်ပဲ... သူနဲ့ ပိုင်ဟွမ်ကြားမှာ တကယ်ဆက်စပ်မှု ရှိမရှိ ပြောဖို့ခက်တယ်....”

ထိုစကားကိုကြားချိန်တွင် ရီဖုန်းသည် တစ်စုံတစ်ခုကို စဉ်းစားတွေးတောသကဲ့သို့ မိန်းမောနေပြီးနောက် ခေါင်းညိတ်လိုက်သည်။

ထို့နောက် သူက ဆက်လက်၍ ပြောဆိုသည်။ “ညီအစ်ကိုချန်း...ငါက အရင်စကားကိုပဲ ထပ်ပြောမယ်...ပိုင်ဟွမ်နဲ့ပတ်သက်တဲ့ တခြားသတင်း ဘာမဆိုရှိနေရင် အချိန်မီ ငါ့ကို အကြောင်းကြားပေးပါ”

“ညီအစ်ကိုရီ...မင်းက ငါ့ရဲ့အကြံဉာဏ်ကို နားမထောင်သေးဘူးပဲ...”

ချန်းသုန်က သက်ပြင်းရှိုက်လိုက်သည်။

“ငါတို့လို အောက်ခြေလူတန်းစားတွေက ပိုင်ဟွမ်နဲ့ တွေ့ရင်တောင် ဘာဖြစ်လာမှာလဲ...သူက ငါတို့ကို လှည့်တောင်ကြည့်ပါ့မလား...”

သို့ရာတွင် ရီဖုန်း၏ ခိုင်မာပြတ်သားသော အကြည့်ကို မြင်ချိန်တွင် ချန်းသုန်သည် တခြားရွေးချယ်စရာ မရှိတော့သဖြင့် ပြောဆိုလိုက်၏။

"ကောင်းပြီ....ကောင်းပြီလေ...ငါ သတင်းရတာနဲ့ မင်းကို ပြောပြမယ်"

“ဒါပေမဲ့ မင်းက ငါ့ကို ဝိုင်အရက် တိုက်ရမယ်....”

“သေချာတာပေါ့”

ရီဖုန်းက အပြုံးနှင့် ပြောဆိုသည်။

ဝိုင်အရက်သောက်ပြီးနောက်....

ရီဖုန်း အလျင်အမြန် အိမ်ပြန်လာခဲ့သည်။

သတင်းအချက်အလက်များ ရှာဖွေရန်အလို့ငှာ သူ ဤနေရာ၌ အိမ်တစ်လုံးငှားရမ်းပြီး နေထိုင်ခဲ့သည်။

သူ၏စိတ်အတွင်း၌ ပိုင်ဟွမ်၏ရည်းစားအကြောင်းကို အစဥ်အမြဲ စဉ်းစားနေပေ၏။

ဤသည်မှာ အမှန်တကယ်ဟုတ်မဟုတ် မသိသေးသော်လည်း ဒါဟာ သဲလွန်စတစ်ခုဟု ဆိုနိုင်သည်။

ထို့နောက်....

နောက်တစ်နေ့ နံနက်စောစော၌....

ရီဖုန်းသည် အိမ်မှထွက်လာပြီးနောက် တခြားစားသောက်ဆိုင်တွေဆီ အလျင်အမြန် အပြေးသွားခဲ့သည်။

နှစ်ရက်ကြာပြီးနောက် ရီဖုန်းသည် သူ၏သားရဲကို စီးနင်းပြီး တခြားမြို့များထံသို့ သွားရောက်ခဲ့သည်။

ရက်အနည်းငယ် ကြာအောင် စုံစမ်းစစ်ဆေးပြီးနောက် ရီဖုန်း၏ မျက်နှာပေါ်တွင် ပို၍ယုံကြည်ချက်ရှိလာသော အရိပ်အယောင်များ ထင်ဟပ်နေသည်။

အကြောင်းအရင်းမှာ သူ သွားခဲ့သော နေရာတိုင်းနီးပါးတွင်....

လူများအားလုံးမှ ရှခိုင်ဟန်နှင့် သူ၏ချစ်သူအကြောင်း ပြောနေသည့် သတင်းများကို ကြားနေရသောကြောင့်ပင်။

နေရာတစ်နေရာမှ နေရာနှစ်နေရာသို့ ပျံ့နှံ့နေလျှင် ဤသည်မှာ လုပ်ကြံဇာတ်တစ်ခု ဖြစ်နိုင်သည်။

သို့ရာတွင် ဤကဲ့သို့ ကောလဟာလများသည် မိုင်ထောင်ပေါင်းများစွာ ကွာဝေးသော မြို့ကြီးများထံသို့ ပျံ့နှံ့နေပြီဖြစ်သောကြောင့် ဤကိစ္စသည် ဖြစ်နိုင်ချေ မြင့်မားပေ၏။

ရီဖုန်းက အစီအစဉ်တစ်ခုကို ချက်ချင်းစဉ်းစားလိုက်သည်။

အချစ်သူတော်စင်....

စိတ်ခံစားမှုမှတဆင့် သူတော်စင်ဖြစ်လာသူသည်.....

သူမ၏ချစ်သူအပေါ် အလွန်တန်ဖိုးထားမည် မဟုတ်လော....

ဤရွှီမျိုးရိုးကောင်လေးကို ပြန်ပေးဆွဲလိုက်ပါက ပိုင်ဟွမ်သည် သူ့ကို ချက်ချင်းလာသတ်မည်မဟုတ်လော....

တစ်ချိန်တည်းမှာပင်.....

ခမ်းနားထည်ဝါသော စားသောက်ဆိုင်တစ်ဆိုင်၏ ထိပ်ဆုံးထပ်တွင် အဖြူရောင်ဝတ်ရုံဝတ်ထားသော လူငယ်တစ်ယောက် မတ်တတ်ရပ်နေသည်။

သူ၏လက်အတွင်းတွင် အဖြူရောင်ခေါက်ယပ်တောင်တစ်ချောင်းကို ကိုင်ထားကာ အလွန် ကျက်သရေရှိလှသည်။ ထိုလူငယ်သည် သူရှေ့တွင် ဒူးထောက်နေသော တပည့်ဆယ်ယောက်ကို ကြည့်ကာ အပြုံးနှင့် ပြောဆိုလိုက်၏။

“အရမ်းကောင်းတယ်....မင်းတို့အားလုံး အလုပ်ကောင်းကောင်း လုပ်ခဲ့ကြတယ်...”

“အခုဆို ငါနဲ့ပိုင်ဟွမ်အကြောင်း ကောလဟာလတွေက နယ်မြေကြီးကိုးခု မဟာမိတ်နယ်မြေတစ်ခုလုံးမှာ ပြန့်နေပြီ...”

“ဒါပေမဲ့ ဒီကိစ္စကို အရမ်းပြန့်ရင် ပိုင်ဟွမ်က ငါ့ကို ပြဿနာလာရှာမှာ စိုးရိမ်ရတယ်.... ဒါကြောင့် ငါ ခဏတော့ ပုန်းနေရလိမ့်မယ်....”

“ဒါပေမဲ့ မင်းတို့က အမြဲတမ်း ဆက်ပြီးသတင်းဖြန့်နေရမယ်....ဒါ့ပြင် မင်းတို့ ပိုပြီးတော့ အင်အားစိုက်ထုတ်ရမယ်....”

“ပိုပြီးအသေးစိတ်ကျတဲ့ ဇာတ်ကွက်တွေ ထည့်နိုင်ရင် အကောင်းဆုံးပဲ....ဇာတ်လမ်းတွေက ပိုပြီးပြင်းထန်လာတာနဲ့ လူတွေက ပိုနားထောင်ပြီး ယုံကြည်လာကြလိမ့်မယ်...ဒါဆိုရင် ငါက ကံကြမ္မာကောင်းတွေကို ပိုရနိုင်လိမ့်မယ်....”

“နောက်ပိုင်းမှာ ငါက သူတော်စင်တစ်ယောက်ရဲ့ ကံကြမ္မာမျိူးကို ရတာနဲ့ မင်းတို့ရဲ့ အကူအညီပေးမှုတွေကို ငါ မေ့မှာမဟုတ်ဘူး...မင်းတို့အားလုံးအတွက် အကျိုးကျေးဇူးတွေ ရစေရမယ်”

“ဟုတ်ကဲ့...”

လူများအားလုံး ဒူးထောက်ပြီး တစ်ညီတစ်ညွတ်တည်း တုံ့ပြန်လိုက်ကြသည်။

“အင်း.."

အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်၏။ သို့ရာတွင် ဤကိစ္စသည် အလွန်အရေးကြီးသောကြောင့် သူတို့အား ထပ်မံ၍ သတိပေးလိုက်သည်။

“မင်းတို့မှတ်ထားရမှာက မင်းတို့ အားစိုက်ပြီးတော့ သတင်းတွေကို ဆက်ဖြန့်ရမယ်... ငါ ပေါ်မလာမချင်း မရပ်ကြနဲ့....နားလည်ကြလား....”

“နားလည်ပါပြီ....”

လူများအားလုံး ခေါင်းညိတ်လိုက်ကြသည်။

“သွားကြတော့....”

အဖြူရောင်ဝတ်စုံဝတ်လူငယ်သည် စိတ်ကျေနပ်စွာဖြင့် သူ၏လက်ကို ဝှေ့ယမ်းလိုက်၏။

တပည့်များအားလုံး ချက်ချင်းဆိုသလိုပင် အရပ်မျက်နှာအသီးသီးသို့ လူစုခွဲသွားကြသည်။

“သူတော်စင် ရဲ့ ကံကောင်းခြင်း... ဒါက တကယ်ကောင်းတဲ့ အရာပဲ....”

အဝေးတစ်နေရာရှိ ရှုမျှော်ခင်းကို ကြည့်ရင်း အဖြူရောင်ဝတ်စုံဝတ်လူငယ် စိတ်ကြည်နူးနေသည်။

မကြာသေးမီက ကောလဟာလများ ပြန့်ပွားလာပြီးနောက် သူ၏ကံကောင်းခြင်းများ စတင် တိုးတက်လာသည်ကို သူ ခံစားရသည်။

သူ လှပသော စိတ်ကူးယဉ်မှုများအတွင်း၌ နစ်မြုပ်နေစဉ်တွင် ရုတ်တရက် သူ၏နံဘေးသို့ မဖိတ်ခေါ်ထားသော ဧည့်သည်တစ်ယောက် ရောက်ရှိလာသည်။ ထိုလူသည်လည်း အဖြူရောင်ဝတ်စုံဝတ်ထားသော အမျိုးသားတစ်ယောက်ပင်။

ယခု ရောက်ရှိလာသူသည် ရီဖုန်း ဖြစ်ပေ၏။

ရီဖုန်း၏ရှေ့မှ လူသည် သူ ယခင်က စားသောက်ဆိုင်မှ ပန်းချီကားတွင် မြင်ခဲ့ရသော လူငယ်အမျိုးသားနှင့် တထပ်တည်းတူနေသည်။

'ငါ့အထင်တော့ ဒီကောင်လေးက ပိုင်ဟွမ်ရဲ့ချစ်သူ ရှခိုင်ဟန် ဖြစ်လိမ့်မယ်'

ရှခိုင်ဟန်သည် သူ၏နံဘေးတွင် ရီဖုန်း ရုတ်တရက် ပေါ်လာတာကို မြင်ချိန်၌ အစပထမတွင် သူ အံ့အားသင့်သွားသည်။သို့ရာတွင် သူ၏ပါးစပ်ကို ဖွင့်ဟလိုက်ချိန်၌ ယခင်အတိုင်း အမျိုးကောင်းသားတစ်ယောက်၏ပုံစံကို ဆက်လက်၍ထိန်းသိမ်းထားသည်။

“မင်းက ဘယ်သူလဲဆိုတာ ငါ သိလို့ရမလား....”

“ငါက ပိုင်ဟွမ်ကို လာရှာတာ....မင်းက ပိုင်ဟွမ် ရဲ့ ချစ်သူလို့ ငါ ကြားထားတယ်”

ရီဖန်က တဲ့တိုးဆန်စွာ မေးမြန်းသည်။

“ဒါက အမှန်ပဲလား...”

ရီဖုန်း၏မေးခွန်းကို ကြားချိန်တွင် ရှခိုင်ဟန် က သူ့ဝတ်ရုံကို တင့်တယ်လှပစွာမပြီး ပြောဆိုလိုက်သည်။

“အမှန်ပဲ...ဒါက ငါပါ....”

ရှခိုင်ဟန် ၏ အလေးအနက်ထားပြီး သမားရိုးကျဆန်သော ပုံပန်းသွင်ပြင်ကို ကြည့်ပြီးနောက် ဤလူငယ်သည် အတော်လေး ခန့်ညားထည်ဝါပြီး ယဉ်ကျေးပုံရသည်ကို မြင်တွေ့ချိန်၌ ရီဖုန်းက တည်ကြည်လေးနက်စွာ ခေါင်းညိတ်လိုက်သည်။

ဤကောင်လေးဟူသည်မှာ သေချာသလောက် ရှိနေလေပြီ။

သို့ရာတွင် စိတ်ချရစေရန်အတွက် ရီဖုန်းက နောက်ထပ်မေးခွန်းတစ်ခု ထပ်မံမေးမြန်းသည်။ “ဒါပေမဲ့ ငါက သိချင်နေတုန်းပဲ...ပိုင်ဟွမ်က သူတော်စင် တစ်ယောက်....မင်းက သူတော်စင် ဟုတ်ပုံရဘူး....မင်းနဲ့ပိုင်ဟွမ်က ဘယ်လို သိကျွမ်းခဲ့ကြတာလဲ....”

“ကောလဟာလတွေထဲမှာ ပြောသလို မတော်တဆ တွေ့ဆုံတာတော့ မဖြစ်နိုင်ဘူး မဟုတ်လား....”

ရီဖုန်းက မီးဝင်းဝင်းတောက်နေသော မျက်လုံးအကြည့်ဖြင့် ရှခိုင်ဟန်ကို ကြည့်လိုက်သည်။

ဤကောင်လေး၏စစ်မှန်မှုကို သူ စစ်ဆေးရပေမည်။

မည်သည့် နားလည်မှုလွဲမှားခြင်းမျိုး ဖြစ်ပွားလာသည်ကိုမှ သူ မလိုလားချေ။

“အမ်...ဒါက… ”

ရီဖုန်း၏မေးခွန်းသည် ရှခိုင်ဟန်ကို စိတ်ရှုပ်ထွေးသွားစေခဲ့သည်။

အတုအယောင်ဖြစ်သောကြောင့် တစ်စုံတစ်ယောက်မှ သူ့ကို မေးခွန်းထုတ်လာချိန်တွင် သူ ပထမဆုံး စဉ်းစားသည့်အရာမှာ သူ့ကိုယ်သူ သက်သေပြရန်ပင်။

သူ့ကိုယ်သူ သက်သေပြရန်အတွက် ရှခိုင်ဟန် သည် အချိန်ခဏတာကြာ ကြက်သေသေသွားသော်လည်း ကောင်းစွာဖုံးကွယ်ထားနိုင်ခဲ့သည်။ သူသည် စိတ်ကူးတစ်ခု ရရှိသွားကာ ချက်ချင်းတုံ့ပြန်လိုက်၏။

“တကယ်တော့ ဒါက ကောလဟာလတွေထဲမှာ ပြောနေသလိုမျိုး ရိုးရှင်းတာ မဟုတ်ဘူး....”

“ပိုင်ဟွမ် ဆိုတာက ဘယ်သူမလို့လဲ...သူက သူတော်စင်တစ်ယောက်လေ... မတော်တဆတွေ့ဆုံမှု တစ်ခုတည်းနဲ့ ဘယ်လိုလုပ်ပြီးတော့ ငါနဲ့ တစ်သက်လုံး အတူနေထိုင်ဖို့ ဆုံးဖြတ်မှာလဲ...."

“မင်းကို အမှန်အတိုင်း ပြောရရင် ပိုင်ဟွမ်နဲ့ငါက ငယ်ငယ်ကတည်းက သိကျွမ်းခဲ့တာ...ငါတို့က ငယ်ကျွမ်းဆွေချစ်သူတွေပါ...ငါ့ရဲ့စိတ်ထဲမှာ သူရှိသလို သူ့စိတ်ထဲမှာလည်း ငါ ရှိနေတယ်”

“ဒါပေမဲ့ နောက်ပိုင်းကျတော့ ငါတို့နှစ်ယောက်ရဲ့လမ်းကြောင်းတွေ မတူတာကြောင့် အချိန်ခဏလောက် အဆက်အသွယ် ပြတ်သွားခဲ့တယ်”

“နောက်တော့ ငါတို့တွေ တောင်ပေါ်မှာ မတော်တဆ ပြန်ဆုံပြီးတော့ တစ်ယောက်ကိုတစ်ယောက် မှတ်မိသွားကြတယ်...ဒါနဲ့ ကျန်တဲ့ ဇာတ်လမ်းတွေ ဆက်ဖြစ်လာခဲ့တယ်....”

“ဒါကြောင့် ပြောရရင် ဒါက စိတ်ကူးယဥ်ဆန်တဲ့ အချစ်ဇာတ်လမ်းတစ်ခု မဟုတ်ဘဲနဲ့ သဘာဝကျတဲ့ ကိစ္စတစ်ခုပါ…”

ရှခိုင်ဟန်က နူးညံညင်သာသောလေသံဖြင့် ရှင်းပြသည်။

အတုအယောင်တစ်ယောက်ဖြစ်သော သူ့အနေဖြင့် အတုအယောင်တစ်ယောက်ထံတွင် ရှိသင့်သော အမူအယာများ ရှိရပေမည်။

သူ ပြောသမျှကို နားထောင်သူများ ယုံကြည်လာအောင် သူ အတတ်နိုင်ဆုံး ကြိုးစားရပေမည်။

သူ တတ်နိုင်သမျှ အဆင်ပြေချောမွေ့အောင်လုပ်ဆောင်ရပေမည်။

စိတ်ကူးယဥ်ဆန်ဆန်တွေ့ဆုံခြင်းသည် လုပ်ဇာတ်တစ်ခုဟု ထင်ရသော်လည်း သူ ယခုကဲ့သို့ ရှင်းပြလိုက်သောကြောင့် သူ့ရှေ့ရှိကောင်လေး ထိုကိစ္စကို မယုံကြည်ရန် ခက်ခဲပေလိမ့်မည်။

အမှန်တကယ်ကို....

ရီဖုန်း ယုံကြည်သွားသည်။

ရှခိုင်ဟန်၏စကားများသည် အလွန်ပြီးပြည့်စုံနေသဖြင့် လုပ်ဇာတ်ဖန်တီးရန် အလွန်ခက်လေရာ ဤသည်မှာ အစစ်အမှန်ဖြစ်ပေမည်။

ရှခိုင်ဟန် သည် သူ၏ အပြစ်အနာအဆာကင်းမဲ့သော စကားပြောဆိုခဲ့မှုအတွင်း၌ နစ်မြုပ်နေစဉ် မှာပင် လက်သီးတစ်ချက်က တားဆီး၍မရနိုင်သော ခွန်အားအပြည့်ဖြင့် သူ့ထံသို့ ဝင်ရောက်လာသည်။

အမှန်အားဖြင့်....

ရီဖုန်းသည် သူ၏လက်သီးချက်မှ အင်အားကို ထိန်းချုပ်ထားခဲ့သည်။

မည်သို့ပင်ဆိုစေကာမူ သူသည် လူသတ်ရန်ရည်ရွယ်ထားခြင်း မဟုတ်ဘဲ ဤကောင်လေးကို ငါးစာအဖြစ် အသုံးပြုရန်သာ ဖြစ်သည်။

သို့ရာတွင် ဤလက်သီးချက်ကြောင့် ရှခိုင်ဟန်သည် မူးဝေကာ ကြယ်များလများကို မြင်လိုက်ရသည်။

သူ ရီဖုန်းကို စိုက်ကြည့်နေသော်လည်း 'ဘာကြောင့်လဲ'ဟု မေးခွင့်မရသေးမီမှာပင် မိုးကောင်းကင်ယံမှ အိတ်တစ်လုံး ပြုတ်ကျလာသည်။

ရှခိုင်ဟန်၏အမြင်အာရုံ မှောင်မည်းသွားပြီးနောက် ချက်ချင်းမေ့မျောသွားသည်။

Chapter 974

ရှခိုင်ဟန် နိုးလာချိန်တွင် ရီဖုန်းသည် ပလ္လင်ခွေထိုင်ပြီး မြေပဲစားနေသည်ကို မြင်တွေ့လိုက်ရသည်။

“မင်းက ဘယ်သူလဲ...မင်း ဘာလို့ ဒီလိုလုပ်တာလဲ....”

“ငါက လမင်းကြည့်ဂိုဏ်းရဲ့ သခင်လေးဖြစ်ပြီးတော့... ပိုင်ဟွမ်ရဲ့ ချစ်သူပဲ...မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို ဖမ်းဝံ့တာလဲ...”

“မင်းက အရမ်းရဲတင်းတာပဲ...”

ရှခိုင်ဟန်သည် နိုးလာပြီးနောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံး ပြိုကွဲတော့မည့်အလား နာကျင်မှုကို ခံစားရသဖြင့် သူ၏မျက်နှာ ရှုံမဲ့သွားပြီး ရီဖုန်းကို ဆဲဆိုကြိမ်းမောင်းတော့သည်။

ခင်က သူထံ၌ရှိခဲ့သော လူကြီးလူကောင်းပုံရိပ်နှင့် နူးညံချောမွတ်သော သခင်လေးတစ်ယောက်၏ပုံပန်းသွင်ပြင် လုံးဝပျောက်ကွယ်သွားလေပြီ။

ထိုသို့ပြောဆိုပြီးနောက် သူသည် ရီဖုန်းထံ ဦးတည်ပြီးတံတွေးထွေးလိုက်၏။

သို့ရာတွင် သူ အားနည်းနေ၍ ဖြစ်သလော သို့မဟုတ် တခြားအကြောင်းကြောင့် ဖြစ်သလောဟု မသိရဘဲ သူ၏တံတွေးသည် ရီဖုန်းကို မထိဘဲ ထွက်လာလာချင်းမှာပင် သူ၏မေးစေ့ပေါ်သို့ စီးကျသွားသည်။

ရီဖုန်း ရွံရှာသွားပြီးနောက် ပိုင်ဟွမ်၏ အရသာ ခံညံ့ဖျင်းမှုအပေါ် တိတ်တဆိတ် သက်ပြင်းရှိုက်လိုက်သည်။

ဤကိစ္စများအားလုံး အိပ်ရာပေါ် ရောက်သွားပါက....

သူ၏အားကို ကြည့်လျှင် တံတွေးတောင် ပြင်းပြင်းမထွေးနိုင်ချေ။ ထို့ကြောင့် လေတိုက်ခတ်ရုံဖြင့် သူ၏အောက်ခံဘောင်းဘီ စိုသွားနိုင်သည် မဟုတ်လော။

“ဟေး...ငါ မင်းကို ပြောနေတာ မင်း မကြားဘူးလား...”

ရီဖုန်းက သူ့ကို လျစ်လျူရှုထားသည်အား မြင်ချိန်၌ ရှခိုင်ဟန်က ဆက်လက်၍ အော်ဟစ်လေသည်။

ရီဖုန်းသည် နားရွက်ကုတ်လိုက် မေးစေ့ပွတ်လိုက် လုပ်နေပြီးနောက် ဖြည်းဖြည်းချင်း ပြောဆိုသည်။

“မင်းက ပိုင်ဟွမ်ရဲ့လူ ဖြစ်နေတာကြောင့် ငါ မင်းကို ဖမ်းတယ်ဆိုတာ မင်း မသိဘူးလား”

“မင်း....မင်း....မင်း... မင်း အတင့်ရဲလှချည်လား”

ရှခိုင်ဟန်၏မျက်လုံး ပြူးကျယ်သွားပြီး တုန်ရီနေသောအသံဖြင့် မေးမြန်းသည်။

“မင်း ဘယ်လို့ ဒီလောက်ထိ ရဲတင်းတာလဲ....”

ရှခိုင်ဟန် မယုံကြည်နိုင် ဖြစ်နေသည်။ သူသည် ပိုင်ဟွမ်၏လူဖြစ်ကြောင်း သိလျက်နှင့် ဤလူသည် မည်သည်ကြောင့် သူ့ကို ဖမ်းဝံ့သနည်း။

“ဘာလို့လဲဆိုတော့ ငါနဲ့ ပိုင်ဟွမ်က ရန်သူတွေ ဖြစ်နေလို့ပဲ”

ရီဖုန်းက အေးစက်စက် ပြုံးလိုက်ပြီး ရက်စက်ကြမ်းကြုတ်သောမျက်နှာနှင့် အော်ဟစ်လိုက်သည်။

“ဒါကြောင့် ပိုင်ဟွမ် ဘယ်မှာလဲဆိုတာ မင်း ငါ့ကို မြန်မြန်ပြောပြတာ ပိုကောင်းလိမ့်မယ်”

“မဟုတ်ရင် ငါ မင်းကို မင်းကို လူသားတုတ်ချောင်း လုပ်ပစ်မယ်....”

“မင်းက ပိုင်ဟွမ်နဲ့ ကြီးမားတဲ့ရန်ငြိုး ရှိနေတာကြောင့် ငါ့ကို လူသားတုတ်ချောင်း ဖြစ်အောင် ဖန်တီးချင်တာလား...”

ရှခိုင်ဟန်သည် အလွန်ထိတ်လန့်ကြောက်ရွံသွားပြီး ချက်ချင်းဆိုသလိုပင် သနားခံတောင်းပန်လေသည်။

“ညီအစ်ကို.....ပိုင်ဟွမ် ဘယ်မှာလဲဆိုတာ ငါ မသိဘူး....”

“မင်း မသိဘူးလား...”

ရီဖုန်း၏မျက်နှာအမူအယာ ပို၍ကြမ်းတမ်းပြီး ရက်စက်ကြမ်းကြုတ်လာသည်။

ထို့နောက် သူ၏နံဘေးမှ ဓားရှည်ကို ကောက်ကိုင်ပြီး ဓားပြားနှင့် ရှခိုင်ဟန်၏လည်ပင်းကို အကြိမ်အတော်များများ ရိုက်လိုက်၏။

“အား....”

“ငါသေပြီ...သေပြီ... သေပြီ...”

ဓားရှည်၏ အေးစက်သောလေသည် သူ၏ခန္ဓာကိုယ်အတွင်းသို့ ဝင်ရောက်လာကာ ရီဖုန်း၏ ရက်စက်ကြမ်းကြုတ်သော ပုံစံကို မြင်ချိန်၌ ရှခိုင်ဟန်သည် အလွန်ထိတ်လန့်ကြောက်ရွံသွားသည်။ သူသည် ဆီးနှင့်ဝမ်းကိုပင် မထိန်းနိုင်တော့ဘဲ မျက်လုံးစုံမှိတ်ကာ ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

“ငါ မှားပါတယ်...ငါ မှားသွားပါတယ်”

“ပြောပြမယ်...ငါ အခုချက်ချင်း ပြောပြမယ်”

ရှခိုင်ဟန်က အော်ဟစ်ငိုကြွေးလိုက်သည်။

ဤစကားကို ကြားချိန်၌ ရီဖုန်းက ရှခိုင်ဟန်ကို ကြည့်ပြီး အံ့အားတသင့် မေးမြန်းလိုက်သည်။ “တကယ်လား....”

“အရမ်းကောင်းတယ်....”

ထို့နောက် အေးစက်သောအလင်းရောင်တောက်ပနေသော ဓားရှည်ကို ပြန်ရုတ်သိမ်းရင်း သူက ပြောဆိုသည်။

“ဟမ့်...မင်း ခုဏကတည်းက ဒီလိုလုပ်ခဲ့ရင် ပိုကောင်းလိမ့်မယ်...”

“ပြောစမ်း...သူ ဘယ်နေရာမှာ ရှိနေလဲ...”

“စီနီယာ...ငါ ပြောချင်တာက ငါ သူ့ကို သိတောင်မသိပါဘူး…”

“ငါက ပိုင်ဟွမ်ရဲ့လူ မဟုတ်ပါဘူး..အပြင်မှာပြန့်နေတဲ့ ကောလဟာလတွေအားလုံးက ငါ ဖန်တီးထားတာပါ”

“ဖြောင်း...."

ရီဖုန်းက ရှခိုင်ဟန်ကို ပါးတစ်ချက် ဖြတ်ရိုက်လိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ရှခိုင်ဟန်၏ မျက်လုံးများအတွင်းတွင် ရွှေရောင်ကြယ်များဖြင့် ပြည့်နှက်သွားပြီး သူ၏ခန္ဓာကိုယ် ထုံကျင်သွားသည်ကို ခံစားလိုက်ရသည်။

“ဟမ့်...မင်း ငါ့ကို နောက်နေတာလား...”

ရီဖုန်းက သူ၏ဓားရှည်ကို အလျားလိုက် ထပ်ကိုင်ပြီး ရှခိုင်ဟန်ကို ရက်စက်ကြမ်းကြုတ်သောအကြည့်ဖြင့် စူးစိုက်ကြည့်ရင်း ပြောဆိုသည်။

“ကြည့်ရတာတော့ မင်းက အခေါင်းကိုမမြင်မချင်း မျက်ရည်ကျမယ့်ပုံမရဘူး...”

သူသည် ရက်စက်ကြမ်းကြုတ်ယောင် ဟန်ဆောင်နေခြင်းပင်။

“ငါ မင်းကို ထပ်သတိပေးမယ်...ပိုင်ဟွမ်နဲ့ငါက တသက်လုံးရန်သူဖြစ်သွားမယ့် လူတွေ...ဒီရန်ငြိုးက နောင်မျိုးဆက်တွေအထိ အစဥ်အဆက်တည်ရှိနေမှာ....ငါ သူ့ကို ငါ့ရဲ့လက်နဲ့ မသတ်နိုင်ရင် သူ့ရဲ့ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေအားလုံးကို မြေမြှုပ်ပစ်မယ်....”

ရီဖုန်းသည် စကားပြောဆိုရင်း သူ၏လက်ကို လှန်လိုက်ရာ မိုးကောင်းကင်ယံ သိသိသာသာ မှောင်မိုက်သွားသည်။

တိမ်မည်းများသည် အောက်သို့နိမ့်ဆင်းလာပြီး ပြိုကျတော့မည့်အလားပင်။

ရှခိုင်ဟန်က ရီဖုန်း၏နောက်ကျောကို ထိတ်လန့်တုန်လှုပ်စွာ စူးစိုက်၍ကြည့်လိုက်သည်။ ထို့နောက် သူ အထက်သို့ မော့ကြည့်လိုက်ရာ ထူထပ်သော တိမ်မည်းများသည် တလိမ့်လိမ့်ထနေပြီး ပြိုကျတော့မလို ဖြစ်နေကို မြင်တွေ့လိုက်ရသည်။

သူ ထုံကျင်သွားသည်။

ဤလူငယ်သည်....

သူနှင့်ပိုင်ဟွမ်အကြားမှ ရန်ငြိုးသည် ဘယ်တော့မှ မပြီးဆုံးနိုင်ဟု ဆိုခဲ့သည့်အပြင်....

သူသည် ပိုင်ဟွမ်ကို သူ့လက်ဖြင့် ကိုယ်တိုင်မသတ်နိုင်လျှင် သူမ၏ပတ်ဝန်းကျင်ရှိ လူများအားကို မြေမြှုပ်ပစ်မည်ဟု ဆိုခဲ့ပေ၏။

အင်း....

ငါ အကြီးအကျယ် ဒုက္ခရောက်ပြီ...

သူ ဒူးထောက်ပြီး အရူးအမူး ဦးတိုက်အရိုအသေပြုလိုက်သည်။

“နားလည်မှုလွဲတာ...ဒါက နားလည်မှုလွဲတာပါ..."

“စီနီယာ...ဒါက နားလည်မှုလွဲတာပါ....”

“ဒါက အရမ်းကြီးမားတဲ့ နားလည်မှုလွဲမှားမှုကြီးပါ"

“ငါက ပိုင်ဟွမ်ကို တကယ် မသိပါဘူး”

“ကျေးဇူးပြုပြီးတော့ စီနီယာက ငါ့ရဲ့အသက်ကို ချမ်းသာပေးပါ...”

ရီဖုန်းသည် ပြင်းပြင်းထန်ထန် ဦးတိုက်နေသော ရှခိုင်ဟန်ကိုကြည့်ကာ လှောင်ပြောင်သရော်လိုက်သည်။

“ငါ့ကို ငတုံးတစ်ယောက်လို့ ထင်နေတာလား...နယ်မြေကြီးကိုးခုလုံးမှာ ရှိတဲ့လူတွေ မင်းက သူ့ချစ်သူလို့ ပြောနေတာကို...ငါ ဘယ်လိုလုပ်ပြီး လွဲမှားနိုင်မှာလဲ...”

ရီဖုန်းသည် စကားပြောဆိုနေရင်း သူ့၏သိုလှောင်လက်စွပ်အတွင်းမှ လက်နက် ဆယ့်ရှစ်မျိုးကို ထုတ်ယူလိုက်၏။

ထို့နောက် သူက ထိုအရာများကို မြေကြီးအတွင်းသို့ ထိုးစိုက်လိုက်သည်။

ထိုလက်နက်များနှင့် ထိတွေ့မိသည်နှင့် မြေပြင်သည် ပင့်ကူအိမ်ကဲ့သို့ ချက်ချင်း ကွဲအက်သွားသည်။

ဤသည်မှာ သူ့ကို အပိုင်းပိုင်းဖြတ်တော့မည့်ပုံပေါ်သဖြင့်....

ရှခိုင်ဟန် ထိတ်လန့်တုန်လှုပ်သွားသည်။

“စီနီယာ....ကျေးဇူးပြုပြီးတော့ ငါ့ရဲ့အသက်ကို ချမ်းသာပေးပါ....ငါက ပိုင်ဟွမ်ကို တကယ်မသိဘူး...”

သူက ကြေကွဲဝမ်းနည်းသော မျက်နှာအမူအယာဖြင့် အော်ဟစ်လိုက်သည်။

ဤစီနီယာ သူ့ကို ယုံကြည်ရန် သူ မည်သို့ပြုလုပ်ရမည်နည်း...

သူ ပိုင်ဟွမ်ကို အမှန်တကယ် မသိချေ။

ဝူး...ဝူး...ဝူး...ဝူး…

“ဟမ့်”

ရီဖုန်းသည် တစ်ချိန်လုံး လိမ်ညာနေသော ရှခိုင်ဟန်ကို ကြည့်ပြီး တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

“မင်းက ဒီလောက်ထိ သစ္စာရှိလိမ့်မယ်လို့ ငါ ထင်မထားမိဘူး”

“ခုက အရမ်းနောက်ကျသွားပြီ... သူ့ကို ငြိစွန်းအောင် လုပ်မယ့်အစား မင်းက ခေါင်းပြတ်ခံမယ့်ပုံပဲ”

ရီဖုန်း ဤမျှထိ ခြိမ်းခြောက်နေသည့်တိုင် ရှခိုင်ဟန်သည် သူ၏ချစ်သူ ဒုက္ခမရောက်စေရန်အတွက် ဤကဲ့သို့ အခြေအနေမျိုးသို့ ရောက်ရှိနေသည့်တိုင် ဖွင့်ဟပြောဆိုခြင်း မရှိချေ။

ဤကဲ့သို့ အချစ်မျိုးကို သူ အမှန်တကယ်ကို ခံစားမိသည်။

သို့ရာတွင် သူသည် စိတ်လှုပ်ရှားသွားခြင်းမရှိဘဲ ပို၍ပင် ဒေါသတကြီး ပြောဆိုလိုက်၏။

“ငါ့အထင်တော့ မင်းကို မနှိပ်စက်ခြင်းမရှိဘဲ အမှန်အတိုင်း ပြောမှာ မဟုတ်ဘူး...”

“စီနီယာ...ငါ့ကို ညှင်းပန်းနှိပ်စက်ဖို့ မလိုပါဘူး....မင်း ပြောတဲ့အတိုင်း ငါ အကုန်ဝန်ခံမယ်...မင်း မေးသမျှကို အမှန်အတိုင်းပြောပြပါ့မယ်"

ရှခိုင်ဟန်က ကျယ်လောင်စွာ အော်ဟစ်ပြီးပြောဆိုသည်။

“ငါ မပြောဘူးဆိုတာက ငါ တကယ်မသိလို့ပါ...”

'ယိ့ပဲလေ'

ရီဖုန်းက မျက်လုံးလှန်ကြည့်လိုက်သည်။

"သောက်ချေးပဲ...ငါက မင်းရဲ့ ခိုင်မာတဲ့ ချစ်ခြင်းမေတ္တာကို စမ်းသပ်ချင်လို့ ဖမ်းတာလို့ မင်း ထင်နေတာလား”

ရီဖုန်းသည် ဒေါသထွက်နေပုံရသော မျက်နှာအမူအယာဖြင့် သူ၏ဓားကို မြှောက်ပြီး ရှခိုင်ဟန်၏လည်ပင်းပေါ်သို့ တင်လိုက်သည်။

“ပြောမလား...မပြောဘူးလား...”

ရီဖုန်း၏ ကျယ်လောင်သော အော်ဟစ်သံကြောင့် ရှခိုင်ဟန် ထိတ်လန့်တုန်လှုပ်သွားသည်။

ထို့နောက်မှနေ၍ သူ၏ခန္ဓာကိုယ်အောက်ပိုင်းမှ ပူနွေးသောရေစီးကြောင်းတစ်ခု ထွက်ပေါ်လာသည်။

ရီဖုန်းက နှာခေါင်းရှုံပြီး ရှခိုင်ဟန်ကို ရွံရှာစွာ ကြည့်လိုက်သည်။

သူသည် ရွံရှာနေသည့်ကြားမှ ရှခိုင်ဟန်ကို အနည်းငယ် လေးစားမိသည်။

ဤကောင်လေးသည် ယခုလောက်ထိ အချစ်ရူးရူးနေမည်ဟု သူ ထင်မထားမိချေ။

ရှခိုင်ဟန်က အံ့တင်းတင်းကြိတ်လိုက်သည်။ ယခုချိန်၌ သူ မည်သည့်အရာကို ပြောသည်ဖြစ်စေ အသုံးဝင်မည် မဟုတ်သည်ကို နားလည်သွားလေပြီ။

တစ်ဖက်လူသည် သူ့ကို ပိုင်ဟွမ်၏ချစ်သူဟု အခိုင်အမာ သတ်မှတ်ထားသည်။

ယခင်ကဆိုလျှင် ဤကဲ့သို့ တွေးထင်ခံရမှုအပေါ်သူ အလွန်ပျော်ရွှင်မိပေမည်။ သို့ရာတွင် ယခုချိန်၌ ဤငရဲဘုရင်နှင့် ဆုံတွေ့ရသဖြင့် သူ ငိုချင်လျှင်ပင် မျက်ရည်မထွက်တော့ချေ။

နေရာတိုင်းမှာ ပုံပြင်များပြောဆိုနေခဲ့သည့် သူ၏နောက်လိုက်များကို သူ လည်ပင်းညှစ်သတ်ချင်မိသည်။

သို့ရာတွင် ယခုချိန်၌ သူ၏ဆန္ဒအတိုင်း လုပ်ဆောင်၍ မရတော့ချေ။ သူ အသက်ရှင်လိုပါက တခြားနည်းလမ်းများကို ရှာဖွေရပေမည်။

မည်သို့ပင်ဆိုစေကာမူ သူ မည်သို့ ပြောဆိုနေပါစေ တစ်ဖက်လူသည် သူ ပိုင်ဟွမ်ကို မသိသည်အား ယုံကြည်မည် မဟုတ်ချေ။

နောက်ထပ်အချိန်တခဏတွင် ရှခိုင်ဟန်သည် ခေါင်းမော့ပြီး အံ့တင်းတင်းကြိတ်ကာ ရီဖုန်းကို ကြည့်လိုက်သည်။

ရီဖုန်းသည် သူ၏ဓားရှည်ကို သွေးနေလေ၏။

“မင်း ငါ့ကို ထိရင် ငါ့အဖေက မင်းကို လွှတ်ပေးမှာ မဟုတ်ဘူး....ငါ့ရဲ့အဖေက ဝမ်ယွဲ့ဂိုဏ်းချုပ်ပဲ”

ရီဖုန်းသည် သူ ပြောသည့် စကားတစ်ခွန်းကိုမျှမယုံကြည်သည်ကို မြင်တွေ့ချိန်၌ ရှခိုင်ဟန်သည် တခြားအစီအစဉ်တစ်ခုကို ထပ်မံ၍ စဉ်းစားပြီး ကြောက်ရွံ့တုန်လှုပ်နေသော အသံဖြင့် အော်ဟစ်လိုက်သည်။

သို့ရာတွင် သူ ထိုစကားများကို ပြောဆိုနေချိန်တွင် သူ၏သွားများ တဂတ်ဂတ်ရိုက်နေပြီး သူ့၏ခန္ဓာကိုယ်အတွင်းမှ အရိုးများ တုန်ရီနေသည်။

ရီဖုန်းသည် ဆက်လက်၍ ဓားသွေးနေဆဲပင်။

ထိုဓားသွေးသံကို ကြားချိန်တွင် ရှခိုင်ဟန်၏ပေါင်ဂွကြား တုန်ရီစပြုလာသည်။

ထို့ကြောင့် သူ၏ခြိမ်းခြောက်မှုကို ပို၍တိုးမြှင့်လိုက်၏။

“သူက မင်းကို အလွတ်ပေးရုံတင် မကဘူး မင်းကို မြှုပ်စရာ မြေမရှိအောင်လုပ်လိမ့်မယ်.... ငါက ငါ့အဖေရဲ့ အဖိုးတန် သွေးသားပဲ....ငါ့အဖေကလည်း သူတော်စင် တစ်ယောက်ပဲ...ဒါ့ပြင် သူက ပိုင်ဟွမ်ထက်တောင် ပိုအစွမ်းထက်တယ်....မင်း ငါ့ကို ထိဝံ့ရင် သူက မင်းကို သေချာပေါက် သတ်လိမ့်မယ်"

ဓားသွေးသံ ရပ်သွားသည်။

ရီဖုန်းက ရှခိုင်ဟန်ဘက်သို့ လှည့်ကြည့်ပြီး ပြုံးလိုက်သည်။

လေးမီတာရှည်သော ဓားသည် အလွန်တောက်ပနေသဖြင့် သူ၏ သွားဖြူများကို ရောင်ပြန်ဟပ်နေစေသည်။

ဤကောင်လေးကို အသုံးပြုပြီး ပိုင်ဟွမ် ထွက်လာစေရန် သူ ရည်ရွယ်ခဲ့သည်။ သို့ရာတွင် ပိုင်ဟွမ်ထက်ပင် ပို၍အစွမ်းထက်သော သူတော်စင် တစ်ယောက်ကို ဖော်ထုတ်မိမည်ဟု သူ တွေးထင်မထားမိချေ။

ဤသည်မှာ မမျှော်လင့်ဘဲ ရရှိသော အကျိုးအမြတ်ပင်။

“အော်...."

ရီဖုန်းက အဓိပ္ပာယ်အပြည့်ဖြင့် ခေါင်းညိတ်လိုက်ပြီး ရုတ်တရက် သဘောပေါက်သွားသကဲ့သို့ ပြောဆိုလိုက်သည်။

“ဒါဆိုရင် အဲ့ဒီလိုလား....”

“မင်းအဖေကလည်း သူတော်စင်တစ်ယောက်ဆိုတာ သေချာလား"

ရီဖုန်းက မတ်တတ်ထရပ်ပြီး သူ၏ဓားကို ကိုင်၍ မြေပြင်ပေါ်သို့ ထိုးစိုက်လိုက်ရာ ရှည်လျားသော အက်ကွဲကြောင်းတစ်ခု ထွက်ပေါ်လာသည်။

"အမှန်ပဲ…”

သူ့၏ဖခင်သည် တာအိုသက်သေထူခြင်းနယ်ပယ်တွင် ရှိနေသည်။ ပိုင်ဟွမ်ထက် ပိုအစွမ်းထက်သော သူတော်စင်တစ်ယောက်ဟု ပြောဆိုရခြင်းသည် အလွန် ရှက်ရွံဖွယ်ကောင်းသော်လည်း သူ၏ အသက်ကို ကယ်တင်ရန်အတွက် မည်သည့်အရာကိုမဆို လုပ်ဆောင်ရပေမည်။

“ဟုတ်တယ်....ငါ့ရဲ့အဖေက သူတော်စင်ပဲ"

“ဒါပြင် အရမ်းအစွမ်းထက်တဲ့ သူတော်စင်တစ်ယောက်ပဲ”

“သူ တိုက်ခိုက်ရင် အရမ်းကြောက်စရာ ကောင်းတယ်...”

“အခုချက်ချင်း ငါ့ကို လွှတ်ပေးပါ... ငါ အဖမ်းခံထားရတာကို သိရင် ငါ့ရဲ့အဖေက သေချာပေါက် လာရှာလိမ့်မယ်....ငါ အဆင်ပြေနေတာကို မြင်ရင် သူက မင်းရဲ့အသက်ကို ချမ်းသာပေးကောင်း ပေးလိမ့်မယ်”

ရှခိုင်ဟန်က အခွင့်အရေးကို အရယူပြီး ပြောဆိုသည်။

ရီဖုန်းက ပြုံးလိုက်သည်။

“ကောင်းပြီလေ...ငါ မင်းကို အခွင့်အရေးတစ်ခု ပေးမယ်...မင်းရဲ့အဖေကို လာခိုင်းလိုက်စမ်း”

ရီဖုန်းက သူ၏ဓားရှည်ကို ဘေးဖယ်ပြီး ရှခိုင်ဟန်၏သိုလှောင်လက်စွပ်အတွင်းမှ သတင်းပို့ကျောက်စိမ်းပြားကို ထုတ်ယူလိုက်သည်။

ရီဖုန်း၏ လုပ်ရပ်များကြောင့် ရှခိုင်ဟန် အံ့အားသင့်သွားသည်။

တစ်ခုခုတော့ မှားနေပြီ။

ဒီလူက ငါ့ရဲ့ခြိမ်းခြောက်မှုကို ဘာလို့ မကြောက်တာလဲ....

ငါ့ကို လွှတ်ပေးသင့်တာ မဟုတ်ဘူးလား..

ဘာလို့ သတင်းပို့ကျောက်စိမ်းပြား ကို ပေးတာလဲ...

သို့ရာတွင် သူ၏နံဘေးရှိ အေးစက်ပြီး တောက်ပနေသာ ဓားကြောင့် တခြားဘာကိုမျှ သူ ဂရုမစိုက်နိုင်တော့ချေ။ သူ ကျောက်စိမ်းပြား ကို ကောက်ကိုင်ပြီး အသံကုန်အော်ဟစ်လိုက်သည်။

“အဖေ....အဖေ...ကျွန်တော့်ကို ကယ်ပါအုံး”

ရှခိုင်ဟန်က ကျယ်လောင်စွာ အော်ဟစ်ငိုကြွေးလိုက်သည်ဖ။

“အဖေ မြန်မြန်မလာရင် သား သေလိမ့်မယ်”

ထိုသို့ ပြောဆိုပြီးနောက် ရှခိုင်ဟန်သည် သူ၏လက်အတွင်းရှိ ကျောက်စိမ်းပြားကို ဖိခြေလိုက်၏။

ထိုကျောက်စိမ်းပြားသည် အမှုန်အမွှားများအဖြစ် ပြောင်းလဲသွားပြီး ချက်ချင်းပျံ့လွင့်သွားသည်။

Chapter 975

ရီဖုန်းသည် နေ့ဝက်ခန့်ကြာအောင် စောင့်ဆိုင်းပြီးနောက်....

ဘုန်း.....

ကြည်လင်သော မိုးကောင်းကင်ယံ၌ လျှပ်စီးမိုးကြိုးများ တဖျတ်ဖျတ်တောက်ပလာကာ...

မိုးခြိမ်းသံများက မိုးကောင်းကင်ယံအနှံ့ ပျံ့နှံ့သွားသည်။

"ဘယ်သူက ငါ့ရဲ့သားကို နာကျင်အောင် လုပ်ရဲတာလဲ"

ထိုအသံသည် တိမ်တိုက်များအကြားမှ ကျရောက်လာပုံရကာ မိုင်သန်းနှင့်ချီအကွာမှ ရောက်ရှိလာပုံလည်း ရသည်။ ထို့ပြင် ဤအသံတွင် ပြင်းထန်သည့် လွှမ်းမိုးချုပ်ကိုင်နိုင်မှုစွမ်းအားတစ်ရပ် ရောယှက်နေပေ၏။

ဤအသံကို ကြားမိသော လူများအားလုံး၏ မျက်နှာအမူအယာများ ပျက်ယွင်းသွားသည်။

ကျင့်ကြံဆင့်နိမ့်ပါးသူတချို့၏ သွေးများ ဆူပွက်သွားကာ သူတို့၏မျက်လုံးများအတွင်း၌ ထိတ်လန့်ကြောက်ရွံမှု အရိပ်အယောင်များ ထင်ဟပ်နေသည်။

မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် မြို့တစ်မြို့လုံးအတွင်းရှိ လူများအားလုံး ထိတ်လန့်တကြား ဖြစ်သွားသည်။

အိမ်အတွင်း၌....

ရှခိုင်ဟန်သည် ရုတ်တရက် စိတ်အားတက်ကြွသွားကာ စတင်၍ အော်ဟစ်လိုက်၏။

"အဖေလား...."

"ငါ့ရဲ့အဖေ ဒီနေရာကို ရောက်လာပြီ....မင်း သေရတော့မယ်...ဟား ဟား ဟား..."

သူ့အား မုန့်ဖက်ထုပ်တစ်ခုသဖွယ် ချည်နှောင်ထားခြင်း ခံရသော်လည်း သူ့ဖခင်၏အသံကိုကြားချိန်တွင် ကြက်သွေးများ ထိုးသွင်းခံလိုက်ရသည့်အလား စိတ်အားတက်ကြွသွားသည်။

သူ့ကိုကြည့်ရသည်မှာ အမှန်တကယ်ကို အကြောက်အလန့် ကင်းမဲ့နေပုံ ရပေ၏။

အကယ်၍ တစ်စုံတစ်ယောက်သည် ဤအခြေအနေ၏အကောင်းအဆိုးကို မသိရှိပါက...

ထိုလူထံတွင် စိတ်ပိုင်းဆိုင်ရာ ပြဿနာတစ်ခု ရှိနေခြင်းသာ ဖြစ်ပေမည်။

ထို့ပြင် သူ့အား ဖမ်းဆီးထားသူအတွက် မည်သည့်မျှော်လင့်ချက်မျှ ရှိတော့မည် မဟုတ်ချေ။

ရီဖုန်း၏မျက်လုံးများ တောက်ပသွားသည်။

ဤမောက်မာထောင်လွှားသော ပုံပန်းသွင်ပြင်ကို ကြည့်ခြင်းအားဖြင့် ဤကောင်လေး၏ဖခင်သည် အမှန်တကယ်ကို အလွန်အစွမ်းထက်ပုံပင်။

အနည်းဆုံးအနေဖြင့်....

ထိုလူသည် ထိပ်သီးအစွမ်းထက် ကျင့်ကြံသူတစ်ယောက် ဖြစ်ပေမည်။

ကြည့်ရသည်မှာ ဤကောင်လေးသည် သူ့ကို လိမ်ညာပြောဆိုခဲ့ခြင်း မရှိသည့်ပုံပင်။

'ကောင်းပြီလေ....အခု ဖြေရှင်းကြတာပေါ့...လှိုင်းတွေ ငြိမ်သွားပြီ...နောက်ဆုံးတော့ ငါက ခုလို အစွမ်းထက်ကျင့်ကြံသူတစ်ယောက်နဲ့ တွေ့ရပြီ..ဒါဆိုရင် ငါ သေရဖို့အတွက် မျှော်လင့်ချက် ရှိသွားပြီ'

ရီဖုန်းက ချက်ချင်းဆိုသလိုပင် ဆန်မုန့်တစ်ခုကို ကောက်ကိုင်ပြီး ခြံဝန်း၏ပြင်ပသို့ ထွက်လိုက်သည်။

လမ်းများပေါ်တွင် မည်သူတစ်ဦးတစ်ယောက်မျှ ရှိမနေဘဲ မိုးကောင်းကင်ယံ၌ တိမ်မည်းများ လွှမ်းခြုံနေပေ၏။

ထို့နောက် လေဟာနယ်စုတ်ပြဲသွားသည်ကို သူ မြင်တွေ့လိုက်ရသည်။

ထိုလေဟာနယ်အက်ကွဲကြောင်းအတွင်းမှနေ၍ လူတစ်ယောက်ထွက်လာကာ သူ၏လက်များကိုနောက်ပစ်ပြီး မတ်တတ်ရပ်နေသည်။ ထို့နောက် သူသည် ခေါင်းငုံကြည့်လိုက်ရာ သူ၏မျက်လုံးများအတွေး၌ ဒေါသများ မောက်မာထောင်လွှားမှုများဖြင့် ပြည့်နှက်နေကာ အရာအားလုံးသည် ပုရွက်ဆိတ်များအလားပင်။

ဤပုံပန်းသွင်ပြင်သည် အလွန်အထင်ကြီးဖွယ် ကောင်းပေ၏။

ကျွတ်....ကျွတ်...

ဒီလိုဆရာကြီးမျိုး....

ထိုလူကြီးကို ကြည့်ရသည်မှာ သူ့အတိတ်ဘဝက ဝတ္ထုများအတွင်း၌ ဖတ်ခဲ့ဖူးသော ပြိုင်ဘက်ကင်းဆရာသခင်တစ်ယောက်၏ ပုံစံနှင့် တူညီနေသည်။

ရီဖုန်းသည် ထိုလူကို မလေးစားဘဲ မနေနိုင်တော့ချေ။

“...”

သူ၏မျက်လုံးများအတွင်းတွင် မျှော်လင့်တောင့်တခြင်း စိတ်လှုပ်ရှားခြင်းများဖြင့် ပြည့်နှက်နေသည်။

ဤသည်မှာ သူသည် ကယ်တင်ရှင်တစ်ယောက်ကို မြင်တွေ့လိုက်ရသည့် အလားပင်။

ရှခိုင်ဟန်ကလည်း အလျင်အမြန် အော်ဟစ်လိုက်သည်။

"အဖေ...ငါ့ကို ဒီလူက အနိုင်ကျင့်နေတယ်....ကျေးဇူးပြုပြီးတော့ ငါ့ကို ကူညီပေးပါ"

လေထုအတွင်းတွင်ရှိနေသော ရှရှင်းကျစ်သည် ဤအသံကိုကြားချိန်၌ အလွန်ဒေါသထွက်သွားပေ၏။

ဝမ်ယွဲ့ဂိုဏ်း၏ ဂိုဏ်းချုပ်တစ်ယောက်ဖြစ်သော သူ့အနေဖြင့် သူ၏သား အနိုင်ကျင့်ခံနေရသည်ကို မည်သည်ကြောင့် သည်းခံနိုင်မည်နည်း။

ထိုနောက် သူ၏ဒေါသများ မြင့်တက်လာသည်။

ရီဖုန်းက သူ၏အပြစ်ကို အလျင်အမြန် ဝန်ခံလိုက်သည်။

"ဟုတ်တယ်...ဟုတ်တယ်...ဒါက အမှန်ပဲ"

"ငါက မင်းရဲ့သားကို အနိုင်ကျင်ခဲ့တယ်...မင်းက သူ့ကို ကူညီပေးသင့်တယ်"

ထိုသို့ပြောဆိုပြီးနောက် သူသည် ဓားတစ်ချောင်းကိုထုတ်ယူကာ အဆက်မပြတ် ဝှေ့ယမ်းလိုက်သည်။

"တကယ်လို့ မင်း အခုမလုပ်ဘူးဆိုရင်..."

"ငါက တစ်ယောက်ယောက်ကို ခုတ်ပိုင်းမိလိမ့်မယ်....ငါ တကယ်ကို တစ်ယောက်ယောက်ကို ခုတ်ပိုင်းချင်နေပြီ"

ရှရှင်းကျစ်က မျက်မှောင်ကြုတ်လိုက်သည်။ သူသည် ခြိမ်းခြောက်မှုပေါင်းများစွာကို ကြုံတွေ့ခဲ့ဖူးသည်။ သို့ရာတွင် တခြားလူများအပေါ် ဤမျှထိ ပေါ်ပေါ်ထင်ထင် ခြိမ်းခြောက်သော တစ်စုံတစ်ယောက်ကို သူ တစ်ကြိမ်တစ်ခါမျှ မမြင်တွေ့ဖူးချေ။ ဤလူသည် ဝမ်ယွဲ့ဂိုဏ်းအား အလေးအနက်မထားသည်မှာ သိသာထင်ရှားပေ၏။

"ကောင်လေး...မင်းက မီးနဲ့ ကစားနေတာပဲ....မင်း သေလမ်း ရှာနေတာလား..."

ရှရှင်းကျစ်သည် ဒေါသတကြီး အော်ဟစ်ပြီး ထပ်မံ၍ မေးခွန်းမထုတ်တော့ချေ။

တစ်ဖက်လူသည် မည်သည့်အရာကို မှီခိုအားထား၍ ဤကိစ္စကို ကျူးလွန်သည်ဖြစ်စေ ထိုလူ၏အပြစ်ကို သူ ခွင့်လွှတ်၍မရချေ။

ရုတ်ချည်းဆိုသလိုပင် သူ၏နတ်ဘုရားစိတ်အာရုံဖြင့် ထိုလူအပေါ်သို့ ချိတ်ပိတ်လိုက်၏။

ထို့နောက် သူ၏လက်ဝါးကို လှုပ်ခတ်ပြီး စတင်တိုက်ခိုက်လေသည်။

လက်ဝါးပုံရိပ်ယောင်ကြီးတစ်ခုသည် မိုးကောင်းကင်ယံအတွင်းမှ ကျဆင်းလာကာ ထိုအရာကြောင့် မိုးနှင့်မြေ အရောင်ပြောင်းလဲသွားပြီး တိမ်မည်းများက မြို့တမြို့လုံးကို လွှမ်းခြုံသွားသည်။

ဧရာမလက်ဝါးပုံရိပ်ယောင်ကြီးသည် မိုးကောင်းကင်ယံနှင့်နေရောင်ကိုပင် ပိတ်ဖုံးသွားပေ၏။

ဤသည်မှာ သူတို့၏ခေါင်းများထက်သို့ တောင်ကြီးတစ်လုံး ကျဆင်းလာသည့် အလားပင်။

ထို့ပြင် လေပြင်းများ တိုက်ခတ်လာကာ...

ဤအရှိန်အဝါသည် အလွန်ပြင်းထန်ပေ၏။

ဤလက်ဝါးရိုက်ချက်ကြောင့် မြို့တမြို့လုံးအတွင်းရှိ လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားကာ အချိန်ယန္တရား ရပ်တန့်သွားသည့်အလားပင်။

ဤသည်မှာ ဝမ်ယွဲ့ဂိုဏ်းချုပ်၏ ကျင့်ကြံစွမ်းအားပင်။

ယခုအချိန်၌ ရှခိုင်ဟန်သည် ထိတ်လန့်ကြောက်ရွံ့နေခြင်း မရှိတော့ဘဲ သူ၏မျက်လုံးများအတွင်း၌ မောက်မာထောင်လွှားမှုများဖြင့် ပြည့်နှက်နေသည်။

ထို့နောက် သူသည် ရှေ့သို့လျှောက်လှမ်းသွားနေသော ရီဖုန်း၏ပုံရိပ်ကို ကြည့်လိုက်သည်။

သူ့၏မျက်လုံးများအတွင်း၌ သရော်တော်တော်အရိပ်အယောင်များ ထင်ဟပ်လာသည်။

သို့ရာတွင် နောက်ဆက်တွဲကိစ္စများကို မည်သူ သိနိုင်မည်နည်း။

ရီဖုန်းက အထက်သို့ မော့ကြည့်လိုက်သည်။

သူ၏မျက်နှာပေါ်တွင် ဝမ်းသာပီတိဖြစ်နေသော အမူအယာတစ်ရပ် ရှိနေကာ သူ၏မျက်လုံးများအတွင်း၌ မျှော်လင့်တောင့်တခြင်းများဖြင့် ပြည့်နှက်နေသည်။

အကယ်၍ သူ၏စိတ်ကူးများ အမှန်တကယ် ဖြစ်လာပါက ဤသားအဖနှစ်ယောက်ကို ကျေးဇူးတင်ရပေမည်။

'အရမ်း ကောင်းတယ်'

နောက်ဆုံး၌ သူ အင်မော်တယ်တစ်ယောက် ဖြစ်လာတော့ပေမည်။

ဤကဲ့သို့ ဖြစ်လာရန် သူ လျှောက်လှမ်းခဲ့ရသော လမ်းကြောင်းသည် မလွယ်ကူခဲ့ချေ။

သူ၏စိတ်နှလုံးသားအတွင်း၌ စိတ်ခံစားချက်မျိုးစုံ ရောယှက်နေပေ၏။

ရီဖုန်း၏ရူးသွပ်သောအပြုအမူကြောင့် ရှရှင်းကျစ် ပို၍ဒေါသထွက်သွားသည်။

သူ ထုတ်လွှတ်ရန် ပြင်ဆင်ထားသော လက်ဝါးရိုက်ချက်ကို ပြန်ရုတ်သိမ်းခြင်း မပြုတော့ချေ။

ထို့ပြင် သူသည် ပို၍ပင် အင်အားစိုက်ထုတ်လိုက်၏။

မိုးကောင်းကင်ယံတခွင်လုံး တိမ်မည်းများ လွှမ်းခြုံသွားသည်။

သို့ရာတွင် နောက်ထပ် အချိန်အခိုက်အတန့်၌....

ထိုကြောက်မက်ဖွယ်ကောင်းသော လက်ဝါးပုံရိပ်ယောင်ကြီး ကျရောက်လာချိန်တွင်...

အခိုးအငွေ့တစ်ခုအလား ရုတ်တရက် ပျောက်ကွယ်သွားသည်။

ရီဖုန်း မျှော်လင့်ထားသကဲ့သို့ ဖြစ်မလာခဲ့ချေ။

သူသည် သူ၏လက်များကို ဆန့်တန်းပြီး တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်ကာ စောင့်ဆိုင်းနေသော်လည်း လေပြည်လေညှင်းတစ်ရပ် ဖြတ်သန်းတိုက်ခတ်သွားသည်မှအပ မည်သည့်အရာမျှ ဖြစ်မလာချေ။

သူ၏အဝတ်အစားများပင်လျှင် လှုပ်ခတ်သွားခြင်း မရှိပေ။

ရုတ်ချည်းဆိုသလိုပင်....

ရှရှင်းကျစ် ကြက်သေသေသွားသည်။

မည်သည်ကြောင့် ဖြစ်နိုင်မည်နည်း...

အသက်တစ်ရှိုက်စာ...

အသက်နှစ်ရှိုက်စာ....

အသက်သုံးရှိုက်စာ....

အသက်ဆယ်ရှိုက်စာတိတိ ကုန်ဆုံးသွားသည့်တိုင် မည်သည့်အရာမျှ ဖြစ်မလာခဲ့ချေ။

ရှရှင်းကျစ်သည် ဇဝေဇဝါ ဖြစ်သွားလေ၏။

လမ်းပေါ်တွင် ရီဖုန်းသည် မည်သည့်အရာကိုမျှ မခံစားရဘဲ စောင့်ဆိုင်းနေရသည့်အတွက် အနည်းငယ် ပျင်းရိလာသည်။

သူ အနည်းငယ် သံသယဝင်လာပေ၏။

တစ်ဖက်လူသည် နာကျည်းမုန်းတီးမှုကြောင့် သူ့အား တချက်တည်းဖြင့် အသေသတ်ရန် အင်အားစုဆောင်းနေခြင်းဖြစ်ပါက အဆင်ပြေပေမည်။

ဤသည်မှာ ထိပ်သီးအစွမ်းထက် ဆရာကြီးတစ်ယောက်၏ အဆုံးစွန်ဆုံး တိုက်ခိုက်မှုပင်။ ထို့ကြောင့် ဤတိုက်ခိုက်မှုကို ထုတ်လွှတ်ရန် အချိန်ကြာမြင့်နိုင်သည် မဟုတ်လော...

သို့ရာတွင် ဤကြိုတင်ပြင်ဆင်မှုသည် အလွန်ကြာမြင့်နေပေ၏။

ထိုလူသည် မရဏတေးသီချင်းကို သီဆိုနေသလော...

သူသည် သိချင်စိတ်ပြင်းပြလာမှုကြောင့် သူ၏မျက်လုံးများကို မနေနိုင်မထိုင်နိုင် ဖွင့်လိုက်သည်။

ရီဖုန်းသည် နောက်ဆုံး၌ သူ့ရှေ့ရှိ မြင်ကွင်းကို မြင်တွေ့လိုက်ရသည်။

လူအိုကြီးသည် သူ၏လက်များကို ဆန့်တန်းပြီး နေရာမှာပင် ကြောင်စီစီနှင့် မတ်တတ်ရပ်နေသည်။ သူ့ထံတွင် ယင်ကောင်မစင်ကို စားမိသည့်အလား ရှုံမဲ့နေသည့် အမူအယာတစ်ရပ် ရှိနေပေ၏။

ကြည့်ရသည်မှာ...

သူသည်ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက် မဟုတ်ဘဲ ဟန်ရေးပြနေသော ကြောင်တစ်ကောင်သာ ဖြစ်ပုံရသည်။

ရီဖုန်းက ပတ်ဝန်းကျင်ကို ဝေ့ဝိုက်၍ ကြည့်လိုက်သည်။

မလှမ်းမကမ်းအကွာတွင် ပုန်းအောင်းနေသော ရှခိုင်ဟန်ကို ကြည့်ရသည်မှာ တုန်တုန်ရီရီဖြစ်နေပြီး တုန်လှုပ်ချောက်ချားနေပုံရသည်။

မြေပြင်တပြင်လုံး များစွာသန့်ရှင်းသပ်ရပ်နေကာ...

မည်သည့်အရာမျှ ပြောင်းလဲသွားပုံ မရချေ။

ဤသည်ကို အစွမ်းထက်ဆရာကြီးတစ်ယောက်ဟု ခေါ်သလော....

မည်သည်ကြောင့် ဖြစ်နိုင်မည်နည်း...

'ဘာလို့လဲ....အရမ်းစိတ်ပျက်ဖို့ ကောင်းတယ်'

ရီဖုန်းသည် အလွန်အမင်း စိတ်ပျက်သွားကာ သူ၏မျက်နှာအမူအယာ သုန်မှုန်သွားသည်။

သူသည် ဆရာကြီးတစ်ယောက်နှင့် ဆုံတွေ့ရပြီဟု သူ တွေးထင်ခဲ့သည်။

အဆုံးသတ်၌...

ဤသည်မှာ လွင့်မျောသွားသော သဲမှုန်များအလား ပြန့်ကျဲသွားကာ မည်သည့်အရာမျှ ဖြစ်မလာခဲ့ချေ။

ထိုလူသည် သူတော်စင်တစ်ယောက် မဟုတ်ဘဲ အတုအယောင်တစ်ယောက်သာ ဖြစ်သည်မှာ သိသာထင်ရှားပေ၏။

အစောပိုင်းက ထိုလူကြီး၏ အထင်ကြီးဖွယ်ကောင်းသော ပုံပန်းသွင်ပြင်ကိုကြည့်ပြီး ရီဖုန်းက အစစ်အမှန်သူတော်စင်တစ်ယောက်နှင့် ဆုံတွေ့ရပြီဟု တွေးထင်ခဲ့မိသည်။

ဤသည်မှာ အိပ်ရာပေါ်တွင် သေလုဆဲဆဲဖြစ်နေသော လူအိုကြီးတစ်ယောက်မှ သူ့အား လာရောက်ကျီစယ်စနောက်သည့် အလားပင်။

ရီဖုန်း၏မျက်နှာအမူအယာ သုန်မှုန်သွားကာ သူ စိတ်ဝင်စားခြင်း မရှိတော့ချေ။

ထိုကြောင့် သူသည် လေထုအတွင်းသို့ လက်ဝါးရိုက်ချက်တစ်ချက်ကို သာမန်ကာလျှံကာ ထုတ်လွှတ်လိုက်၏။

ဘန်း....

မသဲမကွဲ အသံတစ်သံနှင့်အတူ...

အတုအယောင်သူတော်စင်သည် ခြင်တကောင်ကို ရိုက်ချခံရသည့်အလား မြေပြင်ပေါ်သို့ ပြုတ်ကျလာပေ၏။

အကယ်၍ ရှရှင်းကျစ်ထံတွင် အရည်အချင်းရှိနေပါက ရီဖုန်း ပျော်ရွှင်မှုကို ရရှိနိုင်ပေမည်။

သို့ရာတွင် ယခုလက်ရှိအချိန်၌....

သူသည် ကျင့်ကြံရာ၌ အတွေ့အကြုံတချို့ကို ရရှိပြီးနောက် တဖြည်းဖြည်း ဤကိစ္စများကို ကျင့်သားရလာသည်။

သူသည် စိတ်ပျက်အားငယ်မှုကို ခံစားမိလေ၏။

မည်သည်ကြောင့် သူ သေဆုံးရန် ဤမျှထိ ခက်ခဲနေသနည်း။

'ထားလိုက်တော့....အဲ့ဒီကောင်မှာ အင်မော်တယ်သလင်းကျောက်တွေ ရှိမရှိ ငါ အရင်ဆုံး ကြည့်ရမယ်...အနည်းဆုံးတော့ ငါက အလကားသက်သက်အရိုက်ခံရတာ မဟုတ်တော့ဘူး'

ရီဖုန်းက သက်ပြင်းတစ်ချက် ရှိုက်လိုက်သည်။

ဟူး....

ညင်သာသောသက်ပြင်းရှိုက်သံသည် အကြွင်းမဲ့အထီးကျန်ဆန်ခြင်းကို ညွှန်ပြနေပေ၏။

သူ၏ပေါ့ပါးသောခြေလှမ်းများတွင် ပြောမပြနိုင်သော ကူကယ်ရာမဲ့မှုများ ရှိနေပုံရသည်။

ဤအချိန်အခိုက်အတန့်တွင် သူ့ကို ကြည့်ရသည်မှာ အဆုံးမရှိသောလောကဓံ၏ အတက်အကျများကို ခံစားလိုက်ရသည့် အလားပင်။

မြေပြင်ပေါ်ရှိ ကျင်းနက်ကြီးအတွင်း၌...

ရှရှင်းကျစ်သည် လေထုအတွင်းမှ ပြုတ်ကျလာပြီးနောက် အရိုးများ ကျိုးသွားကာ ကျင်းနက်ကြီးအတွင်း၌ လဲလျောင်းနေရသည်။

သို့ရာတွင် သူ အသံတစ်သံမျှ မထွက်ဝံ့ချေ။ သူ၏စိတ်နှလုံးသားအတွင်းရှိ ထိတ်လန့်ကြောက်ရွံမှုသည် အဆုံးစွန်ဆုံးအဆင့်သို့ ရောက်ရှိနေလေပြီ။

သူ ခြေလှမ်းသံများကို ကြားလိုက်ချိန်တွင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားသည်။

အစောပိုင်းက လက်ဝါးရိုက်ချက်ကို ခံစားရပြီးနောက်...

သူ မည်မျှထိ တုံးအသည်ဖြစ်စေ တစ်ဖက်လူ၏ခွန်အား အလွန်ကြောက်မက်ဖွယ်ကောင်းသည်ကို သိရှိပြီးဖြစ်သည်။

'သောက်ချေးပဲ...'

'ဒီလူက ငါ့ကို သတ်တော့မှာလား'

ဟူး...

ထို့နောက် သတ်ပြင်းချသံတစ်သံကို သူ ကြားလိုက်ရသည်။

ဤအသံတွင် ထိပ်ဆုံး၌ ရပ်တည်နေသူတစ်ယောက်၏ ကူကယ်ရာမဲ့မှုနှင့်အထီးကျန်ဆန်မှုများ ရှိနေသည်။

ရှရှင်းကျစ်သည် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တင်းကြပ်သွားသည်ကို ခံစားမိလေ၏။

သူသည် အလွန်အစွမ်းထက်သော တည်ရှိမှုကြီးတစ်ယောက်နှင့် ရင်ဆိုင်နေရသည်ကို သူ လုံးလုံးလျားလျား နားလည်သွားလေပြီ။

တစ်ဖက်လူနှင့်သူ့အကြားရှိ ကွာဟချက်သည် မိုးနှင့်မြေအလားပင်။

ဤလူ...

ဤလူသည် အနည်းဆုံးအနေဖြင့် ခြေလှမ်းတစ်ဝက်သူတော်စင်တစ်ယောက်ပင်။

ဤကဲ့သို့ တည်ရှိမှုကြီးတစ်ယောက်နှင့် ရင်ဆိုင်ရချိန်တွင် သူ သေချင်ယောင်ဆောင်နေလျှင်လည်း အသုံးဝင်မည်မဟုတ်ချေ။

ရှပ်...ရှပ်...

ခြေလှမ်းသံများ တစတစ ပို၍နီးကပ်လာသည်။

ရှရှင်းကျစ်၏ထိတ်လန့်ကြောက်ရွံ့မှုသည် အဆုံးစွန်ဆုံးအဆင့်သို့ ရောက်ရှိနေလေပြီ။ ထို့ကြောင့် သူ အသက်ရှင်နိုင်ရန်အတွက်ဖြစ်နိုင်​ချေရှိသော နည်းလမ်းများကို အစွမ်းကုန်ကြိုးစားပြီး စဉ်းစားလိုက်သည်။

ခြေလှမ်းတစ်ဝက် သူတော်စင်...

ဤသည်မှာ ခြေလှမ်းတစ်ဝက် သူတော်စင်တစ်ယောက်ပင်။

'သောက်ချေးပဲ....'

'ငါက ဘာလို့ ဒီလိုတည်ရှိမှုကြီးတစ်ခုကို အပြစ်ပြုမိတာလဲ...'

သို့ရာတွင် သူသည် ဤလူ့ကို တိုက်ခိုက်ခဲ့ပြီးဖြစ်သဖြင့် ယခုအချိန်၌ သူ၏ဘဝ အဆုံးသတ်ရတော့ပေမည်။

သူတစ်ယောက်တည်း မ‌​ဆိုထားနှင့် ဝမ်ယွဲ့ဂိုဏ်းတစ်ဂိုဏ်းလုံးကို ပေါင်းထည့်လျှင်ပင် သူတို့သည် ပုရွက်ဆိတ်တစ်စုစာထက် ပိုမည်မဟုတ်ချေ။

ခြေလှမ်းတစ်ဝက် သူတော်စင်တစ်ယောက်နှင့် ရင်ဆိုင်ရချိန်၌...

မည်သူ့ထံတွင် အစွမ်းအစရှိမည်နည်း...

သူတော်စင်တစ်ယောက် မဟုတ်သရွေ့ အသုံးဝင်မည် မဟုတ်ချေ။

သူတော်စင်...

ရှရှင်းကျစ်သည် ရုတ်တရက် မျှော်လင့်ချက်အလင်းရောက်တစ်ခုကို တွေ့ရှိသွားသဖြင့် ရုန်းကန်ပြီး မတ်တတ်ထလိုက်သည်။

သူ၏ခန္ဓာကိုယ်တွင် ဖုန်မှုန့်များဖြင့် ပေကျံနေသော်လည်း သူသည် အားယူပြီး ကျယ်လောင်စွာအော်ဟစ်၍ ခြိမ်းခြောက်လိုက်၏။

“ခဏလေး စောင့်ပါအုံး…”

“မင်းရဲ့ ကျင့်ကြံဆင့်က အရမ်းအစွမ်းထက်တယ်...ငါက မင်းထက် နိမ့်ကျတယ်ဆိုတာ ငါ ဝန်ခံတယ်”

"ငါက သူတော်စင်နယ်ပယ်ကို ခြေမချနိုင်သေးပေမယ့် ပိုင်ဟွမ်ရဲ့ဆွေမျိုးတစ်ယောက်ဖြစ်ပြီးတော့....သူတော်စင်တစ်ယောက်ရဲ့ သွေးရင်းပဲ....ပိုင်ဟွမ်နဲ့ရင်ဆိုင်ဖို့ကို မင်းက နှစ်ခါပြန်စဉ်းစားဖို့ လိုလိမ့်မယ်"

"ငါတို့ ငြိမ်းငြိမ်းချမ်းချမ်းဆွေးနွေးပြီးတော့ ခွဲခွာသွားကြတာ ပိုမကောင်းဘူးလား"

ရှရှင်းကျစ်က အံ့တင်းတင်းကြိတ်ပြီး ပြောဆိုသည်။

သူသည် သူ၏ဘဝတွင် အကောင်းဆုံးသရုပ်ဆောင်အရည်အချင်းကို ထုတ်ဖော်အသုံးပြုကာ အလွန်တည်ကြည်လေးနက်သော လေသံဖြင့် ပြောဆိုလိုက်သည်။

သူ မျှော်လင့်ထားသကဲ့သို့ပင်...

ရီဖုန်းသည် ထိုစကားလုံးများကြောင့် ကြက်သေသေသွားလေ၏။

သူသည် ရုတ်တရက် ကြက်သေသေသွားပြီးနောက်...

ရှရှင်းကျစ်၏ မျှော်လင့်စောင့်စားနေသော အကြည့်အောက်တွင်...

ရီဖုန်း၏လှုပ်ရှားမှုများ ရပ်တန့်သွားကာ သူ၏မျက်နှာပေါ်၌ နူးညံညင်သာသောအပြုံးတစ်ခုပင် ရှိနေသည်။

Thank For Reading.

All Chapters