အခန်း (၉၇၆-၉၈၀)
Vol. 66 Ch. 976-980
Chapter 976
ရီဖုန်း၏မျက်နှာပေါ်ရှိ အပြုံးကိုကြည့်ပြီး...
ရှရှင်းကျစ်သည် များစွာပို၍ စိတ်သက်သာရာ ရသွားပေ၏။
အရာအားလုံး သူ မျှော်လင့်ထားသည့်အတိုင်း ဖြစ်ပွားလာခဲ့သည်။
ဤလူသည် ရုတ်တရက် နူးညံ့သိမ်မွေ့သွားသည်မှာ ပိုင်ဟွမ်၏နာမည်ကြောင့် ထိတ်လန့်ကြောက်ရွံသွားခြင်း ဖြစ်ပေမည်။
ထိုလူသည် ခြေလှမ်းတစ်ဝက်သူတော်စင် ဖြစ်နေလျှင်ပင်....
သူတော်စင်တစ်ယောက်ကို မည်သို့မျှ ယှဥ်ပြိုင်နိုင်မည် မဟုတ်ချေ။
ကံကောင်းထောက်မစွာဖြင့် သူ ဥာဏ်ကောင်းသွားခဲ့ကာ ပိုင်ဟွမ်၏နာမည်ကို ထုတ်ဖော်ပြောဆိုခဲ့သည်။
ထိုသို့မဟုတ်ပါက သူသည် ယနေ့တွင် သေဘေးမှ လွတ်မြောက်နိုင်မည် မဟုတ်ပေ။
သူ၏ဖြတ်ထိုးဉာဏ်သည် နှစ်ပေါင်းများစွာကြာအောင် လေ့ကျင့်ခဲ့ခြင်းမှ ရရှိလာခြင်းဖြစ်သည်။ အမြင်နှင့်အတွေ့အကြုံမရှိပါက တစ်စုံတစ်ယောက်သည် မည်သည်ကြောင့် ဤမျှထိ ထက်မြက်သော အကြံဉာဏ်မျိုးကို လွယ်လွင့်တကူ ထုတ်ဖော်နိုင်မည်နည်း။
ဤဖြတ်ထိုးဉာဏ် မရှိခဲ့ပါက သူသည် ယခုလက်ရှိ ရောက်ရှိနေသော အဆင့်အတန်းမျိုးသို့ ရောက်လာနိုင်မည် မဟုတ်ချေ။
အင်မော်တယ်လမ်းကြောင်းကို ကျင့်ကြံခြင်းသည် တိုက်ခိုက်ခြင်းနှင့် သတ်ဖြတ်ခြင်းသက်သက် မဟုတ်ချေ။
လောကဓမ္မတာအတိုင်း သဟဇာတဖြစ်အောင် နေတတ်ရန် လိုအပ်သည်။
ရှရှင်းကျစ်၏မျက်နှာပေါ်၌ အပြုံးတစ်ခု ထင်ဟပ်လာကာ သူ၏အရှက်ကို ပြန်ဆယ်ရန်အတွက် ကြမ်းတမ်းသောစကားတချို့ကို ပြောဆိုရန် အဆင်သင့် ဖြစ်နေလေပြီ။
သို့ရာတွင် သူ အစပျိုးရန်အတွက် သူ၏ပါးစပ်ကို မဖွင့်ရသေးမီမှာပင်....
ရီဖုန်းသည် ကြိုးတစ်ချောင်းကို ထုတ်ယူကာ သူ့ကို ချည်နှောင်ပြီး ဖြစ်သည်။
ဤသည်မှာ အလွန်လျင်မြန်ပေ၏။
ဖြစ်စဉ်တစ်ခုလုံး လျင်မြန်ပြီး ကျွမ်းကျင်ပိုင်နိုင်သည်။
ရှရှင်းကျစ်သည် အနည်းငယ်မျှ တုံ့ပြန်နိုင်ခဲ့ခြင်း မရှိခဲ့ချေ။
သူသည် လူသားဖက်ထုပ်တစ်ခုအလား ချည်နှောင်ခြင်း ခံလိုက်ရလေ၏။
သူ၏ခန္ဓာကိုယ်ရှေ့တွင် အလွန်လှပသော ဖဲပွင့်တခုပုံစံကိုပင် ပြုလုပ်ထားသည်။
ဤသည်မှာ...
မည်ကဲ့သို့ အခြေအနေမျိုး ဖြစ်သနည်း...
ရှရှင်းကျစ် လုံးလုံးလျားလျား ဇဝေဇဝါဖြစ်သွားသည်။
သူသည် ရီဖုန်းကို ရုတ်တရက် ကြည့်လိုက်ကာ သူ၏မျက်လုံးများအတွင်း၌ အံ့အားသင့်မှုများ သံသယများ ထင်ဟပ်နေသည်။
ဤသည်မှာ မဖြစ်နိုင်ချေ။
အစောပိုင်းက အရာအားလုံး ကောင်းမွန်နေခဲ့သည်။
သူ၏သရုပ်ဆောင်အရည်အချင်းများတွင်လည်း လုံးလုံးလျားလျား ပြစ်ချက်ကင်းပေ၏။
ဤသို့ဖြစ်လာမည်ဟု မည်သူက တွေးထင်မိမည်နည်း။
တာအိုသက်သေထူခြင်းနယ်ပယ် ကျင့်ကြံဆင့်ဖြင့် ခြေလှမ်းတစ်ဝက် သူတော်စင်တစ်ယောက်ကို လိမ်ညာဝံ့သူဟူ၍ ရှိနိုင်ပါသလော...
သူသည် သတ္တိရှိစွာဖြင့် ဥာဏ်ပညာရှိရှိ ပြောဆိုခဲ့သည်။
ရှရှင်းကျစ်သည် သူ၏အရည်အချင်းကိုအကောင်းဆုံး အသုံးချခဲ့သဖြင့် သူ၏သရုပ်ဆောင်မှုစွမ်းရည်တွင် ပြစ်ချက်ကင်းကြောင်း ယုံကြည်သည်။
သူ ရှာဖွေဖော်ထုတ်ခံရရန် မည်သည့်အကြောင်းပြချက်မျှ မရှိချေ။
သို့ရာတွင်....
မည်သည်ကြောင့် ဤလူသည် စကားတစ်ခွန်းမျှ မပြောဘဲ ရုတ်တရက်ကြီး သူအား ချည်နှောင်ခဲ့သနည်း....
ဤသည်မှာ အဓိပ္ပါယ် မရှိချေ။
မည်သည်ကြောင့် ဤသို့ ဖြစ်လာသနည်း....
သူ၏လိမ်ညာမှုကို ထွင်းဖောက်မြင်သွားသလော....
ထိုလူသည် ဤမျှထိ အတွေ့အကြုံ ရင့်ကျက်သလော....
သူ၏စိတ်နှလုံးသားအတွင်း၌ တုန်လှုပ်ချောက်ချားမှုများ ပေါက်ဖွားလာသည်။
ရှရှင်းကျစ်၏မျက်နှာအမူအယာ ပို၍တည်ကြည်လေးနက်စ ပြုလာသည်။
သို့ရာတွင် သူသည် ပြီးပြည့်စုံသော သရုပ်ဆောင်စွမ်းရည်ကို ဆက်လက်၍ ထိန်းသိမ်းထားဆဲပင်။
"မင်း...."
"မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို ရိုင်းရိုင်းပြပြ ဆက်ဆံဝံ့တာလဲ...ငါက ပိုင်ဟွမ်ရဲ့ဆွေမျိုးတစ်ယောက်ပဲ.... ဒါက ငါ လိမ်ပြောနေတာ မဟုတ်ဘူး....တကယ်လို့ မင် ငါ့ကို မယုံဘူးဆိုရင် မင်း ဒုက္ခရောက်လိမ့်မယ်"
"မင်း အမှားတစ်ခုကို မကျူးလွန်ဖို့ ငါ အကြံပေးချင်တယ်"
သူ၏လေသံကို နားထောင်ရသည်မှာ အလွန် ဖြောင့်မတ်မှန်ကန်သယောင်ပင်။
အမှန်အားဖြင့် သူ အလွန်ထိတ်လန့်ကြောက်ရွံ့နေသည်။
သူသည် မတ်မတ်ရပ်ပြီး ရီဖုန်းကို စူးစိုက်ကြည့်နေသော်လည်း သူ၏နှလုံးသားသည် သူ၏လည်မြိုမှ ခုန်ထွက်တော့လုမတတ်ပင်။
သို့ရာတွင် သူ၏ ပြီးပြည့်စုံသော သရုပ်ဆောင်စွမ်းရည်ကို ထုတ်ဖော်ပြသပြီးသည့်တိုင်....
ရီဖုန်းသည် အနည်းငယ်မျှ ထိတ်လန့်ကြောက်ရွံသွားခြင်း မရှိဘဲ သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။
ယခုကြည့်ကြည့်တော့မှ ဤလူသည် သူတော်စင်၏ဆွေမျိုးတစ်ယောက် ဖြစ်နေပေ၏။
ရှခိုင်ဟန်ကဲ့သို့ အရူးတစ်ယောက်သည် သူတော်စင်၏ချစ်သူ ဖြစ်လာသည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။
ခံစားချက်များ၏နောက်ကွယ်တွင် ဤကဲ့သို့ ဆက်နွယ်ပတ်သက်မှုများ ရှိနေသည်။
ဤသည်မှာ အဓိပ္ပာယ်ရှိသည်။
သူတို့သည် ဆွေမျိုးများဖြစ်ကာ ငယ်စဉ်ကတည်းက သိကျွမ်းခဲ့ကြပြီး နောက်ဆုံး၌ ချစ်သူများ ဖြစ်လာကြသည်။
ပိုင်ဟွမ်သည် ဤဆက်ဆံရေးကို အလွန်တန်ဖိုးထားရသည်။
ရီဖုန်းသည် မျှော်လင့်ချက်အလင်းရောင်ကို တဖန်ပြန်၍ ရှာဖွေတွေ့ရှိခဲ့လေပြီ။
သူ၏မျက်နှာပေါ်ရှိအပြုံး ပို၍ပီပြင်ထင်ရှားလာသည်။
သူ၏ ဖြူဖွေးသောသွားများ အတန်းလိုက် ပေါ်လွင်နေကာ ယုံကြည်ချက်ဖြင့် တောက်ပနေသည်။
"ဒါက အမှန်ပဲ...ငါ မင်းကို ကြိုးနဲ့ချီထားတာက မင်းက ပိုင်ဟွမ်ရဲ့ဆွေမျိုး ဖြစ်နေလို့ပဲ"
ရှရှင်းကျစ်၏မျက်လုံးများ ပြူးကျယ်သွားကာ...
သူ၏မျက်နှာ နီမြန်းသွားပေ၏။
သူ ကြိုတင်ပြင်ဆင်ထားသော စကားလုံးများအားလုံး သူ၏လည်မျိုမှာပင် တစ်ဆို့သွားသည်။
သူ၏စိတ်နှလုံးသားတစ်ခုလုံး ဗလာဟင်းလင်းဖြစ်သွားသည်။
'သောက်ချေးပဲ....'
ဤသည်မှာ မည်ကဲ့သို့ အခြေအနေမျိုး ဖြစ်သနည်း။
တစ်ဖက်လူသည် သူ လိမ်ပြောသည်ဟု သံသယဝင်နေသဖြင့် သူ့အား ရုတ်တရက်ကြီး ဖမ်းချုပ်ခဲ့သည်ဟု သူ တွေးထင်ခဲ့သည်။ သို့ရာတွင် ထိုလူသည် သူ့အား သံသယဝင်ခြင်းမဟုတ်ဘဲ သူ့အား များစွာယုံကြည်သွားခြင်း ဖြစ်မည်ဟု သူ မျှော်လင့်မထားမိပေ။
ကြည့်ရသည်မှာ ထိုလူသည် ပိုင်ဟွမ်ကို ပစ်မှတ်ထားနေပုံပင်။
ဤသည်မှာ ရန်သူ၏တံခါးကို သူ ကိုယ်တိုင်ခေါက်လိုက်သည့် အလားပင်။
သူသည် ဥာဏ်ကောင်းလွန်သွားသဖြင့် အမှားများကို ကျူးလွန်ခဲ့မိလေပြီ။
ရှရှင်းကျစ်သည် အချိန်အတော်ကြာ စဉ်းစားတွေးတောပြီးနောက် စကားတစ်ခွန်းမျှ ပြောဆိုခြင်း မပြုတော့ချေ။
သူ၏လုပ်ရပ်များ မှားယွင်းခဲ့သဖြင့်....
သူ ဤသရုပ်ဆောင်မှုကို ဆက်လုပ်ရန် မလိုတော့ချေ။
ဤအမှားကို ပြန်လည်ပြင်ဆင်ရန်မှာလည်း မဖြစ်နိုင်တော့ပေ။
ရှရှင်းကျစ်သည် နေရာမှာပင် ကြက်သေသေနေပေ၏။
မည်သည့်အချိန်မှဟု သူ မသိရသော်လည်းသူ့၏သားသည်လည်း ဤနေရာသို့ ခေါ်ဆောင်လာခြင်း ခံထားရသည်။
သားအဖနှစ်ယောက်ကို ကျောချင်းကပ်၍ အတူတကွ ချည်နှောင်ထားလေ၏။
တစ်ယောက်စီ၏ရင်ဘတ်တွင် ဖဲပွင့်ပုံ ချည်နှောင်ထားခြင်း ခံရလေရာ....
ပန်းနှစ်ပွင့် ဖူးပွင့်နေသည့် အလားပင်။
ဤမြင်ကွင်းသည် အလွန်မျက်စိပသာဒဖြစ်ဖွယ် ကောင်းပေ၏။
ရီဖုန်းသည် နေရာမှ ပျောက်ကွယ်သွားသည်ကိုကြည့်ပြီး ရှရှင်းကျစ်သည် နောက်ဆုံး၌ အသိဝင်လာသော်လည်း ချုပ်နှောင်ခံထားရမှုမှ ရုန်းထွက်နိုင်ခြင်း မရှိချေ။
သူ့ထံ၌ သံသယများ တိုးပွားလာသဖြင့် အောက်သို့ငုံကြည့်လိုက်သည်။
ထိုအချိန်ကျမှသာ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကြိုးကို သတိပြုမိသွားပေ၏။
သူသည် အလွန်ထိတ်လန့်ကြောက်ရွံ့သွားသဖြင့် သူ၏မျက်နှာအမူအယာ သိသိသာသာ ပျက်ယွင်းသွားသည်။
ဤသည်မှာ...
ဤကဲ့သို့ အရှိန်အဝါမျိုး...
ဤကြိုးသည် သူတော်စင်အဆင့် အင်မော်တယ်ရတနာ ဖြစ်နေပေ၏။
လူတယောက်ကို ချည်နှောင်ရန် သာမန်ကာလျှံကာ အသုံးပြုလိုက်သော ကြိုးပင်လျှင် သူတော်စင်အဆင့် ဖြစ်နေသလော...
ဤခြေလှမ်းတစ်ဝက်သူတော်စင်ထံတွင် အလွန်ကြောက်မက်ဖွယ်ကောင်းသော ကျောထောက်နောက်ခံ ရှိနေနိုင်သည်။
ဤကဲ့သို့ ကျောထောက်နောက်ခံ ရှိနေသော လူတစ်ယောက်သည် အဓိပ္ပါယ်မဲ့သော စကားများကို ပြောဆိုမည် မဟုတ်ချေ။
ဤလူသည် ပိုင်ဟွမ်ကို အမှန်တကယ် ပြဿနာရှာလိုခြင်းပင်။
သူ၏စိတ်အတွင်းသို့ ဤအတွေး ဝင်ရောက်လာချိန်တွင်....
ရှရှင်းကျစ်သည် ထိတ်လန့်တုန်လှုပ်သွားက သူ၏မျက်နှာ နီတလှည့်ပြာတလှည့် ဖြစ်သွားသည်။
သူသည် တခြားနည်းသည့်အရာကိုမျှ ဂရုမစိုက်တော့ဘဲ အသံနက်ကြီးဖြင့် အော်ဟစ်ကာ သူ၏သားကို အလျင်အမြန် မေးမြန်းလိုက်သည်။
"ဘယ်လို သောက်ရေးမပါတဲ့ကိစ္စတွေ ဖြစ်နေတာလဲ...မင်းက ဘယ်လိုလုပ်ပြီးတော့ ဒီလိုလူမျိုးကို ရန်စမိတာလဲ"
သူ၏နောက်တွင်ရှိနေသော ရှခိုင်ဟန်သည်လည်း ထိတ်လန့်ကြောက်ရွံ့နေသည်။
သူ၏ဖခင် သူ့ကိုဒေါသတကြီး မေးမြန်းမှသာ သူ ရုတ်တရက် အသိပြန်ဝင်လာခဲ့သည်။
သူသည်လည်း စိတ်ရှုပ်ထွေးနေကာ တုန်တုန်ရီရီဖြင့် အော်ဟစ်ငိုကြွေးလိုက်၏။
"ကျွန်တော်....ကျွန်တော်လည်း မသိဘူး..."
"ကျွန်တော်က ပိုင်ဟွမ်ရဲ့တာအိုလက်တွဲဖော် ဆိုတာကို သူ ကြားသွားတာနဲ့ သူက ကျွန်တော်ကိုတိုက်ခိုက်ပြီးတော့ ဖမ်းထားခဲ့တာပဲ...အဲ့ဒီလူက ဒီလိုလုပ်မယ်လို့ ဘယ်သူက တွေးမိမှာလဲ"
"ကျွန်တော် အခု ဘာလုပ်သင့်လဲ..."
ဘာလုပ်သင့်လဲဟု မေးမြန်းလိုက်သလော....
ဘာလုပ်သင့်သည် ဟူသည်ကို ငရဲသို့ သွားမေးမှသာ သိရှိနိုင်ပေမည်။
သူ့၏သား ပြောဆိုသောစကားများကို ကြားပြီးနောက် ရှရှင်းကျစ်သည် အလွန်ဒေါသထွက်သွားကာ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီသွားသည်။
အကယ်၍ သူ့အား ချည်နှောင်ထားခြင်း မခံရပါက သူသည် ဤငမိုက်သားကို နေရာမှာပင် ရိုက်သတ်လိုစိတ်များ တဖွားဖွားပေါက်နေသည်။
"မင်းက ငတုံးကောင်ပဲ..."
"မင်းပဲ ပိုင်ဟွမ်ရဲ့တာအိုလက်တွဲဖော်လို့ သူ ကြားပြီးတဲ့နောက်မှာ သူက ကြောက်မသွားရုံတင် မကဘူး မင်းကိုတောင် တိုက်ခိုက်ခဲ့တယ်...ဒါက သူနဲ့ ပိုင်ဟွမ်ကြားမှာ ရန်ငြိုးရန်စရှိတယ်ဆိုတာ အသိသာကြီးလေ"
"သူတော်စင်တွေကြားမှာရှိတဲ့ ပဋိပက္ခတွေက ငါတို့လို သာမာန်လူတွေ ဝင်ရောက်စွက်ဖက်လို့ရတဲ့ ကိစ္စမျိုးတွေ မဟုတ်ဘူး"
"မင်းကတော့....မင်းက ဘယ်လိုသတ္တိမျိုးနဲ့ ငါ့ကို ဒီနေရာဆီလာဖို့ တောင်းဆိုရဲတာလဲ"
"အမှိုက်ကောင်...."
"တကယ်လို့ ဒီလိုဖြစ်လာမယ်ဆိုတာ ကြိုသိခဲ့ရင် ငါက မင်းကို အိမ်နံရံမှာ သံနဲ့ရိုက်ထားခဲ့မိမှာပဲ"
ရှရှင်းကျစ်သည် ဒေါသတကြီး ပြောဆိုနေသဖြင့် သူ၏တံတွေးများ နေရာအနှံ့အပြားသို့ လွင့်စင်နေသည်။
ရှခိုင်ဟန်သည်လည်း အလွန်ထိတ်လန့်ကြောက်ရွံနေကာ သူ၏ခန္ဓာကိုယ် တုန်ရီနေပြီး သူ၏မျက်နှာ သေလုမတတ် ဖြူရော်နေသည်။
သို့ရာတွင် သူတို့ မည်မျှထိ ဆဲဆိုသည် ဖြစ်စေ...
အလွန် နောက်ကျသွားလေပြီ။
ယခုအချိန်၌ သူတို့သားအဖနှစ်ယောက်လုံး ချည်နှောင်ခြင်း ခံထားရသည်။
ယခင်အကြောင်းများကို ပြန်တွေးကြည့်ပါက...
ဤလူထံတွင် အလွန်ယုံကြည်ချက်ရှိပြီးအကြောက်အလန့်ကင်းမဲ့သည်မှာ အဓိပ္ပါယ်ရှိသွားလေပြီ။
အကယ်၍ သူသည် ဒေါသတကြီးလာရောက်ခဲ့ခြင်းမရှိဘဲ အနည်းငယ် အာရုံစူးစိုက်ခဲ့လျှင် သို့မဟုတ် ဤလူ၏ ကျင့်ကြံဆင့်နယ်ပယ်နှင့် ပတ်သက်ပြီး မေးခွန်းအနည်းငယ် ပိုမေးမိလျှင် ဤကဲ့သို့ အခြေအနေမျိုးဖြင့် အဆုံးသတ်ရမည် မဟုတ်ချေ။
ပိုင်ဟွမ်၏ ရန်သူတစ်ယောက်နှင့် မျက်နှာချင်းဆိုင်နေရသော အချိန်တွင်...
သူသည် သူ့ကိုယ်သူ ပိုင်ဟွမ်၏ဆွေမျိုးတစ်ယောက်ဟု အမှန်တကယ်ကို လိမ်ညာပြောဆိုခဲ့မိသည်။
သူ၏သားဖြစ်သူသည်လည်း အလွန်တုံးအကာ အဖေဖြစ်သူကိုပင် ဒုက္ခပေးခဲ့သည်။
ဤတစ်ကြိမ်တွင်....
အရာအားလုံး အဆုံးသတ်သွားလေပြီ။
ယခုလက်ရှိအချိန်၌ သူသည် သားဖြစ်သူကို ဆဲဆိုရုံမျှသာ ပြုလုပ်နိုင်တော့သည်။
ရှရှင်းကျစ်သည် အရာရာတိုင်းကို ထုတ်ဖော်နိုင်ပြီးနောက် သူ အဆုံးသတ်ရတော့မည်ဟူသော အတွေးမျိုး ပေါက်ဖွားလာသည်။
သူသည် အာခေါင်ခြောက်လာခြင်းကြောင့် ဆဲဆိုနေခြင်းကို ရပ်တန့်လိုက်၏။
ထို့နောက် သူသည် နောင်တများ ပြည့်နှက်နေသောမျက်နှာဖြင့် မိုးကောင်းကင်ယံကိုမော့ကြည့်လိုက်သည်။ သူသည် အလွန်ကံဆိုးသူတစ်ယောက်ပင်။
သူ၏မျက်လုံးထောင့်မှနေ၍ မျက်ရည်များ ယိုစီးကျလာပြီး သူ အလွန်ကြေကွဲဝမ်းနည်းနေသည်။
အရာအားလုံး အဆုံးသတ်တော့ပေမည်။
သူသည် ဤမျှထိ ရက်စက်ကြမ်းကြုတ်သော လူတစ်ယောက်နှင့် မည်သည်ကြောင့် ဆုံတွေ့ရသနည်း။
အိုး ဘုရားသခင်...
'ငါက ဘာအမှားတွေကို ကျူးလွန်ခဲ့လို့လဲ...'
သာအဖနှစ်ယောက်သည် နောက်ဆုံး၌ ငြိမ်ကျသွားကာ အလွန်အမင်း စိတ်ပျက်လက်ပျက် ဖြစ်နေကြသည်။
မလှမ်းမကမ်းအကွာတွင် စိတ်ကျေနပ်စွာဖြင့် ပြန်လည်ရောက်ရှိလာသော ရီဖုန်း ရှိနေသည်။
"ဒီအပေါ့သွားချင်တာက ငါ့ကို သတ်နေသလိုပဲ"
သူသည် ရှေ့သို့လျှောက်လှမ်းသွားပြီးနောက် လူသားဖက်ထုပ်ကြီးနှစ်ခုကိုကြည့်ကာ အနည်းငယ် စိတ်သက်သာရာရသွားသည်။
ထိုလူသည် အတုအယောင်သူတော်စင် ဖြစ်သော်လည်း ပိုင်ဟွမ်၏ဆွေမျိုးတစ်ယောက်ပင်။
သူ ခွန်အားအနည်းငယ်ကို အသုံးပြု၍ ပိုင်ဟွမ် ထွက်ပေါ်လာစေရန် ဖိအားပေးရပေမည်။
ပိုင်ဟွမ်သည် အစစ်အမှန် သူတော်စင်တစ်ယောက်ပင်။
သူမ ဤနေရာသို့ ရောက်ရှိလာပါက သူ သေဆုံးရန် အခွင့်အရေး ရလာနိုင်သည်။
ဤသည်မှာ သူ တောင်တစ်လုံးပေါ်သို့ ရောက်နေပြီး လမ်းပျောက်နေစဉ်တွင် ရုတ်တရက် သစ်ပင်ပန်းပန်များဖြင့် ဝေဆာနေသော ရွာတစ်ရွာကို မြင်တွေ့လိုက်ရသည့် အလားပင်။
သူ၏အရည်အချင်းအပေါ် သူ အလွန်ဂုဏ်ယူနေမိသည်။
ရီဖုန်းသည် မီတာလေးဆယ်ရှည်သော ဓားတစ်လက်ကို ထုတ်ယူကာ သူ၏မျက်နှာပေါ်၌ နူးညံ့သိမ်မွေ့သော အပြုံးတစ်ခုကို ဆင်မြန်းပြီး ချစ်ခင်ရင်းနှီးစွာ စစ်မေးမှုကို စတင်ခဲ့တော့သည်။
ဝှစ်...
ဝှစ်...
သူသည် အားကုန်သုံး၍ ဓားကိုဝှေ့ယမ်းပြီး စကားများကို ဆက်တိုက်ပြောဆိုလိုက်သည်။
"ဟေး....ငါက မင်းတို့နှစ်ယောက်ကို လိမ္မာပါးနပ်ဖို့ အကြံပေးချင်တယ်....မင်းတို့ကို မြန်မြန်လာကယ်ဖို့ ပိုင်ဟွမ်ဆီကို အကြောင်းကြားသင့်တယ်...မဟုတ်ရင် ငါက မင်းတို့ကို သတ်ပစ်လိုက်မယ်"
ဆိုရိုးစကားအရပြောဆိုရလျှင် ပထမအကြိမ်သည် စိမ်းသက်သက်ဖြစ်နေသော်လည်း ဒုတိယအကြိမ်တွင် ရင်းနှီးကျွမ်းဝင်သွားလေပြီ။
ဤတစ်ကြိမ်တွင်...
ရီဖုန်း၏စကားလုံးများသည် အစအဆုံး ချောမွေ့နေကာ သူ၏လှုပ်ရှားမှုများသည်လည်း အလွန်သဟဇာတ ဖြစ်ပေ၏။
သူသည် ဟောင်ကောင်ရုပ်ရှင်များအတွင်းမှ လူမိုက်ကြီးများ၏ပုံစံများကို အတုယူထားသည်မှာ သေချာပေါက်ပင်။
နေရာအနှံ့အပြား၌ ပျံ့လွင့်နေသော ဓားချီများနှင့်အတူ...
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်သည် အရပ်မျက်နှာအဘက်ဘက်သို့ ဖြတ်သန်းသွားကာ မိုးကောင်းကင်ယံရှိ တိမ်တိုက်များပင်လျှင် ပြတ်တောက်သွားသယောင် ရှိနေပေ၏။
ရှရှင်းကျစ် အလွန်စိတ်လှုပ်ရှားသွားသည်။
သူတော်စင်အဆင့်...
ဤသည်မှာ သူတော်စင်အဆင့် အင်မော်တယ်လက်နက်တစ်ခု ဖြစ်နေပြန်လေပြီ။
ထိုလူ၏မျက်နှာပေါ်ရှိ အပြုံးကို သူ ထပ်မံ၍ ကြည့်လိုက်ချိန်တွင်...
ကြည့်ရသည်မှာ သူသည် မည်သည့်သက်ရှိကိုမျှ အန္တရာယ်မပေးနိုင်သည့် အလားပင်။
သို့ရာတွင် ရှရှင်းကျစ်၏မျက်လုံးများအတွင်း၌ ရီဖုန်းသည် ငရဲမှ တက်လာသော နတ်ဆိုးတစ်ကောင်ပင်။
သူတော်စင်အဆင့် အင်မော်တယ်လက်နက်များကို ပေါ့ပေါ့ပါးပါး ထုတ်ယူနိုင်သဖြင့် သူသည် ပိုင်ဟွမ်နှင့် ရင်ဆိုင်ရမည်ကို ကြောက်လန့်မှုမရှိသည်မှာ အံ့အားသင့်ဖွယ် မရှိတော့ချေ။
ဤသည်မှာ သူသည်အပြောသက်သက်မဟုတ်ဘဲ သူတို့အား အမှန်တကယ် သတ်ဖြတ်နိုင်သည်ဟု ဆိုလိုခြင်းပင်။
သူသည် ပိုင်ဟွမ်အား မည်သို့ အသိပေးရမည်နည်း....
အကယ်၍ သူသည် ပိုင်ဟွမ်၏ အစစ်အမှန်ဆွေမျိုးတစ်ယောက် ဖြစ်နေလျှင်ပင် သူ၏အသက်ကို ကယ်တင်နိုင်မည် မဟုတ်ချေ။
ရုတ်ချည်းဆိုသလိုပင်....
ရှရှင်းကျစ်သည် အလွန်ထိတ်လန့်ကြောက်ရွံ့သွားကာ သူ၏မျက်လုံးအတွင်းမှ မျက်ရည်များ ယိုစီးကျလာပြီး ငိုသံစွက်နေသောအသံဖြင့် ပြောဆိုသည်။
"စီနီယာ...စီနီယာ...စီနီယာ...."
"ငါက တကယ်တော့ ပိုင်ဟွမ်နဲ့ ဆွေမျိုးမတော်ပါဘူး....ဒါပြင် ငါ့ရဲ့သားကလည်း ပိုင်ဟွမ်ကို မသိပါဘူး...မင်း မင်း အမှားလုပ်မိတာပဲ ဖြစ်မယ်...အရင်တုန်းက ငါတို့က ပေါက်ကရစကားတွေကို ပြောနေခဲ့တာပါ"
"ကျေးဇူးပြုပြီးတော့ ငါတို့ကို သနားညှာတာပေးပါ...ငါတို့ကို လွှတ်ပေးပါတော့"
သူ၏နောက်တွင် ရှိနေသော ရှခိုင်ဟန်ကလည်း အော်ဟစ်ငိုကြွေးလိုက်သည်။
"ဟုတ်တယ်....ဟုတ်တယ်...ဒါက အမှန်ပါပဲ..."
"စီနီယာ....ငါတို့က ပေါက်ကရစကားတွေကို ပြောခဲ့မိတာပါ...ကျေးဇူးပြီးတော့ ခွင့်လွှတ်ပေးပါ...ဝါး ဝါး..."
ရီဖုန်းသည် အံ့အားသင့်သွားပေ၏။
ထို့နောက် သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထွက်ပေါ်လာကာ သူသည် အရာရာတိုင်းကို ထွင်းဖောက်မြင်တွေ့နေရသည့် အလားပင်။
Chapter 977
"မဖြစ်နိုင်ဘူး...."
"ဘယ်လိုမှ မဖြစ်နိုင်ဘူး..."
"မင်းတို့က ပိုင်ဟွမ်ရဲ့ဆွေမျိုးတွေပဲ ဖြစ်မယ် ...မင်းတို့က ငါ့ကို အမှန်အတိုင်း မပြောဘဲနဲ့ ဖုံးကွယ်ထားကြတာ မဟုတ်လား"
ထိုစကားများကိုကြားချိန်တွင် သားအဖနှစ်ယောက်သည် ထိတ်လန့်တုန်လှုပ်သွားပြီးနောက် ဝမ်းနည်းပက်လက် ငိုကြွေးလိုက်ကြသည်။
"ဝါး...ဝါး...ဝါး..."
"စီနီယာ....ငါတို့က ပိုင်ဟွမ်ရဲ့ဆွေမျိုးတွေ မဟုတ်ပါဘူး.... ဒါတွေအားလုံးက နားလည်မှု လွဲတာပါ"
"ငါတို့က ပိုင်ဟွမ်နဲ့ သိတောင်မသိပါဘူး"
"စီနီယာ....ငါတို့က ရူးသွပ်ပြီးတော့ ပိုင်ဟွမ်ရဲ့နာမည်ဂုဏ်သတင်းကို အသုံးချပြီး ကံကြမ္မာကောင်းတချို့ကို လိုချင်ခဲ့ရုံပါ...ငါတို့က သေသင့်ပါတယ်....ကျေးဇူးပြုပြီးတော့ ငါတို့ကို ခွင့်လွှတ်ပေးပါ"
"စီနီယာ...ကျေးဇူးပြုပြီးတော့ ငါတို့ကို လွှတ်ပေးပါ"
"ဟုတ်တယ်...ဟုတ်တယ်....ဒါက အမှန်ပါပဲ...ငါတို့ကို အရေးမပါတဲ့ကောင်တွေလို့ သဘောထားပေးပါ....မင်း ငါတို့ကို လွှတ်ပေးရင် စိတ်အေးချမ်းသွားလိမ့်မယ်"
ရှရှစ်ကျင်းတို့သားအဖသည် ငိုကြွေးမြည်တမ်းပြီး အဆက်မပြတ် တောင်းပန်လိုက်ကြ၏။
သူတို့နှစ်ယောက်သည် အစာကောက်နေသော ကြက်အိုကြီးနှစ်ကောင်အလား ပြုမူနေကာ သူတော်စင်၏ဆွေမျိုးများနှင့် လုံးဝမတူညီချေ။
သာမာန်အတွေးအမြင်ရှိသော မည်သည့်လူမဆို...
ဤအခြေအနေကို မြင်တွေ့သည်နှင့် သူတို့၏ စိတ်နှလုံးသားများအတွင်းတွင် သံသယများ ပေါက်ဖွားလာပေမည်။
သူသည် စိတ်နှလုံးသား နူးညံ့သွားပြီး သူတို့အား လွှတ်ပေးကောင်း လွှတ်ပေးနိုင်ပေမည်။
သို့ရာတွင် ရီဖုန်းသည် မည်သည်ကြောင့် ဤကဲ့သို့ လွယ်လင့်တကူ လှည့်စားခံမည်နည်း။
သူသည် ခပ်ဖျော့ဖျော့အပြုံးဖြင့် ထိုလူနှစ်ယောက်ကို စစ်ဆေးလိုက်သည်။
သူ အနည်းငယ်မျှ စိတ်လှုပ်ရှားခြင်း မရှိချေ။
အထူးသဖြင့် ရှရှင်းကျစ် ငိုကြွေးသည်ကို ကြည့်ရသည်မှာ ဝမ်းနည်းပက်လက်ဖြစ်နေပြီး နောင်တရနေပုံပင်။
ဤအမူအယာ...
ဤမျက်ရည်များသည်....
သူ ပြောဆိုသော စကားလုံးများနှင့် တထပ်တည်း ကျနေသည်။
ကျွတ်....ကျွတ်...
ဤအမူအယာများသည် အစစ်အမှန်နှင့် တူညီနေပြီး စိတ်ခံစားချက်များအတွင်း၌ နစ်မြုပ်နေသည်။
ဤသည်ကို သင်ခန်းစာယူဖွယ် သရုပ်ဆောင်ချက်များဟု ဆိုပါက ချဲ့ကားပြောဆိုခြင်း မဖြစ်နိုင်ချေ။
ရီဖုန်းက ရှခိုင်ဟန်ကို တဖန်ထပ်၍ ကြည့်လိုက်ချိန်တွင်....
သူ၏သရုပ်ဆောင်မှုသည် သူ့ဖခင်ထက် အနည်းငယ်ညံ့ဖျင်းသော်လည်း....
သူသည် ထိတ်လန့်ကြောက်ရွံ့မှုအပေါ် စိတ်ခံစားချက်များကို ပုံအောထားသောကြောင့် နောင်တရသောအမူအယာ၌ လျော့ပါးနေပုံရသည်။
သူ၏မျက်ရည်များ အလွန်ပေါများနေသည်ကို ရှင်းပြနိုင်ရန် အလွန်ခက်ခဲသည်။
သို့ရာတွင် ရှခိုင်ဟန်၏ သရုပ်ဆောင်မှုသည်လည်း ထိပ်တန်းအဆင့်ပင်။
အနည်းဆုံးအနေဖြင့်....
သူ၏အတိတ်ဘဝရှိ နာမည်ကြီးအနုပညာရှင်များဟု ခေါ်ဆိုသူများသည် ဤလူနှစ်ယောက်၏ သရုပ်ဆောင်ခြင်းစွမ်းရည်များရှေ့၌ စက္ကန့်အနည်းငယ်အတွင်း ပြာကျသွားမည်မှာ သေချာပေါက်ပင်။
ဤသာအဖနှစ်ယောက်သည် အမှန်တကယ်ကို ရုပ်ရှင်ဧကရာဇ်များပင်။
သူတို့ထံ၌ ပါရမီအရည်အချင်း ရှိနေပေ၏။
သနားဖွယ်ကောင်းသည်မှာ...
သရုပ်ဆောင်ခြင်းသည် မည်သို့ပင်ဆိုစေကာမူ သရုပ်ဆောင်မှုသက်သက် ဖြစ်နေဆဲပင်။
သူတို့သည် မည်မျှထိ ထိတ်လန့်ကြောက်ရွံမှုနှင့် နောင်တရမှုတို့ကို ပြသနေသည်ဖြစ်စေ ဤသည်မှာ အစစ်အမှန် မဟုတ်ချေ။
အမှန်အားဖြင့် သူသည် ဤလူနှစ်ယောက်၏သရုပ်ဆောင်မှုသည် အနည်းငယ်လွန်ကဲနေသည်ဟု ခံစားမိလေ၏။
သူတို့သည် သေရတော့မည့်အလား သည်းကြီးမဲကြီး ငိုကြွေးနေသည်။
ဤသည်မှာ အနည်းငယ် လွန်ကဲနေသောကြောင့် အတုအယောင်သာ ဖြစ်ပေမည်။
အကယ်၍ သာမန်လူတစ်ယောက်သည် သူ၏မိသားစု ဒုက္ခရောက်တော့မည်ကို သိရှိချိန်၌ အရင်ဆုံး သူကိုယ်သူကာကွယ်မည်မှာ သေချာပေါက်ပင်။ ဤသည်က လူ့သဘာဝ သဘောတရားအတိုင်း ဖြစ်ပေ၏။
သူတို့သည် ပိုင်ဟွမ်နှင့် ဆွေမျိုးများဖြစ်သည်မှာ သိသာထင်ရှားသော်လည်း တစ်စုံတစ်ယောက်မှ သူမကို ဒုက္ခပေးလိုသည်အား ကြားသည်နှင့် ချက်ချင်းဆိုသလိုပင် ဆန့်ကျင်ဘက် ဖြစ်သွားကြသည်။
သူတို့၏အပြုအမူများသည် စာအုပ်တစ်အုပ်၏စာမျက်နှာများကို လှန်လိုက်သည့်အလား အလွန်လျင်မြန်သည်။
ထို့ပြင် သရုပ်ဆောင်စွမ်းရည်များကို တစ်ခုပြီးတစ်ခု အသုံးချလာကာ....
သူတို့သည် အမှန်တရားကို ဝန်ခံရန်ထက် သေဆုံးရန်ကိုသာ ရွေးချယ်ကြသည်။
ရှခိုင်ဟန်သည် အမှိုက်ကောင်တစ်ကောင်နှင့် တူညီနေသော်လည်း ဤအချိန်အခိုက်အတန့်၌ သူသည် ဖြောင့်မတ်မှန်ကန်ပုံရကာ သရုပ်ဆောင်နိုင်ရန် ပြင်းပြင်းထန်ထန် ကြိုးစားနေသည်။
ဤကဲ့သို့ အရာမျိုးကို လုပ်ဆောင်နိုင်သည်မှာ...
သူတို့၏မိသားစုအပေါ် အကြွင်းမဲ့သစ္စာရှိပြီး အရာရာတိုင်းထက် မိသားစုအရေးကို ရှေ့တန်းတင်ထားသူများပင်။
ပြောရမည်ဆိုလျှင်...
ဤလူနှစ်ယောက်၏ ကျင့်ကြံဆင့်စွမ်းအားများသည် အလွန်နိမ့်ပါးသော်လည်း သူတို့ထံတွင် မိသားစုစိတ်ဓာတ်နှင့် ခိုင်မာပြတ်သားမှုတို့ ရှိနေသည်။
ဤအမြင်အရ ကြည့်လျှင်....
သူတို့သည် သူတော်စင်၏ဆွေမျိုးများ ဖြစ်နေမည်မှာ သေချာပေါက်ပင်။
ဤအချိန်အခိုက်အတန့်၌ ရီဖုန်းသည် သူတို့နှစ်ယောက်အပေါ် အနည်းငယ် အထင်ကြီးသွားပေ၏။
ထို့နောက် သူသည် အေးစက်စက်အကြည့်ဖြင့် သူတို့ကို စူးစိုက်၍ ကြည့်လိုက်ရာ....
သူ မျှော်လင့်ထားသကဲ့သို့ပင်...
ရှရှင်းကျစ်သည် အလွန်ထိတ်လန့်ကြောက်ရွံ့သွားသဖြင့် သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ရီနေကာ သူ၏ငိုကြွေးသံ ချက်ချင်းရပ်တန့်သွားသည်။
"စီနီယာ....စီနီယာ...."
အကြည်တစ်ချက်ဖြင့် အရာအားလုံး ပေါ်လွင်သွားလေပြီ။
တစ်စုံတစ်ယောက်သည် စူးစိုက်ကြည့်ခံရရုံဖြင့် မည်သည်ကြောင့် အလွန်အမင်း တုန်လှုပ်ချောက်ချားနေသနည်း...
ဤတုန်ရီနေသော အမူအယာများသည် လွန်ကဲပေ၏။
သူသည် နတ်ဆိုးတစ်ယောက် မဟုတ်ချေ။
ဤမျှထိ သူ့ကို အကြောက်လွန်နေရန် လိုအပ်သလော...
အကြည့်တစ်ချက်ဖြင့် ထိုအရာများအားလုံးကို ထွင်းဖောက်တွေ့မြင်ပြီးနောက်....
ရီဖုန်းက အပြုံးနှင့် ပြောဆိုလိုက်သည်။
"ဟန်ဆောင်နေတာကို ရပ်လိုက်ကြစမ်း...ငါ့ကို အရူးလုပ်ဖို့ မစဉ်းစားကြနဲ့"
"ခုဏက မင်းတို့တွေ ငါ့ရဲ့ရှေ့မှာ ပိုင်ဟွမ်ရဲ့နာမည်ကို မောက်မောက်မာမာနဲ့ ထုတ်ပြောခဲ့ကြတယ်...အဲ့ဒီအပြုအမူနဲ့လေသံက အတုအယောင် မဟုတ်ဘူး"
"မင်းတို့က ပိုင်ဟွမ်ရဲ့ဆွေမျိုးတွေဆိုတာ ငါ တစ်ချက်ကြည့်ရုံနဲ့ ပြောနိုင်တယ်"
"အခု မင်းတို့ ဘယ်လောက်ထိ ငိုနေနေ...ဒါတွေအားလုံးက အတုအယောင်တွေပဲ"
"အမ်...."
ရီဖုန်း၏စကားများကြောင့် ရှရှင်းကျစ် ကြက်သေသေသွားသည်။
သူ၏ငိုကြွေးသံ ရပ်တန့်သွားသော်လည်း မည်သည့်အရာကိုမျှ ချေပပြောဆိုနိုင်ခြင်း မရှိချေ။
ကိစ္စများသည် ယခုကဲ့သို့ ပြောင်းပြန်လှန်သွားမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်ထားမိခြင်း မရှိပေ။
သူ၏ခန္ဓာကိုယ်တွင် ချွေးသီးချွေးပေါက်များ ရွှဲနစ်နေကာ...
အချိန်အတော်ကြာသည်အထိ သူသည် မည်သည့်စကားတစ်ခွန်းကိုမျှ မပြောဆိုနိုင်ချေ။
သူ့ကိုယ်သူ မည်ကဲ့သို့ ခုခံပြောဆိုရမည်ကိုလည်း သူ မသိတော့ချေ။
ဝမ်ယွဲ့ဂိုဏ်း၏ ဂုဏ်သတင်းကြီးမားသော ဂိုဏ်းချုပ်သည်....
ဤအချိန်အခိုက်အတန့်တွင်...
ဆရာတစ်ယောက်၏ မေးခွန်းထုတ်ခြင်းကို ခံရသည့် ညံ့ဖျင်းသော ကျောင်းသားတစ်ယောက်အလားပင်။ သူသည် အလွန်အမင်း စိတ်လှုပ်ရှားနေပြီး သူ့ကို ကြည့်ရသည်မှာ စိတ်ရှုပ်ထွေးနေပုံရသည်။
ဤကိစ္စများအားလုံး အဆုံးသတ်သွားလေပြီ။
ဤသောက်ရေးမပါသောကိစ္စကို သူ မည်သို့ရှင်းပြရမည်နည်း...
ဤကဲ့သို့ဖြစ်လာမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။
မမျှော်လင့်ဘဲ သူ၏ထူးချွန်သော သရုပ်ဆောင်စွမ်းရည်ကြောင့် ဘေးဒုက္ခရောက်ရသည့် နေ့တစ်နေ့ကို သူ ကြုံတွေ့ရလေပြီ။
ယခုလက်ရှိအချိန်၌...
ရှရှင်းကျစ်သည် အော်ဟစ်ငိုကြွေးလိုသော်လည်း မျက်ရည်မထွက်တော့ချေ။
သူ သရုပ်ဆောင်ရန် နေနေသာသာ အမှန်တကယ် အထင်မှားခံရသဖြင့် ငိုချင်စိတ်ပေါက်လာသည်။
သို့ရာတွင် သူသည် မျက်ရည်တစ်စက်ကိုပင် ညှစ်မထုတ်နိုင်တော့ချေ။
ဤသည်မှာ အလွန်စိတ်ပျက်ဖွယ် ကောင်းပေ၏။
သူတော်စင်အဆင့်ဓားသည် လေထုကိုဖြတ်သန်းလာကာ ထိုအရာ၏အရှိန်အဝါသည် သူ့ထံသို့ ရောက်ရှိလာတော့ပေမည်။
ရှရှင်းကျစ်က ဘုန်းခနဲအသံနှင့်အတူ မြေပြင်ပေါ်၌ ဒူးထောက်လိုက်သည်။
သူ၏နှုတ်ခမ်းများ တုန်ရီစပြုလာသည်။
"စီ...."
"စီ...."
"စီနီယာ....ကျေးဇူးပြုပြီးတော့ ပြန်စဉ်းစားပေးပါ....ငါက ပိုင်ဟွမ်ရဲ့ဆွေမျိုးတစ်ယောက် တကယ်မဟုတ်ပါဘူး"
စိတ်ပျက်လက်ပျက် ငိုကြွေးမြည်တမ်းသံသည် လမ်းမကြီးတလျှောက် ပဲ့တင်ထပ်သွားပေ၏။
ဤအသံတွင် နက်ရှိုင်းသော ကြေကွဲဝမ်းနည်းမှုများ နောင်တများဖြင့် ပြည့်နှက်နေပေ၏။
ဤအသံကို ကြားမိသူများတွင် ငိုကြွေးလိုစိတ်များ ပေါက်ဖွားလာကာ ဤမြင်ကွင်းကို မြင်တွေ့ချိန်၌ ကြေကွဲဝမ်းနည်းမှုကို ခံစားရပေမည်။
ပြောရမည်ဆိုလျှင်...
ဤမြင်ကွင်းသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသည်။
ထို့ပြင်....
ရှရှင်းကျစ်သည် ဒူးထောက်လိုက်သဖြင့် နောက်ကျောရှိ သူ့သား၏ခြေထောက်နှစ်ချောင်း လေထုအတွင်းသို့ မြောက်တက်နေသည်။ ဤသည်မှာ လိပ်နှစ်ကောင် အတူတကွ ပူးကပ်နေသည်နှင့် တူညီနေသဖြင့် အနည်းငယ်ရယ်ရွှင်ဖွယ် ကောင်းပေ၏။
သို့ရာတွင်...
ရီဖုန်းသည် သူ၏စိတ်နှလုံးသားအတွင်းမှနေ၍ ထိုလူအပေါ် မလေးစားဘဲ မနေနိုင်ချေ။
ဤလူသည် ဇာတ်ရုပ်တစ်ခုအတိုင်း သရုပ်ဆောင်နေပေ၏။ ဤအချိန်အခိုက်အတန့်တွင် သူတို့နှစ်ယောက်လုံး ဇာတ်ရုပ်အတွင်း၌ နစ်မြုပ်နေကြသည်။
ရှရှင်းကျစ်သည် နံဘေးပတ်ဝန်းကျင်ရှိ အရာများအားလုံးကို လျစ်လျူရှုကာ ကြေကွဲဝမ်းနည်းပြီး ဒေါသများဖြင့် ပြည့်နှက်နေသောပုံစံ သရုပ်ဆောင်ထားသည်။
ဤသည်မှာ စစ်မှန်သော သရုပ်ဆောင်မှုပင်။
ပြောရမည်ဆိုလျှင်...
ဤအခြေအနေသို့ ရောက်ရှိလာသည့်တိုင် သူသည် ဆွေမျိုးတစ်ယောက်မဟုတ်ဟု ခေါင်းမာမာဖြင့် လိမ်လည်နေဆဲပင်။
ဤလူနှစ်ယောက်နှင့် ပတ်သက်ပြီး တစ်ခုခုထူးခြားနေကာ သူတို့သည် သူတော်စင်၏ဆွေမျိုးများ အမှန်တကယ် ဖြစ်နေပေ၏။
ဤကဲ့သို့ သရုပ်ဆောင်ခြင်းစွမ်းရည်နှင့် ခက်ထန်သောစကားပြောဆိုမှုတို့ကို အခြေခံကြည့်ပါက မည်သည့်သာမန်လူမျိုးကမျှ သူ့အား ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။
ကြည့်ရသည်မှာ...
ပြန်ပေးဆွဲသမားတစ်ယောက်အဖြစ် သရုပ်ဆောင်နေသော သူ၏အရည်အချင်းများသည် အနည်းငယ်ညံ့ဖျင်းနေပုံပင်။
သေလမ်းရှာနိုင်ရန် အလို့ငှာ...
သူသည် ယခုထက် အနည်းငယ်ပို၍ ရက်စက်ပြရန် လိုအပ်ပေမည်။
သူ၏သရုပ်ဆောင်စွမ်းရည်ကို ထုတ်ဖော်ပြသရမည် မဟုတ်လော....
မည်သူကမျှ သူ သရုပ်ဆောင်နေသည်ဟု သိသွား၍ မရချေ။
အရာအားလုံးကို ဂရုတစိုက်ကြည့်ပြီးနောက် ရီဖုန်းသည် သူ့၏ဓားရှည်ကို သိမ်းဆည်းပြီး ထက်ရှသော ဓားမြှောင်တစ်ချောင်းဖြင့် အစားထိုးလိုက်သည်။
ထို့နောက် သူ ဆောင့်ကြောင့်ထိုင်လိုက်ကာ သူ၏မျက်နှာပေါ်တွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ရှိနေသည်။
"မင်းတို့က ပိုင်ဝမ်ကိုရှာပေးမလား”
"ဒါမှမဟုတ် ငါက မင်းတို့ကို လူသားတုတ်ချောင်းဘဝကို ပြောင်းပေးရမလား"
ဤစကားလုံးများတွင် အေးစက်စက်ခြိမ်းခြောက်မှုများ ပါဝင်နေသည်။
ရှသားအဖနှစ်ယောက်သည် အလွန်ထိတ်လန့်တုန်လှုပ်သွားကာ သူတို့နှစ်ယောက်သား မော့ကြည့်လိုက်ကြ၏။
ရီဖုန်းက သူ၏ဓားမြှောင်ကို ဝှေ့ယမ်းပြီး နှေးကွေးသောလေသံဖြင့် ရှင်းပြလိုက်သည်။
"လူသားတုတ်ချောင်းဆိုတာ ဘာလဲ မင်းတို့ သိလား"
"ဒီဓားမြှောင်လေးကို သုံးပြီးတော့ မင်းတို့ရဲ့လက်တွေ ခြေထောက်တွေစတဲ့ အစွန်းထွက်နေတဲ့ အစိတ်အပိုင်းတွေကို ဖယ်ပစ်မယ်...ဒါက သစ်ကိုင်းတစ်ကိုင်းကို တုတ်တစ်ချောင်းဖြစ်သလို ချွန်လိုက်တဲ့ အချိန်အထိပဲ"
"တကယ်တော့ ငါက ဆိုးသွမ်းတဲ့သူ မဟုတ်ပါဘူး....ငါက အပြစ်မဲ့တဲ့လူတွေကို အကြောင်းမဲ့မသတ်ဘူး"
"မင်းတို့ရဲ့ခေါင်းတွေကိုတော့ ငါက သေချာပေါက် ချန်ထားပေးမယ်"
ထိုစကားများကို ကြားချိန်တွင်...
ရှရှင်းကျစ်တို့သားအဖ၏မျက်နှာများ ဖြူရော်သွားသည်။
ဤတည်ငြိမ်အေးဆေးသောအသံသည် ငရဲမှ ထွက်ပေါ်လာသည့်အလားပင်။
ဤအချိန်အခိုက်အတန့်တွင်....
အေးစိမ့်မှုတစ်ခုက သူတို့၏ခန္ဓာကိုယ်များအတွင်းသို့ ဝင်ရောက်လာသည်။
သူတို့သည် ဓားမြှောင်ငယ်လေးထံမှ ထွက်ပေါ်နေသည့် လမင်းကဲ့သို့ အေးစက်စက်အလင်းရောင်ကို ကြည့်လိုက်မိသည်။ ဤဓားမြှောင်ငယ်လေးတွင် ကြီးကျယ်ခမ်းနားသော အရှိန်အဝါတစ်ရပ်လည်း ရောယှက်နေပေ၏။
နောက်ထပ် သူတော်စင်လက်နက်တစ်ခု...
ရှရင်းကျစ်၏ ဦးရေပြား တင်းကြပ်သွားသည်။
"ဘာမှ စိတ်မပူကြနဲ့....ငါ့ရဲ့ဓားက သေးပေမယ့် လုံလုံလောက်လောက် ထက်ရှတယ်...မင်းတို့တွေ ဘာနာကြင်မှုကို ခံစားရမှာ မဟုတ်ဘူး...ဟား ဟား ဟား ဟား...."
ရီဖုန်း၏အပြုံးသည် အလွန်နတ်ဆိုးဆန်ပေ၏။
နတ်ဆိုးကောင်...
ရှရှင်းကျစ်သည် သူ၏နောက်ကျောပေါ်တွင် ရုတ်တရက် ပူနွေးသွားပြီး အနံ့ဆိုးတစ်ခု ထွက်လာသည်ကိုပင် ဂရုမစိုက်နိုင်တော့ချေ။
သူသည် အရူးတစ်ယောက်အလား ဦးတိုက်အရိုအသေပြုလိုက်၏။
"စီနီယာ...စီနီယာ..."
"ငါတို့ ဒီကိစ္စကို တိုင်ပင်ဆွေးနွေးလို့ ရပါတယ်"
"ငါ....ငါက ပိုင်ဟွမ်ကို အခုချက်ချင်း အကြောင်းကြားလိုက်မယ်....ငါ သူ့ဆီကို အကြောင်းကြားလိုက်မယ်"
သူ ဦးတိုက်နေသည်မှာ မြေပြင်ပေါ်၌ အပေါက်ကြီးတစ်ခု ဖြစ်တော့မည့် အလားပင်။
ရီဖုန်းက သူ၏ဓားမြှောင်ကို ပြန်လည်သိမ်းဆည်းပြီး စိတ်ကျေနပ်စွာဖြင့် လက်ခုပ်တီးလိုက်သည်။
"မတ်တတ်ထရပ်တော့"
သားအဖနှစ်ယောက်သား တုန်တုန်ရီရီဖြင့် မတ်တတ်ထရိုပ်လိုက်ကြကာ ရှခိုင်ဟန်၏ဘောင်းဘီများ စိုစွတ်နေပေ၏။
မည်သည်ကြောင့် ဤသို့ ဖြစ်လာသနည်း...
အကြောင်းအရင်းမှာ သူတော်စင်၏ဆွေမျိုးများသည်လည်း လူသားများပင်။
မည်သို့ပင်ဆိုစေကာမူ သူတို့သည်လည်း သေဆုံးရမည်ကို ကြောက်ရွံကြပေ၏။
အကယ်၍ သူ ဤကိစ္စကို ကြိုသိခဲ့ပါက ယခုလောက်ထိ ဒုက္ခများစွာ ရှာနေမည် မဟုတ်ဘဲ ယခင်ကတည်းက ရက်စက်ကြမ်းကြုတ်စွာ ခြိမ်းခြောက်ခဲ့ပေမည်။
နောက်ဆုံး၌ သူသည် ဤလူနှစ်ယောက်၏သရုပ်ဆောင်ကောင်းမှုကို မြင်တွေ့ခဲ့ရပေ၏။
ရီဖုန်းသည် ဤကိစ္စအပေါ် ထပ်မံ၍ အာရုံစူးစိုက်ရန် အလွန်ပျင်းရိငြီးငွေ့နေသည်။
ထိုကြောင့် သူသည် သူ၏ကိုယ်ပိုင်ခြံဝန်းထံသို့ လျှောက်လှမ်းသွားလိုက်၏။
သာအဖနှစ်ယောက်သည် ထုံကျင်နေသောခြေထောက်များကို မြှောက်ပြီး အံ့တင်းတင်းကြိတ်ကာ နောက်မှလိုက်သွားလိုက်သည်။ သူတို့သည် ကျေးကျွန်များအလား ခါးကိုင်း၍လျှောက်လှမ်းနေကာ သူတို့၏ ယခင်မောက်မာထောင်လွှားသော အမူအယာသည် လုံးလုံးလျားလျား ပျောက်ကွယ်သွားလေပြီ။
ရီဖုန်းသည် ခြံဝန်းအတွင်းသို့ ရောက်ရှိလာပြီးနောက်....
နောက်သို့ပြန်လှည့်ပြီး မေးခွန်းထုတ်လိုက်သည်။
"ပြောကြစမ်း...မင်းတို့က ပိုင်ဟွမ်ဆီကို ဘယ်လိုအကြောင်းကြားမှာလဲ"
ထိုစကားကို ကြားသည်နှင့်.....
သာအဖနှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။
အစောပိုင်းက သူတို့သည် အသက်ကိုကယ်တင်နိုင်ရန်အတွက် ထိုစီနီယာ၏စကားအတိုင်း သံယောင်လိုက်၍ ပြောဆိုခဲ့ခြင်း ဖြစ်သည်။
သူတို့သည် ပိုင်ဟွမ်ကို မည်သည့်နေရာ၌ သွားရောက်ရှာဖွေရမည်နည်း....
သတင်းစကားပေးပို့ရန် နေနေသာသာ...
သူတို့သည် ပိုင်ဟွမ် မည်သူမည်ဝါဖြစ်သည်ကို မသိရှိသည့်အပြင် တစ်ကြိမ်တစ်ခါမျှ မြင်တွေ့ဖူးခြင်းလည်း မရှိပေ။
သို့ရာတွင် သူတို့ကို စူးစိုက်ကြည့်နေသော နတ်ဆိုးကြောင့်....
သာအဖနှစ်ယောက်လုံး၏ခန္ဓာကိုယ်များ တဆတ်ဆတ်တုန်ရီနေသည်။
ရှရှင်းကျစ်သည် မည်သို့ ပြုလုပ်ရမည်ကို မသိသော်လည်း နောက်ပြန်ဆုတ်၍ မရတော့သဖြင့် မချိပြုံးပြုံးကာ ပြောဆိုလိုက်၏။
"ချစ်လှစွာသော စီနီယာ..."
"ငါ့မှာ သူနဲ့ဆက်သွယ်ဖို့အတွက် သတင်းပို့ကျောက်စိမ်းပြားတစ်ခု ရှိတယ်..အဲ့ဒီအရာကနေ သတင်းစကား ပေးပို့လိုက်တာနဲ့ ပိုင်ဟွမ် ရောက်လာလိမ့်မယ်"
သူ၏အပြုံးသည် ငိုကြွေးသည်ထက်ပင် ပို၍ရုပ်ဆိုးနေသည်။ ထို့ပြင် သူ၏မျက်နှာပေါ်တွင် အရေးအကြောင်းများသည် သူ၏ခြေဖနောင့်အလား ထင်ဟပ်နေပေ၏။
ရီဖုန်းက ခေါင်းညိတ်လိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူသည် နောက်ဆုံး၌ သူတော်စင်တစ်ယောက်ကို တွေ့ရှိရမည် ဖြစ်သဖြင့် သူ သေဆုံးနိုင်ရန် မျှော်လင့်ချက် ရှိလာလေပြီ။
"ကောင်းပြီလေ...."
"ငါက မင်းတို့ရဲ့သတင်းကို စောင့်နေမယ်"
ထိုနောက် သူသည် ရှရှင်းကျစ်အား ချည်နှောင်ထားမှုကို ယာယီဖြေလျှော့ပေးလိုက်သည်။
ရှရှင်းကျစ်သည် ကျောက်စိမ်းပြားတစ်ခုကို ထုတ်ယူပြီး သတင်းစကားတစ်ခု ပေးပို့နေသည်ကို သူ စောင့်ကြည့်လိုက်၏။
ထိုအချိန်ကျမှသာ ရီဖုန်း စိတ်သက်သာရာ ရသွားသည်။
လူသားဖက်ထုပ်ကြီးနှစ်ခုကို တံခါးဝတွင် ချိတ်ဆွဲထားကာ သူတို့အား အချက်ပြဆိုင်းဘုတ်တစ်ခုအနေနှင့် သူ အသုံးပြုသည်။ ဤသည်မှတဆင့် သူသည် တစ်ဖက်လူ၏ နာကျည်းမုန်းတီးမှုကို ပို၍ဆွဲဆောင်နိုင်ပေမည်။
သူသည် စိတ်အေးလက်အေးဖြင့် အိမ်အတွင်းသို့ဝင်ကာ နောက်မှီကုလားထိုင်ပေါ်၌ လဲလျောင်းလိုက်သည်။
သူ သေဆုံးရန်အတွက် ပြင်ဆင်မှုသည် အပြည့်အဝ ပြီးဆုံးသွားလေပြီ။
မည်သည့်လှုပ်ရှားမှုကိုမျှ သူ ထပ်လုပ်ရန် မလိုတော့ချေ။
တံခါးဝ၌ လေထုအတွင်းတွင် တန်းလန်းချိတ်ဆွဲခံထားရသော လူသားဖက်ထုတ်ကြီးနှစ်ခုကိုကြည့်ပြီး သူ စိတ်သက်သာရာရသွားကာ သက်ပြင်းရှိုက်လိုက်သည်။
"ဟူး...."
ဤအချိန်အခိုက်အတန့်တွင် ဝမ်ယွဲ့ဂိုဏ်း၏ ဂုဏ်သိက္ခာကြီးမားသော ဂိုဏ်းချုပ်နှင့် သခင်လေးတို့သည် လူသားဖက်ထုပ်ကြီးနှစ်ခု အသွင်ဖြစ်နေပြီး ရှေ့နောက်ယိမ်းထိုးနေသည်မှာ ဖော်ပြရန်မစွမ်းသော အဖြစ်ဆိုးကြီးတစ်ရပ်ပင်။
ဤသည်မှာ မည်မျှထိ တရားလွန်သောလုပ်ရပ် ဖြစ်သနည်း။
ရှခိုင်ဟန်၏ဆီးမှ အနံ့သည် အလွန်ဆိုးရွားပေ၏။
မကြာမီမှာပင် တောခွေးအမြောက်အများသည် ထိုအနံ့၏ ဆွဲဆောင်ခြင်း ခံရသောကြောင့် ရောက်ရှိလာပြီး မြေပြင်ပေါ်၌ ခုန်ပေါက်ကာ အဆက်မပြတ် ဟောင်နေကြသည်။
ဤသည်မှာ ကျားတကောင်သည် ဒုက္ခရောက်နေချိန်၌ ခွေးတစ်ကောင်၏အနိုင်ကျင့်ခြင်းကို ခံရသည့်အလားပင်။
ဤကဲ့သို့ ကြီးမားသော အရှက်ခွဲခံရမှုနှင့် ရင်ဆိုင်နေရသည့်တိုင် ရှရှင်းကျစ်သည် ဂရုမစိုက်နိုင်ချေ။
သူ၏မျက်လုံးများအတွင်းတွင် စိတ်ပျက်ညှိုးငယ်မှုများဖြင့် ပြည့်နှက်နေပေ၏။
အဆုံးသတ်၌....
သူသည် ဤဘေးကပ်ဆိုးမှ လွတ်မြောက်အောင် မည်သို့ လုပ်ဆောင်နိုင်မည်နည်း....
ပိုင်ဟွမ်သည် အစစ်အမှန်သူတော်စင်တစ်ယောက်ဖြစ်ကာ...
သူ လက်လှမ်းမမီနိုင်သော တည်ရှိမှုကြီးတစ်ခုပင်။
သူ သတင်းစကားတစ်ခု ပေးပို့လျှင်ပင် ပိုင်ဟွမ်သည် ဤမြို့ငယ်လေးအတွင်းသို့ မည်သည်ကြောင့် ရောက်လာနိုင်မည်နည်း....
ဤတစ်ကြိမ်တွင်....
အရာအားလုံး အမှန်တကယ် အဆုံးသတ်သွားတော့ပေမည်။
Chapter 978
မိုင်သန်းနှင့်ချီ အကွာအဝေးရှိ...
ကျွန်းတစ်ကျွန်း၌...
မိုးကောင်းကင်ယံပေါ်တွင် နှင်းဆီရောင်တိမ်တိုက်များဖြင့် ပြည့်နှက်နေကာ ဒဏ္ဍာရီလာသားရဲများ ကခုန်နေသည်။
ထိုကျွန်းပေါ်တွင်....
တိမ်တိုင်များအတွင်းသို့ ထွင်းဖောက်နေသည်အထိ မြင့်မားသော တောင်တစ်လုံးရှိသည်။ ထိုတောင်၏နံဘေးပတ်ဝန်းကျင်တွင် ပန်းပွင့်များနှင့်တူညီသော မင်္ဂလာတိမ်တိုက်များရှိနေကာ ထိုအရာများအကြားတွေ ကြိုးကြာများနှင့် ဖီးနစ်များ ပျံသန်းနေသည်။ ဤသည်မှာအိပ်မက်ကမ္ဘာအတွင်းရှိ သုခဘုံအလားပင်။
ထိုတောင်၏ထိပ်တွင်....
နောက်ထပ်ကမ္ဘာတစ်ခု ရှိနေသည်။
အကန့်အသတ်မဲ့သော အင်မော်တယ်မြူခိုးများအကြားတွင် အဆောက်အအုံများနှင့်ခန်းမဆောင်များ ရှိနေပေ၏။ ထူးဆန်းသော အင်မော်တယ်သစ်ပင်များသည်လည်း တိမ်ပင်လယ်ကြီး၏အလယ်၌ အစုလိုက်အပြုံလိုက် ပေါက်နေသည်။
ဤအကန့်အသက်မဲ့ ကျယ်ပြန့်သော မြေပြင်သည်....
ကိုယ်ပိုင်ကမ္ဘာတစ်ခု ဖြစ်ပုံရသည်။
ဤနေရာရှိ နေရာအနှံ့အပြားတွင် လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသိမ်မွေ့သော အရှိန်အဝါတစ်ရပ်၏ ထောက်ပံပေးမှုကြောင့် ကြီးမားသော အသက်စွမ်းအားများဖြင့် ပြည့်နှက်နေသည်။
ဤနေရာသည်....
ပိုင်ဟွမ်နေထိုင်သော အရပ်ပင်။
တစ်စုံတစ်ယောက်သည် ဤနေရာရှိ မြေပြင်ပေါ်တွင် ထိုင်နေရုံမျှဖြင့် အင်မော်တယ်တစ်ယောက် ဖြစ်လာနိုင်ကာ ကြက်နှင့်ခွေးများပင်လျှင် ကောင်းကင်ဘုံသို့ တက်လှမ်းနိုင်ပေမည်။
ဤနေရာသည် သူတော်စင်တစ်ယောက် မွေးဖွားလာရာအရပ် ဖြစ်နေသည်မှာ ပို၍ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းပေ၏။
ဤသူတော်စင်အသစ် နိုးထလာမှုကြောင့်....
ဤနေရာသည် ကိုယ်ပိုင်ကမ္ဘာငယ်လေးတစ်ခုဖြစ်နေကာ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ်က နေရာအနှံ့အပြား၌ ပျံ့လွင့်နေသည်။ အကယ်၍ သာမန်လူတစ်ယောက်သည် ဤနေရာသို့ ရောက်ရှိလာပါက ကံကြမ္မာကောင်းအနည်းငယ်ကို ရရှိလျှင်ပင် သူ၏ ကြွင်းကျန်သော ဘဝတစ်လျှောက်လုံး၌ အကျိုးကျေးဇူးများ ရရှိနိုင်ပေမည်။ ဤကိစ္စကို နောင်အနာဂတ်မျိုးဆက်များ အပြည့်အဝနားလည်နိုင်မည် မဟုတ်ချေ။
ထို့ထက်ပို၍ ထိတ်လန့်တုန်လှုပ်ဖွယ် ကောင်းသည်မှာ....
အင်မော်တယ်သားရဲများနှင့် အဖိုးတန်ရှားပါးသောများကို နေရာအနှံ့အပြား၌ မြင်တွေ့နိုင်ကာ နေရာအများစုကို အထူးသီးသန့်ဝင်္ကပါများဖြင့် ကာကွယ်ထားခြင်းပင်။ သူတော်စင်၏အရှိန်အဝါမှ ကောင်းချီးပေးမှုနှင့်အတူ ထိုဝင်္ကပါများသည် ယခင်ထက်ပို၍ အဆပေါင်းသောင်းနှင့်ချီ အန္တရာယ်များပေ၏။
အကယ်၍ တစ်စုံတစ်ယောက်သည် အဆင့်မြင့်ဝင်္ကပါပညာရှင်တစ်ယောက် ဖြစ်နေလျှင်ပင် ဤနေရာသို့ အခွင့်မရှိဘဲ ဝင်လာပါက သေဆုံးရပေမည်။
ဤသည်မှာ သူတော်စင်တစ်ယောက်၏နယ်မြေပင်။
ဆိုလိုသည်မှာ တစ်စုံတစ်ယောက်သည်သူတော်စင်နယ်ပယ်သို့ ခြေချနိုင်သည်နှင့် ယွင်ရှင်းကမ္ဘာတစ်ခုလုံးကို အထက်စီးမှ ကြည့်နိုင်လေပြီ။ တာအိုသက်သေထူခြင်းနယ်ပယ် ကျင့်ကြံသူများပင်လျှင် သူတော်စင်များ၏ရှေ့၌ ပုရွက်ဆိတ်များသာဖြစ်ပြီး အတွေးတစ်ချက်ဖြင့် အမှုန်အမွှားများအဖြစ်သို့ ရောက်ရှိသွားနိုင်သည်။
တိမ်တိုက်များ၏အဆုံးရှိ နန်းတော်ထောင်ပေါင်းများစွာကို ကျော်လွန်လာချိန်တွင်....
ဤနေရာနှင့် သက်ဆိုင်ပုံမရသော တည်ငြိမ်အေးချမ်းသည့် ခြံဝန်းငယ်လေးတစ်ခု ရှိနေသည်။ သို့ရာတွင် ဤခြံဝန်းငယ်လေးအတွင်း၌ အလွန်အမင်း အစွမ်းထက်သောအရှိန်အဝါတစ်ရပ်နှင့် ပြည့်နှက်နေပေ၏။
ဤနေရာမှ လွတ်ထွက်လာသော အရှိန်အဝါအနည်းငယ်ပင်လျှင်....
သာမန်လူများ စိတ်ကူးယဉ်တွေးတောကြည့်၍ မရနိုင်သည်အထိ အလွန်ကြောက်မက်ဖွယ်ကောင်းသည်။
ခြံဝန်းအတွင်း၌...
သာယာနာပျော်ဖွယ်ကောင်းသော ဇီသာတေးသံ ပျံ့လွင့်နေကာ ထိုအရာအတွင်တွင် လျှို့ဝှက်ဆန်းကြယ်သော တာအိုသဘောတရားများ ရောယှက်နေသည်။
အကယ်၍ တစ်စုံတစ်ယောက်သည် ထိုအရာကို အချိန်တခဏကြာခန့် နားထောင်မိပါက သူ၏ဘဝတစ်သက်စာအတွက် အကျိုးကျေးဇူးရရှိသွားစေရန် လုံလောက်သည်။
သနားဖွယ်ကောင်းသည်မှာ...
ဤနေရာပတ်ဝန်းကျင်တွင် မည်သူတစ်ဦးတစ်ယောက်မျှ မရှိချေ။
မရေမတွက်နိုင်သော အင်မော်တယ်ဆေးပင်များနှင့် သစ်ပင်ပန်းမန်များမှ တောက်ပသောအလင်းရောင်များ ဖြာထွက်နေပေ၏။
ဤဇီသာတေးသံသည် သစ်ပင်ပန်းမန်များ၏အသက်စွမ်းအားများကို အဆက်မပြတ် အားဖြည့်ပေးနေသည်။
ဤနေရာတွင် အမျိုးသမီးတစ်ယောက် ရှိနေကာ...
သူမ၏လက်ဝဲလက်ဖြင့် မေးထောက်ပြီး ပျင်းရိငြီးငွေ့စွာ ထိုင်နေသည်။
သူမသည် ပိတ်ပါးစကာရံထားသော အခန်းအတွင်းရှိ ကျောက်သားခုံတန်းရှည်ပေါ်တွင် ထိုင်နေကာ မည်သည့်တေးဂီတကိုမျှ နားမလည်သဖြင့် သူမ၏မျက်လုံးအတွင်းနဲ့ ငိုက်မျဥ်းမှုအရိပ်အယောင်များ ရှိနေသည်။
အကယ်၍ ဤနေရာတွင် တခြားလူများ ရှိနေပါက....
သူတော်စင်၏တေးသံကို ဤကဲ့သို့ လျစ်လျူရှုထားသော တစ်စုံတစ်ယောက် ရှိနေသည်ကို မြင်တွေ့ချိန်တွင် သူမအား ဆူပူကြိမ်းမောင်းကြမည်မှာ သေချာပေါက်ပင်။
သို့ရာတွင် အကယ်၍ ဤအမျိုးသမီးကို တဖန်ထပ်၍ ကြည့်မိပါက...
သူတို့ထံ၌ ဒေါသများ နာကြည်းမုန်းတီးမှုများ ရှိနေလျှင်ပင် ရွေးချယ်စရာမရှိဘဲ မြိုသိပ်ထားရပေမည်။
ဤကဲ့သို့ပြုလုပ်မှသာ သူတို့သည် အသက်ဘေးမှာကင်းလွတ်နိုင်မည်ဟု အာမခံနိုင်မည် ဖြစ်သောကြောင့်ပင်။
အကြောင်းအရင်းမှာ...
ဤငယ်ရွယ်ပုံရသော အမျိုးသမီးထံမှ သူတော်စင်တစ်ယောက်၏အရှိန်အဝါကို ထုတ်လွှတ်ထားသောကြောင့်ပင်။
ပုံပန်းသွင်ပြင်ကို ကြည့်ပါက...
ဤအမျိုးသမီးသည် ငယ်ရွယ်ပြီး သူမ၏ ပိုးသာကဲ့သို့ နူးညံ့တောက်ပြောင်သော ဆံပင်ကို ကျစ်ဆံမြှီးကျစ်ထားသည်။ သူမ၏တင်းကြပ်သောဝတ်စုံကြောင့် သူမကို ကြည့်ရသည်မှာ သူရဲကောင်းဆန်နေပေ၏။ သူမ၏မျက်နှာသည် ချောမောလှပပြီး ပြစ်ချက်မရှိချေ။
သူမ၏နောက်ကျောတွင် ဓားတစ်လက်ကို လွယ်ထားသည်မှလွဲ၍ တခြားမည်သည့်လက်နက်မျှ မရှိချေ။ သို့ရာတွင် မည်သူတစ်ဦးတစ်ယောက်ကမျှ သူမကို လျှော့မတွက်ဝံ့ချေ။
သာမန်ကာလျှံကာ ကြည့်မိပါက...
သူမသည် ဓားရေးနည်းစနစ်များအကြောင်းကို အနည်းငယ်သာသိရှိသော မိန်းကလေးတစ်ယောက်နှင့် တူညီသည်။
သို့ရာတွင် လက်တွေ့ဖြစ်ရပ်မှန်မှာ...
ဤအမျိုးသမီးသည် ထျန်းရှာအဖွဲ့အစည်း၏ ထိပ်သီးအကြီးအကဲတစ်ယောက်ပင်။
သူမသည် ထိုအဖွဲ့အစည်း၌ နောက်ဆုံးဆုံးဖြတ်ချက်ကို ချပိုင်ခွင့်ရှိသော အခွင့်အာဏာကိုကိုင်ထားသည့် လူနည်းစုအနက်မှတစ်ယောက်ပင်။
သူမ၏နာမည်မှာ ဆုကျဲဖြစ်ပေ၏။
ဒဏ္ဍာရီများအရ...
ဤသူတော်စင်သည်ကောင်းကင်ဘုံ၏ကောင်းချီးပေးမှုကို ခံရသူပင်။ ဆုကျဲသည် အသက်သုံးနှစ်အရွယ်တွင် ဓားရေးသင်ယူခဲ့ကာ အသက်ငါးနှစ်အရွယ်၌ နာမည်ကျော်ကြားလာခဲ့သည်။ သူမ၏အသက် ကိုးနှစ်အရွယ်တွင် တာအိုလမ်းကြောင်းသို့ ဝင်ရောက်ခဲ့ပေ၏။ ထို့နောက်မှနေ၍ သူမသည် ဓားတာအို၌ ဥာဏ်အလင်းပွင့်ခြင်းကို ရရှိခဲ့ကာ သူတော်စင်နယ်ပယ်သို့ ဝင်ရောက်ခဲ့ပြီး မရေမတွက်နိုင်သော ယောက်ျားသားများကို အရှက်ရစေခဲ့သည်။
နှစ်ပေါင်းသောင်းနှင့်ချီ အချိန်ကာလအတွင်းတွင် သူမအတွက် ပြိုင်ဘက်မရှိခဲ့ချေ။
ထို့ကြောင့် လူအများသည် သူမအား 'မရှုံးနိမ့်နိုင်သော ဓားသူတော်စင်'ဟု ရိုသေလေးစားစွာ ခေါ်ကြသည်။
အကယ်၍ သူမအား မသိရှိသူတစ်ယောက်သည် သူမအား မြင်တွေ့နိုင်သည့် ကံကြမ္မာကောင်းကြီးကို ရရှိလျှင်ပင်....
သူမအား ဓားသူတော်စင်ဟု တွေးတောမိမည် မဟုတ်ချေ။
မရှုံးနိမ့်နိုင်သောဓားသူတော်စင်ဟု နာမည်ကြီးနေသူသည် အမှန်အားဖြင့် ငယ်ရွယ်ပြီး ချောမောလှပသော အမျိုးသမီးတစ်ယောက် ဖြစ်နေသည်။
ဆုကျဲသည် တဖြည်းဖြည်းငိုက်မျဥ်းနေကာ ဇီသာတေးသံအပေါ် အနည်းငယ်မျှ စိတ်ဝင်စားခြင်း မရှိပေ။
သူမသည် သူမ၏သူငယ်ချင်းကို တိတ်တဆိတ် ကြည့်နေလေ၏။
နံဘေးတွင် ပိုင်ဟွမ်သည် ခါးမတ်မတ်ထိုင်နေကာ သူမ၏ကြည်လင်သောမျက်လုံးတစ်စုံသည် သာမန်အတိုင်း အေးစက်နေသည်။
သူမ၏နူးညံ့ချောမောသော လက်တစ်စုံဖြင့် ဇီသာကြိုးများကို ညင်သာစွာ တီးခတ်နေသည်။ သူမ၏လက်ချောင်းဆယ်ချောင်းသည် သေးသွယ်ပြီးဖြူဖွေးကာ လောကကြီးအတွင်းရှိ အင်မော်တယ်ကျောက်စိမ်းများထက်ပင် ပို၍သာလွန်သည်။
သူမ၏ လှပသောပုံပန်းသွင်ပြင်သည် လောကကြီးအတွင်းရှိ မည်သည့် အလှပဂေးလေးများထက်မဆို ပို၍သာလွန်ပေ၏။
ပိုင်ဟွမ်၏လက်ချောင်းထိပ်များမှ စီးဆင်းနေသော အရှိန်အဝါသည် အလွန်အစွမ်းထက်သဖြင့် ဆုကျဲပင်လျှင် လျှော့တွက်ဝံ့ခြင်း မရှိချေ။
ပုံပန်းသွင်ပြင်အရဖြစ်စေ အပြုအမူအရဖြစ်စေ...
သူမသည် သာမန်သူတော်စင်များ၏စွမ်းအားထက် များစွာပို၍သာလွန်သည်။
ဤသူငယ်ချင်းကောင်းသည် ဆုကျဲ၏ဘဝတသက်စာတွင် မြင်တွေ့ဖူးသော အမျိုးသမီးများအနက် မှင်သက်သည်အထိ အလှဆုံးပင်။
ယေဘုယျကျကျ ပြောဆိုရလျှင်...
ကောင်းကင်ဘုံ၏ ကောင်းချီးပေးခြင်းကို ခံရပြီး ပြစ်ချက်ကင်းစွာ မွေးဖွားလာသော ပိုင်ဟွမ်သည် စိတ်တည်ငြိမ်နေသင့်သည်။
သို့ရာတွင် မည်သည်ကြောင့်ဟု မသိရသော်လည်း...
ဇီသာတေးသံ တဖြည်းဖြည်း မြင့်တက်လာသည်နှင့်အတူ ပိုင်ဟွမ်၏မျက်လုံးများအတွင်း၌ စိတ်ရှုပ်ထွေးမှု အရိပ်အယောင်များ ထင်ဟပ်လာသည်။
သူမကို ကြည့်ရသည်မှာ စိုးရိမ်ပူပန်နေပုံရပြီး တစ်စုံတစ်ခုကို လွမ်းဆွတ်နေသည့် အလားပင်။
ဆုကျဲသည် ပို၍ပို၍စိတ်ရှုပ်ထွေးလာပေ၏။
မဟာတာအိုလမ်းကြောင်းသုံးထောင်သည် မတူကွဲပြားသည်အား သူမ သိရှိထားသော်လည်း...
ထိုအရာများအားလုံးသည် တူညီသော ရည်မှန်းချက်ပန်းတိုင်တစ်ခုတည်းသို့ ဦးတည်နေသည်။
သို့ရာတွင် ပိုင်ဟွမ်၏အချစ်တာအိုသည် အလွန်ရှုပ်ထွေးကာ နားလည်နိုင်ရန် ခက်ခဲသည်။ သူမသည် ဤကိစ္စကို နားလည်သဘောပေါက်နိုင်ရန် အချိန်အတော်ကြာယူ၍ ကြိုးစားခဲ့သည့်တိုင် အချည်းနှီးဖြစ်သွားခဲ့လေ၏။
ဤသည်မှာ မည်မျှထိ ရှုပ်ထွေးသောလမ်းကြောင်း ဖြစ်သနည်း...
စိတ်ခံစားချက်ဆိုသည့်အရာမှာ မည်သည့်အရာ ဖြစ်သနည်း...
သူမသည် အထွတ်အမြတ် ဓားနည်းစနစ်များကို ပိုင်ဆိုင်ထားသည့်တိုင် သူမ၏သူငယ်ချင်း မည်သည့်အရာအား တွေးတောနေသည်ကိုသိရန် နေနေသာသာ သူ မြင်နေရသည့်ကိစ္စကို နားလည်နိုင်ရန် အလွန်ခက်ခဲနေသည်။
သူမကို ကြည့်ရသည်မှာ အခက်တွေနေပုံပင်။
ထိုအချိန်မှာပင် ခြံဝန်းအတွင်းသို့ လူတစ်ယောက် ဝင်ရောက်လာပြီး ဦးညွှတ်အရိုအသေပြုလေ၏။
"အရှင်မ ပိုင်ဟွမ်...."
"နယ်မြေကြီးကိုးခုမဟာမိတ်နယ်မြေက ပေးပို့တဲ့သတင်းတွေအရ ရီဖုန်း ဘယ်နေရာမှာ ရှိလဲဆိုတာ ရှာတွေ့ခဲ့ပါပြီ"
ထိုစကားလုံးများ ကျရောက်သွားသည်နှင့်...
ဇီသာတေးသံ ရပ်တန့်သွားသည်။
အစောပိုင်းက အေးစက်စက်အမူအယာရှိနေသော ပိုင်ဟွမ်သည် ရုတ်တရက် အံ့အားသင့်သွားပေ၏။
သူမ၏လက်ချောင်းလေးများ အနည်းငယ် တုန်ရီသွားသည်။
ရုတ်ချည်းဆိုသလိုပင်...
သူမ၏မျက်လုံးအတွင်း၌ နွေးထွေးမှုများ ထင်ဟပ်လာကာ ထူးဆန်းသော အလင်းတန်းတစ်တန်း ဖြတ်ပြေးသွားသည်။
ပိုင်ဟွမ်သည် အချိန်အနည်းငယ်ယူ၍ သူမကိုယ်သူမ ထိန်းသိမ်းလိုက်၏။ ထို့နောက် သူမ၏စိတ် တည်ငြိမ်သွားပြီး တည်ငြိမ်အေးချမ်းသောအသံဖြင့် မေးခွန်းထုတ်လိုက်သည်။
"သူ ဘယ်နေရာမှာလဲ"
လက်အောက်ငယ်သားက ရိုသေလေးစားစွာ တုံ့ပြန်သည်။
"အရှင်မပိုင်ဟွမ်....သတင်းပို့ကျောက်စိမ်းပြားကနေရတဲ့ သတင်းအချက်အလက်တွေအရ ရီဖုန်းက နယ်မြေကြီးကိုးခု မဟာမိတ်နယ်မြေထဲက ဝူချန်လို့ခေါ်တဲ့ မြို့လေးမှာ ရှိနေပါတယ်"
ထိုစကားကို ကြားပြီးနောက်...
ပိုင်ဟွမ်က သူမ၏လက်အောက်ငယ်သားကို ပြန်လွှတ်လိုက်သည်။
သူမ၏မျက်လုံးများ ပို၍စူးရှတောက်ပလာကာ တိတ်တဆိတ် မတ်တတ်ထရပ်လိုက်သည်။
ဤသည်မှာ သူမထံတွင် ထိန်းချုပ်ထားမှုနှင့်အလျင်လိုမှုတို့ ရောယှက်နေသော ဆန့်ကျင်ဘက်ခံစားချက်မျိုး ရှိနေပုံပင်။
ဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်နေခဲ့သော...
ဆုကျဲသည် ပို၍ပို၍ သိချင်စိတ်ပြင်းပြလာပေ၏။
"ဘယ်သွားမှာလဲ...ငါက နင်နဲ့အတူ လိုက်ချင်တယ်"
ထိုအသံကိုကြားချိန်တွင် ပိုင်ဟွမ်သည် ကြက်သေသေသွားကာ အံ့အားတသင့်ဖြင့် နောက်သို့ ပြန်လှည့်ကြည့်လိုက်သည်။
"အစ်မ...နင် ဘာလုပ်မလို့လဲ"
ဆုကျဲသည်လည်း မတ်တတ်ထရပ်လိုက်ကာ သူမ၏မျက်လုံးအတွင်းရှိ ဇဝေဇဝါအရိပ်အရောင်များပို၍ပီပြင်ထင်ရှားလာသည်
"နင့်ရဲ့တာအိုလမ်းကြောင်းက ဘာလဲဆိုတာ ငါ ဖော်ထုတ်ချင်လို့ပဲ"
"အဲ့ဒီရီဖုန်းဆိုတာက ဘယ်သူလဲ...နင်က ဘာလို့ သူတော်စင်တစ်ယောက် ဖြစ်လာတဲ့ အချိန်ထိတောင် သူ့ကို လွမ်းဆွတ်နေတာလဲ...သူက ဘယ်လောက်ထိ ကောင်းတဲ့လူ ဖြစ်နေလို့လဲဆိုတာ ငါ ကြည့်ချင်တယ်"
လွမ်းဆွတ်နေသည်ဟု ဆိုသလော...
ပိုင်ဟွမ်သည် ထိုစကားများကို ကြားချိန်၌ ကြက်သေသေသွားကာ သူမ၏မျက်လုံးအတွင်း၌ ထိတ်လန့်တုန်လှုပ်မှု အရိပ်အယောင်များ ဖြတ်ပြေးသွားသည်။
သို့ရာတွင် ဤသည်မှာ ဆုကျဲ တောင်းဆိုခဲ့သည့်ကိစ္စ ဖြစ်နေသည့်အပြင် ပိုင်ဟွမ်သည် တစ်ဖက်လူ၏။အကျင့်စရိုက်ကို နားလည်နေသဖြင့် ....
အချိန်တခဏကြာခန့် တွေဝေနေပြီးနောက် သူမက အပြုံးနှင့် ခေါင်းညိတ်လိုက်သည်။
"ဒါက ကောင်းပြီလေ"
နူးညံညင်သာသော အသံတစ်သံ ထွက်ပေါ်လာသည်။
ထို့နောက် သူမ၏အင်္ကျီလက်ကို တစ်ချက်ဝှေ့ယမ်းလိုက်ခြင်းနှင့်အတူ သူမ၏ရှေ့ရှိ လေဟာနယ်တွင် အက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာသည်။
ထို့နောက် အမျိုးသမီးနှစ်ယောက်သည် ချက်ချင်းပျောက်ကွယ်သွားပေ၏။
. . . . . .
ဝူချန်မြို့၌....
ခြံဝန်းငယ်လေး၏ တံခါးတွင်...
ထုတ်တန်း၌ ချည်နှောင်ခြင်းခံထားရသော လူသားဖက်ထုပ်နှစ်ခုသည် ယိမ်းထိုးနေကာ အောက်တွင် တောခွေးရိုင်းတစ်စုက အဆက်မပြတ်ဟောင်နေသည်။
အင်မော်တယ်ကျင့်ကြံခြင်း လောကတွင် ထူးဆန်းသော ကိစ္စအမျိုးမျိုး ရှိနေသော်လည်း....
ဤမြင်ကွင်းမျိုး မြင်ရသည်မှာ အလွန်ရှားပါးသည်။
ဖြတ်သွားဖြတ်လာများသည် လက်ညှိုးထိုးပြီးနောက် အချင်းချင်း တီးတိုးပြောဆိုနေကြသည်။
"ကြိုးနဲ့ အချည်ခံထားရတဲ့လူတွေက ဘယ်သူတွေလဲ"
"အမ်....ဒါက ဝမ်ယွဲ့ဂိုဏ်းရဲ့ဂိုဏ်းချုပ် မဟုတ်လား"
"မဖြစ်နိုင်ဘူး....ဂိုဏ်းချုပ်ရှက ထိပ်သီးအစွမ်းထက်ကျင့်ကြံသူတစ်ယောက်လေ ..ဘယ်လိုလုပ်ပြီး သူက တခြားတစ်ယောက်ရဲ့ ကြိုးနဲ့ချည်ထားတာကို ခံရမှာလဲ"
"ဒါက သူခိုးတွေပဲ ဖြစ်မယ်...ငါ အမြင်မှားတာပဲ ဖြစ်မှာပါ"
"မဟုတ်ဘူး... ငါက ဂိုဏ်းချုပ်ရှကို အရင်က မြင်ဖူးတယ်....ဒါက သူ ဆိုတာ သေချာတယ်"
"အိုး ဘုရားရေ....ဝမ်ယွဲ့ဂိုဏ်းက သူတို့ရဲ့ဂိုဏ်းချုပ်ကို ဖမ်းပြီး ကြိုးနဲ့ချည်ခံထားရတဲ့အထိ နိမ့်ကျသွားပြီလား"
"ဒါက တော်တော်လေး အခြေအနေဆိုးတာပဲ"
လူအများသည် အဝေးမှစောင့်ကြည့်ကာ လက်ညှိုးများထိုးပြီး စကားပြောဆိုနေကြသည်။
ရှရှင်းကျစ်သည် သူ၏ဘဝတလျှောက်၌ သူရဲကောင်းတစ်ယောက်ကဲ့သို့ နေထိုင်ခဲ့သော်လည်း ဤအချိန်အခိုက်အတန့်တွင် သူ၏မျက်နှာ ပူနွေးနေသည်ကို ခံစားမိလေ၏။
သူ့ထံတွင် ရှက်ရွံမှုများ ဒေါသများဖြင့် ပြည့်နှက်နေသည်။
အကယ်၍ သူ့အား ကြိုးဖြင့်ချည်ထားခြင်း မခံရပါက ပေါက်ကရစကားများ ပြောဝံ့သော ပုရွက်ဆိတ်တစ်စုကို သူ၏လက်ဝါးရိုက်ချက်တစ်ချက်တည်းဖြင့် ရိုက်သတ်နိုင်သည်။
သို့ရာတွင် ယခုလက်ရှိအချိန်၌...
သူသည် သေခြင်းတရား၏ခံတွင်းဝသို့ ရောက်နေလေပြီ။
သူသည် ဤအတင်းအဖျင်းစကားများအပေါ် အာရုံစိုက်နိုင်ရန် အချိန်မရှိတော့ချေ။သူ၏နှလုံးသားအတွင်း၌ စိတ်ပျက်ညှိုးငယ်မှုများဖြင့် ပြည့်နှက်နေကာ သေဆုံးရမည့်အချိန်ကို စောင့်ဆိုင်းနေခဲ့သည်။
ဤကဲ့သို့ ရက်စက်ကြမ်းကြုတ်သည့်လူမျိုးနှင့် ဆုံတွေ့ခဲ့ရသည့် အချိန်မှစ၍...
သူ့ထံတွင် ကံကြမ္မာဆိုးကြီးတစ်ခု ရှိလာခြင်းပင်။
ပိုင်ဟွမ် ရောက်ရှိလာသည်မှ လွဲ၍...
သူ့ထံတွင် ထွက်ပြေးနိုင်မည့် သို့မဟုတ် အသက်ရှင်နိုင်မည့် လမ်းကြောင်းမရှိချေ။
ကြေကွဲဝမ်းနည်းမှုများ ဒေါသများ စိတ်ပျက်အားငယ်မှုများ တလိမ့်လိမ့်ထနေသော ရှရှင်းကျစ်သည် သူ့၏သားကို ပို၍ကြည့်မိလေလေ သူ ပို၍ဒေါသထွက်လာလေလေပင်။
သူသည် ခေါင်းကို တစ်ဖက်သို့ တိမ်းစောင်းပြီး နံဘေးတစ်ဖက်သို့ ကြည့်လိုက်ကာ သူ၏သားကို မသိချင်ယောင်ဆောင်လိုက်သည်။
ရှရှင်းကျစ်သည် ကြေကွဲဝမ်းနည်းမှုနှင့် ဒေါသထွက်မှုတို့ကို ရောယှက်၍ ခံစားရသဖြင့် သူ၏မျက်လုံးတစ်စုံအတွင်းမှ မျက်ရည်စီးကြောင်းနှစ်ကြောင်း ယိုစီးကျလာသည်။
သို့ရာတွင် ရုတ်တရက်...
လောကကြီးတစ်ခုလုံး ငြိမ်အတိ ကျသွားပုံရကာ...
မူလက ဆူညံပွက်လောရိုက်နေသော လမ်းမကြီးပေါ်တွင် အပ်တစ်ချောင်းကျသံကိုပင် ကြားနိုင်သည့်အထိ တိတ်ဆိတ်ငြိမ်သက်သွားသည်။
မိုးနှင့်မြေအကြားတွင်...
အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ရပ် စတင်၍ ပျံ့နှံ့လာပေ၏။
ရှရှင်းကျစ်သည် သူ၏ခေါင်းကို တိမ်းစောင်းကြည့်လိုက်ရာ သူ၏သားဖြစ်သူသည်လည်း ဇဝေဇဝါဖြစ်နေသည်ကို မြင်တွေ့မိသည်။
သူတို့နှစ်ယောက်သည် အံ့အားသင့်တုန်လှုပ်စွာဖြင့် မိုးကောင်းကင်ယံသို့ မော့ကြည့်လိုက်ကြသည်။
ရုတ်ချည်းဆိုသလိုပင် မိုးကောင်းကင်ယံအတွင်းရှိ တိမ်တိုက်နှင့်လေထု ပြောင်းလဲသွားကာ ကြည်လင်သော မိုးကောင်းကင်ယံ၌ အက်ကွဲကြောင်းကြီးတစ်ခု ထွက်ပေါ်လာကာ မိုးကောင်းကင်ယံကြီး ထက်ခြမ်းကွဲထွက်သွားလုနီးပါးပင်။
ထို့နောက် ထိုအက်ကွဲကြောင်းအတွင်းမှနေ၍ သေးသွယ်သော ပုံရိပ်နှစ်ခု ရှေ့ဆင့်နောက်ဆင့်ထွက်လာသည်။
မိုးနှင့်မြေအကြားတွင် ပျံ့နှံ့နေသော ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါကြောင့် လူအများသည် တစ်ချက်ကြည့်မိရုံဖြင့် အလွန်ထိတ်လန့်ကြောက်ရွံ့သွားကြသည်။
သူတော်စင်အရှိန်အဝါ...
ဖြစ်နိုင်သည်မှာ ဤသည်က ပိုင်ဟွမ် ဖြစ်နေသလော...
သူတော်စင်ကိုယ်တိုင် အမှန်တကယ် ရောက်ရှိလာသလော....
အိုး ဘုရားရေ...
ဒါက အရမ်းတရားလွန်တယ် မဟုတ်လား...
Chapter 979
မိုးကောင်းကင်ယံကြီး ရုတ်တရက် ကွဲထွက်သွားကာ လေဟာနယ်မှနေ၍ လှပချောမောသော ပုံရပ်နှစ်ခု ထွက်ပေါ်လာသည်။
ဤမြင်ကွင်းမျိုးသည်...
အကယ်၍ သာမန်လူတစ်ယောက်မှ ကြည့်ပါက တာအိုသက်သေထူခြင်းနယ်ပယ် ကျင့်ကြံသူတစ်ယောက်ပင်လျှင် ထိုသို့ပြုလုပ်နိုင်မည့်ပုံ ရသည်။
လက်တွေ့ဖြစ်ရန်မှန်မှာမူ ဤသည်မှာ ကမ္ဘာကြီးတစ်ခုလောက် ခြားနားသည်။
တာအိုသက်သေထူခြင်းနယ်ပယ် ကျင့်ကြံသူများသည် လေယာနယ်ကို ဆုတ်ဖြဲနိုင်သော်လည်း အထွတ်အမြတ်ကျင့်ကြံဆင့်စွမ်းအားရှိရန် လိုအပ်သည့်အပြင် ကြီးမားသောဆုံးရှုံးမှုတစ်ခုကိုလည်း ပေးဆပ်ရပေသည်။ ထို့ကြောင့် သူတို့သည် အလွန်အမင်း လိုအပ်ခြင်းမရှိဘဲ ထိုကိစ္စကို ပေါ့ပေါ့ဆဆဆ လုပ်ဆောင်လေ့ မရှိချေ။
ဤအချိန်အခိုက်အတန့်တွင်...
မိုးကောင်းကင်ယံအတွင်းရှိ တိမ်တိုက်များသည် ရေလှိုင်းများအလား ဂယက်ထနေကာ....
ဤသဘာဝလွန်ပုံရိပ်မျိုးသည်...
မိုးနှင့်မြေ အကြားရှိ မတည်ငြိမ်သော စွမ်းအားတစ်ရပ်ကြောင့်...
လေဟာနယ် အလိုအလျောက် ပွင့်ထွက်သွားခြင်းပင်။
ဤဖြစ်စဉ်နှင့်နှိုင်းယှဉ်ပါက ကျင့်ကြံဆင့်မှတဆင့် ခွန်အားသက်သက်ကိုမှီခို၍ လေဟာနယ်ကိုအက်ကွဲစေခြင်းသည် အလွန်နိမ့်ကျပေ၏။
မဟာတာအိုလမ်းကြောင်းသုံးထောင်ကို လေ့လာဆင်ခြင်နိုင်သည့် သူတော်စင်တစ်ယောက်ကသာ ထိုသို့ ပြုလုပ်နိုင်သည်။
ကျင့်ကြံဆင့်နယ်ပယ် မြင့်မားသူများသည် ဤကွဲပြားခြားနားချက်ကို အကြည့်တချက်ဖြင့် ပြောဆိုနိုင်သည်။
လမ်းမပေါ်တွင်...
လူများစုဝေးနေကာ အလွန်အမင်း ဆူညံပွက်လောရိုက်နေသည်။
"သူတော်စင် ရောက်လာပြီ..."
"အိုး ဘုရားရေ...သူတော်စင်တစ်ပါးကို တွေ့ခွင့်ရတာက ငါ့အတွက် ဂုဏ်ယူစရာတစ်ခုပဲ"
"ဒါက ငါတို့ရဲ့အခွင့်အရေးပဲ"
"ကြည့်လိုက်အုံး...အဲ့ဒီနေရာမှာ လူနှစ်ယောက် ရှိနေတယ်...ဖြစ်နိုင်တာတော့ သူတော်စင်နှစ်ယောက် အတူတူ ရောက်လာတာများလား"
"သူတော်စင်ကို အရိုအသေ ပြုပါတယ်"
စိတ်အားထက်သန်နေသော လူအုပ်ကြီးသည် တပြိုင်နက်တည်း ဦးညွှတ်အရိုအသေပြုလိုက်၏။
ဤနေရာတွင် ဝမ်းသာအားရ အော်ဟစ်သံများဖြင့် ပြည်နှက်နေသည်။
ဤဆူညံသံများအကြားတွင် ရှရှင်းကျစ်နှင့် သူ၏သားသည် ထိတ်လန့်တကြားဖြင့် အထက်သို့ မော့ကြည့်လိုက်ကြ၏။
လူများအားလုံးထံတွင် ကြည်ညိုလေးစားသော အမူအယာများ ရှိနေသည်။
သူတော်စင်အဆင့်၏အောက်တွင် တခြားလူများအားလုံးသည် ပုရွက်ဆိတ်များသာဖြစ်ကာ တာအိုသက်သေထူခြင်းနယ်ပယ် ကျင့်ကြံသူများအတွက်လည်း ထပ်တူထပ်မျှပင်။
သူတော်စင်တစ်ယောက် ထွက်ပေါ်လာသော အချိန်အခိုက်အတန့်တွင်....
ရှရှင်းကျစ်၏စိတ်နှလုံးသား တုန်ရီသွားကာ ချက်ချင်းဆိုသလိုပင် မျှော်လင့်ချက်အလင်းရောင်များ တောက်ပလာသည်။
ဤနေရာသို့ သူတော်စင်တစ်ယောက် ရောက်ရှိလာမည်ဟု သူ တစ်ကြိမ်တစ်ခါမျှ မျှော်လင့်မထားမိချေ။
သူ၏မျက်လုံးများအတွင်းတွင် ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်နေသည်။
ရှရှင်းကျစ်သည် ကူကယ်ရာမဲ့စွာဖြင့် မိုးကောင်းကင်ယံသို့ မော့ကြည့်လိုက်ပြီးနောက် အကြည့်တစ်ချက်ဖြင့် သူ၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။
ဤနေရာတွင် သူတော်စင်နှစ်ယောက် အမှန်တကယ်ရှိနေကာ...
အထူးသဖြင့် လက်ဝဲဘက်တွင် မတ်တတ်ရပ်နေသော သူတော်စင်ပင်။
သူမသည် လက်အတွင်း၌ ဓားရှည်တစ်လက်ကို ကိုင်ထားကာ သူမ၏အနက်ရောင်ဆံနွယ်ရှည်များသည် ပိုးသားကဲ့သို့ နူးညံ့တောက်ပြောင်နေသည်။ သူမ၏အေးစက်စက်မျက်လုံးတစ်စုံသည် လောကကြီးအတွင်းရှိ သက်ရှိများအားလုံးကို အထင်အမြင်သေးသည့်အလားပင်။သူမသည် အနက်ရောင်ဝတ်စုံကို တင်းတင်းကြပ်ကြပ် ဝတ်ဆင်ထားပြီး သူမကိုကြည့်ရသည်မှာ အလွန်သူရဲကောင်းဆန်သည်။ သူမ၏ခန္ဓာကိုယ်တစ်ခုလုံးမှနေ၍ နှစ်သန်းနှင့်ချီသက်တမ်းရှိသော ရေခဲလှိုဏ်ဂူကြီးအလား အေးစက်စက်အရှိန်အဝါများ ဖြာထွက်နေပေ၏။
ဤပုံပန်းသွင်ပြင်နှင့် အပြုအမူသည်....
ဒဏ္ဍာရီအတွင်းတွင် ရှိနေသော တစ်စုံတစ်ယောက်နှင့် တူညီနေသည်။
"ဒီလူက..."
"ဖြစ်နိုင်တာတော့ မရှုံးနိမ့်နိုင်တဲ့ ဓားသူတော်စင်လား"
ရှရှင်းကျစ်သည် သူ၏စိတ်နှလုံးသားအတွင်းမှ ထိတ်လန့်တုန်လှုပ်မှုကို မထိန်းချုပ်နိုင်တော့သဖြင့် သူ၏မျက်လုံးများ ပြူးကျယ်သွားသည်။
အံ့အားတသင့်အော်ဟစ်သံများ ထွက်ပေါ်လာကာ....
ရှခိုင်ဟန်နှင့် တခြားဖြတ်သွားဖြတ်လာများသည် ထိတ်လန့်တုန်လှုပ်မှုကြောင့် သက်ပြင်းရှိုက်လိုက်ကြသည်။
ရှီး.....
မရှုံးနိမ့်နိုင်သော ဓားသူတော်စင်...
သူမသည် သူတော်စင်များအကြားတွင် တစ်ဦးတည်းသော ဓားသမားဖြစ်ကာ အစွမ်းထက်ဆုံး သူတော်စင်တစ်ယောက်လည်း ဖြစ်သည်။
မမျှော်လင့်ဘဲ...
ယနေ့တွင် သူတော်စင်တစ်ယောက်တည်း မဟုတ်ဘဲ သူတော်စင်နှစ်ယောက် ရောက်ရှိလာခဲ့သည်။
ဝူချန်ကဲ့သို့ မြို့ငယ်လေးတစ်မြို့တွင်...
ဤသည်မှာ မည်မျှထိ ဂုဏ်ယူဖွယ်ကောင်းသောကိစ္စ ဖြစ်သနည်း....
လူအုပ်ကြီးထံတွင် ထိတ်လန့်တုန်လှုပ်များဖြင့် ပြည့်နှက်နေကာ ရင်တလှပ်လှပ် ဖြစ်နေကြသည်။ သူတို့သည် ဦးတိုက်အရိုအသေပြုထားသည်မှာ သူတို့၏မျက်နှာများ မြေကြီးအတွင်းသို့ နစ်ဝင်သွားလုနီးပါးပင်။
လူများအားလုံး ထိတ်လန့်တုန်လှုပ်နေကာ...
မြို့တစ်မြို့လုံး အေးခဲနေလုမတတ် တိတ်ဆိတ်ငြိမ်သက်နေသည်။
မိုးထိမြင့်မားသော ဂုဏ်ယူဖွယ် အချိန်အခိုက်အတန့်အတွင်းတွင် ရှရှင်းကျစ်သည် အံ့အားသင့်နေပေ၏။
သူ၏စိတ်နှလုံးသားအတွင်းရှိ ထိတ်လန့်တုန်လှုပ်မှုများကို ထိန်းချုပ်ကာ...
သူသည် မျက်လုံးအပြူးသားဖြင့် သူ့ရှေ့ရှိ မြင်ကွင်းကိုကြည့်ပြီး သူ၏စိတ်အတွင်း၌ ခွဲခြမ်းစိတ်ဖြာမှုများဖြင့် ပြည့်နှက်နေသည်။
ဝူချန်သည် ဝေးလံခေါင်သီသော မြို့တစ်မြို့ မဟုတ်ချေ။
သို့ရာတွင် သူတော်စင်များ၏အမြင်၌ ဤသည်မှာ သာမာန်နေရာတစ်နေရာသာဖြစ်ပြီး ရွငယ်လေးတစ်ရွာထက်ပင် ပို၍ဆိုးရွားသဖြင့် ဤနေရာသို့ ခြေချလာရန် အကြောင်းအရင်းမရှိချေ။
ယခုအချိန်၌ သူတော်စင်နှစ်ယောက် ရောက်ရှိလာသည်။
သူ သတင်းစကား ပေးပို့ပြီး မကြာမီမှာပင် ဤကိစ္စ ဖြစ်ပေါ်လာခဲ့ပေ၏။
ဤသည်မှာ အလွန်ကျိုးကြောင်းမဆီလျော်ချေ။
ဤတိုက်ဆိုင်မှုသည် လွန်ကျူးပေ၏။
သူသည် မိုးကောင်းကင်ယံသို့ တိတ်တဆိတ် မော့ကြည့်လိုက်ပြီးနောက်...
မရှုံးနိမ့်နိုင်သော ဓားသူတော်စင်ဖြစ်ကြောင်း သူ အကြည့်တစ်ချက်ဖြင့် သိရှိခဲ့သည်။
တခြားသူတော်စင်တစ်ယောက်ကမူ....
သူမထံတွင် အလွန်အမင်းလှပသော ပုံပန်းသွင်ပြင်ရှိကာ အစွန်းအထင်းကင်းမဲ့သော အဖြူရောင်ပိတ်ပါးဝတ်စုံရှည်ကို ဝတ်ဆင်ထားသည်။ သူမသည် တခြားမိန်းမလှလေးများ ရှက်ရွံသွားစေသည်အထိ လှပသော်လည်း သူမနှင့်ပတ်သတ်သော ကောလာဟလများကို မည်သူတစ်ဦးတစ်ယောက်မျှ မကြားဖူးချေ။
သူမ၏လှပသောမျက်လုံးလေးများ ရွေ့လျားနေကာ...
ကြည့်ရသည့်မှာ တစ်စုံတစ်ယောက်ကို ရှာဖွေနေသည့်ပုံပင်။
ဤသည်မှာ...
သူမသည် အသစ်မွေးဖွားလာသော သူတော်စင်ပိုင်ဟွမ် ဖြစ်နေသလော...
သူ ပေးပို့လိုက်သော အသံသတင်းစကားသည် သူတော်စင်တစ်ယောက်၏ တုံ့ပြန်မှုကို အမှန်တကယ် ရရှိခဲ့သလော။
သူ လှည့်စား၍ ပြောဆိုခဲ့သမျှသည် အမှန်ဖြစ်လာသလော....
ရှရှင်းကျစ်၏မျက်ခွံများ တဆတ်ဆတ်တုန်ရီသွားသည်။
အသက်ရှင်သန်နိုင်ရန်အတွက် ပြင်းပြသော စိတ်ဆန္ဒများ ပေါက်ဖွားလာသဖြင့် သူသည် သတ္တိမွေးပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်၏။
"သူတော်စင်နှစ်ယောက် ဒီနေရာကိုရောက်လာတာ ငါတို့အတွက် ဂုဏ်ယူစရာပါ..."
"စီနီယာတို့နှစ်ယောက်က ဘာလာလုပ်တာလဲဆိုတာ ငါ သိခွင့်ရှိမလား...ငါက ဝမ်ယွဲ့ဂိုဏ်းရဲ့ဂိုဏ်းချုပ် ရှရှင်းကျစ်ပါ...ငါက မင်းတို့အတွက် တာဝန်ထမ်းဆောင်ပေးဖို့ ဆန္ဒရှိပါတယ်..."
ထိုစကားများ ကျရောက်သွားချိန်တွင်...
ဖြတ်သွားဖြတ်လာများ အသိဝင်လာကာ နောက်သို့ပြန်လှည့်ကြည့်လိုက်ကြ၏။
သူတို့၏မျက်လုံးများအတွင်းမှ အထင်အမြင်သေးသော အရိပ်အယောင်များကို ဖုံးကွယ်ထားနိုင်ရန် အလွန်ခက်ခဲသည်။
ဆန်ဖက်ထုပ်ကြီးနှစ်ခုသည် ကြက်တစ်ကောင်အတွက်သာ တာဝန်ထမ်းဆောင်နိုင်ပေမည်။
သို့ရာတွင် သူတို့သည် ဤစကားလုံးများကို ပြန်လည်တွေးတောကြည့်ချိန်၌...
လူအများစု၏ မျက်လုံးများအတွင်းတွင် နောင်တအရိပ်အယောင်များ ထင်ဟပ်လာသည်။
သောက်ချေးပဲ...
ဒီခွေးကောင်က အရင်ဦးသွားတယ်...
ငါတို့ ဒါကို ပြောလိုက်ရမှာ...
ရှရှင်းကျစ်သည် အတွေ့အကြုံရင့်ကျက်သူ ဖြစ်သောကြောင့် ကြိုတင်ခန့်မှန်းနိုင်စွမ်း မြင့်မားကာ လူများအား မည်ကဲ့သို့ ဆက်ဆံရမည်ကို ကောင်းစွာသိရှိထားသည်။
အခြေအနေသည် အရှက်ရဖွယ် ဖြစ်နေသည့်တိုင်...
ရှရှင်းကျစ်သည် သူ၏မျက်လုံးရှေ့ရှိ အခွင့်အရေးကို လက်လွတ်ခံမည်မဟုတ်ချေ။
သူ၏ရိုသေလေးစားမှုကို ထုတ်ဖော်ပြသလိုက်သောကြောင့် သူသည် တခြားလူများထက် အဆပေါင်းရာနှင့်ချီပြီး သာလွန်သွားလေပြီ။
သူ၏စကား အဆုံးသတ်သွားချိန်တွင်...
သူတော်စင်နှစ်ယောက်၏အကြည့်များ ရှရှင်းကျစ်ထံသို့ ရွေ့လျားလာသည်။
ပိုင်ဟွမ်သည် မသပ်မရပ်ဖြင့် ညစ်ပတ်ပေကျံကာ ထူးဆန်းသောပုံစံဖြင့် လေထုအတွင်း၌ ချိတ်ဆွဲခံထားရသော လူနှစ်ယောက်ကို မြင်တွေ့မိသော်လည်း သူမထံ၌ တစ်စုံတစ်ခုကို ပြောဆိုရန် ရည်ရွယ်ချက် မရှိချေ။
သို့ရာတွင် သူမ၏နတ်ဘုရားစိတ်အာရုံကို ထုတ်လွှတ်လိုက်ပြီးနောက်....
သူမ အချိန်အတော်ကြာ ရှာဖွေခဲ့ရသော ရနံ့သည် ခြံဝန်းအတွင်း၌ ရှိနေပုံရသည့်အား သူမ ရှာဖွေတွေ့ရှိမိသည်။
သူမ၏အတွေးတစ်ချက်နှင့်အတူ....
လှပသောပုံရိပ်လေးသည် လေထုအတွင်းမှ ပျောက်ကွယ်သွားကာ....
မျက်တောင်တစ်ခတ်စာ အချိန်အတွင်းမှာပင် သူမသည် လမ်းမပေါ်၌ ထွက်ပေါ်လာပေ၏။
အကြွင်းမဲ့လှပသော ပုံရိပ်လေးသည် ရင်ခုန်ဖွယ်ကောင်းသဖြင့် မရေမတွက်နိုင်သော ဖြတ်သွားဖြတ်လာများ၏ နှလုံးခုန်နှုန်းများ လျှင်မြန်နေသည်။
ဤသည်မှာ မည်သည့်ညစ်ညမ်းမှုမျှ မရှိသော ကောင်းကင်ဘုံမှ နတ်ဘုရားမတစ်ပါးအလား ပြီးပြည့်စုံပေ၏။
သူမကို မြင်တွေ့မိသော မည်သူမဆို သူတို့ကိုသူတို့ ရှက်ရွံ့ခြင်းများ ပေါက်ဖွားလာပေမည်။
အံ့အားသင့်ခြင်း လေးစားခြင်းများ အကြားတွင်....
ပိုင်ဟွမ်နှင့်ဓားသူတော်စင်တို့သည် ညင်သာပေါ့ပါးသော ခြေလှမ်းများဖြင့် ခြံဝန်းတံခါးထံသို့ ဦးတည်၍ လျှောက်လှမ်းသွားကြသည်။
သူတို့၏ရှေ့၌....
သူတောင်းစားများနှင့် တူညီသော လူသားဖက်ထုပ်ကြီးနှစ်ခု ရှိနေသည်။
ရုတ်ချည်းဆိုသလိုပင်....
ပတ်ဝန်းကျင်နေရာတဝိုက်၌ ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားကာ မနာလိုမှုအငွေ့အသက်များ ကြီးထွားလာသည်။
'မုန်းဖို့ကောင်းလိုက်တာ...'
'ငါတို့ မျှော်လင့်ထားသလိုပဲ...အဲ့ဒီခွေးမသားတွေဆီကို အရင်ရောက်သွားတယ်'
လူငယ်ပါရမီရှင်တချို့သည် ဤအချိန်အခိုက်အတန့်တွင် ရင်ကွဲပက်လက်ဖြစ်ခြင်းကို ခံစားမိလေ၏။
သို့ရာတွင် လူအများ၏အာရုံစူးစိုက်ခြင်းကို ခံနေရသော ရှသားအဖနှစ်ယောက်သည် ထိတ်လန့်တုန်လှုပ်မှုဖြင့် တစ်ယောက်မျက်နှာတစ်ယောက် ကြည့်နေကြ၏။ သူတို့သည် ဝမ်းသာပျော်ရွှင်နေခြင်းကြောင့် သူတို့၏၏မျက်နှာများ နီမြန်းနေသည်။
"ဒါက..."
"ဟား ဟား ဟား...."
သူတို့သည် ရယ်မောလိုခြင်းကို ထိန်းချုပ်နိုင်ရန် အလွန်ခက်ခဲနေသည်။
ဤသည်ကို သူတို့၏ ရယ်ရွှင်ဖွယ်ကောင်းသော ပုံပန်းသွင်ပြင်များနှင့် ပေါင်းစပ်လိုက်ချိန်၌ သူတို့ကို ကြည့်ရသည်မှာ ရူးသွပ်နေသည့်အလားပင်။
သို့ရာတွင် တခြားလူများ၏မျက်လုံးများအတွင်း၌....
ဤကဲ့သို့ မောက်မာထောင်လွှားမှုသည် အမှန်တကယ်ကို လူ့သဘာဝပင်။
မည်သို့ပင်ဆိုစေကာမူ....
သူတော်စင်တစ်ယောက်ထံမှ စကားတစ်ခွန်းဖြင့် လူတစ်ယောက်၏ဘဝကို ပြောင်းလဲပေးနိုင်သည်။
ဤအခွင့်အရေးကောင်းကြီးသည် မည်သူတစ်ဦးတစ်ယောက်မဆို အိပ်မက်မက်နိုင်သောအရာ မဟုတ်ချေ။
ထိုကြောင့် ယခုလက်ရှိအချိန်တွင် အရှက်ရဖွယ်ဖြစ်နေမှုကို မည်သည်ကြောင့် ဂရုစိုက်ရမည်နည်း။
တစ်စုံတစ်ယောက်သည် သူတော်စင်၏သတိပြုမှုကို ခံရသရွေ့ထိုလူ၏အနာဂတ်အောင်မြင်မှုသည် အကန့်အသတ်ရှိမည် မဟုတ်ချေ။
မည်သူတစ်ဦးတစ်ယောက်မဆို အကယ်၍ သူတို့၏နေရာတွင် ရှိနေပါက စိတ်ကူးယဥ်မိကြပေမည်။
ဤအချိန်အခိုက်အတန့်တွင်....
လူများအားလုံးသည် အနည်းငယ်မနာလိုဖြစ်နေကြကာ လူသားဖက်ထုပ်ဖြစ်နေသည်မှာလည်း ကောင်းမွန်သော ရွေးချယ်မှုတစ်ခုဖြစ်ပုံပင်။
သို့ရာတွင် သူတို့မသိနိုင်သည်မှာ....
ရှရှင်းကျစ်တို့သားအဖ၏ စိတ်နှလုံးသားအတွင်းမှာ စိတ်လှုပ်ရှားမှုများသည် သူတို့တွေးတင်ထားသည်ထက် များစွာပို၍ လွန်ကဲနေသည်။
သူတို့ထံသို့ လျှောက်လှမ်းလာသည့် လှပသော ပုံရိပ်လေးနှစ်ခုကိုကြည့်ပြီး....
ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသည် သူတို့၏စိတ်နှလုံးသားများကို တုန်ရီစေသည့်တိုင်....
ရှသားအဖနှစ်ယောက်သည် အလွန်အမင်း ဝမ်းသာပျော်ရွှင်နေပေ၏။
သူတို့သည် အလွန်စိတ်လှုပ်ရှားနေသဖြင့် သူတို့ကိုယ်သူတို့ မထိန်းချုပ်နိုင်တော့ချေ။
ပတ်ဝန်းကျင်တွင်ရှိနေသော ဖြတ်သွားဖြတ်လာများသည်လည်း တပြိုင်နက်တည်း ဦးညွှတ်အရိုအသေပြုလိုက်ကြ၏။
"ပိုင်ဟွမ်ကို အရိုအသေပြုပါတယ်...ဓားသူတော်စင်ကို အရိုအသေပြုပါတယ်"
ထိုလူများ၏အသံသည် အလွန်ကျယ်လောင်ပြီး ပဲ့တင်ထပ်နေသည်။
လူငယ်ပါရမီရှင်များ၏မျက်လုံးများအတွင်းတွင် မလိုလားမှုများ ထင်ဟပ်နေသည်။
သူတို့သည် ပို၍ကောင်းမွန်သည်မှာ သိသာထင်ရှားသော်လည်း...
မည်သည်ကြောင့် သူတော်စင်နှစ်ယောက်သည် သူတောင်းစားနှင့်တူသော သားအဖနှစ်ယောက်ထံသို့ လျှောက်လှမ်းသွားနေသနည်း။
အသက်တစ်ရှိုက်စာ အကွာအဝေး...
ခြေတစ်လှမ်းစာသာ လိုတော့သော်လည်း...
သူတို့သည် ဤအခွင့်အရေးကြီးကို လက်လွှတ်လိုက်ရကာ လူသားဖက်ထုပ်ကြီးနှစ်ခုမှ ယူဆောင်သွားခဲ့သည်။
ဤသည်မှာ အမှန်တကယ်ကို ဒေါသထွက်ဖွယ်ရာပင်။
သို့ရာတွင် တခြားသူများ၏အမြင် မည်သို့ပင်ရှိနေပါစေ ရှရှင်းကျစ်တို့သားအဖသည် ဂရုမစိုက်ဘဲ စကားပြောဆိုနိုင်ရန် ဆက်လက်၍ရုန်းကန်လိုက်ကြသည်။
သူတို့၏မျက်နှာသည် အရေအလွန်ထူပေ၏။
သူတို့သည် အလွန်စိတ်လှုပ်ရှားနေကာ သူတို့၏အမြင်အာရုံအတွင်းတွင် ဒဏ္ဍာရီလာ သူတော်စင်နှစ်ယောက်သာ ရှိတော့သည်။
ဤသည်မှာ ကယ်တင်ရှင်တစ်ယောက်ထက်ပိုပြီး...
ရှမိသားစုအတွက် စစ်မှန်သော ကောင်းချီးတစ်ခုပင်။
သူ့သား၏ စစ်မှန်သောချစ်ခြင်းမေတ္တာသည် သူတော်စင်အသစ်ပိုင်ဟွမ်ကို စိတ်လှုပ်ရှားစေသောကြောင့် ဤကဲ့သို့အခွင့်အရေးမျိုးကို ရရှိခြင်း ဖြစ်ပေမည်။
ယခုအချိန်မှစ၍ ဝမ်ယွဲ့ဂိုဏ်း အောင်မြင်လာတော့ပေမည်။
ထိုအကြောင်းများကို တွေးတောရင်း...
ရှရှင်းကျစ်သည် အလွန်စိတ်လှုပ်ရှားနေသဖြင့် သူ၏မျက်နှာပေါ်သို့ မျက်ရည်များ ယိုစီးကျလာကာ ကျယ်လောင်စွာအော်ဟစ်ပြီး ထပ်မံ၍ အရိုအသေပြုလိုက်၏။
"ပိုင်ဟွမ်ကို အရိုအသေပြုပါတယ်"
"ဓားသူတော်စင်ကို အရိုအသေပြုပါတယ်"
ဤအသံသည် ဆယ်နှစ်ခန့် ချည်နှောင်ခြင်းခံထားရသော မြင်းတကောင်၏အသံထက်ပင် ပို၍ဆူညံနေပေ၏။
ခြံဝန်းအတွင်း၌ ရှိနေသော ရီဖုန်းသည် ထိုဆူညံသံကြောင့် လန့်နိုးသွားကာ ထွက်ပြေးမိတော့လုမတတ် ဖြစ်သွားခဲ့သည်။
ပိုင်ဟွမ်၏နာမည်ကို ကြားချိန်မှသာ သူ အသိပြန်ဝင်လာခဲ့သည်။
သူသည် လေးဆယ်မီတာရှည်လျားသော ဓားရှည်ကို တိတ်တဆိတ် ပြန်လည်သိမ်းဆည်းလိုက်၏။
သူ၏မျက်နှာပေါ်ရှိ ဒေါသအရိပ်အယောင်များသည် အံ့အားသင့်မှုသို့ ပြောင်းလဲသွားပြီးမတ်တတ်ထရပ်ကာ မျှော်လင့်တကြီးဖြင့် ခြံဝန်းတံခါးထံသို့ လျှောက်လှမ်းသွားလိုက်သည်။
ယခုအချိန်ထိတိုင် ခြံဝန်းတံခါး မပွင့်သေးချေ။
ထို့နောက် သူသည် ကလေးတစ်ယောက်၏ ငိုကြွေးတိုင်တန်းသံနှင့် တူညီသော ညည်းတွားသံကို ကြားမိလေ၏။
"ပိုင်ဟွမ်...."
"အရှင်မ ဒီနေရာကို ရောက်လာတာ ငါတို့ကို လာကယ်တာ မဟုတ်လား"
"အရှင်မက ကျွန်တော်တို့ကို ဂရုစိုက်ပေးပါ... အဲ့ဒီရန်သူက အရမ်းရက်စက်ပြီးတော့ သူက ငါတို့ကို ဒီလိုအခြေအနေမျိုးထိ ရောက်အောင် တွန်းပို့ခဲ့တယ်...သူက အရှင်မကို နေရာအနှံ့အပြားမှာ ရှာနေပြီးတော့ အရှင်မရဲ့နာမည်ဂုဏ်သတင်းကို ညှိုးနွမ်းအောင် လုပ်နေတယ်"
"ငါတို့ အရှက်ခွဲခံရတာက ကိစ္စငယ်လေးတစ်ခုပါ....ဒါပေမယ့် အရှင်မရဲ့နာမည်ဂုဏ်သတင်းကို ညှိုးနွမ်းခံလို့ မဖြစ်ဘူး"
"ခွင့်လွှတ်နိုင်စရာ အကြောင်းမရှိတဲ့ ပြစ်မှုတွေကို ကျူးလွန်ခဲ့တဲ့ တရားခံက သေသင့်တယ်"
ရှရှင်းကျစ်သည် အမှန်တကယ်ကို သူတော်စင်တစ်ယောက်၏ ဆွေမျိုးဖြစ်ရန် ထိုက်တန်သည်။ သူတော်စင် ရောက်ရှိလာသည်ကို သူမြင်သည်နှင့် သူ၏အနိုင်ကျင့်လိုသော စိတ်နေသဘောထား အပြည့်အဝပေါ်ထွက်လာသည်။
သူ ပါးစပ်ဟလိုက်သည်နှင့် သတ်ဖြတ်ရန် ပြောဆိုခဲ့သည်။
ဤသည်မှာ အမှန်တကယ်ကို ကောင်းမွန်သောကိစ္စပင်။
သို့ရာတွင် သူသည် မီးပုံအတွင်းသို့ လောင်စာထပ်ထည့်ရန် လိုအပ်နေဆဲပင်။
ထိုသို့မဟုတ်ပါက...
တိုက်ပွဲစတင်ချိန်တွင် သူတော်စင်သည် နာကြည်းမုန်းတီးမှုများ ပြင်းထန်ခြင်းမရှိသောကြောင့် ခွန်အားကုန်တိုက်ခိုက်ခြင်း မပြုဘဲ နေပေမည်။
ရှရှင်းကျစ်၏အသံကို ကြားရသည်မှာ အလွန်ကောင်းမွန်ပေ၏။
ထိုစကားများကိုကြားပြီးနောက် ရီဖုန်းသည် စိတ်လှုပ်ရှားသွားကာ သူသည် အကြိမ်အနည်းငယ်ခန့် ကူညီ၍ အော်ဟစ်ပေးမိလုနီးပါးပင်။
ရုတ်ချည်းဆိုသလိုပင်...
သူသည် ပြင်ပသို့ ပြေးထွက်ကာ သူ အချိန်အတော်ကြာ စောင့်ဆိုင်းနေခဲ့ရသော သေခြင်းတရားကို ဆီးကြိုနှုတ်ဆက်လိုက်သည်။
တံခါးကို ဖွင့်လိုက်ချိန်တွင်....
ရှရှင်းကျစ်သည် အလွန်ထိတ်လန့်ကြောက်ရွံ့သွားသောကြောင့် သူ၏နောက်ကျော တုန်ရီသွားသည်။ ထို့နောက် သူသည် နောက်သို့ချာခနဲလှည့်ကြည့်ပြီး အော်ဟစ်ဆဲဆိုလိုက်၏။
"ဒါက သူပဲ...."
"ဒါက သူပဲ....ယုတ်မာတဲ့ကောင်...သူက အရှင်မရဲ့ နာမည်ဂုဏ်သတင်းကို ညစ်ညမ်းစေပြီးတော့ သူက ပိုင်ဟွမ်ကို ရှာနေတယ်လို့တောင် ပြောခဲ့တယ်"
ပတ်ဝန်းကျင်တွင် ရှိနေသော...
ဖြတ်သွားဖြတ်လာများသည် တပြိုင်နက်တည်း သက်ပြင်းရှိုက်လိုက်ကြကာ သူတို့၏မျက်လုံးများအတွင်း၌ စာနာသနားမှုအရိပ်အရောင်များဖြင့် ပြည့်နှက်နေသည်။
သူတော်စင်များ၏အောက်တွင် သက်ရှိများအားလုံးသည် ပုရွက်ဆိတ်များပင်။
ဤလူငယ်သည် အလွန်မောက်မာထောင်လွှားကာ ရှသားအဖနှစ်ယောက်ကို သူခိုးများအလား ဖမ်းဆီးထားခဲ့သည်။ သူသည် သူတော်စင်တစ်ယောက်ကို အပြစ်ပြုမိခဲ့သဖြင့် ယနေ့တွင် သူဒုက္ခတွေ့တော့ပေမည်။
သိုရာတွင် နောက်ထပ်အချိန်အခိုက်အတန့်၌...
ဘန်းခနဲအသံနှစ်သံကို ကြားလိုက်ရသည်။
ယခုကြည့်ကြည့်တော့မှ ရှရှင်းကျစ်တို့သားအဖသည် နောက်သို့လွင့်ထွက်သွားကာ ကြိုးပြတ်သွားသော စွန်များအလား မျက်တောင်တစ်ခတ်အချိန်အတွင်းမှာပင် ပျောက်ကွယ်သွားခဲ့သည်။
သူတို့ သေသလော ရှင်သလောကို မည်သူမျှ မသိနိုင်ချေ။
သူတို့၏ဝင်တိုက်သွားမှုကြောင့် အိမ်ဟောင်းအမြောက်အများ ပြိုလဲပျက်စီးသွားပေ၏။
လူများအားလုံး ထိတ်လန့်တုန်လှုပ်သွားသည်။
ပိုင်ဟွမ်သည် ပတ်ဝန်းကျင်ရှိ အရာရာတိုင်းကို လျစ်လျူရှုပြီး ရှေ့သို့လျှောက်လှမ်းလိုက်၏။
ဤပြိုင်ဘက်ကင်အလှပဂေးလေး၏ မျက်နှာပေါ်တွင် ယခင်က တစ်ကြိမ်တစ်ခါမျှ ပြသခဲ့ဖူးခြင်းမရှိသော နွေးထွေးမှုများရှိနေသည်။
"နင်နဲ့မတွေ့ရတာ အချိန်အတော်ကြာနေပြီ"
ဤနူးညံညင်သာသောအသံသည် လူများအားလုံး၏ နားများအတွင်းသို့ မိုးခြိမ်းသံအလား ဝင်ရောက်သွားသည်။
ဖြတ်သွားဖြတ်လာများ အံ့အားသင့်သွားကာ သူတို့အားလုံး ပါးစပ်အဟောင်းသား ဖြစ်နေကြသည်။
မည်သည်ကြောင့်နည်း....
မည်သည့်ကိစ္စများ ဖြစ်ပျက်နေသနည်း...
သူတော်စင်တစ်ယောက်၏ အမျက်ဒေါသသည် ဤကဲ့သို့ ဖြစ်သလော....
ရီဖုန်းပင်လျှင် သူ၏မျက်နှာပေါ်ရှိအပြုံး အေးခဲတောင့်တင်းသွားသည်။
ထိုအစား....
သူ့၏မျက်နှာပေါ်တွင် အလွန်အမင်း စိတ်ရှုပ်ထွေးနေသော အမူအယာတစ်ရပ် ထင်ဟပ်နေသည်။
အချိန်အတော်ကြာ ဝေးကွာနေခဲ့သည့် လှပသောပုံရိပ်လေးသည် သူ့ထံသို့ ဦးတည်၍ လျှောက်လှမ်းလာသည်ကို သူ မြင်တွေ့မိသည်။
ရီဖုန်းသည် လုံးလုံးလျားလျား စိတ်ရှုပ်ထွေးသွားကာ နေရာမှာပင် ကြက်သေသေနေလေ၏။
"ပိုင်ဖျောင်ဖျောင်လား...."
Chapter 980:
သေစမ်း...
အခုကြည့်ကြည့်တော့မှ ပိုင်ဟွမ်က ဒီမိန်းကလေး ဖြစ်နေတာပါလား...
ဒါက ဘယ်လိုငရဲမျိုးလဲ...
ငါ အော်ဆဲလိုက်ချင်တယ်...
ရီဖုန်းသည် စိတ်ရှုပ်ထွေးသွားပေ၏။
ဒဏ္ဍာရီလာသူတော်စင် ပိုင်ဟွမ်သည် အမှန်အားဖြင့် ပိုင်ဖျောင်ဖျောင် ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။
သူ၏ရှေ့၌ မတ်တတ်ရပ်နေသော မိန်းကလေးကို ကြည့်လိုက်ချိန်တွင်...
သူမ၏ ကြည်လင်သော မျက်လုံးတစ်စုံအတွင်းတွင် နူးညံ့ညင်သာမှုများဖြင့် ပြည့်နှက်နေသည်။
သူ ယခင်က ပြင်ဆင်ထားခဲ့သော စကားလုံးများနှင့် မုန်းတီးမှုကို ဆွဲဆောင်နိုင်ရန် နည်းလမ်းပေါင်းစုံတို့သည်လည်း အသုံးမဝင်တော့ချေ။
သူ ကြိုတင်ပြင်ဆင်ထားခဲ့သော သရုပ်ဆောင်စွမ်းရည်သည်လည်း လုံးလုံးလျားလျား အလဟဿ ဖြစ်သွားလေပြီ။
လွင့်ထွက်သွားသော ရှသားအဖနှစ်ယောက်ကိုကြည့်ပြီး ဤအချိန်အခိုက်အတန့်၌ ဤလူနှစ်ယောက်သည် ပိုင်ဖျောင်ဖျောင်နှင့် မည်သည့်သက်ဆိုင်မှုမျှ မရှိကြောင်း သူ၏ခြေဖနောင့်ဖြင့်တွေးတောလျှင်ပင် ရှာဖွေဖော်ထုတ်နိုင်သည်။
သူ လှည့်စားခံလိုက်ရလေပြီ။
ဤကိစ္စများအားလုံးသည် နားလည်မှုလွဲခြင်းပင်။
ဟူး...
သို့ရာတွင် မရေမတွက်နိုင်သော မျက်လုံးအကြည့်များသည် သူ့ထံသို့ စူးစိုက်၍ ကျရောက်နေကာ သူသည် မြင်ကွင်းတစ်ခုလုံး၏ ဗဟိုချက် ဖြစ်နေလေပြီ။
ဤအခြေအနေနှင့် ကိုက်ညီစေရန်အတွက်...
ရီဖုန်းက သွေးတိုးစမ်းသည့်သဘောဖြင့် မေးမြန်းရုံသာ တတ်နိုင်တော့သည်။
"အင်း....မင်း ငါ့ကို သတ်ပေးလို့ ရမလား..."
ဒါက ဘယ်လိုလှည့်ကွက်မျိုးလဲ....
ပတ်ဝန်းကျင်ရှိ လူများသည် လုံးလုံးလျားလျား ဇဝေဇဝါဖြစ်သွားကာ ဤကိစ္စကိုတွေးတောရန် သူတို့ ဉာဏ်မမီတော့ချေ။
ဆုကျဲပင်လျှင် နောက်မှကြည့်နေရင်း ကြောင်အမ်းအမ်း ဖြစ်နေသည်။
ပိုင်ဖျောင်ဖျောင် တစ်ယောက်တည်းကသာ...
အချိန်တစ်ခဏကြာခန့် တွေဝေနေပြီးနောက် သူမသည် သူမ၏နီမြန်းသော နှုတ်ခမ်းတစ်စုံကို သူမ၏လက်ဖြင့် ဖုံးကွယ်ကာ သူမ၏မျက်လုံးအတွင်းရှိ ရွှင်မြူးသော အရိပ်အယောင်များ ပို၍ပီပြင်ထင်ရှားလာသည်။
"မတွေ့ရတာကြာပြီ...နင်က အခုထိ အရမ်းစိတ်ဝင်စားဖို့ကောင်းနေတုန်းပဲ"
သူမ၏အပြုံးသည် ဆွဲဆောင်မှုရှိသော်လည်း မာယာများခြင်းမရှိဘဲ ငြိမ်းချမ်းသောလရောင်နှင့် ထွန်းသစ်စ နံနက်ခင်းနေမင်းအလင်းရောင်အလားပင်။
ပတ်ဝန်းကျင်ရှိ ဖြတ်သွားဖြတ်လာများပင်လျှင် သူတို့၏နှလုံးခုန်နှုန်းများ လျှင်မြန်လာသည်။
သို့ရာတွင် ပိုင်ဟွမ်၏ ကြည်လင်သော မျက်လုံးတစ်စုံအတွင်း၌ သူမ၏ရှေ့ရှိ လူတစ်ယောက်တည်းသာ ရှိနေသည်ကို သူတို့အားလုံး မြင်တွေ့မိသည်။
ထို့ပြင် အစောပိုင်းက ထိုလူငယ်သည် ပိုင်ဟွမ်၏နာမည်ကို ခေါ်ဆိုလိုက်သည်အား သူတို့ ပြန်လည်တွေးတောမိလေ၏။
ဤသည်မှာ သူတို့နှစ်ယောက်သည် အလွန်ရင်းနှီးကျွမ်းဝင်နေပုံပင်။
ရုတ်ချည်းဆိုသလိုပင်...
ပတ်ဝန်းကျင်ရှိ လေထုအတွင်း၌ ချဥ်စူးစူးရနံ့များ ပျံ့လွင့်သွားသည်။
အရူးတစ်ယောက်ပင်လျှင် ဤကိစ္စကို တွေ့မြင်နိုင်သည်။
သူတို့နှစ်ယောက်သည် အလွန်ရင်းနှီးသော ဆက်ဆံရေးရှိသည့် သိဟောင်းကျွမ်းဟောင်းများပင်။
သောက်ချေးပဲ...
ပိုင်ဖျောင်ဖျောင် ရယ်မောနေသည်ကို ကြည့်ပြီး...
ရီဖုန်းကလည်း ရယ်မောလိုက်ကာ ကိုးရိုးကားယားဖြစ်နေသော အခြေအနေကို ဖြေဖျောက်လိုက်၏။
ဟူး....
သူ၏စိတ်အတွင်း၌ အလွန်အမင်း မလိုလားသည့်တိုင် ...
သူ သိရှိသွားခဲ့ရသည်မှာ....
ဤတစ်ကြိမ် သူ၏သေလမ်းရှာခြင်းအစီအစဉ်သည် လုံးလုံးလျားလျား ကျရှုံးသွားလေပြီ။
မည်သည်ကြောင့်နည်းဟု မေးလျှင်...
အချိန်အတော်ကြာမတွေ့ရသော မိတ်ဆွေဟောင်းတစ်ယောက်နှင့် ပြန်တွေ့ခဲ့ကာ တစ်ချိန်က သူ့အပေါ်တွင် ဂရုစိုက်ခဲ့သော မိန်းကလေးတစ်ယောက်သည် ယနေ့တွင် ရုတ်တရက် ထွက်ပေါ် လာခဲ့သည်။ သူသည် ဤကဲ့သို့ ဖြစ်လာမည်ဟု မျှော်လင့်မထားမိသဖြင့် အနည်းငယ်အံ့အားသင့်နေမိသည်။
ဤသည်ကို ကံဆိုးမှုအကြားမှ ကံကောင်းမှုတစ်ခုဟု ယူဆနိုင်ပေ၏။
သို့ရာတွင် ပိုင်ဖျောင်ဖျောင်၏မျက်လုံးများအတွင်း၌...
ရီဖုန်း၏ ကိုးရိုးကားယားဆန်သော အပြုံးကိုကြည့်ပြီး သူမ၏နှလုံးခုန်နှုန်း အထိန်းအကွပ်မဲ့စွာ လျှင်မြန်လာသည်။
ဤလူငယ်ကို ပထမဆုံးအကြိမ် သူမ မြင်တွေ့ခဲ့စဉ်ကလည်း ဤကဲ့သို့ အမူအယာမျိုး ရှိနေသည်။
နှစ်အနည်းငယ်ခန့် ကြာမြင့်သွားခဲ့သော်လည်း...
အရာအားလုံးသည် မနေ့တနေ့က ဖြစ်ပွားသွားခဲ့သည့်အလားပင်။
သူမတို့ တဖန်ပြန်၍ ဆုံတွေ့နိုင်လေပြီ။
ဤသည်မှာ ခန်းဆောင်နီအတွင်းရှိ အိပ်မက်တစ်ခုနှင့် တူညီကာ အရာအားလုံးသည် လှပသော်လည်း အစစ်အမှန် မဟုတ်သည့်အလားပင်။
ရီဖုန်း ပြောခဲ့သည့် စကားများကို ပြန်တွေးတောပြီးနောက်....
ပိုင်ဖျောင်ဖျောင်၏နှလုံးခုန်နှုန်း အလွန်အမင်းလျင်မြန်လာကာ သူမ၏ပတ်ဝန်းကျင်ရှိ အရာရာတိုင်းကို အချိန်အတော်ကြာ မေ့လျော့သွားခဲ့သည်။
သူမ၏ ကြည်လင်သော မျက်လုံးတစ်စုံအတွင်း၌ သူမ နေ့နေ့ညည လွမ်းဆွတ်နေခဲ့သော ချောမောခန့်ညားသည့် မျက်နှာလေးသာ ရှိတော့ပေ၏။
သူမသည် အချိန်တခဏကြာခန့် တွေဝေနေပြီးနောက်...
နောက်ဆုံးတွင် သူမ၏စိတ်အတွင်း၌ ရှိနေသောအရာကို ဖွင့်ဟမေးမြန်းလိုက်သည်။
"နင်က ငါ့ကို နေရာအနှံ့မှာ လိုက်ရှာနေတယ်လို့ ငါ ကြားထားတယ်...ဒါက အမှန်ပဲလား"
ဤကဲ့သို့ မေးမြန်းခံရချိန်၌ ရီဖုန်း၏မျက်နှာ ရှက်ရွံမှုကြောင့် နီမြန်းသွားသည်။
သူသည် သူတော်စင်တစ်ယောက်ကို ရှာဖွေခြင်းမှာ သူ သေဆုံးနိုင်ရန် အခွင့်ကောင်းတခုဟု ယူဆပြီး နည်းလမ်းပေါင်းစုံကို အသုံးပြု၍ ပိုင်ဟွမ်ကို အချိန်အတော်ကြာ ရှာဖွေခဲ့သည်။ သို့ရာတွင် ပိုင်ဟွမ်သည် သူ၏သိဟောင်းကျွမ်းဟောင်းတစ်ယောက် ဖြစ်နေမည်ဟု သူ မျှော်လင့်မထားမိချေ။
ဤအမှားသည် အလွန်ရှက်ရွံဖွယ် ကောင်းပေ၏။
အကယ်၍ တခြားလူများ၏ကိစ္စကို သိရှိသွားပါက...
သူ၏နာမည်ဂုဏ်သတင်း ပျက်စီးသွားနိုင်သည် မဟုတ်လော....
သို့ရာတွင် ဤသည်မှာ အမှန်တရားဖြစ်ပြီး...
သက်သေအမြှောက်အများလည်း ရှိနေသောကြောင့်...
သူ ဝန်ခံရပေမည်။
သူသည် ရှက်ကိုးရှက်ကန်းဖြင့် ခေါင်းကုတ်ပြီး ရှင်းပြလိုက်၏။
"အင်း....ဒါက အမှန်ပဲ...မင်းက သူတော်စင်တစ်ယောက်ဖြစ်နေမယ်လို့ ငါ ထင်မထားမိဘူး"
ဤမျက်နှာအမူအယာ ဤလှုပ်ရှားမှုနှင့် မပွင့်လင်းသောစကားလုံးများ...
ပိုင်ဖျောင်ဖျောင်၏ မျက်လုံးများအတွင်းတွင် ရီဖုန်းသည် အချစ်နွံအတွင်းကျရောက်နေကာ ရှက်ရွံ့ပြီး အနေခက်နေသော လူငယ်တစ်ယောက်အလားပင်။
ဤသည်မှာ အမှန်တကယ်ကို ချစ်စဖွယ်ကောင်းပေ၏။
ပြန်လည်ဆုံတွေ့မိချိန်တွင်....
ရီဖုန်းသည်လည်း ပြောင်းလဲသွားပုံရသည်။
ဤသည်မှာ အနည်းငယ်မျှသာ ဖြစ်သော်လည်း...
သူမကမူ ဘယ်သောအခါမျှ ပြောင်းလဲမည် မဟုတ်ချေ။
သူ့အား မြင်တွေ့လိုသည့် ပြင်းပြသော စိတ်ဆန္ဒသည် ယခင်အတိုင်း ရှိနေဆဲဖြစ်ကာ အနည်းငယ်ပို၍ပင် ပြင်းထန်နေပေ၏။
သူမ၏မျက်နှာ ရှက်ရွံ့မှုကြောင့် နီမြန်းနေကာ....
ပိုင်ဟွမ်၏မျက်လုံးများအတွင်း၌ ရိုးသားဖြူစင်မှုများ ထင်ဟပ်နေပြီး သူမက တုံ့ပြန်သည့်အနေဖြင့် ဖြည့်ညှင်းစွာ ခေါင်းညိတ်လိုက်သည်။
"အင်း...."
"ငါ့ရဲ့ကျင့်ကြံမှုမှာ မကြာသေးခင်က တိုးတက်မှုတွေအများကြီး ရခဲ့တယ်...ဒါပေမဲ့ ငါက သူတော်စင် ဟုတ်ဟုတ်မဟုတ်ဟုတ် အရင်ကလူပါပဲ"
ဤစကားလုံးများ ထွက်ပေါ်လာသည်နှင့်...
ရီဖုန်းသည် နွေးထွေးမှုကို ခံစားမိလေ၏။
အတိတ်ဘဝတွင်...
သူ့ထံ၌ မိတ်ဆွေကောင်းများ ရှိခဲ့သော်လည်း ကံအကြောင်းမလှစွာဖြင့် အချိန်များကုန်လွန်လာသည်နှင့်အမျှ သူတို့၏ဘဝများ တဖြည်းဖြည်းကင်းကွာသွားကာ အဆက်အဆံ လျော့နည်းသွားကြသည်။ သူတို့၏မတူကွဲပြားသော လူနေမှုအဆင့်အတန်းများသည် သူတို့၏မိတ်ဆွေဆက်ဆံရေးကို မှေးမှိန်သွားစေခဲ့သည်။
မမျှော်လင့်ဘဲ....
ထူးဆန်းသောကမ္ဘာလောကအတွင်းတွင် သစ္စာရှိပြီး စိတ်ထားကောင်းသော မိန်းကလေးတစ်ယောက်နှင့် သူ ဆုံတွေ့ခဲ့ရသည်။
ခင်မင်မှုသည် ထာဝရတည်မြဲနေကာ...
ဤလောကကြီးအတွင်း၌ စစ်မှန်သော ချစ်ခြင်းမေတ္တာ ရှိနေပေ၏။
ထိုကြောင့် ရီဖုန်းသည် သူ၏သေကြောင်းကြံစည်မှု ကျရှုံးသွားသော်လည်း စိတ်သက်သာရာရမှုကို ခံစားမိသည်။
ထို့နောက် သူ၏မျက်နှာပေါ်တွင် နေရောင်ခြည်ကဲ့သို့ တောက်ပနေသော အပြုံးတစ်ခု ထင်ဟပ်လာသည်။
"ငါ သိတယ်...ဒီဘဝမှာ ငါ မင်းနဲ့ သိကျွမ်းခဲ့ရတာ အရမ်းကောင်းတာပဲ...မင်းက ငါ့အတွက် အရေးကြီးတဲ့လူပဲ..."
'အရေးကြီးတဲ့လူ'ဟု ဆိုသလော....
ဤမှတ်ချက်စကားကြောင့် ပိုင်ဖျောင်ဖျောင်၏စိတ်နှလုံးသား တုန်ရီသွားသည်။
သူမသည် အံ့အားသင့်စွာဖြင့် ရီဖုန်းကို ကြည့်လိုက်၏။
သူ၏တောက်ပသောအပြုံးကို မြင်တွေ့ချိန်တွင်...
သူမ ယခင်က တစ်ကြိမ်တခါမျှ ခံစားခဲ့ဖူးခြင်းမရှိသော ချိုမြိန်မှုကို ခံစားမိလေ၏။
ဤခံစားချက်သည် မယုံကြည်နိုင်ဖွယ်ကောင်းပြီး သူမ သူတော်စင်တစ်ယောက် ဖြစ်လာစဉ်အချိန်က ခံစားချက်ပင်လျှင် နှိုင်းယှဉ်နိုင်မည်မဟုတ်ချေ။
ရီဖုန်း...
သူမ၏ခံစားချက်များကို သူ နားလည်နေသလော...
ဤအချိန်အခိုက်အတန့်တွင်...
ထောင်နှင့်ချီသောလူများမှ ဤမြင်ကွင်းကို စောင့်ကြည့်နိုင်သည့်တိုင် သူသည် ဤကဲ့သို့ ရဲတင်းသောစကားများကို ဖွင့်ဟပြောဆိုခဲ့သလော...
ကြည့်ရသည်မှာ...
ဤနှစ်များတလျှောက်တွင် သူသည် သူမနှင့်တွေ့ဆုံနိုင်ရန် တွေးတောနေခဲ့ပုံပင်။
အကယ်၍ ထိုသို့မဟုတ်ပါက...
ရီဖုန်းသည် သူမအား နေရာအနှံ့အပြား၌ ရှာဖွေနေမည် မဟုတ်ချေ။ ထို့ပြင် သူသည် ဤကိစ္စကို တခြားလူများအား အသိပေးမည် မဟုတ်ချေ။
သူမတို့၏ဆုံစည်းမှုသည်...
အချိန်ကြောင့် မှေးမှိန်သွားရမည့်အစား သက်တမ်းရင့်ဝိုင်အရက်ကဲ့သို့ ယစ်မူးနေစေသည်။
ပိုင်ဖျောင်ဖျောင်က ပြုံးလိုက်သည်။
သူမသည် ယခင်က တစ်ကြိမ်တစ်ခါမျှ ဤကဲ့သို့သူမ၏စိတ်နှလုံးသားအတွင်းမှလာသော အပြုံးမျိုး မပြုံးခဲ့ဘူးချေ။ သူမ၏ကြည်လင်သောမျက်လုံးတစ်စုံအတွင်းရှိ ဝမ်းသာမျက်ရည်များကို ကြိုးစား၍ ထိန်းချုပ်ရင်း သူမသည် အလွန်အမင်းပျော်ရွှင်မှုကို ခံစားမိလေ၏။
အမ်...
ရုတ်တရက်...
မဟာတာအို၏ ထူထပ်သိပ်သည်းသော အရှိန်အဝါတစ်ရပ်က ပတ်ဝန်းကျင်သို့ ပျံ့နှံ့သွားသည်။
ဤနေရာတွင်ရှိနေသော ဖြတ်သွားဖြတ်လာများအားလုံး အံ့အားသင့်တုန်လှုပ်သွားသည်။
ပတ်ဝန်းကျင်ရှိ မဟာတာအို၏စည်းချက်များကို ခံစားမိချိန်တွင် လူများအားလုံးသည် စိတ်လှုပ်ရှားသွားကာ ငြိမ်ငြိမ်မနေနိုင်ကြတော့ချေ။
ဤသည်မှာ ကောင်းမွန်သော အခွင့်အရေးတစ်ခုဖြစ်ကာ...
သူတို့၏ဘဝတစ်သက်စာ၌ တစ်ကြိမ်သာ ရနိုင်သော အခွင့်အရေးပင်။
တချိန်တည်းမှာပင်...
ဤအခွင့်အရေးကိုပင် ဂရုမစိုက်ဘဲနေရာ၌ တောင့်တင်းစွာ မတ်တတ်ရပ်နေသည့် လူငယ်ပါရမီရှင် အမြောက်အများလည်း ရှိနေသည်။ သူတို့၏မျက်လုံးများ မီးဝင်းဝင်းတောက်နေကာ မီးပွားများ ဖြာထွက်တော့လုမတတ်ပင်။
မည်သည်ကြောင့်နည်း...
ပိုင်ဟွမ်သည် မည်သည်ကြောင့် ဤလူကို အလွန်တန်ဖိုးထားနေသနည်း။
သူတို့နှစ်ယောက်သည် အချင်းချင်းစကားပြောဆိုပြီး အတိတ်ကိုပြန်လည်တွေးတောကာ တစ်ယောက်သည် တခြားတစ်ယောက်၏ နှလုံးသားစေရာကို ပြောဆိုနေသည့်အလားပင်။ သူတို့ကိုကြည့်ရသည်မှာ သာမန်မိတ်ဆွေသူငယ်ချင်းများနှင့် အနည်းငယ်မျှ မတူညီချေ။
ထို့ပြင် သူတို့သည် ပိုင်ဟွမ် ထပ်ခါတလဲလဲ ရယ်ပြုံးနေသည်ကို မြင်တွေ့မိလေ၏။
ဤနေရာပတ်ဝန်းကျင်ရှိ လူငယ်ပါရမီရှင်များအားလုံး အံ့တင်းတင်းကြိတ်ထားကြသည်။
ချဥ်လိုက်တာ....
လေထုအတွင်းရှိ ချဥ်စူးသောရနံ့သည် ပို၍ပြင်းထန်ပြီး အနည်းငယ်စူးရှလာသည်။
အကယ်၍ သူတို့သည် ယခင်က ရှရှင်းကျစ်ကို သူခိုးတစ်ယောက်ဟု ပြောဆိုခဲ့သည်ဆိုပါက...
ဤအချိန်အခိုက်အတန့်တွင် ရီဖုန်းသည်...
အဆပေါင်းတစ်သန်းထက် ပို၍ရွံရှာစပ်ဆုပ်ဖွယ် ကောင်းပေ၏။
သူတို့ အလိုချင်ဆုံးဆန္ဒသည် ပိုင်ဟွမ်၏အနီးသို့ချဉ်းကပ်ပြီး ကံကြမ္မာကောင်းတစ်ခုကို ရယူနိုင်ရန်ပင်။ ဤသည်မှာ အနည်းငယ် အရှက်မဲ့ရာကျသော်လည်း လူ့သဘာဝ ဖြစ်ပေ၏။
လူသားများတွင် မြင့်မားသော ရည်မှန်းချက်ပန်းတိုင်များ အစဉ်အမြဲ ရှိကြသည်။
သို့ရာတွင် ဤကောင်စုတ်သည် အလွန်ကံကောင်းပေ၏။
သူသည် အမှန်တကယ်ကို ပိုင်ဟွမ်ကဲ့သို့ နတ်ဘုရားမတပါးနှင့် ရယ်မောပြီး စကားပြောဆိုနိုင်သည်။ ရင်းနှီးသောလေသံနှင့်အမူအယာတို့သည် လူအများအား တချက်ကြည့်မိရုံဖြင့် ဒေါသထွက်စေသည်။
ဤသည်မှာ အလွန်ရွံရှာစပ်ဆုပ်ဖွယ် ကောင်းပေ၏။
အချိန်အတော်ကြာ စောင့်ကြည့်ပြီးနောက်...
ပတ်ဝန်းကျင်နေရာတဝိုက်မှနေ၍ တစ်စုံတစ်ခု အက်ကွဲသွားသော အသံများကို မရေမတွက်နိုင်အောင် ကြားလိုက်ရသည်။
ဤသည်မှာ လူငယ်ပါရမီရှင်များ၏နှလုံးသားများပင်။
သူတို့၏မနာလိုအားကျမှုများသည် အဆုံးစွန်ဆုံးအဆင့်သို့ ရောက်ရှိနေလေပြီ။
ရီဖုန်း၏အဆင့်အတန်း မည်သို့ပင် ရှိနေပါစေ ဤအချိန်အခိုက်အတန့်တွင် လူအများ၏စိတ်နှလုံးသားအတွင်း၌ မနာလိုမှုတစ်ခုတည်းသာ ရှိတော့သည်။
ထို့ပြင် လူတချို့သည် ရီဖုန်းအား လူထု၏နံပါတ်တစ်ရန်သူအဖြစ် သူတို့၏စိတ်အတွင်း၌ သတ်မှတ်ထားပေ၏။
ထို့နောက် သူတို့သည် အရှင်မပိုင်ဟွမ်ကို ကြည့်လိုက်သည်။
ယခုကြည့်ကြည့်တော့မှ...
သူမသည် ရှက်သွေးဖြာနေသော မျက်နှာဖြင့် ခေါင်းငုံထားသလော....
လူများအားလုံး ထုံကျင်သွားကာ..
သူတို့သည် မိုးကောင်းကင်ယံသို့ မော့ကြည့်ပြီး ကူကယ်ရာမဲ့မှုကို ခံစားမိလေ၏။
သူတို့သည် ချစ်သူစုံစွဲတစ်တွဲအကြားတွင် ကိုးလိုးကန့်လန့် ဖြစ်နေသူများပင်။
သူတို့သည် ဤဖြစ်စဉ်တစ်ခုလုံးတွင် ပိုင်ဟွမ်၏လျစ်လျူရှုခြင်းကို ခံရသည့်အတွက် အလွန်မကျေမနပ်ဖြစ်နေသော်လည်း...
ကိစ္စတစ်ခုကို ရှင်းရှင်းလင်းလင်း မြင်တွေ့မိလေ၏။
ဤလူသည် ပိုင်ဟွမ်၏စိတ်နှလုံးသားအတွင်း၌ အလွန်အရေးပါသော နေရာ၌ ရှိနေပြီး သူတို့ မည်သို့မျှ ယှဉ်ပြိုင်နိုင်မည် မဟုတ်ချေ။
တပ်မက်ဖွယ်အလှတရားကို ကြည့်ပြီး....
လူများအားလုံးသည် တိတ်တိတ်လေး မျက်ရည်ကျနေသည်မှလွဲ၍ တခြားမည်သည့်အတွေးမျှရမရှိတော့ချေ။ သို့ရာတွင် သူတို့သည် မဆင်မခြင် ထွက်သွားဝံ့ခြင်းလည်း မရှိပေ။ ထို့ကြောင့် သူတို့၏နှလုံးသားများကို ထောင်ပေါင်းများစွာသော မြှားများဖြင့် ထိုးစိုက်သည့်အလား ညှဉ်းပန်းနှိပ်စက်မှုကို တောင့်ခံရုံသာ တတ်နိုင်တော့သည်။
သောက်ချေးပဲ....
သူတို့သည် အမှန်တကယ်ကို ကျယ်လောင်စွာအော်ဟစ်၍ ဆဲဆိုလိုသည်။
အဲ့ဒီနှစ်ယောက်ကို ဂုဏ်ပြုပေးဖို့အတွက် တစ်ယောက်ယောက်က ငါ့ကို မြန်မြန်လာသတ်ပေးပါလား...
လူငယ်တစ်ယောက်၏မျက်နှာပေါ်တွင်မျက်ရည်များ စိုရွှဲနေကာ သူ အသည်းကွဲနေလေပြီ။
သူတို့၏ကြေကွဲဝမ်းနည်းမှုနှင့် ထိုလူငယ်အပေါ်မုန်းတီးမှုတို့ကို သူ၏စိတ်အတွင်း၌ မြိုသိပ်လိုက်၏။
ရီဖုန်းတို့နှစ်ယောက် ရယ်မောရင်း စကားစမြည်ပြောဆိုနေသည်ကိုကြည့်ပြီး ပတ်ဝန်းကျင်ရှိလူငယ်များ တဖြည်းဖြည်း ကျင့်သားရလာသည်။ နောက်ဆုံး၌ သူတို့သည် ရီဖုန်းအပေါ် အာရုံစူးစိုက်လိုက်ကြ၏။
နောက်ပိုင်းတွင်သူတို့နားလည်သဘောပေါက်သွားသည်မှာ
ဤလူ၏ သာလွန်ထူးကဲသော အရေးပါမှုကို ကြည့်ပြီးနောက် သူတို့ထံတွင် ထိတ်လန့်တုန်လှုပ်မှုများ စတင်၍ ပျံ့နှံလာသည်။
သူတို့ ဤကိစ္စကို ဝန်မခံလိုသည့်တိုင်...
သူတော်စင်တစ်ယောက်နှင့် နီးကပ်စွာဆက်ဆံနိုင်သူသည် သာမန်လူတစ်ယောက် မဖြစ်နိုင်ကြောင်းကို သူတို့ သိရှိထားသည်။ သူတော်စင်တစ်ယောက်၏ သတိပြုမိခြင်းကို ခံရသည်မှာ မည်ကဲ့သို့လူစားမျိုး ဖြစ်သနည်း။
ထိုအကြောင်းကို တွေးတောကြည့်ရုံဖြင့်....
လူအများစုသည် သူတို့၏နှလုံးသားများ သူတို့၏ လည်မြိုများမှ ခုန်ထွက်တော့လုမတတ် ထိတ်လန့်တုန်လှုပ်သွားသည်။ ထို့ပြင် သူတို့၏စိတ်အတွင်းမှပင် ဤလူနှစ်ယောက်အား မဝေဖန်ရဲတော့ချေ။
ပတ်ဝန်းကျင်နေရာတဝိုက်၌....
တာအိုအငွေ့အသက်များကို လေ့လာဆင်ခြင်ရာ၌ လူအမြောက်အများ နစ်မြောသွားသည်။
သူတို့သည် ပိုင်ဟွမ်၏အချစ်ရေးကိစ္စကို လက်မခံလိုသည့်တိုင်....
ဤကဲ့သို့ အခွင့်အရေးတစ်ခုနှင့် ကြုံတွေ့နေရချိန်တွင် လူငယ်ပါရမီရှင်များသည် လက်လွတ်ခံလိုခြင်း မရှိချေ။
အသက်ရှူချိန် အနည်းငယ် ကြာမြင့်ပြီးနောက်....
သူတို့သည် အံ့တင်းတင်းကြိတ်ကာ ဒေါသများကို မြိုသိပ်ပြီး ပလ္လင်ခွေထိုင်လိုက်၏။ ထို့နောက်သူတို့၏ ဝမ်းနည်းကြေကွဲမှုနှင့်ဒေါသများကို သူတို့ တာအိုဉာဏ်အလင်းပွင့်စေရန် တွန်းအားအဖြစ် ပြောင်းလဲအသုံးပြုလိုက်သည်။
လူတစ်ယောက်မှလွဲ၍....
ဆုကျဲသည် ဇဝေဇဝါအမူအယာဖြင့် နေရာမှာပင် တစ်ယောက်တည်း မတ်တတ်ရပ်နေလေ၏။
ပိုင်ဖျောင်ဖျောင်သည် ရယ်မောပြီး စကားပြောဆိုနေကာ ရံဖန်ရံခါ၌ ရှက်ရွံ့ပီး ရံဖန်ရံခါ၌ ခေါင်းညိတ်ပြနေသည်ကို ကြည့်ပြီး...
သူမသည်လည်း သူတော်စင်တစ်ယောက် ဖြစ်သည့်တိုင် သူမ၏ရှေ့၌ ဖြစ်ပျက်ခဲ့သည့် အရာများကို နားလည်နိုင်စွမ်း မရှိချေ။ ဤအချိန်အခိုက်အတန့်တွင် မဟာတာအိုကို လေ့လာဆင်ခြင်နိုင်ရန် နေနေသာသာ သူမ ပို၍ပင် စိတ်ရှုပ်ထွေးလာသည်။
ဤသည်မှာ အချစ်ဟု ခေါ်ဆိုသောအရာ ဖြစ်သလော...
မည်သည်ကြောင့် သူတော်စင်တစ်ယောက်ပင်လျှင် စိတ်ခံစားချက်များကို ထိန်းချုပ်နိုင်စွမ်း မရှိသနည်း။
'အရမ်းနက်နဲသိပ်မွေ့ပြီး ရှုပ်ထွေးလွန်းတယ်..'
'ဒါက တကယ့်ကို ကြောက်စရာပဲ...'