← Chapters

အဘက်ဘက်မှ ထောက်ကူပေးလာခြင်း

Vol. 213 Ch. 3214

အဘက်ဘက်မှ ထောက်ကူပေးလာခြင်း

Vol. 213 Ch. 3214

ဧကရာဇ်အရေအတွက်မှာ ထျန်ဟွမ်ကမ္ဘာသည် ငရဲကမ္ဘာထက် များစွာလျော့ကျနေ၏။

ကံကောင်းထောက်မစွာဖြင့် ငရဲကမ္ဘာသည် ယခင်က အပြင်းအထန်ပျက်စီးထိခိုက်ခဲ့ပြီး ငရဲသက်ရှိများစွာ၏ ကျင့်ကြံမှုနယ်ပယ်များက ဖိနှိမ်ထားခံခဲ့ရသည်။

ပြီးခဲ့သည့်နှစ်နှစ်ထောင်မှာ ငရဲကမ္ဘာသည် ပြန်လည်ပြုပြင်ပြီး ပြီးပြည့်စုံလာခဲ့သော်လည်း ငရဲသက်ရှိများကြားမှာ ထိပ်သီးဧကရာဇ်ပညာရှင်များစွာ ရှိမလာသေးပေ။

ဧကရာဇ်ပညာရှင်များက စွမ်းအားကြီးမားသည့်အချက်နှင့်အတူ သူတို့သည် တစ်ဘက်အဖွဲ့ထက် အလွန်တရာသာလွန်သော တိုက်ခိုက်ရည်ခွန်အားမရှိသရွေ့ တစ်ယောက်ကိုတစ်ယောက်သတ်ဖြတ်နိုင်ဖို့ ခဲယဉ်းလေသည်။

ဧကရာဇ်နယ်ပယ်တိုက်ပွဲက ပြင်းထန်ကြမ်းတမ်းသော်လည်း လောလောဆယ်မှာ အနိုင်ရလဒ်ကို အဆုံးအဖြတ်ပေးဖို့ ခဲယဉ်းနေ၏။

ထျန်ဟွမ်ကမ္ဘာသည် ငရဲစစ်တပ်၏ ထိတွေ့ရိုက်ခတ်မှုကို ယာယီအားဖြင့် ခုခံထားနိုင်၏။

ဘုရင်များကြား တိုက်ပွဲနယ်မြေက ချောက်ချားစရာအကောင်းဆုံးဖြစ်သည်။

ငရဲသက်ရှိအများစုသည် ဘုရင်ကျင့်ကြံမှုနယ်ပယ်မှာရှိကြသည်။ သူတို့သည် ငရဲချောက်နက်ထဲကနေ အဆက်မပြတ်ထွက်ပေါ်လာပြီး ကောင်းကင်ဘုံကမ္ဘာတစ်ဝှမ်း ဖြန့်ကြက်နေရာယူထားကြ၏။

အချိန်အများစုမှာ ထျန်ဟွမ်ကမ္ဘာမှ ဘုရင်များသည် သူတို့ထက် အရေအတွက် အဆများစွာပိုမိုများပြားသော ငရဲဘုရင်များနှင့် ရင်ဆိုင်ရ၏။

ညဝိညာဉ်၊ မျောက်နှင့် ကျားဘက်မှာ ညဝိညာဉ်နှင့်မျောက်သည် ကောင်းကင်လိုဏ်ဂူအကြီးနယ်ပယ်ထိ ကျင့်ကြံထားပြီဖြစ်၏။ အခြားသူများက ကောင်းကင်လိုဏ်ဂူနယ်ပယ်သို့ ဝင်ရောက်ခါစသာဖြစ်၏။

ထိုသို့ဆိုလျှင်တောင် ညဝိညာဉ်နှင့်မျောက်၏ ဦးဆောင်မှုနှင့်အတူ သားရဲဧကရာဇ်တချို့သည် ငရဲသက်ရှိများစွာ၏ ဝိုင်းပတ်ပိတ်ဆို့မှုမှာ ရန်သူတချို့ကို သတ်ဖြတ်နိုင်ဆဲဖြစ်သည်။

မျောက်နှင့်ညဝိညာဉ်ကဲ့သို့ သားရဲဘုရင်များနှင့်ရင်ဆိုင်ရပါက အထွတ်အထိပ်ဘုရင်တစ်ဦးပင်လျှင် သေဆုံးရပေလိမ့်မည်။

ညဝိညာဉ်သည် သူ၏ အစစ်အမှန်ပုံစံသို့ အသွင်ပြောင်းလဲလိုက်ပြီး သူက တစ္ဆေသရဲတစ်ကောင်ကဲ့သို့ဖြစ်နေ၏။ သူသည် လေဟာနယ်ယက္ခမျိုးရိုးထက်ပင် ပိုမိုခန့်မှန်းရခက်ပြီး သူ၏ လှုပ်ရှားမှုနည်းစနစ်နှင့် အလျင်အဟုန်က ယက္ခိုသ်မျိုးနွယ်ထက်ပင် သာလွန်နေ၏။

ညဝိညာဉ်သည် တိုက်ပွဲနယ်မြေမှာ ကူးလူးသွားလာနေပြီး ကျား၊ ချင်ချင်၊ မြေခွေးလေးနှင့် ရွှေခြင်္သေ့တို့ပေါ် အန္တရာယ်ကျရောက်လာသည့်အခါ သူက ကြိုတင်ဖြေရှင်းပေးလေသည်။

သူသည် သတ်ဖြတ်ဖို့မွေးဖွားလာပြီး အမှောင်ထုထဲမှာ ကျင်လည်ကျက်စားသည့်အလားပင်။ သူ့ထံမှ အရာရာတိုင်းက သတ်ဖြတ်ခြင်းလက်နက်တစ်ခုအဖြစ် အသွင်ပြောင်းလဲသွားနိုင်၏။

မျောက်ကတော့ သူ၏ တိုက်ခိုက်မှုပုံစံက ညဝိညာဉ်နှင့် လုံးလုံးလျားလျားကွဲပြားနေ၏။ မျောက်သည် တိုက်ပွဲဧကရာဇ်လက်နက်ကို ကိုင်ဆွဲပြီး သူ၏ နောက်ဘက်မှာ ပေတစ်သိန်းမြင့်မားသော တိုက်ပွဲဝိညာဉ်ကို စုဖွဲ့ထား၏။ သူ၏ မျက်လုံးများက နီရဲနေပြီး သူ့အော်ရာက ပြင်းထန်ကြမ်းတမ်းကာ တိုက်ပွဲနယ်မြေမှာ ဝင်ရောက်သောင်းကျန်းနေ၏။ သူသည် လက်နှစ်ဖက်ဖြင့်တောင်ဝှေးကို ကိုင်မြှောက်ပြီး ပြိုင်ဘက်ကင်းပုံစံဖြင့် ရှေ့သို့တက်လှမ်းသွား၏။

ငရဲမှ ဧကရာဇ်တစ်ပိုင်းပညာရှင်တချို့က ဤနေရာမှာရှိသော တိုက်ပွဲနယ်မြေအခြေအနေက ပုံမှန်မဟုတ်သည်ကို အာရုံခံမိသောအခါ သူတို့က ထောက်ကူဖို့ဝင်ရောက်လာကြသော်လည်း သူတို့ကိုမျောက်က ပိတ်ဆို့တားဆီးထား၏။

နှစ်ဦးနှစ်ဖက်ကြားမှာ ကြီးမားသောတိုက်ပွဲတစ်ခုက ဖြစ်ပွားလာသည်။

မျောက်သည် အတိတ်နှင့်ပစ္စုပ္ပန်ကို တိုက်ခိုက်ခြင်းကို ထုတ်ဖော်ပြီး သူ၏ ဝသက်တမ်းကို လောင်ကျွမ်းစေ၏။ သူက ဧကရာဇ်တစ်ပိုင်းပညာရှင်များဖြင့် ရင်ဆိုင်စဉ်မှာပင် အရေးနိမ့်ခြင်းမရှိဘဲ သူက တိုက်ခိုက်ရင်းပိုမိုပြင်းထန်ကြမ်းတမ်းလာ၏။

ဧကရာဇ်တစ်ပိုင်းပညာရှင်တစ်ဦးသည် တိတ်တဆိတ်တုန်လှုပ်သွား၏။ အသက်သုံးရှိုက်စာမပြည့်ခင် သူ၏ နောက်ဘက်မှာ အနက်ရောင်ပုံရိပ်တစ်ခုက ပေါ်ထွက်လာ၏။

ဖောက်…

နက်မှောင်နေသော အရိုးဆူးသွားတစ်ခုက ဧကရာဇ်တစ်ပိုင်းပညာရှင်၏ ဦးခေါင်းနောက်ဘက်ကို ထိုးဖောက်သွားသည်၊။

မျောက်သည် သူတို့နှင့် ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေစဉ် ညဝိညာဉ်က အမှောင်ထုထဲကနေ တိတ်တဆိတ်လုပ်ကြံသတ်ဖြတ်နေ၏။ ဧကရာဇ်တစ်ပိုင်းပညာရှင်များပင် သူတို့၏ ပူးပေါင်းတိုက်ခိုက်မှုကို တောင့်မခံနိုင်ပေ။

ကြင်ယာတော်ယုသည် ထျန်ဟွမ်ကမ္ဘာမှ ငရဲသက်ရှိများကို ဦးဆောင်ပြီး ငရဲကမ္ဘာမှ ငရဲသက်ရှိများနှင့် ဆန့်ကျင်တိုက်ခိုက်နေ၏။

သူတို့သည် မျိုးဆက်သွေးတူညီသော်လည်း နှစ်ဦးနှစ်ဖက်က လမ်းခွဲခဲ့ကြပြီးပြီဖြစ်သည်။ ယခု ပြန်လည်တွေ့ဆုံသောအခါ သူတို့၏ မျက်လုံများက အထူးသဖြင့် နီရဲနေပြီး တစ်ဘက်ကိုတစ်ဘက် သစ္စာဖောက်များအဖြစ် ပြုမူဆက်ဆံနေကြ၏။

ယက္ခိုသ်ယုသည် ယက္ခိုသ်မျိုးနွယ်ကို ဦးဆောင်ပြီး ထျန်ဟွမ်ကမ္ဘာ၏ တိုက်ပွဲနယ်မြေအထက်မှာ ပျံသန်းကာ ကူညီထောက်ပံ့ပေးနိုင်မည့် အခွင့်အလမ်းတစ်ခုကို စောင့်ဆိုင်းနေ၏။

လင်းလေနှင့်လင်းလောသည် တိုက်ပွဲနိုင်ငံ၏ ပညာရှင်များကို အစိမ်းရောင်မိုးကောင်းကင်အင်မော်တယ်မဟာနယ်မြေသို့ ဦးဆောင်လာကြသည်။

မည်သို့ပင်ဆိုစေ ငရဲသက်ရှိများက အရမ်းကိုများပြားနေ၏။

သူတို့က သိပ်သည်းများပြားပြီး အဆုံးမဲ့ကာ ဘယ်တော့မှ သတ်ဖြတ်လို့မကုန်နိုင်တော့သည့်အလား ငရဲချောက်နက်ထဲကနေ အဆက်မပြတ်ထွက်လာနေကြသည်။

ထျန်ဟွမ်ကမ္ဘာမှ ပညာရှင်များက ကောင်းကင်ဘုံကမ္ဘာမှာ ဖြန့်ကြက်နေရာယူပြီး ဆန့်ကျင်တိုက်ခိုက်ပေးနေကြ၏။

ညဝိညာဉ်၊ မျောက်နှင့် အခြားသောသားရဲဘုရင်များ၏ ဘက်မှာ အခြေအနေက တည်ငြိမ်နေပြီး အန္တရာယ်များစွာမရှိပေ။

သူတို့အဖွဲ့ကလွဲလျှင် အခြားသော တိုက်ပွဲနယ်မြေများက ကြီးမားသော ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရ၏။

ထျန်ဟွမ်ကမ္ဘာ၏ ခွန်အားမျှက ငရဲကမ္ဘာတစ်ခုလုံးနှင့် တိုက်ခိုက်ဖို့ မလုံလောက်ပေ။

ချွင်… ချွင်…

ထိုစဉ်မှာပင် သောင်းသောင်းဖြဖြဓားတေးသံများက အဝေးကနေ ထွက်ပေါ်လာပြီး သတ္တုများကို ထိုးဖောက်ကာ ကျောက်သားများကို အက်ကွဲသွားစေ၏။

နောက်ခဏ၌ ဓားကျင့်ကြံသူတစ်အုပ်စုက အာကာသဥမင်ထဲကနေ လျှောက်လှမ်းထွက်လာပြီး ကောင်းကင်ဘုံကမ္ဘာ၏ အထက်ကို ဆင်းသက်ရောက်ရှိလာ၏။ ခေါင်းဆောင်က ဓားလောကအရှင် သံသရဖူဆောင်းအဖိုးအိုဖြစ်သည်။

ဓားကမ္ဘာက ရောက်ရှိလာခဲ့လေပြီ။

သံသရဖူဆောင်းအဖိုးအိုက အထွတ်အထိပ်ဧကရာဇ်တစ်ပါးဖြစ်၏။ ဒါ့အပြင် သူ၏ တိုက်ခိုက်ရည်ခွန်အားသည် ဤနှစ်များမှာ အဆက်မပြတ်တိုးတက်လာပြီး မဟာဧကရာဇ်တစ်ပါးဖြစ်လာဖို အတော်လေးနီးစပ်နေပြီဖြစ်၏။ သူသည် သည်ဘက်မျိုးဆက်မှာ မဟာဧကရာဇ်တစ်ပါးဖြစ်လာဖို့ အကြီးမားဆုံးအခွင့်အရေးရှိသည့် လူတစ်ယောက်လည်းဖြစ်သည်။

သံသရဖူဆောင်းအဖိုးအိုသည် သူ၏ ဓားနှင့်အတူ လျှောက်လှမ်းလာပြီး ဧကရာဇ်နယ်ပယ်တိုက်ပွဲနယ်မြေသို့ ဝင်ရောက်လိုက်၏။ ဓားအလင်းတစ်ခုက လေထုကို ဆုတ်ဖြဲပြီး အလျှံညီးညီးအဖြူရောင်အလင်းတစ်ခုက ဖြာလက်သွား၏။ ၎င်းသည် လောကကို နှစ်ပိုင်းထိုးခွဲလိုက်သည့်အလားပင်။

ငရဲအရှင် ညှင်းပန်းနှိပ်စက်စိမ့်စမ်း၏ လောကသည် သံသရဖူဆောင်းအဖိုးအို၏ ဓားချက်မှာ ကြေမွပျက်စီးသွား၏။

အရိုးထိတိုင်နက်သော ဓားဒဏ်ရာတစ်ခုက သူ၏ ရင်ဘတ်မှာ ပေါ်ထွက်လာပြီး သွေးများက တသွင်သွင်စီးကျနေ၏။

“ဖူး…”

ငရဲအရှင်ညှင်းပန်းနှိပ်စက်စိမ့်စမ်းက တုန်လှုပ်သွားပြီး သွေးများကို ထွေးထုတ်ရင်း အလောတကြီးနောက်သို့ ဆုတ်ခွာလိုက်၏။

သူသည် သံသရဖူဆောင်းအဖိုးအိုထံမှာ ဓားချက်တစ်ချက်ဖြင့် သတ်ဖြတ်ခံရလုနီးပါးဖြစ်ခဲ့၏။

သံသရဖူဆောင်းအဖိုးအိုတစ်ယောက်တည်းကပင် ဧကရာဇ်နယ်ပယ်တိုက်ပွဲနယ်မြေကို ထိန်းထားဖို့လုံလောက်နေ၏။

အခြားတစ်ဘက်မှာ…။

ကြွေကျလာသောပန်းများနှင့်အတူ ပေမင်ရွှယ်က ပေါ်ထွက်လာ၏။ သူမသည် နှင်းဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူမ၏ အမူအရာက အေးစက်နေ၏။ ဆီးနှင်းဓားတစ်လက်က လောကကို ထိုးဖောက်ဖို့အတွက် လုံလောက်နေသည်။

ဧရာမဓားချက်တစ်ချက်က မိုးကောင်းကင်ကိုးလွှာ အင်မော်တယ်မဟာနယ်မြေမှာ ဆန့်တန်းသွားပြီး မြေပြင်က အက်ကွဲသွားသည့်အလားပင်။

မရေမတွက်နိုင်သော ငရဲသက်ရှိများက ထိုဓားချက်တစ်ချက်ကြောင့် သေဆုံးသွားကြ၏။

“ဂါး…”

နဂါးဟိန်းသံက လောကမှာ ပဲ့တင်ထပ်ထွက်ပေါ်လာ၏။

ကောင်းကင်ဘုံကမ္ဘာ၏ အပြင်ဘက် လေဟာနယ်က ပွင့်ထွက်သွားပြီး နဂါးမျိုးနွယ်က ထောက်ကူဖို့အတွက် ရောက်ရှိလာ၏။

အစကတည်းက နဂါးမျိုးနွယ်မှာ အရေအတွက်များစွာမရှိပေ။ နဂါးများနှင့် ဖီးနစ်များ၏ တိုက်ပွဲအပြီးမှာ နဂါးမျိုးနွယ်၏ အခြေခံအုတ်မြစ်က ပြင်းပြင်းထန်ထန်ပျက်စီးထိခိုက်သွားပြီး ဤတစ်ခေါက် ထောက်ကူပေးလာနိုင်သည့် နဂါးများက အရေအတွက် သိပ်မများပေ။

သို့သော်လည်း နဂါးများပေါ်ထွက်လာသည့်ခဏမှာပင် သူတို့က နတ်နဂါးများအဖြစ် ပြောင်းလဲပြီး တိုက်ပွဲနယ်မြေသို့ ဝင်ရောက်ကာ ငရဲသက်ရှိများကို ကြီးမားသည့် ရိုက်ခတ်မှုတစ်ခုဖြစ်လာစေ၏။

“ဂီး…”

နဂါးဟိန်းသံစဲမသွားခင် ဖီးနစ်အော်သံက ထွက်ပေါ်လာ၏။

နေကာသစ်ပင်ကမ္ဘာက ထောက်ကူဖို့အတွက် ရောက်ရှိလာကြသည်။

“ဂါး…”

နီညိုရောင်မျောက်ဝံမျိုးနွယ်က ဟိန်းဟောက်လိုက်ကြ၏။

နီညိုရောင်မျောက်ဝံကမ္ဘာက ရောက်ရှိလာကြလေပြီ။

ထို့နောက်ချက်ချင်းပင် မဟာအရိုင်းကမ္ဘာက ဆင်းသက်ရောက်ရှိလာပြီး သားရဲပေါင်းထောင်ချီက မာန်ဖီဟိန်းဟောက်ကာ ပြေးဝင်လာကြ၏။

ကောင်းကင်ဘုံကမ္ဘာ၏ အထက်မှာ ဆူနာမီတစ်ခု၏ ကျယ်လောင်သောအော်မြည်သံက ထွက်ပေါ်လာ၏။

ကြီးမားသောသက်ရှိများက တစ်ကောင်ပြီးတစ်ကောင်ပေါ်ထွက်လာပြီး ကြယ်တာရာပင်လယ်ထဲမှာ လွင့်မျောနေကြ၏။

မဟာဖန်းတစ်ကောင်က ၎င်း၏ တောင်ပံများကို ဖြန့်ပြီး တိမ်စိုင်များနှင့်နေမင်းကို အုပ်မိုးသွားစေ၏။

ခွန်ဖန်းကမ္ဘာက ရောက်ရှိလာခဲ့လေပြီ။

ငယ်ရွယ်သောမိန်းကလေးများက လေဟာနယ်ကို ဆုတ်ဖြဲပြီး ကောင်းကင်ဘုံကမ္ဘာ၏ အနီးနားသို့ တစ်ယောက်ပြီးတစ်ယောက်ရောက်ရှိလာကြသည်။သူတို့သည် ခပ်ဖျော့ဖျော့မွှေးရနံ့ကို ဖြာထုတ်ပေးပြီး ပြတ်သားသောအကြည့်များနှင့်အတူ နတ်ဘုရားလက်နက်များကို ကိုင်ဆွဲထားကြ၏။

ပန်းကမ္ဘာက ထောက်ကူဖို့အတွက် ရောက်ရှိလာလေပြီ။

ကောင်းကင်ဘုံကမ္ဘာမှ ကျင့်ကြံသူများစွာက ထိုသည်ကိုတွေ့မြင်သောအခါ အားတက်သရောရှိလာကြ၏။

ဤကမ္ဘာများ ပူးပေါင်းထားသည်နှင့် သူတို့သည် ငရဲသက်ရှိများကို သတ်ဖြတ်ပြီး သူတို့ကို ငရဲချောက်နက်သို့ ပြန်မောင်းထုတ်နိုင်မည့်အခွင့်အရေးရှိလေသည်။

ဤကမ္ဘာများ၏ ထောက်ပံ့မှုနှင့်အတူ တိုက်ပွဲနယ်မြေမှာရှိသောအခြေအနေက ချက်ချင်းပင် ပြောင်းလဲသွားသည်။

သေဆုံးသွားသော ငရဲသက်ရှိများက ပိုမိုများပြားလာပြီး သူတို့၏ တိုက်ခိုက်မှုများက အဟန့်အတားနှင့် ကြုံတွေ့လာရ၏။ တကယ်ဆို သူတို့သည် နောက်သို့ဆုတ်ခွာမည့် လက္ခဏာများပင် ပြသလာပြီဖြစ်၏။

ကျင့်ကြံသူများစွာက ပို၍ပင် စိတ်လှုပ်ရှားတက်ကြွလာ၏။

ဤတိုက်ပွဲသည် လူတိုင်းတွေးထင်ထားသည်ထက် ပိုမိုလွယ်ကူချောမွေ့နေပုံရ၏။

သူတို့သည် ဤငရဲသက်ရှိများကို ငရဲချောက်သို့ မောင်းထုတ်နိုင်သည်နှင့် အမျိုးမျိုးသော ကမ္ဘာများမှ ဧကရာဇ်ပညာရှင်များသည် ငရဲချောက်နက်ကို ပူးပေါင်းကာ ချိပ်ပိတ်ဖို့ ကြိုးစားကြည့်နိုင်မည်ဖြစ်သည်။

သံသရဖူဆောင်းအဖိုးအို၊ အင်မော်တယ်ဧကရီလင်းလုံနှင့် အခြားသောပညာရှင်များက စိတ်ကိုလုံးဝလျှော့မချဘဲ သူတို့၏ အမူအရာများက သုန်မှုန်နေကြဆဲဖြစ်၏။

ဤကဲ့သို့သောအချိန်မှာ ငရဲကမ္ဘာက တိုက်ခိုက်လာသည်ဆိုမှတော့ ကိစ္စများက ဤမျှအထိမရိုးရှင်းသည်ကို သူတို့က သိရှိထားကြသည်။

ဒါ့အပြင် တိုက်ပွဲ၏ ရလဒ်ကို အမှန်တကယ်အဆုံးအဖြတ်ပေးနိုင်သည့် ငရဲကမ္ဘာမှ ပညာရှင်များက ယခုအချိန်ထိ ပေါ်ထွက်မလာကြသေးပေ။

သံသရဖူဆောင်းအဖိုးအိုသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး နက်မှောင်နေသော တိမ်စိုင်များလွှမ်းခြုံထားသည့် မိုးကောင်းကင်ကို မော့ကြည့်လိုက်၏။

မူလက ထိုနေရာမှာ ကောင်းကင်ဘုံခုံရုံး၏ အပျက်အစီးနယ်မြေမျာရှိနေခဲ့၏။

ထိုအခိုက်အတန့်မှာ သူတို့ကို နက်မှောင်နေသောတိမ်စိုင်များက ဖုံးအုပ်သွားပြီဖြစ်ပြီး သူ၏ စိတ်ဝိညာဉ်အသိစိတ်ကပင် မထိုးဖောက်နိုင်တော့ပေ။

နက်မှောင်နေသောတိမ်စိုင်များ၏ နောက်ကွယ်မှ တစ်စုံတစ်ရာကို ပြုစုပျိုးထောင်ပေးနေသည့် အလားပင်။

“တစ်ခုခုတော့ လွဲနေပြီ..”

သံသရဖူဆောင်းအဖိုးအိုက တိတ်တဆိတ်မျက်မှောင်ကြုတ်လိုက်၏၊

ထိုစဉ်မှာပင် ကောင်းကင်ဘုံကမ္ဘာ၏ အထက် လေဟာနယ်က နောက်တစ်ဖန်ပွင့်ထွက်သွား၏။

ပညာရှင်တစ်အုပ်စုက ရန်မူခက်ထန်သော အော်ရာများနှင့်အတူ တစ်ယောက်ပြီးတစ်ယောက် လျှောက်လှမ်းထွက်လာကြ၏။

သံသရဖူဆောင်းအဖိုးအို၊ အင်မော်တယ်ဧကရီလင်းလုံနှင့် အခြားသူများက မော့ကြည့်လိုက်ကြပြီး သူတို့က ရင်တထိတ်ထိတ်ဖြစ်သွားကြ၏။

သွေးကမ္ဘာ၊ အုတ်ဂူကမ္ဘာ၊ အရိုးဖြူကမ္ဘာ၊ အသက်မဲ့ကမ္ဘာနှင့် အဆိပ်ကမ္ဘာတို့မှ စစ်တပ်များက တစ်ချိန်တည်းမှာပေါ်ထွက်လာကြ၏။

အရင်တုန်းက စုန်းကမ္ဘာကဲ့သို့ပင် ထိုကမ္ဘာငါးခုကို တမလွန်ဘုံအရှင်က ဖန်တီးထားသည်ဟု ဆူဇီမိုက တစ်ခါပြောခဲ့ဖူးသည်။

အရင်တုန်းက ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ တမလွန်ဘုံအရှင် စောလျင်စွာသေဆုံးသွားသောကြောင့် ထိုကမ္ဘာငါးခုသည် တိုက်ပွဲမှာ ပါဝင်ခြင်းမရှိဘဲ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကနေ ချမ်းသာရာရခဲ့၏။

ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအပြီးမှာ အမျိုးမျိုးသောကမ္ဘာများသည် ကောင်းကင်ဘုံခုံရုံးမှ အသက်ရှင်ကျန်ရစ်သူများကို အမဲလိုက်ခဲ့ကြပြီးနောက် သူတို့ကိုယ်သူတို့ ပြန်လည်အားဖြည့်ခဲ့ကြ၏။ ထိုသို့ဖြင့် မည်သူကမှ ဤကမ္ဘာငါးခုကို ဂရုမစိုက်ခဲ့ကြပေ။

သည်ဘက်မျိုးဆက်တွင် ဤကမ္ဘာငါးခု၏ ပေါ်ထွက်လာမှုသည် တမလွန်ဘုံအရှင်က မသေဆုံးဟု အဓိပ္ပါယ်ရနေသည်။

သူကလွဲလျှင် ထိုကမ္ဘာငါးခုမှ ပညာရှင်များကို တစ်ချိန်တည်းမှာ မည်သူကမှ မစုဖွဲ့နိုင်သောကြောင့်ဖြစ်သည်။

ကောင်းကင်ဘုံကမ္ဘာမှာ စတင်ခဲ့သောစစ်ပွဲသည် ဆက်လက်၍ အရှိန်အဟုန်မြင့်တက်ပြီး ထိပ်တန်းကမ္ဘာကြီးများပါဝင်ပတ်သက်လာကာ အမျိုးမျိုးသောအဖွဲ့အစည်းများထိ ဖြန့်ကြက်သွားလေသည်။ ၎င်းသည် ထိန်းချုပ်မှုအောက်က‌နေ လုံးဝလွတ်ထွက်လာခဲ့ပြီဖြစ်သည်။

All Chapters