← Chapters

ဘဝသစ်

Vol. 213 Ch. 3202

ဘဝသစ်

Vol. 213 Ch. 3202

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ တျဲယွဲ့ပိုင်ဆိုင်ခဲ့သည့် တာအိုအမှတ်အသားက တဖြည်းဖြည်းမှေးမှိန်ကာ ပျက်ပြယ်လာနေ၏။

တျဲယွဲ့သည် မည်သို့ပင်ဆိုစေ အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ မဟာဧကရာဇ်တစ်ပါးသာဖြစ်သည်။ သူမသည် မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်နှင့် ကောင်းကင်ဘုံခုံရုံးမှ ပညာရှင်များကဲ့သို့ မဟာကမ္ဘာတစ်ထောင်လောကမှ ပညာရှင်တစ်ဦးမဟုတ်ပေ။ သူမသည် အင်မော်တယ်ဖြစ်လုနီးပါးအဆင့်ထိ မရောက်ရှိနိုင်သေးပေ။

“အာ…”

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတစ်ဝန်းမှာ သက်ပြင်းချသံများ ထွက်ပေါ်လာ၏။

တာအိုအမှတ်အသားပျက်ပြယ်သွားခြင်းသည် ဒီဘက်မျိုးဆက်၏ မဟာဧကရာဇ်သေဆုံးမှုကို ရည်ညွှန်းလေသည်။

ဤရလဒ်က လူတိုင်းမျှောင်လင့်ထားသည်ထက် ကျော်လွန်သွား၏။

“မဟာဧကရာဇ်အထီးကျန်သိုင်းသခင်နဲ့ မဟာဧကရီသွေးလိပ်ပြာတို့ရဲ့ မဆုတ်မနစ်ကြိုးပမ်းမှုကြောင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက မရေမတွက်နိုင်တဲ့သက်ရှိတွေက ဒီကပ်ဘေးကနေရှောင်လွှဲနိုင်ခဲ့တာပဲ… သူတို့နှစ်ယောက်ကတော့ ဒီလိုရလဒ်နဲ့ အဆုံးသတ်သွားရပြီ”

“သူတို့နှစ်ယောက်စလုံးက မကြုံစဖူးမဟာဧကရာဇ်နှစ်ပါးခေတ်ကို ဖန်တီးခဲ့တဲ့ အထင်ကရပညာရှင်တွေပဲ… ကံဆိုးစွာနဲ့ပဲ…”

“အခုချိန်မှာ သူ့ရှေ့မှာ သူချစ်ရတဲ့သူ သေဆုံးသွားတာကို မြင်ပြီးတဲ့နောက် ဂျူနီယာမောင်ဆူက ပြင်းထန်တဲ့နာကျင်မှုကို ခံစားနေရမှာပဲ”

မိုချင်က စိုးရိမ်ပူပန်သောအမူအရာနှင့်အတူ ထျန်ဟွမ်ကမ္ဘာမှာမတ်တတ်ရပ်ပြီး အဝေးကြယ်တာရာကောင်းကင်ထဲမှာ တစ်ယောက်တည်း အထီးကျန်စွာမတ်တတ်ရပ်နေသည့် အမျိုးသားကို လှမ်းကြည့်နေ၏။

သူမ၏ ပခုံးပေါ်မှာ ရေခဲလိပ်ပြာက တိတ်တဆိတ်ငိုကြွေးနေသည်။

ရေခဲလိပ်ပြာ၏ ရင်ထဲမှာ မဟာဧကရီသွေးလိပ်ပြာသည် သူမ၏ မျိုးနွယ်ဝင်များအတွက် အနှိုင်းမဲ့ဂုဏ်ကျက်သရေကို ဆောင်ကျဉ်းပေးခဲ့ပြီး သူတို့အတွက် အရာရာတိုင်းကို စွန့်လွှတ်စတေးခဲ့သည်။

ယွင်ကျူးက ညင်သာစွာသက်ပြင်းချလိုက်၏။

ဉာဏ်ရည်ထက်မြတ်သော သူမလိုလူပင်လျှင် ဤဖြစ်ရပ်မှာ သူ့ကို ဘယ်လိုနှစ်သိမ့်ပေးရမလဲ မသိတော့ပေ။

ယန်ပေးချန်က တစ်စုံတစ်ရာကို တွေးမိသွားပုံရပြီး သူ၏ ခေါင်းကို တိတ်တဆိတ်ငုံ့လိုက်၏။

ဆူဇီမို၏ ရင်ထဲမှ နာကျင်မှုကို အပြည့်အဝစာနာနားလည်ပေးနိုင်သည့်လူက သူသာလျှင် ဖြစ်နိုင်သည်။

ထိုအခိုက်အတန့်မှာ ဆူဇီမိုက ကြယ်တာရာကောင်းကင်ထဲမှာ ငေးငိုင်စွာဖြင့် မတ်တတ်ရပ်နေဆဲဖြစ်၏။ သူ၏ မျက်လုံးများက အသက်ဓာတ်ကင်းမဲ့နေပြီး သူ၏ စိတ်အာရုံက လွင့်မျောနေသည့်ပုံရသည်။ သူ၏ စိတ်ဓာတ်ကျနေသောပုံစံက လူတိုင်း၏ နှလုံးကို နာကျင်သွားစေ၏။

ဗြဟ္မာတစ္ဆေမိခင်၏ အကြည့်က ဆူဇီမိုထံသို့ ရောက်ရှိလာပြီး သူမက တိုက်ခိုက်ချင်သည့်အလား သူမ၏ နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်၏။

သို့သော်လည်း သူမက တိုက်ခိုက်မည်ဆိုလျှင် ဧကရီဆိုးယုတ်က သေချာပေါက် တားဆီးလာမည်ကို သူမသိရှိထားသည်။

သူတို့၏ တိုက်ခိုက်ရည်ခွန်အားက မတိမ်းမယိမ်းမှာရှိကြသည်။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ပုရွက်ဆိတ်တစ်ကောင်အတွက် သူတို့က အသေအကြေတိုက်ခိုက်စရာ မလိုအပ်ပေ။

ဗြဟ္မာတစ္ဆေမိခင်က ညင်သာစွာပြုံးပြီး ဆက်လက်၍ ဤနေရာမှာ မနေတော့ပေ။ သူမက တစ်ဘက်သို့လှည့်ပြီး မဟာကမ္ဘာတစ်ထောင်လောကရှိရာသို့ ပျံသန်းသွား၏။

သူမအတွက်တော့ တျဲယွဲ့ကို သတ်ဖြတ်ခြင်းသည် ပုရွက်ဆိတ်တစ်ကောင်ကို ဖိခြေသတ်ဖြတ်ရသလို ရိုးရှင်းလေသည်။

သူမသည် အဲဒါကို စိတ်ထဲမှာထည့်မှတ်ထားမည်မဟုတ်ဘဲ သူမလှည့်ထွက်သွားသည့်ခဏမှာပင် အဲဒါကို မေ့ပျောက်သွားနိုင်သည်။

သူတို့နင်းခြေသတ်ဖြတ်ခဲ့သည့် ပုရွက်ဆိတ်တစ်ကောင်ကို ဘယ်သူက ဂရုစိုက်နေမှာလဲ။

ဧကရီဆိုးယုတ်သည် အဝေးသို့ ထွက်ခွာသွားသော ဗြဟ္မာတစ္ဆေမိခင်ကိုကြည့်ပြီး သူမကို တားဆီးခြင်းမရှိပေ။

သူမက တားဆီးမည်ဆိုလျှင်တောင် မည်သည့်ရလဒ်မှ ထွက်ပေါ်လာလိမ့်မည်မဟုတ်ပေ။

ထိုစဉ်မှာပင် ဧကရီဆိုးယုတ်သည် သူမ၏ နောက်ဘက်ရှိ သွေးမြူများကို သဲ့ယူပြီး ဆူဇီမိုဘေးသို့ ရောက်ရှိလာ၏။

ဆူဇီမိုက သူမကို အလိုလိုကြည့်ပြီး တစ်ခုခုကိုပြောချင်သည့်အလား သူ၏ ပါးစပ်ကို ဖွင့်ဟလိုက်သော်လည်း သူက ထိုစကားကိုပြောဆိုရဲခြင်း မရှိပေ။

ဆူဇီမိုမေးချင်သည့်အရာကို သိရှိသည့်အလား ဧကရီဆိုးယုတ်က မှင်သေသေဖြင့် ပြောလိုက်၏။

“သူသေသွားပြီ…”

ဆူဇီမို၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်သွားပြီး သူ၏ ရင်ထဲမှာ စူးရှသောနာကျင်မှုတစ်ခုကို ရုတ်တရက်ခံစားလိုက်ရ၏။

ထိုစကားလုံးများက ထက်ရှသောဓားသွားတစ်ခုကဲ့သို့ သူ၏ နှလုံးသားကို ထိုးဆွလိုက်၏။

“ဖွီ…”

ဆူဇီမိုက အလွန်တရာစိတ်ထိခိုက်ခံစားနေရသောအမူအရာဖြင့် သူ့ပါးစပ်ထဲကနေ သွေးများ ဖွားခနဲထွက်လာ၏။

သူသည် ထိုအဖြေကို ခန့်မှန်းမိထားပြီဖြစ်သော်လည်း အဲဒါကို လက်မခံလိုပေ။ ဗြဟ္မာတစ္ဆေမိခင်တိုက်ခိုက်ခဲ့စဉ်က သူတို့နှစ်ယောက်ကြား ခွန်အားကွာဟချက်က အရမ်းကိုကြီးမားနေသည်။ တျဲယွဲ့က ဘယ်လိုလုပ် ရှင်သန်နိုင်ပါ့မလဲ။

“ငါစောစောက လုပ်ခဲ့တာက သူ့ရဲ့ဝိညာဉ်ကို ကယ်တင်ပေးထားရုံပဲ”

ဧကရီဆိုးယုတ်က ဆက်ပြောလိုက်၏။

“ငါနင့်ကိုအခု ရွေးချယ်စရာနှစ်ခုပေးမယ်… ပထမတစ်ခု နင်က သူ့ရဲ့ဝိညာဉ်ကို နင်နဲ့အတူ ခေါ်ထားလို့ရတယ်… ဒါပေမဲ့ သူက လက်စားချေဖို့နေနေသာ ကျင့်ကြံနိုင်မှာတောင် မဟုတ်ဘူး… သူက နင့်ကိုပဲ အဖော်ပြုပေးနိုင်လိမ့်မယ်”

“ဒုတိယတစ်ခုကတော့ ငါသူ့ကိုပြန်ဝင်စားခြင်းလမ်းကြောင်းဆီပို့ပေးပြီး မဟာကမ္ဘာတစ်ထောင်လောကမှာ ဘဝသစ်တစ်ခုကို ရရှိစေနိုင်တယ်”

ဆူဇီမိုက ထိုစကားကိုကြားသောအခါ ရင်တစ်ချက်ထိတ်သွား၏။ သူက သူ၏ ခေါင်းကိုမော့ပြီး တွေဝေရှုပ်ထွေးသောအကြည့်ဖြင့် ဧကရီဆိုးယုတ်ကို ကြည့်လိုက်၏။

တကယ်တော့ ဝိညာဉ်များသည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်သို့ ဝင်ရောက်ပြီး ပြန်လည်ဝင်စားနိုင်သည်ကို သူသိရှိထားပြီးသားဖြစ်သည်။

သို့သော်လည်း ပြန်ဝင်စားဖို့အတွက် အခြေအနေများက အရမ်းကို ခက်ခဲကြမ်းတမ်းလေသည်။ ပြန်ဝင်စားမည့်သူထက် ကျင့်ကြံမှုနယ်ပယ်များစွာပိုမိုမြင့်မားသော ပညာရှင်များက အောင်မြင်နိုင်ခြေမြင့်မားလာစေရန် လုပ်ထုံးလုပ်နည်းများကို ကြိုတင်ပြုလုပ်ပေးထားဖို့ လိုအပ်လေသည်။

ဒါ့အပြင် လူတစ်ယောက်၏ ဝိညာဉ်က ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်သို့ ဝင်ရောက်သွားသည်နှင့် ပြန်ဝင်စားခြင်း၏ နာကျင်မှုကို တွေ့ကြုံဖြတ်ကျော်ရပေလိမ့်မည်။ ထိုဖြစ်စဉ်သည် မရေမတွက်နိုင်သော အန္တရာယ်များနှင့် အလှည့်အပြောင်းများစွာဖြင့် ပြည့်နှက်နေပြီး ဘာဖြစ်လာမည်ကို မည်သူကမှ မသိရှိနိုင်ပေ။

သို့သော်လည်း ဧကရီဆိုးယုတ်ပြောပုံအရ သူမသည် ဤကိစ္စကို တာဝန်ယူပေးနိုင်ပုံရပြီး တျဲယွဲ့ကို မဟာကမ္ဘာတစ်ထောင်လောကမှာ ပြန်လည်ရှင်သန်စေပေလိမ့်မည်။

ဒါ့အပြင် ဧကရီဆိုးယုတ်သည် ပြန်လည်မွေးဖွားခြင်းမဟုတ်ဘဲ ဘဝသစ်တစ်ခုကို ရည်ညွှန်းပြောဆိုနေခြင်းဖြစ်သည်။

ဧကရီဆိုးယုတ်က မှင်သေသေဖြင့်ပြောလိုက်၏။

“ငါ အရင်တုန်းကဆိုရင် အဲဒါကို မလုပ်နိုင်ဘူး… ဒါပေမဲ့ အခုတော့ ငါ့ရဲ့ခွန်အားနဲနဲကို ပြန်ရလာပြီ… ငါ မဟာကမ္ဘာတစ်ထောင်လောကမှာ သူ့ကို ဘဝသစ်တစ်ခုပေးနိုင်တယ်”

ဆူဇီမိုက အဲဒါနှင့်ပတ်သက်၍ အလေးအနက်စဉ်းစားတွေးတောပြီးနောက် ဖြည်းဖြည်းချင်းပြောလိုက်၏။

“ကျုပ်… ဒုတိယတစ်ခုကို ရွေးချယ်တယ်”

ပထမရွေးချယ်မှုအရ သူတို့နှစ်ယောက်သည် ထာဝရအတူတကွနေနိုင်မည်ဖြစ်သော်လည်း ထိုရွေးချယ်မှုသည် တျဲယွဲ့အတွက် မမျှတလွန်းဘဲ နာကျင်ခံစားရစေပေလိမ့်မည်။

တျဲယွဲ့၏ တာအိုက ဘယ်တုန်းကမှ ဦးမညွှတ်ခဲ့ပေ။

သူမသည် မကျင့်ကြံနိုင်လျှင် သို့မဟုတ် လက်စားမချေနိုင်လျှင် သူမက ဝိညာဉ်ပုံစံဖြင့် အသက်ရှင်နေမည်ဆိုလျှင်တောင် သူမအတွက် ဘာအဓိပ္ပါယ်ရှိတော့မှာလဲ။

တျဲယွဲ့သည် သူမ၏ ဘဝမှာ မည်သူတစ်ဦးတစ်ယောက်ကိုမှ မမှီခိုခဲ့ပေ။

သူမသည် မျိုးနွယ်စုတစ်သောင်းရှင်သန်နေထိုင်ရာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အားနည်းသောလိပ်ပြာမျိုးနွယ်ကို စီးပိုးခြယ်လှယ်စွာဖြင့် ဦးဆောင်ပြီး ထွန်းတောက်လာစေခဲ့သည်။

သည်ဘက်ခေတ်မှာ တျဲယွဲ့သည် မည်သူတစ်ဦးတစ်ယောက်ထက်မှ မနိမ့်ကျခဲ့ပေ။

သူ ဆူဇီမိုအပါအဝင်…။

တျဲယွဲ့သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကအတွက် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ ဝင်ပါပြီး ကောင်းကင်ဘုံခုံရုံးကို ဆန့်ကျင်တိုက်ခိုက်ပေးခဲ့သော်လည်း ထိုသို့ပြုလုပ်ခြင်းသည် သူမကိုယ်တိုင်အတွက်လည်းဖြစ်သည်။

သူမသည် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းပြီး ကျယ်ပြောသောလောကကို သွားရောက်ကြည့်ရှုလိုခဲ့သည်။

ဆူဇီမို၏ အဖြေစကားကိုကြားသောအခါ ဧကရီဆိုးယုတ်၏ မျက်လုံးအနက်ပိုင်းထဲတွင် အထင်ကြီးလေးစားမှုတစ်ခု ဖျတ်ခနဲပေါ်ထွက်လာ၏။

တကယ်တော့ ဆူဇီမိုက ပထမရွေးချယ်မှုကို ပြုလုပ်မည်ဆိုလျှင်ပင် သူမက အံ့အားသင့်လိမ့်မည်မဟုတ်ပေ။ သို့သော်လည်း သူမက စိတ်ပျက်ရပေလိမ့်မည်။

သူမသည်လည်း အနှိုင်းမဲ့၍ မှင်တက်စရာကောင်းသော သွေးလိပ်ပြာအတွက် မချင့်မရဲနှင့် စိတ်ထိခိုက်နစ်နာမှုကို ခံစားနေရ၏။

“နင် ငါပြောတာကို ရှင်းရှင်းလင်းလင်ကြားခဲ့ချင်မှ ကြားခဲ့ရလိမ့်မယ်”

ဧကရီဆိုးယုတ်က ဆက်ပြောလိုက်သည်။

“သူက မဟာကမ္ဘာတစ်ထောင်လောကမှာ ဘဝသစ်တစ်ခုကို ရရှိလာမှာ.. အဲဒါက ပြန်လည်မွေးဖွားခြင်း မဟုတ်ဘူး”

“ဘဝသစ်ဆိုတာ သူ့ရဲ့ဒီဘဝအငွေ့အသက်တွေအားလုံးက ပျောက်ကွယ်သွားမယ်ဆိုတဲ့သဘောပဲ”

“သူက မဟာကမ္ဘာတစ်ထောင်လောကမှာ ဘဝသစ်တစ်ခုကို ရရှိမယ်ဆိုရင် သူက မျိုးနွယ်စုတစ်သောင်းထဲက ဘယ်မျိုးနွယ်မဆို ဖြစ်လာနိုင်တယ်… သူက နောက်တစ်ခါထပ်ပြီး ကျင့်ကြံမယ်ဆိုရင်တောင် နင်အပါအဝင် ဒီဘဝမှာရှိတဲ့အရာရာတိုင်းကို‌ မေ့ပျောက်သွားလိမ့်မယ်”

ထိုစကားကိုကြားသောအခါ ဆူဇီမိုက ရင်ထဲမှာ နောက်တစ်ဖန် နာကျင်ကိုက်ခဲသွား၏။

မရေမတွက်နိုင်သောပုံရိပ်များက သူ၏ စိတ်ထဲမှာ တဖြည်းဖြည်းပေါ်ထွက်လာ၏။

ပထမဆုံးအကြိမ် သူတို့တွေ့ဆုံခဲ့ကြသည်။

ကြွေကျနေသော မက်မွန်ပွင့်များကြားမှာ အနည်းငယ်ပျင်းရိနေပုံရသော သွေးနီရောင်ဝတ်အမျိုးသမီးက သူ့ကို ကျင့်ကြံရေးလမ်းကြောင်းပေါ်ဆွဲခေါ်ပြီး ခမ်းနားသော လောကတစ်ခုကို ဖွင့်လှစ်ပေးခဲ့၏။

ကန်းလန်ရိုးမမှာ သွေးနီရောင်ဝတ်အမျိုးသမီးသည် မရေမတွက်နိုင်သော ခရမ်းရောင်တောင်ပံလင်းယုန်များထံမှ သူ့ကိုကာကွယ်ပေးခဲ့သည်။

သူက ဒဏ်ရာအပြင်းအထန်ရရှိပြီး သေအံ့ဆဲဆဲမျောနေခဲ့စဉ် သူ၏ ခန္ဓာကိုယ်ထဲမှ စိတ်ဝိညာဉ်ရင်းမြစ်ကို အစားထိုးဖို့အတွက် အသောကပန်းကို ထည့်သွင်းပေးပြီး သူ၏ ကံကြမ္မာကို ပြောင်းလဲပေးခဲ့သည်။

နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ ထိုအမျိုးသမီးသည် စာကြောင်းနှစ်ကြောင်းကို ချန်ထားပေးခဲ့သည်။

နဂါးဖီးနစ်အစစ်အမှန်ခန္ဓာက ပြန်လည်မွေးဖွားလာပြီး မျိုးဆက်သွေးနယ်မြေဖြစ်စဉ်ကို စုဖွဲ့ခဲ့စဉ်က သူမျှော်လင့်တောင့်တနေခဲ့သော ချောမောလှပသည့်အမျိုးသမီးက သူ့ရှေ့မှာနောက်တစ်ဖန်ပြန်လည်ပေါ်ထွက်လာပြီး သူ့ကိုပြုံး၍ ပြောခဲ့သည်။

“တတိယလက်ဆောင်က ငါပဲလေ…”

တျဲယွဲ့၏ ဘဝသစ်ဆိုသည်မှာ အတိတ်က သူတို့နှစ်ယောက်မှာရှိခဲ့သည့် အရာရာတိုင်းနှင့် သူတို့၏ လှပသောမှတ်ဉာဏ်များအားလုံးက လေထဲမှာ ပျောက်ကွယ်သွားတော့မည်ဟု ဆိုလိုသည်။

“နင်ပြန်ပြီး ရွေးချယ်လို့ရသေးတယ်”

ဧကရီဆိုးယုတ်က မှင်သေသေဖြင့်ပြောလိုက်၏။

ဆူဇီမိုသည် အလွန်တရာနာကျင်ခံစားနေရသော်လည်း သူက ခေါင်းခါပြလိုက်ဆဲဖြစ်၏။ အတိတ်က မြင်ကွင်းများနှင့် မှတ်ဉာဏ်များကို ပြန်လည်စဉ်းစားရင်း သူက တဖြည်းဖြည်းပြုံးလိုက်၏။

“ဒီဘဝမှာ ငါ့အတွက် ငါ့ရဲ့ကံကြမ္မာကို သူပြောင်းလဲပေးခဲ့တယ်”

“နောက်ဘဝကျရင် သူ့ကို ငါကာကွယ်ပေးရမယ့်အလှည့်ပဲ”

ထိုစကားကိုကြားသောအခါ အမြဲတမ်းအေးတိအေးစက်ရှိနေခဲ့သော ဧကရီဆိုးယုတ်က ရင်ထဲမှာ အနည်းငယ်လှုပ်ခတ်သွား၏။

ဆူဇီမိုက အသက်ပြင်းပြင်းတစ်ချက်ရှိုက်ပြီး ပြောလိုက်၏။

“မဟာကမ္ဘာတစ်ထောင်လောကမှာ… သူ ဘဝသစ်တစ်ခုကို ရရှိပါစေ… ငါသူ့ကို သေချာပေါက် လာရှာမယ်”

“ကောင်းပြီလေ”

ဧကရီဆိုးယုတ်က ခေါင်းညိတ်ပြလိုက်၏။

“ငါ မဟာကမ္ဘာတစ်ထောင်လောကမှာ နင်နဲ့တွေ့ရဖို့ မျှော်လင့်တယ်”

“နင်က မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းလာနိုင်ပြီး အခက်အခဲတစ်ခုနဲ့ကြုံတွေ့ရမယ်ဆိုရင် အိပ်မက်တံဆိပ်ပြားနဲ့ ငါ့ကိုလာရှာလိုက်… အဲဒါက ငါနင့်ကိုပေးထားတဲ့ အဖြူရောင်ကျောက်စိမ်းဆွဲသီးပဲ”

ဆူဇီမိုသည် မည်သည့်စကားကိုမှ မကြားရတော့သည့်အလား ငေးငိုင်နေဆဲဖြစ်၏။

သူသည် တျဲယွဲ့ကို မဟာကမ္ဘာတစ်ထောင်လောကမှာ ဘဝသစ်တစ်ခုရရှိစေဖို့ ဆုံးဖြတ်ချက်ချခဲ့ပြီဖြစ်လျှင်တောင် သူ၏ ရင်ထဲမှာ ဝန်လေးမှုနှင့် နာကျင်မှုက ပြည့်နှက်နေဆဲဖြစ်သည်။

All Chapters