← Chapters

အသက်ဓာတ်ကိုပြန်လည်ရယူခြင်း

Vol. 213 Ch. 3204

အသက်ဓာတ်ကိုပြန်လည်ရယူခြင်း

Vol. 213 Ch. 3204

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ မည်သည့်ဧကရာဇ်မဆို မဟာဧကရာဇ်တစ်ပါး ဖြစ်လာနိုင်သည်။

ထိုထဲမှာ တက္ကသိုလ်ဂိုဏ်းချုပ်လည်း ပါဝင်သည်။

ယခင်က တက္ကသလိုလ်ဂိုဏ်းချုပ်သည် ရုတ်တရက်ပေါ်ထွက်လာပြီး စုန်းမျိုးနွယ်ကို ခေါ်ဆောင်သွားစဉ်က တက္ကသိုလ်ဂိုဏ်းချုပ်သည် ဧကရာဇ်အကြီးနယ်ပယ် သို့မဟုတ် ပကတိဧကရာဇ်နယ်ပယ်ကို ရောက်ရှိနေလောက်ပြီဟု ဆူဇီမိုက ထင်မြင်ယူဆခဲ့မိ၏။

တက္ကသိုလ်ဂိုဏ်းချုပ်သည် ထိုအချိန်တုန်းက ဧကရာဇ်အကြီးနယ်ပယ်မှာသာရှိနေမည်ဆိုလျှင်ပင် ကောင်းကင်ဘုံခုံရုံးက ဖျက်ဆီးခံရပြီး အဆုံးမဲ့ကောင်းကင်နှင့်မြေကြီးအမြုတေချီက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို လွှမ်းခြုံလာသည့် သည်းထန်သောမိုးစက်များအဖြစ် အသွင်ပြောင်းလဲခဲ့စဉ်က တက္ကသလိုလ်ဂိုဏ်းချုပ်သည် သေချာပေါက် ပကတိဧကရာဇ်နယ်ပယ်သို့ အဆင့်ချိုးဖျက်တက်လှမ်းသွားပေလိမ့်မည်။

ဆူဇီမိုသည် ယခုအချိန်ထိ ဧကရာဇ်နယ်ပယ်ကို မတက်လှမ်းရသေးပေ။

သူက ဤအချိုးအစားမှာ ခြေတစ်လှမ်းနောက်ကျနေ၏။

သူသည် ပါရမီအရည်အချင်းမရှိသောကြောင့် သို့မဟုတ် လုံလောက်သည့်အခွင့်အလမ်းများမရရှိသောကြောင့် မဟုတ်ပေ။

တကယ်တမ်းမှာ သူ၏ ကျင့်ကြံမှုအလျင်အဟုန်သည် သူနှင့် ရွယ်တူတန်းတူများကြားမှာ များစွာကျော်လွန်သွားခဲပြီဖြစ်၏။ သို့သော်လည်း ကောင်းကင်ဘုံခုံရုံးဖျက်ဆီးခံရပြီးနောက် အလှည့်အပြောင်းများစွာပေါ်ထွက်လာကာ သူ့အတွက်အချိန်က အပူတပြင်းနိုင်လာခဲ့၏။

ကံကောင်းထောက်မစွာဖြင့် တမလွန်ဘုံအရှင်ဖြစ်စေ၊ ငရဲအရှင်ဖြစ်စေ သူတို့အနေဖြင့် သူတို့၏ အထွတ်အထိပ်အခြေအနေများကို ပြန်လည်ရရှိဖို့အတွက် အချိန်တချို့ယူရပေလိမ့်မည်။

ကောင်းကင်ဘုံခုံရုံးက ကြေမွပျက်စီးပြီး အဆုံးမဲ့အခွင့်အလမ်းများက အလယ်အလတ်ကမ္ဘာတစ်ထောင််လောကသို့ ဆင်းသက်လာလျှင်ပင် မဟာဧကရာဇ်တစ်ပါးဖြစ်လာဖို့က လွယ်ကူသည်မဟုတ်ပေ။

သူသည် ဧကရာဇ်နယ်ပယ်သို့ တတ်နိုင်သမျှမြန်မြန်တက်လှမ်းနိုင်သည်နှင့် သူသည် သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းနှင့် ကြွယ်ဝသောကောင်းကင်နှင့်မြေကြီးအမြုတေချီကို အသုံးချကာ ပကတိဧကရာဇ်နယ်ပယ်သို့ အလျင်အမြန်တက်လှမ်းနိုင်မည်ဖြစ်သည်။

ထိုအချိန်မှာ သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ မဟာဧကရာဇ်နေရာအတွက် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ဦးမည်ဖြစ်သည်။

တကယ်တော့… ဧကရီဆိုးယုတ်ပြောသလိုပင် ဤအရာသည် ကြိုတင်မခန့်မှန်းနိုင်သော အလှည့်အပြောင်းတစ်ခုဖြစ်သည်။

“အိပ်မက်တံဆိပ်ပြားကို ကောင်းကောင်းဂရုစိုက်ထား”

ဆူဇီမိုက အလေးအနက်စဉ်းစားတွေးတောနေစဉ် ဧကရီဆိုးယုတ်က ရုတ်တရက်ပြောလိုက်သည်။

ဆူဇီမိုက အလိုလိုလှည့်ကြည့်လိုက်၏။

ထိုအခိုက်အတန့်မှာ သူ့ကို ဧကရီဆိုးယုတ်ကြည့်နေသည့်ပုံမှာ ပိုမိုနက်ရှိုင်းသောအဓိပ္ပါယ်တစ်ခုပါဝင်နေပုံရသည်။ ဆူဇီမိုက အနည်းငယ်မှင်တက်သွားပြီး ခဏကြာသည်အထိ အဲဒါကို နားမလည်နိုင်ပေ။

ယခင် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ အိပ်မက်တံဆိပ်ပြားသည် အနွေးဓာတ်တချို့ကို ဖြာထုတ်ပေးခဲ့သော်လည်း ယခု တဖြည်းဖြည်းအေးစက်သွားခဲ့ပြီဖြစ်၏။

ဆူဇီမိုသည် စဉ်းစားရခက်နေပြီး မေးမြန်းတော့မည်ပြုစဉ်မှာပင် ဧကရီဆိုးယုတ်က မှင်သေသေဖြင့်ပြောလိုက်၏။

“ငါသွားတော့မယ်… မဟာကမ္ဘာတစ်ထောင်လောကမှာ ပြန်တွေ့ကြတာပေါ့”

ဧကရီဆိုးယုတ်က သူမ၏ လက်ကို ဝေ့ယမ်းလိုက်ပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် ကောင်းကင်ဘုံခုံရုံးမှာရောက်ရှိနေသော တောကောင်တာအိုစစ်တပ်က သူမ၏ အမိန့်အောက်မှာ ချောက်နက်ထဲသို့ နောက်တစ်ဖန်ဝင်ရောက်ပြီး တောကောင်ကမ္ဘာသို့ ပြန်လည်ရောက်ရှိသွား၏။

ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအပြီးမှာ တစ္ဆေစစ်တပ်နှင့် အဆူရာစစ်တပ်ကလည်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကနေ တစ်‌ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြ၏။

မိစ္ဆာအရှင်နှင့် ဗြဟ္မာတစ္ဆေမိခင်က မဟာကမ္ဘာတစ်ထောင်လောကသို့တက်လှမ်းသွားစဉ် သူတို့သည်လည်းပဲ တစ္ဆေကမ္ဘာနှင့် အဆူရာကမ္ဘာသို့ ပြန်လည်ရောက်ရှိသွားကြသည်။

မိစ္ဆာအရှင်နှင့် ဗြဟ္မာတစ္ဆေမိခင်က ကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းသွားကြသည်။

မဟာဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် မဟာဧကရီသွေးလိပ်ပြာက သေဆုံးသွားသော်လည်း ဧကရီဆိုးယုတ်က ရှိနေဆဲဖြစ်သည်။

သူတို့သည် ဧကရီဆိုးယုတ်၏ ရှေ့မှာ ရိုင်းပျရဲခြင်း မရှိပေ။

ဧကရီဆိုးယုတ်က မဟာကမ္ဘာတစ်ထောင်လောကသို့ မတက်လှမ်းခင် သူမသည် တမလွန်ဘုံသို့ ခရီးတစ်ခုသွားလိုသည်။

သူမ၏ အကြည့်က ရွေ့လျားသွားပြီး ကြယ်တာရာကောင်းကင်ထဲမှာ လွင့်မျောနေသည့် ကြေးမီးဖိုအပိုင်းအစများစွာကို ကြည့်လိုက်၏။

၎င်းသည် သိုင်းတာအိုပင်မခန္ဓာ၏ သွေးများဖြင့် စွန်းထင်းနေသော ငရဲဖိနှိမ်မီးဖိုအပိုင်းအစများဖြစ်သည်။

ဧကရီဆိုးယုတ်က ခဏမျှစဉ်းစား၍ သူမ၏ ဝတ်ရုံစကို ဝေ့ယမ်းကာ သိုင်းတာအိုပင်မခန္ဓာ၏ သွေးများဖြင့်စွန်းထင်းနေသည့် ငရဲဖိနှိမ်မီးဖိုအပိုင်းအစများကို သဲ့ယူလိုက်၏။

ထိုသည်ကိုတွေ့မြင်သောအခါ ဆူဇီမိုက တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး မေးလိုက်၏။

“သိုင်းတာအိုပင်မခန္ဓာက သေသွားပြီလား”

သိုင်းတာအိုပင်မခန္ဓာမသေသေးသရွေ့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ကြီးကြီးမားမားအန္တရာယ်ကျရောက်လာလိမ့်မည် မဟုတ်ပေ။

“ငါမသိဘူး”

ဧကရီဆိုးယုတ်က ခေါင်းခါပြလိုက်၏။

ခဏမျှရပ်တန့်ပြီးနောက် ဧကရီဆိုးယုတ်က ဆက်ပြောလိုက်သည်။

“သူက မသေဘူးဆိုရင်တောင်မှ သေတာနဲ့မကွာခြားလောက်ဘူး”

“သူ့ရဲ့ အော်ရာက စောင့်ကြည့်ခံနေရပြီ… သူက ပေါ်ထွက်လာရဲမယ်ဆိုရင် နောက်တစ်ခါထပ်ပြီး ဆင်းသက်လာမယ့်မဟာကပ်ဘေးက အခုတစ်ခေါက်ထပ်ပိုပြီး ကြောက်စရာကောင်းလာဖို့ပဲရှိတယ်”

“သူက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ကျရောက်လာမယ့်အန္တရာယ်ကို ကူညီပေးနိုင်မှာ မဟုတ်ဘူး”

ဆူဇီမိုက နှုတ်ဆိတ်သွား၏။

ဧကရီဆိုးယုတ်သည် တခြားထပ်မံ၍ မပြောဆိုတော့ဘဲ ကြယ်တာရာကောင်းကင်ထဲရှိ ချောက်နက်ထဲသို့ဝင်ရောက်ကာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကနေ ပျောက်ကွယ်သွာ၏။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ တိုက်ပွဲများအားလုံးနီးပါးက ရပ်တန့်သွားသည်။

ကောင်းကင်ဘုံခုံရုံးမှ ဧကရာဇ်များသည် အခြေအနေမကောင်းတော့သည်ကို တွေ့မြင်သောအခါ သူတို့က တစ်ယောက်ပြီးတစ်ယောက် တက်လှမ်းသွားကြပြီဖြစ်၏။

ပကတိစိတ်ဝိညာဉ်များနှင့် အင်မော်တယ်ဘုရင်များကဲ့သို့ ကောင်းကင်ဘုံခုံရုံးမှာ အခြားသောသက်ရှိများကတော့ သူတို့သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာကျန်ရစ်ခဲ့ပြီး လူတိုင်း၏ ပစ်မှတ် ဖြစ်လာခဲ့၏။

အထူးသဖြင့် အပြစ်သားကုန်းမြေကိုးခုကနေ လွတ်မြောက်လာသော ဆိုးယုတ်မိစ္ဆာများနှင့် အပြစ်သားစိတ်ဝိညာဉ်များအတွက်ဖြစ်သည်။ သူတို့သည် ကောင်းကင်ဘုံခုံရုံးနှင့် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ ပညာရှင်များကို အရိုးထိတိုင်မုန်းတီးနေခဲ့ကြပြီးသားဖြစ်သည်။

ထိုမုန်းတီးမှုသည် မျိုးဆက်အလိုက် သူတို၏ အရိုးများထဲမှာ စွဲထင်လာခဲ့သည်။

ကောင်းကင်ဘုံခုံရုံးနှင့် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ လွှမ်းမိုးခြယ်လှယ်မှုက ပြီးဆုံးသွားပြီး သူတို့သည် အပြစ်သားကုန်းမြေကိုးခုနှင့် ကမ္ဘာများစွာ၏ ဝိုင်ပတ်ပိတ်ဆို့တိုက်ခိုက်မှုကို မခုခံနိုင်တော့ပေ။

ကောင်းကင်ဘုံခုံရုံးမှ မရေမတွက်နိုင်သောသက်ရှိများက ခြေဦးတည့်ရာလှည့်ထွက်ပြေးနေကြ၏။

ကောင်းကင်ဘုံခုံရုံးနှင့် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာမှ ဤသက်ရှိများသည် ပြီးခဲ့သည့်ခေတ်တချို့မှာ အမြင့်တွင် စွမ်းပကားကြီးမားစွာဖြင့် အမြဲတမ်းရှိနေခဲ့ကြပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ မျိုးနွယ်စုတစ်သောင်းကို လူသားများအဖြစ် မဆက်ဆံခဲ့ကြပေ။

အနည်းငယ်သောမနာခံမှုကပင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခု သို့မဟုတ် ချေမှုန်းသုတ်သင်ခံရခြင်းဆိုသော ရလဒ်များကို ထွက်ပေါ်လာစေနိုင်ခဲ့သည်။

ဤနှစ်များမှာ ကမ္ဘာပေါင်းမျာစွာသည် ကောင်းကင်ဘုံခုံရုံးနှင့် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာ၏ ဖျက်ဆီးခြင်းခံရပြီး မျိုးနွယ်စုများစွာက လုံးလုံးလျားလျားဖျောက်ဖျက်ခံလိုက်ရ၏။

သည်ဘက်မျိုးဆက်မှာ ကောင်းကင်ဘုံခုံရုံးနှင့် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက နောက်ဆုံးမှာ တန်ဖိုးတစ်ခုကို ပြန်လည်ပေးဆပ်လာရသည်။

တမလွန်ဘုံမှာ…။

ပေါတူတောင်ခြေရင်းမှာ ဧကရီဆိုးယုတ်သည် ချောက်နက်ထဲမှာ ဖြည်းဖြည်းချင်းလည်ပတ်နေသည့် ဧရာမဝဲကတော့ကို တိတ်တဆိတ်ကြည့်နေ၏။

ခဏနေပြီးနောက် သူမက လက်ယပ်ခေါ်လိုက်ပြီး အဝါရောင်စိမ့်စမ်းရှိရာဘက်မှ တောက်ပနေသော အနီရောင်ပန်းတစ်ပွင့်က လွင့်မျောလာကာ သူမ၏ လက်ဖဝါးထဲသို့ ဆင်းသက်လာ၏။

“ဒါကို အရင်ဘဝမှတ်ဉာဏ်တွေကို ထိန်သိမ်းပေးနိုင်တဲ့ ပါရမီပန်းလို့ဆိုကြပေမယ့် ဘာပဲပြောပြော နင်က မဟာကမ္ဘာတစ်ထောင်လောကမှာ ပြန်ဝင်စားရမှာပဲ… အဲဒီမှာအလှည့်အပြောင်းတွေ အများကြီရှိလာနိုင်တယ်… ဒီပန်းက အလုပ်ဖြစ်ပါ့မလား ငါလည်းမပြောတတ်ဘူး”

ဧကရီဆိုးယုတ်က ညင်သာစွာရေရွတ်ရင်း တျဲယွဲ့၏ ဝိညာဉ်ကို ပါရမီပန်းဖူးထဲသို့ ထည့်ပေးလိုက်၏။

ဧကရီဆိုးယုတ်၏ စိတ်ဝိညာဉ်အသိစိတ်က လှုပ်ရှားသွားပြီး ပန်းပွင့်က အဖူးအငုံအဖြစ် ပိတ်ဆို့ကာ တျဲယွဲ့၏ ဝိညာဉ်ကို ကာကွယ်ပေးလိုက်၏။

သူမသည် အောက်ဘက်ရှိ ဧရာမဝဲကတော့၏ နယ်မြေဒေသခြောက်ခုပေါ်မှ ရှေးဟောင်းမှော်စာလုံးများကိုကြည့်ပြီး သူမ၏ လက်ကို ညင်သာစွာဝေ့ယမ်းကာ ပါရမီပန်းကို နေရာတစ်ခုဆီ ပို့ပေးလိုက်၏။

ထိုနေရာမှာရှိသော မှော်စာလုံးများသည် ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်၏ ကောင်းကင်ဘုံတာအိုကို ကိုယ်စားပြုလေသည်။

ထိုသို့ပြုလုပ်ပြီးနောက် ဧကရီဆိုးယုတ်သည် တစ်ဘက်သို့လှည့်ပြီး တမလွန်ဘုံကိုဖြတ်ကျော်ကာ တမလွန်မြစ်၏ အထက်သို့ ရောက်ရှိလာ၏။ ထို့နောက် သူမသည် တမလွန်မြစ်၏ အနက်ပိုင်းထဲသို့ ဦးတည်သွားလေသည်။ သူမသည် ဘေးပတ်ဝန်းကျင်နှင့် စိမ်းသက်နေပုံမရပေ။

သို့သော်လည်း သူမသည် တမလွန်မြစ်နှင့် သွေးပင်လယ်ကို ပိုင်းခြားထားသည့်နေရာကို ရောက်ရှိသောအခါ သူမက ရုတ်တရက်ရပ်တန့်ပြီး သွေးပင်လယ်ထဲသို့ သာမန်ကာလျှံကာ လှမ်းဝင်ခြင်းမရှိပေ။ ဧကရီဆိုးယုတ်က တစ်ခုခုကို စောင့်ဆိုင်းနေသည့်အလား မလှုပ်မယှက်မတ်တတ်ရပ်နေ၏။

အတန်ကြာပြီးနောက် ယိုယွင်းပျက်စီးနေသော ရှေးဟောင်းသင်္ဘောတစ်စင်းက သွေးပင်လယ်၏ အနက်ပိုင်းထဲကနေ ဖြည်းဖြည်းချင်းရွက်လွှင့်ပြီး သွေးမြူခိုးများကို ဖြတ်ကျော်လာ၏။ ထို့နောက် ၎င်းသည် တမလွန်မြစ်ရှေ့မှာ ရပ်တန့်လိုက်၏။

ရှေးဟောင်းသင်္ဘောက ဗလာကျင်းနေ၏။

ဧကရီဆိုးယုတ်က ခဏမျှစဉ်းစားပြီးနောက် သူမ၏ ဝတ်ရုံစကို ဝေ့ယမ်းကာ သိုင်းတာအိုပင်မခန္ဓာ၏ သွေးများ စွန်းထင်းနေသည့် ငရဲဖိနှိမ်မီးဖိုအပိုင်းအစများကို ရှေးဟောင်းသင်္ဘောပေါ်သို့ ပစ်ထုတ်ပေးလိုက်၏။

ယိုယွင်းပျက်စီးနေသော ရှေးဟောင်းသင်္ဘောက ဖြည်းဖြည်းချင်းရွက်လွှင့်ပြီး သွေးမြူခိုးများကြား နောက်တစ်ဖန်ပျောက်ကွယ်သွားသည်။

ဧကရီဆိုးယုတ်သည် အတန်ကြာအောင်မတ်တတ်ရပ်နေပြီးနောက် သွေးပင်လယ်၏ အနက်ပိုင်းရှိရာဘက်သို့ အနည်းငယ် ဦးညွှတ်လိုက်၏။

ထို့နောက် သူမသည် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းသွားလေသည်။ သွေးပင်လယ်၏ အနက်ပိုင်းထဲမှာ မရေမတွက်နိုင်သောအလောင်းများ၊ ကျိုးပဲ့နေသော လှံပုဆိန်များ၊ ဓားများဖြင့် ပြည့်နှက်နေသည့် အပျက်အစီးနယ်မြေတစ်ခုရှိနေသည်။ ၎င်းသည် သွေးများဖြင့်စွန်းထင်းနေပြီး ယိုယွင်းပျက်စီးနေကာ တိတ်ဆိတ်ခြောက်ကပ်နေသော ကျွန်းတစ်ကျွန်းနှင့်တူနေ၏။

အပျက်အစီးနယ်မြေ၏ ဘေးပတ်လည်မှာ သွေးမြူခိုးများရှိနေသော်လည်း အထဲကို ဝင်ရောက်မလာနိုင်ပေ။

အပျက်အစီးနယ်မြေမှာရှိသော အရာရာတိုင်းမှာ ရှေးကျသောအော်ရာတစ်ခုပါဝင်ပြီး မည်မျှကြာပြီမသိရသောအချိန်တစ်ခုမှာ မွေးဖွားလာခဲ့ပုံရသည်။

အပျက်အစီးပုံများကြားမှာထိုင်နေသော အနက်ရောင်ဝတ်ဖိုသီဖတ်သီအမျိုးသားလည်း အပါအဝင်ဖြစ်သည်။

ယိုယွင်းပျက်စီးနေသော ရှေးဟောင်းသင်္ဘောက အပျက်အစီးနယ်မြေမှာ ရပ်တန့်သွားပြီး အနက်ရောင်ဝတ်အမျိုးသားက ဖြည်းဖြည်းချင်းမတ်တတ်ထရပ်လိုက်၏။

အပျက်အစီးနယ်မြေ၏ အစပ်ကိုရောက်ရှိလာသည့် အနက်ရောင်ဝတ်အမျိုးသားက သွေးပင်လယ်ထဲသို့ သာမန်ကာလျှံကာလှမ်းဝင်ကာ ရှေးဟောင်းသင်္ဘောပေါ်မှ ငရဲဖိနှိမ်မီးဖိုအပိုင်းအစများကို သူ၏ လက်နှစ်ဖက်ဖြင့် ဆွဲယူလိုက်၏။ ထို့နောက် အပျက်အစီးပုံများကြားရှိ ခပ်ဖျော့ဖျော့မီးတောက်တစ်ခု၏ ဘေးသို့ ထိုအရာများအားလုံးကို ပစ်ထုတ်ပေးလိုက်၏။

ထိုမီးတောက်သည် သိုင်းတာအိုပင်မခန္ဓာ၏ သိုင်းစိတ်ဝိညာဉ်မီးဖြစ်သည်။

၎င်း ပြန်လည်ထွန်းညှိလာပြီးနောက် သိုင်းစိတ်ဝိညာဉ်၏ အသက်ဓာတ်အားသည် အလွန်တရာနှေးကွေးသော်လည်း တဖြည်းဖြည်းပြန်လည်ရရှိနေ၏။

ထိုအခိုက်အတန့်မှာ တစ်စုံတစ်ရာကို အာရုံခံမိသွားသည့်အလား သိုင်းစိတ်ဝိညာဉ်မီးက ခုန်ပေါက်ပြီး ပိုမိုတောက်ပစွာလောင်ကျွမ်းလာ၏။

ငရဲဖိနှိမ်မီးဖိုအပိုင်းအစများပေါ်မှ သွေးစက်များသည် စွမ်းအားကြီးမားသော အသက်ဓာတ်အားနှင့်အတူ နောက်တစ်ဖန်တောက်ပလာ၏။

သွေးများဖြင့်စွန်းထင်းနေသော ငရဲဖိနှိမ်မီးဖိုအပိုင်းအစများသည် တစ်ခုသောစွမ်းအား၏ လမ်းညွှန်မှုအောက်မှာ သိုင်းစိတ်ဝိညာဉ်ရှိရာသို့ စတင်၍ ချဉ်းကပ်လာနေ၏။

“ကျွတ်… ကျွတ်…”

အနက်ရောင်ဝတ်အမျိုးသားက ထူးဆန်းစွာစုတ်သပ်ပြီး တီးတိုးရေရွတ်လိုက်၏။

“ဘယ်လောက်တောင်လွန်ကဲလိုက်တဲ့ ဓမ္မတာအိုလဲ… သူက ငရဲဖိနှိမ်မီးဖိုကိုတောင် သူ့ခန္ဓာကိုယ်အဖြစ် သန့်စင်မွမ်းမံချင်နေတာပဲ။”

All Chapters