← Chapters

နှစ် ၁၀၀

Vol. 213 Ch. 3205

နှစ် ၁၀၀

Vol. 213 Ch. 3205

ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲက အဆုံးသတ်သွားခဲ့ပြီဖြစ်သော်လည်း ကြယ်တာရာကောင်းကင်ထဲမှာ သတ်ဖြတ်ခြင်းများက ရပ်တန့်မသွားသေးပေ။

ဧကရာဇ်ပညာရှင်များ၏ ကာကွယ်မှုမရှိဘဲ ကောင်းကင်ဘုံခုံရုံးစစ်တပ်ပင်လျှင် အမျိုးမျိုးသောကမ္ဘာများမှ ပညာရှင်များစွာ၏ ပူးပေါင်းတိုက်ခိုက်မှုကို မခုခံနိုင်ကြပေ။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ပညာရှင်များစွာ၏ မျက်လုံးထဲမှာ ဤသက်ရှိများသည် သူတို့ကို တစ်ခါက ဖိနှိမ်ချုပ်ချယ်ကာကျွန်ပြုခဲ့သူများသာ မဟုတ်ပေ။ ကောင်းကင်ဘုံခုံရုံးမှ သက်ရှိတိုင်းသည် ကြီးမားသော ရတနာသိုက်တစ်ခုလည်း ဖြစ်နေ၏။

ကောင်းကင်ဘုံခုံရုံးမှ သက်ရှိများ၏ သိုလှောင်အိတ်များနှင့် ကောင်းကင်လိုဏ်ဂူများမှာ မရေမတွက်နိုင်သော ရတနာများ ပါဝင်နေသည်။

ထိုအရာများသည် ကောင်းကင်ဘုံခုံရုံးမှ သက်ရှိများ ပြန်လည်ပေးဆပ်ရမည့် တန်ဖိုးလည်းဖြစ်သည်။

ဆူဇီမိုက ဒဏ်ရာအပြင်းအထန်ရရှိထားပြီး ထျန်ဟွမ်ကမ္ဘာသို့ ပြန်လည်ရောက်ရှိလာသည်။

ဤကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ ထျန်ဟွမ်ကမ္ဘာသည် ဧကရာဇ်များ၏ တိုက်ပွဲဖြင့် များစွာသက်ရောက်ခြင်းမခံရဘဲ ဧကရာဇ်နယ်ပယ်အောက်မှာရှိသော သက်ရှိများစွာက မသေဆုံးခဲ့ပေ။

သို့သော်လည်း ထျန်ဟွမ်ကမ္ဘာမှ လူတိုင်းသည် ရင်ထဲမှာ အရမ်းကို တင်းကျပ်လေးလံနေကြ၏။

ဧကရာဇ်နယ်ပယ်ပညာရှင်များစွာက ဤတိုက်ပွဲမှာ သေဆုံးခဲ့ရသည်။

မဟာဧကရာဇ် အထီးကျန်သိုင်းသခင်နှင့် မဟာဧကရီသွေးလိပ်ပြာပင် သေဆုံးခဲ့ရသည်။

ထျန်ဟွမ်ကမ္ဘာမှ မိတ်ဆွေဟောင်းတချို့သည် လူသားဧကရာဇ် သေဆုံးသွားသည်ကို တွေ့မြင်စဉ်မှာ အလွန်တရာ စိတ်ထိခိုက်ခံစားနေခဲ့ရ၏။

သူတို့သည် ဆူဇီမို ပြန်လည်ရောက်ရှိလာသည်ကို တွေ့မြင်သောအခါ ကြိတ်၍သက်ပြင်းချလိုက်ကြသည်။

ဆူဇီမိုနှင့် အင်မော်တယ်ဘုရင်မ လင်းလုံသည် သူတို့၏ အလွန်တရာချစ်ရသူများ သေဆုံးသွားသည်ကို သူတို့၏ မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရ၏။ ဘယ်သူက ဤကဲ့သို့သော ထိုးနှက်ချက်ကို တောင့်ခံနိုင်မှာလဲ။

လင်းလေနှင့် လင်းလောသည် အင်မော်တယ်ဘုရင်မ လင်းလုံကို အဖော်ပြုပေးနေ၏။ ဖုန့်စန်းထျန်က ဘေးကနေ မှင်သေသေဖြင့် တိတ်တဆိတ် စောင့်ကြပ်ပေးနေ၏။

ကျား၊ ချင်ချင်၊ မြေခွေးလေး၊ ညဝိညာဉ်နှင့် ရွှေခြင်္သေ့တို့က ဆူဇီမို၏ ဘေးကို တစ်ယောက်ပြီးတစ်ယောက် ရောက်ရှိလာပြီး စိုးရိမ်ပူပန်စွာဖြင့် သူ့ကို ကြည့်လိုက်ကြ၏။

ယွင်ကျူးနှင့် မိုချင်ကလည်း မလှမ်းမကမ်းကနေ သူ့ကိုစောင့်ကြည့်နေ၏။

လူတိုင်းသည် တစ်ခုခုကို ပြောချင်သော်လည်း သူ့ကို မည်သို့နှစ်သိမ့်ပေးရမည် မသိကြပေ။

“ငါ အဆင်ပြေပါတယ်”

လူတိုင်း၏ စိုးရိမ်ပူပန်မှုကို ပြောနိုင်သည့်အလား ဆူဇီမိုက ညင်သာစွာ ပြုံးပြလိုက်၏။

သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သူသည် သေခြင်းရှင်ခြင်းခွဲခွာမှုများစွာကို မြင်တွေ့ထားခဲ့ပြီး အဲဒါကို သူကိုယ်တိုင်လည်း တွေ့ကြုံထားခဲ့ဖူးသည်။

သို့သော်လည်း ကိစ္စများက ယခင်ကနှင့် မတူတော့ပေ။

သူ့အစ်ကိုကြီး ဆူဟုန်ဖြစ်စေ၊ ယောင်ရွှယ်ဖြစ်စေ၊ သူတို့ကွယ်လွန်သွားပြီးနောက် မည်သည့်အငွေ့အသက်မှ မကျန်ရှိခဲ့ဘဲ သူတို့ကို လိုက်လံရှာဖွေလို့ မရတော့ပေ။

သူသည် ဤအဆင့်ထိ ကျင့်ကြံခဲ့ပြီး တမလွန်ဘုံသို့ ရောက်ရှိခဲ့ဖူးလျှင်တောင် သူသည် မည်သည့်အရာကိုမှ ရှာမတွေ့နိုင်ခဲ့ပေ။

သို့သော်လည်း တျဲယွဲ့ကတော့ မတူပေ။

တျဲယွဲ့ကို မဟာကမ္ဘာတစ်ထောင်လောကမှာ ပြန်ဝင်စားစေပြီး ဘဝသစ်တစ်ခု ရရှိလာစေရန် ဧကရီဆိုးယုတ်က ကူညီပေးပေလိမ့်မည်။

ဆူဇီမိုက စိတ်ထိခိုက်ခံစားနေရသော်လည်း သူက အဲဒါကို မျှော်လင့်တမ်းတနေ၏။

မဟာကမ္ဘာတစ်ထောင်လောကမှာ သူတို့နှစ်ယောက် ပြန်ဆုံနိုင်မည့်နေ့ကို သူက မျှော်လင့်စောင့်စားနေမိသည်။

တျဲယွဲ့က သာမန်လူသားတစ်ဦးသာ ဖြစ်မည်ဆိုလျှင်တောင် သူက ဂရုစိုက်လိမ့်မည် မဟုတ်ပေ။

သူသည် တျဲယွဲ့ကို ကာကွယ်ပေးပြီး ပင်ယန်းမြို့မှာတုန်းကလိုပင် သူမကို ကျင့်ကြံရေးလမ်းကြောင်းပေါ်သို့ ဆွဲခေါ်မိပေလိမ့်မည်။

တကယ်တော့ မဟာကမ္ဘာတစ်ထောင်လောကသို့ သူတက်လှမ်းလိုသည့် အကြောင်းရင်းမှာ တျဲယွဲ့ကို ရှာဖွေဖို့သာ မဟုတ်ပေ။

အဲဒါက လက်စားချေဖို့အတွက်လည်း ဖြစ်သည်။

တျဲယွဲ့၊ လူသားဧကရာဇ်နှင့် ဒီဘက်မျိုးဆက် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ သေဆုံးခဲ့ရသော သက်ရှိများစွာအတွက်သာလျှင် မဟုတ်ပေ။

ပြီးခဲ့သည့်ခေတ်တချို့မှာ အနိုင်မခံအရှုံးမပေးဘဲ တစ်ယောက်ပြီးတစ်ယောက် စွန့်လွှတ်စတေးခဲ့သော စီနီယာများအတွက်လည်းဖြစ်သည်။

ဆူဇီမိုသည် ကောင်းကင်ဘုံခုံရုံး ဘာကြောင့်တည်ရှိရသလဲ သိချင်နေ၏။

မဟာကမ္ဘာတစ်ထောင်လောကမှာ ကောင်းကင်ဘုံခုံရုံးမှ အရှင်ကိုးပါး၏ အဆင့်အတန်းနှင့် သရုပ်သကန်က ဘာဖြစ်မလဲ။

မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်နှင့် ဗြဟ္မာတစ္ဆေမိခင်တို့က ဘယ်သူတွေလဲ။

မဟာကမ္ဘာတစ်ထောင်လောကမှာ အရင်တုန်းက အတိအကျ ဘာတွေဖြစ်ခဲ့တာလဲ။

သိုင်းတာအိုပင်မခန္ဓာ၏ တည်ရှိမှုက မဟာကမ္ဘာတစ်ထောင်လောကမှ မဟာကပ်ဘေးတစ်ခုကို ဘာကြောင့်ဆွဲဆောင်မိခဲ့ရတာလဲ။

အရာရာတိုင်း၏ အရင်းအမြစ်က မဟာကမ္ဘာတစ်ထောင်လောကမှာ ရှိနေသည်။

သူသည် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းခြင်းဖြင့်သာ သူ၏ သံသယများအားလုံးအတွက် အဖြေရနိုင်မည်ဖြစ်သည်။

တကယ်တော့ မဟာကမ္ဘာတစ်ထောင်လောကသို့ သူ မတက်လှမ်းခင် သူ့မှာ နောက်ထပ်အန္တရာယ်တစ်ခုကို ဖြေရှင်းစရာရှိနေ၏။

သူထင်တာမမှားလျှင် တက္ကသိုလ်ဂိုဏ်းချုပ်နှင့် တမလွန်ဘုံအရှင်၏ အကွက်ချကြံစည်မှုသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် မျိုးနွယ်စုတစ်သောင်းသက်ရှိများအတွက် ကြီးမားသည့်ကပ်ဘေးတစ်ခု ဖြစ်လာပေလိမ့်မည်။

ယခု ထိုကပ်ဘေးအပြင် တစ်ကျော့ပြန်လာတော့မည့် ငရဲအရှင်လည်း ရှိနေ၏။

. . . . . .

တစ်ခဏချင်းမှာပင် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲပြီးဆုံးခဲ့သည်မှာ နှစ်တစ်ရာကြာသွားခဲ့သည်။

ဤနှစ်များမှာ ကောင်းကင်ဘုံခုံရုံးမှ သက်ရှိများစွာသည် ဝိုင်းပတ်ပိတ်ဆို့ကာ သတ်ဖြတ်ခံခဲ့ရပြီဖြစ်သည်။ အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ကစဉ့်ကလျားအခြေအနေများက တဖြည်းဖြည်းတည်ငြိမ်သွားပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက ပြန်လည်အားပြည့်လာကြ၏။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ကျင့်ကြံရေးပတ်ဝန်းကျင်သည် ယခင်ကထက် များစွာပိုမိုကောင်းမွန်လာပြီး မျိုးနွယ်စုတစ်သောင်းသည် မကြုံစဖူး ဂုဏ်ကျက်သရေထွန်းတောက်သည့်ခေတ်ကို ရောက်ရှိလာကြ၏။

ယခင်အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ခေတ်အဆက်ဆက် ရတနာများနှင့် အရင်းအမြစ်များကို ကောင်းကင်ဘုံခုံရုံးက အတင်းအဓမ္မ သိမ်းပိုက်ထားခဲ့သည်။

ကောင်းကင်ဘုံခုံရုံး ဖျက်ဆီးခံရပြီးနောက် မရေမတွက်နိုင်သော မျိုးစေ့များက ပြန့်ကြဲသွားခဲ့၏။ တစ်ခါတုန်းက မျိုးသုဉ်းပျောက်ကွယ်သွားခဲ့ပြီဖြစ်သော အင်မော်တယ်ဆေးပင်များနှင့် စိတ်ဝိညာဉ်အပင်များက အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ နေရာအနှံ့မှာ ပြန်လည်ပေါက်ရောက်လာခဲ့သည်။

ကျယ်ပြောသော ကြယ်တာရာကောင်းကင်ထဲမှာ မရေမတွက်နိုင်သော သဘာဝရတနာများက ပုန်းလျှိုးနေပြီး မရေမတွက်နိုင်သော အခွင့်အလမ်းများကို ပေါ်ထွက်လာစေသည်။

ပါရမီအရည်အချင်းရှိသောလူများပင်လျှင် ကံအကြောင်းအခွင့်တိုက်ဆိုင်သော ကြုံကြိုက်မှုများမရှိဘဲ သူတို့၏ ကျင့်ကြံမှုနယ်ပယ်အဟန့်အတားများကို ချိုးဖျက်ဖို့က အင်မတန်ခဲယဉ်းလေသည်။

ကောင်းကင်ဘုံခုံရုံး ဖျက်ဆီးခံရပြီးနောက် ၎င်းသည် ပြိုင်စံရှားများနှင့် ပြန်ဝင်စားမွန်းစတားများအတွက် အကောင်းဆုံး ကျင့်ကြံရေးပတ်ဝန်းကျင်တစ်ခုကို ဖြစ်ပေါ်လာစေသည်။

ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအပြီးမှာ လူတိုင်း၏ ကျင့်ကြံမှုအလျင်အဟုန်က သိသိသာသာ ပိုမိုမြန်ဆန်လာသည်ကို သက်ရှိများအားလုံးက ရှင်းရှင်းလင်းလင်း အာရုံခံမိနိုင်ကြသည်။

ကျင့်ကြံမှုနယ်ပယ်အကြီးတစ်ခုကို ချိုးဖျက်တက်လှမ်းရသည်ကပင် ယခင်ကထက် များစွာပိုမိုလွယ်ကူလာခဲ့သည်။

နှစ်တစ်ရာမျှမှာ.. အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတွင် သူတို့၏ ကျင့်ကြံမှုနယ်ပယ်မှာ နှစ်ပေါင်းသိန်းချီ ရပ်တန့်နေခဲ့သော ဧကရာဇ်တစ်ပိုင်း ဆယ်ဦးကျော်က ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်သွားကြ၏။

ယခင်ကဆိုလျှင် ဤဖြစ်ရပ်က တကယ့်ကို ထူးခြားအံ့မခန်းဖြစ်သည်။

ကောင်းကင်ဘုံခုံရုံး၏ ချိပ်ပိတ်ထားမှုမရှိဘဲ လူတစ်ယောက်သည် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းလာနိုင်သည်နှင့် သူတို့သည် မဟာကမ္ဘာတစ်ထောင်လောကသို့ အချိန်မရွေးတက်လှမ်းဖို့ ရွေးချယ်နိုင်ကြသည်။

ပြီးခဲ့သည့် နှစ်၁၀၀မှာ ဧကရာဇ်ပညာရှင်များစွာက မဟာကမ္ဘာတစ်ထောင်လောကသို့ တစ်ယောက်ပြီးတစ်ယောက် တက်လှမ်းသွားခဲ့ကြသည်။

ဧကရာဇ်နယ်ပယ်ပညာရှင်များသည် ကျင့်ကြံရန်နှင့် လောကတစ်ခုကို ပိုမိုကြံ့ခိုင်ကာ ပိုပြီးပြည့်စုံလာစေဖို့ ရင်းမြစ်ချီကို စုပ်ယူရန် လိုအပ်ကြသည်။

သို့သော်လည်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ရင်းမြစ်ချီက မရှိသလောက်နီးပါးပင်။

မဟာကမ္ဘာတစ်ထောင်လောကမှာသာ ဧကရာဇ်နယ်ပယ်ပညာရှင်များသည် ပိုမိုကောင်းမွန်စွာနှင့် ပိုမိုမြန်ဆန်စွာ ကျင့်ကြံနိုင်ကြမည်ဖြစ်သည်။

ဒါ့အပြင် ဧကရာဇ်နယ်ပယ်အထိ ကျင့်ကြံထားသော ပညာရှင်များမှာ စွမ်းအားကြီးမားသော တာအိုနှလုံးသားများနှင့် မဟာရည်မှန်းချက်များ ရှိကြသည်။ သူတို့အားလုံးသည် ပိုမိုကျယ်ပြောသော လောကသို့ သွားရောက်စွန့်စားလိုကြ၏။

ဧကရာဇ်ပညာရှင်များစွာက မတက်လှမ်းခင် သူတို့သည် ဆူဇီမိုရှိရာ ထျန်ဟွမ်ကမ္ဘာသို့ လာရောက်လည်ပတ်ကြပြီး သူ့ကို နှုတ်ဆက်ကြလေသည်။

ဆူဇီမိုက အထီးကျန်သိုင်းသခင်ဖြစ်သည်ကို လူတိုင်းသိရှိထားကြသည်။

သူတို့ မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းခွင့်ရသည်မှာ အရင်တုန်းက မဟာဧကရာဇ် အထီးကျန်သိုင်းသခင်နှင့် မဟာဧကရီသွေးလိပ်ပြာက မဆုတ်မနစ်ကြိုးပမ်းကာ သူတို့ကိုယ်သူတို့ စွန့်လွှတ်အနစ်နာခံခဲ့သောကြောင့်ဖြစ်သည်။

မဟာဧကရာဇ် အထီးကျန်သိုင်းသခင်က အများလူထုထံ တာအိုကို သင်ကြားပေးခဲ့သည့်မြင်ကွင်းသည် သူတို့ကို ကြီးမားစွာ တုန်လှုပ်သွားစေခဲ့သည်။ ထိုတုန်လှုပ်မှုကို ယနေ့အချိန်ထိ မမေ့ဖျောက်နိုင်ကြပေ။

သိုင်းတာအို၏ ဓမ္မအစီအရင်သည် လောကမှာရှိသော မရေမတွက်နိုင်သော သက်ရှိများကို အကျိုးအမြတ်ရရှိစေခဲ့သည်။

အထီးကျန်သိုင်းသခင်သည် ယခုအချိန်မှာ အထွတ်အထိပ်အင်မော်တယ်ဘုရင်တစ်ဦးသာ ဖြစ်သော်လည်း ဧကရာဇ်များက သူ့ကို အလွန်တရာ ရိုသေလေးစားကြဆဲဖြစ်၏။

ဧကရာဇ်မြောက်ပိုင်းခွန်နှင့် ဧကရာဇ်တောင်ပိုင်းဖန်းက လာရောက်နှုတ်ဆက်ပြီးနောက် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းသွားကြ၏။

ပန်းလောကအရှင်ကလည်း မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းဖို့ ရွေးချယ်ခဲ့သည်။

ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ သွေးလွှမ်းတိုက်ပွဲကို တွေ့ကြုံဆင်နွှဲခဲ့သော ဤဧကရာဇ်ပညာရှင်များသည် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။

ဓားကမ္ဘာမှာ ရှင်သန်ကျန်ရစ်ခဲ့သော ဧကရာဇ်ပညာရှင်များစွာကလည်း မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းသွားကြ၏။

သံသရဖူဆောင်းအဘိုးအိုက တစ်စုံတစ်ရာကို အာရုံခံမိပုံရပြီး ထွက်ခွာမသွားပေ။ ယခုအချိန်မှာ ထျန်ဟွမ်ကမ္ဘာတွင် ဧကရာဇ်ပညာရှင်များစွာ မရှိတော့ပေ။ သူတို့အားလုံးနီးပါးသည် တမလွန်ကိုးဘုံ အပြစ်သားကုန်းမြေမှ ယက္ခိုသ်မျိုးနွယ်ဝင်များဖြစ်ပြီး သူတို့ကြားမှာ အထွတ်အထိပ်ဧကရာဇ်များ မရှိကြပေ။

သို့သော်လည်း ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲနှင့် အထီးကျန်သိုင်းသခင်၏ တာအိုသင်ကြားပေးမှုကြောင့် ထျန်ဟွမ်ကမ္ဘာသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မကိုင်လှုပ်နိုင်သော အဆင့်အတန်းတစ်ခုကို ရရှိပိုင်ဆိုင်ထားသည်။

အရင်တုန်းက ထျန်ဟွမ်ကမ္ဘာနှင့် ရန်ငြိုးရန်စရှိထားခဲ့သော အလင်းကမ္ဘာနှင့် ကောင်းကင်ဘုံမျက်လုံးကမ္ဘာကဲ့သို့ ထိပ်တန်းကမ္ဘာကြီးများပင် ဤနေရာကို ပြဿနာလာမရှာရဲကြပေ။ အရင်တုန်းက ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲ၏ နောက်ပိုင်းအဆင့်မှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ ဧကရာဇ်ပညာရှင်များစွာသည် ကောင်းကင်ဘုံခုံရုံးနှင့် ဆန့်ကျင်တိုက်ခိုက်ရန် တစ်ယောက်ပြီးတစ်ယောက် ရှေ့သို့ထွက်လာခဲ့ကြ၏။ ဤမြင်ကွင်း၏ ရိုက်ခတ်မှုက သူတို့အပေါ် အရမ်းကိုကြီးမားခဲ့သည်။

သူတို့က ယခုအချိန်မှာ ထျန်ဟွမ်ကမ္ဘာကို သွားရောက်ပြဿနာရှာမည်ဆိုလျှင် ဤကမ္ဘာများမှ ပညာရှင်များက ထွက်ပေါ်မလာဘူးဟု ဘယ်သူက အာမခံပေးနိုင်မလဲ။

All Chapters