← Chapters

အမှောင်ထုဆင်းသက်လာခြင်း

Vol. 213 Ch. 3215

အမှောင်ထုဆင်းသက်လာခြင်း

Vol. 213 Ch. 3215

သွေးကမ္ဘာ၊ အရိုးဖြူကမ္ဘာ၊ အုတ်ဂူကမ္ဘာ၊ အသက်မဲ့ကမ္ဘာနှင့် အဆိပ်ကမ္ဘာတို့သည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ များစွာသက်ရောက်ခံခဲ့ရခြင်းမရှိပေ။

သူတို့သည် နှစ်တစ်ထောင်မှာ ပြန်လည်အားဖြည့်ပြီး သူတို့၏ ခွန်အားက ကြီးမားစွာ တိုးလာခြင်းနှင့်အတူ ၎င်းသည် ဓားကမ္ဘာ၊ နဂါးကမ္ဘာ၊ နေကာသစ်ပင်ကမ္ဘာနှင့် အခြားသောကမ္ဘာများအပေါ် သိသာထင်ရှားသည့် ရိုက်ခတ်မှုတစ်ခုရှိလာလေသည်။

အစကတော့ ဓားကမ္ဘာ၊ ထျန်ဟွမ်ကမ္ဘာနှင့် အခြားသောကမ္ဘာများ၏ ပူးပေါင်းအင်အားသည် ငရဲသက်ရှိများထက် သာလွန်သွားခဲ့ပြီဖြစ်ပြီး သူတို့ကို တစ်လှမ်းပြီးတစ်လှမ်း ဆုတ်ခွာသွားစေ၏။

သို့သော်လည်း သွေးကမ္ဘာနှင့် အခြားကမ္ဘာများ၏ ကြားဝင်စွက်ဖက်မှုကြောင့် အခြေအနေက နောက်တစ်ဖန်ပြောင်းလဲသွားသည်။

ဘုရင်တိုက်ပွဲနယ်မြေမှာဖြစ်စေ၊ ဧကရာဇ်တိုက်ပွဲနယ်မြေမှာဖြစ်စေ ထျန်ဟွမ်ကမ္ဘာ၊ ဓားကမ္ဘာနှင့် အခြားကမ္ဘာများ၏ ပညာရှင်များအပေါ်ဖိအားက ဆပွားတိုးလာ၏။

“ရွှယ်ချုံး…”

သံသရဖူဆောင်းအဖိုးအိုက သူ့ရှေ့မှာရှိသော ဧကရာဇ်တချို့ကို တွန်းလှန်ထုတ်လိုက်၏။ သူက လက်ရှိသွေးလောကအရှင်ကို စိုက်ကြည့်ပြီး တင်းမာခက်ထန်စွာဖြင့် မေးခွန်းထုတ်လိုက်၏။

“ငရဲသတ်ရှိတွေက အလယ်အလတ်ကမ္ဘာတစ်ထောင်လောက သက်ရှိတွေအားလုံးကို သတ်ဖြတ်ပြီး ထင်တိုင်းကြဲသောင်းကျန်းနေတယ်… အဲဒီနိုင်လိုမင်းထက်ပြုလုပ်တဲ့သူတွေကို မင်းတို့တွေက ကူညီပေးမလို့လား”

“သံသရဖူ… မင်းက သခင့်ဆီမှာ အညံ့ခံမယ်ဆိုရင် မင်းမှာ အသက်ရှင်ဖို့ အခွင့်အရေးရှိနေသေးတယ်”

သွေးလောကအရှင်၏ အမူအရာက အေးစက်နေပြီး သူက ဖြည်းဖြည်းချင်းပြောလိုက်၏။

“မင်းက… ငြင်းဆန်ခုခံချင်တယ်ဆိုရင်တော့… သေရလိမ့်မယ်”

“မင်းပြောနေတဲ့အရှင်ဆိုတာ.. တမလွန်ဘုံအရှင်မလား”

သံသရဖူဆောင်းအဖိုးအိုက လှောင်ရယ်လိုက်၏။

“ဖုန့်တူက ဘယ်လိုလူမျိုးလဲဆိုတာ မင်းတို့တွေမသိဘူးလား… ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမတိုင်ခင်က မဟာဧကရာဇ်အထီးကျန်သိုင်းသခင်ကြောင့် မဟုတ်ရင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက သူ့ကြောင့် ဂူသင်္ချိုင်းတွေအဖြစ် သန့်စင်ခံရပြီး မရေမတွက်နိုင်တဲ့သက်ရှိတွေက သေခဲ့ရလိမ့်မယ်”

“မင်းတို့က ဖုန့်တူနောက်ကိုလိုက်ရင် အဆုံးသတ်ကောင်းမယ်လို့ ထင်နေကြတုန်းလား”

“ဖုန့်တူရှေ့မှာ မင်းတို့တွေက ပုရွက်ဆိတ်တွေပဲ”

သံသရဖူဆောင်းအဖိုးအိုသည် သွေးကမ္ဘာ၊ အုတ်ဂူကမ္ဘာနှင့် အခြားသောကမ္ဘာများမှ ပညာရှင်များကို လှမ်းအော်ပြောနေသည်မှာ ဖုန့်တူအနေဖြင့် ပင်ကိုယ်ဗီဇဝေဒနာနှင့်အတူ ထိုကမ္ဘာငါးခုမှလူတိုင်းကို ထိန်းချုပ်နိုင်ဖို့ မဖြစ်နိုင်သည်ကို သူသိရှိထားသောကြောင့်ဖြစ်သည်။

ဤကမ္ဘာများမှာ အထူးသဖြင့် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကို ကိုယ်တိုင်တွေ့ကြုံထားသူများသည် သူတို့ကြားမှာ ဖုန့်တူ၏ စရိုက်သဘာဝကို နားလည်သိရှိပြီး သူ့နောက်သို့ မလိုက်လိုသည့် လူတချို့ရှိနေရပေမည်။

ထင်မှတ်ထားသည့်အတိုင်းပင်…။

သံသရဖူဆောင်းအဖိုးအို ထိုသို့ပြောလိုက်ပြိးနောက်..

သွေးကမ္ဘာ၊ အုတ်ဂူကမ္ဘာနှင့် အခြားသောကမ္ဘာများမှ ပညာရှင်တချို့က တကယ်ပင် အနည်းငယ်လှုပ်ရှားယိမ်းယိုင်သွားကြ၏။

“သခင်က သွေးကမ္ဘာ၊ အုတ်ဂူကမ္ဘာ၊ အသက်မဲ့ကမ္ဘာ၊ အရိုးဖြူကမ္ဘာနဲ့ အဆိပ်ကမ္ဘာတို့ကို တည်ထောင်ပေးခဲ့တာပဲ… သူက ငါတို့ကမ္ဘာတွေရဲ့ ဘိုးဘေးပဲ… သခင့်ရဲ့အမိန့်ကို ဆန့်ကျင်တဲ့ဘယ်သူမဆို ငါတို့ရဲ့ သစ္စာဖောက်ဖြစ်လာလိမ့်မယ်”

သွေးလောကအရှင်၏ လေသံက မကောင်းဆိုးဝါးဆန်နေ၏။

တကယ်တမ်းမှာ သွေးလောကအရှင်သည် ပင်ကိုယ်ဗီဇဝေဒနာကျိန်စာဖြင့် ထိန်းချုပ်ခံထားရပြီဖြစ်သည်။ ယခု သူပြောနေသောစကားတိုင်းက ဖုန့်တူ၏ ကိုင်တွယ်ထိန်းချုပ်မှုအောက်မှာရှိနေ၏။

ထိုစကားလုံးများသည် ထိုကမ္ဘာငါးခုမှ ပညာရှင်များအပေါ် ကြီးမားသည့်ခြိမ်းခြောက်မှုတစ်ခု တကယ်ပင်ဖြစ်သွားခဲ့သည်။

အစက အနည်းငယ်လှုပ်ရှားယိမ်းယိုင်နေသော ပညာရှင်များသည် သူတို့၏ စိတ်ကို ငြိမ်သက်စေပြီး နှုတ်ဆိတ်သွားကြ၏။

ထိုကမ္ဘာငါးခုမှလောကအရှင်များ၏ အမိန့်များအောက်မှာ နှစ်ဦးနှစ်ဘက်က နောက်တစ်ဖန်ထိပ်တိုက်ရင်ဆိုင်ပြီး ကြီးမားသောသွေးမြူတစ်ခုက ပေါက်ကွဲထွက်ပေါ်လာ၏။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အထက်မှာရှိသော အနက်ရောင်တိမ်စိုင်များက ပိုမိုထူထပ်ကာ သိပ်သည်းများပြားလာ၏။

တိုက်ပွဲနယ်မြေမှ ကျင့်ကြံသူများစွာနှင့် ဧကရာဇ်ပညာရှင်များပင် သန်မာသော ဖိနှိမ်မှုတစ်ရပ်ကို ခံစားလိုက်ရပြိး သူတို့၏ ရင်ထဲမှာ တင်းကျပ်လေးလံလာ၏။

“လောကမှာရှိတဲ့ အမြုတေချီက အရင်ကထက်ပိုပြီး ပါးလွှာလာသလိုပဲ”

ဖုန့်စန်းထျန်က မျက်မှောင်ကြုတ်ပြီး ဘေးပတ်ဝန်းကျင်မှာ ကောင်းကင်နှင့်မြေကြီးအမြုတေချီ၏ ပြောင်းလဲမှုများကို အာရုံခံမိသွား၏။

အခြားသောပညာရှင်များကလည်း တူညီစွာခံစားလာရ၏။

ကျင့်ကြံသူများစွာသည် မိုးကောင်းကင်ထက်ရှိ အနက်ရောင်တိမ်စိုင်အလွှာများကို သတိထားမိသွားပြီး သူတို့က တစ်စုံတစ်ရာကို ခပ်ရေးရေးနားလည်သဘောပေါက်ကသွားသောအခါ သူတို့၏ ရင်ထဲမှာ ဆို့နင့်သွားကြ၏။

ဒဏ်ရာများဖြင့် ပြည့်နှက်နေသော ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်တစ်ပါးက ဖြူဖပ်ဖြူရော်ဖြစ်နေ၏။ တိုက်ပွဲနယ်မြေကနေ ရုန်းထွက်လာပြီးနောက် သူက သံသရဖူဆောင်းအဖိုးအိုနှင့် အခြားသူများကို မလုံမလဲအမူအရာဖြင့်ကြည့်ကာ သူ၏ လက်နှစ်ဖက်ကို ယှက်ပြလိုက်၏။

“အားလုံးပဲ.. ငါတောင်းပန်ပါတယ်.. ငါအရင်ဆုံး လှုပ်ရှားတော့မယ်… ငါအလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို မင်းတို့နဲ့ပဲ ထားခဲ့ရတော့မယ်”

ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်တစ်ဦးက တစ်စုံတစ်ရာလွဲမှားနေသည်ကို အာရုံခံမိသွားပြီဖြစ်ပြီး သူက ဤနေရာကနေထွက်ခွာပြီး မဟာကမ္ဘာတစ်ထောင်လောကသို့ တတ်နိုင်သမျှမြန်မြန်တက်လှမ်းလိုလေသည်။

သူ့စကားမဆုံးသေးခင် ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်က လေထဲသို့ပျံတက်သွားပြီဖြစ်ကာ အနက်ရောင်တိမ်စိုင်များရှိရာသို့ ပျံသန်းသွား၏။

ငရဲစစ်တပ်ဖြစ်စေ၊ သွေးကမ္ဘာဖြစ်စေ၊ အုတ်ဂူကမ္ဘာ သို့မဟုတ် အခြားသောကမ္ဘာများမှ မည်သည့်ဧကရာဇ်ပညာရှင်ကမှ သူ့ကိုမတားဆီးကြပေ။

သွေးလောကအရှင်နှင့် အခြားသူများသည် လှောင်ပြောင်သရော်လိုသောအကြည့်နှင့်အတူ ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်ကို ကြည့်နေကြ၏။

“သတိထားဦး.. မသွားနဲ့တော့”

သံသရဖူဆောင်းအဖိုးအိုက အလောတကြီး လှမ်းအော်သတိပေးလိုက်၏။ ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်သည် ခဏမျှရပ်တန့်ပြီး သူ၏ မျက်လုံးထဲမှာ တွေဝေရှုပ်ထွေးသောအကြည့်တစ်ခုပေါ်ထွက်လာ၏။ နောက်ဆုံးမှာ သူက တိုက်ပွဲနယ်မြေသို့ ပြန်လှည့်မလာဘဲ အနက်ရောင်တိမ်စိုင်များရှိရာသို့ ဝင်ရောက်သွား၏။

သို့သော်လည်း အသက်သုံးရှိုက်စာမကြာခင် နက်မှောင်နေသောတိမ်စိုင်များကြားကနေ ပုံရိပ်တစ်ခုက လွင့်ကျလာ၏။ သူ၏ မျက်လုံးများက အသက်ဓာတ်ကင်းမဲ့နေပြီး သူ၏ အကြည့်က ပြတ်သားမှုမရှိတော့ပေ။ သူ၏ အသက်ဓာတ်အားက ဖြတ်တောက်ခံထားရပြီဖြစ်ပြီး သူက သေနှင့်နေပြီဖြစ်သည်။

ထိုမြင်ကွင်းသည် တိုက်ပွဲနယ်မြေမှ ကျင့်ကြံသူများစွာကို ရင်တထိတ်ထိတ်ဖြစ်သွားစေ၏။

စောစောက ကောင်းကင်နှင့်မြေကြီးအမြုတေချီက ပါးလွှာလာသည်ကို သူတို့အာရုံခံမိခဲ့စဉ်… မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းရာလမ်းကြောင်းက နောက်တစ်ဖန်ချိပ်ပိတ်ခံထားရလောက်ပြီကို သူတို့က ခပ်ရေးရေးနားလည်သဘောပေါက်သွားကြပြီဖြစ်သည်။

ကောင်းကင်ဘုံကမ္ဘာမှ ဧကရာဇ်၏ သေဆုံးမှုက လူတိုင်း၏ ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်၏။

“အခုနေသွားမယ်ဆိုရင် နောက်ကျသွားပြီ”

သွေးလောကအရှင်၏ နှုတ်ခမ်းထောင့်က အေးစက်စက်အမူအရာနှင့်အတူ ကွေးညွှတ်သွား၏။

“ဖုန့်တူ… ထွက်လာခဲ့စမ်း”

သံသရဖူဆောင်းအဖိုးအိုက သူ၏ ဓားချက်တစ်ချက်နှင့်အတူ ဘေးပတ်လည်မှ ဧကရာဇ်ပညာရှင်များကို တွန်းလှန်ထုတ်လိုက်၏။ သူ၏ ဓားအလင်းက အေးစက်လာပြီး သူ့ရှေ့မှာ ပိတ်ဆို့တားဆီးနေသည့် ဧကရာဇ်ပညာရှင်နှစ်ဦးကို ဆက်တိုက်သတ်ဖြတ်ပစ်လိုက်၏။ သူက လေထဲသို့ ခုန်တက်ပြီး ကောင်းကင်ထက်ကို ဟိန်းဟောက်လိုက်၏။

“မင်းဘာလုပ်နေတာလဲ”

“ဟမ့်…”

မိုးကောင်းကင်ထက်မှာ နှာမှုတ်သံတစ်ချက်ထွက်ပေါ်လာ၏။

ထိုအသံသည် သိပ်သည်းလေးလံသောတူတစ်လက်ကဲ့သို့ သံသရဖူဆောင်းအဖိုးအို၏ ရင်ဘတ်ကို ထိခတ်လာပြီး မသဲမကွဲအသံတစ်ခု ထွက်ပေါ်လာ၏။

သံသရဖူဆောင်းအဖိုးအိုက ခြေလှမ်းဝက်ဆုတ်လိုက်ရ၏။ သူ၏ အမြုတေစိတ်ဝိညာဉ်က သိသာထင်ရှားသော တုန်ခါမှုတစ်ခုကို ခံစားလိုက်ရပြီး သူက မူးဝေထုံထိုင်းသွား၏။

ထိုစဉ်မှာပင် အနက်ရောင်တိမ်စိုင်များက ပြောင်းလဲသွားပြီး ကြီးမား၍ ကြောက်စရာကောင်းသော မျက်နှာတစ်ခုက ဖြည်းဖြည်းချင်းပေါ်ထွက်လာ၏။ ၎င်း၏ မျက်လုံးများက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတစ်ခုလုံးကို အုပ်မိုးထားသည့် ချောက်နက်တစ်စုံကဲ့သို့ အဆုံးမဲ့နေ၏။

မနှိုင်းယှဉ်သာအောင် ကြောက်စရာကောင်းသော စွမ်းပကားတစ်ခုဆင်းသက်လာပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးက တုန်လှုပ်သွားကြ၏။

အမျိုးမျိုးသောကမ္ဘာများမှ မရေမတွက်နိုင်သော ပညာရှင်များသည် ကြောင်တိကြောင်တောင်အမူအရာများနှင့်အတူ တံခါးပိတ်ကျင့်ကြံရာကနေ တစ်ယောက်ပြီးတစ်ယောက် ထွက်လာကြပြီး မိုးကောင်းထက်ရှိ ကြီးမား၍ ကြောက်စရာကောင်းသောမျက်နှာကို မော့ကြည့်လိုက်ကြ၏။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတွင် ဤကဲ့သို့ ကြီးမားသော ရုတ်ရုတ်သဲသဲအခြေအနေတစ်ရပ် နောက်ဆုံးတစ်ခေါက်ထွက်ပေါ်ခဲ့သည်မှာ လွန်ခဲ့သည့် နှစ်နှစ်ထောင်က ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအတွင်းမှာဖြစ်သည်။

ကြောက်စရာကောင်းသောမျက်နှာက ကမ္ဘာပေါင်းထောင်ချီကို ဝါးမျိုနိုင်သည့်အလား သူ၏ သွေးသံရဲရဲပါးစပ်ကို ဖွင့်ဟလိုက်၏၊

တစ်ချိန်တည်းမှာပင် ကမ္ဘာငါးခုမှ ပင်ကိုယ်ဗီဇဝေဒနာဖြင့် ထိန်းချုပ်ခံထားရသော ပညာရှင်များက တစ်ပြိုင်နက်တည်းအော်ပြောလိုက်၏။

“ကောင်းကင်ဘုံခုံရုံးကို နောက်တစ်ဖန်တည်ဆောက်ပြီးသွားပြီ… ဒီနေ့ကစပြီး ငါက မိုးမြေအရှင်ဘဲ မျိုးနွယ်စုတစ်သောင်းက ငါ့ကို ကိုးကွယ်ရလိမ့်မယ်”

ထိုအသံက မိုးကြိုးထစ်ချုန်းသံကဲ့သို့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ တစ်ထောင့်တစ်နေရာမကျန် ပျံ့နှံ့သွား၏။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက တုန်လှုပ်သွားပြီး သူတို့၏ မျက်နှာများက ဖြူဖပ်ဖြူရော်ဖြစ်သွားကြ၏၊။

ထျန်ဟွမ်ကမ္ဘာနှင့် နဂါးကမ္ဘာမှ ဧကရာဇ်များသည် ထိုအသံကို ကြားသောအခါ တုန်လှုပ်သွားကြ၏။

သံသရဖူဆောင်းအဖိုးအိုပင်လျှင် တုန်လှုပ်သွားပြီး သူ၏ ခြေလက်များက အေးစက်လာသည်ဟု ခံစားရသည်။

ကောင်းကင်ဘုံခုံရုံးကို နောက်တစ်ဖန်တည်ဆောက်လိုက်သည်။

ဖုန့်တူ၊ ငရဲအရှင် သို့မဟုတ် တက္ကသိုလ်ဂိုဏ်းချုပ်သည် အငြိုးအတေးထားနေနိုင်ပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောက ကြီးမားသောကပ်ဘေးတစ်ခုနှင့် ကြုံတွေ့ရနိုင်သည်ကို သူတို့က ထည့်သွင်းစဉ်းစားခဲ့ကြ၏။ သို့သော်လည်း ဖုန့်တူက ဤကဲ့သို့ ပြုလုပ်လာလိမ့်မည်ဟု မည်သူကမှ ထင်မှတ်မထားခဲ့ပေ။

မကြာသေးခင်ကမှ သူတို့၏ အချုပ်အနှောင်ကနေ လွတ်မြောက်လာခဲ့သော မျိုးနွယ်စုတစ်သောင်းသက်ရှိများသည် နောက်တစ်ဖန်ကျွန်ပြု၍ အကျဉ်းချခံရပြီး မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းနိုင်တော့မည်မဟုတ်ဟု အဓိပ္ပါယ်ရလေသည်။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ သေခြင်ရှင်းခြင်းက ဖုန့်တူထံမှ အတွေးတစ်ချက်ပေါ် မူတည်နေပေလိမ့်မည်။

ဤတစ်ခေါက်မှာ ကောင်းကင်ဘုံခုံရုံးကို နောက်တစ်ဖန်ပြန်လည်တည်ဆောက်သည့်အခါ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ ရှင်သန်ရာပတ်ဝန်းကျင်က ဘယ်တုန်းကထက်မဆို ပိုမိုရက်စက်ကြမ်းတမ်းပြီး မှောင်မိုက်လာနိုင်သည်။

“ဖုန့်တူ… ကောင်းကင်ဘုံခုံရုံးက ပျက်စီးသွားခဲ့ပြီ… သူတို့ရဲ့ လွှမ်းမိုးမှုက မရှိတော့ဘူး… မင်းက ကောင်းကင်ဘုံခုံရုံးကို ပြန်ပြီးတည်ဆောက်မယ်ဆိုရင် ငါတို့တွေက ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကို နောက်တစ်ခါထပ်ပြီး ဆင်နွှဲနိုင်တယ်”

သံသရဖူဆောင်းအဖိုးအိုက သူ၏ ဓားနှင့်အတူ မတ်တတ်ရပ်ပြီး ကျယ်လောင်စွာပြောလိုက်သည်။

သို့သော်လည်း ထိုစကားကိုပြောသည့်အခါ သူပင်လျှင် ယုံကြည်မှုမရှိပေ။

ဖုန့်တူနှင့်ရင်ဆိုင်ရာမှာ သူ့တွင် အနိုင်ရဖို့အခွင့်အရေးများစွာမရှိပေ။

ဒါ့အပြင် ယခုအချိန်ထိ ပေါ်ထွက်မလာသေးသော ငရဲအရှင်နှင့် တက္ကသိုလ်ဂိုဏ်းချုပ်ရှိနေသေးသည်။

“မင်းတို့တွေနဲ့လား”

နက်မှောင်နေသော တိမ်စိုင်များပေါ်မှ ဧရာမမျက်နှာက မကောင်းဆိုးဝါးဆန်ဆန်ရယ်မောလိုက်၏။

“ပုရွက်ဆိတ်တွေ… ရှည်လျားတဲ့ညက ရောက်လာတော့မယ်… အမှောင်ထုက ဆင်းသက်လာတော့မယ်… ကြောက်ဒူးတုန်ပြီး ဆုတောင်းနေဖို့သာပြင်ထားပေတော့… ဟီးဟီးဟီး…”

“ဖုန့်တူ အရင်တုန်းက မင်းရဲ့ဝိညာဉ်ကို မဟာဧကရာဇ်အထီးကျန်သိုင်းသခင်က ဖျက်ဆီးခဲ့လို့ မင်းက နှစ်နှစ်ထောင်ကြာအောင် ပေါ်ထွက်မလာရဲဘဲ ပုန်းကွယ်ခဲ့ရတယ်.. အခုမှ ဘာတွေလာပြီး မောက်မာနေတာလဲ”

အဆင့်နိမ့်ကမ္ဘာတစ်ခုမှ ဘုရင်တစ်ဦးက လေထဲမှာမတ်တတ်ရပ်ပြီး မိုးကောင်းထက်ရှိ အနက်ရောင်တိမ်စိုင်မျက်နှာကို လက်ညှိုးငေါက်ငေါက်ထိုးကာ အကြောက်အလန့်ကင်းမဲ့သောအမူအရာဖြင့် ကျယ်လောင်စွာအော်ငေါက်လိုက်၏။

“မဟာဧကရာဇ်အထီးကျန်သိုင်းသခင်နဲ့ မဟာဧကရီသွေးလိပ်ပြာက သေဆုံးသွားပြီ… မဟာဧကရာဇ်နှစ်ပါးခေတ်က အတိတ်မှာကျန်ခဲ့ပြီ”

“ဒီနေ့ကစပြီး ငါက အသစ်စက်စက်ခေတ်တစ်ခေတ်ကို ဖန်တီးလိမ့်မယ်”

ထို့နောက် ဖုန့်တူ၏ အကြည့်က စောစောကဘုရင်ထံ ရွေ့လျားသွားပြီး သူက အေးစက်စွာပြောလိုက်၏။

“ပုရွက်ဆိတ် မင်းငါ့ကို ဘယ်လိုတောင် လက်ညှိုးထိုးရဲတာလဲ… ငါမင်းကိုအခုပဲ တမလွန်ဘုံကိုပို့ပေးမယ်”

နက်မှောင်နေသော အလင်းတန်းတစ်ခုက ကြောက်ခမန်းလိလိအမြန်နှုန်းဖြင့် ဆင်းသက်လာပြီး ကြောက်စရာကောင်းသော အော်ရာတစ်ခုက ချက်ချင်းပင် ပေါက်ကွဲထွက်ပေါ်လာ၏။

ကောင်းကင်လိုဏ်ဂူဘုရင်များကိုမပြောနှင့် အထွတ်အထိပ်ဧကရာဇ်များပင်လျှင် ၎င်းကို ခုခံနိုင်ချင်မှ ခုခံနိုင်ပေလိမ့်မည်။

သံသရဖူဆောင်းအဖိုးအိုနှင့် အခြားသူများသည် ကောင်းကင်ဘုံကမ္ဘာ၏ တိုက်ပွဲနယ်မြေမှာရောက်ရှိနေပြီး သူ့ကို အချိန်မီ မကယ်တင်နိုင်ကြပေ။

ဖောက်…

သို့သော်လည်း အနက်ရောင်အလင်းက ထိုဘုရင်ထံသို့ ဆင်းသက်မလာခင် လက်ဖဝါးတစ်ဖက်ပေါ်ထွက်လာပြီး အနက်ရောင်အလင်းကို ခြေမွှဖျက်ဆီးလိုက်၏။

အချိန်တစ်ခုမှာ အနက်ရောင်ဆံပင်နှင့် အစိမ်းရောင်ဝတ်အမျိုးသားတစ်ဦးက လောကမှာ ပေါ်ထွက်လာ၏။ သူက ကြယ်တာရာကောင်းကင်ကို နင်းဖြတ်ပြီး သူ၏ ခေါင်းကို အနည်းငယ်မော့ကာ ကြီးမားသော အနက်ရောင်တိမ်စိုင်မျက်နှာကို တည်ငြိမ်နေသောအမူအရာဖြင့် ကြည့်လိုက်လေသည်။

All Chapters