← Chapters

မီးလွင်ပြင်

Vol. 213 Ch. 3216

မီးလွင်ပြင်

Vol. 213 Ch. 3216

“မဟာဧကရာဇ် အထီးကျန်…”

ကောင်းကင်လိုဏ်ဂူဘုရင်က ထိုသူကို တွေ့မြင်သောအခါ သူက အလွန်တရာ စိတ်လှုပ်ရှားတက်ကြွလာပြီး မဟာဧကရာဇ် အထီးကျန်သိုင်းသခင်ဟု အလိုလိုအော်ခေါ်ချင်၏။

သို့သော်လည်း သူ့ရှေ့မှလူက အထီးကျန်သိုင်းသခင်ဖြစ်သော်လည်း မဟာဧကရာဇ်တစ်ပါးအဖြစ်က သေဆုံးသွားပြီကို သူက မကြာခင် နားလည်သဘောပေါက်သွား၏။

နောက်ဆုံးမှာတော့ သူက စကားကိုဆုံးအောင် မပြောလိုက်နိုင်ပေ။

ထိုသို့ဆိုလျှင်တောင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ ကျင့်ကြံသူများနှင့် သက်ရှိများစွာသည် ဆူဇီမို ပေါ်ထွက်လာသည်ကို တွေ့မြင်သောအခါ စိတ်လှုပ်ရှားတက်ကြွလာကြ၏။

အထီးကျန်သိုင်းသခင်သည် သူ၏ တာအိုကို တည်ဆောက်ခဲ့ပြီး သက်ရှိများအားလုံးထံ သိုင်းပညာကို သင်ကြားပေးခဲ့၏။

နှစ်နှစ်ထောင်မှာ သိုင်းတာအို၏ အမွေအနှစ်သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတစ်ဝှမ်း ပျံ့နှံ့သွားခဲ့ပြီးပြီဖြစ်သည်။

သိုင်းတာအိုသည် ပညာရှင်များစွာ၏ ခန္ဓာကိုယ်ထဲမှ စိတ်အားမာန်ကို နိုးထစေနိုင်ခဲ့သောကြောင့်လည်း စောစောက ကောင်းကင်လိုဏ်ဂူဘုရင်သည် ရှေ့သို့ထွက်ကာ ဖုန့်တူကို အော်ငေါက်ရဲခြင်းဖြစ်သည်။

ထျန်ဟွမ်ကမ္ဘာမှ လူတိုင်းက ဆူဇီမိုကို ကြည့်လိုက်ကြ၏။

နှစ်နှစ်ထောင်က ကုန်ဆုံးသွားခဲ့သည်။

ဆူဇီမိုက ဧကရာဇ်တစ်ပိုင်းတစ်ဦး ဖြစ်နေဆဲပင်။

အချိန်က တိုတောင်းလွန်းလေသည်။ ဆူဇီမိုသည် ထူးခြားအံ့မခန်း ကောင်းကင်လိုဏ်ဂူငါးခုကို ကျင့်ကြံထားသည့်အချက်နှင့်အတူ သူက ဧကရာဇ်နယ်ပယ်သို့ မတက်လှမ်းနိုင်ခြင်းမှာ လူတိုင်းမျှော်လင့်ထားသည့် အတိုင်းအတာအတွင်းမှာ ရှိနေသည်။

သို့သော်လည်း ဤတစ်ခေါက် ပြန်လည်ရောက်ရှိလာသော ဆူဇီမိုမှာ ဖော်မပြတတ်သော ပြောင်းလဲမှုတစ်ခု ရှိနေပုံရသည်။

လွန်ခဲ့သည့် နှစ်နှစ်ထောင်ကနှင့်ယှဉ်လျှင် သူ၏ ထက်ရှမှုက လျော့ကျသွား၏။ သူသည် စိတ်ပိုင်းဆိုင်ရာအရ သိသိသာသာ ရင့်ကျက်သွားသည့်အလား သူ၏ ဘေးပတ်လည်မှာ နှိမ့်ချမှုအော်ရာတစ်ခု ရှိနေပုံရ၏။

သူသည် ယခင်ကထက် များစွာပိုမို ရင့်ကျက်တည်ငြိမ်လာ၏။

သူ၏ မျက်လုံးထဲရှိ အကြည့်ကသာ တောက်လောင်ပြင်းပြနေဆဲဖြစ်သည်။

“အထီးကျန်သိုင်းသခင်… ငါတို့ပြန်တွေ့ကြပြန်ပြီ”

ဖုန့်တူက ဆူဇီမို ပေါ်ထွက်လာခြင်းမှာ အံ့အားသင့်သွားခြင်း မရှိပေ။ သူ၏ အသံက မုန်းတီးမှုဖြင့် ပြည့်နှက်နေပြီး ခပ်ပေါ့ပေါ့ပြောလိုက်၏။

“နောက်ဆုံးတစ်ခေါက်တုန်းက မင်းက ငါ့ရဲ့အလောင်းသုံးလောင်း ဓမ္မခန္ဓာကို ဖျက်ဆီးခဲ့တယ်… ဒီနေ့ မင်း အဲ့ဒီတန်ဖိုးကို ပြန်ပေးဆပ်ရတော့မယ်”

“ဖုန့်တူ… ငါ မင်းကို တစ်ခါဖိနှိမ်နိုင်ရင် နောက်တစ်ခါလည်း ဖိနှိမ်နိုင်တယ်”

ဆူဇီမို၏ လေသံက တည်ငြိမ်နေသော်လည်း ပြန်လှန်မေးခွန်းမထုတ်နိုင်သော စွမ်းအားတစ်ခု ပါဝင်နေသည်။

လက်ရှိလူများထဲ မည်သူကမှ ထိုစကားကို မပြောဆိုရဲပေ။

သံသရဖူဆောင်းအဘိုးအိုပင်လျှင် ဖုန့်တူနှင့် ရင်ဆိုင်ရာမှာ အနိုင်ရဖို့ မျှော်လင့်ချက်များစွာမရှိပေ။

“ဟားဟားဟား”

ဖုန့်တူက ကျယ်လောင်စွာ ရယ်မောပြီး မေးလိုက်၏။

“မင်းရဲ့ မဟာဧကရာဇ်အစစ်အမှန်ခန္ဓာက သေသွားခဲ့ပြီ… မင်းရဲ့ မပြီးပြည့်စုံတဲ့ အစိမ်းရောင်ကြာပန်းခန္ဓာနဲ့များ ငါ့ကို ဖိနှိမ်နိုင်မယ် ထင်လို့လား”

“မပြီးပြည့်စုံတဲ့..လား”

ဆူဇီမိုက ရင်ထဲမှာ လှုပ်ခတ်သွား၏။

ဖန်တီးခြင်းကြာပဒုမ္မာသည် အဆင့်-၁၂၏ အထွတ်အထိပ်အထိ ကြီးပြင်းလာခဲ့ပြီဖြစ်၏။ အဲ့ဒါက ဘယ်လိုလုပ် မပြီးပြည့်စုံရတာလဲ။

အရင်တုန်းက ပကတိဧကနယ်ပယ်ကို သူတက်လှမ်းခဲ့စဉ် ပေါ်ထွက်ခဲ့သော ပြတ်တောင်းပြတ်တောင်း မှတ်ဉာဏ်များက သူ့စိတ်ထဲမှာ ရုတ်တရက် ပေါ်ထွက်လာ၏။

“မိစ္ဆာအရှင်နဲ့ ဧကရီဆိုးယုတ်က တက်လှမ်းသွားကြပြီ… မဟာဧကရာဇ်နှစ်ပါးလည်း သေဆုံးသွားပြီ… ငါလုပ်ချင်တဲ့အရာကို ဘယ်သူကမှ မတားနိုင်တော့ဘူး… တမလွန်အစီအရင်ဝင်္ကပါရဲ့ လွှမ်းခြုံမှုအောက်မှာ မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေက ငါ့ရဲ့ရုပ်သေးရုပ်တွေ ဖြစ်လာလိမ့်မယ်”

ဖုန့်တူ၏ လေသံက နောက်တစ်ဖန်ထွက်ပေါ်လာပြီး ဆူဇီမို၏ အတွေးများကို ဖြတ်တောက်လိုက်၏။

လက်ရှိအခြေအနေအရ တိုက်ပွဲသည် အချိန်မရွေး ဖြစ်ပွားလာနိုင်ပြီး သူက ဟိုဟိုဒီဒီ စဉ်းစားနေဖို့ အချိန်မရပေ။ သူသည် ထိုအတွေးကို လောလောဆယ်မှာ ဖိနှိမ်လိုက်၏။

“မင်းပြောတာ မှားတယ်”

ဆူဇီမိုက ခေါင်းခါပြလိုက်၏။

“မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်နဲ့ မဟာဧကရီသွေးလိပ်ပြာတို့တွေက အခုမရှိကြတော့ပေမဲ့ ငါနဲ့ မျိုးနွယ်စုတစ်သောင်းက သက်ရှိတွေ ရှိနေသေးတယ်”

“အရင်တုန်းက ကောင်းကင်ဘုံခုံရုံးက ထျန်ဟွမ်ကမ္ဘာ၊ ဓားကမ္ဘာနဲ့ နီညိုရောင်မျောက်ဝံကမ္ဘာလောက်ကိုပဲ ရင်ဆိုင်ခဲ့ရတာ”

“ဒီဘက်မျိုးဆက်မှာ မင်းက ကောင်းကင်ဘုံခုံရုံးကို နောက်တစ်ခါ ထပ်ပြီးတည်ဆောက်မယ်ဆိုရင် မင်းက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတစ်ခုလုံးရဲ့ တွန်းလှန်မှုနဲ့ ရင်ဆိုင်ရလိမ့်မယ်”

လွန်ခဲ့သည့်နှစ်နှစ်ထောင်က ကောင်းကင်ဘုံခုံရုံးသည် မွန်မြတ်ကောင်းကင်ဘုံကမ္ဘာလောက်နှင့် အလယ်အလတ်ကမ္ဘာတစ်ထောင် လောကကို ကျွန်ပြုခဲ့လေသည်။ မျိုးနွယ်စုတစ်သောင်းက ဖိနှိမ်ခံထားရပြီး မည်သူကမှ မဆန့်ကျင်ရဲခဲ့ကြပေ။

သို့သော် ယခု မျိုးနွယ်စုတစ်သောင်းသက်ရှိများသည် အတိတ်ကာလက အမှန်တရားကို တွေ့မြင်ထားခဲ့ကြပြီဖြစ်ပြီး မဟာကမ္ဘာတစ်ထောင်လောက၏ တည်ရှိမှုကိုလည်း သိရှိသွားကြသည်။ ဖုန့်တူက ကောင်းကင်ဘုံခုံရုံးကို ပြန်လည်တည်ဆောက်မည်ကို သူတို့က ဘယ်လိုလုပ် ခွင့်ပြုပေးနိုင်ပါ့မလဲ။

သတ္တိအနည်းငယ်ရှိသော မည်သည့်ကျင့်ကြံသူမဆို တိုက်ခိုက်ကြပေလိမ့်မည်။

“ဘယ်သူလုပ်ရဲမလဲ”

ဖုန့်တူက အော်ငေါက်လိုက်ပြီး တမလွန်အစီအရင်ဝင်္ကပါကို အသုံးချကာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို လွှမ်းခြုံစေသည့် အင်အားကြီးမားသော စွမ်းပကားတစ်ခုကို ထုတ်ဖော်လိုက်၏။

“အားလုံးပဲ… ငါတို့ အခုချိန်မှာ မတိုက်ခိုက်ဘူးဆိုရင် ဘယ်အချိန်မှာ သွားပြီးတိုက်ခိုက်မှာလဲ”

ကြယ်တာရာလောကအရှင်က အရင်ဆုံး ရှေ့ကိုထွက်ပြီး ကောင်းကင်ထက်ကို အော်ငေါက်လိုက်၏။

“ကောင်းကင်လိုဏ်ဂူအထက်မှာရှိတဲ့ အားလုံးပဲ… ကောင်းကင်ဘုံခုံရုံးကို သိမ်းပိုက်ဖို့ ငါ့နောက်က လိုက်ခဲ့ကြ”

လူရိုင်းလောကအရှင်က ရှေ့သို့ထွက်ပြီး သူ၏ ဧရာမပုဆိန်ကို ကောင်းကင်ဘုံခုံရုံး ရှိရာဘက်သို့ ဝေ့ယမ်းလိုက်၏။ သူ၏ အသံက ခေါင်းလောင်းသံကဲ့သို့ မြည်ဟည်းထွက်ပေါ်လာပြီး သတ်ဖြတ်လိုစိတ်ဖြင့် ပြည့်နှက်နေသည်။

“ငါ အရင်တုန်းက ကောင်းကင်ဆန့်ကျင်တိုက်ပွဲကို ကိုယ်တိုင်မကြုံတွေ့ခဲ့ရဘူး… ငါ ဒီတစ်ခေါက် ကောင်းကင်ဆန့်ကျင်တိုက်ပွဲကိုတော့ သေချာပေါက် လက်လွတ်ခံမှာ မဟုတ်ဘူး”

ဆန်းကြယ်လောက လောကအရှင်ကလည်း ရှေ့သို့ထွက်လာ၏။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက အကန့်အသတ်မဲ့ပြီး တမလွန်အစီအရင်ဝင်္ကပါ၏ လွှမ်းခြုံမှုအောက်မှာ မှောင်ကျလာ၏။

ထိုအခိုက်အတန့်မှာ မှောင်မိုက်၍ အကန့်အသတ်မဲ့သော ကြယ်တာရာကောင်းကင်ထဲမှာ ကမ္ဘာအမျိုးမျိုးမှ ပညာရှင်များက လေထဲသို့ တစ်ယောက်ပြီးတစ်ယောက် ပျံတက်လာကြပြီး ရှည်လျားသောညကို ဆုတ်ဖြဲလိုက်သည့် မီးတောက်များကဲ့သို့ ဘေးပတ်လည်မှာရှိသော အမှောင်ထုကို တွန်းဖယ်ထုတ်ကာ ညကောင်းကင်ယံကို လင်းလက်လာစေ၏။ လွန်ခဲ့သည့် နှစ်နှစ်ထောင်က အအထီးကျန်သိုင်းသခင် သင်ကြားပေးခြင်းကနေ ကျန်ရစ်ခဲ့သော သိုင်းတာအို၏ အမွေအနှစ်မှလာသော မျှော်လင့်ချက်သည် ဤအခိုက်အတန့်မှာ ပေါက်ကွဲထွက်ပေါ်လာပြီး နေရာတစ်ခွင် ထွန်းညှိပေးလိုက်၏။

ရှေ့သို့ထွက်လာသော ပညာရှင်များက ပို၍ပို၍ များပြားလာ၏။ သိပ်မကြာခင် သူတို့ထဲမှ ထက်ဝက်ကျော်က ရှေ့သို့ထွက်လာကြသည်။

အရေအတွက်က တိုးလာနေဆဲဖြစ်သည်။

အရင်တုန်းက ထျန်ဟွမ်ကမ္ဘာနှင့် ဓားကမ္ဘာတို့နှင့် နက်ရှိုင်းသော ရန်ငြိုးရန်စ ရှိခဲ့ဖူးသည့် အလင်းကမ္ဘာနှင့် ကျောက်တုံးကမ္ဘာမှာပင်လျှင် သူတို့၏ ယခင်အငြိုးအတေးများကို လွှတ်ချကာ ဆူဇီမို၏ ဘေးသို့ ရောက်ရှိလာသော ပညာရှင်များစွာ ရှိနေ၏။

“တိုက်… တိုက်… တိုက်…”

“ငါ့ရဲ့ ချုံးချုံးကျနေတဲ့ ခန္ဓာကိုယ်ကို လောင်စာအဖြစ်သုံးပြီး ငါ့ရဲ့စိတ်အားမာန်ကို ထွန်းညှိထားမယ်… ကောင်းကင်ဘုံခုံရုံး ဖျက်ဆီးမခံရသရွေ့ ငါ ဘယ်တော့မှ ပြန်မလာဘူးလို့ ကျိန်ဆိုတယ်”

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် အတူတကွစုစည်းမိသောအခါ လောကကို မှောက်လှန်ပစ်ဖို့ လုံလောက်သည့် အင်မတန်ကြောက်စရာကောင်းသော စွမ်းအားတစ်ခု ဖြစ်ပေါ်လာ၏။

အခြေအနေက စတင်၍ တိမ်းစောင်းလာခဲ့ပြီဖြစ်သည်။

တမလွန်အစီအရင်ဝင်္ကပါကြောင့် ဖြစ်ပေါ်လာသော ရှည်လျားသော ညအမှောင်ထုသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကနေ တိုးထွက်လာသည့် မီးတောက်များကို နောက်ဆုံးမှာ မဖိနှိမ်နိုင်တော့ပေ။

သူတို့က မီးပွားများသာ ဖြစ်သော်လည်း သူတို့သည် ကောင်းကင်ဘုံကို အလင်းပေးသည့် မီးလွင်ပြင်တစ်ခုအဖြစ် တဖြည်းဖြည်းစုဖွဲ့ပြီး တောင်တန်းများနှင့် မြစ်များကို လင်းထိန်သွားစေ၏။

ထိုမြင်ကွင်းက မနှိုင်းယှဉ်သာအောင် တုန်လှုပ်စရာကောင်းနေသည်။

ကောင်းကင်ဘုံကမ္ဘာ၏ တိုက်ပွဲနယ်မြေကပင် ခဏမျှ ရပ်တန့်သွားသည်။

မရေမတွက်နိုင်သော ပညာရှင်များက မော့ကြည့်လာကြ၏။

“အောမီတောဖော”

မင်းကျန်က မေတ္တာတရားကြီးမားသော အမူအရာနှင့်အတူ သူ၏ လက်ဖဝါးနှစ်ဖက်ကို ပူးကပ်လိုက်၏။

သူသည် အရင်တုန်းက နဂါးသင်္ချိုင်းတောင်ကြားအောက်ခြေမှာ ဆူဇီမိုချန်ရစ်ခဲ့သည့် စာကြောင်းနှစ်ကြောင်းကို ပြန်လည်အမှတ်ရသွား၏။

“မြူခိုးများ စဲသွားသည်နှင့် ဖြာကျလာသော အလင်းရောင်ဖြင့် လောကတစ်ခုလုံးကို ထိန်ထိန်လင်းစေမည်”

ထိုသည်ကား တျဲယွဲ့ကို ဆူဇီမို၏ ပြန်ဖြေစကားဖြစ်သည်။

ကံဆိုးစွာနှင့်ပင် ဖြာကျလာသော အလင်းရောင်က လောကတစ်ခုလုံးကို အလင်းပေးလာသည့်အချိန်မှာ ဒကာမတျဲယွဲ့က သေဆုံးသွားပြီဖြစ်ပြီး အဲ့ဒါကို မြင်တွေ့ခွင့်မရတော့ပေ။

တမလွန်အစီအရင်ဝင်္ကပါကို ထိန်းချုပ်နေသည့် ဖုန့်တူပင်လျှင် ကြီးမားသော ဖိအားတစ်ခုကို ခံစားလာရ၏။

သို့သော်လည်း သူက ဆူဇီမိုကို ဖိနှိမ်နိုင်သည်နှင့် မျိုးနွယ်စုတစ်သောင်းမှ ပညာရှင်များကို ဘာမှကြောက်စရာမရှိကြောင်း သိထားသည်။

“အထီးကျန်သိုင်းသခင်… လွန်ခဲ့တဲ့ နှစ်နှစ်ထောင်က အငြိုးအတေးကို ဒီနေ့ပဲ ဖြေရှင်းကြတာပေါ့”

ဖုန့်တူက နက်မှောင်ပြီး ကျယ်ပြန့်သော မဟူရာဝတ်ရုံကို ဝတ်ဆင်ထားသည့် လူတစ်ယောက်အဖြစ် အသွင်ပြောင်းလဲသွား၏။ သူ၏ နောက်ကျောသည် ဆူဇီမိုထံသို့ ဖိနှိမ်လာသော လောကတစ်ခုအဖြစ် အသွင်ပြောင်းလဲသွား၏။

သူတို့နှစ်ယောက်ကြားမှာ နယ်ပယ်အကြီးတစ်ခုလုံးလုံး ကွာဟနေ၏။ သို့သော်လည်း ဆူဇီမိုက အကြောက်အလန့်မရှိပေ။ သူ၏ ခန္ဓာကိုယ်ထဲရှိ သွေးချီက တလိပ်လိပ်ထိုးတက်လာပြီး လောကကို ချိတ်ဆက်ထားသည့် ကျောက်စိမ်းရောင်ကြာပင်တစ်ပင်က သူ၏ နောက်ဘက်မှာ ပေါ်ထွက်လာကာ အလင်းရောင်နှင့်အတူ ယိမ်းနွဲ့နေ၏။ အဆင့်-၁၂ ဖန်တီးခြင်းကြာပဒုမ္မာ၏ မျိုးဆက်သွေးက စုဖွဲ့လာခဲ့သည်။

တစ်ချိန်တည်းမှာပင် ဆူဇီမိုသည် ခေါင်းလေးလုံး၊ လက်ရှစ်ဖက်အခြေအနေသို့ ဝင်ရောက်ပြီး သူ၏ လက်တစ်ဖက်စီက ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာ၊ သုံးပါးရတနာကျောက်စိမ်းတောင်ဝှေး၊ အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်နှင့် ချင်းဖျင်ဓားတို့ကို ကိုင်စွဲထားလေသည်။

ဝုန်း…

ထို့နောက် ချက်ချင်းပင် ကောင်းကင်လိုဏ်ဂူငါးခုက ဆူဇီမို၏ ဘေးပတ်လည်မှာ တစ်ချိန်တည်း ပေါ်ထွက်လာသည်။

တိုက်ပွဲစတင်သည့်အချိန်မှာပင် ဆူဇီမိုသည် သူ၏ သွေးချီကို အကန့်အသတ်အထိ လှည့်ပတ်လိုက်ပြီဖြစ်ပြီး ဖုန့်တူနှင့် ရင်ဆိုင်တိုက်ခိုက်ရန် ကောင်းကင်လိုဏ်ဂူငါးခုကို ဆင့်ခေါ်လိုက်သည်။

ဝုန်း…

ကျယ်လောင်သော ပေါက်ကွဲသံက လောကကို လှုပ်ခါသွားစေ၏။

ဧရာမရောင်လျှံစက်ဝန်းတစ်ခုက အဘက်ဘက်ကို ဖြန့်ကြက်သွားပြီး ကြယ်တာရာကောင်းကင်ထဲမှာ ဝဲဂယက်ဖြာကာ သူတို့နှစ်ယောက်ကို လွှမ်းခြုံသွားလေသည်။ ဘေးပတ်လည်မှာရှိသော ကြယ်ပေါင်းများစွာက ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွား၏။

ကောင်းကင်ဘုံကမ္ဘာမှ တိုက်ပွဲက ဆက်လက်၍ ဖြစ်ပွားနေသော်လည်း လူအများစု၏ အကြည့်များနှင့် စိတ်အာရုံက ဆူဇီမိုနှင့် ဖုန့်တူကြား တိုက်ပွဲထံ ရောက်ရှိလာခဲ့ပြီဖြစ်သည်။

မည်သို့ပင်ဆိုစေ ဤတိုက်ပွဲက အလွန်တရာ အရေးပါလေသည်။

ဒါ့အပြင် ဆူဇီမိုသည် ဧကရာဇ်တစ်ပိုင်းတစ်ဦးသာဖြစ်ပြီး သူတို့၏ ကျင့်ကြံမှုနယ်ပယ် ကွာဟချက်က အရမ်းကို ကြီးမားနေသည်။

သံသရဖူဆောင်းအဘိုးအိုပင်လျှင် စိုးရိမ်ပူပန်နေ၏။

နောက်ခဏ၌ သူတို့နှစ်ယောက်၏ ပုံရိပ်များက နောက်တစ်ဖန် ပြန်လည်ပေါ်ထွက်လာပြီး သူတို့က ထိပ်တိုက်ရင်ဆိုင်တိုက်ခိုက်နေသည့် အခြေအနေမှာ ရှိနေဆဲပင်။

ဖုန့်တူ၏ ပကတိလောက၏ ဖိနှိမ်မှုအောက်မှာ ဆူဇီမို၏ ကောင်းကင်လိုဏ်ဂူငါးခုက လဲပြိုကျမည့် မည်သည့်လက္ခဏာကိုမှ မပြသပေ။ ထိုအစား သူတို့သည် သူနှင့် တန်းတူရည်တူ ယှဉ်နိုင်ပြီး အရေးနိမ့်ခြင်းမရှိပေ။

All Chapters