← Chapters

ငရဲမှပြန်လာခြင်း

Vol. 213 Ch. 3218

ငရဲမှပြန်လာခြင်း

Vol. 213 Ch. 3218

အတိတ်နှင့် ပစ္စုပ္ပန်ကို တိုက်ခိုက်ခြင်း၏ အားဖြည့်ထောက်ပံ့မှုနှင့်အတူ ဆူဇီမို၏ အော်ရာက ဆပွားမြင့်တက်လာပြီး သူ၏ အကြည့်က သိပ်သည်းစုဖွဲ့လာ၏။ သူ၏ ဘယ်ဘက်မျက်လုံးက နက်မှောင်လာပြီး သူ၏ ညာဘက်မျက်လုံးက ဖြူဖွေးလာကာ ဖုန့်တူကို ကြည့်ရင်း မှင်သေသေဖြင့်ပြောလိုက်၏။

“ဖုန့်တူ.. မင်းရှုံးသွားပြီ”

တစ်ခုကအနက် တစ်ခုကအဖြူ အလင်းတန်းနှစ်ခုက ဆူဇီမို၏ မျက်လုံးထဲကနေ ပစ်လွင့်ထွက်ပေါ်ပြီး အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်ပေါသို့ ဆင်းသက်သွားသည်။

ယင်နှင့်ယန်ကို မင်အဖြစ်အသုံးပြုပြီး အာဒိကပ္ပသမဂ္ဂကို စုတ်တံတစ်ခုအဖြစ် အသုံးပြုလိုက်၏။

“တင်းခြောက်ပါးနှင့်ကျားခြောက်ပါးကို ဖွဲ့စည်းခြင်း… စိတ်ဝိညာဉ်များနှင့် တစ္ဆေများအားလုံး လွင့်ပျယ်သွားရမည်။”

ဆူဇီမိုသည် အာဒိကပ္ပသမဂ္ဂမြင်းမြီးကျာပွတ်ကို ကိုင်ဆွဲပြီး လေဟာနယ်ထဲမှာ လျှို့ဝှက်ဆန်းကြယ်သော မှော်စာလုံးဆယ့်နှစ်လုံးကို အလျင်အမြန်ရေးဆွဲလိုက်၏။

မီးပဒေသာနှင့် တမလွန်မီးရောင်ကနေ ထုတ်လွှတ်လိုက်သော ယင်နှင့်ယန်၏ စွမ်းအားဖြင့် မောင်းနှင်ကာ ကြောက်စရာကောင်းသောအော်ရာများနှင့်အတူ ကောင်းကင်ဘုံနတ်ဘုရားဆယ့်နှစ်ပါးက ဆူဇီမို၏ ရှေ့မှာ ချက်ချင်းပင် ပေါ်ထွက်လာသည်။

အမျိုးသားခြောက်ဦးနှင့် အမျိုးသမီးခြောက်ဦး… အာဒိကပ္ပသမဂ္ဂလျှို့ဝှက်အတတ် တင်းခြောက်ပါးနှင့်ကျားခြောက်ပါး နတ်ဘုရားများ။

ဤလျှို့ဝှက်အတတ်ကို ယခုအချိန်မှသာ ထုတ်ဖော်ခြင်းမှာ တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများ၏ တိုက်ခိုက်ရည်ခွန်အားသည် အမြုတေစိတ်ဝိညာဉ်၏ စွမ်းအားနှင့် တိုက်ရိုက်ဆက်စပ်နေသောကြောင့် ဖြစ်သည်။

အမြုတေစိတ်ဝိညာဉ်က ပိုမိုသန်မာလေ အသက်ဝင်လာသော လျှို့ဝှက်အတတ်က ပိုမိုသန်မာလေဖြစ်ပြီး တင်းခြောက်ပါးနှင့်ကျားခြောက်ပါးနတ်ဘုရားများ၏ တိုက်ခိုက်ရည်ခွန်အားကလည်း ပိုမိုမြင့်မားလာပေလိမ့်မည်။

ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် အတိတ်နှင့်ပစ္စုပ္ပန်ကိုတိုက်ခိုက်ခြင်းကို ထုတ်ဖော်ပြီး သူ့အမြုတေစိတ်ဝိညာဉ်၏ စွမ်းအားက ၎င်း၏ အကန့်အသတ်ထိ လှည့်ပတ်လာပြီဖြစ်ကာ မဟာဧကရာဇ်တစ်ပါး၏ အဆင့်နှင့် အလွန့်အလွန်နီးကပ်နေပြီဖြစ်၏။

အာဒိကပ္ပသမဂ္ဂလျှို့ဝှက်အတတ်နှင့်အတူ သူဖန်တီးလိုက်သော ကောင်းကင်ဘုံနတ်ဘုရားဆယ့်နှစ်ပါး၏ တိုက်ခိုက်ရည်ခွန်အားက မဟာဧကရာဇ်များ၏ အဆင့်နှင့် အရမ်းကို နီးကပ်နေပြီဖြစ်၏။ တကယ်တော့ တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများကို ယင်နှင့်ယန်၏ စွမ်းအားကနေ စုဖွဲ့ထားခြင်းသာဖြစ်၏။ အမြုတေစိတ်ဝိညာဉ်များမရှိဘဲ သူတို့က လောကများကို မစုဖွဲ့နိုင်ကြပေ။

သူတို့၏ အစစ်အမှန်တိုက်ခိုက်ရည်ခွန်အားသည် ကျင့်ကြံမှုနယ်ပယ်တူမှာရှိသော ပညာရှင်များထက် သေချာပေါက်နိမ့်ကျနေပေလိမ့်မည်။

သို့သော်လည်း အနီးကပ်တိုက်ခိုက်ရည်မှာ ဖုန့်တူပင်လျှင် ကောင်းကင်ဘုံနတ်ဘုရားဆယ့်နှစ်ပါး၏ ပူးပေါင်းတိုက်ခိုက်မှုကို မခုခံနိုင်ပေ။

ဆူဇီမို၏ မျက်လုံးက ဝင်းလက်တောက်ပလာ၏။ သူက သူ့လက်ထဲရှိမြင်းမြီးကျာပွတ်နှင့်အတူ လိပ်မြွေပေါ်ကနေ စီးနင်းလာ၏။

သူ၏ နောက်ဘက်မှာ တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများရှိနေပြီး သူက အချိန်မြစ်ကို နင်းဖြတ်လာ၏။ သူ၏ အနက်ရောင်ဆံပင်က ရူးသွပ်စွာကခုန်နေပြီး သူ၏ အော်ရာက သိပ်သည်းစုဖွဲ့လာကာ ခပ်လှမ်းလှမ်းကနေ ဖုန့်တူရှိရာကို လက်ညှိုးထိုးလိုက်၏။

“သတ်…”

သူက အမိန့်ပေးလိုက်သည်။

ဆူဇီမိုနှင့် တင်းခြောက်ပါးနှင့် ကျားခြောက်ပါးနတ်ဘုရားများက တစ်ချိန်တည်းမှာ ဖုန့်တူရှိရာသို့ ပြေးဝင်လာကြသည်။ စစ်သည်ပေါင်းတစ်ထောင်ကဲ့သို့ သူတို့သည် ရပ်တန့်တားဆီးမရနိုင်သော အော်ရာနှင့်အတူ ကြယ်တာရာကောင်းကင်တိုက်ပွဲနယ်မြေမှာ ထွက်ပေါ်လာကြသည်။

ဖုန့်တူက တုန်လှုပ်သွားသည်။

သူ၏ ခန္ဓာကိုယ်သည် စောစောကတိုက်ပွဲအပြီးမှာ အလွန်တရာချုံးချုံးကျနေပြီဖြစ်၏။

သူ၏ မဟာဧကရာဇ်အမြုတေစိတ်ဝိညာဉ်ကပင် ဆူဇီမိုကို ဘာမှမလုပ်နိုင်ခဲ့ပေ။

ယခု ဆူဇီမိုသည် ကောင်းကင်ဘုံနတ်ဘုရားဆယ့်နှစ်ပါးနှင့်အတူ သူ့ကို ဝိုင်းပတ်လာခဲ့ပြီး သူတို့၏ အော်ရာများက ကြောက်စရာကောင်း၍ သတ်ဖြတ်လိုစိတ်က အေးစက်နေ၏။ သူက ဘယ်လိုလုပ် ခုခံနိုင်မလဲ။

ဝုန်း… ဝုန်း… ဝုန်း…

ကောင်းကင်လိုဏ်ဂူငါးခုက ဖုန့်တူ၏ တမလွန်ဘုံလောကနှင့် နောက််တစ်ဖန်တိုက်ခိုက်လိုက်၏။

တစ်ချိန်တည်းမှာပင် ဆူဇီမိုနှင့် ကောင်းကင်ဘုံနတ်ဘုရားဆယ့်နှစ်ပါးက ဖုန့်တူကို နေရာမှာပင် သတ်ဖြတ်လိုပြီး ပြင်းထန်ကြမ်းတမ်းသောတိုက်ခိုက်မှုများကို ထုတ်ဖော်လိုက်၏။

ဆူဇီမိုတစ်ယောက်တည်းနှင့် ရင်ဆိုင်လျှင်ပင် ဖုန့်တူက အသာစီးမရရှိနိုင်ပေ။

ယခု… ကြောက်စရာကောင်းသောအနီးကပ်တိုက်ခိုက်ရည်နှင့် ကောင်းကင်ဘုံနတ်ဘုရားဆယ့်နှစ်ပါးက ပေါ်ထွက်လာ၏။

နှစ်ဦးနှစ်ဖက်လုံးက နောက်တစ်ဖန်တိုက်ခိုက်ပြီး ချက်ချင်းနီးပါးပင် ဖုန့်တူက ရှုံးနိမ့်စွာဖြင့် နောက်သို့ဆုတ်ခွာလာရ၏။

သူ၏တမလွန်ဘုံလောကမှာ တမလွန်တစ္ဆေဧကရာဇ်များစွာက ပေါ်ထွက်လာပြီး ဆူဇီမိုကိုတားဆီးရန် သူတို့၏ လောကများကို ထုတ်ဖော်လိုက်ကြ၏။

သို့သော်လည်း တစ္ဆေဧကရာဇ်များစုဖွဲ့ထားသော လောကများသည် ဆူဇီမိုကိုမပြောနှင့် ကောင်းကင်ဘုံနတ်ဘုရားဆယ့်နှစ်ပါး၏ ဓားများနှင့်လှံများကိုပင် မခုခံနိုင်ပေ။ လှံများက ခုန်ပေါက်နေပြီး လောကကို မှောက်လှန်ပစ်နိုင်၏။

ဓားများက လေထဲမှာ ယှက်ဖြာသွာလာပြီး အရာရာတိုင်းကို လှီးဖြတ်ချနေ၏။

ဆူဇီမိုသည် တင်းခြောက်ပါးနှင့်ကျားခြောက်ပါးနတ်ဘုရားများကို ဆင့်ခေါ်ပြီးနောက် သူတို့သည် ရပ်တန့်တားဆီးမရနိုင်သော အလျင်အဟုန်နှင့် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို စတင်လာ၏။

ထိုသည်ကိုတွေ့မြင်သောအခါ မျိုးနွယ်စုတစ်သောင်းမှသက်ရှိများက အလွန်တရာစိတ်လှုပ်ရှားတက်ကြွလာသည်။

ဧကရာဇ်တစ်ပိုင်းအဆင့်မှာ ရှိခဲ့စဉ်က မဟာဧကရာဇ်အထီးကျန်သိုင်းသခင်သည်လည်း ဤအနေအထားလောက်ကိုသာ ထုတ်ဖော်နိုင်ပေလိမ့်မည်။

“မင်းအခုချိန်ထိ ဘာလို့မတိုက်ခိုက်သေးတာလဲ.. သူက ငါ့ကို နောက်တစ်ခါထပ်ပြီးသတ်မှာကို မင်းစောင့်နေတာလား”

ဖုန့်တူက သူ၏ ချုံးချုံးကျနေသော ခန္ဓာကိုယ်ကို တရွတ်ဆွဲပြီး တစ်လှမ်းပြီးတစ်လှမ်း နောက်သို့ဆုတ်ပေးနေရ၏။ သူသည် ဆူဇီမိုနှင့် တင်းခြောက်ပါးနှင့်ကျားခြောက်ပါးနတ်ဘုရားများ၏ တိုက်ခိုက်မှုများကို ခုခံဖို့အတွက် တမလွန်အစီအရင်ဝင်္ကပါ၏ စွမ်းအားကို ယာယီအားဖြင့် အားကိုးနေရ၏။

သူက ဆိုးဆိုးဝါးဝါးအခြေအနေမှာ ရောက်ရှိလာပြီး ခပ်စူးစူးအော်ပြောလိုက်၏။

“ဟဲဟဲ…”

ထိုစဉ်မှာပင် မကောင်းဆိုးဝါးဆန်ဆန်ရယ်မောသံတစ်သံက လောကမှာထွက်ပေါ်လာပြီး လူတိုင်းကို တုန်လှုပ်ချောက်ချားသွားစေသည်။ နောက်ခဏ၌ အနက်ရောင်ဆံပင်နှင့် အမျိုးသားတစ်ဦးက ပေါ်ထွက်လာလေသည်။ သူက သူ၏ သေကွင်းသေကွက်များကို တင်းတင်းကျပ်ကျပ်ကာကွယ်ပေးထားသည့် အရိုးချပ်ဝတ်တန်ဆာကို ဝတ်ဆင်ပြီး အရိုးလှံတစ်လက်ကို ကိုင်ဆွဲထား၏။

ရုတ်တရက် အမျိုးသားသည် ကြယ်တာရာကောင်းကင်ထဲမှာ ပေါ်ထွက်လာပြီး လောကမှာ မတ်တတ်ရပ်ကာ ဆူဇီမိုနှင့် တင်းခြောက်ပါးနှင့်ကျားခြောက်ပါးနတ်ဘုရားများကို ငုံ့ကြည့်နေ၏။ သူ၏ အကြည့်က အေးစက်နေပြီး သူ၏ မျက်လုံးများက အလောင်းတောင်တန်းများနှင့် သွေးပင်လယ်များကို ရောင်ပြန်ဟပ်ပေးနေပုံရသည်။

မနှိုင်းယှဉ်သာအောင် ခံ့ညားသော စွမ်ပကားတစ်ခုက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို အုပ်မိုးပြီး မျိုးနွယ်စုတစ်သောင်းသက်ရှိများ၏ စိတ်နှလုံးကို ဖိနှိမ်လိုက်၏။

ဤကဲ့သို ဖိအားမျိုးသည် မဟာဧကရာဇ်များဆင်းသက်လာသော လွန်ခဲ့သည့် နှစ်နှစ်ထောင်က ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအတွင်းမှာသာ ပေါ်ထွက်ခဲ့ဖူးသည်။ စောစောက ဖုန့်တူပေါ်ထွက်ခဲ့စဉ်ကပင် သူ့မှာ ဤကဲ့သို့သော အော်ရာမျိုးမရှိခဲ့ပေ။

ထျန်ဟွမ်ကမ္ဘာမှ လူတိုင်းက ဤအမျိုးသားကိုကြည့်ပြီး သူ၏ သရုပ်သကန်ကို ခန့်မှန်းမိသွား၏။ သူတို့၏ အမူအရာများက အလွန်တရာပျက်ယွင်းသွားလေသည်။

ငရဲအရှင်…

ဤပုဂ္ဂိုလ်သည် အစစ်အမှန်မဟာဧကရာဇ်ပညာရှင်တစ်ဦးဖြစ်သည်။

အရင်တုန်းက သူသည် မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်နှင့် ဗြဟ္မာတစ္ဆေမိခင်တို့နှင့် ရင်ဘောင်တန်းရပ်တည်နိုင်သော ကြောက်စရာသည့် တည်ရှိမှုတစ်ခု ဖြစ်ခဲ့သည်။

မဟာဧကရာဇ်အနန္တက သူ့ကိုယ်သူ စွန့်လွှတ်စတေးပြီး သူ၏ အသွေးအသားနှင့်အတူ အဝီစိကို ဖန်တီးကာ ဤကြောက်စရာကောင်းသော တည်ရှိမှုကို အကျဉ်းချခဲ့ခြင်းကြောင့်မဟုတ်လျှင် အလယ်အလတ်ကမ္ဘာတစ်ထောင်မှာ ဤလူသည် သွေးလွှမ်းမှုဘယ်လောက်များများကို ဖြစ်ပေါ်စေမလဲ ဘယ်သူသိမှာလဲ။

လွန်ခဲ့သည့် နှစ်နှစ်ထောင်က မဟာကပ်ဘေးသည် မဟာဧကရာဇ်အထီးကျန်သိုင်းသခင်ကို သတ်ဖြတ်ခဲ့ရုံသာမက ၎င်းသည် ထျဲဝေတောင်ကို ဖြိုချပြီး အဝီစိကို ထိုးဖောက်သွားခဲ့၏။

ခေတ်နှစ်ခေတ်ကြာအောင် ဖိနှိမ်ခံခဲ့ရသော ကြောက်စရာကောင်းသည့်ဤတည်ရှိမှုက သည်ဘက်မျိုးဆက်မှာ လွတ်မြောက်သွားခဲ့သည်။

ယခု ငရဲအရှင်က ပြန်လည်ရောက်ရှိလာပြီး သူက သေချာပေါက်လက်စားချေပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို စတင်ပေလိမ့်မည်။

မဟာဧကရာဇ်အနန္တနှင့် ခွဲခြားမရအောင် ဆက်စပ်နေသော ဆူဇီမိုက အရင်ဆုံးပစ်မှတ်ထားခံရပေလိမ့်မည်။

ငရဲအရှင်သည် လူတချို့ကို လွှတ်ပေးကောင်းလွှတ်ပေးနိုင်သည်။ သို့သော်လည်း သူသည် ဆူဇီမိုကို သေချာပေါက်အလွတ်ပေးမည် မဟုတ်ပေ။

“မင်းဘာလို့ အခုမှထွက်လာရတာလဲ”

ဖုန့်တူက မကျေမချမ်းဖြင့် ငရဲအရှင်ကို စိုက်ကြည့်လိုက်၏။

ငရဲအရှင်က မှင်သေသေဖြင့် ပြောလိုက်၏။

“မင်းက မိုးမြေအရှင်ဖြစ်လာချင်တယ်ဆိုမှတော့ ငါက မင်းကို အစွမ်းအစတချို့ ထုတ်ခွင့်ပေးရမှာပေါ့”

“အခုတော့ မင်းက ပုရွက်ဆိတ်တစ်ကောင်ကိုတောင် မဖိနှိမ်နိုင်ဘူးဘဲ”

ဖုန့်တူက အေးစက်စွာပြန်ပြောလိုက်၏။

“ငါ့ရဲ့အလောင်းသုံးလောင်းဓမ္မခန္ဓာကို လွန်ခဲ့တဲ့နှစ်နှစ်ထောင်က သူဖျက်ဆီးခဲ့တယ်… အဲဒါကြောင့်မဟုတ်ရင် ငါက ဒီလိုမျိုးရှုံးနိမ့်မှာမဟုတ်ဘူး”

ငရဲအရှင်က ဖုန့်တူနှင့် ဆက်လက်၍ ငြင်းခုံမနေတော့ပေ။

ထိုအစား သူက ညိုမှောင်သောအကြည့်ဖြင့် ဆူဇီမိုကိုကြည့်ပြီး မကောင်းဆိုးဝါးဆန်ဆန်လေသံဖြင့် ပြောလိုက်၏။

“မင်းက ဟိုသောက်အနန္တရဲ့ နည်းလမ်းတွေကို တကယ်ပဲဆက်ခံရရှိထားတာပဲ”

“ငါပြန်လာပြီဆိုမှတော့ ငါက ဒီလောကမှာ အနန္တချန်ထားတဲ့ အငွေ့အသက်တွေအားလုံကို ဖျောက်ဖျက်ပစ်မယ်”

“ဗုဒ္ဓဝါဒကို ကျင်ကြံတဲ့ ပုရွက်ဆိတ်တွေအားလုံး ငါသတ်မယ်… အဲဒါတင်မကဘူး… အနန္တနဲ့ ပတ်သက်ဆက်စပ်နေတဲ့ဘယ်သူမဆို သေရမယ်”

ထိုသို့သူပြောလိုက်သည့်ခဏမှာပင် ထိုအသံက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတစ်ဝှမ်း ပျံ့နှံ့သွား၏။

မဟာဧကရာဇ်တစ်ပါး၏ စကားသံမှာ မဟာဧကရာဇ်တစ်ပါး၏ စိတ်စွမ်းအားပါဝင်နေသည်။

မမြင်ရသော အင်အားတစ်ခုက ပညာရှင်များစွာ၏ ရင်ထဲမှာ လွှမ်းခြုံလာ၏။

မဟာဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် မဟာဧကရီသွေးလိပ်ပြာမရှိဘဲ ဒီဘက်မျိုးဆက်မှာငရဲအရှင်ကို ဘယ်သူက ဖိနှိမ်နိုင်မှာလဲ။

ဤအခိုက်အတန့်မှာ အလယ်အလတ်ကမ္ဘာတစ်‌ထောင်လောကတွင် တစ်ယောက်ယောက်က မဟာဧကရာဇ်တစ်ပါးဖြစ်လာဖို့သာ သူတို့မျှော်လင့်နိုင်သည်။

ပညာရှင်များစွာ၏ စိတ်နှလုံးက တဖြည်းဖြည်းဆိုနင့်သွား၏။

အခြားသူများပင်ထိုသို့ဆိုလျှင် ငရဲအရှင်နှင့် ထိပ်တိုက်ရင်ဆိုင်နေသော ဆူဇီမိုအပေါ် ကျရောက်နေမည့်ဖိအားကို စဉ်းစားကြည့်နိုင်သည်။

သို့သော်လည်း လူတိုင်းကို အံ့အားသင့်သွားစေသည်မှာ ဆူဇီမို၏ မျက်နှာပေါ်တွင် မည်သည့်ကြောက်လန့်မှု သို့မဟုတ် မည်သည့်စိုးရွံ့မှုမှ မရှိပေ။

သူ၏ အမူအရာက ရေသေတစ်ခုကဲ့သို့ တည်ငြိမ်နေမြဲဖြစ်သည်။

စီးပိုးခြယ်လှယ်စွာ ပြန်လည်ရောက်ရှိလာသော ငရဲအရှင်နှင့် ရင်ဆိုင်ရလျှင်ပင် ဆူဇီမို၏ မျက်လုံးများက မည်သည့်အတက်အကျမှမရှိဘဲ ရှေးဟောင်းရေတွင်းတစ်တွင်းကဲ့သို့ တည်ငြိမ်နေဆဲဖြစ်၏။

“မင်းပြန်မလာသင့်ဘူး”

ရုတ်တရက် ဆူဇီမိုက တည်ငြိမ်နေသောလေသံဖြင့်ပြောလိုက်၏။

“ဟမ်..”

ငရဲအရှင်က မျက်ခုံးပင့်လိုက်၏။

သူသည် ဆူဇီမို ဆိုလိုသည့်အဓိပ္ပါယ်ကို သိပ်နားမလည်ပေ။

ဆူဇီမိုက ဖြည်းဖြည်းချင်းပြောလိုက်၏။

“မင်းက အသာတကြည်နဲ့ မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းဖို့ ရွေးချယ်ခဲ့မယ်ဆိုရင် အဆင်ပြေလိမ့်မယ်… မင်းက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ပြန်လာဖို့ရွေးချယ်ခဲ့တယ်ဆိုမှတော့ ငါက မဟာဧကရာဇ်အနန္တကိုယ်စား မင်းကို ဖိနှိမ်ရတော့မှာပေါ့။”

All Chapters