ကစဉ့်ကလျားလောက
Vol. 213 Ch. 3220
ဤနှစ်များမှာ ဆူဇီမိုသည် အပြင်ဘက်မှာ လှည့်လည်သွားလာပြီး လောကကို အာရုံစိုက်ကာ ဓမ္မတာအိုများကို နားလည်ဆင်ခြင်နေခဲ့သည်။ သူကျင့်ကြံထားသော ကောင်းကင်လိုဏ်ဂူငါးခုက ပိုမိုသန်မာလာပြီး ဖျက်ဆီး၍မရနိုင်တော့ပေ။
သူသည် ကောင်းကင်လိုဏ်ဂူငါးခုကို ပေါင်းစည်းလိုသည်ဆိုလျှင် သူတို့ကို မပေါင်းစည်းခင် သူတို့ကို ဖျက်ဆီးပြီး ပြန်လည်တည်ဆောက်ရန်အတွက် လုံလောက်သည့် ခွန်အားကို လိုအပ်လေသည်။ သို့သော်လည်း ဆူဇီမိုသည် သူ၏ ကိုယ်ပိုင်ခွန်အားဖြင့် ထိုသို့မပြုလုပ်နိုင်ပေ။
ဖုန့်တူပင်လျှင် သူ၏ ကောင်းကင်လိုဏ်ဂူငါးခုကို မဖျက်ဆီးနိုင်ပေ။
မဟာဧကရာဇ်ပညာရှင်များသာ ဤကဲ့သို့သော ပကတိခွန်အားကို ပိုင်ဆိုင်နိုင်သည်။
အင်မော်တယ်ဧကရီလင်းလုံ၏ ခန့်မှန်းချက်က မှန်ကန်သည်။
စောစောက ဆူဇီမို၏ စကားသည် ငရဲအရှင်ကို တမင်သက်သက်ရန်စခဲ့ခြင်းဖြစ်သည်။
မဟာအဝီစိက ထိုးဖောက်ခံထားရပြီဖြစ်ပြီး ငရဲအရှင်ကို လုံးဝအကျဉ်းမချနိုင်တော့ပေ။
သို့သော်လည်း သူသည် မဟာဧကရာဇ်အနန္တနှင့် မဟာအဝီစိအကြောင်း ကြားရသည့်အချိန်မှာ ငရဲအရှင်သည် ပြီးခဲ့သည့်ခေတ်နှစ်ခေတ်မှာ သူထိခိုက်ခံစားခဲ့ရသည့် နာကျင်မှုများနှင့် ညှင်းပန်းနှိပ်စက်မှုများကို ပြန်လည်အမှတ်ရသွားပြီး ဒေသယမ်းမီး ပေါက်ကွဲလာခဲ့သည်။
ထိုသို့ဖြင့် ဆူဇီမိုသည် ငရဲအရှင်ကို အသုံးချကာ သူ၏ အဟန့်အတားကို ချိုးဖျက်ပြီး ဧကရာဇ်နယ်ပယ်ကို တစ်ခါတည်းတက်လှမ်းလာခဲ့သည်။
ကောင်းကင်လိုဏ်ဂူငါးခုကို ပေါင်းစည်းပြီး လောကတစ်ခုကို စုဖွဲ့လိုက်စဉ် ပြတ်တောင်းပြတ်တောင်းမှတ်ဉာဏ်တချို့က သူ၏ စိတ်ထဲသို့ နောက်တစ်ဖန်ဝင်ရောက်လာ၏။
ပကတိဧကနယ်ပယ်ကို သူတက်လှမ်းစဉ်က ပေါ်ထွက်လာခဲ့သော မှတ်ဉာဏ်အပိုင်းအစများနှင့် သူတို့က အတော်များများထပ်သွား၏။
အဲဒီမှာ နေရာတိုင်းတွင် သွေးများနှင့်အရိုးများရှိနေ၏။
သက်ရှိများအားလုံးက ညည်းတွားအော်ဟစ်နေပြီး အရာရာတိုင်းက ညှိုးခြောက်လာခဲ့သည်။
ထိုအရာအပြင် ကြေမွပျက်စီးနေသော ပုံရိပ်အသစ်တချို့လည်း ရှိလာခဲ့သည်။
အဲဒီမှာ ယင်နှင့်ယန်၊ မိုးကြိုး၊ သတ်ဖြတ်ခြင်းနှင့် မီးတောက်များ…။
ထိုအရာများသည် တဖြည်းဖြည်းပျောက်ကွယ်သွားပြီး နောက်ဆုံးမှာ ကစဉ့်ကလျားအဖြစ် ပြန်လည်ရောက်ရှိသွား၏။
သူတို့က မီးခိုးရောင်ဖြစ်ပြီး ဝေဝါးနေ၏။
အဲဒီမှာ မည်သည့်အလင်းရောင် သို့မဟုတ် မည်သည့်အမှောင်ထုမှ မရှိပေ။
ဒြပ်စင်ငါးမျိုးမရှိဘဲ တစ်ယောက်ယောက်သည် လေဟာနယ်၏ တည်ရှိမှု သို့မဟုတ် အချိန်ကာလာ၏ စီးဆင်းမှုကို အာရုံမခံနိုင်ပေ။
ထို့နောက် ကစဉ့်ကလျားက ရုတ်တရက်ပေါက်ကွဲထွက်ပြီး အနက်ရောင်၊ ရွှေရောင်၊ အနီရောင်နှင့် အစိမ်းရောင်အလင်းများအဖြစ် ပြောင်းလဲပြီး လေဟာနယ်၏ အစပ်မှာ ပြန့်ကျဲပြီး ပျောက်ကွယ်သွားခဲ့သည်။
သူတို့ကြားမှာ အစိမ်းရောင်အလင်းသည် ကောင်းကင်ထက်ကနေ ဆင်းသက်၍ လေဟာနယ်အလွှာများကို ထိုးဖောက်လာပုံရပြီး အဟန့်အတားများစွာကို ချိုးဖျက်ပြီးနောက် ဆူဇီမို၏ ဦးခေါင်းပေါ်သို့ ဆင်းသက်သွား၏။
နောက်ခဏ၌ ဆူဇီမိုက ဆတ်ခနဲတုန်ယင်ပြီး နိုးထလာခဲ့သည်။
မှတ်ဉာဏ်အပိုင်းအစများနှင့် စောစောက ပြတ်တောင်းပြတ်တောင်းမြင်ကွင်းများအားလုံးကလည်း ထိုအခိုက်အတန့်မှာ ပျောက်ကွယ်သွားပြီဖြစ်သည်။
သူ၏ လောကကတော့ သိပ်သည်းစုဖွဲ့လာခဲ့ပြီဖြစ်၏။
ဤလောကမှာ မြစ်များအားလုံးကို လက်ခံနိုင်သည့် ပင်လယ်တစ်စင်းကဲ့သို့ အင်မော်တယ်၊ ဗုဒ္ဓ၊ မိစ္ဆာနှင့် သားရဲတာအိုများအပါအဝင် ကောင်းကင်လိုဏ်ဂူငါးခု၏ ဓမ္မတာအိုများကို ပေါင်းစည်းထားသည်။ အဲဒီမှာ မိုးနှင့်မြေ၊ ယင်နှင့်ယန်၊ ဒြင်စင်ငါးမျိုး၊ လေ၊ မိုး၊ လျှပ်စီး၊ သေခြင်းနှင့်ရှင်ခြင်း… စသည်တို့လည်းပါဝင်နေ၏။
ဓမ္မတာအိုများအားလုံးက တစ်ခုတည်းအဖြစ် ပေါင်းဆုံသွားသည်။
နောက်ဆုံးမှာ ထိုဓမ္မတာအိုများနှင့် တဗူးဂမ္ဘီရကျင့်စဉ်များသည် ဆူဇီမို၏ ဖန်တီးမှုဖြစ်လာပြီး လောကတစ်ခုအဖြစ် ပေါင်းစည်းသွားသည်။
အစကတော့ ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ပြီးနောက် သူသည် ဖန်တီးခြင်းလောကတစ်ခုကို စုဖွဲ့နိုင်လိမ့်မည်ဟု ဆူဇီမိုက တွေးထင်ခဲ့၏။ သို့သော်လည်း ထိုအခိုက်အတန့်မှာ သူစုဖွဲ့ထားသောလောကမှာ ဖန်တီးခြင်းစွမ်းအားသာမကသည်ကို သူက အာရုံခံမိလိုက်၏။
ပြောရမည်ဆိုလျှင် ဖန်တီးခြင်းစွမ်းအားက ၎င်း၏ တစ်စိတ်တစ်ပိုင်းသာဖြစ်သည်။
“ကစဉ့်ကလျား…”
ဆူဇီမို၏ စိတ်ထဲမှာ အတွေးတစ်ခုပေါ်ထွက်လာပြီး သူက ရုတ်တရက်ထိုစကားလုံးကို တွေးမိသွား၏။
သူသည် ထျန်ဟွမ်ကုန်းမြေတိုက်မှာတုန်းက ကစဉ့်ကလျား၏ သဘောတရားနှင့် ထိတွေ့မိခဲ့ပြီဖြစ်သည်။
ထိုစဉ်တုန်းက သူ၏ ရန်သူ သီယင်းသည် ရွှေအမြုတေနယ်ပယ်မှာ နယ်မြေဖြစ်စဉ်နှစ်ခု ကစဉ့်ကလျားသမုဒ္ဒရာနှင့် လောကသန့်စင်အစိမ်းရောင်ကြာပန်းကို နားလည်ဆင်ခြင်ထားခဲ့သည်။
သူသည် ရွှေအမြုတေနယ်မြေဖြစ်စဉ်နှစ်ခုကို ပေါင်းစည်းပြီး အသစ်စက်စက်နယ်မြေဖြစ်စဉ်တစ်ခု… ကစဉ့်ကလျားသမုဒ္ဒရာထဲမှမွေးဖွားလာသော အစိမ်းရောင်ကြာပန်းကို စုဖွဲ့နိုင်ခဲ့၏။
သို့သော်လည်း ဆူဇီမို၏ ဖန်တီးခြင်းကြာပဒုမ္မာသည် လောကသန့်စင်အစိမ်းရောင်ကြာပန်း ယှဉ်နိုင်သောအရာနှင့် ကွာဟလွန်းလေသည်။
သူ၏ မှတ်ဉာဏ်ထဲမှာ ပေါ်ထွက်လာခဲ့သော ကစဉ့်ကလျားသည် သီယင်းနားလည်ဆင်ခြင်ခဲ့သော ကစဉ့်ကလျားသမုဒ္ဒရာနှင့်လည်း ကွဲပြားခြားနားနေ၏။
မှတ်ဉာဏ်အပိုင်းအစများထဲမှ ကစဉ့်ကလျားသည် ပိုမိုရှေးကျပြီး ပို၍ လျှို့ဝှက်ဆန်းကြယ်နေသည်။
ဤကစဉ့်ကလျားသည် လောက၏ လျှို့ဝှက်ဆန်းကြယ်မှုများနှင့် သဟဇာတဖြစ်ပုံရပြီး ၎င်းကို ခေါင်းစဉ်တစ်ခုတည်းအောက် မသွတ်သွင်းနိုင်ပေ။
ဖန်တီးခြင်းကြာပဒုမ္မာကတော့ ၎င်းသည် ဤကစဉ့်ကလျားနှင့် ခွဲထုတ်မရအောင် ဆက်စပ်နေ၏။
သို့သော်လည်း စွမ်းအားကြီးမားသော ရန်သူတစ်ယောက်၏ ရှေ့မှာ သူက များစွာစဉ်းစားတွေးတောနေဖို့ အချိန်မရပေ။
ဆူဇီမိုသည် သူ၏ နောက်ဘက်မှ လောကကို ယာယီအားဖြင့် ကစဉ့်ကလျားလောကဟု ခေါ်ဆိုလိုက်၏။
မလှမ်းမကမ်းမှာ ငရဲအရှင်သည် ယခုတင် သူက အသုံးချခံလိုက်ရသည်ကို နားလည်သဘောပေါက်သွားပြီး သူ၏အကြည့်က ပို၍ပင် သုန်မှုန်လာ၏။
သူသည် ဆူဇီမို၏ နောက်ဘက်မှာ စုဖွဲ့ထားသော လောကကို ကြည့်ပြီး သူ၏ မျက်လုံးကို အနည်းငယ်မှေးကျဉ်းလိုက်၏။
စောစောက သူ့ကို နာကျင်မှုခံစားရစေသည့်အရာက ဤလောကဖြစ်သည်။
တကယ်တော့ ၎င်းက သူ့ကို နာကျင်စေရုံမျှသာဖြစ်၏။ ၎င်းသည် သူ့ကို အမှန်တကယ် ယှဉ်ပြိုင်တိုက်ခိုက်နိုင်ဖို့ ဝေးကွာလွန်းဆဲဖြစ်သည်။
သူက မည်သို့ပင်ဆိုစေ မဟာဧကရာဇ်တစ်ပါးဖြစ်သည်။
ဆူဇီမိုက ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းလာသည်ဆိုလျှင်တောင် သူတို့နှစ်ယောက်ကြားမှာ နယ်ပယ်အကြီးတစ်ခုလုံးလုံးကွာဟနေဆဲဖြစ်သည်။
တာအိုအမှတ်အသားတစ်ခုကို စုဖွဲ့ထားသည့် မဟာဧကရာဇ်တစ်ပါး၏ စွမ်းအားက နောက်ထပ်တစ်ဆင့်မှာရှိနေ၏။
“ဇီမိုက ဧကရာဇ်နယ်ပယ်ကို တက်လှမ်းသွားပြီ.. အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက ဒီကပ်ဘေးကို ကျော်ဖြတ်နိုင်တော့မယ်နဲ့တူတယ်”
ဖုန့်စန်းထျန်က ထိုသည်ကိုတွေ့မြင်သောအခါ အားတက်သရောရှိလာ၏။
“ပြောလို့မရသေးဘူး”
သံသရဖူဆောင်းအဖိုးအိုက စိုးရိမ်ပူပန်နေဆဲဖြစ်ပြီး ညင်သာစွာပြောလိုက်၏။
“အရင်တုန်းက အထီးကျန်သိုင်းသခင်က ဧကရာဇ်နယ်ပယ်ကို ပထမဆုံးတက်လှမ်းလာတုန်းက သူက ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်နဲ့ ဖုန့်တူရဲ့ ပူးပေါင်းတိုက်ခိုက်မှုကို အနိုင်နိုင်ခုခံနိုင်ရုံပဲရှိခဲ့တယ်… တကယ်ဆို သူက လက်တစ်ဖက်ကိုတောင် ဆုံးရှုံးခဲ့ရတယ်”
ပညာရှင်များက ထိုစကားကိုကြားသောအခါ သူတို့သည် ထိုစဉ်တုန်းက မြင်ကွင်းကို ပြန်လည်အမှတ်ရသွားပြီး ခေါင်းညိတ်လိုက်ကြ၏။
ထိုအချိန်တုန်းက ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်နှင့် ဖုန့်တူ၏ ပူးပေါင်းတိုက်ခိုက်မှုမှာ သိုင်းတာအိုပင်မခန္ဓာသည် ဒဏ်ရာအပြင်းအထန်ရရှိပြီး ရှုံးနိမ့်သည့်ပုံပေါ်နေခဲ့၏။
တျဲယွဲ့က မဟာဧကရာဇ်တစ်ပါးဖြစ်လာပြီး တိုက်ပွဲနယ်မြေသို့ဝင်ရောက်ကာ အထီးကျန်သိုင်းသခင်နှင့် ရင်ဘောင်တန်းရပ်တည်ခဲ့သောကြောင့်သာ အခြေအနေက လုံးလုံးလျားလျား ပြောင်းလဲသွားခဲ့ခြင်းဖြစ်သည်။
ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲစတင်ပြီးနောက် ဘာ့ကြောင့်ရယ်မသိ အထီးကျန်သိုင်းသခင်၏ တိုက်ခိုက်ရည်ခွန်အားသည် ရုတ်တရက်ဆပွားမြင့်တက်လာခဲ့၏။ တကယ်ဆို သူသည် မဟာဧကရာဇ်သုံးလေးပါးကို တစ်ယောက်တည်းပင် တိုက်ခိုက်နိုင်ခဲ့သည်။ သူသည် နောက်ပိုင်းမှာ မဟာကပ်ဘေးတစ်ခုကိုလည်း ဆွဲဆောင်မိခဲ့လေသည်။
အင်မော်တယ်ဧကရီလင်းလုံက ခေါင်းညိတ်ကာ ပြောလိုက်သည်။
“ဇီမိုရဲ့ သိုင်းတာအိုပင်မခန္ဓာက မူကွဲတစ်ခုပဲ… အဲဒါက သုံးဘုံလောကကို ကျော်လွန်နေပြီ… ဒြပ်စင်ငါးမျိုးထဲမှာ မပါဝင်တော့ဘူး… အဲဒါကြောင့်ပဲ သူက လျှို့ဝှက်အတတ်တချို့ကို ထုတ်ဖော်ပြီးတဲ့နောက် သူ့ရဲ့တိုက်ခိုက်ရည်ခွန်အားက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ ဖိနှိမ်မှုကို ချိုးဖျက်ပြီး နောက်တစ်ဆင့်ကို တက်လှမ်းသွားနိုင်ခဲ့တာပဲ”
“ဇီမိုရဲ့ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာက လောကမှာ တစ်မူထူးခြားပေမယ့် အဲဒါက မူကွဲတစ်ခုတော့ မဟုတ်ဘူး… အဲဒါက ကောင်းကင်ဘုံတာအိုရဲ့ နိယာမတွေထဲမှာ ရှိနေတုန်းပဲ”
ပညာရှင်များက နားလည်သဘောပေါက်လာကြ၏။
တစ်နည်းအားဖြင့်ဆိုသော် ဆူဇီမိုသည် ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ပြီးနောက် သူ၏ တိုက်ခိုက်ရည်ခွန်အားက ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ အကန့်အသတ်တစ်ခုရှိနေဆဲပင်။ အလွန်ဆုံးသူသည် ငရဲအရှင်နှင့် မတိမ်းမယိမ်းမှာသာရှိပေလိမ့်မည်။
ငရဲအရှင်၏ ဘက်မှာ မဟာဧကရာဇ်တစ်ပါး၏ တိုက်ခိုက်ရည်ခွန်အားနှင့် နီးစပ်သော ဖုန့်တူကလည်း ရှိနေသေး၏။
ယခုတင် လူတိုင်းခံစားမိခဲ့သော ဝမ်းသာပျော်ရွှင်မှုကို နောက်ကနေ လိုက်ပါလာသော စိုးရိမ်ပူပန်စရာများက ဖယ်ထုတ်ပစ်လိုက်၏။
ဆူဇီမို ယခုရင်ဆိုင်နေရသော အခြေအနေသည် လွန်ခဲ့သည့်နှစ်နှစ်ထောင်ကနှင့် အလွန်တရာဆင်တူနေ၏။
ဆူဇီမိုသည် မဟာဧကရာဇ်တစ်ပါးနှင့် ဖုန့်တူ၏ ပူးပေါင်းတိုက်ခိုက်မှုနှင့် ရင်ဆိုင်နေရဆဲဖြစ်သည်။
သို့သော်လည်း ဤတစ်ခေါက်မှာ ဆူဇီမိုသည် မူကွဲတစ်ခုမဟုတ်ဘဲ ကောင်းကင်နှင့်မြေကြီးနိယာမများကို ချိုးဖျက်နိုင်သည့် သိုင်းတာအိုကဲ့သို့ လျှို့ဝှက်အတတ်တစ်ခုကို မထုတ်ဖော်နိုင်ပေ။
မဟာဧကရီသွေးလိပ်ပြာကလည်း သူ့ဘေးမှာ မရှိတော့ပေ။
“အထီးကျန်သိုင်းသခင်… မင်းဘေးမှာ ဒီတစ်ခေါက် သွေးလိပ်ပြာမရှိဘဲ မင်းကို တခြားဘယ်သူကူညီနိုင်မလဲ ကြည့်ရသေးတာပေါ့”
ဖုန့်တူကလည်း အဲဒါကို တွေးမိပြီး အော်ပြောလိုက်၏။
“မင်းတို့နှစ်ယောက်ကို ဖိနှိမ်ဖို့အတွက် ငါ့ကို ဘယ်သူမှ ကူညီပေးစရာမလိုဘူး”
ဆူဇီမို၏ အကြည့်က သိပ်သည်းစုဖွဲ့လာပြီး သူ၏ လောကကို မြှောက်တင်ကာ အတိတ်နှင့်ပစ္စုပ္ပန်ကို တိုက်ခိုက်ခြင်းကို ထုတ်ဖော်လိုက်၏။
သူသည် ရှည်လျားသော အချိန်မြစ်ပေါ်နင်းဖြတ်ပြီး ရေစီးကြောင်းများကို ဆန်တက်လိုက်၏။
ငရဲအရှင်နှင့် ဖုန့်တူနှင့်ရင်ဆိုင်ရာမှာ သူသည် အရင်စတင်တိုက်ခိုက်လိုက်၏။ သူသည် ခြေလှမ်းတစ်လှမ်းဖြင့် ကြယ်တာရာကောင်ကင်အလွှာများကို ဖြတ်ကျော်ပြီး ငရဲအရှင်ရှေ့သို့ ဆင်းသက်လာသည်။
“မင်းအသက်ရှင်ရတာ ငြီးငွေ့နေတာပဲ”
ငရဲအရှင်က အရိုးဖြူချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး အရိုးဖြူဆေဘာတစ်လက်ကို ကိုင်ဆွဲထား၏။ သူ၏ နောက်ဘက်ရှိ မှောင်မိုက်၍ မကောင်းဆိုးဝါးဆန်သော ငရဲကနေ အလောင်းတောင်တန်းများနှင့် သွေးပင်လယ်များက သိပ်သည်းပြင်းထန်သော အနံ့နှင့်အတူ တလိပ်လိပ်တိုးထွက်လာပြီး ဆူဇီမိုကို ဖိနှိမ်လိုက်၏။
တစ်ချိန်တည်းမှာပင် ဖုန့်တူက တမလွန်ဘုံလောကနှင့်အတူ ဝင်ရောက်တိုက်ခိုက်လိုက်၏။
ဝုန်း...
ဆူဇီမိုစုဖွဲ့လိုက်သော လောကက ငရဲလောကနှင့် ထိတွေ့ရိုက်ခတ်ပြီး ကမ္ဘာတုန်လောက်ဖွယ်ရာပေါက်ကွဲသံက ထွက်ပေါ်လာ၏။
တမလွန်ဘုံလောကကလည်း ဆက်တိုက်ဆိုသလိုဆင်းသက်လာပြီး ကစဉ့်ကလျားလောကကို အဆက်မပြတ်တုန်ခါသွားစေ၏။
လောကရှိ ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းက အဆက်မပြတ်ယိမ်းနွဲ့ပြီး အလင်းလုံးများကို ဖြာထုတ်ပေးနေ၏။
ပညာရှင်သုံးဦးကြား တိုက်ပွဲဖြစ်ပွားလာစဉ် ကောင်းကင်ဘုံကမ္ဘာ၏ တိုက်ပွဲနယ်မြေမှ သတ်ဖြတ်ခြင်းများကလည်း နောက်တစ်ဖန်စတင်လာသည်။
ပူးပေါင်းပါဝင်လာသော ကမ္ဘာများက ပိုမိုများပြားလာပြီး ထျန်ဟွမ်ကမ္ဘာနှင့် ဓားကမ္ဘာ၏ ကျင့်ကြံသူများနှင့် အတူယှဉ်တွဲတိုက်ခိုက်ရန် ကောင်းကင်ဘုံကမ္ဘာတိုက်ပွဲနယ်မြေသို့ ဝင်ရောက်လာသော ပညာရှင်များကလည်း ပိုမိုများပြားလာ၏။
ငရဲချောက်နက်ထဲကနေ သက်ရှိများက အတောမသတ် ထွက်လာနေပြီး သွေးကမ္ဘာ၊ အုတ်ဂူကမ္ဘာနှင့် အခြားသောကမ္ဘာများက ပူးပေါင်းထားသည်ဆိုလျှင်ပင် ထျန်ဟွမ်ကမ္ဘာဘက်မှာရှိသောအခြေအနေက တဖြည်းဖြည်းတည်ငြိမ်လာနေ၏။
ယခုအချိန်မှာ အရေးကြီးဆုံးအရာသည် မဟာဧကရာဇ်များကြားတိုက်ပွဲဖြစ်နေဆဲပင်။