← Chapters

ငါ့ညီအစ်ကိုက တော်တော်အထင်ကြီးချင်စရာပဲ

Vol. 39 Ch. 572

ငါ့ညီအစ်ကိုက တော်တော်အထင်ကြီးချင်စရာပဲ

Vol. 39 Ch. 572

"ရှောင်ယွီ.. မင်းသူငယ်ချင်းက တခြားနာမည်ကြီးပုဂ္ဂိုလ်တွေကို ဖိတ်ထားဦးမယ်လို့ထင်လား"

"သေချာတာပေါ့။ ပြည်တွင်းအဆိုတော်တွေနဲ့ စတားတွေရော နိုင်ငံတကာသရုပ်ဆောင်တွေရော ကမ္ဘာ့အဆင့်မီစန္ဒရားပညာရှင်တွေရော ဒီကိုရောက်နေကြတာလေ။ ဒီထက်ပိုပြီး အထင်ကြီးဖို့ကောင်းတဲ့လူတစ်ယောက်ယောက်များ ပေါ်လာဦးမလားဆိုတာ ပြောစမ်းပါဦး။ ငါတော့ ယုံတယ်"

"ငါလည်း မပြောတတ်တော့ဘူး"

ကျူးရှောင်ယွီလည်း ပခုံးတွန့်ပြလိုက်မိသည်။

သူ့စကားဆုံးသည်နှင့် ထိပ်ပြောင်ပြောင်နိုင်ငံခြားသားတစ်ယောက်က တောက်ပစွာပြုံးလျက် ဟိုတယ်ထဲသို့ ဝင်လာလေသည်။

"ဒါက ဘယ်သူပါလိမ့်"

"သောက်ကျိုးနည်းဟေ့! မင်း ပိုလာဒီကို မမှတ်မိဘူးလား"

"ဘာ? သူက ကမ္ဘာ့အချမ်းသာဆုံးလူ ပိုလာဒီလား"

ကျူးရှောင်ယွီ၏ ထိတ်လန့်မှုကား နောက်တစ်ဆင့်သို့ တက်သွားလေပြီ။

သေစမ်း! ကမ္ဘာ့အချမ်းသာဆုံးလူတောင် သူ့မင်္ဂလာပွဲကို တက်သတဲ့လား?

"ကမ္ဘာ့အချမ်းသာဆုံးတဲ့လား။ အဲဒါက အရင်တုန်းကပါကွာ"

ကျူးရှောင်ယွီ၏ သတို့သားအရံတစ်ယောက်က ဆိုလာလေသည်။

"အခု ကမ္ဘာ့အချမ်းသာဆုံးလူက ငါတို့ဟွာရှားလူမျိုးဆိုတာကို မသိတဲ့လူ ဘယ်သူရှိလို့လဲ"

"သြော် ဟွာရှားလူမျိုးလား။ ငါ လေးနှစ်လောက် အဆက်အသွယ်ပြတ်နေတဲ့အချိန် ကမ္ဘာ့အချမ်းသာဆုံးလူက ပြောင်းသွားတာလား"

ကျူးရှောင်ယွီခမျာ အံ့အားသင့်မှုကြောင့် ရေရွတ်လိုက်ချေသည်။

"ဘယ်သူလဲ။ မာဟွားလား။ မာယွင်လား"

ကျူးရှောင်ယွီ၏စိတ်ထဲတွင် ဤစွန့်ဦးတီထွင်လုပ်ငန်းရှင်များကသာ ထိုဒိတ်ဒိတ်ကြဲပုဂ္ဂိုလ်များကို ကျော်တက်ပြီး Forbesစာရင်း၏ ထိပ်ဆုံးသို့ တက်ရောက်နိုင်သည်ဟု ယုံကြည်ထားသည်။

"အမလေးကွာ..မင်း အွန်လိုင်းမတက်ဖြစ်တာ ဘယ်လောက်ကြာသွားပြီလဲ။ အခုလက်ရှိ ကမ္ဘာ့အချမ်းသာဆုံးလူက ကျန်းမုန့်လောင်တဲ့။ Forbesစာရင်းသတ်မှတ်ချက်မှာ ဖော်ပြထားတဲ့ သူ့ပိုင်ဆိုင်မှုက ပိုလာဒီထက် အဆနှစ်ဆယ်ပိုများတယ်"

"အဆနှစ်ဆယ်တဲ့လား။ အဲဒါဆိုရင် အနည်းဆုံးတော့ ထရီလီယံပေါင်းများစွာဖြစ်သွားမှာပေါ့"

ကျူးရှောင်ယွီ မျက်လုံးပြူးသွားလေသည်။

"နေဦး။ ကမ္ဘာ့အချမ်းသာဆုံးလူရဲ့နာမည်က ဘာလို့ပြောလိုက်တာ?"

"ကျန်းမုန့်လောင်လေ။ မင်းကလွဲရင် တစ်ကမ္ဘာလုံးမှာရှိသမျှလူတိုင်း သိတယ်"

"ကျန်းမုန့်လောင်လား။ ငါ့ငယ်သူငယ်ချင်းရဲ့နာမည်နဲ့ တူလိုက်တာ"

ကျူးရှောင်ယွီ ရယ်လိုက်မိသည်။

"ဒါပေမဲ့ အဲဒီကောင်က ဒီလောက်အထိ ကြီးပွားမှာမဟုတ်လောက်ဘူး။ အရင်တုန်းကဆိုရင် ဂိမ်းဆော့ဖို့အတွက်ပဲဖြစ်ဖြစ် ကောင်မလေးတွေကို လိုက်ပိုးဖို့အတွက်ပဲဖြစ်ဖြစ် ငါ့ဆီက အမြဲပိုက်ဆံချေးနေကျ။ သူ အခု မာစတာဘွဲ့ ဆက်တက်ဖြစ်လား။ အလုပ်လုပ်နေပြီလားဆိုတာတောင် ငါမသိဘူး"

"ဟားဟားဟား တိုက်ဆိုင်လိုက်တာ"

သူ့လုပ်ဖော်ကိုင်ဖက်များက ကျန်းမုန့်လောင်၏ဓာတ်ပုံကို ထုတ်ပြလာလေသည်။

"ရော့ ကြည့်ကြည့်လိုက်။ သူပဲ"

"ဝှစ်!"

ကျူးရှောင်ယွီ၏ မျက်ဝန်းများမှာ အဆမတန်ပြူးကျယ်သွားချေသည်။

ကျန်းမုန့်လောင်နှင့် မတွေ့ဖြစ်သည်မှာ လေးနှစ်လောက်ရှိပြီဖြစ်သော်ငြား သူတို့က အတူကြီးပြင်းလာကြသော ညီအစ်ကိုများပင်။ လွန်ခဲ့သည့်လေးနှစ်တုန်းက ပုံစံမှ အနည်းငယ်ပြောင်းလဲသွားသော်ငြား ဤလူက ကျန်းမုန့်လောင်ဖြစ်ကြောင်း သိသာလှသည်။

သေစမ်း! ကိစ္စပြတ်ရော!

အဆုံးမှာတော့ ကျူးရှောင်ယွီလည်း ဤလူက မည်သူဖြစ်ကြောင်း သိလိုက်လေပြီ။ ကျန်းမုန့်လောင်ကလွဲပြီး အခြားဘယ်သူငယ်ချင်းကများ ဤသို့လုပ်ပေးနိုင်စွမ်းရှိမည်နည်း။

သို့သော် လေးနှစ်အတွင်း သာမန်ကျောင်းသားတစ်ယောက်မှ ကမ္ဘာ့အချမ်းသာဆုံးလူအဖြစ်သို့ မည်သို့ပြောင်းလဲသွားရလေသလဲ။ ဤသည်မှာ အလွန်အိပ်မက်ဆန်လွန်းလှသည်မဟုတ်လား။

ကျန်းမုန့်လောင်နှင့်တွေ့ပြီး ဖြေရှင်းချက်မတောင်းရသေးခင်မှာပင် ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်ကြီးများက တစ်ယောက်ပြီးတစ်ယောက် ပေါ်လာလေသည်။

"ခင်ဗျား..ခင်ဗျားက ဂျော်ဒန်လား"

"သေစမ်း။ ကျူးရှောင်ယွီ သူက မင်းကို ဘတ်စကတ်ဘောဖိနပ်နဲ့ ချန်ပီယံလက်စွပ်ကို လက်ဖွဲ့သွားတယ်ကွ"

...

"ဟိုမှာ...မာဟွားလည်း ရောက်လာပြီ!"

"လက်ဆောင်သေးသေးလေးပါဗျာ။ စကင်တွေအကုန်ပါပြီး နှစ်တစ်ရာမန်ဘာဖြစ်ခွင့်ပါတဲ့ League of Legendsအကောင့်တစ်ကောင့်ပါ"

...

"မာယွင်လည်း ရောက်လာပြီ!"

"မစ္စတာကျူး.. ကျွန်တော် ခင်ဗျားရဲ့ဟွားပေ့အကောင့်ထဲက ကန့်သတ်ပမာဏကို အကန့်အသတ်မရှိ မြှင့်ပေးထားပါတယ်။ အဲဒါကို ခင်ဗျား ပြန်ပေးစရာမလိုပါဘူး"

...

သုန်းကျိမြို့၏ မြုနီစီပယ်ခေါင်းဆောင်းများလည်း ရောက်လာကြ၏။

...

ထိုအချိန်တွင် ယဲ့ဝေ့၏မိသားစုကလည်း အပေါ်ထပ်အခန်းထဲမှ ထွက်လာကြပြီဖြစ်၏။ ခန်းမထဲတွင် ဂုဏ်သရေရှိဧည့်သည်များဖြင့် ပြည့်နှက်နေသည်ကို မြင်သောအခါ ကြောင်အသွားကြပြန်လေသည်။

တီဗီနှင့် မီဒီယာထဲမှာသာမြင်ဖူးသော ဤပုဂ္ဂိုလ်များက ယခုတော့ သူတို့ရှေ့မှောက်သို့ ရောက်နေလေပြီ။

တွေ့ရခဲသော ဒိတ်ဒိတ်ကြဲလုပ်ငန်းရှင်ကြီးများလည်း ဤနေရာသို့ ရောက်နေပေသည်။

ဝမ်လိကျွမ်းလည်း သူတို့ကို အကြည့်ဝေ့လိုက်လေရာ ထိုလူများက သူ(မ)ကို ခယလေဟန်မျက်ဝန်းများဖြင့် ကြည့်နေကြသည်။ သာမန်အဆင့်အတန်းမှ ဆင်းသက်လာသော မိန်းကလေးတစ်ယောက်ဖြစ်သည့် သူ(မ)က ဤကဲ့သို့သော ဆက်ဆံမှုမျိုးကို ဘယ်တုန်းကများ ရခဲ့ဖူးလေသလဲ။

ယခင်တုန်းက ဒုက္ခိတတစ်ယောက်ကို လက်ထပ်သည်ဟုဆိုကာ သူ(မ)ကို လှောင်ပြောင်ခဲ့ကြသောလူများမှာ ယခုမူ ပါးစပ်ပိတ်သွားကြလေပြီ။ သူတို့သမီးတစ်ယောက်ယောက်ကများ ယခုလိုဆက်ဆံရဖူးလေသလော။

"ဘုရားရေ! စိန်တွေလား"

အံ့အားသင့်လေဟန် အော်သံတစ်ခုက ခန်းမထဲ၌ ထွက်ပေါ်လာ၏။

ကျူးရှောင်ယွီနှင့် ဧည့်သည်များကို ကြိုဆိုနှုတ်ဆက်နေသည့် အခြားလူများမှာ အသံလာရာသို့ ကြည့်လိုက်မိကြသည်။ ထိုအချိန်မှာပင် မင်္ဂလာလက်ဆောင်အချိုဘူးများ ဝေငှမည့်အစီအစဉ်ကို စတင်နေလေပြီ။

သို့သော် ဤမင်္ဂလာလက်ဆောင်ဘူးမှာ ကျူးရှောင်ယွီ၏မိဘများ မှာယူထားသည့် ဘူးများမဟုတ်ချေ။ ဘူးတစ်လုံးချင်းစီတိုင်းက လက်ဆွဲသေတ္တာအသေးစားတစ်လုံးနီးနီး ကြီးမားလှသည်။ ဤသည်မှာ မင်္ဂလာလက်ဆောင်အချိုဘူးမဟုတ်ပေ။ မင်္ဂလာလက်ဆောင်အချိုသေတ္တာကြီးပင်။

ထိုသေတ္တာထဲတွင် အကန့်များစွာပါသည်။ အကြီးဆုံးအကန့်ထဲတွင် သူတို့ တစ်ခါမှမမြင်ဖူးသော မင်္ဂလာလက်ဆောင်အချိုဘူးဘရန်းများဖြင့် ပြည့်နေချေသည်။ သို့သော် ယုတ္တိမတန်ဆုံးအရာမှာ ထိုဘူးတစ်ဘူးချင်းစီတိုင်းတွင် အဖိုးမဖြတ်နိုင်သော လက်ဆောင်များလည်း ပါနေပေသည်။

လူတစ်ယောက်က သူတို့၏လက်ဆောင်ဘူးထဲရှိ စိန်လည်ဆွဲတစ်ကုံးကို တွေ့လိုက်လေသည်။

ထိုစိန်က ယဲ့ဝေ၏စိန်လက်စွပ်နှင့် မယှဉ်နိုင်သော်လည်း အနည်းဆုံးတော့ လေးကာရက် သို့မဟုတ် ငါးကာရက်လောက်ရှိနိုင်သလို ထို့ထက်လည်း ပိုကြီးနိုင်သည်။ ဖြတ်တောက်ထားသော နည်းပညာနှင့် ဖန်တီးမှုလက်ရာကို ကြည့်ရုံမျှဖြင့် အနည်းဆုံး သန်းပေါင်းများစွာ တန်ဖိုးရှိ၏။

ထိုလက်ဆောင်များကို မိသားစုတစ်ခုတည်းကို ပေးခြင်းမဟုတ်ပါဘဲ လူတိုင်းကို ပေးခြင်းသာ။ မွေးကင်းစကလေးတစ်ယောက်အပါအဝင် မင်္ဂလာပွဲသို့ တက်ရောက်လာသည့်လူတိုင်း တစ်ဘူးစီရကြသည်။

ထိုနေရာတွင် စားပွဲပေါင်း အလုံးငါးဆယ်ခြောက်ဆယ်ခန့် ရှိ၏။ စားပွဲတစ်လုံးစီတွင် ဆယ်ယောက်ခန့်ရှိသည်။ အကုန်ပေါင်းလိုက်လျှင် ဧည့်သည်အယောက်ခြောက်ရာခုနစ်ရာခန့်ရှိသည်။

လက်ဆောင်ဘူးထဲရှိ အခြားပစ္စည်းများကို ထည့်မတွက်လျှင်ပင် ဤအရာများ၏တန်ဖိုးမှာ ဘီလီယံနှင့်ချီပြီးရှိ၏။

"ဒါကဘာလဲ။ ကမ္ဘာပေါ်မှာရှိတဲ့ လေကြောင်းလိုင်းတွေအားလုံးအတွက် ဗီအိုင်ပီကတ်တဲ့လား"

သူတို့က ရွှေရောင်ကတ်တစ်ကတ်ကို ဆွဲထုတ်လိုက်၏။ ကတ်၏ကျောဘက်တွင်မူ လေယာဉ်ထွက်ခွာချိန်မတိုင်ခင် တစ်နာရီကြိုပြီး ဘိုကင်တင်သရွေ့ အလကားစီးခွင့်ရသည်ဟု ရေးထားပေသည်။

"ကမ္ဘာအနှံ့က ဟိုတယ်ခွဲတွေရဲ့ မန်ဘာကတ်တွေလည်း ပါသေးတယ်"

"ဒီဟာနဲ့သာဆိုရင် မင်းတို့ အချိန်မရွေးခရီးထွက်လို့ရပြီ"

"ဘုရားရေ.. မင်္ဂလာပွဲတစ်ပွဲတက်လိုက်မိတာနဲ့ ညတွင်းချင်း ကြီးပွားသွားတာပဲ"

...

"ဒီကောင်ကတော့.. ငါ့ကို ဘယ်လောက်များ လျှို့ဝှက်ထားတာလဲ"

ကျူးရှောင်ယွီ၏ရင်ထဲ၌ ခံစားချက်မျိုးစုံ ရောပြွန်းနေချေသည်။

"ရှောင်ယွီ မတွေ့ရတာကြာပြီနော်"

အဆုံးမှာတော့ ရင်းနှီးကျွမ်းဝင်နေသောအသံက အပြင်ဘက်မှ ပဲ့တင်ထပ်လာလေသည်။ အဖြူရောင်ဝတ်စုံ ဝတ်ဆင်ထားသော ကျန်းမုန့်လောင်က လှပပြီး ဆွဲဆောင်မှုရှိသော မိန်းကလေးတစ်ယောက်နှင့် လက်မောင်းချင်းချိတ်ပြီး ရောက်ချလာသည်။

"ဘယ်လိုလဲ။ ငါပေးတဲ့လက်ဆောင်ကို စိတ်တိုင်းကျရဲ့လား"

ကျန်းမုန့်လောင်က ကျူးရှောင်ယွီရှေ့တွင် လက်နှစ်ဖက်ကို ဖြန့်ကားလိုက်လေ၏။

"မကောင်းတဲ့အကောင်'

ကျူးရှောင်ယွီလည်း ရယ်ကာမောကာဖြင့် ဆဲဆိုပြီးနောက် ကျန်းမုန့်လောင်ကို ချက်ချင်းပွေ့ဖက်လိုက်သည်။

"မင်းကိုမတွေ့တာ လေးနှစ်တောင်ရှိသွားပြီ။ မင်းက ကမ္ဘာ့အချမ်းသာဆုံးလူတောင် ဖြစ်နေပြီပေါ့"

"ဟားဟားဟား ကမ္ဘာ့အချမ်းသာဆုံးလူကျန်းမုန့်လောင်က မင်းရဲ့သူငယ်ချင်းကျန်းမုန့်လောင်နဲ့ ဘာပတ်သက်မှုရှိနေလို့လဲ"

ကျန်းမုန့်လောင် ရယ်လိုက်လေသည်။

"ကျေးဇူးပဲ မုန့်လောင်"

"ချီးကိုကျေးဇူးတင်"

ကျန်းမုန့်လောင်ကတော့ ရယ်မောလျက်သာ။

"မင်း ငါ့ကို ညီအစ်ကိုတစ်ယောက်လို့ရော သဘောထားသေးရဲ့လား။ ပြဿနာကြီးကြီးမားမားရှိနေတာတောင် ငါ့ကို မပြောဘူးပေါ့။ မင်းရဲ့ယောက္ခမက မင်းကို ခက်ခဲအောင်လုပ်နေတဲ့အကြောင်း ငါ့လက်ထောက်ကသာ ပြောမပြဘူးဆိုရင် ငါလည်း အခုထိ ဘာမှသိမှာမဟုတ်ဘူး"

"မင်းက အရမ်းတွေးပေးတတ်တာပဲ"

ကျူးရှောင်ယွီလည်း ဧည့်သည်များအားလုံးကို ကြည့်လိုက်မိသည်။

"မင်းကြောင့်သာမဟုတ်ရင် ဒီလောက်ခမ်းနားတဲ့ မင်္ဂလာပွဲမျိုး ကျင်းပဖို့ဆိုတာ အသာထား။ မင်္ဂလာကားတစ်စီးတောင် တတ်နိုင်မှာမဟုတ်ဘူး"

"ကျန်းမုန့်လောင်ရဲ့ညီအစ်ကို လက်ထပ်ပြီဆိုရင် ကြီးကျယ်ခမ်းနားနေရမှာပေါ့။ ဒီဂုဏ်သရေရှိဧည့်သည်တွေက ငါ မင်းကိုပေးတဲ့ တတိယမြောက်လက်ဆောင်ပဲ"

"လေးခုမြောက်လက်ဆောင်ကတော့"

ကျန်းမုန့်လောင်က ပြုံးလျက် ဆိုလိုက်သည်။

"ငါ့နောက်လိုက်ခဲ့"

ကျူးရှောင်ယွီက ကျန်းမုန့်လောင်ကိုတော့ သတိချပ်နေခြင်းမရှိပေ။ အခြားလူများကသာ သူ့ကို အန္တရာယ်ပေးချင် ပေးလိမ့်မည်။ သို့သော် ကျန်းမုန့်လောင်ကတော့ ဘယ်တော့မှလုပ်မည်မဟုတ်။

သူတို့နှစ်ယောက်သား ဟိုတယ်၏ အပေါ်ထပ်ရှိ အခန်းတစ်ခန်းသို့ ဝင်သွားကြသည်။

"ဘာလက်ဆောင်မို့လို့ ဒီလောက်အထိ ခိုးကြောင်ခိုးဝှက်လုပ်နေတာလဲ။ ငါတို့နှစ်ယောက် မဟုတ်တာလုပ်ဖို့ ရောက်လာတယ်လို့ လူတွေ ထင်ကုန်လိမ့်မယ်"

ကျူးရှောင်ယွီက အရွှန်းဖောက်လိုက်ချေသည်။

"သွားစမ်းပါ။ ငါက ဖြောင့်လိုက်တာမှ တန်းလို့ပဲ"

ကျန်းမုန့်လောင်ကလည်း စနောက်ကျီစယ်လေဟန်ဖြင့် ဆိုလိုက်သည်။

"ရှောင်ယွီ မင်း ငါ့ကိုယုံလား"

"အရေးမပါတာ"

"ဒါကိုသောက်လိုက်"

ကျန်းမုန့်လောင်က ရွှေရောင်ခပ်ဖျော့ဖျော့တောက်ပနေသော ဘူးတစ်ဘူးကို ထုတ်ယူလိုက်၏။

"ဒါကဘာလဲ"

ကျူးရှောင်ယွီကလည်း သိချင်စိတ်ပြင်းပြစွာဖြင့် လှမ်းယူရင်း မေးလိုက်သည်။

"ကောင်းတာလေးတစ်ခုပေါ့ကွာ။ သောက်ပြီးရင် သိလိမ့်မယ်"

"မင်းက ငါ့ကို အဆိပ်ခတ်မဲ့လူမှမဟုတ်တာ"

ကျူးရှောင်ယွီက တဟားဟားရယ်လျက် ပြောပြီးနောက် တွေဝေတုံ့ဆိုင်းမှုမရှိဘဲ သောက်ချလိုက်သည်။

"အရသာကလည်း ဆိုးဝါးလိုက်တာ"

ကျူးရှောင်ယွီ၏မျက်နှာမှာ ရွံရှာမှုကြောင့် မဲ့ရွဲ့သွားပေသည်။ သို့သော် ခဏအကြာဝယ် ဖြတ်တောက်ထားသော သူ့ခြေထောက်ဆီမှ ယားကျိကျိခံစားချက်တစ်မျိုးက ပျံ့နှံ့စပြုလာ၏။ ထို့နောက် သည်းခံ၍မစွမ်းသာသော ယားယံမှုတစ်ခုကလည်း ကပ်ပါလာသည်။

"ဒုတ်!"

သူ့ခြေတုကား ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

ထိုယားယံမှုကလည်း ပိုမိုပြင်းထန်လာပြီး အဆုံးတွင် ပြင်းထန်လှသော နာကျင်မှုအဖြစ် ပြောင်းလဲသွားသည်။

သို့သော် စစ်မြေပြင်သို့ရောက်ဖူးသည့် စစ်သားတစ်ယောက်အနေနှင့် ကျူးရှောင်ယွီလည်း ထိုနာကျင်မှုကို တောင့်ခံလိုက်သည်။ သူ့ခြေထောက် ပြန်ပေါက်လာသလိုလည်း ခံစားနေရသည်။ဗ

အမှန်ပင်။ ထိုခြေထောက်မှာ ပြန်ပေါက်လာပေသည်။ ဖြတ်တောက်ထားသော သူ့ခြေထောက်ကား မျက်စိဖြင့်မြင်နိုင်လောက်သော အရှိန်ဖြင့် တကယ်ပြန်ပေါက်လာချေသည်။

"မုန့်လောင် ဒါက..."

"မင်းရဲ့ခြေထောက်ကို အကောင်းပကတိအတိုင်း ပြန်ဖြစ်အောင်လုပ်ပေးတာ။ ဒါက ငါ မင်းကိုပေးတဲ့ နောက်ဆုံးလက်ဆောင်ပဲ"

*****************

All Chapters