ရက်စက်လွန်းတယ်
Vol. 39 Ch. 578
"လူယုတ်မာတွေ ဒီခွေးကောင်တွေ.. ထပ်တိုက်ပြန်ပြီ"
နဂါးတိုက်ရှိ ကစားသမားတစ်ယောက်မှာ ပြန်မွေးဖွားရာနေရာတွင် အသက်ပြန်ရှင်လာပြီးနောက် သူ့ကီးဘုတ်ကို ဒေါသတကြီးထုချလိုက်သည်။
"ငါ နှစ်ပတ်နောက်ကျပြီးမှ ဝင်လာလို့သာမဟုတ်ရင် မင်းတို့အရှုံးသမားတွေကို ငါတို့နဂါးတိုက်က ကစားသမားတွေက အမှုန့်ကြိတ်ပစ်လောက်ပြီ"
ဒေါသူပုန်ထနေသော ထိုကစားသမားက ဂိမ်းထဲက ထွက်လိုက်သည်။
"သောက်ရေးမပါတဲ့ဂိမ်း… ငါတို့ဟွာရှားဆာဗာကို ပစ်မှတ်ထားနေတာ။ ဂိမ်းရဲ့မျှတမှုကို ပျက်စီးစေတဲ့ ဒီလိုယုတ်မာတဲ့အပြုအမူမျိုးကို လုပ်နေမှတော့ ဆက်မဆော့တာပဲကောင်းတယ်"
ထိုကစားသမားက ဂိမ်းဖိုရမ်ထဲသို့ဝင်လိုက်ပြီး အုပ်စိုးသူအရှင်ဂိမ်း၏ လက်ရှိအခြေအနေကို ကြည့်လိုက်သည်။
ယခုအချိန်တွင် နဂါးတိုက်၏အဆင့်သတ်မှတ်ချက်က အဆင့်ရှစ်ဆယ်ကျော်အထိ ကျဆင်းသွားလေပြီ။
တကယ်တမ်းတွင် သာမန်ဖွံ့ဖြိုးတိုးတက်မှုနှုန်းအတိုင်း သွားမည်ဆိုလျှင် သူတို့အနေနှင့် ပထမအဆင့်နိုင်ငံများကို မမီလျှင်ပင် ထိပ်ဆုံးဆယ်နိုင်ငံစာရင်းကို ဝင်နိုင်ရန်မှာ မခက်ခဲလှချေ။
သို့သော် အခြားဆာဗာမှ ကစားသမားများက နဂါးတိုက်ကိုဝါးမျိုရန် နေ့တိုင်းကြိုးစားနေကြသည်။ ထို့ကြောင့် နဂါးတိုက်ရှိ ကစားသမားများမှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အာရုံစိုက်ဖို့ အချိန်မရှိတော့ဘဲ အချိန်အများစုကို ကျူးကျော်သူများအား တွန်းလှန်ခြင်းဖြင့် ကုန်ဆုံးနေရသည်။
စစ်ပွဲတွင် ကစားသမားများ သေဆုံးရစမြဲသာ။ သေဆုံးမှုအတွက်ပေးသည့် ပြစ်ဒဏ်စနစ်ကလည်း ကစားသမားများအပေါ် ဆိုးကျိုးသက်ရောက်စေပြီး ဆာဗာတစ်ခုလုံးရှိ ကစားသမားများ၏ ကျွမ်းကျင်မှုအဆင့်ကိုပါ ထိခိုက်စေနိုင်သည်။
ဤသို့ဖြင့် တစ်ပတ်ကြာပြီးနောက် နဂါးတိုက်၏အဆင့်မှာ တက်မလာသည့်အပြင် ပို၍ပင်ထိုးကျသွားခဲ့သည်။
ဖိုရမ်ထဲရှိ နေရာတိုင်းတွင် နဂါးတိုက်၏ ကစားသမားများကို လှောင်ပြောင်သရော်ထားကြသော်လည်း ဂိမ်းတီထွင်သူများ၏ ယုတ်မာမှုကိုတော့ တစ်ခွန်းမှမဟထားကြပေ။ အကြောင်းမှာ သူတို့ကိုယ်တိုင်က ဤအခြေအနေမျိုးကို သဘောကျနေသောကြောင့်ပင်။
သူလည်း နိုင်ငံတကာဖိုရမ်ထဲမှထွက်ပြီး နဂါးတိုက်ရှိ ကစားသမားများအတွက် ဖွင့်ထားသော သီးသန့်ဖိုရမ်ကို ဖွင့်လိုက်လေရာ မြို့အသီးသီးမှ အကူအညီတောင်းစာများနှင့် တောင်းဆိုချက်များကို တွေ့လိုက်ရသည်။
"ဒါကဘာလဲ"
"မှော်ဆရာမလေးလုပန်ဝေ့" တင်ထားသော ပို့စ်ခေါင်းစဉ်ကို သူ ရုတ်တရက်မြင်လိုက်သည်။ အကြောင်းအရာမှာမူ ရိုးရှင်းလှသည်။
"ဘဝရဲ့အဓိပ္ပာယ်ကိုသိလား။ မင်း တကယ်ပဲ အသက်ရှင်ချင်လား…"
"သောက်ကျိုးနည်း.. အဆုံးမဲ့ထိတ်လန့်မှုလား ဘာလားဟ"
ထိုကစားသမားမှာ တဟားဟားရယ်ရင်း ထိုပို့စ်ကို နှိပ်ကြည့်လိုက်၏။
"ဘရိုရေ.. မင်းတော့ ငါ့အာရုံစိုက်မှုကို အောင်အောင်မြင်မြင်ရလိုက်ပြီ"
ထိုကစားသမားက ပို့စ်ကို နှိပ်ကြည့်လိုက်သော်ငြား အထဲတွင် လင့်ခ်တစ်ခုတည်းသာ ရှိနေချေသည်။
"ဘာကြီးလဲ"
သူက ထိုလင့်ခ်ကို သူ့လုံခြုံရေးဆော့ဖ်ဝဲထဲသို့ ကူးထည့်လိုက်လေရာ ထိုအရာမှာ အန္တရာယ်မရှိကြောင်း ပြသနေပြီး သူတစ်ခါမှမမြင်ဖူးသော အရင်းအမြစ်သိုလှောင်ရေးပလက်ဖောင်းတစ်ခုသို့ ဦးတည်နေသည်။
သူလည်း သိချင်စိတ်ဖြင့် နှိပ်ကြည့်လိုက်သောအခါ အထဲတွင် ဖိုင်တစ်ခုတည်းသာ ရှိနေပေသည်။ ထိုဖိုင်၏နာမည်မှာ "မင်းအမေရဲ့ နံစော်နေတဲ့ခေါင်းကို ရိုက်ခွဲမယ့် ဟက်ခ်"တဲ့လေ။
"ဟက်ခ်ကြီးလား"
ထိုကစားသမားမှာ အံ့အားသင့်သွားလေသည်။
"ဟက်ခ်သုံးရင် နှစ်တစ်ရာအဘန်းခံရမယ်လို့ ပြောထားတယ်မလား။ ဘယ်သူကများ ဒါမျိုးလုပ်နေသေးတာလဲ"
"ဒါပေမဲ့ နာမည်ကတော့ လန်းသားပဲ"
သူလည်း ထိုဟက်ခ်ဖိုင်ကို စူးစမ်းချင်စိတ်ကြောင့် ဒေါင်းလုတ်ဆွဲလိုက်သည်။ ထို့နောက် သူ့မိသားစုဝင်တစ်ယောက်၏ မှတ်ပုံတင်ကိုငှားကာ အကောင့်သစ်တစ်ခုဖောက်လိုက်၏။ သို့မှသာ သူ အဘန်းခံရလျှင်ပင် သူ့ပင်မအကောင့်ကို ထိခိုက်မည်မဟုတ်ချေ။
ထိုအချိန်တွင် အခြားဟွာရှားကစားသမားများကလည်း ဤလင့်ခ်ကို ဖွင့်ကြည့်လိုက်ကြသည်။ တချို့က ဟာသလုပ်ပြီး ပိတ်ပစ်လိုက်ကြသော်ငြား ဤကစားသမားကဲ့သို့သော လူတချို့ကတော့ နှိပ်ကြည့်ပြီး ဒေါင်းလုတ်ဆွဲလိုက်သည်။
"စမ်းကြည့်တာပေါ့"
ဒေါင်းလုတ်ဆွဲ၍ ပြီးစီးသွားသော ပထမဆုံးကစားသမားက သူ့အကောင့်အသစ်ကို လော့အင်ဝင်လိုက်ပြီး ဇာတ်ကောင်အသစ်ကို ဖန်တီးကာ ဟက်ခ်ပရိုဂရမ်ကို ဖွင့်လိုက်သည်။
စနစ်က ချက်ချင်းသတိပေးပြီး သူ့အကောင်ကို ဘန်းပစ်လိမ့်မည်ဟု ထင်ထားခဲ့သော်ငြား တကယ်တမ်းတွင်မူ အောင်အောင်မြင်မြင် ဝင်ရောက်နိုင်ခဲ့သည်။
"မမိဘူးလား"
သူ့ဖန်သားပြင်၏ညာဘက်အောက်ထောင့်နားတွင် မူလစနစ်ထဲ၌ မပါဝင်သော ခလုတ်အသစ်တစ်ခု ပေါ်လာကြောင်း မြင်လိုက်ရသည့်အခါ ထိုကစားသမားလည်း အံ့ဩသွားလေသည်။
ထိုခလုတ်ကို နှိပ်ကြည့်လိုက်ချိန်မှာမူ အင်တာဖေ့စ်အသစ်တစ်ခု ထပ်ပေါ်လာသည်။
မင်းအမေရဲ့နံစော်နေတဲ့ခေါင်းကို ရိုက်ခွဲပစ်မယ့်ဟက်ခ်
အခြေခံအချက်အလက်ပြုပြင်ခြင်း : ဇာတ်ကောင်အသက် ၀ -အကန့်အသတ်မဲ့၊ ဇာတ်ကောင်၏သက်လုံ ၀ - အကန့်အသတ်မဲ့၊ ဇာတ်ကောင်၏သတ္တုတူးဖော်သည့်အရှိန် ၀- အဆတစ်ရာ (ပြုပြင်နိုင်၊ အကန့်အသတ်မရှိ)၊ ဇာတ်ကောင်၏သစ်ခုတ်နှုန်း ၀- အဆတစ်ရာ (ပြုပြင်နိုင်၊ အကန့်အသတ်မရှိ)…
အထူးလက်နက်ဒီဇိုင်းအရောင်းဆိုင် (သက်ဆိုင်ရာပစ္စည်းများကို စုဆောင်းထားရန် လိုအပ်သည်)
ကျည်အကန့်အသတ်မဲ့စက်သေနတ် : ဈေးနှုန်း - ၀ ၊ လက်ကျန်ပစ္စည်း ၉၉၉၉၉+
အီတလီအမြောက် : ဈေးနှုန်း - ၀ ၊ လက်ကျန်ပစ္စည်း ၉၉၉၉၉+
လက်ကိုင်လေဆာအမြောက် : ဈေးနှုန်း - ၀ ၊ လက်ကျန်ပစ္စည်း ၉၉၉၉၉+
နဂါးဝှက်တင့်ကား : ဈေးနှုန်း -၀၊ လက်ကျန်ပစ္စည်း ၉၉၉၉၉+
အိန်ဂျယ်အမှတ်စဉ်အာကာသယာဉ် : ဈေးနှုန်း - ၀ ၊ လက်ကျန်ပစ္စည်း ၉၉၉၉၉+
လွတ်လပ်သည့်ဂန်ဒမ်း : ဈေးနှုန်း - ၀ ၊ လက်ကျန်ပစ္စည်း ၉၉၉၉၉+
ဂန်ဒမ်း : ဈေးနှုန်း - ၀ ၊ လက်ကျန်ပစ္စည်း ၉၉၉၉၉+
...
ရှေးဟောင်းလက်နက်အရောင်းဆိုင် :
ရွှမ်းယွမ်ဓား : ဈေးနှုန်း - ၀ ၊ လက်ကျန်ပစ္စည်း ၉၉၉၉၉+
ပြိုင်ဘက်ကင်းဓား : ဈေးနှုန်း - ၀ ၊ လက်ကျန်ပစ္စည်း ၉၉၉၉၉+
သွေးသောက်ဓားရှည် : ဈေးနှုန်း - ၀ ၊ လက်ကျန်ပစ္စည်း ၉၉၉၉၉+
...
ကျင့်ကြံရေးအရောင်းဆိုင် (အသစ်ထပ်မံထည့်သွင်းထားသော ကျွမ်းကျင်မှုစနစ်) :
ကြွေလွင့်နှလုံးသားမီးတောက် : ဈေးနှုန်း - ၀ ၊ လက်ကျန်ပစ္စည်း ၉၉၉၉၉+
ရွှေဧကရာဇ်ကောင်းကင်မီးတောက် : ဈေးနှုန်း - ၀ ၊ လက်ကျန်ပစ္စည်း ၉၉၉၉၉+
နဂါးကိုးကောင်မိုးကြိုးမီးတောက် : ဈေးနှုန်း - ၀ ၊ လက်ကျန်ပစ္စည်း ၉၉၉၉၉+
...
တိုခုဆာဆုအမျိုးအစား :
ကာမန်ရိုက်ဒါအသွင်ပြောင်းခါးပတ် : ဈေးနှုန်း - ၀ ၊ လက်ကျန်ပစ္စည်း ၉၉၉၉၉+
အချိန်ဘုရင်ခါးပတ် : ဈေးနှုန်း - ၀ ၊ လက်ကျန်ပစ္စည်း ၉၉၉၉၉+
အယ်လ်ထရာမန်းမျက်မှန် : ဈေးနှုန်း - ၀ ၊ လက်ကျန်ပစ္စည်း ၉၉၉၉၉+
...
သွေးမျိုးဆက်အမျိုးအစား (သက်ဆိုင်ရာပစ္စည်းများကို စုဆောင်းထားရန်လိုသည်) :
အူချီဟာသွေးမျိုးဆက် : ဈေးနှုန်း - ၀ ၊ လက်ကျန်ပစ္စည်း ၉၉၉၉၉+
ဟော့ခ်သွေးမျိုးဆက် : ဈေးနှုန်း - ၀ ၊ လက်ကျန်ပစ္စည်း ၉၉၉၉၉+
စူပါမန်းသွေးမျိုးဆက် : ဈေးနှုန်း - ၀ ၊ လက်ကျန်ပစ္စည်း ၉၉၉၉၉+
ဆိုင်ယန်သွေးမျိုးဆက် : ဈေးနှုန်း - ၀ ၊ လက်ကျန်ပစ္စည်း ၉၉၉၉၉+
...
ထောက်ပံ့ရေးလုပ်ဆောင်ချက်များ :
နေရာရွှေ့ပြောင်းခြင်း၊ သရုပ်မှန်ဖုံးကွယ်ခြင်း၊ ထိခိုက်ဒဏ်ရာ ပြန်ကန်ထွက်ခြင်း
...
"သောက်ကျိုးနည်း မိုက်လိုက်တာ"
ထိုဟက်ခ်၏ဖော်ပြချက်ကို ငေးကြည့်ရင်း ဤကစားသမားခမျာ အံ့အားသင့်သွားလေသည်။
"ဒီလိုရက်စက်လွန်းတဲ့ ဟက်ခ်မျိုးလည်း ဒီကမ္ဘာပေါ်မှာ ရှိသေးတာလား"
"လေလုံးထွားတာတော့ မဟုတ်ဘူးမလား"
ဈေးကွက်ထဲရှိ အဆင့်မြင့်ဟက်ခ်များပင် ပြဿနာပေါင်းများစွာရှိတတ်သည်။ လိုင်းမငြိမ်ခြင်း၊ ပြတ်တောက်ခြင်း၊ ထစ်ခြင်း၊ ဒေတာအမှားအယွင်း စသဖြင့်ပင်။
ဤဟက်ခ်၏လုပ်ဆောင်ချက်များမှာ အလွန်အစွမ်းထက်လှသည်။ တကယ်စွမ်းမစွမ်းကတော့ ဘုရားသာ သိပေလိမ့်မည်။
သူလည်း နေရာရွှေ့ပြောင်းခြင်းလုပ်ဆောင်ချက်ကို ရွေးကြည့်လိုက်သည်။ ထိုခလုတ်ကိုနှိပ်လိုက်သည်နှင့် ကမ္ဘာမြေပုံ ပေါ်လာပြီး အမှတ်တံဆိပ်အသစ်တစ်ခုပေါ်လာချေသည်။ ထိုတံဆိပ်ပါသည့် သက်ဆိုင်ရာနေရာတိုင်းကို နှိပ်လိုက်သည်နှင့် နေရာရွှေ့ပြောင်းနိုင်ပေသည်။
ထို့နောက် သူလည်း နဂါးတိုက်ထဲရှိ ဟိမဝန္တာတောင်တန်းကို နှိပ်လိုက်လေသည်။
ဖန်သားပြင်ကား ပြောင်းလဲသွားပြီး မြေပြန့်လွင်ပြင်ဒေသမှ နှင်းများနှင့်ရေခဲများ ဖုံးလွှမ်းနေသော နေရာသို့ ရောက်သွားသည်။
သို့သော် ဤနယ်မြေက အေးခဲလွန်းလှသဖြင့် အအေးဒဏ်ကာကွယ်သည့် ဝတ်စုံမပါလျှင် ဤဇာတ်ကောင်၏အသက်ကလည်း အလျင်အမြန်ထိုးကျသွားမည်သာ။
တစ်မိနစ်ကြာပြီးနောက် ထိုကစားသမား၏အသက်က တစ်စက္ကန့်လျှင် တစ်မှတ်နှုန်းဖြင့် ထိုးကျလာသည်။ ဤနှုန်းအတိုင်းသာဆိုပါက နှစ်မိနစ်ပင်မခံဘဲ သေသွားပေလိမ့်မည်။
သူသည် အကန့်အသတ်မဲ့အသက်သွင်းလုပ်ဆောင်ချက်ကို ချက်ချင်းအသုံးပြုလိုက်သည်။ ထိုအခါ အစတုန်းက အမှတ်တစ်ရာသာရှိနေသော သူ့သွေးဘားက "???"ဟု ပြောင်းလဲသွားသည်။
"သောက်ကျိုးနည်း မိုက်လိုက်တာ"
ထိုကစားသမားမှာ ကစားလေလေ စိတ်လှုပ်ရှားလာလေလေပင်။ ဤလု်ပဆောင်ချက်နှစ်ခုတည်းဖြင့် သူသည် ပြိုင်ဘက်ကင်းနေလေပြီ။ အခြားဆာဗာရှိ ကစားသမားများ ကျူးကျော်လာလျှင်ပင် သူတို့ကို နိုင်အောင်မတိုက်နိုင်တော့ချေ။ သူတို့၏သွေးဘားက အကန့်အသတ်မရှိသဖြင့် တစ်ဖက်လူများကို အနိုင်ပိုင်းပစ်နိုင်သည်။
နယ်မြေတစ်ခုကို သိမ်းပိုက်ရန်အတွက် မြေပုံပေါ်ရှိ ကစားသမားများအားလုံးကို တစ်ခါတည်းသတ်ချင်လျှင်သတ်ရမည်။ သို့မဟုတ်ပါက ထိုဒေသရှိ ကစားသမားတစ်ဝက်ကျော်ကို အညံ့ခံလာအောင် လုပ်ရပေမည်။ သူတို့၏အသက်က အကန့်အသတ်မဲ့လျှင် အခြားဆာဗာရှိ ကစားသမားများကို အဆုံးအထိ တိုက်ခိုက်နိုင်ပြီဖြစ်၏။
မင်းတို့ရဲ့လက်နက်က ဘယ်လောက်ကောင်းနိုင်မှာလဲ? ငါ့သွေးဘားက အကန့်အသတ်မရှိတော့ဘူးလေ!
"ဒါဆို တခြားလုပ်ဆောင်ချက်တွေကလည်း…"
ပစ္စည်းစာရင်းကို သူ တစ်ချက်လှမ်းကြည့်ပြီးနောက် ကျည်အကန့်အသတ်မဲ့စက်သေနတ်အတွက် ဒီဇိုင်းပုံကြမ်းကို ချက်ချင်းဝယ်လိုက်သည်။
"သတ္တုအဆ၂၀၀၊ အထူးသတ္တုရိုင်း အဆ၂၀၀၊ ယမ်းမှုန်းအဆ၁၀၀၀…"
ပစ္စည်းပေါင်းများစွာကို စာရင်းပြုစုထားသည်။ ထိုအရာအားလုံးမှာ သတ္တုတူးဖော်ရေးစနစ်နှင့် အခြားနည်းလမ်းများမှတစ်ဆင့် စုဆောင်းနိုင်ပြီး စွမ်းဆောင်ရည်ကို အကန့်အသတ်မရှိ တိုးမြှင့်ပေးနိုင်သောကြောင့် လူအမြောက်အများ ရက်ပေါင်းများစွာကြာအောင် ရှာဖွေရမည့်အရာကို စက္ကန့်ပိုင်းအတွက် ရရှိနိုင်ပေလိမ့်မည်။
ဂိမ်း၏သတ်မှတ်ချက်အရ ထိုကဲ့သို့သောအရာတစ်ခုမှာ တည်ရှိခွင့်ရှိသော်ငြား ပုံကြမ်းဒီဇိုင်းမှာဤခေတ်တွင် ဖန်တီးနိုင်သည့်အရာမျိုး မဟုတ်ချေ။
ထိုကစားသမားမှာ ဤပစ္စည်းများ၏ အရင်းအမြစ်ကို ချက်ချင်းရှာကြည့်လိုက်သည်။ နေရာရွှေ့ပြောင်းရေးလုပ်ဆောင်ချက် ပါရှိသဖြင့် သွားလာရခက်ခဲသောနေရာများကိုပင် အလွယ်တကူသွားရောက်နိုင်သည်။
တကယ်တမ်းတွင် ကျန်းမုန့်လောင်က အချောထည်ပစ္စည်းများကို အရောင်းဆိုင်တွင် တိုက်ရိုက်ရောင်းချပေးနိုင်သော်ငြား ကစားသမားများအတွက် ဂိမ်းကစားရသည့်အရသာမပျက်အောင် ဤသို့စီစဉ်လိုက်ခြင်းဖြစ်၏။
ငါးမိနစ်အကြာတွင် ကုန်ကြမ်းပစ္စည်းအားလုံးကို စုဆောင်းပြီးသွားပြီဖြစ်၏။
"ဖန်တီးမယ်"
ဂိမ်းတွင် ပါပြီသား လက်နက်ဖန်တီးရေးစနစ်ကို အသုံးပြုလိုက်လေရာ အနက်ရောင်စက်သေနတ်ကြီးတစ်လက်က သူ့ရှေ့တွင် ပေါ်လာချေသည်။
"ဒက် ဒက် ဒက် ဒက်"
သတ္တုမြည်သံကြီးနှင့်အတူ ကျည်ဆန်များမှာ အရပ်မျက်နှာအဘက်ဘက်သို့ ပျံသန်းသွားပြီးနောက် ပတ်ပတ်လည်ရှိ ချောက်ကမ်းပါးများတွင် ကျည်ဆန်ရာများ ဗရပွဖြစ်သွားရှာသည်။ တရစပ်ပစ်ခတ်လိုက်သည့်တိုင် စက်သေနတ်၏ပြောင်းဝမှ မီးပွားများ ပွင့်ထွက်နေဆဲပင်။
ဤသေနတ်တွင် ကျည်ဆန်က အကန့်အသတ်မဲ့ပေသည်။
"ကဲ တခြားပစ္စည်းတွေ…"
ထိုကစားသမားက အရောင်းဆိုင်အင်တာဖေ့စ်ကိုကြည့်၍ သေချာစဉ်းစားချိန်ဆလိုက်၏။
"အမလေး..ဒါကြီးကတော့ ရက်စက်လွန်းပါတယ်ကွာ"
**************