← Chapters

အခန်း (၉၉၈)

Vol. 67 Ch. 998

အခန်း (၉၉၈)

Vol. 67 Ch. 998

"ငါတော့ မထင်ဘူး..."

ခွေးက ပြောဆိုသည်။

"အစ်ကိုခွေး ပြောတာမှန်တယ်.. သူတို့ကို ကြည့်စမ်း...တစ်ယောက်က လူမဟုတ်သရဲမဟုတ် နောက်တစ်ယောက်က နွားရိုင်းကြီးလိုပဲ... ဒီလိုအမှိုက်သရိုက်တွေက အစ်ကိုကြီးရဲ့သူငယ်ချင်း ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ..."

"ဒါလည်း မှန်တာပဲ... အစ်ကိုကြီးက အဆင့်အတန်းမြင့်ပြီး ဂုဏ်သိက္ခာရှိတဲ့ လူတစ်ယောက်လေ...ဒီလိုအော်ကြီးဟစ်ကျယ်လုပ်နေတဲ့ လူမိုက်တွေကို ဘယ်လိုလုပ်ပြီး သိမှာလဲ..."

...

အနက်ရောင်ဝတ်ရုံဝတ်သတ္တဝါများသည် သူတို့အချင်းချင်း စကားပြောနေကြပြီး သူတို့အားလုံးထံတွင် ငတုံးငအများကို ကြည့်နေသည့်အလား အမူအယာမျိုး ရှိနေသည်။

အရိုးစုသည် ထူးဆန်းသောသတ္တဝါများ၏ဝန်းရံခြင်းကြောင့် ပျော်ရွှင်နေပုံရကာ နတ်ဆိုးနှစ်ကောင်ကို ဖြတ်သွားဖြတ်လာလူများအလား လုံးလုံးလျားလျား လျစ်လျူရှုထားသည်။

ဤမြင်ကွင်းသည် နတ်ဆိုးများအတွက် အလွန်အမင်း အနေရခက်စရာ ဖြစ်သွားသည်။

ပုတုတုနတ်ဆိုးနှင့်နွားရိုင်းနတ်ဆိုးတို့သည် နတ်ဆိုးမျိုးနွယ်၏ခေါင်းဆောင်များဖြစ်ပြီး မယုံနိုင်လောက်အောင် အစွမ်းထက်သော ကျင့်ကြံမှုရှိသူများပင်။ လူမိုက်များဟု အခေါ်ခံလိုက်ရခြင်းက သူတို့၏ဒေါသကို ချက်ချင်း မီးထိုးပေးလိုက်သကဲ့သို့ ဖြစ်သွားပေ၏။ ပုတုတုအရိုးစု၏စွမ်းအားသည် ထိုထူးဆန်းသော သတ္တဝါများထံသို့ ပျံ့နှံ့သွားသည်။

"မင်းတို့ အတင့်ရဲလှချည်လား.."

"နတ်ဆိုးအစေခံတစ်ယောက်ဖြစ်ပြီးတော့ အောက်တန်းကျတဲ့ သတ္တဝါတွေနဲ့ ပေါင်းသင်းတယ်...ကိုယ့်ရဲ့ဂုဏ်သိက္ခာနဲ့ တာဝန်ကို မေ့လျော့နေတယ်.. ဒီနေ့ မင်း သေခြင်းကနေ လွတ်မြောက်မှာ မဟုတ်ဘူး..."

သူ၏စွမ်းအားကို အပြည့်အဝ မထုတ်ဖော်ရသေးမီမှာပင် အနက်ရောင်ဝတ်ရုံနှင့် ပုံရိပ်များထဲမှ တစ်ခုသည် ရုတ်တရက် သူ၏ခေါင်းစွပ်ကို နောက်သို့ဆွဲချလိုက်သည်။

ရုတ်ချည်းဆိုသလိုပင် ခွေးခေါင်းတစ်လုံး ထွက်ပေါ်လာပေ၏။

ထိုခွေးသည် ကြောက်ရွံ့ခြင်းမရှိသည့်အပြင် သူတို့ကို တန်းတန်းမတ်မတိစိုက်ကြည့်ကာ စိတ်ပျက်လက်ပျက်ဖြင့် သူ၏ခေါင်းကို အကြိမ်ကြိမ် ခါယမ်းလိုက်သည်။

"ထွီ..."

"ကြည့်လိုက်တာနဲ့ သူတို့က အစ်ကိုကြီးရဲ့ သူငယ်ချင်းတွေ မဟုတ်မှန်း သိသာတယ်... အစ်ကိုကြီးက မိုင်ထောင်ချီမြင်းလိုပဲ တိမ်လိုလေလို လွတ်လပ်ဖို့ ကံပါလာတာ.. ဒီလူတစ်ပိုင်းသရဲတစ်ပိုင်းကောင်က လုံးဝမသန့်စင်ဘူး...ဒါက မြင်းနဲ့လားပေါင်းထားတဲ့ ကောင်လိုပဲ....မြင်းလည်းမဟုတ် မြည်းလည်းမဟုတ်ဘူး... သူက မိန်းမစိုးတောင် ဖြစ်နိုင်လောက်တယ်"

ကျန်ရှိသော အနက်ရောင်ဝတ်ရုံဝတ် သတ္တဝါများသည်လည်း သူတို့၏မျက်နှာများကို ဖော်ပြလိုက်ကြပြီး ကြီးမားသော ကင်းခြေများတစ်ကောင်က အကြိမ်ကြိမ် ခေါင်းညိတ်လိုက်သည်။

"အစ်ကိုခွေး ပြောတာမှန်တယ်..ဒါက မျိုးမစစ်ကောင်ပဲ...သူက အစ်ကိုကြီးလို ထူးချွန်တဲ့လူတစ်ယောက်နဲ့ သိကျွမ်းဖို့ ဘယ်လိုလုပ်ပြီး ထိုက်တန်မှာလဲ..."

ဝက်ဝံကြီးသည်လည်း အူကြောင်ကြောင်အမူအယာဖြင့် ခေါင်းညိတ်လိုက်၏။

"အင်း... အဲ့ဒီလိုကြည့်လိုက်တော့ သူတို့ရဲ့ အဆင့်အတန်းက တကယ့်ကို အရမ်းနိမ့်တာပဲ"

အရှက်တကွဲဖြစ်စေသော မှတ်ချက်စကားများသည် ရပ်တန့်မသွားဘဲ ပို၍ပင် ပြင်းထန်လာသည်။ ပုတုတုနတ်ဆိုး၏ဒေါသသည် မီးတောက်လာပြီး စစ်ဆေးမေးမြန်းမှုကို ဘေးဖယ်ထားကာ သူ့ထံ၌ သတ်ဖြတ်လိုစိတ်များဖြင့် ပြည့်နှက်နေလေပြီ။

သူ၏အရိုးလက်များကို 'ဂျွတ်' ခနဲမြည်သံများထွက်အောင် ဆုပ်ထားပြီး သေခြင်းတရားအငွေ့အသက်က သူ၏နံဘေးပတ်လည်တွင် အဆက်မပြတ် လှည့်ပတ်နေသည်။

နွားရိုင်းနတ်ဆိုးမှာမူ တည်ငြိမ်နေဆဲပင်။ ထူးဆန်းသောသတ္တဝါများ၏ မောက်မာသော အပြုအမူကို ကြည့်ရင်း သူ၏ ခေါင်းလောင်းသဖွယ် ကြီးမားသောမျက်လုံးများတွင် ထူးခြားသော အလင်းရောင်တစ်ခု တဖြည်းဖြည်း ထွက်ပေါ်လာသည်။ ထို့နောက် သူသည် သူ့ကို တစ်ခါမျှ မကြည့်သော မောက်မာသည့် အရိုးစုကို ကြည့်ပြီးနောက် ပို၍ပင် ထူးဆန်းသည်ဟု တွေးထင်မိလေ၏။

သူက ကြားဝင်ဖျန်ဖြေသည့်စကားကို ပြောဆိုလိုက်သည်။

"နတ်ဆိုးအရှင်လု...မင်းရဲ့လက်ကို ခဏထိန်းထားအုံး"

"ငါ့အထင်တော့ ဒီကောင်တွေက ပုံမှန်မဟုတ်ဘူး... ပြီးတော့ အဲ့ဒီနတ်ဆိုးအစေခံကလည်း အရမ်းမောက်မာနေတယ်...သူက သာမန်နတ်ဆိုးအစေခံတွေနဲ့ မတူဘူး...ဖြစ်နိုင်မလား... ငါ ဆိုလိုတာက ဒီအရိုးစုက နတ်ဆိုးနယ်မြေက မဟုတ်တာ ဖြစ်နိုင်မလား..."

"အရာအားလုံးကို ခြုံငုံကြည့်ဖို့ကို ဦးစားပေးသင့်တယ်...မင်း ဆုံးဖြတ်ချက်မချခင် နောက်ထပ်မေးခွန်းနည်းနည်းလောက် ထပ်မေးတာက ပိုကောင်းလိမ့်မယ်"

ခွေး ကင်းခြေများ ဝက်ဝံနက်ကြီးနှင့် စိတ်ဝိညာဥ်ဘုရင်တို့သည် မှတ်ချက်များ ပေးနေကြဆဲဖြစ်ပြီး နတ်ဆိုးနှစ်ကောင်၏လျှို့ဝှက်ကြံစည်မှုကို အာရုံစိုက်ရန် အချိန်မအားကြပေ။

သို့ရာတွင် နတ်ဆိုးအရှင်လုသည် စိတ်မထိန်းနိုင်တော့ဘဲ အသံနက်ကြီးဖြင့် ဟိန်းဟောက်လိုက်သည်။

"ဘာစဥ်းစားရမှာလဲ.. "

"ဒီအရှင်သခင် နှစ်သောင်းပေါင်းများစွာ လှည့်လည်ခဲ့တာ...ဒီလိုအရှက်ခွဲခံရတာမျိုး တစ်ခါမှ မကြုံဖူးဘူး...ဒီနေ့..."

ထိုစကားလုံးများ သူ့နှုတ်မှ ထွက်သွားခါစ အချိန်မှာပင်...

နတ်ဆိုးနှစ်ဦးသည် ချက်ချင်းဆိုသလိုပင် အမှုန်အမွှားများအဖြစ်သို့ ပြောင်းလဲသွားပြီး ကောင်းကင်နှင့်မြေပြင်ကြားမှ ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားကြသည်။ သူတို့သည် တစ်ကြိမ်တစ်ခါမျှ ထွက်ပေါ်မလာခဲ့သည့်အလား အရိပ်အယောင်တစ်ခုမျှပင် မကျန်ခဲ့ချေ။

ခွေးသည် လက်ညှိုးတစ်ချောင်း ထောင်ထားသော အရိုးစုကို ကြည်ညိုလေးစားစွာ ကြည့်လိုက်၏။

"အစ်ကိုကြီးက အစွမ်းထက်တယ်...အစ်ကိုကြီးက ကောင်းကင်ဘုံအောက်မှာ အရှုံးမရှိဘူး..."

ကင်းခြေများနှင့်ဝက်ဝံနက်တို့၏ မျက်လုံးများသည်လည်း လင်းလက်တောက်ပနေပြီး အားကျမခံ အားပေးအော်ဟစ်ကြသည်။

"အစ်ကိုကြီးက အရှုံးမရှိဘူး...အစ်ကိုကြီးက အရှုံးမရှိဘူး..."

မမျှော်လင့်ဘဲ ဤတစ်ကြိမ်တွင် လုပမ်ဝေသည် များစွာပျော်ရွှင်သည့်ပုံ မပြချေ။

သူသည် စိတ်မကြည်မလင်ဖြစ်နေသည့်အလား အနည်းငယ် စိတ်အနှောင့်အယှက်ဖြစ်နေသည်။

"ဒီအမှိုက်သရိုက်နှစ်ကောင်က ဘယ်ကရောက်လာတာလဲ..နေ့ခင်းကြောင်တောင်မှာ အဆက်မပြတ် အော်ဟစ်နေကြတယ်.. မိန်းမလှလေးတွေ တစ်ယောက်မှမတွေ့ရတဲ့အပြင် ဒီလိုအမှိုက်သရိုက်တွေနဲ့ လာတွေ့နေရတယ်... တကယ်ကို စိတ်ပျက်စရာပဲ..."

ထိုသို့ပြောပြီး သူသည် ခွေးကို တည်ကြည်လေးနက်သော အမူအယာဖြင့် ကြည့်လိုက်သည်။

"ချင်...မင်းပြောတော့ ဒီနေရာက ဓလေ့ထုံးစံတွေ ပွင့်လင်းပြီးတော့ ချောမောလှပတဲ့ မိန်းကလေးတွေ အများကြီးရှိတယ်ဆို...ဘာလို့ ငါ နေ့တစ်ဝက်လုံး မိန်းကလေးတစ်ယောက်မှ မတွေ့ဘဲ ဒီလူလိမ်နှစ်ယောက်နဲ့ပဲ တွေ့ရတာလဲ.."

"အစ်ကိုကြီး...မစင်သယ်တဲ့အဖွဲ့ကလူတွေ ပြောတာတော့ ဒီနေရာက မိန်းကလေးတွေက တကယ့်ကို အရမ်းပွင့်လင်းတယ်တဲ့... ဖြစ်နိုင်တာက ကျွန်တော်တို့ နေရာမှားနေလို့ ဖြစ်မှာပါ...နည်းနည်းလောက် ထပ်သွားကြည့်ကြမလား"

အောင်းချင်က သူ၏ရှေ့ခြေများကို အနေရခက်စွာဖြင့် ပွတ်သပ်လိုက်သည်။

အနက်ရောင်ပုံရိပ်တချို့သည် မည်သည့်ကိစ္စမျှ မဖြစ်ခဲ့သည့်အလား တီးတိုးစကားပြောနေကြပြီး နတ်ဆိုးနှစ်ကောင်အကြောင်းကို မေ့လျော့သွားကြလေပြီ။

လောကကြီးသည် ဘာမှမဖြစ်ခဲ့သည့်အလား တိတ်ဆိတ်ငြိမ်သက်သွားသည်။

သို့သော် ထိုတိတ်ဆိတ်မှုသည် ခဏသာ ကြာမြင့်ခဲ့ပေ၏။

အနီးအနားရှိ မြင့်မားသောတောင်ထိပ်တစ်ခုပေါ်၌...

သူ၏မှော်လက်နက်အတွင်း၌ ပုန်းအောင်းနေသော ကုထိုက်ယွမ်သည် ထိတ်လန့်တုန်လှုပ်မှုကြောင့် ချွေးများဖြင့် ရွှဲစိုနေလေပြီ။

အထူးသဖြင့် နတ်ဆိုးနှစ်ကောင်သည် လက်ညှိုးတစ်ချောင်းဖြင့် ချက်ချင်းချေမှုန်းခံလိုက်ရသည့် မြင်ကွင်းကို မျက်မြင်ကိုယ်တွေ့ ကြုံလိုက်ရသောအခါ အဘိုးအိုသည် ကြောက်လန့်မှုကြောင့် သတိလစ်မတတ်ဖြစ်သွားသည်။ သူ၏ မျက်လုံးများသည် နွားရိုင်းနတ်ဆိုး၏မျက်လုံးများထက်ပင် ပြူးကျယ်နေပေ၏။

ကံကောင်းစွာဖြင့် ကုထိုက်ယွမ်သည် သူ၏ပါးစပ်ကို လျင်မြန်စွာ ပိတ်လိုက်ပြီး အော်ဟစ်ခြင်းမပြုမိအောင် တားဆီးနိုင်ခဲ့သည်။

သူ၏နားထင်မှ စီးကျနေသော ချွေးစေးများကို လျစ်လျူရှုကာ အဘိုးအိုသည် သူ၏ လက်ချောင်းများကြားမှ ချောင်းကြည့်လိုက်၏။ သူ၏တိမ်ဖုံးနေသော မျက်လုံးများဖြင့် ပြင်ပကိုကြည့်နေကာ သူ၏အသက်ရှူသံကိုလည်း သတိကြီးစွာထား၍ ထိန်းချုပ်ထားသည်။

သူ အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်ခဲ့သည်။

ယခင်က နတ်ဆိုးနှစ်ကောင်သည် သူတော်စင်နယ်ပယ်တွင် သေချာပေါက် ရှိနေပြီး နတ်ဆိုးမျိုးနွယ်ဝင်များ ဖြစ်သောကြောင့် သူတို့၏ ရုပ်ခန္ဓာခွန်အားသည် အလွန်ကြောက်မက်ဖွယ်ကောင်းသည်။ သာမန်သူတော်စင်များသည် သူတို့နှင့် ယှဉ်ပြိုင်ရန် စွမ်းအားမရှိချေ။

သို့သော် ထိုသို့သော ကြောက်မက်ဖွယ်နတ်ဆိုးများသည် လက်ညှိုးတစ်ချောင်းဖြင့် ချက်ချင်း သေဆုံးသွားခဲ့ပြီး ဖုန်မှုန့်တစ်စက်မျှပင် မကျန်ခဲ့ပေ။

အစွမ်းထက်လိုက်တာ...

သူ ခုဏက မြင်လိုက်ရတဲ့ တည်ရှိမှုကြီးက ဘယ်လိုမျိုးလဲ...ဘာလို့ ဒီလောက်ထိ မယုံနိုင်လောက်အောင် အစွမ်းထက်ရတာလဲ..

အနည်းဆုံးတော့...

ထိုလူသည် အစစ်အမှန်သူတော်စင်တစ်ဦး ဖြစ်ပုံရကာ ကောင်းကင်နှင့်မြေပြင်၏ မဟာတာအိုကို ကျင့်ကြံထားသော မွေးရာပါသူတော်စင်များအနက်မှတစ်ဦး ဖြစ်ပေမည်။

ကုထိုက်ယွမ်၏မျက်နှာသည် ထိတ်လန့်မှုကြောင့် ဖြူဖျော့သွားပြီး သူသည် ယခင်ကထက် အဆများစွာပို၍ သတိကြီးစွာ ထားလိုက်သည်။ ဤအဆင့်ရှိ တည်ရှိမှုများသည် အလွန်အစွမ်းထက်ကြောင်း သူ သိသည်။ လက်ရှိတွင် မိတ်ဆွေနှင့်ရန်သူကို ခွဲခြားရန် ခက်ခဲပြီး သူသည် လွယ်လွယ်ကူကူ ဆက်သွယ်၍ လုံးဝမဖြစ်ပေ။

အကောင်းဆုံးချဉ်းကပ်မှုမှာ ဤပုဂ္ဂိုလ် ထွက်သွားသည်အထိ စောင့်ဆိုင်းခြင်းပင်။

ကံကောင်းစွာဖြင့် သူသည် သူ့ဘိုးဘေးများ၏ လျှို့ဝှက်ရတနာကို ပိုင်ဆိုင်ထားသည်။ ပြိုင်ဘက်၏ကျင့်ကြံမှု မြင့်မားသော်လည်း သူတို့သည် သူ့ကို ရှာတွေ့နိုင်မည် မဟုတ်ချေ။ ထိုသို့မဟုတ်လျှင် သူ၏ အသက်သေရေးရှင်ရေးသည် ယနေ့တွင် အမှန်တကယ်ကို မသေချာတော့ပေ။

ရှေးဟောင်း ကုမိသားစု၏ ဂုဏ်သိက္ခာကြီးမားသော ဘိုးဘေးတစ်ဦးသည် ယခုအချိန်၌ ပြင်ပလောကသို့ ပထမဆုံးအကြိမ် ဝင်ရောက်လာသော လူသစ်တစ်ဦးကဲ့သို့ မယုံနိုင်လောက်အောင် သတိကြီးစွာထားကာ အဝေးတွင် ပုန်းအောင်းနေပြီး သူ၏စိတ်ထဲတွင် လှိုင်းထန်နေသည်။

ထူထပ်သော တောအုပ်အစွန်းတွင်...

ပုံရိပ်တချို့သည် မိန်းကလေးများ ရှာဖွေရေးဟူသော ကြီးကျယ်သော ရည်ရွယ်ချက်အတွက် ဆွေးနွေးတိုင်ပင်နေကြဆဲပင်။

သူတို့အားလုံးသည် အောင်းချင်၏မှတ်ဥာဏ်ကို သံသယဝင်နေကြစဉ်မှာပင်...

လေဟာနယ်တွင် လှိုင်းများ ထွက်ပေါ်လာပြီး "တောင့်တောင့်ဖြောင့်ဖြောင့်" လူလတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးသည် ကြောင်စီစီအမူအယာဖြင့် ပေါ်ထွက်လာသည်။ သူသည် အနည်းငယ် ဂုဏ်သိက္ခာရှိပုံရသော်လည်း အဝတ်အစား မဝတ်ထားချေ။

သူကား ယခင်က လေထုအတွင်းတွင် ပျောက်ကွယ်သွားခဲ့သော တန်ချန်ကျီပင်။

ထိုအကျပ်အတည်းအချိန်တွင် လျှို့ဝှက်ဆန်းကြယ်သော စွမ်းအားတစ်ခုက သူ့ကို ဖုံးလွှမ်းသွားပြီး ချက်ချင်းပင် အခြားနေရာတစ်ခုသို့ ဆွဲခေါ်သွားသည်။ ယခုမှသာ သူသည် ရင်းနှီးသော မြင်ကွင်းသို့ ပြန်ရောက်လာခြင်း ဖြစ်သည်။

သူသည် စိတ်ရှုပ်ထွေးနေပုံရပြီး အလွန်အမင်း သတိကြီးစွာဖြင့် သူ၏နတ်ဘုရားစိတ်အာရုံကို လျင်မြန်စွာ ပျံ့နှံ့စေကာ ပတ်ဝန်းကျင်ကို စူးစမ်းလိုက်သည်။

ထိုအချိန်မှသာ နတ်ဆိုးအရှိန်အဝါမရှိတော့ဘဲ ထူးဆန်းသောသက်ရှိများစွာ ထွက်ပေါ်လာသည်ကို သူ သဘောပေါက်သွားပေ၏။

သူတို့သည် အချိန်အတော်ကြာ တစ်ယောက်ကိုတစ်ယောက် စိုက်ကြည့်နေကြပြီးနောက် အေးမြသော လေပြေတစ်ခု ဖြတ်သန်းတိုက်ခတ်သွားသည်။

"ဟူး..."

ကင်းခြေများသည် သူ၏ခြေထောက်များကို ပွတ်သပ်ကာ အဓိပ္ပာယ်ပါသောသက်ပြင်းတစ်ချက်ကို ချလိုက်သည်။

"အစ်ကိုခွေးရဲ့သတင်းက မှန်ပုံရတယ်... ဒီနေရာက တော်တော်ပွင့်လင်းတာပဲ...ငါ့ရဲ့အောက်ခြေစည်းထက်တောင် ပိုပြီးပွင့်လင်းတယ်"

ရိုးစင်းသောစိတ်ရှိသည့် ပုံရိပ်အချို့သည် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေသော မျက်လုံးများဖြင့် အကြိမ်ကြိမ် ခေါင်းညိတ်လိုက်ကြသည်။

"အော့.. ငါ့မျက်လုံးတွေ..."

"ချင်း...မင်းမှာ ဒီလိုအကြိုက်မျိုးရှိမှန်း ငါ မသိခဲ့ဘူး... ဒါက မဖြစ်သင့်ဘူး...ယောက်ျားတွေနောက်ကိုလိုက်တာက ထူးခြားတဲ့သူတွေအတွက်ပဲ...မိန်းကလေးတွေကမှ ဘဝရဲ့ အဓိပ္ပာယ်အမှန်ပဲ"

အေးမြသော လေပြေသည် ပို၍ပြင်းထန်လာပြီး တန်ချန်ကျီကို လန်းဆန်းသွားစေသည်။ ထိုအချန်မှသာ သူသည် ပြဿနာကို သဘောပေါက်လိုက်ပြီး သူ၏မျက်နှာ နီရဲသွားကာ အဝတ်တစ်စုံကို အလျင်အမြန်ထုတ်ယူ၍ ဝတ်ဆင်လိုက်သည်။

အဝတ်အစားဝတ်ပြီးနောက် တန်ချန်ကျီသည် နတ်ဆိုးအရှိန်အဝါများ မရှိတော့ကြောင်း နားလည်သဘောပေါက်သွားသည်။

သူသည် ထိုပုံရိပ်များကို ဦးညွှတ်လိုက်ပြီးနောက်အတင့်ရဲစွာဖြင့် သူ သိလိုသော မေးခွန်း၏အဖြေကို တောင်းခံလိုက်၏။

"လူကြီးမင်းတို့...အစွမ်းထက်တဲ့ နတ်ဆိုးနှစ်ကောင်နဲ့များ တွေ့မိသေးလား..."

ခွေး၏မျက်နှာသည် ရှက်ရွံမှုကြောင့် နီရဲသွားပြီး အကြောင်းအရာပြောင်းကာ အေးစက်စက်တုံ့ပြန်အဖြေပေးလိုက်သည်။

"အဟမ်း..."

"ဒီအရှင်က နတ်ဆိုးတွေ မတွေ့မိဘူး... လူလိမ်နှစ်ယောက်နဲ့ပဲ တွေ့ခဲ့တယ်...တစ်ယောက်က နွားရိုင်း နောက်တစ်ယောက်က သွေးနှောကောင်...နှစ်ယောက်စလုံးကို အစ်ကိုကြီးက လက်ညှိုးတစ်ချောင်းနဲ့ ထိုးလိုက်ရုံနဲ့ ပျောက်သွားတာပဲ"

သူ ပြောလိုက်သည်နှင့် မြှောက်ပင့်ပြောဆိုမှုများ နောက်တစ်ကြိမ် ထပ်မံဖြစ်ပွားလာသည်။

ဝန်းရံချီးကျူးခံနေရသော အရိုးစုကို ကြည့်ရင်း တန်ချန်ကျီသည် ဝန်းသာပျော်ရွှင်နေသွားသည်။ ထိုအနက်ရောင်ဝတ်ရုံဝတ်သက်ရှိထံတွင် ကျင့်ကြံမှုအရှိန်အဝါ အနည်းငယ်မျှ မတွေ့ရသော်လည်း ပတ်ဝန်းကျင်တွင် နတ်ဆိုးအရှိန်အဝါမရှိသည့်အတွက် ဤခွေးပြောသည့်အတိုင်း အမှန်ပင်ဖြစ်ပုံရသည်။

တန်ချန်ကျီ၏မျက်လုံးများသည် ထိတ်လန့်မှုကြောင့် ပြူးကျယ်သွားပေ၏။

လက်ညှိုးတစ်ချက်ထိုးလိုက်ရုံဖြင့် ပျောက်ကွယ်သွားသည်ဆိုခြင်းမှာ အလွန်အမင်း အံ့အားသင့်ဖွယ် ကိစ္စတစ်ရပ်ပင်။

ဤလောကကြီးပေါ်တွင် နတ်ဆိုးများကို လွယ်လွယ်ကူကူ ချေမှုန်းနိုင်သူတစ်ဦးရှိလျှင် ထိုလူ၏ ကျင့်ကြံဆင့်သည် မည်သည့်အဆင့်သို့ ရောက်ရှိနေသနည်း...

တန်ချန်ကျီသည် သူ၏သံသယများကြောင့် သူ၏နတ်ဘုရားစိတ်အာရုံကို ဖြန့်ကျက်လိုက်ရာ အမှန်တကယ်ကို နတ်ဆိုးအရှိန်အဝါအား မခံစားရတော့ချေ။ ဤကိစ္စကို လိမ်လည်၍ မရနိုင်ပေ။

ထူးဆန်းပုံရသော ဤသက်ရှိထံတွင် အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းသော ကျင့်ကြံမှုစွမ်းအား ရှိနေသည်။

တန်ချန်ကျီသည် တံတွေးမျိုချလိုက်ပြီး မလေးမစားပြုရန် မဝံ့ရဲတော့ပေ။

သူ၏စိတ်နှလုံးသားထဲမှ ထိတ်လန့်မှုကို ချိုးနှိမ်ကာ သူသည် ပို၍ရိုသေလေးစားစွာ ဦးညွှတ်ပြီး ကျေးဇူးတင်စကား ဆိုလိုက်သည်။

"စီနီယာရဲ့အကူအညီအတွက် ကျေးဇူးတင်ပါတယ်... ကျွန်တော်က တန်ချန်ကျီပါ...ကျွန်တော်က စီနီယာကို အမြဲတမ်း ကျေးဇူးတင်နေမှာပါ..."

ထိုသို့သော စိတ်ရင်းမှန်ဖြင့် ကျေးဇူးတင်မှုကို ရင်ဆိုင်ရသော်လည်း ထူးဆန်းသောသက်ရှိများထံ၌ တုံ့ပြန်မှု အနည်းငယ်သာ ရှိကြသည်။

လုပမ်ဝေသာလျှင် မျှော်လင့်တကြီး ကြည့်နေသည်။

တန်ချန်ကျီသည်လည်း ဤလေးစားဖွယ်ကောင်းသော စီနီယာထံမှ ညွှန်ကြားချက်များကို စိတ်ရှည်စွာ စောင့်ဆိုင်းနေသည်။

သို့ရာတွင် ထိုစီနီယာသည် ထူးဆန်းသည့် မေးခွန်းကို မေးလိမ့်မည်ဟု မည်သူက တွေးထင်ထားမိမည်နည်း။

"မိန်းကလေးတွေ ဘယ်မှာရှိလဲဆိုတာ မင်း သိလား"

အမ်... ဒါက...

တန်ချန်ကျီသည် စိတ်ရှုပ်ထွေးစွာဖြင့် မော့ကြည့်လိုက်ပြီး လုံးလုံးလျားလျား အံ့အားသင့်နေကာ မည်သို့တုံ့ပြန်ရမည်ကို မသိတော့ချေ။

လုပမ်ဝေသည် သက်ပြင်းချကာ အရိုးလက်တစ်ဖက်ကို ဆန့်ထုတ်ပြီး လေဟာနယ်ကို ပေါ့ပေါ့ပါးပါး ကုတ်ခြစ်လိုက်သည်။

အချိန်တခဏအတွင်းမှာပင်...

သူသည် ပုံရိပ်တစ်ခုကို ပေါ့ပေါ့ပါးပါး ဆွဲထုတ်လိုက်၏။ ထိုလူသည် မြေပြင်ပေါ်တွင် ကုန်းကုန်းကွကွဖြင့် ကြက်သေသေနေကာ သူ၏မျက်လုံးများဖြင့် သူတို့အားလုံးကို စူးစိုက်ကြည့်နေသည်။

သူသည် စိတ်ရှုပ်ထွေးစွာဖြင့် မျက်လုံးများကို ပြူးကျယ်ထားပြီး အနည်းငယ်မျှပင် တုံ့ပြန်ဝံ့ခြင်းမရှိပေ။

သူသည် တူတူပုန်းတမ်း ကစားနေသကဲ့သို့ တုန်ယင်နေပြီး သူ၏မျက်နှာပေါ်တွင် စာကြောင်းတချို့ ထင်ဟပ်နေသည့်အလားပင်.

မင်းတို့ ငါ့ကို မမြင်ဘူး...မင်းတို့ ငါ့ကို မမြင်ဘူး...

ဤလူကို မြင်လိုက်ချိန်၌...

တန်ချန်ကျီသည် ချက်ချင်းပင် ဒေါသထွက်သွားပြီး ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

"ကုထိုက်ယွမ်...သူရဲဘောကြောင်တဲ့ကောင်..."

All Chapters