← Chapters

အခန်း (၉၉၉)

Vol. 67 Ch. 999

အခန်း (၉၉၉)

Vol. 67 Ch. 999

မိုးကြိုးတစ်ချက်ပစ်ချလိုက်သကဲ့သို့ ကျယ်လောင်သော ဟိန်းဟောက်သံတစ်သံသည် ကုထိုက်ယွမ်အား ထိတ်လန့်တုန်လှုပ်သွားစေသည်။

ဤသည်မှာ အမြင်မှားခြင်း မဟုတ်ဘဲ သူ အမှန်တကယ်ကို ဆွဲထုတ်ခံလိုက်ရခြင်းပင်။

ဤသည်မှာ မည်သို့ ဖြစ်နိုင်မည်နည်း...

သူသည် ကုမိသားစု၏ လျှို့ဝှက်ရတနာအတွင်း၌ ပုန်းအောင်းနေခဲ့သော်လည်း လွယ်လင့်တကူ ဖော်ထုတ်ခံလိုက်ရပြီး ခုခံနိုင်စွမ်းမရှိဘဲ ဆွဲထုတ်ခံလိုက်ရသည်။ ဤသည်မှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းပေ၏။

ကုထိုက်ယွမ်သည် ကြောက်လန့်တကြားဖြင့် ခုန်ထလိုက်သည်။ သို့ရာတွင် သူ ကုန်းကွကွဖြစ်နေစဥ်မှာပင် ကံဆိုးမိုးမှောင်ကျပြီး သူသည် ထိုအရိုးစုမျက်နှာနှင့် ထိပ်တိုက်ရင်ဆိုင်မိလေ၏။

အရိုးစုသည် စိတ်လှုပ်ရှားမှုမပြဘဲ သူ့ကို တည်ငြိမ်စွာ ကြည့်ရှုနေသည်မှာ သိသာထင်ရှားသည်။ ထိုသို့ဆိုသည့်တိုင် ကုထိုက်ယွမ်၏ အမြင်တွင်မူ ဤသည်မှာ သေမင်းကို တန်းတန်းမတ်မတ် စိုက်ကြည့်နေရသည့်အလားပင်။

ထိုတစ်ချက်ကြည့်ရုံမျှဖြင့် သူ လုံးလုံးလျားလျား ကြက်သေသေသွားသည်။ လက်ညှိုးတစ်ချောင်းတည်းဖြင့် လေဟာနယ်ကို ဆုတ်ဖြဲလိုက်သည့် ကြောက်မက်ဖွယ်မြင်ကွင်းကို ပြန်လည်မြင်ယောင်လာပြီး ကုထိုက်ယွမ်၏ မျက်နှာသည် ထိတ်လန့်ကြောက်လန့်မှုကြောင့် ချက်ချင်း ဖြူဖျော့သွားပေ၏။

"မင်း ငါ့ကို ချောင်းကြည့်နေတာ ဒီလောက်ကြာနေပြီ... ကြည့်လို့မဝသေးဘူးလား"

ထိုအသံသည် တဖန်ပြန်၍ ပဲ့တင်ထပ်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို တုန်ရီသွားစေသည်။ အမှန်တကယ်ကိုပင် သူသည် တစ်ဖက်လူ၏အာရုံခံမိခြင်းကို အစောကြီးကတည်းက ခံလိုက်ရခြင်းဖြစ်သည်။ ထိုလူ၏ ကျင့်ကြံဆင့်သည် အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။ ဤသည်မှာ သူ ယှဉ်ပြိုင်နိုင်စွမ်းမရှိသည့် တည်ရှိမှုကြီးတစ်ဦးဖြစ်ပြီး သူထွက်ပြေးနိုင်မည်ပင် မဟုတ်ချေ။

သူသည် ဒယိမ်းဒယိုင်ဖြင့် ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်သွားပြီး ဂုဏ်သိက္ခာကြီးမားသော ကုမိသားစုဘိုးဘေးကြီးသည် အမှန်တကယ်ကိုပင် ခြေခေါက်ကာ မြေပြင်ပေါ်သို့ လဲကျသွားတော့သည်။

သူသည် လက်တစ်ဖက်ကို နောက်သို့ထောက်ကာ သူ၏ခန္ဓာကိုယ်ကို ထိန်းထားပြီး သူ၏မျက်လုံးများအတွင်းတွင် ထိတ်လန့်ကြောက်ရွံ့မှုများဖြင့် ပြည့်နှက်နေသည်။

ဤအချိန်တွင် ကုထိုက်ယွမ်သည် နှစ်တစ်သောင်းသက်တမ်းရှိသော နက်ရှိုင်းသည့် ရေခဲလှိုဏ်ဂူအတွင်း၌ ရောက်နေသကဲ့သို့ ခံစားလိုက်ရသည်။ သူ၏ပတ်ဝန်းကျင်ရှိ အရာအားလုံးကို အာရုံခံ၍ မရတော့ဘဲ သူ၏အမြင်အာရုံအတွင်း၌ ထိုသေမင်းကဲ့သို့သော အရိုးစုမျက်နှာဖြင့်သာ ပြည့်နှက်နေတော့သည်။

အကယ်၍ ယခင် နတ်ဆိုးများသည် ကြောက်မက်ဖွယ်ကောင်းသည်ဆိုလျှင် ယခု သူ့ကိုငုံ့ကြည့်နေသော အရိုးစုသည် သူ့အား တိုက်ခိုက်လိုစိတ် အနည်းငယ်မျှပင် မရှိအောင် ဆုံးရှုံးသွားစေသည်။ ထိုကဲ့သို့သော တည်ရှိမှုမျိုး၏ ရှေ့မှောက်တွင် သူ၏ကျင့်ကြံမှုသည် လုံးဝအရေးမပါဘဲ ယခင်က ထိုလက်ညှိုးတစ်ချောင်း၏တိုက်ခိုက်မှုကိုပင် သူ လုံးဝခံနိုင်ရည်ရှိမည် မဟုတ်သည်မှာ သေချာသည်။

သူသည် နှစ်သောင်းနှင့်ချီ၍ အသက်ရှင်နေထိုင်ခဲ့သဖြင့် အကဲခတ်နိုင်စွမ်းတော့ မြင့်မားသည်။ နောက်ထပ်အချိန်တခဏတွင် တစ်ချိန်က နာမည်ကျော်ကြားခဲ့သော ဤသူတော်စင်သည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဒူးထောက်လိုက်ပြီး အသက်ချမ်းသာပေးရန် တောင်းပန်လေ၏။

"စီနီယာ...စီနီယာ...."

"ဒီဂျူနီယာမှာ စော်ကားလိုစိတ် လုံးဝမရှိတဲ့အပြင် မကောင်းတဲ့အကြံအစည်လည်း မရှိပါဘူး...ဂျူနီယာက လူကောင်းတစ်ယောက်ပါ... စီနီယာက ရှင်းရှင်းလင်းလင်း သိမြင်ပြီးတော့ ဒီဂျူနီယာရဲ့အသက်ကို ချမ်းသာပေးဖို့ မျှော်လင့်ပါတယ်"

ကြက်သွန်ဖြူထောင်းသကဲ့သို့ ဦးတိုက်တောင်းပန်နေသော ကုထိုက်ယွမ်ကို ကြည့်ရင်း တန့်ချန်ကျီသည် မှင်သက်သွားပေ၏။

သူ တစ်ချိန်က လေးစားခဲ့သော ကုမိသားစု၏ ဘိုးဘေးသည် ဤကဲ့သို့လူစားမျိုး ဖြစ်နေလိမ့်မည်ဟု သူ အနည်းငယ်မျှ တွေးထင်မထားခဲ့ပေ။

အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ကုထိုက်ယွမ်သည် ကုမိသားစု၏ ရှေးဟောင်းနည်းစနစ်တစ်ခုကို အသုံးပြု၍ ပုန်းအောင်းနေခဲ့ခြင်းဖြစ်ကြောင်း သူ နားလည်သဘောပေါက်သွားသည်။ သို့ရာတွင် ထိုကဲ့သို့ နည်းစနစ်မျိုးကို ဤစီနီယာက လွယ်လင့်တကူ ထွင်းဖောက်မြင်နိုင်လိမ့်မည်ဟု သူ မျှော်လင့်မထားခဲ့ချေ။

ဤကျင့်ကြံဆင့်သည် သူ၏နားလည်နိုင်စွမ်းထက် ကျော်လွန်နေခဲ့လေပြီ။

ကုထိုက်ယွမ်သည် ယုတ်မာပြီး အရှက်မဲ့ကာ လူသားမျိုးနွယ် ကြီးမားသောဒုက္ခဖြင့် ကြုံနေရချိန်တွင် သူ့ကိုယ်ကိုသာ ဂရုစိုက်ခဲ့ပြီး ကျော်ကြားသော သူတော်စင်တစ်ဦး မဖြစ်ထိုက်ချေ။ သို့ရာတွင် သူသည် အလွန်အမင်း အတွေ့အကြုံကြွယ်ဝသူသူတစ်ဦးလည်း ဖြစ်သည်။

သူ၏အဆင့်အတန်းကို အလေးမထားဘဲ ယခုကဲ့သို့ အသက်ချမ်းသာခွင့်ကို တောင်းခံခြင်းမှာ...

ဤစီနီယာ၏တိုက်ခိုက်မှုမှ ကြောက်မက်ဖွယ်စွမ်းအားကို သူ မျက်မြင်တွေ့ရှိခဲ့ရသောကြောင့် ဖြစ်ပေမည်။ စီနီယာသည် လက်ညှိုးတစ်ချောင်းတည်းဖြင့် နတ်ဆိုးများကို ချေမှုန်းခဲ့သည့် ဖြစ်ရပ်သည် အမှန်တရားပင်။

ဤစီနီယာ၏ကျင့်ကြံမှုသည် အမှန်တကယ်ကို ကြောက်မက်ဖွယ်ကောင်းပေ၏။ ဤသို့တွေးမိချိန်၌ တန်ချန့်ကျီက ပို၍ပင်ရိုသေလေးစားလာသည်။ သူသည် ကုထိုက်ယွမ်ကို မကျေမနပ် ဖြစ်နေလျှင်ပင် မဆင်မခြင် မှတ်ချက်ပေးခြင်း မပြုဝံ့ပေ။

သူသည် လုပမ်ဝေအား ရိုသေစွာ ဦးညွှတ်လိုက်ပြီး သူ၏မျက်လုံးများအတွင်းတွင် ရိုသေလေးစားမှုများဖြင့် ပြည့်နှက်နေသည်။

"လူကြီးမင်း...."

"ဒီလူက သူ့ရဲ့တာဝန်ကို စွန့်ပစ်ပြီး ထွက်ပြေးခဲ့ပါတယ်....ပြီးတော့ မှောင်ရိပ်ထဲကနေ ချောင်းကြည့်နေခဲ့တယ်.. သူက တကယ့်ကို စိတ်ထားမဖြောင့်မတ်ဘဲ ယုတ်မာရိုင်းစိုင်းတဲ့ လူယုတ်မာတစ်ယောက်ပါ....သူ့ကို အပြစ်ပေးဖို့ စီနီယာကို တောင်းဆိုပါတယ်"

ဤစကားများ ထွက်ပေါ်လာချိန်တွင် ကုထိုက်ယွမ်၏မျက်နှာပေါ်၌ အလွန်အမင်း ထိတ်လန့်တုန်လှုပ်မှုများဖြင့် ပြည့်နှက်သွားခဲ့သည်။

သူသည် အသက်ရှင်ခွင့်ရရန် မျှော်လင့်ကာ ကျန်သူအနည်းငယ်ကို မျက်နှာချိုသွေးသော မျက်လုံးများဖြင့် အလိုလို ကြည့်လိုက်မိသည်။

အောင်းချင်သည် တုံ့ပြန်ရန် စိတ်မဝင်စားဘဲ ပေါ့ပေါ့ပါးပါး ပြောဆိုလိုက်။

"သူက ကြည့်ရတာ လူကောင်းတစ်ယောက်ပုံ မပေါက်ဘူး...သတ်လိုက်တော့...."

သူ၏ပေါ့ပေါ့ပါးပါးလေသံသည် ကျယ်လောင်ခြင်းမရှိသော်လည်း ဤသည်မှာ ကုထိုက်ယွမ်၏ကြောက်မက်ဖွယ်မှတ်ဉာဏ်ကို နောက်တစ်ကြိမ် ပြန်သတိရသွားစေသည်။ ကူထိုက်ယွမ်သည် လျင်မြန်စွာ ဦးညွှတ်အရိုအသေပြုလိုက်၏။

"စီနီယာ....စီနီယာတို့..."

"ဒီဂျူနီယာက တကယ့်ကို လူကောင်းတစ်ယောက်ပါ...အစောပိုင်းကိစ္စက နားလည်မှုလွဲတာပါ...ဂျူနီယာက ရန်စစော်ကားဖို့ ဒါမှမဟုတ် မလေးမစားလုပ်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး... ဂျူနီယာတို့ ကောင်းကောင်းမွန်မွန် စကားပြောကြရအောင်..စီနီယာတို့က ဂျူနီယာကို အသက်ချမ်းသာပေးနိုင်သမျှ ကာလပတ်လုံး ဂျူနီယာက ဘာမဆို ပေးအပ်ဖို့ ဆန္ဒရှိပါတယ်"

သူသည် စကားပြောနေဆိုနေရင်း သူ၏စိတ်နှလုံးသားထဲမှ နာကျင်မှုကို လျစ်လျှူရှုကာ သူ၏သိုလှောင်လက်စွပ်ကို အသည်းအသန် ထုတ်ယူပြီး လက်နှစ်ဖက်ဖြင့် ပေးအပ်လိုက်သည်။

ဤသိုလှောင်လက်စွပ်အတွင်း၌ သူ နှစ်သောင်းချီကြာအောင် စုဆောင်းထားသော ရတနာများ ရှိသည်။ အနည်းဆုံးအနေဖြင့် သူတော်စင်အဆင့် အင်မှော်တယ်ရတနာ ခုနစ်ခု ရှစ်ခုနှင့် တခြားအဆင့်တွင်ရှိသော သဘာဝအင်မော်တယ်ရတနာ တစ်ရာကျော် ရှိသည်။ ကြီးမားသောဂိုဏ်းအင်အားစုတစ်ခုပင်လျှင် ဤချမ်းသာကြွယ်ဝမှုကို ယှဉ်ပြိုင်ရန် ခက်ခဲပေလိမ့်မည်။

အသက်ရှင်သန်နိုင်ရန်အတွက် ကုထိုက်ယွမ်သည် သူ၏စိတ်နှလုံးသားကို တင်းခံကာ အလွန်အမင်း ပြတ်ပြတ်သားသား ပြုမူလိုက်သည်။ အရာအားလုံး ဆုံးရှုံးရမည် ဆိုလျှင်ပင် သူ ဂရုမစိုက်ချေ။ သူသည် ယခုချိန်၌ မည်ကဲ့သို့ တည်ရှိမှုမျိုးနှင့် ကြုံတွေ့နေရသည်ကို ကောင်းစွာ သိသည်။ သာမန်မှော်ရတနာများသည် သူတို့ကို ဆွဲဆောင်နိုင်မည် မဟုတ်ချေ။ ကြီးမားသော ပေးဆပ်မှု ပြုလုပ်မှသာ သူအသက်ရှင်သန်ရန် မျှော်လင့်ချက်အလင်းရောင် ရှိလာနိုင်သည်။ သူသည် သူ၏ဥစ္စာဓနကို စွန့်လွှတ်ခြင်းဖြင့် ဘေးဒုက္ခကိုရှောင်ရှားရန် ကြိုးပမ်းနေခြင်း ဖြစ်ပေ၏။

သူတော်စင်သိုလှောင်လက်စွပ်ကို ထုတ်ယူလိုက်သည်အားကြည့်ရင်း တန်ချန်ကျီ၏မျက်လုံးများအတွင်း၌ တည်ကြည်လေးနက်မှုများ ဖြတ်ပြေးသွားသည်။ ကုထိုက်ယွမ်သည် အရှက်မဲ့သော်လည်း သူသည် အမှန်တကယ်ကို ကုမိသားစု၏မဟာဘိုးဘေးကြီးများအနက်မှ တစ်ဦးပင်။ သူသည် ကိစ္စရပ်များကို ရင်ဆိုင်ရာတွင် အလွန်ပြတ်သားပြီး အခြေအနေကို မည်သို့ အကဲခတ်ရမည်အား သိရှိထားသည်။ သူသည် နည်းဗျူဟာပညာရပ်ကို နက်ရှိုင်းစွာ နားလည်သဘောပေါက်ပြီး ရွေးချယ်မှုများပြုလုပ်ရာတွင် သူ၏ကျွမ်းကျင်မှုသည် သာမန်ထက် ကျော်လွန်ပေ၏။

ဤမျှကြီးမားသော ပေးဆပ်မှုကို ထုတ်ပြနိုင်ခြင်းကြောင့် ဤစီနီယာသည် သူ့အား သက်ညှာမှုတချို့ ပြသနိုင်ဖွယ်ရှိသည်။ ထိုလူယုတ်မာသည် လူအများ၏နှလုံးသားကို မည်ကဲ့သို့ အကဲဖြတ်ရမည်အား အမှန်တကယ်ကို သိရှိသည်။ ဤသည်မှာ အလွန်စက်ဆုပ်ရွံရှာဖွယ်ကောင်းပေ၏။

အရိုးစုသည် နောက်ဆုံးတွင် လက်လှမ်းကာ သိုလှောင်လက်စွပ်ကို ကောက်ယူလိုက်သည်အားကြည့်ရင်း ကုထိုက်ယွမ်၏ ယုံကြည်မှုတိုးလာပြီး သူ၏မျက်လုံးများအတွင်းတွင် စိုးရိမ်ပူပန်မှုနှင့်မျှော်လင့်ချက်တို့ဖြင့် ပြည့်နှက်နေသည်။

သူ၏အမြင်အရ ဤသူတော်စင်လက်စွပ်ထဲမှ ရတနာများသည် ဤပုဂ္ဂိုလ်၏အမြင်တွင် အတိုင်းအတာတစ်ခုအထိ တန်ဖိုးရှိနိုင်သည်။ ထို့ပြင် သူသည် ရိုးသားမှုကို ပြသခဲ့ပြီး သူ၏ စည်းစိမ်ဥစ္စာအားလုံးကို ထုတ်ပေးခဲ့လေရာ သက်ရောက်မှုတချို့ ရှိသင့်သည်။

သို့ရာတွင် အချိန်တခဏအတွင်းမှာပင် ထိုသိုလှောင်လက်စွပ်သည် ပေါင်းပင်တစ်ပင်အလား ဘေးသို့လွှင့်ပစ်ခံလိုက်ရမည်ကို မည်သူသိနိုင်မည်နည်း။ ကုထိုက်ယွမ်သည် မှင်သက်သွားကာ တန်ချန်ကျီသည်လည်း ကြက်သေသေသွားပေ၏။

"ဒါက ဘယ်လိုအမှိုက်မျိုးလဲ...မင်းက ဒီလိုအစုတ်အပြတ်တွေကို ထုတ်ပြရဲတဲ့ သတ္တိရှိတာလား... မင်းက ငါတို့ရဲ့အချိန်တွေကို ဖြုန်းနေတာပဲ....အမှိုက်ကောင် ငါ မင်းကို သတ်လိုက်တာကမှ ကောင်းဦးမယ်"

စိတ်အနှောင့်အယှက်ဖြစ်စွာဖြင့် ပြောဆိုလိုက်သော စကားသံများ ထွက်ပေါ်လာချိန်တွင် သူတို့နှစ်ဦးလုံး အံ့အားသင့်သွားကာ မျက်လုံးအပြူးသားဖြင့် စိုက်ကြည့်လိုက်ကြသည်။ သူတို့ နားကြားမှားခြင်း ဖြစ်နေသလော...။

ဤသည်မှာ ကုထိုက်ယွမ်၏ တသက်တာ စုဆောင်းမှုဖြစ်ပြီး ရှေးဟောင်းမိသားစုမှ ဘိုးဘေးတစ်ဦး၏ဘဏ္ဍာတိုက်ပင်။ ထိုအရာအတွင်းမှ ရတနာများနှင့်ပစ္စည်းများကို မဆိုထားနှင့် လက်စွပ်သက်သက်ပင်လျှင် အလွန်ရှားပါးသော ထိပ်တန်းအဆင့် သူတော်စင်ရတနာတစ်ခုဖြစ်သည်။ ဒေသတစ်ခုလုံးတွင် တစ်ခုတောင် ရှိချင်မှ ရှိပေမည်။ ဤရတနာသာပြင်ပသို့ ပျံ့နှံ့သွားပါက ထိုအရာအတွက် မရေမတွက်နိုင်သော မွန်းစတားအိုကြီးများ အကြိတ်အနယ် တိုက်ခိုက်ကြပြီး သွေးပင်လယ်ဝေသွားစေမည်မှာ သေချာပေါက်ပင်။

ဤကဲ့သို့ ရတနာသည် ဤအချိန်တွင် အမှိုက်သရိုက်မျှသာ ဖြစ်သွားခဲ့သလော။

တန်ချန်ကျီသည် နှုတ်ခမ်းသပ်လိုက်ပြီး စကားတစ်ခွန်းမှ မပြောနိုင်ဘဲ သူ၏လည်ချောင်း ခြောက်သွေ့လာသည်ကိုသာ ခံစားလိုက်ရသည်။ ဤစီနီယာ၏ကျင့်ကြံမှုကို တွေးတောကြည့်လျှင် သူ ငြင်းချက်ပင် မထုတ်နိုင်ခဲ့ချေ။

သူသည် သူ့ကိုယ်သူ အတွေ့အကြုံနုနယ်သေးသည်ဟုသာ သူ၏စိတ်အတွင်းမှ သက်ပြင်းချရုံသာ ရှိတော့သည်။ မူလက ယုံကြည်မှု အနည်းငယ်ရှိခဲ့သော ကုထိုက်ယွမ်သည်လည်း လုံးလုံးလျားလျား ကြက်သေသေသွားလေ၏။ သူသည် ရုတ်တရက် ထိုးနှက်ခံလိုက်ရသည့်အလား မျက်လုံးအပြူးသားဖြင့် မြေပြင်ပေါ်တွင် ဒူးထောက်နေပြီး မည်သို့မျှ မတုံ့ပြန်နိုင်တော့ချေ။

အရိုးစုလက်ချောင်းတစ်ချောင်း ဆန့်တန်းလာသည်ကိုကြည့်ရင်း သူ မလွဲမသွေ သေဆုံးရတော့မည်ဟူသော စိတ်ပျက်အားငယ်မှု တဖြည်းဖြည်း နီးကပ်လာသည်။ ကုထိုက်ယွမ်သည် ရုတ်တရက် သတိပြန်ဝင်လာပြီး သူ၏နှလုံးသားသည် လည်ချောင်းဝသို့ ရောက်လုမတတ် ဖြစ်သွားပေ၏။

သူသည် လျင်မြန်စွာ တောင်းပန်လိုက်ပြီး ရှေးဟောင်းမိသားစု ဘိုးဘေးတစ်ဦး ဖြစ်ခြင်း သို့မဟုတ် ဝါရင့်ကျင့်ကြံသူတစ်ယောက်၏ ဂုဏ်သိက္ခာတို့ကို ဤအချိန်တွင် လုံးလုံးလျားလျား မေ့ထားလိုက်သည်။

"စီ... စီ... စီနီယာ...."

"ခဏနေပါအုံး...ဂျူနီယာရဲ့ကုမိသားစုက ထူးကဲတဲ့ အမွေအနှစ်တွေရှိတဲ့ ရှေးဟောင်းမိသားစုတစ်ခုပါ.... ကုမိသားစုမှာ လျှို့ဝှက်ရတနာတွေ အများကြီးရှိပါတယ်...စီနီယာ လိုအပ်တယ်ဆိုရင် အဲ့ဒီအရာအားလုံးကို လိုလိုလားလား ဆက်သပါ့မယ်...စီနီယာက သနားညှာတာပေးဖို့ ကျွန်တော် မျှော်လင့်ပါတယ်"

ဤကိစ္စကို ယုံရခက်သော်လည်း ကုထိုက်ယွမ်က သူ၏သိုလှောင်လက်စွပ်သည် ဤပုဂ္ဂိုလ်ကို ဆွဲဆောင်နိုင်ရန် လုံလောက်အောင် အဖိုးတန်ခြင်း မရှိသည်ကို သိရှိထားသည်။ သူ အသက်ရှင်ရန် တစ်ခုတည်းသော အခွင့်အရေးမှာ ရှေးဟောင်း မိသားစု၏အမည်ကို အသုံးပြုပြီး တစ်ဖက်သားကို ပို၍တန်ဖိုးရှိသော ရတနာများဖြင့် ဆွဲဆောင်ရန်ပင်။

သူ အရေးတကြီး ပြောလိုက်ချိန်တွင် ထိုလက်ချောင်းသည် အမှန်တကယ် ရပ်တန့်သွားသည်။ ကူထိုက်ယွမ်သည် ထိုအခွင့်အရေးကို လျင်မြန်စွာ အရယူလိုက်ပြီး အရိုးစုဖြစ်စေ ခွေးဖြစ်စေ ကြောင်စီစီဝက်ဝံကိုပင်ဖြစ်စေ သူတို့၏ပုံပန်းသွင်ပြင်များကို ဂရုမစိုက်ဘဲ ထပ်မံ ၍ ဦးညွှတ်တောင်းပန်လိုက်သည်။

"စီနီယာ....စီနီယာတို့..."

"ဂျူနီယာကို အသက်ချမ်းသာပေးသမျှ ကာလပတ်လုံး မိသားစုထဲက အရာအားလုံးကို ဆက်သပါ့မယ်"

သူ၏ဟန်ပန်သည် အလွန်ရိုးသားပြီး အသိတရားရှိကာ နားလည်တတ်ပုံပေါ်သည်။

အောင်းချင်သည် သူ့ကို တစ်ချက် ကြည့်လိုက်ပြီးနောက် ပျင်းတိပျင်းရွဲလေသံဖြင့် ပြောဆိုသည်။

"မင်းဆီမှာ မိန်းကလေးတွေ ရှိလား"

ကုထိုက်ယွမ်သည် ထိုမေးခွန်းကြောင့် ကြောင်သွားပြီး သူ၏မျက်လုံးများအတွင်း၌ မယုံကြည်နိုင်မှုများ ထင်ဟပ်နေသည်။ အချိန်တခဏအတွင်းမှာပင် သူသည် များစွာမစဉ်းစားတော့ဘဲ ဂန္ဓမာပန်းပွင့်ကြီး ပွင့်လန်းနေသကဲ့သို့ မျက်နှာချိုသွေးသောအပြုံးဖြင့် လျင်မြန်စွာ တုံ့ပြန်အဖြေပေးလိုက်သည်။

"ရှိပါတယ်.. ရှိပါတယ်...ရှိပါတယ်...စီနီယာတို့ ဘာပဲလိုအပ်လိုအပ် ကျွန်တော်တို့ဆီမှာ အားလုံးရှိပါတယ်"

ထိုသတင်းအချက်အလက်ကို အတည်ပြုပြီးနောက် အောင်းချင်သည် လုပမ်ဝေကို မျှော်လင့်တကြီးကြည့်ကာ ညွှန်ကြားချက်များကို စောင့်ဆိုင်းလိုက်သည်။

"အစ်ကိုကြီး မိန်းကလေးတွေ ရှိတယ်တဲ့"

လုပမ်ဝေ၏မျက်နှာ ချက်ချင်းဝင်းပလာပြီး သူ၏စိတ်ဓာတ်များ တက်ကြွသွားပေ၏။

"မိန်းကလေးတွေလား...."

"ကောင်းတယ်... ဒါဆိုရင် ငါတို့ သူ့နောက်ကို လိုက်သွားကြတာပေါ့...ချင် မင်းရဲ့သတင်းအချက်အလက်က တော်တော်လေးတိကျပုံပဲ"

ရုတ်ချည်းဆိုသလိုပင် အောင်းချင်၏မျက်နှာသည် ဂုဏ်ယူဝံ့ကြွားမှုဖြင့် တောက်ပသွားပြီး ကင်းခြေများ ဝက်ဝံကြီးနှင့် စိတ်ဝိညာဉ်ဘုရင်တို့ကလည်း စိတ်လှုပ်ရှားစွာ အော်ဟစ်အားပေးလိုက်ကြသည်။ ယခင်က တင်းမာခက်ထန်မှုများအားလုံး ပျောက်ကွယ်သွားပြီး ပတ်ဝန်းကျင်နေရာတဝိုက်လုံး ရုတ်တရက် သက်ဝင်လှုပ်ရှားလာသည်။

မမျှော်လင့်ထားသော အလှည့်အပြောင်းကို ကြည့်ရင်း ကုထိုက်ယွမ်နှင့်တန်ချန်ကျီတို့သည် လုံးလုံးလျားလျား မှင်သက်သွားကြ၏။

ရန်ငြိုးရှိသော ထိုလူနှစ်ဦးသည် ယခုအချိန်တွင် တိတ်တဆိတ် အကြည့်ချင်း ဖလှယ်လိုက်ကြသည်။ သူတို့နှစ်ဦးလုံးသည် လက်ရှိအခြေအနေကို အနည်းငယ်မျှ နားမလည်နိုင်ဘဲ အလွန်အမင်း စိတ်ရှုပ်ထွေးနေသည်။

လျှို့ဝက်ဆန်းကြယ်သော ထိပ်သီးကျင့်ကြံသူများသည် ရုတ်တရက် အော်ဟစ်ကြွေးကြော်နေသည်ကို သူတို့ ကြည့်နေမိသည်။ ထိုတည်ရှိမှုကြီးများသည် လောကကြီးကို တစ်ကြိမ်တစ်ခါမှ မမြင်ဖူးသည့် မည်သည့် လှည့်ဖြားမှုမျှ မရှိသော လူငယ်လေးများနှင့် သူတို့နှစ်ဦးလုံးကို လုံးလုံးလျားလျား စိတ်ရှုပ်ထွေးသွားစေသည်။

ထိုအရိုးစုသည် နတ်ဆိုးနှစ်ကောင်ကို လက်တစ်ချောင်းတည်းဖြင့် ချေမှုန်းနိုင်ပြီး သူ၏ကျင့်ကြံမှုသည် သာမန်သူတော်စင်များထက် များစွာပို၍ သာလွန်သည်။ ထိုသို့သောအဆင့်သို့ ရောက်ရှိသွားသော တည်ရှိမှုများသည် လောကီအရာအားလုံးကို လျစ်လျူရှုပြီး ရတနာဟုခေါ်သောအရာများကို မြေမှုန့်မျှသာ မြင်သည်။ ဤသည်မှာ သူတို့ စိတ်ကူးယဥ်တွေးတောနိုင်စွမ်းထက် ကျော်လွန်သော အဆင့်တစ်ခုပင်။

ကုထိုက်ယွမ်၏သိုလှောင်လက်စွပ်ကို တန်ဖိုးမထားသည့်ကိစ္စကို သူတို့နှစ်ဦးသည် အတင်းအကြပ်လက်ခံနိုင်ခဲ့ရပေ၏။ ဤသည်မှာ ကျင့်ကြံဆင့်စွမ်းအားကြောင့် ဖြစ်ပေါ်လာသော အမြင်ရှုထောင့် ကွာခြားချက်ပင်။ သို့ရာတွင် ယခုအချိန်၌ မိန်းကလေးများအကြောင်း ကြားရုံမျှဖြင့် ဤထိပ်သီးကျင့်ကြံသူသူများသည် အော်ဟစ်ကြွေးကြော်နေကြသည်မှာ သူတို့၏အမြင်အရ မိန်းမလှလေးများသည် လူများ အိပ်မက်မက်သော ရတနာများထက် များစွာပို၍ အလေးသာနေသည့်အလားပင်...

ဤသည်မှာ ကျိုးကြောင်းဆီလျော်ပါသလော...

ဤမျှလောက် ကျင့်ကြံဆင့်မြင့်မားသော တည်ရှိမှုကြီးများထံတွင် နိမ့်ပါးသော အသိအမြင်များ ရှိနိုင်ပါသလော။

သူတို့သည် ဤကိစ္စကို စဉ်းစား၍ မရသည့်အပြင် ခန့်မှန်း၍လည်း မရခဲ့ပေ။

သို့ရာတွင် အခြေအနေသည် ပြေလည်သွားပြီး ကုထိုက်ယွမ်သည်လည်း အသက်ဘေးမှ လွတ်မြောက်သွားသည်ကို မြင်ချိန်၌ တန်ချန်ကျီသည် မလိုလားသော်လည်း နောက်ထပ် စကားတစ်ခွန်းမျှ မပြောဝံ့တော့ချေ။

ကုထိုက်ယွမ်သည် ပို၍ပင်မျက်နှာချိုသွေးလိုက်ပြီး သူသည် ဖြည်းညှင်းစွာ ထရပ်ကာ အလွန်အမင်းဖော်ရွေသော အမူအယာဖြင့် ဦးညွှတ်လိုက်သည်။

"စီနီယာမှာ အရေးကြီးကိစ္စ မရှိဘူးဆိုရင် ဒီဂျူနီယာရဲ့ နွမ်းပါးတဲ့အိမ်ကို လိုက်ခဲ့ပေးပါ...စီနီယာတို့အားလုံး စိတ်ကျေနပ်အောင် ကျွန်တော်က သေချာပေါက် လုပ်ဆောင်ပေးပါ့မယ်"

ဤစကားများ ထွက်ပေါ်လာချိန်တွင် လုပမ်ဝေ၏လေသံသည် သိသိသာသာ ပျော့ပျောင်းသွားပေ၏။

"ဒီကောင်စုတ်လေးက တော်တော်လေး အသိတရားရှိတာပဲ...မဆိုးဘူး မဆိုးဘူး"

ခွေးနှင့် ကင်းခြေများတို့ကလည်း ပြောဆိုကြပြီး ပျော်ရွှင်ဖွယ်ကောင်းသော အငွေ့အသက်ကို အထွတ်အထိပ်သို့ ပို့ဆောင်လိုက်သည်။

"ဒီကောင်စုတ်လေးမှာ အနာဂတ်ရှိတယ်"

"အင်း ဒါက အမှန်ပဲ.... သူက ငါတို့ညီအစ်ကိုတွေရဲ့ တစ်သောင်းပုံတစ်ပုံလောက် ကောင်းတယ်.... ဒါပေမဲ့ အစ်ကိုကြီးရဲ့ တစ်သောင်းပုံတစ်ပုံနဲ့ ယှဉ်ရင်တော့ သူက အဆပေါင်း တစ်သန်းလောက် ပိုဆိုးနေတုန်းပဲ"

လုပမ်ဝေသည် အလွန် ပျော်ရွှင်စွာ နားထောင်နေပြီး သူ၏လက်များကို အိတ်ကပ်ထဲထည့်ကာ ခန့်ညားထည်ဝါသော ပုံစံဖြင့် မတ်တတ်ရပ်နေသည်။ သူ၏ခွာမြင့်ဖိနပ်များမှ သိသာထင်ရှားသော အလင်းရောင်များ ဖြာထွက်နေပေ၏။

"ဆက်ပြောကြ မရပ်နဲ့..."

"ဟား ဟား ဟား..."

ရယ်သံများပွင့်အံ့ထွက်လာပြီး ပျော်ရွှင်နေသော လုပမ်ဝေတို့တစ်သိုက်သည် ကုထိုက်ယွမ်နှင့်အတူ ထွက်ခွာသွားရန် စိတ်အားထက်သန်နေကြလေပြီ။ ရုတ်ချည်းဆိုသလိုပင် သူတို့သည် လုံးလုံးလျားလျား ကွဲပြားခြားနားသောလူများ ဖြစ်သွားသည့်အလား အလွန်ရင်းနှီးခင်မင်ဖွယ် ကောင်းသွားသည်။

ဤခင်မင်ဖွယ်ကောင်းသော အမူအရာသည် ကြောက်ရွံ့တုန်လှုပ်စွာ အကြိမ်ကြိမ် ဦးညွှတ်နေသော ကုထိုက်ယွမ်ကို လုံးလုံးလျားလျား စိတ်ရှုပ်ထွေးသွားစေသည်။

သူတို့အားလုံး ပျော်ရွှင်နေကြသည့် အချိန်တွင် တန်ချန်ကျီက ရှေ့သို့ တိုးကာ ဦးညွှတ်လိုက်သည်။ သူသည် အသက်ရှူချိန် အနည်းငယ်ကြာမျှ တုံ့ဆိုင်းနေခဲ့သည်။ ထို့နောက် သူသည် သတ္တိမွေးကာ လုပမ်ဝေအား တောင်းဆိုလိုက်၏။

"စီနီယာ...မကြာသေးခင်က နတ်ဆိုးနယ်မြေရဲ့ နက်ရှိုင်းတဲ့နေရာတွေကနေ အစွမ်းထက်တဲ့ အငွေ့အသက်တွေ အဆက်မပြတ် ထွက်ပေါ်နေတယ်..ထူးကဲတဲ့ နတ်ဆိုးတချို့ နိုးထလာတဲ့ပုံပဲ ...ခုဏတွေ့ခဲ့တဲ့ နတ်ဆိုးနှစ်ကောင်ကတောင် မယုံနိုင်လောက်အောင် အစွမ်းထက်ပြီးတော့ ကျွန်တော်တို့က သူတို့ကို မယှဉ်နိုင်ခဲ့ဘူး"

"စီနီယာရဲ့ကျင့်ကြံမှုက နက်နဲသိမ်မွေ့တယ်...ဒီနေ့ စီနီယာကို တွေ့ဆုံခွင့်ရတာက ဂျူနီယာရဲ့ ကံကောင်းမှုဖြစ်သလို လူသားအားလုံးအတွက်လည်း ကောင်းချီးမင်္ဂလာပါပဲ...ဒီဂျူနီယာ အတင့်ရဲပြီး တောင်းဆိုချင်တာကတော့ စီနီယာက အပြစ်မဲ့တဲ့ အသက်တွေကို ထောက်ထားပြီး နတ်ဆိုးနယ်မြေကို စုံစမ်းစစ်ဆေးပေးဖို့ မျှော်လင့်ပါတယ်... ဂျူနီယာ စီနီယာဆီမှာ ဝမ်းမြောက်ဝမ်းသာ အမှုထမ်းပါ့မယ်"

သူ၏စကားလုံးများသည် အတိအကျ ရွေးချယ်ထားပြီး အလွန်ရိုသေလေးစားမှု ရှိသည်။ ဤလေးစားဖွယ်ကောင်းသော ပုဂ္ဂိုလ်သည် တစ်ချိန်က ကူညီပေးရန် လက်တစ်စုံ ကမ်းခဲ့ဖူးရာ ဤကိစ္စကို သူ ငြင်းဆန်လိမ့်မည် မဟုတ်ပေ။ သာမန် စုံစမ်းစစ်ဆေးမှုတစ်ခုသည် သူ့အတွက် အားထုတ်မှုအနည်းငယ် ပြုလုပ်ရုံမျှပင် လိုအပ်လိမ့်မည် မဟုတ်ချေ။

သူ ရိုသေစွာ စောင့်ဆိုင်းနေချိန်တွင် သူသည် ပြတ်သားသော ငြင်းဆန်မှုတစ်ခုနှင့် ကြုံတွေ့လိုက်ရသည်။

"မလုပ်ဘူး...."

တန်ချန်ကျီသည် မော့ကြည့်လိုက်ပြီး သူ၏မျက်လုံးများသည် အံ့အားသင့်မှုကြောင့် ပြူးကျယ်သွားပေ၏။

"စီနီယာ...."

လုပမ်ဝေသည် သူ့အားကြည့်ရန်ပင် စိတ်မဝင်စားတော့ဘဲ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

"ဘာ နတ်ဆိုးနယ်မြေလဲ..... မိန်းကလေးတွေထက် ဘာက ပိုအရေးကြီးလို့လဲ"

တန်ချန်ကျီသည် နှုတ်ခမ်းစေ့လိုက်ပြီး နောက်ထပ် စကားတစ်ခွန်းမျှ မပြောနိုင်တော့ပေ။ သူ အချိန်တခဏယူ၍ စဉ်းစားတွေးတောလိုက်သည်။ ဤစီနီယာမှ သူ့ကို ကူညီပေးခဲ့ခြင်းကပင် အလွန်တရာ ကြင်နာသနားမှု ပြသပြီးဖြစ်ကာ လူသားမျိုးနွယ်ဝင်ဖြစ်သော ကုထိုက်ယွမ်ထက် အဆတစ်ထောင် ပို၍ကောင်းမွန်ပေ၏။

ဤမျှ ကြီးမားသော ကျေးဇူးတရားကို ပြန်မဆပ်ရသေးဘဲ သူသည် မည်သည်ကြောင့် အရှက်မရှိဘဲ နောက်ထပ်အကူအညီကို တောင်းနိုင်မည်နည်း။ အရာအားလုံးကို နားလည်သွားပြီးနောက် တန်ချန်ကျီသည် ရိုသေလေးစားစွာ ဦးညွှတ်လိုက်၏။

လေဟာနယ် လှိုင်းထသွားသည်ကို ကြည့်ရင်း သူသည် နှမြောတသစိတ် အနည်းငယ်ကို မထိန်းနိုင်ဘဲ ဝတ်ရုံနက်ဝတ်ဆင်ထားသော ပုံရိပ်များကို စိတ်ရှုပ်ထွေးသော အမူအယာဖြင့် စိုက်ကြည့်နေမိသည်။

ထိုပုံရိပ်များ လေဟာနယ်ထဲသို့ ဝင်ရောက်သွားပြီးနောက် လုပန်ဝေ၏တည်ငြိမ်အေးဆေးသော အသံက အဝေးမှမျောလွင့်လာသည်။

"မင်း ဘာမှစိတ်မပူပါနဲ့...အဲ့ဒီအငွေ့အသက်လောက်က ဘာလှိုင်းမှ မထစေနိုင်ဘူး.. အနာဂတ်မှာ တစ်ယောက်ယောက်က ဖြေရှင်းပါလိမ့်မယ်"

ဤစကားကို ကြားလိုက်ရချိန်တွင် တန်ချန်ကျီ၏ခန္ဓာကိုယ်၌ ချွေးစေးများ ထွက်လာသည်။ သူ၏အမြင်တွင် မယုံနိုင်လောက်အောင် အစွမ်းထက်သော နတ်ဆိုးများသည် ဤစီနီယာ၏နှုတ်ဖျားတွင်မူ သာမန်ကိစ္စမျှသာ ဖြစ်နေသည်။ သူတို့ကြားမှ ကွာခြားချက်ကို စိတ်ကူးယဥ်ကြည့်၍ပင် မရနိုင်ချေ။

သူ ဤစကားများကို သုံးသပ်နေချိန်တွင် သူ့ထံ၌ မျှော်လင့်ချက်များ ပြည့်နှက်လာသည်။ အရာအားလုံးသည် မမြင်နိုင်သော ကံကြမ္မာတွင် ကြိုတင်သတ်မှတ်ထားသည့်အလားပင်။

ဤစီနီယာသည် အတွင်းရေးသတင်းတချို့ကို သိရှိထားပြီး အနာဂတ်တွင် မည်သို့ဖြစ်လာမည်ကို သိနေပုံရသည်။ စီနီယာ၏ ယခင်စကားလုံးများနှင့် အပြုအမူများကို ပြန်လည်သတိရမိသဖြင့် တန်ချန်ကျီသည် ပို၍ပင်နက်နဲသိမ်မွေ့စွာ ခံစားလိုက်ရသည်။ ထိုစီနီယာမှ မိန်းကလေးများရှာဖွေခြင်းနှင့် ပတ်သက်သော မှတ်ချက်များပင်လျှင် နက်ရှိုင်းသော အဓိပ္ပာယ်များ ဆောင်နေသည့်အလားပင်။ သူ နောက်ထပ် မေးမြန်းရန် ပြင်လိုက်ချိန်တွင် ထိုပုံရိပ်သည် ပျောက်ကွယ်သွားခဲ့လေပြီ။

တန်ချန်ကျီသည် နေရာတွင်ပင် ရိုသေစွာ ဦးညွှတ်လိုက်ပြီး ထိုအရိုးစုမျက်နှာကို သူ၏စိတ်ထဲတွင် လေးလေးနက်နက် မှတ်သားလိုက်၏။

All Chapters