← Chapters

အခန်း (၁၀၀၀)

Vol. 67 Ch. 1000

အခန်း (၁၀၀၀)

Vol. 67 Ch. 1000

မိုင်ထောင်ပေါင်းများစွာ အကွာတွင်...

ရှေးဟောင်းမိသားစုဖြစ်သော ကုမိသားစုသည် သူတို့၏ဘိုးဘေးထံမှ သတင်းစကားတစ်ခုကို လက်ခံရရှိခဲ့သည်။ ဂုဏ်သရေရှိ ဧည့်သည်များ စုဝေးရောက်ရှိလာမည်ဖြစ်ပြီး မိသားစုတစ်ခုလုံးက သူတို့ကို ကြိုဆိုရမည်ဟုဆိုသည်။ သို့ရာတွင် ထိုတည်ရှိမှုများ ပင်မခန်းမဆောင်တွင် နေရာယူလိုက်ချိန်၌ မိသားစု၏ပါရမီရှင်များနှင့် ထူးချွန်သူအားလုံး အံ့အားသင့်သွားကြသည်။

လူတစ်ယောက်၏အရပ်တစ်ဝက်ခန့် ပုသော အရိုးစုတစ်ကောင်သည် အဓိကနေရာတွင် ထိုင်နေလေ၏။

သူသည် ခွာမြင့်ဖိနပ်ကိုစီးထားပြီး အဓိပ္ပာယ်မရှိသော စကားများကို ရေရွတ်နေသည်။

သူ့ဘေးတွင် ခွေးတစ်ကောင်ထိုင်နေပြီး အကြီးအကဲတစ်ယောက်ကဲ့သို့ မာနထောင်လွှားစွာ ပြုမူနေသည်။ ကင်းခြေများတစ်ကောင်လည်း ဧည့်သည်ထိုင်ခုံတွင် ထိုင်နေပြီး သူ၏ခြေထောက်ရာပေါင်းများစွာသည် အဆက်မပြတ် ပွတ်သပ်နေကာ မျက်လုံးများက တောက်ပနေသည်။ စိတ်ဝိညာဉ်ဘုရင်သည် သရဲမီးတောက်ကဲ့သို့ မျောလွင်နေသည်။ နောက်ဆုံး ဝက်ဝံကြီးသည်လည်း ကြောင်စီစီအသွင်ရှိကာ အရူးတစ်ယောက်ကဲ့သို့ လုံးလုံးလျားလျား ဖြစ်နေလေ၏။

ဤထူးဆန်းသော သက်ရှိအုပ်စုကို ဂုဏ်သရေရှိ ဧည့်သည်များဟု မည်သို့ မှတ်ယူနိုင်မည်နည်း။

ကုမိသားစုသည် ဤဒေသတွင် နှစ်သောင်းနှင့်ချီ၍ ရပ်တည်ခဲ့ပြီး ယွင်ရှင်းနယ်မြေတွင် နာမည်ကျော်ကြားသော မိသားစုကြီးတစ်စုအဖြစ် သတ်မှတ်ခံရသည်။ မိသားစုဝင်များသည် ခရီးသွားလာမှုများပြားပြီး အတွေ့အကြုံကြွယ်ဝပေ၏။ အစစ်အမှန်သူတော်စင်များ ရောက်ရှိလာခြင်းပင်လျှင် ကုမိသားစုအတွက် သာမန်သာဖြစ်သည်။

သို့ရာတွက် ဤတစ်ကြိမ်မှာမူ သူတို့အတွက် အမှန်တကယ်ကို အမြင်ကျယ်စေခဲ့သည်။

ဆပ်ကပ်ပွဲမှ တိုက်ရိုက်ထွက်လာပုံရသော သက်ရှိများကို ဂုဏ်သရေရှိ ဧည့်သည်များဟု ပြောနေသလော...

ကုမိသားစု၏ပါရမီရှင်အုပ်စုတစ်စုသည် ခန်းမအပြင်ဘက်တွင် မတ်တတ်ရပ်နေကြပြီး တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မည်သည့်ကိစ္စများ ဖြစ်နေသည်ကို မည်သူမျှ နားမလည်ကြပေ။

သို့ရာတွင် ခန်းမထဲတွင် မတ်တတ်ရပ်နေသော ကုမိသားစု၏ဘိုးဘေးဖြစ်သူ ကုထိုက်ယွမ်သည် အဝေးမှ အမျိုးမျိုးသော အကြည့်များကို ဂရုမစိုက်ချေ။ သူသည် လက်အောက်ခံအစေအပါးတစ်ယောက်သဖွယ် ပြုံးပြလိုက်သည်။

"ခဏစောင့်ပေးပါ စီနီယာတို့...ဒီအင်မော်တယ်လက်ဖက်ရည်ကို သုံးဆောင်လိုက်ပါအုံး... ကျွန်တော်တို့မိသားစုရဲ့ အလှပဆုံးအမျိုးသမီးတွေနဲ့ တွေ့ဆုံဖို့ မကြာခင်မှာ ဖိတ်ခေါ်ပါ့မယ်"

အောင်းချင်သည် ချက်ချင်းဆိုသလိုပင် စိတ်မကျေမနပ်ဖြစ်သွားသည်။

"မိန်းကလေးတွေ ရှိတယ်ဆို...ဘာလို့ ငါတို့က သွားတွေ့ရမှာလဲ... သူတို့က ဒီကို ဘာလို့မလာတာလဲ"

ကုထိုက်ယွမ်က အနေခက်စွာပြုံးကာ လျင်မြန်စွာ ရှင်းပြလိုက်သည်။

"စိတ်မဆိုးပါနဲ့ စီနီယာတို့.... ကျွန်တော်တို့ မိသားစုရဲ့ မိန်းမလှလေးတွေက ငယ်ရွယ်ပြီးတော့ အိမ်ထောင်မပြုရသေးတဲ့အတွက် ဧည့်သည်တွေနဲ့ အများအားဖြင့် မတွေ့ဆုံရပါဘူး..."

ဤရှင်းပြချက်သည် အနည်းငယ် ကျိုးကြောင်းဆီလျော်သော်လည်း အောင်းချင်တို့တစ်သိုက်ကို မိသားစုအကြီးအကဲ၏ဇနီးကို လာရောက်လုယူသော ဓားပြများကဲ့သို့ ခံစားရစေသည်။ ဤကိစ္စသည် ကုထိုက်ယွမ်ကို အလွန်အမင်း ကြောက်လန့်သွားစေသည်။

လုပမ်ဝေကမူ အလွန်စိတ်ရှည်ပြီး သဘောထားကြီးသောလေသံဖြင့် ညွှန်ကြားလိုက်သည်။

"ချင်....မင်းက တည်တည်ကြည်ကြည်နေရမယ်.... တည်တည်ကြည်ကြည်နေရမယ်ဆိုတာကို မင်း နားလည်လား...မင်း စိတ်မရှည်ဘူးဆိုရင် မိန်းမလှလေးတွေကို ကြောက်လန့်သွားစေလိမ့်မယ်....ငါတို့က အရည်အချင်းရှိတဲ့လူတွေ... ကိုယ့်ရဲ့တည်ကြည်မှုကို ဂရုစိုက်စမ်း..."

"ပြီးတော့ ငါတို့အားလုံးက ယဉ်ကျေးတဲ့လူတွေ..ဒေသတစ်ခုရဲ့ ဓလေ့ထုံးစံတွေကို နားလည်ရမယ်..."

အောင်းချင်နှင့်ကင်းခြေများတို့သည် နက်နဲသော အမှန်တရားကို ကြားလိုက်ရသည့်အလား ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်ကြသည်။

ကုထိုက်ယွမ်သည် အင်မော်တယ်လက်ဖက်ရည် ယူဆောင်လာရန် အစေခံမလေးတချို့ကို လျင်မြန်စွာ ခေါ်လိုက်သည်။ သူမတို့သည် အစေခံမလေးများ ဖြစ်သော်လည်း ရှေးဟောင်းမိသားစုသို့ ဝင်ရောက်နိုင်သူများဖြစ်သဖြင့် ထူးချွန်သော ပါရမီရှိကြပြီး သူမတို့၏လှပမှုသည်လည်း ရင်သပ်ရှုမောဖွယ်ကောင်းပေ၏။

ရှည်လျားသောဝတ်စုံများကို ဝတ်ဆင်ထားသော အစေခံမလေးတချို့သည် ကျက်သရေရှိစွာ ဝင်ရောက်လာပြီး အင်မော်တယ်လက်ဖက်ရည်များကို ဂရုတစိုက် ဆက်သလိုက်သည်။ ရုတ်ချည်းဆိုသလိုပင် လုပမ်ဝေတို့ထံမှ ချီးမွမ်းသံများ ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်အခြေအနေ သိသိသာသာ ပေါ့ပါးသွားသည်။

ခွေးတို့တစ်သိုက်သည် စိတ်အားထက်သန်သော မျှော်လင့်ချက်များဖြင့် ဤမြင်ကွင်းကို ကြည့်နေကြသည်။

နူးညံ့အလှပဆုံး အစေခံမလေးသည် အင်မော်တယ်လက်ဖက်ရည်ထည့်ထားသော ဗန်းကိုကိုင်ကာ အဓိကထိုင်ခုံသို့ သတိကြီးစွာ လျှောက်လှမ်းသွားပြီး လက်ဖက်ရည်ခွက်ကို စားပွဲပေါ်တွင် ဂရုတစိုက် ချထားလိုက်သည်။

လူများအားလုံး၏အကြည့်အောက်တွင်...

လုပမ်ဝေသည် သူ၏ကျက်သရေရှိသော ညာဘက်အရိုးလက်ဝါးကို ဆန့်တန်းလိုက်ပြီး လက်ဝါးကို အောက်သို့မျက်နှာမူထားသည်။

"မိန်းကလေး...ဒါက ကျွန်တော့်ရဲ့ လက်ဖမိုးပါ"

အစေခံမလေးသည် ဖြူဖျော့နေသော အရိုးများကိုမြင်ပြီး ဇဝေဇဝါဖြင့် ကြက်သေသေသွားသော်လည်း မသိစိတ်မှ အလိုအလျောက် တုံ့ပြန်နိုင်ခဲ့သည်။

"ဟုတ်... ဟုတ်ကဲ့"

ထို့နောက် လုပမ်ဝေသည် ခုံမြင့်ဖိနပ်စီးထားသော သူ၏ညာခြေကို ဆန့်ထုတ်လိုက်သည်။

"ဒါကတော့ ကျွန်တော့်ရဲ့ ခြေဖမိုးပါ"

ယခင်အတိုင်း ကြောက်မက်ဖွယ်ကောင်းသော ဖြူဖပ်ဖြူရော် အရိုးများသည် အစေခံမလေးကို မည်သို့တုံ့ပြန်ရမည်မှန်း မသိအောင် မှင်တက်သွားစေပြီး သူမ၏နူးညံ့သောလက်များ အနည်းငယ်တုန်ယင်နေသည်။

လုပမ်ဝေသည် သူ၏ဝတ်ရုံကိုချွတ်လိုက်ပြီး မည်သည့်နေရာမှ ထုတ်ယူလိုက်မှန်းမသိရသော နှင်းဆီပန်းတစ်ပွင့်ကို သူ၏အပေါ်အောက်သွားများကြားတွင် ကိုက်ထားကာ ခန့်ညားပြီး ဆွဲဆောင်မှုရှိသော အပြုံးကို ပြသလိုက်သည်။

"မင်းကတော့ ကျွန်တော့်ရဲ့ အချစ်ဆုံးလေးပါပဲ..."

လက်ဖက်ရည်ဆက်သနေသော အစေခံမလေးသည် ကြောက်မက်ဖွယ်အရိုးစုကို ကြည့်ရင်း လုံးလုံးလျားလျား ထိတ်လန့်နေသည်။ သူမသည် မည်သည့်အရာကိုမျှ ရှင်းရှင်းလင်းလင်း မကြားနိုင်သောကြောင့် လျင်မြန်စွာ ဦးညွှတ်လိုက်ပြီး သူမ၏အသံသည် တုန်ယင်နေပေ၏။

"အ... အရှင်...လက်ဖက်ရည် သုံးဆောင်လိုက်ပါအုံး..."

ဤမြင်ကွင်းမှာ အလွန်အမင်း ထူးဆန်းသည်။

ကုထိုက်ယွမ်သည် ကြက်သေသေစွာဖြင့် ကြည့်နေပြီး စကားတစ်ခွန်းမျှ မဆိုနိုင်တော့ချေ။ တံခါး၏အပြင်ဘက်တွင် စောင့်ဆိုင်းနေသော ကုမိသားစုဝင်များသည်လည်း အဝေးမှကြည့်ရင်း မှင်တက်နေကြသည်။

အောင်းချင်မှာမူ ပို၍ပင်စိတ်လှုပ်ရှားလာပြီး သူ၏မျက်နှာတွင် လေးစားကြည်ညိုမှုများ ပြည့်နှက်နေကာ အရေးကြီးသောအရာတစ်ခုကို ဆုပ်ကိုင်နိုင်ခဲ့သည့်အလားပင်။

"အစ်ကိုကြီးက အရမ်းတော်တာပဲ... အဲ့ဒီလှုပ်ရှားမှုက မယုံနိုင်စရာပဲ...စကားနည်းနည်းပြောရုံနဲ့ မိန်းကလေးတွေကို ရှက်သွားအောင် လုပ်နိုင်တယ်..."

ကင်းခြေများက ထပ်ခါတလဲလဲ ခေါင်းညိတ်လိုက်သည်။

"ဟုတ်တယ်...ဒါက အမှန်ပဲ. ကျွန်တော် သင်ယူလိုက်ပြီ..ကျွန်တော် သင်ယူလိုက်ပြီ..အစ်ကိုကြီးဆိုတာ ဒီလိုပဲဖြစ်ရမယ်..."

ခန်းမထဲတွင် ရယ်သံများ ထပ်မံ၍ထွက်ပေါ်လာပြီး ထူးဆန်းသောသက်ရှိအုပ်စုသည် ပျော်ရွှင်နေကြ၏။ ကုထိုက်ယွမ်၏မျက်နှာသည် တဆတ်ဆတ်တုန်ရီနေပြီး သူ၏နဖူးပေါ်တွင် အနက်ရောင်အရေးအကြောင်းများ ထင်ဟပ်နေပေ၏။

ဒါက ရှက်တာလား...

သူတို့က သေမလောက် ကြောက်နေတာလေ...

သို့ရာတွင် တစ်ဖက်လူ၏ကျင့်ကြံမှုသည် နက်ရှိုင်းသောကြောင့် ကုထိုက်ယွမ်သည် တောင်းပန်သောအပြုံးဖြင့် ပြောဆိုရုံသာ တတ်နိုင်ခဲ့သည်။

"ဟား ဟား ဟား... စီနီယာတို့က တကယ့်ကို ကျက်သရေရှိကြတာပဲ.."

သူတို့ကို စကားအနည်းငယ်ဖြင့် ထပ်မံမြှောက်ပင့်ပြီးနောက် သူသည် ပို၍လှပသော မိန်းကလေးများကို ရှာဖွေရန် အကြောင်းပြချက်ဖြင့် ခန်းမမှထွက်ခွာသွားပြီး အခြေအနေကို ထိန်းသိမ်းရန် အစေခံမလေးတချို့ကို ချန်ထားခဲ့သည်။

သူသည် ပင်မအိမ်တော်၏ခြံဝင်းမှ ထွက်လာချိန်၌...

မိသားစု၏ အဆင့်မြင့်မိသားစုဝင်အုပ်စုတစ်စုသည်လည်း ထပ်ချပ်မကွာ လိုက်ပါလာကြ၏။ ကုမိသားစုခေါင်းဆောင်ဖြစ်သူ ကုတောက်ဟိုင်သည် နောက်ဆုံးတွင် စိတ်မထိန်းနိုင်တော့ဘဲ ရှေ့သို့တက်လှမ်းလာသည်။ သူသည် သူ၏နတ်ဘုရားစိတ်အာရုံကို အသုံးပြု၍ အတားအဆီးတစ်ခု ဖန်တီးပြီး ဦးညွှတ်အရိုအသေပြုကာ စိတ်ပျက်လက်ပျက်ဖြင့် ပြောဆိုလိုက်သည်။

"ဘိုးဘေး...ဘာဖြစ်လို့ ဒီကြောင်တောင်တောင်အုပ်စုကို ဒီလောက်ထိ ရိုသေနေရတာလဲ...ချန်အာအတွက် လက်စားချေဖို့ကိစ္စက မပြီးမြောက်သေးဘူး၊ ဒါက..."

သူ၏စကားဆုံးသည်နှင့် ကုထိုက်ယွမ်သည် ရုတ်တရက် လှည့်ကြည့်လိုက်၏။

သူ၏မျက်လုံးများမှ ကြောက်မက်ဖွယ်စွမ်းအားများ ထွက်ပေါ်လာပြီး သူ၏အမူအယာသည် ယခင်ကနှင့် လုံးလုံးလျားလျား ကွဲပြားခြားနားသွားသည်။ သူ့ထံတွင် ယခင်ကဲ့သို့ ဖော်ရွေနူးညံ့မှုမျိုးမရှိတော့ဘဲ လင်းယုန်တစ်ကောင် မျက်လုံးဖွင့်လိုက်သည့်အလား စူးရှတောက်ပနေသည်။

ထိုအကြည့်တစ်ချက်တည်းဖြင့် ကုတောက်ဟိုင်ကို တိတ်ဆိတ်သွားစေသည်။

သူသည် အတားအဆီးအသစ်တစ်ခု ဖန်တီးလိုက်ပြီး စားပွဲထိပ်ရှိ 'ဆပ်ကပ်အဖွဲ့'ထံမှ တုံ့ပြန်မှုမရှိကြောင်း သတိပြုမိပြီးနောက် ကုထိုက်ယွမ်သည် သက်ပြင်းချကာ မထီမဲ့မြင် ပြုံးလိုက်၏။

"ဟမ့်...."

"မင်း မိသားစုခေါင်းဆောင်ဖြစ်လာတာ နှစ်ရာနဲ့ချီပြီး ကြာနေပြီမဟုတ်လား...မင်းရဲ့ အကဲခတ်နိုင်စွမ်းက ဒီလောက်တောင် ညံ့ဖျင်းရလား... အဲ့ဒီကောင်တွေ

All Chapters