← Chapters

လီရို့ရှီ၏ ထူးခြားသော စွမ်းရည်၊ အစစ်အမှန် သိုင်းပညာဌာန၏ လျှို့ဝှက်ချက်များ ၂

Vol. 9 Ch. 128

လီရို့ရှီ၏ ထူးခြားသော စွမ်းရည်၊ အစစ်အမှန် သိုင်းပညာဌာန၏ လျှို့ဝှက်ချက်များ ၂

Vol. 9 Ch. 128

လီတျယ်သည် သူ့ကို ကြည့်ကာ ထပ်မံ၍ တုံ့ဆိုင်းသွားခဲ့သည်။

အဆုံးတွင် သူသည် အံကြိတ်၍ ပြောလာခဲ့သည် “ အိုကေ၊ ဒါပင်မဲ့ မင်းက အဲ့ကိစ္စတွေကို မဖြန့်ဘူးလို့ ကတိပေးရမယ် “

“ စိတ်မပူစမ်းပါနဲ့ကွာ “ ရှုကျိုးမှ ထပ်မံ၍ တိုက်တွန်းနှိုးဆော်လိုက်သည် “ သေချာပေါက်ကို မဖြန့်ဘူးကွာ၊ ပြောပြစမ်းပါ “

လီတျယ်သည် ရှုကျိုးအား လူသူကင်းမဲ့သော နေရာဆီသို့ ခေါ်သွားကာ သွားနေရင်းဖြင့် ပြောပြလာခဲ့သည် “ တကယ်တော့ အဲ့တာက တော်တော်လေး ရိုးရှင်းပါတယ်။ လွန်ခဲ့တဲ့နှစ်တွေတုန်းက နတ်သိုင်းဌာနက အစစ်အမှန် သိုင်းပညာဌာနကို ဖိနှိပ်ခဲ့တယ်လေ “

“နတ်သိုင်းဌာနက အစစ်အမှန် သိုင်းပညာဌာနကို ဖိနှိပ်ထားခဲ့တာလား? “ ရှုကျိုး အံ့အားသင့်သွားတော့သည်။

အစစ်အမှန် သိုင်းပညာဌာနက နိုင်ငံတော် လျှို့ဝှက်ချက်လေ၊ အဲ့လိုဖြစ်နေတာကိုတောင် အစစ်အမှန် သိုင်းပညာဌာနအပေါ်ကို လှုပ်ရှားရဲနေတာလားဟ?

လီတျယ်သည် လေးနက်စွာ ပြောဆိုလာခဲ့သည် “ အရင်က ငါမင်းကိုပြောခဲ့သလိုပဲလေ၊ နတ်သိုင်းဌာနနဲ့ အစစ်အမှန် သိုင်းပညာဌာနက အဓိက တိုက်ခိုက်ရေးဌာနတွေလေ “

“ သူတို့ရဲ့ နာမည်တွေအတိုင်းပဲ၊ သူတို့ရဲ့ လမ်းကြောင်းတွေက မတူကြဘူး “

“ အစကတော့ နတ်သိုင်းဌာနက ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ရဲ့ တစ်ခုတည်းသော တိုက်ခိုက်ရေးဌာနပဲ။ အဲ့တာက လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀လောက်ကတည်းက ပေါ်လာခဲ့တာ၊ အစွမ်းထက် ပုဂ္ဂိုလ်တွေ အများကြီး မွေးထုတ်ပေးခဲ့တယ် “

“ ဒါပင်မဲ့ အစစ်အမှန် သိုင်းပညာဌာန ပေါ်လာခဲ့ပြီးတဲ့နောက်မှာ အဲ့တာက ထူးခြားတဲ့ စွမ်းရည်တွေကို ပြသခဲ့ပြီးတော့ သိုင်းပညာ တက္ကသိုလ်က အဲ့တာကို အပြည့်အဝ ထောက်ခံပေးအောင် စွဲဆောင်နိုင်ခဲ့တယ် “

“ ဒါပင်မဲ့ နောက်ပိုင်းမှာတော့ တစ်ချို့ အကြောင်းပြချက်တွေကြောင့် အစစ်အမှန် သိုင်းပညာဌာနက ရုတ်တရက်ကြီး ကျဆုံးသွားခဲ့တယ် “

“ နတ်သိုင်းဌာနက ထပ်ပြီးတော့ ကျော်ကြားလာခဲ့တယ်၊ ထုံးစံတိုင်းပဲ နတ်သိုင်းဌာနက အစစ်အမှန် သိုင်းပညာဌာနကို လက်စားချေဖို့အတွက် ပြန်ပြီးတော့ ဖိနှိပ်လာခဲ့တယ် “

လီတျယ်သည် ပြောနေရင်းဖြင့် သက်ပြင်းတချချ ဖြစ်သွားခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနက အခြေအနေ မကောင်းဘူးလို့ ပြောတာ မဟုတ်ဘူးနော်။ အစစ်အမှန် သိုင်းပညာဌာနမှာက စီနီယာချင်နဲ့ ဆရာလျူချင်းယွမ်တို့လို အစွမ်းထက် ပုဂ္ဂိုလ်တွေ အများကြီး ရှိနေသေးတယ် “

“ ပြီးတော့ အံ့ဩဖို့ကောင်းတဲ့ လျှို့ဝှက်ချက်တွေ အများကြီး ရှိနေတုန်းပဲ၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် နိုင်ငံတော် လျှို့ဝှက်ချက်အဖြစ် ဆက်ရှိနေဦးမှာ မဟုတ်ဘူး “

“ ဂုဏ်သတင်း ကျော်ကြားခဲ့တဲ့ အရင်အချိန်တွေနဲ့ ယှဥ်လိုက်မယ်ဆိုရင်တော့ နည်းနည်းလေး အားနည်းနေတာပေါ့ “

ရှုကျိုး မိန်းမောမျောပါသွားတော့သည်။ သူသည် ကိစ္စများက ထိုမျှလောက် ရှုပ်ထွေးပွေလီနေလိမ့်မည်ဟု မထင်ထားခဲ့မိချေ။

မကြာခင်မှာပင် သူသည် မျက်မှောင်ကြုတ်၍ ပြောလိုက်သည် “ တကယ်လို့ အစစ်အမှန် သိုင်းဌာနက ကျဆင်းသွားခဲ့တယ်ဆိုရင်တောင်မှ နိုင်ငံတော် လျှို့ဝှက်ချက် ဖြစ်နေတုန်းပဲလေ ဟုတ်တယ်မလား? “

“ အစစ်အမှန် သိုင်းပညာဌာနကို ဖိနှိပ်‌နေတဲ့အတွက် နိုင်ငံတော်က အရေးယူလာမှာကို နတ်သိုင်းဌာနက မကြောက်ဘူးလား? ”

“ အဲ့တာကိုတော့ ငါလည်း မသိဘူးလေ “

လီတျယ်သည် ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ အဲ့တာက အမြင့်ပိုင်းက လူတွေနဲ့ ဆိုင်နေတာနေမှာပေါ့။ ပြီးတော့ လမ်းစဥ်နှစ်ခုကြား ယှဥ်ပြိုင်မှုတွေက နှစ်ဖက်စလုံးကို ကြီးထွားတိုးတက်စေတယ်လေ။ အလွန်အကျွံ မဖြစ်မချင်း နိုင်ငံတော်က ဝင်ပါမှာ မဟုတ်လောက်ဘူး “

ရှုကျိုး ငြိမ်သက်သွားခဲ့ပြီး၊ သူ၏ပြောစကားများက ယုတ္တိရှိနေသည်ကို အသိအမှတ်ပြုလိုက်သည်။

ဒါပင်မဲ့ အစစ်အမှန် သိုင်းပညာဌာနက တစ်ချိန်တုန်းက တော်တော်ကြီးကို အစွမ်းထက်ခဲ့တယ်လေ၊ ဘာလို့ ရုတ်တရက်ကြီး ကျဆုံးသွားခဲ့ရတာလဲ?

ဘာတွေ ဖြစ်ခဲ့တာလဲ?

လီတျယ်သည် အကြောင်းအရာကို မပြောင်းလဲဘဲ ဆက်လက်၍ ပြောဆိုလာခဲ့သည် “ လျူမိသားစုက မင်းကို ပစ်မှတ်ထားလာနိုင်တယ်လို့ ပြောရတာက နတ်သိုင်းဌာနမှာ လျူမိသားစုဝင်တွေ အများကြီးရှိနေလို့ပဲ “

“ လျူမိသားစုက အရှေ့ပိုင်းပြည်နယ်က မိသားစုကြီးတစ်ခုလေ၊ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ကလည်း အရှေ့ပိုင်းပြည်နယ်မှာ ရှိနေတာ၊ အဲ့တော့ ဒီမှာက လျူမိသားစုရဲ့ ပညာရှင်တွေ တော်တော်များများ ရှိတယ်ပေါ့ကွာ “

“ မင်းက ကျောင်းသားသစ် စာမေးပွဲမှာ တော်တော်ကြီးကို ထူးချွန်နေခဲ့ပြီးတော့ အစစ်အမှန် သိုင်းပညာဌာနနဲ့ ပူးပေါင်းခဲ့တာလေ၊ အဲ့တော့ နတ်သိုင်းဌာနက နည်းနည်းတော့ မကျေမနပ်ဖြစ်သွားမှာပဲ “

“ ပြီးတော့ မင်းက လျူမိသားစုဝင်နဲ့ ပဋိပက္ခဖြစ်ခဲ့တယ်လေ၊ ဆိုတော့ လျူမိသားစုက နတ်သိုင်းဌာနရဲ့ ရှေ့ပြေးတပ်အဖြစ် လှုပ်ရှားလာမှာပဲ “

၎င်းကို ကြားလိုက်ရသောအခါတွင် ရှုကျိုးသည် အပြည့်အဝ နားလည်သွားခဲ့သည်။

အတိုချုံ့ပြောရမည်ဆိုပါက သူသည် လျူမိသားစုနှင့် ပဋိပက္ခများ ရှိနေခဲ့ပြီး၊ သူတို့က သူ့ကို အနှောင့်အယှက် ပေးရန်အတွက် ဆင်ခြေမရှိခဲ့ပေ။

သို့သော် ယခု၌ သူသည် အစစ်အမှန် သိုင်းပညာဌာနနှင့် ပူးပေါင်းလိုက်ပြီ ဖြစ်သောကြောင့် သူတို့ လှုပ်ရှားရန်အတွက် အကြောင်းပြချက် ရသွားခဲ့ပြီ ဖြစ်သည်။

ရှုကျိုးသည် အနည်းငယ် မျက်မှောင်ကြုတ်သွားတော့သည်။

ငါက တက္ကသိုလ်ကို အခုမှ ရောက်လာပြီးတော့ ဘာဆိုဘာမှကို မလုပ်ရသေးတာလေ၊ ဂိုဏ်းနှစ်ဂိုဏ်းရဲ့ တိုက်ပွဲကြားကို ရောက်သွားပြီလား?

သူသည် သူက ထောက်ခြောက်အဆင်ခံလိုက်ရသကဲ့သို့ ခံစားနေရတော့သည်။

ရှုကျိုးသည် အဆိုးမြင်ဝါဒီ မဟုတ်ပေ။

အစစ်အမှန် သိုင်းပညာဌာနက နိုင်ငံတော် လျှို့ဝှက်ချက် ဖြစ်နေသေးတယ်ဆိုတော့ တန်ဖိုးရှိတာ တစ်ခုခု ရှိနေဦးမှာပဲ။

အဲ့တာက ဘာကြီးဖြစ်နေလို့ ရုတ်တရက်ကြီး ကျဆုံးသွားခဲ့ရတာလဲ?

“ လီတျယ် “ ရှုကျိုးသည် တစ်ဖက်လူကို ကြည့်ကာ ဇဝေဇဝါ ဖြစ်သွားခဲ့သည် “ နတ်သိုင်းဌာနနဲ့ အစစ်အမှန် သိုင်းပညာဌာနက မီးနဲ့ရေလို ဖြစ်နေပြီဆိုရင် သေတဲ့အထိ ဘာလို့ မတိုက်ခိုက်ကြရတာလဲ? “

“ ဟက်၊ တိုက်ခိုက်တာလား? “

လီတျယ်သည် ပြုံးစိစိဖြင့် ပြောလာခဲ့သည် “ အရင်းအမြစ်တွေ ကန့်သတ်ထားလို့လေ၊ မပြိုင်ဆိုင်ဘဲနဲ့ ရှင်သန်နိုင်မှာ မဟုတ်ဘူး “

“ သိုင်းပညာရှင်တွေက ပြိုင်ဆိုင်နေရမှာ၊ စကားပဲပြောနေလို့ မရဘူး။ ကျောင်းသူကျောင်းသားတွေကနေ နိုင်ငံတော်အဆင့်အထိ လူတိုင်းက ပြိုင်ဆိုင်နေရတယ် “

“ ငါက တော်တော်ကြီးကို စကားပြောမိသွားတာပဲ “ လီတျယ်မှ ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ အဲ့ကိစ္စတွေက သာမန်လူတွေ စိတ်ပူနေဖို့ မလိုပါဘူး၊ ထိပ်တန်း ပါရမီရှင်တွေပဲ အဲ့လိုကိစ္စတွေထဲမှာ ဝင်ပါနိုင်တာ “

“ ပြီးတော့ အဲ့တာတွေက ငါ့အဘိုး မူးနေတဲ့ အချိန်မှာ ပြောခဲ့တဲ့ စကားတွေပဲ၊ အကုန်လုံးကို အတည်မှတ်နေလို့ မရဘူး။ မှန်ချင်မှ မှန်နေမှာ “

ရှုကျိုးသည် ထပ်၍ စကားမပြောလိုက်ပေ။

တစ်ဖက်လူမှ ၎င်းတို့ကို အတည်မမှတ်နှင့်ဟု ပြောနေခဲ့သော်လည်း သူသည် ၎င်းကို ပေါ့ပေါ့တန်တန် ချောင်ထိုးထားလိုက်မည် မဟုတ်ပေ။

၎င်းသည် နောင်လာမည့်နှစ်များအတွက် ကွမ်ဟန် သိုင်းပညာတက္ကသိုလ်ရှိ သူ၏ကျင့်ကြံရေးအပေါ်တွင် အကျိုးသက်ရောက်မှု ရှိနေမည် ဖြစ်သည်။

ရှုကျိုးသည် ထိုကဲ့သို့သော ပဋိပက္ခမျိုးထဲတွင် ဝင်ပါရန် စိတ်မဝင်စားပေ။

သူသည် တိတ်တဆိတ် ကြီးထွားတိုးတက်ချင်ရုံသာလျှင် ဖြစ်ချင်ခဲ့သည်။

သို့သော် ရှုကျိုး နားမလည်နိုင် ဖြစ်နေသည့် အရာတစ်ခု ရှိနေသေးသည်။

အစစ်အမှန် သိုင်းပညာဌာနနဲ့ နတ်သိုင်းဌာနကြားက ကွာခြားချက်က ဘာလဲ?

ကျင့်ကြံရေး စနစ်လား?

တကယ်လို့ ကျင့်ကြံရေး စနစ်နှစ်ခု ရှိနေတယ်ဆိုရင်လည်း၊ အကောင်းဆုံး တစ်ခုကို ရွေးချယ်ပြီးတော့ ကျန်တစ်ခုကို ဘာလို့ မစွန့်ပစ်လိုက်ရတာလဲ?

ဘာလျှို့ဝှက်ချက်တွေ ရှိနေလို့လဲ?

ပြီးတော့ အစစ်အမှန် သိုင်းပညာဌာနက ကျဆင်းသွားခဲ့ပြီဆိုရင် ဘာလို့ နိုင်ငံတော် လျှို့ဝှက်ချက်အဖြစ် သတ်မှတ်ထားနေရသေးတာလဲ?

အထဲမှာ ဘာတွေ ဖုံးကွယ်ထားတာလဲ?

ရှုကျိုးသည် မည်မျှပင် ကြိုးစားနေခဲ့ပါစေ၊ နားမလည်နိုင် ဖြစ်နေခဲ့သည်။

“ အရင်တုန်းက ကျောင်းအုပ်ကြီးနဲ့ ဆရာချောင်က ငါ့ကို အစစ်အမှန် သိုင်းပညာဌာနဲ့ မပူးပေါင်းဖို့ အကြံပေးခဲ့တယ် “

ရှုကျိုးသည် ထိုကိစ္စကို ပြန်လည်ဆင်ခြင် တွေးတောနေတော့သည် “ အစစ်အမှန် သိုင်းပညာဌာနက ဖိနှိပ်ခံနေရတာကို သူတို့က သိနေတာများလား? “

“ ဒါပင်မဲ့ ပူးပေါင်းလိုက်မယ်ဆိုရင်လည်း အဆင်ပြေတယ်လို့ ကျောင်းအုပ်ကြီးက ပြောခဲ့တယ်လေ။ သူက အဲ့တာကို သိတယ်ဆိုရင် ဘာလို့ မပြောပြခဲ့ရတာလဲ? “

ဒီကိစ္စနောက်ကွယ်မှာ ကိစ္စတွေ အများကြီး ရှိနေဦးမယ်လို့ ထင်တယ်။

မနက်ဖြန် စာရင်းမသွင်းခင်အချိန်အထိ စောင့်နေရတော့မှာပေါ့ကွာ။

…

မကြာခင်မှာပင် ရှုကျိုးနှင့် လီတျယ်တို့သည် ဧည့်ကောင်တာသို့ ရောက်လာခဲ့ကြသည်။

တိတိကျကျ ပြောရမည်ဆိုပါက ဝန်ဆောင်မှု ခန်းမပင် ဖြစ်သည်။

…………………………………………………………………………………………………………………

All Chapters