လီရို့ရှီ၏ ထူးခြားသော စွမ်းရည်၊ အစစ်အမှန် သိုင်းပညာဌာန၏ လျှို့ဝှက်ချက်များ ၄
Vol. 9 Ch. 130
သူသည် နိုင်ငံတော်မှ သတ်မှတ်ပေးထားသည့် တရားဝင်ဈေးနှုန်းက ယွမ် ၁သိန်းဖြစ်သည်ကို သိနေခဲ့သည်။
သက်လတ်ပိုင်း ဆရာဖြစ်သူမှ ပြောပြလာခဲ့သည် “ သိုင်းပညာ တက္ကသိုလ်က ဈေးနှုန်းက အပြင်ပေါက်ဈေးထပ် အများကြီး ပိုနည်းတယ်။ အဲ့တာက ကျောင်းသူကျောင်းသားတွေအတွက် အကျိုးရှိတာပေါ့ “
ရှုကျိုး၏ စိတ်နှလုံးသား အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။
အဲ့တာဆိုရင် တကယ်လို့ ငါက ဒီကဟာတွေကို ဝယ်ပြီးတော့ မှောင်ခိုဈေးကွက်မှာ ပြန်ရောင်းလိုက်မယ်ဆိုရင် သူဌေးဖြစ်ပြီလို့ ဆိုလိုနေတာ မဟုတ်ဘူးလား?
“ သိုင်းပညာ တက္ကသိုလ်က ပစ္စည်းတွေကို ပြန်ပြီးတော့ ဖြန့်ဖြူးရောင်းချတာကို တားမြစ်ထားတယ် “ သက်လတ်ပိုင်း ဆရာသည် ပေါ့ပေါ့ပါးပါး စကားပြောလာခဲ့သည် “ ကျောင်းက သိသွားတာနဲ့ ပစ္စည်းလဲလှယ်တာကို တစ်သက်လုံး တားမြစ်ပိတ်ပင်ခံရလိမ့်မယ် “
ရှုကျိုးသည် အမြန် ခေါင်းငြိမ့်ပြလိုက်သည်။
သူသည် ၎င်းကို တွေးရုံသာ တွေးလိုက်ခြင်းဖြစ်ပြီး ထိုကဲ့သို့ အမှန်တကယ် ပြုလုပ်မည် မဟုတ်ပေ။
နေစမ်းပါဦး၊ ဆရာ့ဆီမှာလည်း စိတ်ဖတ်စွမ်းရည် ရှိနေတာများလား?
ငါ့အတွေးတွေကို ဘယ်လိုလုပ် ခန့်မှန်းနေနိုင်ရတာလဲ?
ရှုကျိုး၏ စိတ်နှလုံးသား တုန်ရင်သွားခဲ့သည်။
လီတျယ်နှင့် လီရို့ရှီတို့ နှစ်ဦးစလုံးထံတွင် အလွန်ထူးခြားသော စွမ်းရည်များ ရှိနေခဲ့သည်။
ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်တွင် စွမ်းရည် အမြောက်အများ ရှိနေသောကြောင့် သူသည် ယခုထပ်ပို၍ သတိထားသင့်ပေသည်။
“ အကျိုးပြုအမှတ်တွေကို ပေါ့ပေါ့ဆဆ မသုံးလိုက်နဲ့ “ သက်လတ်ပိုင်း လူကြီးမှ အကြံပေးစကား ပြောလာခဲ့သည် “ အဲ့တာတွေကို မင်းတို့ကိုယ်တိုင်အတွက် သုံးတာက အကောင်းဆုံးပဲ “
“ အဲ့လိုမှ မဟုတ်ဘူးဆိုရင် အကျိုးပြု အမှတ်တွေကို စရတဲ့အချိန်မှာ အဲ့တာတွေကို ရဖို့က ဘယ်လောက်ခက်လဲဆိုတာကို နားလည်သွားလိမ့်မယ် “
ဘေးနားရှိ လီတျယ်မှ အလျင်အမြန် မေးမြန်းလာခဲ့သည် “ ဆရာ၊ ကျွန်တော်တို့က အကျိုးပြုအမှတ်တွေရအောင် ဘယ်လိုလုပ်ရမှာလဲ? “
“ တာဝန်တွေ လုပ်ရင်ပေါ့ “
သက်လတ်ပိုင်းလူကြီးမှ ပြောပြလာခဲ့သည် “ လစဥ်လတိုင်းမှာ ကျောင်းကနေ တာဝန်အသစ်တွေ အမြဲရှာပေးတယ်၊ အဲ့မှာ တာဝန်တွေ သွားရှာလို့ရတယ် “
“ ဒုတိယအဆင့်ကို ရောက်ပြီးမှ အဲ့တာဝန်တွေကို လုပ်တာက အကောင်းဆုံးပဲ၊ ဒါမှမဟုတ် ပထမအဆင့် အထွတ်အထိပ်ကို ရောက်ရင်ပေါ့ “
“ အဲ့လိုမှ မဟုတ်ရင် ကိုယ့်ကိုကိုယ် သေကြောင်းကြံတာနဲ့ တူသွားလိမ့်မယ် “
ရှုကျိုး မျက်မှောင်ကြုတ်သွားခဲ့ကာ ပြောလာခဲ့သည် “ အဲ့တာဆိုရင် ဒုတိယအဆင့်ကို မရောက်ခင်အချိန်အထိ ကျွန်တော်တို့က အကျိုးပြု အမှတ်တွေ မရတော့ဘူးပေါ့? “
“ အဲ့လိုလည်း မဟုတ်ဘူး “
သက်လတ်ပိုင်း ဆရာသည် ခေါင်းကိုခါ၍ ပြောပြလာခဲ့သည် “ ကျောင်းမှာရှိတဲ့ တစ်ချို့ စာမေးပွဲတွေနဲ့ အကဲဖြတ်မှုတွေကနေလည်း အကျိုးပြုအမှတ်တွေ ရနိုင်တယ်၊ ဒါပင်မဲ့ အဲ့တာတွေက တော်တော်လေးကို နည်းတယ်၊ ၁မှတ်၊ ၂မှတ်လောက်ပဲရတာ “
“ နောက်လ အနည်းငယ်ကြာရင် ဒုတိယအဆင့် နိုင်ငံတော် ပြိုင်ပွဲတစ်ခုရှိတယ်။ တကယ်လို့ ပထမနေရာရမယ်ဆိုရင်တော့ ကျောင်းကနေပြီးတော့ မင်းတို့ကို အကျိုးပြုအမှတ်တွေ အများကြီး ဆုချလိမ့်မယ် “
“ ဒါပင်မဲ့ အဲ့တာက မင်းတို့နဲ့ မဆိုင်ပါဘူးလေ၊ အဲ့တာက ဒုတိယနှစ်နဲ့ တတိယနှစ်တွေ အတွက်ပဲ “
ဒုတိယအဆင့် နိုင်ငံတော် ပြိုင်ပွဲလား?
ရှုကျိုး၏ စိတ်နှလုံးသား အနည်းငယ် လှုပ်ခတ်သွားခဲ့သည်။
သက်လတ်ပိုင်း ဆရာသည် အသေးစိတ် ရှင်းပြမနေဘဲ ရှုကျိုးကို ကြည့်လာခဲ့သည် “ မင်းလဲလှယ်ချင်တဲ့ဟာ တစ်ခုခုရှိလားဆိုတာကို ကြည့်လိုက်ဦး “
ရှုကျိုးနှင့် လီတျယ်တို့သည် ခေါင်းငြိမ့်ပြလိုက်ပြီး ဂရုတစိုက် ကြည့်ရှုနေတော့သည်။
“ Eအဆင့် တိုက်ပွဲဝင် ချပ်ဝတ်တန်ဆာလား? “ ရှုကျိုးသည် ပစ္စည်းများကို အာရုံစိုက် ကြည့်ရှုနေခဲ့သည်။
ယခု သူဝတ်ထားသည့် ချပ်ဝတ်တန်ဆာသည် ရှားမိသားစုဆီမှ ယခင်က ဝယ်ယူထားခဲ့သော အရာဖြစ်သည်။
ရှားမိသားစု၏ Eအဆင့် ၃၀၀အမျိုးအစား ချပ်ဝတ်တန်ဆာ !!
နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ ခရီးစဥ်ပြီးဆုံးသွားခဲ့သည့်နောက်တွင် အဆိုပါ ချပ်ဝတ်တန်ဆာသည် အတော်လေး ပျက်စီးနေခဲ့ပြီ ဖြစ်သည်။
“ Eအဆင့် ၅၀၀အမျိုးအစား ချပ်ဝတ်တန်ဆာ၊ Sအဆင့် စွမ်းရည်ရှိတဲ့ ပထမအဆင့် အထွတ်အထိပ် သိုင်းပညာရှင်တစ်ယောက်ရဲ့တိုက်ခိုက်မှုကို ခုခံနိုင်တာလား? “
ရှုကျိုးသည် အနည်းငယ် အံ့ဩတုန်လှုပ်သွားခဲ့သည်။
ပထမအဆင့် အထွတ်အထိပ် သိုင်းပညာရှင်များသည် သာမန် ဒုတိယအဆင့် သိုင်းပညာရှင်များနှင့် ယှဥ်နိုင်နေပြီ ဖြစ်သည်။
ထိုကဲ့သို့သော ပညာရှင်ကို ခုခံနိုင်ခြင်းသည် Eအဆင့် ၃၀၀အမျိုးအစား ချပ်ဝတ်တန်ဆာထပ် များစွာ အစွမ်းထက်နေပြီ ဖြစ်သည်။
သူသည် Eအဆင့် ၃၀၀အမျိုးအစား ချပ်ဝတ်တန်ဆာက ပထမအဆင့် ပညာရှင်၏ အဖျက်အစီးစွမ်းအား ၄၀%အား စုပ်ယူပေးနိုင်သည်ဆိုသည်ကို မှတ်မိသွားခဲ့သည်။
တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည် “ ဆရာ၊ ကျွန်တော်က Eအဆင့် ၅၀၀အမျိုးအစား ချပ်ဝတ်တန်ဆာနဲ့ Eအဆင့် ၅၀၀အမျိုးအစား ထန်ဓားကို ယူပါမယ် “
Eအဆင့် ၅၀၀အမျိုးအစား ချပ်ဝတ်တန်ဆာနှင့် Eအဆင့် ၅၀၀အမျိုးအစား ထန်ဓားကို တွဲစပ်လိုက်မည်ဆိုပါက၊ ၎င်းသည် ပထမအဆင့် အထွတ်အထိပ်အတွက် သင့်တော်လှပေသည်။
သက်လတ်ပိုင်း လူကြီးမှ ခေါင်းငြိမ့်ပြလာခဲ့သည် “ ကောင်းပြီလေ၊ နောက် ရက်အနည်းငယ်အတွင်းမှာ လာယူလိုက် “
ဘေးနားရှိ လီတျယ်မှာလည်း တစ်ခဏခန့် တွေးတောစဥ်းစားနေခဲ့သည်၊ သို့သော် သူသည် မည်သည့်အရာကိုမှ မလဲလှယ်ခဲ့ပေ။
သက်လတ်ပိုင်း လူကြီးမှ ပြောပြလာခဲ့သည် “ ကျောင်းသားကျောင်းသူ အသစ်အကဲဖြတ်ပွဲမှာ ပထမရခဲ့တဲ့အတွက် မင်းတို့က အဆင့်မြင့် အဆောင်မှာ နေနိုင်တယ်။ ဒါက မင်းတို့ရဲ့ အခန်းကဒ်တွေ “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည် “ ကျေးဇူးတင်ပါတယ်၊ ဆရာ “
…
ဝန်ဆောင်မှု ခန်းမမှ ထွက်လာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် စိတ်အတက်အကျ အနည်းငယ် ဖြစ်ပေါ်နေလျက်ရှိသည် “ အကျိုးပြုအမှတ် ၁၈၆မှတ်က ဒီအတိုင်းပဲ ကုန်သွားပြီပေါ့ “
လီတျယ်သည် သူ့ကို ကြည့်ကာ ကူရာကယ်ရာမဲ့စွာဖြင့် ပြောလာခဲ့သည် “ မင်းက အဲ့ဟာတွေနဲ့ ဘာလို့ လဲလိုက်ရတာလဲ? ကျင့်ကြံရေး အရင်းအမြစ်တွေ အများကြီး ယူလိုက်လို့ရတယ်လေ “
ရှုကျိုးသည် မည်သည့်အဖြေမှ ပြန်မပြေးလိုက်ပေ။
သူသည် လျူမိသားစုဝင်များနှင့် ရင်ဆိုင်ရန်အတွက် ၎င်းတို့ကို လဲလှယ်လိုက်ခြင်း ဖြစ်သည်။
လျူမိသားစုဝင်များက ကျောင်းဝင်းအတွင်းတွင် သူ့အပေါ်သို့ တိုက်ရိုက်လှုပ်ရှားလာကြမည် မဟုတ်သော်လည်း၊ သေချာသတိထားရဦးမည် ဖြစ်သည်။
အရေးအကြီးဆုံး အရာကမူ ရှုကျိုးသည် ယခုလက်ရှိ အချိန်တွင် ကျင့်ကြံရေး အရင်းအမြစ်များကို မလိုအပ်ပေ။
ကျင့်ကြံရေး အရင်းအမြစ်များ ဝယ်ယူစုဆောင်းထားခြင်းထပ် သူ့ကိုယ်သူ ကာကွယ်ခြင်းကသာလျှင် ပိုကောင်းမည် ဖြစ်သည်။
“ အဆောင်ကို သွားကြစို့ ” ဟုရှုကျိုးမှ ပြောလာခဲ့သည်။
ဒီနေ့မှာတော့ ဘာကိစ္စမှ မဖြစ်လာသင့်တော့ဘူး၊ မနက်ဖြန် အစစ်အမှန် သိုင်းပညာဌာနမှာ သတင်းသွားပို့ရမဲ့ အချိန်ကိုပဲ စောင့်နေရတာပေါ့ကွာ။
……………………………………………………………………………………………