← Chapters

သေခြင်း ရှင်ခြင်း သဘောတူညီချက်

Vol. 9 Ch. 131

သေခြင်း ရှင်ခြင်း သဘောတူညီချက်

Vol. 9 Ch. 131

ရှုကျိုးသည် အဆင့်မြင့် အဆောင်ရှိရာအရပ်သို့ ရောက်လာခဲ့ပြီး၊ ၎င်းက တိတ်ဆိတ်ငြိမ်သက်သည့် တန်ဖိုးကြီးအိမ်ရာတစ်ခုကဲ့သို့ ဖြစ်နေသည်ဆိုသည်ကို နားလည်သွားခဲ့သည်။

စိမ်းလန်းသော မြက်ခင်းပြင်နှင့်အတူ ပန်းပေါင်းစုံ ပွင့်လန်းနေလျက်ရှိသည်။

ကြည်လင်နေသော လူလုပ်ရေကန်ကြီးမှာလည်း အပြာရောင် ကောင်းကင်ဘုံနှင့် အဖြူရောင် တိမ်တိုက်များ၏ ပုံရိပ်တို့ ရောင်ပြန်ဟတ်နေသည့် ကြီးမားသော မှန်ကြီးတစ်ချပ်ကဲ့သို့ ဖြစ်နေခဲ့သည်။

ရေကန်ထဲတွင် အေးအေးလူလူ ရေကူးခတ်နေကြသည့် ငန်းဖြူတစ်ချို့ပင် ရှိနေခဲ့သည်။

ရှုကျိုးသည် လုံးဝ အံ့အားသင့်သွားခဲ့သည် “ ကျောင်းက ဒီလောက်တောင် သဘောကောင်းတာလားဟ? “

ဘေးနားရှိ လီတျယ်မှ ပြောလာခဲ့သည် “ ထိပ်ဆုံး ၁၀ယောက်ပဲ ဒီနေရာမှာ နေလို့ရတာ၊ တစ်ခြားလူတွေဆိုရင် ဒီနေရာမှာ နေဖို့အတွက် ငွေပေးရတယ် “

“ ငါကြားထားတာကတော့ တစ်နှစ်ကို အနည်းဆုံးအနေနဲ့ အကျိုးပြုအမှတ် ၅၀ပေးရတယ်တဲ့ “

ရှုကျိုး အံ့အားသင့်သွားခဲ့သည် “ အကျိုးပြုအမှတ် ၅၀လား? တော်တော်ကြီးကို ဈေးကြီးတာပဲ “

ဒါက စံအိမ်တစ်လုံးဆိုပင်မဲ့ ဒီမှာ နေဖို့အတွက်နဲ့ ဒီလောက်မြင့်တဲ့ ဈေးကို ဘယ်သူကမှ ပေးချင်မှာ မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား?

“ ဒီနေရာက ပတ်ဝန်းကျင်ကောင်းတစ်ခုပဲလို့ မင်းထင်နေတာလား? “ လီတျယ်မှ သူ၏ဦးခေါင်းကို ခါရမ်းပြကာ ပြောလာခဲ့သည် “ နည်းပြဆရာ၊ ဆရာမတွေကတောင် ဒီနေရာမှာ နေကြတယ် “

“ တကယ်လို့ သူတို့ အားတယ်ဆိုရင်၊ မင်းက သူတို့နဲ့ အချိန်မရွေး ဆွေးနွေးတိုင်ပင်လို့ရတယ်၊ အဲ့တာကသာ တကယ့်တန်ဖိုးအစစ်အမှန်ပဲ “

ရှုကျိုးသည် ဤအိမ်ရာဝင်းက ဆွဲဆောင်မှုအား အတော်လေး ကောင်းနေသည်ကို နားလည်သွားခဲ့သည်။

သို့သော် ရှုကျိုးသည် ထိုကဲ့သို့ သုံးဖြုန်းခြင်းမှာ မထိုက်တန်ဘူးဟုသာ ခံစားနေရစဲဖြစ်သည်၊ ဒါပင်မဲ့ ငါတို့က ဒီနေရာမှာ အလကားနေလို့ရပြီဆိုတော့လည်း သိပ်မဆိုးပါဘူး။

လူနှစ်ဦးသည် စကားတပြောပြောဖြင့် အိမ်ရာဝင်းထဲသို့ ဝင်သွားတော့သည်။

ထိုအချိန်တွင် အနောက်ဘက်မှ ရယ်သံတစ်သံ ထွက်ပေါ်လာခဲ့သည် “ ရှုကျိုးလား? “

ရှုကျိုး၏ ခြေလှမ်းများ ရပ်တန့်သွားခဲ့ပြီး၊ သူသည် နောက်လှည့်ကြည့်လိုက်သည်။

အရပ်ရှည်ရှည် လူငယ်တစ်ဦးသည် လက်ပိုက်ထားပြီး ပြောင်စပ်စပ် အမူအရာဖြင့် သူ့အား စိုက်ကြည့်နေလျက်ရှိသည်။

အနည်းငယ် ရန်လိုနေမှုကို ခံစားလိုက်ရသောကြောင့် ရှုကျိုးသည် ထိုလူက လျူမိသားစုမှ လူတစ်ဦးဦး ဖြစ်နေလိမ့်မည်ဟု လျင်မြန်စွာ သဘောပေါက်သွားခဲ့သည်။

“ ငါပဲ၊ ဘာကိစ္စရှိလို့လဲ? “ ရှုကျိုးမှ ပေါ့ပေါ့ပါးပါး ပြန်ပြောလိုက်သည်။

ထိုလူသည် ရယ်ရယ်မောမောဖြင့် ပြန်ပြောလာခဲ့သည် “ တစ်ယောက်ယောက်က မင်းနဲ့ လက်ရည်ယှဥ်ချင်နေတယ်၊ မင်းက လက်ခံဖို့ သတ္တိရှိရဲ့လား? “

“ ကျောင်းသားကျောင်းသူ အသစ်တွေကြားမှာ ဘယ်သူကမှ ငါ့ကို အနိုင်မယူနိုင်ဘူး “ ရှုကျိုးမှ သူ့ကို ကြည့်လိုက်သည်။

သူ၏ စကားများမှာ မှန်ကန်နေခဲ့သည်၊ အသစ်လေးများကြားတွင် လူအနည်းငယ်ကသာလျှင် သူနှင့် အကွက်အနည်းငယ်မျှ ဖလှယ်နိုင်ပြီး ကျန်လူအားလုံးမှာ သူ့ကြောင့် ချေမှုန်းခံရမည်သာ ဖြစ်သည်။

“ ဟားဟား၊ သေချာပေါက်ကို လူသစ် မဟုတ်ဘူးပေါ့ “ ထိုလူမှ ပြောလာခဲ့သည် “ မင်းကို စိန်ခေါ်ချင်နေတာက ဒုတိယနှစ်တစ်ယောက်ပါ “

“ စီနီယာတွေက ဂျူနီယာတွေကို သင်ပြပေးတာလေ၊ မင်းက ကျောင်းကို ဒီအကြောင်းတွေ မမေးထားဘူးလား? ”

ရှုကျိုးသည် သူ့ကို အေးစက်စွာ စိုက်ကြည့်လိုက်သည် “ မင်းတို့ လျူမိသားစုက ကျောင်းရဲ့ စည်းမျဥ်းစည်းကမ်းတွေကို လျစ်လျူရှုနိုင်လောက်တဲ့အထိ မောက်မာနေကြပြီလား? “

လူငယ်လေးသည် အူလှိုက်သည်းလှိုက် ရယ်မောနေတော့သည် “ အဲ့တာက လျူမိသားစုနဲ့ ဘာမှမဆိုင်ဘူး။ မင်းက ဒီနှစ် လူသစ်ဘုရင်လေ၊ ရိုးရာအရဆိုရင် စီနီယာတွေက မင်းကို စိန်ခေါ်ကြမှာပဲ “

“ ပြီးတော့ အစစ်အမှန် သိုင်းပညာဌာနကို ရွေးသွားကတည်းက မင်းက နတ်သိုင်းဌာနရဲ့ ပြိုင်ဘက်ဖြစ်လာခဲ့ပြီ “

“ ဒါပေါ့ မင်းကို ဘယ်သူကမှ အနိုင်ကျင့်ကြမှာ မဟုတ်ဘူး။ ဒုတိယအဆင့်အထက်က ဘယ်သူကမှ မင်းကို စိန်ခေါ်မှာ မဟုတ်ဘူး “

သူသည် အေးအေးလူလူ ပြောလာခဲ့သည် “ မင်းတစ်ယောက်တည်း မဟုတ်ဘူး၊ လီတျယ်ကလည်း စိန်ခေါ်ခံရမှာပဲ “

ဘေးနားရှိ လီတျယ်သည် မှင်သက်ကာ စိတ်ရှုပ်ထွေးသွားတော့သည်။

ငါနဲ့ ဘာဆိုင်လို့လဲဟ?

ရှုကျိုးမှ အေးစက်စွာ ပြန်ပြောလာခဲ့သည် “ တကယ်လို့ တိုက်ပွဲဆိုရင် ငါ့ဆီကိုပဲလာခဲ့၊ မဆိုင်တဲ့လူတွေကို ဆွဲထည့်နေစရာ မလိုဘူး “

သူသည် လီတျယ်အတွက်သာ ပြောခြင်း မဟုတ်ပေ၊ တစ်စုံတစ်ဦးမှ လီရို့ရှီအား ပစ်မှတ်ထားလာမည်ကို သူပို၍ စိုးရိမ်ပူပန်သွားခဲ့သည်။

ဤမိသားစု၏ လုပ်နိုင်စွမ်းအရသာဆိုပါက သူနှင့် လီရို့ရှီတို့၏ ဆက်ဆံရေးကို သိသွားရန် ခက်ခဲနေမည် မဟုတ်ပေ။

လူငယ်လေးသည် ဝမ်းသာအားရ ရယ်မောနေတော့သည် “ ဆိုတော့ မင်းက သဘောတူလား? “

“ တကယ်လို့ ငါက သဘောမတူဘူးဆိုရင်၊ မင်းတို့ လျူမိသားစုက ငါ့ကို နှောင့်ယှက်နေဦးမှာမလား? “ ရှုကျိုးသည် သူ့အား အေးစက်စွာ စိုက်ကြည့်လိုက်သည်။

“ ငါပြောခဲ့ပြီးပြီလေ၊ ဒါက လျူမိသားစုနဲ့ ဘာမှ မဆိုင်ဘူး “

ထိုလူငယ်လေးမှ ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည် “ မင်းက လျူမိသားစုက လူကို သတ်ခဲ့ပြီးတော့ တိုက်ရိုက်မျိုးဆက်တစ်ယောက်ကို ဒဏ်ရာရသွားစေခဲ့ပင်မဲ့၊ အဲ့လိုကိစ္စတွေအတွက်နဲ့ လျူမိသားစုက မင်းကို အရေးယူမှာ မဟုတ်ဘူး၊ အဲ့တာက သရုပ်ပျက်တယ် “

“ လျူယောင်တုန်နဲ့ လျူဟီတို့က ငါတို့နဲ့ ဘာမှ မဆိုင်ဘူး၊ လျူမိသားစုက အကြီးကြီးပဲ၊ တိုက်ရိုက်မျိုးဆက်တွေကြားမှာ ရှိတဲ့ ဆက်နွယ်မှုက အဲ့လောက်ကြီး နက်ရှိုင်းမနေဘူး “

“ နတ်သိုင်းဌာနက ဆုကြေးပေးတာကြောင့် မင်းကို ငါတို့က ပစ်မှတ်ထားနေရတာပဲ “

သူသည် သူတို့က ရှုကျိုးကို ပစ်မှတ်ထားနေကြောင်း ပွင့်ပွင့်လင်းလင်း ပြောဆိုလာခဲ့သည်။

သူမှ ဆက်လက်၍ ပြောပြလာခဲ့သည် “ ငါတို့က မင်းကို အနိုင်ကျင့်မှာ မဟုတ်ဘူး၊ ငါတို့က မင်းကို အချိန်တစ်လ ပေးမှာပါ။ တစ်လပြည့်သွားရင်တော့ ပထမအဆင့် အထွတ်အထိပ်ကို ရောက်နေတဲ့ ဒုတိယနှစ်တစ်ယောက်က မင်းကို လာရှာလိမ့်မယ် “

ရှုကျိုးမှ တည်တည်ငြိမ်ငြိမ် မေးမြန်းလိုက်သည် “ လူသိရှင်ကြား ပြိုင်ပွဲလား ဒါမှမဟုတ် သီးသန့်ပြိုင်ပွဲလား? “

“ သီးသန့် “ လူငယ်လေးမှ ပြုံးပြလာခဲ့သည်။

“ သိုင်းပညာ တက္ကသိုလ်က ပြိုင်ပွဲတွေက သီးသန့်တွေချည်းပဲ၊ သာမန် ကျောင်းသူကျောင်းသားတွေက သွေးထွက်သံယို မြင်ကွင်းတွေကို မြင်သွားတာက ကောင်းတဲ့အရာ မဟုတ်ဘူးလေ “

“ အသေသတ်လို့ရလား? “ ဟုရှုကျိုးမှ မေးမြန်းလိုက်သည်။

လူငယ်လေး တစ်ခဏခန့် ငြိမ်သက်သွားခဲ့ပြီး အဓိပ္ပါယ်များစွာ ပါဝင်နေသည့် အကြည့်ဖြင့် သူ့ကို ကြည့်လာခဲ့သည် “ တကယ်လို့ မင်းက သေတဲ့အထိ တိုက်ချင်တယ်ဆိုရင်လည်း၊ ကိစ္စ မရှိပါဘူး “

“ ဒါပင်မဲ့ အဲ့လိုမလုပ်ဖို့ မင်းကိုငါ အကြံပေးလိုက်မယ် “

ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်။

ထိုလူငယ်လေးသည် အူလှိုက်သည်းလှိုက် ရယ်မောကာ ပြောလာခဲ့သည် “ တကယ်လို့ မင်းသေသွားမယ်ဆိုရင်၊ ငါတို့က အကျိုးအမြတ်ကို တစ်ခါပဲ ရတော့မှာလေ။ တကယ်လို့ မင်းအသက်ရှင်နေမယ်ဆိုရင်တော့ ငါတို့က အကျိုးအမြတ်တွေ ခဏခဏ ရမှာလေ “

သူသည် ပြုံး၍ ပြောလာခဲ့သည် “ ရှုကျိုး၊ မင်းအသက်ရှင်နေဖို့ကို ငါတို့က လူတိုင်းထပ်ပိုမျှော်လင့်ထားတယ်။ မင်းက ဒီနှစ် လူသစ်တွေရဲ့ ဘုရင်အဖြစ် အစစ်အမှန် သိုင်းပညာဌာနကို ဝင်သွားတာလေ၊ ငါတို့နတ်သိုင်းဌာနက ပေးတဲ့ အကျိုးအမြတ်တွေက နည်းနေမှာ မဟုတ်ဘူး “

ရှုကျိုးမှ အေးစက်စွာ ပြောလိုက်သည် “ မင်းပြောတာတွေက ငါနဲ့ ဘာမှမဆိုင်ဘူး။ တကယ်လို့ မင်းတို့က တိုက်ခိုက်ချင်တယ်ဆိုရင်၊ သေခြင်းရှင်ခြင်း တိုက်ပွဲအဖြစ် တိုက်ကြမယ်။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် အဓိပ္ပါယ် မရှိဘူး “

လူငယ်လေးသည် ပြုံး၍ ပြောလာခဲ့သည် “ ကောင်းပြီလေ၊ မင်းက ဆုံးဖြတ်ပြီးသွားပြီဆိုတော့ ငါဘာမှ ထပ်မပြောတော့ဘူး။ နောက်လမှ တွေ့မယ် “

သူသည် တည့်တိုးပြောဆိုလာခဲ့ပြီး၊ ထို့နောက်တွင် လှည့်ထွက်သွားတော့သည်။

ရှုကျိုးသည် သူ၏နောက်ကျောကို အေးစက်သော အမူအရာဖြင့် ကြည့်နေခဲ့သည်။

မင်းတို့က ငါ့ကို မစ်ရှင်ဆုလဒ်အဖြစ် သဘောထားနေပြီးတော့ ငါ့ကို ထပ်ခါတလဲလဲ အမြတ်ထုတ်ချင်နေတာလား?

အိမ်မက်ထဲမှာပဲ ရမယ် !!

ဘေးနားရှိ လီတျယ်မှာလည်း မျက်မှောင်ကြုတ်သွားခဲ့သည် “ လျူမိသားစုက မင်းကို ဒီလောက်မြန်မြန်ဆန်ဆန် လာရှာလိမ့်မယ်လို့ မထင်ထားခဲ့မိဘူး။ သူတို့က အိပ်ရာဝင်းအရှေ့မှာ ကြိုစောင့်နေကြတဲ့ပုံပဲ “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ သူသည် ၎င်းကို နားလည်ထားခဲ့ပြီ ဖြစ်သည်။

သူသည် လျူမိသားစုမှ တစ်စုံတစ်ယောက်ကို သတ်ခဲ့ပြီး၊ တိုက်ရိုက်မျိုးဆက်တစ်ဦးကို ပြင်းပြင်းထန်ထန် ဒဏ်ရာရသွားစေခဲ့သည်၊ ထိုကဲ့သို့သော လုပ်ရပ်များသည် လျူမိသားစု၏ တိုက်ရိုက်မျိုးဆက်များကို သေချာပေါက် အရှက်ရသွားစေမည် ဖြစ်သည်။

ထိုလူသည် နတ်သိုင်းဌာနကြောင့်ဟုသာ ပြောဆိုနေခဲ့သော်လည်း၊ လက်စားချေလိုစိတ်များ ပါဝင်နေမည်မှာ သေချာလှပေသည်။

“ စိတ်ပူနေစရာ မလိုပါဘူး “ ရှုကျိုးမှ အေးအေးလူလူ ပြောလာခဲ့သည် “ တကယ်လို့ သူတို့က ပြဿနာတွေ လိုချင်တယ်ဆိုရင်တော့ လာကြပါစေ၊ ဒုတိယအဆင့် အထက်က လူသာ မဟုတ်သရွေ့ ငါကိုင်တွယ်နိုင်တယ် “

“ ရှုကျိုး၊ ပထမအဆင့် အထွတ်အထိပ် ပညာရှင်တစ်ယောက်ကို အထင်မသေးနဲ့ “

လီတျယ်မှ စိုးရိမ်ပူပန်စိတ်ဖြင့် ပြောလာခဲ့သည် “ သူတို့က Sအဆင့် စွမ်းရည်ပိုင်ရှင်ကို ထုတ်လာနိုင်တယ် “

“ မင်းက သေခြင်းရှင်ခြင်းတိုက်ပွဲလို့တောင် ပြောလိုက်တယ်။ အဲ့တာက ………… “

“ စိတ်မပူစမ်းပါနဲ့၊ အချိန်တစ်လ ရှိသေးတယ်မလား? “ ရှုကျိုးသည် အသာအယာ ပြုံးပြလိုက်သည်။

“ ပြီးတော့ တကယ်လို့ ငါကသာ သူတို့ကို သင်ခန်းစာတစ်ခု မပေးဘူးဆိုရင် ……… “ ရှုကျိုးမှ အလေးအနက်ထား၍ ပြောဆိုလာခဲ့သည် “ နောင်မှာ ပြဿနာတွေ ပိုရောက်လာတော့မှာ။ အမြန်ဆုံး အဆုံးသတ်လိုက်တာက အကောင်းဆုံးပဲ “

၎င်းကို ကြားလိုက်ရသောအခါတွင် လီတျယ်သည် မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။

သူသည် သူက ရှုကျိုးနှင့် နီးနီးကပ်ကပ် ရှိနေသောကြောင့် ထိုလူများက သူ့အား ပြဿနာ လာရှာကြမည်ကို စိုးရိမ်ပူပန်နေတော့သည်။

“ သူက ပထမအဆင့် အထွတ်အထိပ်ကို ရောက်နေတဲ့ သိုင်းပညာရှင်ကို အနိုင်ယူနိုင်မှာလား? အရင်ကဆိုရင် သူက အလယ်အလတ် ပထမအဆင့် ပညာရှင်နဲ့တောင် တော်တော်လေး ရုန်းကန်နေခဲ့ရတာလေ “ လီတျယ်သည် စိတ်ထဲတွင် တွေးတောစဥ်းစားနေခဲ့ကာ အခြေအနေက အန္တရာယ် များသည်ဟု ခံစားနေခဲ့ရသည်။

သို့ရာ၌ သူသည် မည်သည့်စကားကိုမှ ထပ်မပြောလာတော့ပေ။

မည်သို့ပင်ဆိုစေကာမူ အရာအားလုံး သတ်မှတ်ပြီးသွားခဲ့ပြီ ဖြစ်သောကြောင့် ထိုအကြောင်းကို ပြောနေခြင်းသည် စိတ်ဓာတ်ရေးရာကိုသာ ပျက်ပြားသွားစေမည် ဖြစ်သည်။

မကြာခင်မှာပင် သူတို့သည် သူတို့၏ သက်ဆိုင်ရာ အိမ်များဆီသို့ ရောက်သွားကြပြီး၊ ရှုကျိုးသည် သူ၏အိမ်ထဲသို့ လမ်းလျှောက်ဝင်သွားတော့သည်။

…

အိမ်နံပါတ် ၅၃

ရှုကျိုးသည် အိမ်ထဲသို့ ဝင်လာခဲ့ပြီး၊ ဤနေရာသည် စတုရန်းမီတာ ၁ထောင်ရှိသည်ကို သိသွားခဲ့သည်။

ကိုယ်ပိုင် ရေကူးကန်နှင့် လျှို့ဝှက် ဥယျာဥ်တို့ကဲ့သို့သော ဇိမ်ခံ ပစ္စည်းများပင် ပါဝင်နေလျက်ရှိသည်။

ပတ်ဝန်းကျင်ကို လှည့်ပတ်ကြည့်ရှုပြီးသည့်နောက်တွင် ရှုကျိုးသည် အခန်းထဲတွင် တင်ပျဥ်ခွေ ထိုင်လိုက်သည်။

“ ဒီအစစ်အမှန် သိုင်းပညာဌာနက ပြဿနာတွေကို တကယ် ယူလာပေးတာပဲ “ ရှုကျိုးသည် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနေခဲ့သည်။

သူသည် ထိုကဲ့သို့ ဖြစ်လာနိုင်သည်ဟု ယခင်ကတည်းက မှန်းဆထားခဲ့ပြီးပြီ ဖြစ်သည်။

အကယ်၍ သူကသာ နတ်သိုင်းဌာနနှင့် ပူးပေါင်းလိုက်မည်ဆိုပါက လျူမိသားစုသည် သူ့အား ပေါ်ပေါ်တင်တင် ပြဿနာလာရှာကြလိမ့်မည် မဟုတ်ပေ။

သို့ရာ၌ ၎င်းသည် ဆိုးရွားသော အရာတစ်ခုလည်း မဟုတ်ပေ။

အနည်းဆုံးအနေဖြင့် ပေါ်ပေါ်တင်တင် ပြဿနာအရှာခံရခြင်းသည် နောက်ကျောကို ဓားဖြင့် အထိုးခံရခြင်းထပ် ပို၍ကောင်းပေသည်။

ထို့အပြင် သူသည် လျူမိသားစုနှင့် ပဋိပက္ခများ ဖြစ်ထားခဲ့ပြီးပြီ ဖြစ်သည်။

သူသည် လျူတျန်မုက သူ့ထံတွင် အကြွေး တစ်ဘီလီယံ တင်နေသည်ကို မှတ်မိနေစဲဖြစ်သည်။

“ လျူတျန်မုက တတိယအဆင့်ကို ရောက်သွားလောက်ပြီ “ ရှုကျိုးမှ ရေရွတ်ပြောဆိုနေခဲ့သည် “ ငါကရော တတိယအဆင့်ကို ဘယ်အချိန်မှ ရောက်မှာလဲ? “

၎င်းမှာ လှမ်းလှသော်လည်း အတော်လေး ဝေးကွာမနေဘူးဟု ခံစားနေခဲ့ရသည်။

လွန်ခဲ့သော လအနည်းငယ်ခန့်က သူသည် ကြက်ကိုပင် မထိန်းနိုင်လောက်အောင်အထိ အားနည်းနေခဲ့သည်၊ ယခု၌ သူသည် ပထမအဆင့် သိုင်းပညာရှင်ပင် ဖြစ်နေခဲ့ပြီ ဖြစ်သည်။

အချိန်သာပိုရမည်ဆိုပါက တတိယအဆင့်ကို ရောက်ရှိခြင်းကား မဖြစ်နိုင်သော အရာ မဟုတ်ပေ။

“ လျူမိသားစု၊ နတ်သိုင်းဌာန ………. “ ရှုကျိုးမှ ရွေရွတ်ပြောဆိုလာခဲ့သည်။

ထိုနှစ်ခု၊ အထူးသဖြင့် နတ်သိုင်းဌာနသည် သူ၏ရန်သူ ဖြစ်လာလိမ့်မည် ဖြစ်သည်။

နတ်သိုင်းဌာန၏ ဖိနှပ်မှုကား သူသည် များစွာ အလေးအနက် မထားခဲ့ပေ။ လျူမိသားစုမှ သူ့ထံသို့ မချဥ်းကပ်လာခင် အချိန်အထိ သူသည် ထိုကိစ္စက ရိုးရှင်းနေလိမ့်မည် မဟုတ်ဘူးဟု နားလည်နေခဲ့သည်။

သို့ရာ၌ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ကို ရောက်လာသည့် လူသစ်တစ်ဦးကို နတ်သိုင်းဌာနမှ ပစ်မှတ်ထားနေခြင်းသည် အစစ်အမှန် သိုင်းပညာဌာနက အမှန်ပင် ထူးခြားကြောင်း ညွှန်ပြနေခြင်းပင် ဖြစ်သည်။

ရန်သူက သင့်အား ပို၍ ပစ်မှတ်ထားလေလေ၊ ၎င်းမှာ သူတို့က သင့်အား ကြောက်နေသည်ဟု ပြရာရောက်လေလေပင် ဖြစ်သည်။

အကယ်၍ အစစ်အမှန် သိုင်းပညာဌာနက ထိုမျှလောက် အစွမ်းမထက်ခဲ့ဘူးဆိုပါက နတ်သိုင်းဌာနသည် ကျောင်းသားအသစ်တစ်ဦးကို ဖိနှိပ်လောက်ရသည်အထိ ကြောက်လန့်နေလိမ့်မည် မဟုတ်ပေ။

အရာအားလုံးက ယုတ္တိမရှိဘူးဟု ထင်နေရသည်၊ သို့သော် သေချာ တွေးတောစဥ်းစားခဲ့ပြီးသည့်နောက်၌ အစစ်အမှန် သိုင်းပညာဌာနထဲတွင် အံ့ဩဖွယ်ကောင်းသော လျှို့ဝှက်ချက်များ ရှိနေကြောင်း ပို၍ ရှင်းလင်းလာခဲ့သည်။

“ အစစ်အမှန် သိုင်းပညာဌာန ……….. “ ရှုကျိုးသည် တိတ်တဆိတ် ရေရွတ်နေခဲ့ကာ နောက်တစ်နေ့တွင် ဖြစ်ပေါ်လာမည့် သတင်းပို့မှုအတွက် ပို၍မျှော်လင့်မိနေတော့သည်။

…………………………………………………………………………………………………………..

All Chapters