← Chapters

သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်၏ ကြောက်မက်ဖွယ်ကောင်းသော မြှင့်တင်ပေးမှု

Vol. 9 Ch. 132

သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်၏ ကြောက်မက်ဖွယ်ကောင်းသော မြှင့်တင်ပေးမှု

Vol. 9 Ch. 132

မကြာခင်မှာပင် ရှုကျိုးသည် သူ၏မျက်လုံးများကို မှိတ်လိုက်ကာ၊ စတင်၍ လေ့ကျင့်နေတော့သည်။

တစ်လကြာခဲ့ပြီးသည့်နောက်တွင် အားကောင်းသော ရန်သူတစ်ဦးက သူ့အား လာရှာမည်ဖြစ်သောကြောင့် သူသည် လျင်မြန်စွာ သန်မာအားကောင်းလာရမည် ဖြစ်သည်။

တစ်ချိန်တည်းမှာပင်

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၊ ကျားပျံမျိုးနွယ်စု၏ ပိုင်နက်

ကြီးမားသော ရွှေတောင်ပံ T-Rexကြီးသည် ယနေ့အတွက် စားသောက်မှုကို စတင်နေခဲ့ပြီ ဖြစ်သည်။

“ ဂျွတ် ~~ “

T-Rexကြီးသည် ကျားပျံမျိုးနွယ်စု ခေါင်းဆောင်ကြီး၏ အလောင်းကို ကိုက်ခဲနေခဲ့သည်။

ကျားပျံမျိုးနွယ်စု၏ ခေါင်းဆောင်ကြီးသည် တတိယအဆင့် ဗီဇပြောင်းသားရဲဖြစ်သောကြောင့် ၎င်း၏ အလောင်းနှင့် အသားများသည် အချိန်နှစ်လကျော်လာသည်အထိ လုံးဝ ပုံပျက်မသွားခဲ့ဘဲ၊ အနည်းငယ်မျှသာ ယိုယွင်းပျက်စီးနေခဲ့သည်။

“ နောက်ရက်နည်းနည်းလောက်ကြာရင် ပုတ်သွားလောက်ပြီ “ ရွှေတောင်ပံ T-Rexကြီးသည် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနေခဲ့သည်။

ထိုအချိန်၌ ၎င်းသည် တစ်စုံတစ်ခုကို ရုတ်တရက် မှတ်မိသွားခဲ့သည်။

၎င်းသည် ကျားပျံသားရဲကြီး၏ ဝမ်းဗိုက်ထဲသို့ တိုးဝင်သွားပြီး၊ လူသားအရွယ်မျှရှိသည့် ဝိုင်အိုးကို ၎င်း၏ လက်သည်းများဖြင့် ဆွဲယူလိုက်သည်။

“ သားရဲ ပုံဆောင်ခဲ ခြင်ဆီရည် “ ရွှေတောင်ပံ T-Rexကြီးမှ တွေးတော စဥ်းစားနေတော့သည် “ ဒီဟာက ငါ့ကို ဘယ်လောက်တောင် တိုးတက်သွားစေမလဲ မသိဘူး? “

ယခင်က ရက်များအတွင်း၌ ၎င်းသည် အစားသောက်များကိုသာ စားသောက်နေခဲ့ပြီး၊ သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်ကို သောက်သုံးရန် အချိန်မရခဲ့ပေ။

၎င်းသည် ဝိုင်နှင့် တူညီပြီး၊ အချိန်ကြာကြာ ထိန်းသိမ်းထားလေလေ တန်ဖိုးပိုမြင့်လေလေ ဖြစ်သည်။

သို့သော် ရှုကျိုးသည် တစ်စုံတစ်ခုကို ရုတ်တရက် မှတ်မိသွားခဲ့သည်၊ အဲ့သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်ထဲမှာ ဒုတိယအဆင့် သားရဲအူတိုင်တွေ အများကြီး ပါသင့်တယ်လေ၊ ဟုတ်တယ်မလား?

တကယ်လို့ အဲ့တာကိုသာ သောက်လိုက်မယ်ဆိုရင် သားရဲအူတိုင် အများကြီးကို သုံးလိုက်သလိုမျိုး အဆုံးမဲ့တိုးတက်မှုတွေ ဖြစ်လာစေမှာ မဟုတ်ဘူးလား !!

“ သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်ရဲ့ ရောစပ်မှုက ရှုပ်တယ်၊ သားရဲအူတိုင်တွေပဲ ပါနေတာ မဟုတ်ဘူး၊ သောက်လိုက်မယ်ဆိုရင် အလေးချိန်ပါ တိုးလာလောက်တယ် “ ရှုကျိုးမှ တွေးတော စဥ်းစားနေလျက်ရှိသည်။

ရွှေတောင်ပံ T-Rexကြီးသည် တွေဝေတုံ့ဆိုင်းနေသော အမူအရာဖြင့် ဝိုင်းအိုးကို ကြည့်နေခဲ့သည်။

သို့သော် မကြာခင်မှာပင် ဆုံးဖြတ်ချက်တစ်ခု ချလိုက်သည်။

နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ရွှေတောင်ပံ T-Rexကြီးသည် ဝိုင်းအိုးကို ဖွင့်ကာ အနည်းငယ်သောက်သုံးလိုက်သည်။

“ ကိစ္စမရှိပါဘူး၊ အရင် မြည်းကြည့်တာပေါ့ “

“ ဂလု ~~~ “

မွှေးပျံ့သော သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်သည် ၎င်း၏ အစာအိမ်ထဲသို့ ထိုးဆင်းသွားခဲ့သည်။

အနွေးစီးကြောင်းလေးတစ်ခုသည် လျင်မြန်စွာ ပျံ့နှံ့လာခဲ့ရာ ရွှေတောင်ပံ T-Rexကြီး၏ မျက်လုံးများ ပြူးကျယ်သွားခဲ့ပြီး၊ ၎င်း၏ အမွှေးများပင် ထောင်ထသွားခဲ့သည်။

စိတ်လှုပ်ရှားခြင်း !!

ဖော်မပြနိုင်လောက်အောင် စိတ်လှုပ်ရှားခြင်း !!

ပြင်းထန်သော တစ်ညတာ လေ့ကျင့်မှု ပြီးဆုံးသွားသကဲ့သို့၊ ကောင်းကင်ဘုံပေါ်သို့ တက်သွားသကဲ့သို့ ဖြစ်စေသည့် ကျေနပ်ဖွယ်ကောင်းသည့် ခံစားချက်တစ်ခု !!

T-Rexကြီးသည် ၎င်းက တိမ်သားတိမ်စိုင်တို့၏ မတင်ခြင်းကို ခံလိုက်ရသကဲ့သို့ ခံစားလိုက်ရပြီး၊ အမြင်အာရုံများ ဝေဝါးသွားကာ အသိစိတ်အာရုံမှာလည်း လွင့်ပျံသွားကာ အိမ်မက်တစ်ခုထဲ ရောက်ရှိသွားသကဲ့သို့ ခံစားသွားခဲ့ရသည်။

ထို့နောက်၌ …..

“ ဝုန်းးး !! “

ရွှေတောင်ပံ T-Rexကြီး သတိမေ့မြောသွားတော့သည်။

တိတိကျကျပြောရမည်ဆိုပါက မူးပြီး မှောက်သွားခြင်းပင် ဖြစ်သည်။

…

စံအိမ်ထဲရှိ ရှုကျိုးသည် မျက်လုံးများ ရုတ်တရက် ဖွင့်လာကာ အံ့အားသင့်သွားခဲ့သည်။

“ အရက်မူးသွားတာလားဟ? “

တစ်ငုံလောက်ပဲ သောက်ရသေးတာလေ။

မှောက်တောင် သွားပြီလားဟ?

ဒီသားရဲ ပုံဆောင်ခဲ ခြင်ဆီရည်က …. မပြင်းလွန်းဘူးလားဟ?

ပြီးတော့ ငါ့ရဲ့ မူလကိုယ်ကတောင် နည်းနည်း မူးတူးတူး ဖြစ်သွားသေးတယ်။

သူ၏အမြင်တွင် ရွှေတောင်ပံ T-Rexကြီး၏ အမြင်အာရုံသည် လုံးဝ မည်းမှောင်နေလျက်ရှိပြီး၊ သူသည် ၎င်းကို လုံးဝမထိန်းချုပ်နိုင်တော့ပေ။

“ ငါဘာလုပ်သင့်လဲ? “ ရှုကျိုး မျက်မှောင်ကြုတ်သွားတော့သည်၊ သူသည် ဤကဲ့သို့သော အခြေအနေမျိုးကို ပထမဦးဆုံးအကြိမ်အဖြစ် ကြုံတွေ့ဖူးခြင်း ဖြစ်သည်။

ရှုကျိုးသည် စနစ်၏ မျက်နှာပြင်ကို အမြန်ဖွင့်ကြည့်လိုက်ပြီး၊ ကိုယ်ပွားက ရှိသေးစဲဆိုသည်ကို မြင်လိုက်ရသောအခါတွင် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေတော့သည်။

သို့သော် မကြာခင်မှာပင် ရှုကျိုး တုန်လှုပ်သွားခဲ့သည်။

ကြီးမားသော ဧရာမ အနွေးစီးကြောင်းတစ်ခုသည် သူ၏ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာခဲ့သည်။

“ အကျိုးအမြတ်တွေ ရောက်လာပြီ “ ရှုကျိုးသည် စွမ်းအင်များဖြင့် ပြည့်နှက်နေသကဲ့သို့ ခံစားသွားခဲ့ရသည်။

သူသည် လျင်မြန်စွာ တင်ပျဥ်ခွေထိုင်လိုက်ပြီး၊ ချီ-သွေးစွမ်းအင်များကို ဖိနှိပ်ရန် ပြင်လိုက်သည်။

ရှုကျိုးသည် အဆိုပါ စွမ်းအင်များက အတော်လေး များပြားကြီးမားနေသည်ဟု ခံစားလိုက်ရသည်။

“ ဝုန်းးး !! “

ရှုကျိုး မှန်းဆထားခဲ့သည့်အတိုင်းပင်၊ နောက်ထပ် စက္ကန့်ပိုင်းမျှ အကြာတွင် ကြောက်မက်ဖွယ်ကောင်းသော ချီ-သွေးစွမ်းအင်များသည် သူ၏ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲထွက်လာခဲ့သည်။

အရာခပ်သိမ်းကို ဖျက်စီးပစ်နိုင်သော စွမ်းအားများပါဝင်သည့် ရေကာတာ ကျိုးပေါက်ခြင်းမှ ထွက်ပေါ်လာခဲ့သည့် ရေစီးများကဲ့သို့ …..

“ အို့၊ မဖြစ်ဘူး “ ရှုကျိုး၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

ချီ-သွေးစွမ်းအင်များသည် သူတွေးထင်ထားသည်ထပ် ပိုမိုပြင်းထန်နေခဲ့ပြီး၊ သားရဲအူတိုင် အခု၂၀ စားသုံးခဲ့သည့် အချိန်ကထပ်ပင် ပို၍ ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် သူ၏ခန္ဓာကိုယ်ပေါ်ရှိ အရေပြားများ နီရဲလာခဲ့သည်။

အရေပြားအောက်ရှိ သွေးကြောမျှင်များသည် ပြင်းထန်သော ချီ-သွေးစွမ်းအင်များကြောင့် သာမန်မျက်လုံးတို့ဖြင့် မြင်နိုင်သည့် အမြန်နှုန်းဖြင့် တစ်ခုပြီးတစ်ခု ပေါက်ကွဲထွက်လာခဲ့သည်။

ဘမ်း ဘမ်း ဘမ်း !!

ရှုကျိုး၏ ခန္ဓာကိုယ်ထဲမှ ပေါက်ကွဲသံများ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာခဲ့သည်။

“ ဖိနှိပ်စမ်း !! “ ရှုကျိုးသည် သူ၏ကိုယ်တွင်း အဂ်ါများက စုတ်ဖြဲခံလိုက်ရသကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားနေခဲ့ရပြီး ဖြည်းညှင်းစွာ ကြုံးဝါးလာခဲ့သည်။

သူသည် ချီ-သွေးစွမ်းအင်များကို အရူးအမူး ဖိနှိပ်ကာ၊ လုံးဝပေါက်ကွဲထွက်သွားခြင်းမှ တားဆီးနေခဲ့သည်။

အဆိုပါ ဖြစ်စဥ်သည် လွန်စွာ နာကျင်ခံစားနေရသည်။

သို့သော် ၎င်းသည် ရှုကျိုး၏ ခန္ဓာကိုယ်တစ်ခုလုံးကို သန့်စင်ဆေးကြောနေခဲ့ပြီး၊ သူ့ကိုယ်တွင်းရှိ အညစ်အကြေးများနှင့် အဆိပ်အတောက်များကို ညှစ်ထုတ်နေခဲ့သည်။

အချိန်များ ကုန်ဆုံးသွားခဲ့ကာ နာကျင်မှုများလည်း လျော့ပါးလာခဲ့သည်။

ရှုကျိုးသည် ချွေးများဖြင့် စိုရွှဲနေလျက်ရှိပြီး၊ တိတ်တိဆိတ် သက်ပြင်းချနေခဲ့သည်။

နောက်ဆုံးတော့ အခက်ခဲဆုံး အဆင့်ကို ကျော်လွှားနိုင်ခဲ့ပြီ။

သူသည် သူ၏ခန္ဓာကိုယ်ကို စူးစမ်းလေ့လာနေခဲ့ပြီး၊ နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် အံ့ဩတုန်လှုပ်သွားခဲ့သည်။

“ တစ်၊ နှစ်၊ သုံး …….. “

“ သွေးကြောမှတ် ၉ခုလား? “

သူ၏ခန္ဓာကိုယ်ထဲတွင် သွေးကြောမှတ် အသစ် ၉ခု ပေါ်လာခဲ့သည်။

ရှုကျိုးသည် စနစ်၏ မျက်နှာပြင်ကို အမြန်ဖွင့်ကြည့်လိုက်သည်။

[ ချီ-သွေး + ၁၆.၅ ကယ်လိုရီ ]

[ အဆင့် + ၃၃% ]

[ ပထမအဆင့် အဆင့် ၇သို့ ရောက်ရှိသွားပါသည် ]

[ ချီ-သွေး +၁၅ ကယ်လိုရီ ]

[ အဆင့် +၅% ]

အိမ်ရှင် : ရှုကျိုး

ချီ-သွေး : ၂၅၄.၅ ကယ်လိုရီ

စိတ်ဝိညာဥ်စွမ်းအား : 45 Hz

ကိုယ်ပွား : ရွှေတောင်ပံ T-Rex

အဆင့် : ပထမအဆင့် အဆင့် ၇ ( ၅% )

အသားတင် အလေးချိန် : ၂၆၂၈.၅ ကီလိုဂရမ်

စွမ်းရည် : နေ့စဥ် ၃၀ကီလိုဂရမ် ကြီးထွားခြင်း ( အကန့်အသတ် )၊ အရာအားလုံး ဝါးမြိုနိုင်ခြင်း၊ ကိုက်ဖြတ်ဆုတ်ဖြဲခြင်း ( ac )၊ ခုန်ဆင်းခြင်း (pas )

ဆင့်ကဲ ပြောင်းလဲမှုဖြစ်စဥ် : အလေးချိန်က မျိုးစိတ်အကန့်အသတ်သို့ ရောက်ရှိသွားသောအခါတွင် ဆင့်ကဲပြောင်းလဲမည်

ကိုယ်ပိုင် ဟင်းလင်းပြင် နေရာလွတ် : ၁၀၀၀ ကုဗမီတာ

…

ရှုကျိုးသည် ဤတိုးတက်မှုက အဆင့်နှစ်ဆင့် ရှိသည်ဆိုသည်ကို သတိပြုမိသွားခဲ့သည်။

အဆင့်၇သို့ မရောက်ခင် အခြေအနေနှင့် အဆင့်၇သို့ ရောက်ပြီးသည့်နောက် အခြေအနေတို့ ဖြစ်သည်။

အဆင့်၇သို့ မရောက်ခင် အချိန်တွင် အဆင့် ၁%နှင့် ချီ-သွေး ၀.၅ ကယ်လိုရီ တိုးတက်လာခဲ့သည်။

အဆင့်၇သို့ ရောက်ပြီးသည့်နောက်တွင်မူ အဆင့် ၁%နှင့် ချီ-သွေး ၃ကယ်လိုရီ တိုးတက်လာခဲ့သည်။

“ ဒီလောက် အကြီးကြီး ပြောင်းလဲသွားတာလားဟ? “ ရှုကျိုး အနည်းငယ် အံ့ဩသွားခဲ့သည်။

“ ဆိုတော့ ပထမအဆင့် အဆင့်၇က အချိုးအကွေ့တစ်ခုထင်တယ် “ ရှုကျိုးမှ စဥ်းစားခန်းဖွင့်နေတော့သည် “ အဲ့တာက နှောင်းပိုင်း ပထမအဆင့် လူသားသိုင်းပညာရှင်နဲ့ ညီမျှတာပေါ့ “

ရှုကျိုးသည် ၎င်းကို ကြည့်မနေတော့ဘဲ ချီ-သွေးကို ကြည့်လိုက်ရာ ပို၍ အံ့ဩတုန်လှုပ်သွားခဲ့သည်။

ဒီတိုးတက်မှုက တော်တော်ကြီးကို ကြီးတာပဲ !!

……………………………………………………………………………………………………………………..

All Chapters