← Chapters

သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်၏ ကြောက်မက်ဖွယ်ကောင်းသော မြှင့်တင်ပေးမှု ၂

Vol. 9 Ch. 133

သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်၏ ကြောက်မက်ဖွယ်ကောင်းသော မြှင့်တင်ပေးမှု ၂

Vol. 9 Ch. 133

“ အားလုံးပေါင်းလိုက်ရင် ငါ့ရဲ့ချီ-သွေးက ၃၁.၅ ကယ်လိုရီတောင် တိုးတက်လာခဲ့တာပေါ့ !! “ ရှုကျိုးသည် ဝမ်းသာအားရ ဖြစ်သွားတော့သည် “ ချီ-သွေး ၁ကယ်လိုရီဆိုရင် ခွန်အား ၅၀ကီလိုဂရမ် တိုးလာတာဆိုတော့ “

“ အခုဆိုရင် ငါ့ရဲ့ ခွန်အားက ကီလိုဂရမ် ၁၅၀၀ ကျော်နေလောက်ပြီပေါ့ !! “

တွက်ချက်မှုများ မပြုလုပ်ဘူးဆိုလျှင်တောင်မှ ရှုကျိုးသည် သူ၏ခန္ဓာကိုယ်ထဲတွင် ရှိနေသည့် ကြီးမားသော စွမ်းအားများကို ခံစားမိနေခဲ့သည်။

သူသည် သွေးကြောမှတ် ၉ခုကို ရုတ်တရက် ရှာတွေ့ခဲ့သည်၊ ၎င်းတို့ကို မဖွင့်လှစ်ရသေးသော်လည်း ၎င်းတို့သည် ကြီးမားသော ချီ-သွေးစွမ်းအင် တိုးတက်မှုကို ယူဆောင်ပေးလာစဲဖြစ်သည်။

“ အရင်တုန်းက ငါရှာတွေ့ခဲ့တဲ့ သွေးကြောမှတ် ၁၁ခုနဲ့ပေါင်းလိုက်ရင် ငါက သွေးကြောမှတ် အခု၂၀ ရှာတွေ့ထားခဲ့ပြီ “

“ တန်တယ်ဟေ့ !! “ ရှုကျိုး စိတ်လှုပ်ရှားသွားခဲ့သည်။

ထိုအချိန်တွင် သူသည် သွေးတောင်ပံ ကျားပျံ ခေါင်းဆောင်ကြီးကို အနည်းငယ် နားလည်သွားခဲ့သည်။

ဒီလို တန်ဖိုးကြီးတဲ့ဟာ ရှစ်ခုလုံးကို ငါယူသွားတာဆိုတော့ သူငါ့နောက်ကို လိုက်နေခဲ့တာက မထူးဆန်းတော့ပါဘူး။

သားရဲများအတွက် တိုးတက်မှုသည် များစွာအရေးမကြီးပေ၊ ၎င်းတို့သည် ၎င်းကို သောက်သုံးလိုက်သော အချိန်တွင် ခံစားရသည့် ရီဝေဝေ ခံစားမှုကို လိုချင်ကြခြင်းသာ ဖြစ်သည်။

အဆိုပါ ခံစားချက်သည် ရှုကျိုးကိုပင် သွေးဆောင်သွားခဲ့ပြီး၊ သူသည် ၎င်းကို ထပ်မံ၍ တွေ့ကြုံခံစားချင်သွားခဲ့သည်။

ထိုအကြောင်းကို စဥ်းစားနေရင်းဖြင့် ရှုကျိုးမှင်သက်သွားခဲ့သည်။

“ ကိုယ်ပွားက ဘာလို့မနိုးလာရသေးတာလဲဟ? “ ရှုကျိုးမှ တိတ်တဆိတ် အာရုံခံလိုက်ရာ ၎င်းသည် မြေပြင်ပေါ်တွင် အသိစိတ် ကင်းမဲ့စွာဖြင့် လှဲလျောင်းနေစဲဆိုသည်ကို အာရုံခံမိသွားခဲ့သည်။

တစ်နာရီ ကုန်ဆုံးသွားခဲ့ပြီဖြစ်သည်။

နိုးထလာမည့် အရိပ်အယောင် မတွေ့ရသေးပေ။

“ တစ်နေ့လုံး သတိမေ့သွားမှာများလား? “ ရှုကျိုးမှ စိုးရိမ်စပြုလာခဲ့ပြီ ဖြစ်သည်။

ယခုလက်ရှိ အချိန်၌ ကျားပျံမျိုးနွယ်စု၏ ပိုင်နက်သည် လုံခြုံမှု ရှိမနေတော့ဘဲ ပထမအဆင့် အဆင့်၅(သို့) အဆင့်၆ သားရဲများ၏ မကြာခဏ လာရောက်နှောင့်ယှက်ခြင်းကို ခံနေခဲ့ရသည်။

အကယ်၍ ရွှေတောင်ပံ T-Rexကြီး မူးနေသည့် အချိန်အတွင်းတွင် အစွမ်းထက် သားရဲတစ်ကောင်ကောင် ရောက်လာခဲ့မည်ဆိုပါက ၎င်းသည် ထွက်ပြေးလွတ်မြောက်ရန် အခွင့်အရေး ရတော့မည် မဟုတ်ပေ။

ရှုကျိုးသည် ကိုယ်ပွားကို မည်ကဲ့သို့ နှိုးရမလဲဆိုသည်ကို မသိသောကြောင့် စိတ်မသက်မသာ ဖြစ်သွားခဲ့သည်။

“ ငါက စောင့်နေရုံပဲ ရှိတော့တာပေါ့ “ ရှုကျိုးသည် စိတ်ထဲတွင် တိတ်တဆိတ် သက်ပြင်းချနေတော့သည်။

သူ၏စိတ် မတည်မငြိမ် ဖြစ်နေပြီး၊ လေ့ကျင့်ရန် စိတ်မပါသောကြောင့် သူသည် ခြံထဲသို့ သွားကာ သူ၏ အိမ်ကို လှည့်ပတ်ကြည့်ရှုနေတော့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် စာဖတ်ခန်းထဲသို့ ရောက်လာခဲ့သည်။

“ ဟမ်? “ ရုတ်တရက် ဆိုသလိုပင် သူသည် တခဏခန့် ရပ်တန့်သွားခဲ့ပြီး ကြမ်းပြင်ပေါ်ရှိ တံဆိပ်ပြားတစ်ခုကို ကောက်ယူလိုက်သည်။

တံဆိပ်ပြား၏ အရှေ့ဘက်တွင် အစစ်အမှန် သိုင်းပညာဟူသော စာလုံးကို ထိုးထွင်းထားခဲ့သည်။

“ အစစ်အမှန် သိုင်းပညာဌာနလား? “ ရှုကျိုး အံ့ဩသွားခဲ့သည်။

ကြည့်ရတာတော့ ဒီအိမ်ရဲ့ အရင်ပိုင်ရှင်က အစစ်အမှန် သိုင်းပညာဌာနက လူထင်တယ်။

သူသည် ၎င်းကို လှန်ကြည့်လိုက်ရာ နောက်ထပ် စာလုံးနှစ်လုံးကို ထပ်မံ၍ မြင်တွေ့သွားခဲ့သည်။

“ အမှန်တရားကို ရှာဖွေခြင်းလား? “ ရှုကျိုးသည် ဇဝေဇဝါဖြင့် ရေရွတ်ပြောဆိုနေတော့သည် “ အစစ်အမှန် သိုင်းပညာ၊ အမှန်တရား ရှာဖွေခြင်း၊ ဘာကို ဆိုလိုတာလဲဟ? “

…

ရှုကျိုး တံဆိပ်ပြားကြောင့် စိတ်ရှုပ်ထွေးနေသည့် အချိန်တွင်

အစစ်အမှန် သိုင်းပညာဌာန

ကျယ်ဝန်းသော အစည်းအဝေးခန်းမထဲတွင် လူတစ်စု ရှိနေခဲ့သည်။

ဆံပင်ဖြူဌာနမှူးသည် လူတိုင်းကို မျက်နှာမူ၍ ထိပ်ဆုံးတွင် ထိုင်နေလျက်ရှိသည်။

အောက်ဘက်၌ တစ်ခြားသော ဆံပင်ဖြူ အကြီးအကဲ အနည်းငယ်သည် စိုးရိမ်ပူပန်နေသောအမူအရာများ ထိုင်နေကြသည်။

“ ဌာနမှူး၊ ကျွန်တော်တို့က မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိရဲ့လား? “

“ နှစ်တွေ ဘယ်လောက်တောင် ကြာနေပြီလဲ? ကျုပ်တို့က ဆဌမအဆင့်မှာပဲ ပိတ်မိနေကြပြီးတော့ လုံးဝကို အဆင့်ထပ်မတက်လာတော့ဘူး “

“ အစစ်အမှန် သိုင်းပညာဌာနရဲ့ အနာဂတ်မှာ လမ်းကြောင်းကော ရှိသေးရဲ့လားဗျာ? “

အကြီးအကဲ အနည်းငယ်သည် သူတို့၏ ဦးခေါင်းများကို ခါရမ်း၍ သက်ပြင်းတချချ ဖြစ်သွားကြတော့သည်။

သူတို့အားလုံးသည် အစစ်အမှန် သိုင်းပညာဌာန၏ ပညာရှင်များဖြစ်သည့် သက်ကြီးပိုင်း မျိုးဆက်များ ဖြစ်သည်။

သို့သော် ဤအချိန်၌ သူတို့သည် ယိမ်းယိုင်နေကြေသော စိတ်နှလုံးသားတို့ဖြင့် သူတို့ လျှောက်လမ်းနေကြသည့် လမ်းကြောင်းအကြောင်းကို မေးခွန်းများ ထုတ်နေလျက်ရှိသည်။

ငါတို့ရဲ့ ရွေးချယ်မှုက မှန်ကန်ရဲ့လား? တကယ်လို့ မှန်တယ်ဆိုရင် လမ်းကြောင်းက ဘယ်မှာလဲ?

“ ပညာရှင်တို့ “ ထိပ်ပိုင်းရှိ ဆံပင်ဖြူ ဌာနမှူးသည် အားလုံးကိုကြည့်ကာ ဖြည်းဖြည်းချင်း စကားပြောလာခဲ့သည် “ ယာယီ ဘေးဒုက္ခလေးတစ်ခုကြောင့် ခင်ဗျားတို့ရဲ့ ယုံကြည်မှုတွေကို ယိမ်းယိုင်မသွားစေပါနဲ့ “

“ အစစ်အမှန် သိုင်းပညာဌာနက အမှန်တရားကို ရှာဖွေရတဲ့ လမ်းကြောင်းပါ “

“ ကျုပ်တို့ရဲ့ လမ်းကြောင်းက သေချာပေါက်ကို မှန်ပါတယ်။ အခုအချိန်အထိ ဘာမှကို မမှားခဲ့ပါဘူး “

အစည်းအဝေး အခန်းအတွင်းရှိ များစွာသော ပညာရှင်များသည် ဌာနမှူးကို ကြည့်လာကြသည်။

အစစ်အမှန် သိုင်းပညာဌာန၏ လက်ရှိဌာနမှူး၊ ရှန့်ဝမ်ချန်း၊ အဆိုပါ ပညာရှင်အားလုံးသည် ရှန့်ဝမ်ချန်း၏ သင်ကြားပေးမှုများကို ခံယူခဲ့ရပြီး၊ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ရှိ အငယ်ဆုံး ပညာရှင်၊ လျူချင်းယွမ်မှာလည်း ရှ့န်ဝမ်ချန်းကြောင့်ပင် ဤနေရာသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။

“ လျူချင်းယွမ် ….. “

ဆံပင်ဖြူပညာရှင်တစ်ဦးသည် သက်ပြင်းချ၍ ပြောလာခဲ့သည် “ သူကလည်း အစစ်အမှန် သိုင်းပညာဌာနရဲ့ ကျောင်းသားတစ်ယောက်ပဲ၊ ကျောင်းတက်နေတဲ့ လေးနှစ်အတွင်းမှာပဲ စတုတ္ထအဆင့်ကို ရောက်သွားတယ် “

“ အဲ့ဒီနောက် သုံးနှစ်တောင် မကြာသေးဘူး၊ ဆဌမအဆင့်ကို ရောက်သွားပြီးတော့ ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ရဲ့ အငယ်ဆုံး ပညာရှင်တစ်‌ယောက် ဖြစ်လာတယ် “

“ အဲ့လို ထူးချွန်တဲ့ လူတစ်ယောက်ကတောင် အခု ဆဌမအဆင့်မှာပဲ ပိတ်မိနေတယ် “

“ ဆယ်နှစ်တောင် ကုန်သွားခဲ့ပြီ၊ ဘာမှကို တိုးတက်မလာခဲ့တာ “

ဆံပင်ဖြူပညာရှင်သည် အံကြိတ်၍ ပြောလာခဲ့သည် “ တကယ်လို့ သူကသာ နတ်သိုင်းဌာနမှာ ရှိနေမယ်ဆိုရင်၊ သူက သတ္တမအဆင့်ကို ရောက်သွားတာ တော်တော်ကြာနေလောက်ပြီ၊ အဌမအဆင့်ကို ရောက်နေလောက်တယ် “

တစ်ခြားလူများကလည်း သဘောတူညီစွာဖြင့် ခေါင်းငြိမ့်ပြလာခဲ့သည်။

လျူချင်းယွမ်သည် လွန်ခဲ့သော နှစ်များအတွင်းက ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ရှိ အထူးချွန်ဆုံးသော ပါရမီရှင်တစ်ဦး ဖြစ်သည်။

အစစ်အမှန် သိုင်းပညာဌာနသည် သူ့အပေါ်တွင် မျှော်လင့်ချက် ကြီးကြီးမားမား ထားခဲ့သည်။

ယခု၌ သူသည် မည်သို့မျှ မတိုးတက်လာခဲ့ဘဲ ဆဌမအဆင့်တွင်သာ ပိတ်မိနေခဲ့သည်။

သူတို့သည် လျူချင်းယွမ်ကို စိတ်ပျက်နေကြခြင်း မဟုတ်ဘဲ၊ သူတို့ရွေးချယ်ထားသော လမ်းကြောင်းနှင့် အစစ်အမှန် သိုင်းပညာဌာနကို စိတ်ပျက်နေကြခြင်း ဖြစ်သည်။

နဖူးပေါ်တွင် မှဲ့နက်တစ်လုံး ရှိနေသည့် ပညာရှင်တစ်ဦးမှာလည်း လေးနက်နေသော လေသံဖြင့် စကားပြောလာခဲ့သည် “ ငါကြားတာကတော့ ဒီနှစ် လူသစ်ဘုရင်က ငါတို့ဆီကို ရောက်လာတယ်ဆို “

“ ငါအကြံပေးချင်တာကတော့ သူ့ကို မနေခိုင်းနဲ့ “

“ သူတို့ကို အစစ်အမှန် သိုင်းပညာဌာနထဲကို ဝင်ခွင့်ပြုလိုက်တာက သူတို့ရဲ့ စွမ်းရည်တွေကို ဖြုန်းတီးလိုက်တာပဲ “

“ အစစ်အမှန် သိုင်းပညာဌာနက ပါရမီရှင်တွေကို ထပ်မခေါ် …….. “

“ ပညာရှင်စွန်းး !! “ အကြီးအကဲတစ်ဦး မျက်မှောင်ကြုတ်သွားခဲ့သည်။

လူသစ်ခေါ်ယူခြင်းကို ရပ်နားလိုက်ခြင်းသည် အစစ်အမှန် သိုင်းပညာဌာန၏ အနာဂတ်ကို ဖြတ်တောက်လိုက်ခြင်းပင် ဖြစ်သည်။

ထိုကဲ့သို့သော ဆုံးဖြတ်ချက်အား ပေါ့ပေါ့တန်တန် မလုပ်သင့်ချေ။

မှဲ့နက်ဖြင့် ပညာရှင်မှ အလေးအနက်ထား၍ ပြောဆိုလာခဲ့သည် “ ငါတို့တောင် စုတ်ပြတ်သပ်နေပြီလေ၊ လူဆက်ခေါ်နေမယ်ဆိုရင်၊ အဲ့ဒီသွေးသစ်လေးတွေက အစစ်အမှန် သိုင်းပညာဌာနထဲ ဝင်လာပြီးတော့ အမှိုက်ဖြစ်သွားတာကို ငါတို့က ဒီအတိုင်း လက်ပိုက်ကြည့်နေရမှာလား? “

“ နတ်သိုင်းဌာနက သူတို့အတွက် သင့်တော်တဲ့ လမ်းကြောင်းတစ်ခုပဲ “

တစ်ခြားသော ပညာရှင်များသည် မည်သည့်စကားကိုမှ ထပ်မပြောလာကြတော့ပေ။

“ စွန်းကျန်း၊ မင်းမှားနေပြီ “

အရှေ့ဘက်ရှိ ရှန့်ဝမ်ချန်းမှ စကားပြောလာခဲ့သည် “ နတ်သိုင်းဌာနရဲ့ လမ်းကြောင်းက ဟိုးအစကတည်းက မှားနေခဲ့တာ “

“ နတ်သိုင်းဌာနက နှစ်၃၀၀ကျော် ကြာရှည်တည်တံ့နေပြီးတော့ အစွမ်းထက် ပုဂ္ဂိုလ်တွေ အများကြီးကို မွေးထုတ်ပေးခဲ့တယ်ဆိုတာက မှန်တယ် “

“ ဒါပင်မဲ့ ကွမ်ဟန်ဘက်က တိုက်ပွဲတွေက ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ? ဘာလို့လဲဆိုတော့ လူသားတွေရဲ့ အဆင့်မြင့် ပုဂ္ဂိုလ်တွေက ဟိုဘက်က အဆင့်မြင့်သမားတွေကို အနိုင်မယူနိုင်လို့ပဲ “

“ အစကတည်းက လူသား အဆင့်မြင့် ပညာရှင်တွေက ဟိုဘက်က အဆင့်မြင့်သမားတွေထပ် ဆယ်ဆလောက် များနေခဲ့တာလေ “

“ ဒါပင်မဲ့ ဘာဖြစ်သွားခဲ့လဲ? သူတို့အားလုံးက ဟိုဘက်က ချေမှုန်းတာကို ခံလိုက်ရတယ်လေ “

……………………………………………………………………………………………………….

All Chapters