← Chapters

သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်၏ ကြောက်မက်ဖွယ်ကောင်းသော မြှင့်တင်ပေးမှု ၃

Vol. 9 Ch. 134

သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်၏ ကြောက်မက်ဖွယ်ကောင်းသော မြှင့်တင်ပေးမှု ၃

Vol. 9 Ch. 134

“ နတ်သိုင်းဌာနရဲ့ လမ်းကြောင်းက ဟိုးအစကတည်းက ရန်သူတွေထပ် အားနည်းတယ်။ အစောပိုင်းအဆင့်တွေမှာဆိုရင် အားနည်းချက်တွေက ပေါ်မလာသေးဘူး၊ ဒါပင်မဲ့ အမြင့်ပိုင်းကို ရောက်သွားတာနဲ့ အဲ့တာတွေက သေစေနိုင်တဲ့ အားနည်းချက်တွေ ဖြစ်လာလိမ့်မယ် “

ရှန့်ဝမ်ချန်း၏ အသံသည် ခိုင်မာ ပြတ်သားနေခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနက နယ်ပယ်တူမှာ ပြိုင်ဘက်ကင်းတယ်။ ပထမအဆင့်ထဲက စပြီးတော့ ပြိုင်ဘက်ကင်းတဲ့ လမ်းကြောင်းပဲ ဖြစ်သွားတယ် “

“ ဆဌမအဆင့် လျူချင်းယွမ်က သတ္တမအဆင့် ပညာရှင်တစ်ယောက်ကို သတ်ခဲ့တယ်လေ၊ အဲ့တိုက်ပွဲက လူတွေကို ဘယ်လောက်တောင် အံ့ဩသွားစေခဲ့လဲ? “

“ သူ့ကျောင်းသား ချင်ဖုန်းက ဒုတိယအဆင့်ပဲ ရှိသေးတယ်၊ ဒါပင်မဲ့ တတိယအဆင့် သားရဲကောင်ကိုတောင် သတ်နိုင်ခဲ့တယ်၊ သူက ငါတို့ အစစ်အမှန် သိုင်းပညာဌာနရဲ့ ဂုဏ်သတင်းကို မညှိးနွမ်းစေခဲ့ဘူး “

ရှန့်ဝမ်ချန်းသည် ဖြည်းဖြည်းချင်း စကားပြောလာခဲ့သည် “ ငါတို့က မစွမ်းဆောင်နိုင်တော့ဘူးဆိုတာက အမှန်ပဲ။ ဒါပင်မဲ့ နောက်မျိုးဆက်တွေကတော့ စွမ်းဆောင်နေနိုင်တုန်းပဲ။ တကယ်လို့ နောက်မျိုးဆက်တွေက မစွမ်းဆောင်နိုင်ဘူးဆိုရင်၊ နောက်ထပ် မျိုးဆက်တွေက အောင်မြင်အောင် လုပ်နိုင်လိမ့်မယ် “

“ အစစ်အမှန် သိုင်းပညာဌာနရဲ့ မီးတောက်ကို ငြှိမ်းသက်လို့ မရဘူး။ အဲ့တာက လူသားမျိုးနွယ်စုရဲ့ မီးတောက်ပဲ။ နတ်သိုင်းဌာနရဲ့ လမ်းကြောင်းက မှားနေတယ်။ တစ်ယောက်ယောက်ကတော့ လမ်းကြောင်းအသစ်တစ်ခုကို ဖောက်ကိုဖောက်ရမယ်၊ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ငါတို့က လုံးဝကျရှုံးသွားလိမ့်မယ် “

“ ဒီလမ်းကြောင်းက တကယ်ကို ခက်ခဲပါတယ်၊ ဘာလို့လဲဆိုတော့ ဘယ်သူကမှ ဒီလမ်းကြောင်းကို မလျှောက်ဖူးတာကြောင့်ပဲ၊ ဒါပင်မဲ့ အဲ့လိုဖြစ်နေတာနဲ့ပဲ မှားနေတယ်လို့တော့ မဆိုလိုဘူး “

ရှန့်ဝမ်ချန်းသည် အခိုင်အမာ ပြောဆိုလာခဲ့သည် “ အားလုံးပဲ၊ မင်းတို့ရဲ့ ယုံကြည်ချက်တွေကို ခိုင်ခိုင်မာမာ ဖမ်းဆုပ်ထားကြပါ “

သူ၏စကားများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် တစ်ခန်းလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

အကြီးအကဲများသည် တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသော်လည်း မည်သည့်စကားမှ မပြောလာကြပေ။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် စွန်းဟု အမည်ရသည့် ပညာရှင်မှ သက်ပြင်းချကာ ပြောလာခဲ့သည် “ ပထမအဆင့်မှာ ရှိတဲ့ လူတစ်ယောက်က ကိုယ့်ကိုကိုယ် အပြည့်အဝ အားကိုးပြီးတော့ သွေးကြောမှတ်တွေ မဖွင့်နိုင်ဘူးဆိုရင်တော့၊ ငါတို့ရဲ့ လမ်းဟောင်းကြီးကိုပဲ လျှောက်နေရဦးမှာပဲ “

တစ်ခြားသော ပညာရှင်များမှာလည်း စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်။

…

နေလုံးကြီး ပျောက်ကွယ်သွားကာ ၎င်း၏ နေရာတွင် ကြယ်ကလေးများ အစားထိုး ဝင်ရောက်လာခဲ့ပြီ ဖြစ်သည်။

မျက်စိတ်တစ်မှိတ်အတွင်းမှာပင် တစ်နေ့တာ ကုန်ဆုံးသွားခဲ့သည်။

စံအိမ် နံပါတ် ၅၃အတွင်း၌

ရှုကျိုးသည် သူ၏မျက်လုံးများကို ကူရာကယ်မဲ့နေသော အမူအရာမျိုးဖြင့် ဖွင့်လာခဲ့သည်။

“ ကိုယ်ပွားက မနိုးသေးဘူးလားဟ? “

ထိုအချိန်တွင် သူသည် အမှန်တကယ် စိုးရိမ်ပူပန်နေရပြီ ဖြစ်သည်။

ရွှေတောင်ပံ T-Rexကြီးသည် တစ်နေ့လုံး သတိမေ့မြောနေလျက်ရှိပြီး၊ ယခုလက်ရှိ အချိန်အထိ မနိုးလာသေးပေ။

“ ဟမ်? “

ထိုအချိန်တွင် ရှုကျိုး၏ အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

ရွှေတောင်ပံ T-Rexကြီး ပြန်လည် နိုးထလာခဲ့ပြီ ဖြစ်သည် !!

တစ်ချိန်တည်းမှာပင်

နတ်ဆိုးတစ်ထောင် လှိုဏ်ဂူ၊ ကျားပျံမျိုးနွယ်စု ပိုင်နက်

ရွှေတောင်ပံ T-Rexကြီးသည် ၎င်း၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လာခဲ့သည်၊ ၎င်း၏ အသိစိတ်သည် အနည်းငယ် ဝေဝါးဝါး ဖြစ်နေစဲပင် ဖြစ်သည်။

သို့သော် မကြာခင်မှာပင် ၎င်းသည် သိပ်မဝေးသောနေရာရှိ ကျားပျံခေါင်းဆောင်ကြီး၏ အလောင်းကို ကိုက်ခဲစားသောက်နေသည့် ဗီဇပြောင်းသားရဲတစ်ကောင်ကို မြင်တွေ့သွားခဲ့သည်။

“ ဝေါင်း !! “

ရွှေတောင်ပံ T-Rexကြီးသည် ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး၊ ချက်ချင်း ခုန်တက်သွားကာ ခြေသည်းများဖြင့် တိုက်ခိုက်လိုက်သည်။

ဘမ်း !!

ပထမအဆင့် အဆင့်၅ သားရဲကောင်သည် သွေးကန်တစ်ခုအဖြစ် ချက်ချင်း ပြောင်းလဲသွားပြီး၊ သနားဖွယ်ကောင်းသော အနေအထားဖြင့် ပွဲချင်းပြီး သေဆုံးသွားခဲ့သည်။

ရွှေတောင်ပံ T-Rexကြီးသည် ၎င်းကို အာရုံစိုက်မနေဘဲ ပတ်ဝန်းကျင်ကို လှည့်ပတ်စူးစမ်းလိုက်သည်။

ကံကောင်းထောက်မစွာဖြင့် တစ်ခြား မည်သည့်သားရဲမှ ရှိမနေခဲ့ပေ။

“ ပထမအဆင့် အဆင့်၅ အကောင်လေး ဖြစ်နေတာ တော်သေးတယ်ကွာ “ ရှုကျိုးသည် ကံကောင်းခြင်းနှင့် စိုးရိမ်ပူပန်ခြင်းတို့ကို တစ်ပြိုင်နက် ခံစားနေရတော့သည် “ တကယ်လို့ ငါသတိမေ့နေတဲ့ အချိန်မှာ ဒုတိယအဆင့် ဒါမှမဟုတ် အဲ့ထပ် အဆင့်မြင့်တဲ့ကောင်တွေ ရောက်လာမယ်ဆိုရင် ……….. “

ရွှေတောင်ပံ T-Rexကြီး၏ မျက်လုံးများထဲတွင် စိုးရိမ်ပူပန်မှု အရိပ်အမြွက်များ ပေါ်ပေါက်လာခဲ့သည်။

…

စံအိမ်ထဲရှိ ရှုကျိုးမှာလည်း ထပ်တူထပ်မျှ ကြောက်လန့်နေခဲ့သည်။

“ သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်ကို ပေါ့ပေါ့ဆဆ ထပ်မသုံးသင့်တော့တဲ့ပုံပဲ “ ရှုကျိုးမှ စဥ်းစားခန်းဖွင့်နေတော့သည်။

သားရဲ ပုံဆောင်ခဲ ခြင်ဆီရည်၏ သန့်စင်မှုသည် အလွန်မြင့်မားနေခဲ့သည်။

တစ်ငုံမျှ သောက်သုံးလိုက်ရုံဖြင့် တစ်နေ့လုံး သတိမေ့သွားစေခဲ့သည်၊ ၎င်းအား မည်သူက တောင့်ခံနိုင်မည်နည်း?

၎င်းသည် ကြီးမားသော တိုးတက်ပြောင်းလဲမှုများကို ယူဆောင်ပေးလာခဲ့သော်လည်း၊ ကိုယ်ပွား သတိမေ့နေသည့် အချိန်တွင် ပထမအဆင့် အဆင့်၅ ဗီဇပြောင်းသားရဲကပင် ၎င်းအတွက် ကြီးမားသော အန္တရာယ်တစ်ခုအဖြစ် ယာယီ သတ်မှတ်ထားနိုင်လေသည်။

အကယ်၍ ကိုယ်ပွားသာ သေသွားမည်ဆိုပါက သူကြေကွဲသွားရမည် ဖြစ်သည်။

“ နောင်အနာဂတ်မှာ မဆင်မခြင် ထပ်လုပ်လို့ မဖြစ်တော့ဘူး “ ရှုကျိုးမှ သန္နိဌာန်ချလိုက်သည်။

ကိုယ်ပွားက ဘေးကင်းလုံခြုံသည်ကို အတည်ပြုခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် ဖြည်းညှင်းစွာ ထရပ်လိုက်ပြီး၊ ကိုယ်လက်သန့်စင်ဆေးကြောကာ နံနက်စာစားနေတော့သည်။

အဆင့်မြင့် အိပ်ရာဝင်းအတွင်း၌ ကျွမ်းကျင်စားဖိုမှူးများမှ နံနက်စာများကို တိုက်ရိုက် ပေးပို့လာခဲ့သည်။

၎င်းနှင့်ပတ်သက်၍ ရှုကျိုးသည် အတော်လေး စိတ်ကျေနပ်သွားခဲ့သည်။

မကြာခင်မှာပင် နံနက်စာ စားသောက်ခြင်း ပြီးဆုံးသွားခဲ့သည်၊ ရှုကျိုးသည် အိမ်ထဲမှ ထွက်လာခဲ့ကာ အစစ်အမှန် သိုင်းပညာဌာနရှိရာ လမ်းကြောင်းပေါ်သို့ ဦးတည်ထွက်ခွာလာခဲ့သည်။

“ အစစ်အမှန် သိုင်းပညာဌာန ………. “ ရှုကျိုးသည် အလွန် မျှော်လင့်မိနေခဲ့ပြီး၊ ကိုယ်တိုင်မြင်တွေ့ရရန် အလွန်စိတ်အားထက်သန်နေလျက်ရှိသည်။

………………………………………………………………………………………………………………….

All Chapters