← Chapters

ဘက်ပေါင်းစုံကို ရှင်းလင်းခြင်း၊ မာနကြီးသော ပါရမီရှင်များကို ဆုံးမသူ !! ၄

Vol. 9 Ch. 122

ဘက်ပေါင်းစုံကို ရှင်းလင်းခြင်း၊ မာနကြီးသော ပါရမီရှင်များကို ဆုံးမသူ !! ၄

Vol. 9 Ch. 122

ထိုစကားပြီးဆုံးသွားသည်နှင့်တစ်ပြိုင်နက် စက်ရုပ်အသစ် ၃၀၀သည် ချက်ချင်းဆိုသလို ရွေ့လျားလာကြပြီး၊ နေရာအနှံ့သို့ ပြန့်ကျဲသွားခဲ့သည်။

ကွင်းပြင်ထဲတွင် တိုက်ခိုက်နေသည့် အဖွဲ့အားလုံး ရပ်တန့်သွားကြသည်။

ယခင်က စက်ရုပ် အခု၃၀၀နှင့် အသစ်ရောက်လာသည့် စက်ရုပ် ၃၀၀ !!

စုစုပေါင်း အခု၆၀၀ ပြည့်သွားပြီ ဖြစ်သည် !!

၎င်းသည် အဖွဲ့ တစ်ဖွဲ့ချင်းစီတိုင်းက စက်ရုပ်၄ရုပ်ကို ကိုင်တွယ်ရတော့မည်ဟု ဆိုလိုနေခြင်းပင် ဖြစ်သည်။

အားလုံး၏ အမူအရာများ လေးနက်သွားကြသည်။

…

ရှုကျိုးဘက်တွင်ကား စက်ရုပ်များသည် သူတို့ကို လျင်မြန်စွာ ဝိုင်းရံလာခဲ့သည်။

Sအဆင့် စွမ်းရည်ရှိသည့် အလယ်အလတ် ပထမအဆင့် စက်ရုပ်၄ခုသည် ရှုကျိုးနှင့် လီတျယ်တို့ကို ဝိုင်းထားခဲ့ပြီ ဖြစ်သည်။

ယခင်က စက်ရုပ်နှစ်ရုပ်နှင့်ပင် ခြေထောက်များ အားနည်းနေခဲ့သည့် လီတျယ်သည် စက်ရုပ်၄ရုပ်ကို မြင်တွေ့လိုက်ရသောအခါတွင် အမူအရာ သိသိသာသာ ပြောင်းလဲသွားပြီး၊ ခန္ဓာကိုယ်တစ်ခုလုံး တုန်ရင်သွားခဲ့သည်။

“ ဒီအငွေ့အသက်က? “ ရှုကျိုးမှာလည်း ဖိအားအနည်းငယ်ကို ခံစားနေခဲ့ရပြီ ဖြစ်သည်။

“ ဟူးးးး !! “

စက်ရုပ် ၄ရုပ်သည် သူတို့နှစ်ဦးအား အသက်ရှုရန်ပင် အခွင့်အရေး မပေးဘဲ အနားရောက်လာသည်နှင့် တစ်ပြိုင်နက် အင်ပြည့်အားပြည့် အသုံးပြုကာ တိုက်ခိုက်လာခဲ့သည်။

“ ဝုန်းးး !! “

စက်ရုပ်၄ရုပ်သည် ရှုကျိုးနှင့် လီတျယ်တို့ကို ချိန်ရွယ်ကာ ထိုးလာခဲ့သည်။

ရှုကျိုးသည် လီတျယ်ကို ဆွဲကာ နောက်သို့ အမြန်ဆုတ်လိုက်သည်။

“ ဝှစ် !! “

သို့သော် စက်ရုပ် အသစ်၂ရုပ်သည် သူ့ထပ် ပို၍ မြန်ဆန်နေခဲ့ပြီး၊ သူ၏နောက်ဘက်သို့ ချက်ချင်း ရောက်လာခဲ့ကာ လက်သီးများ ပစ်သွင်းလာခဲ့သည်။

ခလမ်းး !!

ရှုကျိုးမှ သူ၏ဓားကို လွှဲရမ်း၍ ပိတ်ဆို့တားဆီးလိုက်ရာ သူသည် ကုန်တင်ကား တစ်စီးနှင့် အတိုက်ခံလိုက်ရသကဲ့သို့ ခံစားသွားရပြီး လွင့်ထွက်သွားခဲ့သည်။

သူသည် လီတျယ်ကို ကိုင်ထားရင်းဖြင့် လေထဲတွင် ၁၀မီတာမျှ လည်ထွက်သွားခဲ့ကာ မြေပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

“ ကျုပ် မခံနိုင်တော့ဘူး၊ အစ်ကိုကြီး “ လီတျယ်သည် မျက်နှာ နီရဲနေခဲ့ကာ သွေးအန်လုနီးပါးပင် ဖြစ်သွားခဲ့သည်။

ရှုကျိုးသည် သူ့ကို လျစ်လျူရှုထားပြီး၊ စက်ရုပ်များကို စူးစူးစိုက်စိုက် ကြည့်ရှုနေခဲ့သည်။

“ အသစ်ရောက်လာတဲ့ နှစ်ခုက အရင်က နှစ်ခုထပ် ပိုစွမ်းတာပဲ “

ရှုကျိုးမှ တွေးတော ဆင်ခြင်နေတော့သည် “ အရင်က နှစ်ရုပ်က သွေးကြောမှတ် အခု၃၀ဖွင့်ထားတဲ့ သိုင်းပညာရှင်နှစ်ယောက်နဲ့ ညီမျှတယ်၊ အသစ်ရောက်လာတဲ့ ဟာတွေက သွေးကြောမှတ် အခု၄၀ဖွင့်ထားတဲ့ သိုင်းပညာရှင်တွေနဲ့ ယှဥ်နိုင်တယ် “

Sအဆင့် စွမ်းရည်ပိုင်ဆိုင်ထားသည့် ပထမအဆင့် သိုင်းပညာရှင်တစ်ဦးသည် သွေးကြောမှတ် အခု၁၀၀ကျော် ဖွင့်နိုင်မည် ဖြစ်သည်။

အလယ်အလတ် ပထမအဆင့်၌ သူတို့သည် သွေးကြောမှတ် အခု ၃၀မှ ၆၀ကြား ဖွင့်နိုင်မည် ဖြစ်သည်။

သွေးကြောမှတ် ၃၀၊ ၎င်းသည် ကျောင်းသူကျောင်းသား အသစ်လေးများ မလုပ်ဆောင်နိုင်သော အရာဖြစ်သည်။

သို့သော် သွေးကြောမှတ် ၄၀ကား ကွာဟချက် ကြီးမားလွန်းလှသည်၊ ကိုင်တွယ်ရန် မဖြစ်နိုင်ပေ။

“ ၁၀မိနစ် ကျန်နေသေးတယ် “ ရှုကျိုးသည် ဌာနမှူး၏ ရည်ရွယ်ချက်ကို ချက်ချင်း နားလည်သွားခဲ့သည် “ ငါတို့က တကယ်ကြီးကို ဆယ်မိနစ်တိတိ တောင့်ခံရမှာလား? “

“ ဒါပင်မဲ့ သွေးကြောမှတ် ၄၀ဆိုတာက တော်တော်ကြီးကို စွမ်းတယ်၊ လီတျယ်က ဝန်ထုပ်ဝန်ပိုးဖြစ်နေပြီးတော့ ၁၀မိနစ် ထိန်းထားရတာက တော်တော်ခက်တယ် “

“ မဟုတ်ဘူး၊ တစ်ခြား နည်းလမ်းရှိတယ် “

ရုတ်တရက်ဆိုသလိုပင် ရှုကျိုး၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

“ အဲ့ဒီ စက်ရုပ်တွေက ငါ့လောက် မမြန်ဘူး၊ ငါ့ရဲ့ ခြေလှမ်းသိုင်းကို အစွမ်းကုန် ထုတ်သုံးလိုက်ရင် သူတို့က ငါ့ကို လိုက်မှီမှာ မဟုတ်ဘူး။ ဒီနည်းလမ်းနဲ့ဆိုရင် ငါက ၁၀မိနစ်အထိ သေချာပေါက် တောင့်ခံနိုင်တယ် “

“ ဒါပင်မဲ့ တကယ်လို့ ငါပြေးသွားမယ်ဆိုရင် လီတျယ်က ……….. “

တစ်ခဏလေးအတွင်းမှာပင် ရှုကျိုးသည် အကြောင်းအရာများစွာ တွေးမိသွားခဲ့သည်။

လီတျယ်၏ အရှိန်သည် သူ့ထပ် များစွာနိမ့်ကျနေခဲ့သည်။ အကယ်၍ သူသာ ထွက်ပြေးသွားမည်ဆိုပါက လီတျယ်သည် စက်ရုပ်များ၏ ဖမ်းဆီးခြင်းကို ခံလိုက်ရပြီး ထုတ်ပယ်ခံလိုက်ရမည် ဖြစ်သည်။

ဝုန်းးးးး !!

အတွေးထဲ နစ်မြုပ်နေသည့် အချိန်တွင် စက်ရုပ်လေးရုပ်မှ ထပ်မံ၍ တိုက်ခိုက်လာခဲ့ပြန်သည်။

ဖိနှိပ် ဖိအားပေးလာသော အရှိန်အဝါတစ်ခုသည် ပြင်းထန်သည့် လှိုင်းလုံးကြီးများကဲ့သို့ ရှုကျိုးနှင့် လီတျယ်တို့ကို လွှမ်းခြုံလာခဲ့သည်။

“ လီတျယ် !! “ ရှုကျိုးမှ အော်ပြောလိုက်သည် “ မင်းက အားနည်းတဲ့ နှစ်ကောင်ကို ယူလိုက်၊ နောက်မှ ရောက်လာတဲ့ အသစ်နှစ်ကောင်ကို ငါကိုင်တွယ်လိုက်မယ် “

“ ငါသူတို့ကို မရိုက်နိုင်ဘူးလေ “ လီတျယ် တုန်လှုပ်သွားခဲ့သည်။

“ လျှောက်ပြောနေတာကို ရပ်လိုက် “ ရှုကျိုးမှ အော်ပြောလိုက်သည် “ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ငါထွက်ပြေးသွားမယ်၊ စက်ရုပ်လေးကောင်ကို မင်းဘာသာ ဖြေရှင်းတော့ “

ထိုစကားလုံးများကို ကြားလိုက်ရသောအခါတွင် လီတျယ်သည် တိတ်ဆိတ် ငြိမ်ကျသွားခဲ့သည်။ နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် သူသည် သွေးကြောမှတ် အခု ၃၀ဖွင့်ထားသည့် စက်ရုပ်၂ရုပ်ထံသို့ ပြေးသွားတော့သည်။

ရှုကျိုးမှာလည်း သွေးကြောမှတ် အခု ၄၀ဖွင့်ထားသည့် စက်ရုပ်များဆီသို့ ပြေးတက်သွားတော့သည်။

သူသည် ပြေးနေရင်းဖြင့် ဌာနမှူးပြောခဲ့သည့် စကားတစ်ခွန်းကို ပြန်၍ အမှတ်ရသွားခဲ့သည်။

“ မင်းတို့ရဲ့ ရဲဘော်ရဲဘက်တွေကို မစွန့်ပစ်နဲ့ “

ဌာနာမှူးက မည်သည့်အတွက်ကြောင့် ထိုစကားကို ပြောခဲ့လဲဆိုသည်ကို သူ နားမလည်ပေ၊ သို့သော် သူ၏ အသိစိတ်သည် သူက လီတျယ်ကို မထားခဲ့နိုင်ဖူးဟု ပြောနေခဲ့သည်။

ထိုကဲ့သို့သာ မဟုတ်ဘူးဆိုပါက နောက်ဆက်တွဲ အကျိုးဆက်များမှာ ပြင်းထန်သွားမည် ဖြစ်သည်။

“ ဝုန်းးးး !! “

ရှုကျိုးသည် အရှေ့ဘက်သို့ ပြေးတက်သွားခဲ့ပြီး၊ သွေးကြောမှတ် အခု၄၀ ဖွင့်ထားသောစက်ရုပ်များနှင့် ထိပ်တိုက်ရင်ဆိုင်နေတော့သည်။

“ သေ !! “ ရှုကျိုးမှ ကြုံးဝါးလာခဲ့သည်၊ ဤအချိန်တွင် သူသည် သူ၏ တိုက်ခိုက်ရေး စွမ်းရည်များကို မြှင့်တင်ရန်အတွက် ပြိုင်ဘက်များကို တကယ့်ရန်သူများအဖြစ် သတ်မှတ်လိုက်ပြီ ဖြစ်သည်။

ခလမ် !! ခွမ်း !!

တိုက်ပွဲကွင်းပြင်၌ ပြင်းထန်သော သံမဏိ ထိတွေ့မှုအသံများဖြင့် ပဲ့တင်ထပ်နေလျက်ရှိသည်။

ရှုကျိုးသည် သွေးကြောမှတ် အခု၄၀ ဖွင့်ထားသည့် စက်ရုပ်နှစ်ရုပ်ဖြင့် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲနေခဲ့သည်။

တစ်ခြားတစ်ဖက်ရှိ လီတျယ်ကမူ သနားဖွယ်ကောင်းလောက်အောင် အော်ဟစ်ညီးတွားနေခဲ့သည်။

သူသည် စက်ရုပ်နှစ်ရုပ်ကို မဖြေရှင်းနိုင်ဘဲ ဆိုးဝါးစွာ အရိုက်ခံနေခဲ့ရသည်။

သို့ရာ၌ အလွန်ခံနိုင်ရည် ရှိနေခဲ့ပြီး၊ လက်လျှော့မည့် အကြောင်းကို မတွေးဘဲ၊ အံကြိတ်၍ တောင့်ခံနေခဲ့သည်။

“ ငါတောင့်မခံနိုင်တော့ဘူး “ သိပ်မကြာခင် အချိန်မှာပင် လီတျယ်မှ အော်ပြောလာခဲ့သည်။

“ တောင့်ထားဦး “ ရှုကျိုးမှ ပြန်၍ အော်ပြောလာခဲ့သည်။

“ အစ်ကိုကြီး၊ ကျုပ်တကယ် မထိန်းထားနိုင်တော့ဘူး “ လီတျယ်မှ ထပ်မံ၍ အော်ဟစ်လာခဲ့သည်။

ရှုကျိုးမှ လေသံတိုးတိုးလေးဖြင့် ပြန်ပြောလာခဲ့သည် “ နည်းနည်းလောက် တောင့်ထားဦး “

သူကိုယ်တိုင်ကပင် အစွမ်းထက် စက်ရုပ်နှစ်ရုပ်နှင့် ရင်ဆိုင်နေရသောကြောင့် တစ်ခြားလူများကိုကယ်ဆယ်ရန် အချိန်ရမည် မဟုတ်ပေ။

ဘမ်း ဘမ်း ဘမ်း !!

“ ကျုပ် သေတော့မယ်ဗျို့ !! “ လီတျယ်မှ ထပ်မံ၍ အော်ဟစ်လာခဲ့သည်။

လီတျယ်သည် စက်ရုပ်နှင့် ပြင်းထန်သော တိုက်ပွဲတစ်ခုကို ဆင်နွှဲနေခဲ့ပြီး၊ အမှန်တကယ် တောင့်မခံနိုင်တော့ပေ၊ အရိုးကျိုးသံများပင် ကြားနေရပြီဖြစ်ကာ အကယ်၍ ဤအတိုင်းသာ ဆက်သွားနေမည်ဆိုပါက သေသည်အထိ ရိုက်သတ်ခံလိုက်ရမည် ဖြစ်သည်။

၎င်းကို မြင်တွေ့လိုက်ရသောအခါတွင် ရှုကျိုး၏ အမူအရာ မည်းမှောင်သွားခဲ့သည်၊ သူသည် သူ့ကို ကယ်ရန်အတွက် သူ၏လက်ကို လှုပ်ရှားရန် ပြင်လိုက်သည်။

“ ဝုန်းး !! “

ထိုအချိန်၌ ကြောက်မက်ဖွယ်ကောင်းသည့် အရှိန်အဝါတစ်ခုသည် လီတျယ်၏ ခန္ဓာကိုယ်ထဲမှ ပေါ်ထွက်လာခဲ့သည်။

၎င်းမှာ သူ၏ကိုယ်ထဲတွင် ရှိနေသည့် အချုပ်အနှောင်တစ်ခု ကျိုးပျက်သွားခြင်းနှင့် တူညီနေခဲ့သည်။

အစွမ်းထက် ချီ-သွေး စွမ်းအင်များ ပေါက်ထွက်လာခဲ့သည်။

“ သေ !! “ လီတျယ်မှ ကြုံးဝါးလာခဲ့ပြီး လှံကို ကိုင်၍ အစွမ်းထက် တိုက်ခိုက်မှုတစ်ခု ပြုလုပ်လိုက်သည်။

ဘမ်းဟူသော အသံနှင့်အတူ စက်ရုပ်တစ်ရုပ် လွင့်ထွက်သွားခဲ့ပြီး၊ မြေပြင်ပေါ်သို့ ရိုက်ချခံလိုက်ရသည်။

“ ဘာတွေ ဖြစ်နေတာလဲဟ? “ ၎င်းသည် ရှုကျိုးကို အံ့အားသင့်သွားစေခဲ့သည်။

လီတျယ်က အဆပေါင်းများစွာ ပိုစွမ်းလာတဲ့ပုံပဲ !!

သာမန် ပထမအဆင့် သိုင်းပညာရှင်တစ်ဦးအဖြစ်မှ သွေးကြောမှတ် အခု၂၀ ဖွင့်ထားသည့် သိုင်းပညာရှင်အဖြစ်သို့ ရောက်ရှိသွားသည့်ပုံပင်။

“ သေ !! “ လီတျယ်သည် ရဲရဲနီနေသော မျက်လုံးများဖြင့် တစ်ခြားစက်ရုပ်တစ်ရုပ်ထံသို့ ပြေးတက်သွားတော့သည်။

“ ဒီလူ ……… “ ရှုကျိုး၏ အကြည့်များ လေးနက်သွားခဲ့သည်။

သူသည် လီတျယ်က သူ၏စွမ်းအားကို နည်းလမ်းတစ်မျိုးမျိုးဖြင့် ချိတ်ပိတ်ထားခဲ့သည်ဆိုသည်ကို သတိပြုမိသွားခဲ့သည်။

ဤအချိန်၌ စည်းတံဆိပ် ကျိုးပျက်သွားကာ သူ၏ခွန်အားများ မြင့်တက်သွားခဲ့သည်။

မည်သည့်အတွက်ကြောင့် ထိုကဲ့သို့ ဖြစ်လာရသလဲဆိုသည်ကို သူ မသိပေ၊ သို့သော် ထိုအချိန်၌ ရှုကျိုး၏ စိတ်နှလုံးသား တည်ငြိမ်သွားခဲ့သည်။

သူသည် သွေးကြောမှတ် ၆ခုသာ ဖွင့်ထားသည့် သူကဲ့သို့ လူတစ်ဦးအတွက် ကျောင်းမှ အားကောင်းသော အသင်းဖော်တစ်ဦးနှင့် တွဲဖက်ပေးသင့်သည်ဟု ယခင်က တွေးမိခဲ့ဖူးသည်။

သို့သော် လီတျယ်၏ ယခင်က စွမ်းဆောင်ရည်သည် အမှန်ပင် သနားဖွယ်ကောင်းနေခဲ့သည်။

အခု ကြည့်ရသလောက်ဆိုရင် အားနည်းတဲ့ အသင်းဖော်က ငါဖြစ်နေတယ်ထင်တယ်။

“ ကောင်းတယ် “ ရှုကျိုးသည် ဒေါသ မဖြစ်သွားခဲ့ပေ၊ ထို့အစား အပြုံးတစ်ခုကို ဖော်ထုတ်ပြသလာခဲ့သည်။

ဒီစာမေးပွဲကတော့ အေးဆေးဖြစ်သွားပြီ။

…

ရှုကျိုးဘက်တွင် အခြေအနေ တည်ငြိမ်သွားခဲ့ပြီ ဖြစ်သည်။

သို့သော် တိုက်ပွဲကွင်းပြင်အတွင်းရှိ တစ်ခြားသော အဖွဲ့များသည် ကမောက်ကမ ဖြစ်နေကြပြီ ဖြစ်သည်။

လီတျယ်ကဲ့သို့ မည်သူကမှ ပြင်းထန်သော စွမ်းအားများကို ရုတ်တရက် ထုတ်မလွှတ်နိုင်ကြပေ။

အဖွဲ့များသည် အားကောင်သူတစ်ဦးနှင့် အားနည်းသူတစ်ဦးတို့ဖြင့် ပေါင်းစပ် ဖွဲ့စည်းထားခြင်းဖြစ်သည်။

အစွမ်းထက် စက်ရုပ်လေးရုပ်ကို ရင်ဆိုင်ရခြင်းကား အားကောင်းသူများကသာလျှင် တောင်ခံနိုင်မည် ဖြစ်သည်။

သို့သော် အားနည်းသူများမှာ အထုအထောင်းခံနေရမည် ဖြစ်သည်။

အကယ်၍ အားကောင်းသူများကသာ အားနည်းသူများကို ကူညီနေရမည်ဆိုပါက သူတို့သည်လည်း အချိန်အတော်ကြာ တောင့်ခံနိုင်တော့မည် မဟုတ်ပေ။

“ ဝှစ်!! “

သိပ်မဝေးသော နေရာ၌ တစ်စုံတစ်ဦးသည် ထပ်မံ၍ တောင့်မခံနိုင်တော့ဘဲ သူ၏အသင်းဖော်ကို ထားခဲ့ကာ အဝေးသို့ ပြေးထွက်သွားတော့သည်။

“ ကျောက်ချီဖုန်း !!! “ အနောက်တွင် ရှိနေသည့် သူ၏အသင်းဖော်မှ အော်ဟစ်လာခဲ့သည်။

သို့သော် ကျောက်ချီဖုန်းသည် ပြန်လှည့်မကြည့်ဘဲ၊ တိုက်ပွဲကွင်းပြင်ထဲမှ ချက်ချင်း ပြေးထွက်သွားခဲ့သည်၊ သူသည် သူ၏အသင်းဖော်ကို မကယ်နိုင်သောကြောင့် လက်လျှော့လိုက်ပြီ ဖြစ်သည်။

အချိန်ကြာကြာ ဆက်နေခြင်းသည် ဖယ်ထုတ်ခံရခြင်းဆီသို့သာ ဦးတည်သွားမည်ဖြစ်သည်။

သူ၏အသင်းဖော်အတွက်ကား လွတ်မြောက်ရန် မဖြစ်နိုင်ပေ။

စက်ရုပ်လေးရုပ်၊ အထူးသဖြင့် သွေးကြောမှတ် အခု၄၀ဖွင့်ထားသည့် စက်ရုပ်နှစ်ရုပ်နှင့် ရင်ဆိုင်ရခြင်းအား ကျောက်ချီဖုန်းပင် တောင့်မခံနိုင်ခဲ့ချေ။

အကယ်၍ သူကသာ ဝန်ထုပ်ဝန်ပိုးကို စွန့်မပစ်ဘူးဆိုပါက သူသည် ၁၀မိနစ်ပြည့်မည့် အချိန်အထိ တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

ကျောက်ချီဖုန်း ထွက်ပြေးသွားပြီးနောက် မကြာခင်အချိန်မှာပင် သူ၏အသင်းဖော် ထုတ်ပယ်ခံလိုက်ရသည်။

ချက်ချင်းဆိုသလိုပင် စက်ရုပ်လေးရုပ်သည် ကျောက်ချီဖုန်းနောက်သို့ ပြေးလိုက်လာကြသည်။

“ မင်းတို့က ငါ့ကို မဖမ်းနိုင်ပါဘူးကွာ “ ကျောက်ချီဖုန်းသည်‌ အနောက်သို့ လှည့်ကြည့်ကာ ဆက်လက်၍ ပြေးလွှားနေခဲ့သည်။

တစ်ချိန်တည်းမှာပင်

တိုက်ပွဲကွင်းပြင်၌

တစ်ခြားသော အဖွဲ့ပေါင်းများစွာသည် ကျောက်ချီဖုန်း၏ နည်းလမ်းကို သတိပြုမိသွားကြသည်။

ဖိအားအောက်ကို ရောက်နေသည့် လူတစ်ချို့သည် သူတို့၏ အသင်းဖော်များကို စွန့်ပစ်ရန် ရွေးချယ်လိုက်ကြသည်။

အဖွဲ့တစ်ခုရှိ လူတစ်ဦးကသာ တောင့်ခံထားနိုင်သရွေ့ သူတို့သည် အကဲဖြတ်မှုစာမေးပွဲကို ကျော်လွှားနိုင်ကြမည် ဖြစ်သည်။

ကွမ်ဟန် သိုင်းပညာတက္ကသိုလ်၏ အကဲဖြတ်မှုသည် အမြဲလိုလို ဤအတိုင်းသာ ဖြစ်နေခဲ့သည်။

ဤအချိန်၌ သွေးကြောမှတ် ၁၀ခုနှင့်အထက် ဖွင့်ထားသည့် ပါရမီရှင်တစ်ချို့သည် သူတို့၏ အဖွဲ့သားများကို စွန့်ပစ်ကာ တစ်ဦးတည်း ပြေးထွက်သွားကြသည်။

ထွက်မပြေးဘဲ အသင်းဖော်များနှင့်အတူ တောင့်ခံရန် ရွေးချယ်ခဲ့သည့် ပါရမီရှင်များလည်း ရှိနေသေးသည်။

၁၀မိနစ် ပြည့်လုနီးပါး ဖြစ်လာခဲ့ပြီ ဖြစ်သည်။

…

အဖွဲ့အများစုအတွက် ဤ၁၀မိနစ်သည် ဆယ်နှစ်ကဲ့သို့ပင် ခံစားနေခဲ့ရသည်။

ဆက်လက်၍ တောင့်ခံထားရန် ရွေးချယ်ခဲ့ကြသည့် လူများသည် ခန္ဓာကိုယ်များ စုတ်ပြတ်ကာ သွေးများဖြင့် ဖုံးလွှမ်းနေကြပြီ ဖြစ်သည်။

လူအများအပြားသည် ပြိုလဲကျလုနီးပါး ဖြစ်နေခဲ့ပြီ ဖြစ်သည်။

အဆုံးတွင်

“ အချိန်ပြည့်ပြီ “

ကောင်းကင်ယံမှ ကျိုးရှုယွင်သည် ကျယ်လောင်စွာ အော်ပြောလာခဲ့သည်။

ချက်ချင်းဆိုသလိုပင် စက်ရုပ်အားလုံး ရပ်တန့်သွားခဲ့သည်။

ဖိနှိပ်၊ ဖိအားပေးနေသော အရှိန်အဝါများသည် တိုက်ပွဲကွင်းပြင်ထဲမှ လုံးဝပျောက်ကွယ်သွားပြီ ဖြစ်သည်။

တစ်ချိန်တည်းမှာပင် ကြမ်းတမ်းသော တိုက်ပွဲကို ဆင်နွှဲနေသည့် ရှုကျိုးနှင့် လီတျယ်တို့သည် သူတို့၏ လက်နက်များကို ဖြည်းညှင်းစွာ ချလိုက်ပြီး၊ စိတ်သက်သာရာရစွာဖြင့် သက်ပြင်းချနေကြတော့သည်။

စာမေးပွဲကား ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည် !!

………………………………………………………………………………………………………………………

All Chapters