← Chapters

မေးခွန်းထုတ်စရာ မလိုသော နံပါတ် ၁ !!

Vol. 9 Ch. 123

မေးခွန်းထုတ်စရာ မလိုသော နံပါတ် ၁ !!

Vol. 9 Ch. 123

ဌာနာမှူးမှ စကားပြောလာခဲ့ပြီ ဖြစ်သောကြောင့် တိုက်ပွဲကွင်းပြင်ထဲရှိ လူများသည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းများ ချနေကြတော့သည်။

“ ဖူးး “

တစ်ချို့လူများသည် ရုတ်တရက် သွေးအန်ကာ မြေပြင်ပေါ်သို့ မေ့လဲကျသွားခဲ့သည်။

သူတို့သည် စိတ်ဇောအဟုန်ဖြင့်သာ တောင့်ခံနေခဲ့ရခြင်းဖြစ်ပြီး၊ အကဲဖြတ်မှု ပြီးဆုံးသွားပြီဟု ကြားလိုက်ရသောအခါတွင် စိတ်သက်သာရာရသွားကြပြီး တင်းကြပ်နေမှုများ ပြေလျော့သွားခဲ့ခြင်း ဖြစ်သည်။

ဝှစ် !!

ဝှစ် !!

မကြာခင်မှာပင် ဒဏ်ရာရ မေ့လဲသွားသည့်လူများကို ကုသပေးရန်အတွက် နည်းပြဆရာ၊ ဆရာများ ရောက်ရှိလာကြသည်။

ထိုလူများထံတွင် ထူးခြားသော ကုသရေး စွမ်းရည်များ ရှိနေကြသည့်ပုံပင်၊ မိနစ်အနည်းငယ်အတွင်းမှာပင် အဆိုပါ ဒဏ်ရာများသည် ထင်သာမြင်သာရှိသော အမြန်နှုန်းဖြင့် လျင်မြန်စွာ ပျောက်ကင်းသွားခဲ့သည်။

ထိုစဥ်

ရှုကျိုးနှင့် လီတျယ်တို့သည် စိတ်သက်သာရာရစွာဖြင့် သက်ပြင်းများချနေလျက်ရှိသည်။

သူတို့သာလျှင် မဟုတ်ဘဲ သူတို့၏ အသင်းဖော်များနှင့်အတူ တိုက်ခိုက်ခဲ့ကြသည့် လူများကလည်း စိတ်သက်သာရာရသွားကြသည်။

သူတို့သည် ရှင်သန်လွတ်မြောက်လာကြပြီ ဖြစ်သည်။

…

နံရံပေါ်၌

ချင်ဖုန်းသည် လျူတျန်မုအား ပြောင်စပ်စပ် ဖြစ်နေသော အမူအရာဖြင့် ကြည့်လိုက်သည် “ အခုရော ယုံသွားပြီလား? “

အဲ့တာက အစစ်အမှန် သိုင်းပညာဌာနအတွက် ငါမျက်စိကျနေတဲ့လူကွ !!

စွမ်းလည်းစွမ်းတယ်၊ သစ္စာလည်းရှိတယ်။

သူတို့က အမှတ်အပြည့်ရပြီး အောင်သွားလိမ့်မယ်လို့ ငါပြောရဲတယ်။

သူ့ဘေးနားရှိ လျူတျန်မု၏ မျက်နှာသည် အနည်းငယ် မည်းမှောင်သွားခဲ့သည်။

သူသည် ထပ်ခါတလဲလဲ ခန့်မှန်းပြောဆိုခဲ့သည်။

သို့သော် ရလဒ်ကား ……

တစ်ကြိမ်ပြီးတစ်ကြိမ် ဖြတ်ရိုက်ခံခဲ့ရသည်။

ထို့အပြင် သူသည် သူ့ပြိုင်ဘက်ဖြစ်သူ၏ အရှေ့တွင် မျက်နှာပျက်ခဲ့ရခြင်း ဖြစ်သည်။

လျူတျန်မုသည် သူ၏နောက်ကျောဘက်တွင် ရှိနေသည့်လက်သီးများကို ဆုပ်ခဲမိနေတော့သည်။

သို့သော် မကြာခင်မှာပင် သူသည် အသက်ကို ရှူသွင်းကာ ဖြည်းညှင်းစွာ စကားပြောလာခဲ့သည် “ အစောကြီး အောင်ပွဲခံမနေပါနဲ့၊ ရှုကျိုးက အစစ်အမှန် သိုင်းပညာဌာနကို မရောက်သေးဘူး။ ဘယ်သူက သိမှာလဲ? သူက နတ်သိုင်းဌာနကို ရောက်လာနိုင်တာပဲလေ “

“ သူ မသွားပါဘူးကွာ “ ချင်ဖုန်းမှ ပြုံးလိုက်သည်၊ သူသည် အစစ်အမှန် သိုင်းပညာဌာနကို ယုံကြည်မှုရှိနေခဲ့သည်။

အစစ်အမှန် သိုင်းပညာဌာနသည် ထိုကဲ့သို့သော ပါရမီရှင်မျိုးကို ဆွဲဆောင်ရန် လုံလောက်သည်ထပ် ပိုနေသေးသည်။

“ ငါကလည်း သူ မလာဖို့မျှော်လင့်တယ် “ လျူတျန်မုသည် အဓိပ္ပါယ်တစ်ခုခု ပါဝင်နေသည့် အပြုံးတစ်ခုကို ထုတ်ဖော်ပြသလာခဲ့သည် “ အဲ့လိုမှ မဟုတ်ရင် ပျင်းဖို့ကောင်းသွားမှာ “

ချင်ဖုန်းသည် မျက်မှောင်ကြုတ်သွားပြီး သူ့ကို လှည့်ကြည့်လိုက်သည်။

လျူတျန်မုမှ တဟားဟား ရယ်မောနေတော့သည် “ တကယ်လို့ သူက နတ်သိုင်းဌာကို လာမယ်ဆိုရင်၊ ငါက သူ့ကို ပစ်မှတ်ထားဖို့ အကြောင်းပြချက် မရှိတာတော့ မဟုတ်ဘူးလေ၊ ဟုတ်တယ်မလား? “

ချင်ဖုန်းမှ အေးစက်စွာ ပြောလာခဲ့သည် “ တကယ်လို့ မင်းက အားနည်းတဲ့လူကို အနိုင်ကျင့်ရဲနေမယ်ဆိုရင်၊ လျူမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ကို ဖိနှိပ်တဲ့အတွက် ငါ့ကို အပြစ်မတင်နဲ့ “

“ စိတ်မပူပါနဲ့၊ သူက အဆင့်မမှီသေးဘူး “

လျူတျန်မုသည် ရယ်ရယ်မောမောဖြင့် ပြောလာခဲ့သည် “ သူက ပထမအဆင့် ကောင်လေးတစ်ယောက်ပါပဲ၊ ငါ့ရဲ့ အဆင့်အတန်းကို နှိမ့်ချပြီးတော့ သူ့ကို ပစ်မှတ်ထားဖို့ မလုံလောက်သေးဘူး “

ချင်ဖုန်းမှ လှောင်ပြောင်လာခဲ့သည် “ ဆိုတော့ သားရဲဘုရင်ရဲ့ နှလုံးအတွက် ပထမအဆင့်ကို တိုက်ခိုက်ခဲ့တာက မင်းမဟုတ်ဘူးပေါ့? “

“ တားမြစ်နယ်မြေမှာက သန်မာတဲ့လူတွေကပဲ ရတနာတွေကို ရနိုင်တယ်လို့ မဟုတ်ဘူးလား? “

လျူတျန်မုသည် အေးအေးဆေးဆေး ပြောလာခဲ့သည် “ တကယ်လို့ ပိုစွမ်းတဲ့လူတစ်ယောက်ရဲ့ ပစ္စည်းကို တစ်ခြားတစ်ယောက်က ယူသွားပြီးတော့ လွှဲပြောင်းမပေးဘူးမယ်ဆိုရင်၊ အဲ့တာက ပိုစွမ်းတဲ့လူကို အာခံလိုက်တာပဲလေ။ တကယ်လို့ ရှုကျိုးက ငါ့ကို အာခံမယ်ဆိုရင်တော့ ပထမအဆင့် ဖြစ်နေတာကြောင့်နဲ့ ငါက သူ့ကို သက်ညှာပေးမှာ မဟုတ်ဘူး “

ချင်ဖုန်းမှ နှာခေါင်းရှုံ့လှောင်ပြောင်လိုက်သည်၊ သူသည် မအံ့ဩသွားခဲ့ပေ၊ သူနှင့် လျူတျန်မုတို့က ပြိုင်ဘက်များဖြစ်နေခဲ့သည်မှာ အချိန်အတော်ကြာနေခဲ့ပြီဖြစ်သောကြောင့် အတွင်းသိ အဆင်းသိများဟုပင် ယူဆ၍ရနေပြီ ဖြစ်သည်။

ဤလူ၏ အရှက်မဲ့မှုသည် ကျောင်းတွင် အလွန်ကျော်ကြားလှသည်။

ချင်ဖုန်းသည် မည်သည့်စကားမှ မပြောဘဲ အောက်ကိုသာ ငုံ့ကြည့်လိုက်သည်။

အကဲဖြတ်မှု ပြီးဆုံးသွားပြီဖြစ်ပြီး၊ ရွေးချယ်မှုများ စတင်တော့မည် ဖြစ်သည်။

“ ဝှစ် ဝှစ် ဝှစ် !! “

ကောင်းကင်ယံရှိ ကျိုးရှုယွင်၊ လျူချင်းယွမ်နှင့် နည်းပြဆရာ၊ ဆရာမ လူစုသည် အလယ်ဗဟိုရှိ စင်မြင့်ပေါ်သို့ ဆင်းသက်လာကြသည်။

ကျိုးရှုယွင်မှ အေးအေးလူလူ ပြောဆိုလာခဲ့သည် “ အားလုံးပဲ၊ ငါ့အနားမှာ လာစုကြပါ “

၎င်းကို ကြားလိုက်ရသောအခါတွင် ရာနှင့်ချီသော ကျောင်းသားကျောင်းသူများသည် စင်မြင့်နားသို့ လမ်းလျှောက်လာကြသည်။

…

ရှုကျိုးဘက်တွင်ကား၊ သူသည် လီတျယ်ကို ကြည့်လိုက်သည် “ အတူ သွားကြတာပေါ့ “

လီတျယ်မှ ခေါင်းငြိမ့်ပြလိုက်သည်၊ သို့သော် သူ၏အမူအရာသည် အနည်းငယ် မှုန်မှိုင်းနေခဲ့သည်။

“ ဘာဖြစ်လို့လဲ? “ ရှုကျိုးသည် သူ့ကိုကြည့်ကာ စနောက်လိုက်သည် “ မင်းရဲ့ စွမ်းအားတွေကို မတော်တဆ ဖော်ထုတ်မိသွားလို့လား? “

“ ငါကရော ဖုံးထားချင်နေတယ်လို့ မင်းထင်နေတာလား? “ လီတျယ်မှ ကူရာကယ်ရာမဲ့စွာဖြင့် ပြောလာခဲ့သည် “ ငါ့ရဲ့စွမ်းရည်က တော်တော်လေး ထူးခြားတယ်၊ ငါက သွေးကြောမှတ်တွေကို ချိတ်ပိတ်ထားနိုင်တယ်၊ သုံးလလောက်စောင့်ပြီးတော့ သူတို့ကို ဖွင့်လိုက်တာနဲ့ အမြင့်ဆုံး သွေးကြောမှတ်တွေကို ရမှာ “

“ အခုတော့ ချိတ်ပိတ်ထားတာတွေ ပျက်သွားပြီ၊ ငါ့ရဲ့ အမြင့်ဆုံး သွေးကြောမှတ်လေးတွေ ပျက်စီးသွားပြီ “ လီတျယ်မှ ဝမ်းနည်းမှုအပြည့်ဖြင့် ပြောပြလာခဲ့သည်။

“ အမြင့်ဆုံး သွေးကြောမှတ်လား? “ ရှုကျိုး အံ့အားသင့်သွားခဲ့သည်၊ သူသည် ထိုကဲ့သို့သော အကြောင်းအရာမျိုးကို ပထမဦးဆုံး အကြိမ်အဖြစ် ကြားသိလိုက်ရခြင်း ဖြစ်သည်။

“ အဲ့တာက သွေးကြောမှတ်တွေကို အမြင့်ဆုံး အတိုင်းအတာအထိ ချဲ့ထွင်တာ “ လီတျယ်မှ ရှင်းပြလာခဲ့သည် “ နဝမအဆင့် ကျင့်ကြံရေး နည်းစနစ်တွေကတောင် အဲ့တာကို မလုပ်နိုင်ဘူး “

“ ဒါပင်မဲ့ ငါ့ရဲ့ စွမ်းရည်ကတော့ လုပ်နိုင်တယ် “

ရှုကျိုးသည် အနည်းငယ် မှင်သက်သွားခဲ့သည်၊ ဒီလိုဟာမျိုး တကယ်ရှိနေတာလားဟ?

သူသည် နဝမအဆင့် ကျင့်ကြံရေး နည်းစနစ်များက ချဲ့ထွင်ပေးသည့် သွေးကြောမှတ်များကသာလျှင် အကောင်းဆုံးဖြစ်သည်ဟု အမြဲလိုလို တွေးထင်နေခဲ့ခြင်းသည်။

“ မင်းရဲ့စွမ်းရည်က တစ်ခြားလူတွေအတွက်ရော သုံးလို့ရလား? “ ရှုကျိုးမှ သိလိုစိတ်ဖြင့် မေးမြန်းလာခဲ့သည်။

“ ဒါပေါ့၊ လုပ်လို့ရတယ် “ လီတျယ်မှ ပြောပြလာခဲ့သည် “ ငါက တတိယအဆင့် ဒါမှမဟုတ် စတုတ္ထအဆင့်ကို ရောက်သွားတဲ့အချိန်ကျရင် တစ်ခြားလူတွေရဲ့ သွေးကြောမှတ်တွေကို တိုက်ရိုက် ချိတ်ပိတ်လိုက်လို့ရပြီ “

“ ဒါပင်မဲ့ မင်းက အမြင့်ဆုံး သွေးကြောမှတ်တွေအတွက် ငါ့ကို အားကိုးမယ်ဆိုရင်တော့ မေ့လိုက်တာပဲ ကောင်းတယ်။ အဲ့တာက တော်တော် အန္တရာယ်များတယ်၊ ပေါ့ပေါ့ဆဆ လုပ်မိလိုက်တဲ့ အမှားလေးတစ်ခုကတင် သွေးကြောမှတ်တွေကို ပျက်စီးသွားစေလိမ့်မယ် “

ရှုကျိုးသည် အသာအယာ ခေါင်းငြိမ့်ပြလိုက်သည်၊ သူသည် ပေါ့ပေါ့ပါးပါး မေးမြန်းလိုက်ခြင်းသာ ဖြစ်သည်။

…

ပြောကြဆိုကြရင်းဖြင့် ရှုကျိုးနှင့် လီတျယ်တို့သည် စင်မြင့်ဆီသို့ ရောက်ရှိလာခဲ့သည်။

ဤအချိန်၌ စာမေးပွဲအောင်မြင်သွားသည့် ကျောင်းသူကျောင်းသား အသစ်များသာလျှင် ဤနေရာတွင် ကျန်ရှိနေတော့သည်။

ရှုကျိုးသည် ပတ်ပတ်လည်ကို ကြည့်ရှုလိုက်သည်။

သူနှင့် လီတျယ်အပါအဝင်၊ လူအများစုသည် သွေးများစွန်းနေကြပြီး၊ ချပ်ဝတ်တန်ဆာများမှာလည်း နီရဲနေလျက်ရှိကာ ကြမ်းတမ်းသော တိုက်ပွဲများ တိုက်ခိုက်ခဲ့ရသည်ဆိုသည်ကို အရိပ်အမြွက်ပြနေခဲ့သည်။

သူတို့သည် အသင်းဖော်များနှင့်အတူ အဆုံးအထိ အတူတကွ ရုန်းကန်နေခဲ့ကြသူများ ဖြစ်သည်။

ရှုကျိုးသည် မိန်းကလေးများဘက်သို့ ကြည့်လိုက်ပြီး မကြာခင်မှာပင် လီရို့ရှီ၏ ပုံရိပ်လေးကို မြင်တွေ့သွားခဲ့သည်။

“ ဖူးး “ ရှုကျိုးသည် စိတ်သက်သာရာရစွာဖြင့် တိတ်တဆိတ် သက်ပြင်းချနေတော့သည်။

သူမမှာလည်း အပြင်းအထန် ဒဏ်ရာရထားပြီး သွေးများဖြင့် ဖုံးလွှမ်းနေလျက်ရှိသည်၊ သူမက သူမ၏အသင်းဖော်နှင့်အတူ အဆုံးထိ တိုက်ခိုက်နေခဲ့သည်မှာ သိသာလှပေသည်။

ရှုကျိုးသည် တစ်ခြားလူများကို ဆက်လက်၍ ကြည့်ရှုနေတော့သည်။

သွေးလွှမ်းနေသည့် လူများအပြင် မည်သည့်ဒဏ်ရာမှ မရသော လူအနည်းငယ်လည်း ရှိနေသေးသည်။

တစ်ဖက်က သွေးများဖြင့် ဖုံးလွှမ်းနေပြီး တစ်ခြားတစ်ဖက်တွင်ကား ခြစ်ရာမျှလောက်သာ ရှိနေခဲ့ကာ ကွာဟချက်မှာ သိသာလွန်းနေခဲ့သည်။

ရှုကျိုးသည် ထိုလူများကိုကြည့်ကာ စိတ်ထဲတွင် တွက်ချက်မှန်းဆနေတော့သည် “ အဲ့လူတွေက သူတို့ရဲ့ အသင်းဖော်တွေကို စွန့်ပစ်ခဲ့တာလား? “

အသင်းဖော်များကို စွန့်ပစ်၍ အဝေးသို့ ပြေးသွားသည့် နည်းလမ်းတစ်ခုတည်းကသာလျှင် ဒဏ်ရာများ ကင်းစင်လုနီးပါး ဖြစ်စေမည် ဖြစ်သည်။

ထိုလူများထံ၌ နောင်တရနေသည့် မည်သည့်အမူအရာမှ ရှိမနေခဲ့ပေ။

…………………………………………………………………………………………………….

All Chapters