← Chapters

လျှို့ဝှက် ဆန်းကြယ်သော အစစ်အမှန် သိုင်းပညာဌာန !! ၂

Vol. 9 Ch. 126

လျှို့ဝှက် ဆန်းကြယ်သော အစစ်အမှန် သိုင်းပညာဌာန !! ၂

Vol. 9 Ch. 126

ထို့အပြင် နတ်သိုင်းဌာနမှ ဒုဌာနမှူး၏ စကားများသည် အစစ်အမှန် သိုင်းပညာ ဌာနထဲသို့ ဝင်ပါက အောင်မြင်မှု ကြီးကြီးမားမား ရလိမ့်မည်မဟုတ်ဘူးဟု အဓိပ္ပါယ် ရနေခဲ့သည်။

၎င်းကို ကြားလိုက်ရသောအခါတွင် လူအများအပြား တုန်လှုပ်သွားကြသည်။

တစ်ချိန်တည်းမှာပင် ရှုကျိုးမှာလည်း အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည် “ ဒီအစစ်အမှန် သိုင်းပညာဌာနက ငါထင်ထားတာထပ်တောင် ပိုပြီးတော့ ရှုပ်ထွေးနေတဲ့ ပုံပဲ “

သို့သော် သူသည် နောက်မတွန့်သွားခဲ့ပေ။

လျူချင်းယွမ်၏ ပြောစကားများအရ အစစ်အမှန် သိုင်းပညာဌာနသည် အပြည့်အဝ မစူးစမ်း မရှာဖွေရသေးသည့် လမ်းကြောင်းတစ်ခုဖြစ်သည်။

၎င်းမှာ ဆက်လက်၍ ဖွံ့ဖြိုးတိုးတက်နေဦးမည်ဟု ဆိုလိုနေခြင်း ဖြစ်သည်။

သို့သော် အစစ်အမှန် သိုင်းပညာဌာနသည် နိုင်ငံတော်၏ လျှို့ဝှက်ချက်ဖြစ်သောကြောင့်၊ အဆိုပါ လမ်းကြောင်းက ရန်ပြည်ထောင်တစ်ခုလုံး၊ တစ်နည်းဆိုရသော် လူသားမျိုးနွယ်တစ်ခုလုံးကို အကျိုးသက်ရောက်သွားနိုင်လေသည်။

အဆိုပါ လမ်းကြောင်းသည် အံ့အားသင့်ဖွယ်ကောင်းသည့် လျှို့ဝှက်ချက်များကို ဖုံးကွယ်ထားခြင်း ဖြစ်နိုင်ပေသည်။

ထိုကဲ့သို့ ဖြစ်နေမည်ဆိုလျှင်တောင်မှ ရှုကျိုးသည် ၎င်းတို့ကို သူကိုယ်တိုင် မြင်တွေ့ချင်နေခဲ့သည်။

အန္တရာယ်များအတွက်ကား …… သူသည် မည်သည့်အန္တရာယ်ကိုမှ မကြောက်ပေ။

ရှုကျိုးသည် ကျောင်းခုန်းစုန့်ကို ကြည့်ကာ ရိုရိုသေသေ ပြောလိုက်သည် “ ဌာနမှူးကျောင်း၊ ကျွန်တော် တောင်းပန်ပါတယ်၊ ကျွန်တော်က အစစ်အမှန် သိုင်းပညာဌာနကိုပဲ ရွေးဦးမှာဗျ “

လျူချင်းယွမ်ကား အသာအယာ ပြုံးသွားခဲ့ပြီး၊ ကျောင်းခုန်းစုန့်ကမူ အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်၊ သို့သော် မည်သည့်စကားမှ ထပ်မပြောလာတော့ပေ။

“ ငါတို့ရဲ့ အစစ်အမှန် သိုင်းပညာဌာနမှာ ပါဝင်ဖို့အတွက် ကြိုဆိုပါတယ်၊ ရှုကျိုး “

လျူချင်းယွမ်သည် လူအုပ်ကြီးကို ကြည့်ကာ အပြုံးဖြင့် မေးမြန်းလိုက်သည် “ ဝင်ချင်ကြတဲ့ တစ်ခြားလူတွေ ရှိသေးလား? “

“ ငါ မင်းတို့ကို သတိပေးရဦးမယ်၊ အစစ်အမှန် သိုင်းပညာဌာနက အကောင်းဆုံး ပါရမီရှင်တွေကိုပဲ လက်ခံပါတယ်၊ တကယ်လို့ မင်းတို့ရဲ့ စွမ်းရည်က မလုံလောက်ဘူးဆိုရင် အစစ်အမှန် သိုင်းပညာဌာနက မင်းတို့ကို လက်ခံမှာ မဟုတ်ဘူး “

၎င်းကို ကြားလိုက်ရသောအခါတွင် ကျောင်းသူကျောင်းသား အသစ်အားလုံး ထပ်မံ၍ ရုတ်ရုတ်သဲသဲ ဖြစ်သွားကြပြန်သည်။

မကြာခင်မှာ တစ်စုံတစ်ဦးသည် သူ၏လက်ကို မြှောက်၍ ပြောလာခဲ့သည် “ ဆရာလျူ၊ ကျွန်တော် ဝင်ချင်ပါတယ် “

“ စွမ်းရည် မလုံလောက်ဘူး “ လျူချင်းယွမ်မှ အေးအေးလူလူ ငြင်းပယ်လိုက်သည်။

လူအုပ်ကြီးသည် ထပ်မံ၍ အံ့ဩတုန်လှုပ်သွားရပြန်သည်။

အဲ့လူက အဆင့် ၂၀ချိတ်တဲ့လူလေ၊ သူကတောင် မလုံလောက်ဘူးလား?

လူတစ်ချို့မှာလည်း ထပ်မံ၍ လက်မြှောက်ပြလာခဲ့သည်၊ သို့သော် သူတို့အားလုံး အငြင်းခံခဲ့ရသည်။

ဤတစ်ကြိမ်၌ လူတိုင်း တိတ်ဆိတ် ငြိမ်သက်သွားပြီး၊ မည်သူကမှ ထပ်မံ၍ လက်မမြှောက်လာတော့ပေ။

ရှုကျိုးမှာလည်း အနည်းငယ် အံ့ဩသွားခဲ့သည်၊ သူသည် လူအများစုက အစစ်အမှန် သိုင်းပညာဌာနသို့ ဝင်ချင်ခဲ့သည်ဆိုသည်ကို မှတ်မိနေခဲ့သည်။

သို့သော် ယခု၌ အတွင်းမြို့တော်မှ မိသားစုကြီးများ၏ တိုက်ရိုက်မျိုးဆက် အများစုသည် တိတ်ဆိတ်နေရန်သာ ရွေးချယ်ခဲ့ကြသောကြောင့် ထိုလူများက စိတ်ပြောင်းသွားပြီဆိုသည်မှာ သိသာလွန်းနေခဲ့သည်။

“ ကျွန်မက အစစ်အမှန် သိုင်းပညာဌာနကို ဝင်ချင်ပါတယ် “

ထိုအချိန်တွင် မိန်းကလေး အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

လျူချင်းယွမ်သည် ထိုကောင်မလေးကို ကြည့်ကာ တွေးတော စဥ်းစားနေခဲ့သည် “ ကျန်းလန်လား? “

သူသည် တစ်ခဏခန့် တွေးတောကာ ခေါင်းငြိမ့်ပြလိုက်သည် “ ကပ်အောင်တယ် “

ကျန်းလန်သည် ဤစာမေးပွဲတွင် အဆင့် ၁၁ချိတ်ခဲ့သည်၊ ထိပ်ဆုံး စာရင်းဝင် မဟုတ်သော်လည်း နိမ့်ပါးမနေခဲ့ပေ။

ဤနေရာ၌ နိုင်ငံတစ်ဝှမ်းလုံးမှ ထိပ်တန်းပါရမီရှင် အယောက် ၃၀၀ပါဝင်သည့် အဖွဲ့ ၁၀၀ကျော် ရှိသည်ဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။

ထိုအချိန်၌ နောက်ထပ် အသံတစ်သံ ထပ်မံ၍ ပေါ်ထွက်လာခဲ့သည်။

“ ကျွန်တော်ကလည်း အစစ်အမှန် သိုင်းပညာဌာနကို ဝင်ချင်ပါတယ် “

အားလုံးမှ ထိုလူကို ကြည့်လိုက်ကာ အံ့ဩတုန်လှုပ်သွားကြသည်။

အထူးသဖြင့် အတွင်းမြို့တော်မှ မိသားစုကြီးများ၏ တိုက်ရိုက်မျိုးဆက်များဖြစ်ပြီး၊ သူတို့၏ အမူအရာများသည် ပို၍ပင် တအံ့တဩ ဖြစ်နေလျက်ရှိသည်။

“ ရှားဟောက်ချန်းလား? သူကလည်း အစစ်အမှန် သိုင်းပညာဌာနထဲကို ဝင်ချင်နေတာလား? “

“ သူက ရှုကျိုးကို လက်မခံချင်လို့ အစစ်အမှန် သိုင်းပညာဌာနမှာ သွားပြီးတော့ စိန်ခေါ်ချင်နေတာများလား? “

ရှားဟောက်ချန်းသည် ရှားမိသားစု တိုက်ရိုက်မျိုးဆက်များ၏ ဂုဏ်ကျက်သရေဖြစ်သည်၊ သူ့ထံ၌ အဆက်အသွယ်ဖြစ်စေ အရင်းအမြစ်ဖြစ်စေ မည်သည့်အရာမှ ပြတ်လပ်မနေခဲ့သောကြောင့် ထိုကဲ့သို့သော စွန့်စားမှုကို ပြုလုပ်ရန် မလိုပေ။

လူအုပ်ထဲရှိ ရှားဟောက်ချန်းသည် အဆိုပါ ဆွေးနွေးပြောဆိုမှုများကို အေးအေးလူလူ နားထောင်နေခဲ့သည်။

သူသည် ၎င်းကို ရှုကျိုးကြောင့် လုပ်လိုက်ခြင်း မဟုတ်ဘဲ၊ သူကိုယ်တိုင်ကပင် အစစ်အမှန် သိုင်းပညာဌာနအကြောင်းကို သိချင်နေသောကြောင့် လုပ်လိုက်ခြင်း ဖြစ်သည်။

အရိုးသားဆုံး ပြောရမည်ဆိုပါက ရှုကျိုး၏ လွှမ်းမိုးမှု အနည်းငယ်မျှ ပါဝင်နေခဲ့သည်။

…

ရှားဟောက်ချန်းမှ ပြောလာခဲ့ပြီဖြစ်သောကြောင့် မိန်းကလေးများဘက်ရှိ ရှားရှီယောက်မှာလည်း ထို့အတိုင်း လိုက်လုပ်လာခဲ့သည်။

လျူချင်းယွမ်သည် တွေဝေတုံ့ဆိုင်း မနေဘဲ ထိုနှစ်ဦးစလုံးကို လက်ခံလိုက်သည်။

အစစ်အမှန် သိုင်းပညာဌာနသို့ ရှုကျိုးအပါအဝင် လူလေးဦး ရောက်လာခဲ့ပြီ ဖြစ်သည်။

ရှုကျိုးသည် သူ့ဘေးရှိ လီတျယ်ကို လှည့်ကြည့်လိုက်သည် “ မင်းကရော ဘယ်ဌာနကို သွားဖို့ စီစဥ်ထားလဲ? “

“ ငါ ……… “ လီတျယ်သည် အနည်းငယ် တွေဝေတုံ့ဆိုင်းသွားခဲ့သည် “ ငါက အထူးပြုဌာနကို သွားမှာ “

မည်သို့ပင်ဆိုစေကာမူ သူသည် အစစ်အမှန် သိုင်းပညာဌာနသို့ သွားမည် မဟုတ်ပေ။

၎င်းမှာ ကြားရရုံဖြင့်ပင် ကြက်သီးထဖွယ်ကောင်းနေခဲ့သည်။

ရှုကျိုးသည် တဝါးဝါး ရယ်မောလိုက်ပြီး မည်သည့်စကားမှ ထပ်မပြောတော့ပေ။

ထို့နောက်တွင် သူသည် လီရို့ရှီဘက်သို့ ငေးကြည့်လိုက်သည်၊ သူ၏မျက်လုံးများထဲတွင် စိတ်ရှုပ်ထွေးသွားသည့် အရိပ်အယောင်များ ဖြစ်ပေါ်လာခဲ့သည်။

သူမက အစစ်အမှန် သိုင်းပညာဌာနကို မရွေးချယ်ဘူးလား?

“ ငါ့အစ်မရဲ့ စွမ်းရည်က ဘာများလဲ? “ ရှုကျိုးသည် သူက လီရို့ရှီ၏ စွမ်းရည်အကြောင်းကို မမေးခဲ့ဖူးဘူးဆိုသည်ကို ရုတ်တရက် အမှတ်ရသွားခဲ့သည်။

သူသည် လီရို့ရှိထံတွင် A+အဆင့် စွမ်းရည်ရှိသည် ဆိုသည်ကိုသာလျှင် သိနေခဲ့သည်။

“ သူမ လေ့ကျင့်တာက တော်တော်လေးကို မြန်ပါတယ်၊ အဲ့တော့ တိုက်ခိုက်ရေး စွမ်းရည်ဖြစ်သင့်တယ်လေ၊ ဟုတ်တယ်မလား? “

တိုက်ခိုက်ရေး စွမ်းရည်နှင့် ကျင့်ကြံရေးစွမ်းရည်တို့သည် အတော်လေး တူညီလှပြီး၊ ကျင့်ကြံရေး အမြန်နှုန်းကို တိုးမြှင့်ပေးနိုင်သည်။

“ သူမက ဘယ်ဌာနကို ‌ရွေးချယ်မလဲဆိုတာကို ငါသိချင်မိတယ် “ ရှုကျိုးသည် လီရို့ရှီအား သိလိုစိတ် အနည်းငယ်ဖြင့် ကြည့်နေတော့သည်။

…

ရှားဟောက်ချန်း ဦးဆောင်လာခြင်းနှင့်အတူ တစ်ခြားသော ပါရမီရှင်များကလည်း အစစ်အမှန် သိုင်းပညာဌာနနှင့် ပူးပေါင်းရန် ရွေးချယ်လာကြသည်။

မကြာခင်မှာပင် အစစ်အမှန် သိုင်းပညာဌာန၏ လူရွေးချယ်ခြင်း ပြီးဆုံးသွားခဲ့သည်၊ ရှုကျိုးနှင့် တစ်ခြားလေးဦးအပြင် နောက်ထပ် ဆယ်ဦးပါ ပါဝင်လာခဲ့သည်။

ထို့နောက်တွင် နတ်သိုင်းဌာန၏ လူရွေးချယ်ခြင်း စတင်လာခဲ့သည်၊ ဤတစ်ကြိမ်၌ အတော်လေး များပြားနေခဲ့ပြီး၊ လူသစ် နှစ်ရာနီးပါးပင် ပါဝင်လာခဲ့ကြသည်။

ထို့နောက်၌ သားရဲထိန်းချုပ်ဌာန၏ အလှည့်ဖြစ်သည်။

၎င်းအတွက်မူ လူများစွာ မရှိခဲ့ဘဲ၊ လူ၂၀ကျော်မျှသာ ပူးပေါင်းလာခဲ့သည်။

အဆုံးတွင် အထူးပြုဌာန၏ အလှည့် ရောက်ရှိလာပြီ ဖြစ်သည်။

အထူးဌာနသို့ စုစုပေါင်း လူ၆၀ကျော် ပူးပေါင်းပါဝင်လာခဲ့သည်။ ၎င်းမှာ မနည်းလွန်း မများလွန်းသော ပမာဏ တစ်ခုဖြစ်သည်။

လီရို့ရှီမှာလည်း အထူးပြုဌာနသို့ ရောက်ရှိသွားခဲ့သည်။

“ အထူးပြုဌာနလား? “ ရှုကျိုးသည် အထူးပြုဌာန၏ လူစာရင်းထဲတွင် ရပ်နေသည့် လီရို့ရှီကို ကြည့်ကာ အနည်းငယ် အံ့အားသင့်သွားခဲ့သည် “ အစ်မက အဲ့ကို ဘာလို့သွားရတာလဲ? သူမရဲ့ စွမ်းရည်က ဘာလဲ? “

ရှုကျိုးသည် သူမကို ချက်ချင်းမေးမြန်းရန် ဆုံးဖြတ်ချက် ချလိုက်သည်။

လူရွေးချယ်ခြင်း ပြီးဆုံးသွားသည့်နောက်တွင် ဌာနတစ်ခုချင်းစီတိုင်းမှ လူသစ်လေးများသည် သူတို့၏ သက်ဆိုင်ရာ နည်းပြဆရာ၊ ဆရာမများ၏အရှေ့တွင် လျင်မြန်စွာ စုဝေးနေကြတော့သည်။

လျူချင်းယွမ်၏ ဘက်၌ ရှုကျိုး၊ ရှားဟောက်ချန်း၊ ကျန်းလန်နှင့် တစ်ခြားလူများ စုစည်းနေကြသည်။

ရှားဟောက်ချန်းနှင့် တစ်ခြားလူများမှတစ်ပါး ကျန်လူအားလုံးသည် ရှုကျိုးအား လေးစားအားကျမှုများဖြင့် ကြည့်နေကြသည်။

သူတို့အားလုံးသည် ရှုကျိုး၏ အစွမ်းကို အသိအမှတ်ပြုခဲ့ကြသည်။

ကျန်းလန်မှာလည်း ဖော်မပြနိုင်သော ရှုပ်ထွေးသည့်ခံစားချက်တို့ဖြင့် သူ့ကို ငေးကြည့်နေခဲ့သည်။

Dအဆင့် ထောက်ပံ့မှုဖြင့်သာ တန်သည်ဟု သူမဆုံးဖြတ်ခဲ့သော လူတစ်ဦး၏ နိုင်ငံတစ်ဝှမ်းလုံးမှ ပါရမီရှင်များကို ဖိနှိပ်ထားခဲ့သည်။

သူမသည် ကျောင်းကျိုးကို အောင်မြင်ကျော်ကြား သွားစေရန် ပြုလုပ်ချင်နေခဲ့သည်၊ သို့သော် ယခု၌ ရှုကျိုးသည် သူမထပ် သာလွန်သွားခဲ့ပြီ ဖြစ်သည်။

“ တကယ်လို့ သူ့မှာရှိနေတာက သားရဲစွမ်းရည် ရှိနေတာ မဟုတ်ဘူးဆိုရင် “ ကျန်းလန်မှ တစ်ကိုယ်တည်း တွေးတောစဥ်းစားနေတော့သည် “ အဲ့လူရဲ့ အောင်မြင်မှုတွေက စိတ်ကူးလို့တောင် မရနိုင်တဲ့ အမြင့်အထိ ရောက်သွားနိုင်တယ် “

ထိုအချိန်၌ သူမသည် ယုတ္တိမဲ့သော အတွေးတစ်ခုကို တွေးမိသွားခဲ့သည်။

သူက ဒုတိယအဆင့်ကို တကယ်ကြီး မရောက်နိုင်ဘူးလား?

ဒါမှမဟုတ် သူက အံ့ဖွယ်တစ်ခုကို လုပ်သွားနိုင်မှာလား?

သို့သော် မကြာခင်မှာပင် ကျန်းလန်သည် သူမ၏ခေါင်းသေးသေးလေးကို တိတ်တဆိတ် ခါယမ်းနေတော့သည်၊ အဲ့ဖြစ်နိုင်ခြေက တော်တော်ကြီးကို နည်းတယ်။

…

လူသစ်များ ရွေးချယ်မှု ပြီးဆုံးသွားခဲ့ပြီ ဖြစ်သည်။

နည်းပြဆရာ၊ ဆရာမများသည် ကြာကြာမနေခဲ့ဘဲ၊ အကြံဉာဏ်တစ်ချို့ပေးခဲ့ပြီးသည့်နောက်တွင် လျင်မြန်စွာ ပျံသန်းသွားကြသည်။

လျူချင်းယွမ်မှာလည်း ထို့အတိုင်းသာ ပြုလုပ်ခဲ့သည်။

ထွက်မသွားခင် အချိန်တွင် သူသည် ရှုကျိုးနှင့် တစ်ခြားလူများကို စကားပြောလာခဲ့သည် “ မင်းတို့ရဲ့ အကျိုးပြုအမှတ်တွေနဲ့ နေရာထိုင်ခင်းရဖို့အတွက် ဧည့်ကောင်တာကိုသွား၊ ဒီနေ့တော့ နားလိုက်ကြတော့၊ မနက်ဖြန်မှ အစစ်အမှန် သိုင်းပညာဌာနကို သတင်းလာပို့ကြ “

“ ဟုတ် “

ရှုကျိုးမှ ဦးဆောင်၍ တစ်ခြားလူများကပါ တစ်ညီတစ်ညာတည်း ခေါင်းငြိမ့်ပြလိုက်သည်။

လျူချင်းယွမ်သည် မည်သည့်စကားမှ မပြောဘဲ ရှည်လျားသောသက်တံ့ကြီးတစ်ခု ပြောင်းလဲကာ လျင်မြန်စွာ ပျံသန်းသွားတော့သည်။

ရှုကျိုးသည် ထိုနေရာတွင် ဆက်မနေတော့ဘဲ အထူးပြုဌာနသို့ ဦးတည်သွားတော့သည်။

တစ်ချိန်တည်းမှာပင် လီရို့ရှီသည် ရှားစီယုနှင့်အတူ ရပ်နေသေးစဲဖြစ်သည်၊ ရှုကျိုးလာနေသည်ကို မြင်လိုက်ရသောအခါတွင် သူမသည် သူနှင့်တွေ့ဆုံရန်အတွက် ချက်ချင်းရှေ့ထွက်လာခဲ့သည်။

“ တော်တော်လေး အထင်ကြီးဖို့ကောင်းတာပဲ “ လီရို့ရှီမှ ပြုံးပြလာခဲ့သည် “ ပထမနေရာကို သိမ်းနိုင်ခဲ့တယ် “

“ မဆိုးပါဘူး “ ရှုကျိုးမှ ခေါင်းခါပြလိုက်သည် “ အဲ့အကြောင်းကို မပြောဘဲ နေကြစို့။ အထူးပြုဌာနကို ဘာလို့ ရွေးလိုက်တာလဲ? “

လီရို့ရှီမှ တည်တည်ငြိမ်ငြိမ် ပြန်ဖြေလာခဲ့သည် “ ငါ့မှာ အထူးစွမ်းရည်ရှိလို့ပေါ့ “

တကယ်ကို အဲ့လိုကြီး ဖြစ်နေတာလားဟ?

ရှုကျိုး အံ့ဩသွားတော့သည်။

သူသည် ထိုအကြောင်းကို တစ်ကြိမ်တစ်ခါမှ မကြားခဲ့ဖူးချေ။

“ နင့်ရဲ့စွမ်းရည်က ဘာလဲ? “ ရှုကျိုးသည် သိလိုစိတ်ဖြင့် သူမကို ကြည့်လိုက်သည်။

လီရို့ရှီသည် တစ်ခဏခန့် စဥ်းစားတွေးတောကာ ပြောပြလာခဲ့သည် “ ငါ့ဆီမှာ စိတ်ဝိညာဥ်အမျိုးအစား စွမ်းရည်ရှိတယ်၊ ငါက ထူးခြားတဲ့ တစ်ချို့အရာတွေကို အာရုံခံနိုင်တယ် “

ထူးခြားတဲ့ဟာတွေကို အာရုံခံနိုင်တာလား?

ရှုကျိုး အနည်းငယ် အံ့အားသင့်သွားတော့သည်။

“ ဥပမာအနေနဲ့ နင်ဘာတွေးနေလဲဆိုတာကို ငါက အကြမ်းဖျင်း အာရုံခံနိုင်တယ် “ဟုလီရို့ရှီမှ ပြောပြလာခဲ့သည်။

??

ရှုကျိုး မှင်သက်သွားတော့သည်။

စိတ်ဖတ်ခြင်း နည်းစနစ်လား?

အဲ့တာက မဖြစ်နိုင်ဘူးလေ၊ ဟုတ်တယ်မလား?

သူသည် သူ၏စိတ်ထဲတွင် တစ်စုံတစ်ခုကို ပြောလိုက်သည် “ အစ်မက တကယ်လှတာပဲ “

လီရို့ရှီသည် ချစ်စဖွယ်ကောင်းသော အပြုံးတစ်ခုကို ပြသလာခဲ့သည် “ ကောင်းပြီလေ၊ နင့်စိတ်ထဲမှာ ငါ့ကို မြှောက်ပင့်နေတာ ရပ်လိုက်တော့ “

ရှုကျိုး အံ့ဩတုန်လှုပ်သွားတော့သည်၊ သူမက အဲ့တာကို တကယ်ကြီး အာရုံခံနိုင်ခဲ့တာလား?

နေစမ်းပါဦး !!

အဲ့လိုဆိုရင် ငါ့ရဲ့ ကိုယ်ပွားက ………….

……………………………………………………………………………………………………………………..

All Chapters