← Chapters

ဘလဲကို အနိုင်ယူ

Vol. 8 Ch. 109

ဘလဲကို အနိုင်ယူ

Vol. 8 Ch. 109

“ဖွင်း ကူညီမာလား..”

အင်စလေ ဖင်းလီအား သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။ ကောင်မလေးသည် ဖင်းလီအား ချက်ချင်းလက်ငင်း မယုံကြည်နိုင်ပါချေ။ ဖင်းလီသည် အန္တရာယ်မရှိဘဲ သူမအား ကူညီ၍ ကုတ် - စီ ၏ သွေးမျိုးဆက်အား နိုးထစေနိုင်မည်ဆိုလျှင် မည်သည်ကြောင့် ယခင်က မလုပ်ပေးခဲ့ရသနည်း။

ဖင်းလီသည် အင်စလေအား အစပိုင်းကတည်းက ကူညီပေးနိုင်သည်။ သို့သော် ထိုအရာသည် ကလေးအား ပျက်စီးစေမည်ဖြစ်ကာ သူမ၏ စွမ်းအားများလည်း တိုးတက်လာမည် မဟုတ်ချေ။ ထို့ကြောင့် ဖင်းလီသည် အင်စလေအား ဖြတ်လမ်းနည်းဖြင့် မကူညီလိုခြင်းသာ။

အင်စလေ၏ ဝမ်းနည်းမှု နောက်ကွယ်ရှိ ဘလဲ၏ လွှမ်းမိုးမှုကြောင့် မဟုတ်ခဲ့လျှင် သူ့အနေနှင့် တန်ကြေးတစ်ခု ပေးဆပ်ရန်လိုသည့် အကူအညီအား ပေးလိမ့်မည် မဟုတ်ပေ။

ဘလဲသည် အာရီတာမိသားစု၏ မြင့်မြတ် အစောင့်အရှောက်အား သိမ်းသွင်းပြီးဖြစ်သည်ဟူသော ကောလဟာလကြောင့် ဖင်းလီသည် အင်စလေအား ကူညီပေးရန် ဆုံးဖြတ်လိုက်သည်။

ဖင်းလီသည် အာရီတာမိသားစုရှိ သူလျှိုများထံမှ မည်သည့်သတင်းအချက်အလက်မှ မရရှိသောကြောင့် ထိုကောလဟာလမှာ အလိမ်အညာသာ ဖြစ်လိမ့်မည်။ သို့သော မည်သို့ပင်ဆိုစေ ဘလဲသည် များမကြာမီ မြင့်မြတ် အစောင့်အရှောက် တစ်ကောင်အား သိမ်းသွင်းနိုင်မည်ပင်။

ထို့ကြောင့် အင်စလေသည် ဘလဲထက်အရင် သိမ်းသွင်းရမည် ဖြစ်၏။

အခြားမိသားစုများထံသို့ အင်စလေ အစောင့်အရှောက် တစ်ကောင်အား သိမ်းသွင်းနိုင်သည့် သတင်း ပျံ့နှံ့သွားခြင်း မရှိစေရန် ကြိုးစားဖိနှိပ်မည် ဆိုလျှင်ပင် သူ၏ ထောက်ပံ့မှုအောက်ရှိ ကလေးသည် ဘလဲအား အနိုင်ယူနိုင်ခဲ့သောကြောင့် သူ့အနေနှင့် အသားစီးရသလို ခံစားရမည် ဖြစ်သည်။

ယင်းမှာ တစ်ကိုယ်ရည်စာ စိတ်ကျေနပ်မှုအတွက်သာ ဖြစ်သော်ငြား အင်စလေနှင့် ဖင်းလီ နှစ်ဦးစလုံးအတွက် အကျိုးရှိလေသည်။

ဖင်းလီသည် နူးညံ့သိမ်မွေ့စွာ ပြုံးပြီးနောက် ခေါင်းညိတ်လိုက်သည်။

“ငါ့အစ်ကိုရဲ့ အစွမ်းကို ငှားလိုက်လို့ရတယ်.. သူက အချိန်နတ်သမီးလေ.. မင်းကို လှည့်ကွက်တစ်ချို့နဲ့ ကူညီပေးနိုင်တယ်..”

သူ၏ ပဋိညာဉ်ပြုနတ်သမီးမှာ မည်သို့သော လှည့်ကွက်များ ပြုလုပ်နိုင်ကြောင်းကိုမူ ဖင်းလီ အသေးစိတ် ထုတ်မပြောတော့ပေ။ မည်သိူ့ပင်ဖြစ်စေ ယင်းမှာ အတိတ်နှင့် ဆက်စပ်နေလေသည်။

အင်စလေ၏ မျက်လုံးများ တလက်လက် ဖြစ်လာသည်။ သူမသည် ဖင်းလီအား မျှော်လင့်ချက်အပြည့်ဖြင့် ကြည့်ကာ မေးလိုက်သည်။

“ဂယ်လား.. ကောင်းတယ်.. ကောင်းတယ်..”

ကလေးသည် စိတ်လှုပ်ရှားမှုကြောင့် ထကချင်လာသည်။

ငါသိသားပဲ.. ဖင်းနီနဲ့ တွေ့ရတာ ငါ့ဘဝမှာ အကြီးမားဆုံး ကံကောင်းမှုကြီးပဲ.. ဒီကမ္ဘာက တကယ်ပဲ ဝတ္ထုကမ္ဘာ ဖြစ်နိုင်လောက်တယ်.. ဖင်းလီက အမျိုးသားဇာတ်ဆောင်နဲ့တောင် တူနေတာကို..

အချို့သော အခြေအနေများတွင် ဖင်းလီထံ၌ အမျိုးသားဇာတ်ဆောင်တစ်ဦး၏ လက္ခဏာရပ်များ ရှိလေသည်။ ကောင်လေးသည် မတူကွဲပြားသော မျိုးနွယ်များအကြားမှ ရိုမန့်အမျိုးအစားဖြစ်သည့် တော်ဝင်နတ်သမီးနှင့် လူသားတစ်ဦး၏ ကြည်နူးဖွယ် ချစ်ဇာတ်လမ်းအား ဖန်တီးနိုင်သည်။

တော်ဝင်နတ်သမီးဟူသော အဆင့်အတန်းကြောင့် လူသားတစ်ဦးဖြစ်သည့် အမျိုးသမီးဇာတ်ဆောင်မှာ ဖင်းနီနှင့် လက်ထပ်ရန် အခက်အခဲများစွာ ကြုံတွေ့ရနိုင်သည်။

ထိုအကြောင်းအား စိတ်ကူးကြည့်ရုံနှင့်ပင် အင်စလေ၏ စိတ်ကူးများမှာ ထိန်းချုပ်မရနိုင်တော့ပေ။ ထို့ကြောင့် fanfic တစ်ပုဒ်ပင် ရေးချင်လာမိသည်။

ဖင်းနီက ကူညီပေးမယ်လို့ ပြောထားတော့ တစ်ခုခု ပြန်ပေးသင့်လား..

အင်စလေ ဖင်းလီအား ချောင်းကြည့်လိုက်သည်။ ဖင်းလီအပေါ် အကြွေးများစွာ တင်နေသည်ဟု ခံစားနေရသည်။ ကောင်လေးသည် သူမအား လမ်းညွှန်မှုများ၊ ဗဟုသုတများနှင့် စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့များလည်း ပေးခဲ့သည်။

ဖင်းလီအား သေချာပေါက် ပြန်ပေးဆပ်ရမည်။ ထို့ကြောင့် အင်စလေသည် လက်ကလေးများအား ဂနာမငြိမ် ထိတွေ့ရင်း ပြောလိုက်သည်။

“ဖွင်း.. အင် ကူညီနိုင်တာ ချိလား..”

အင်စလေသည် ဖင်းလီအား အနည်းငယ် အပြစ်ရှိစိတ်ဖြင့် ကြည့်လိုက်သည်။ သူမသည် နတ်သမီးလေးအပေါ် မည်သည့်ကောင်းကျိုးမှ မပြုရသေးဘဲ အကျိုးကျေးဇူးများကိုသာ စုပ်ယူဝါးမျိုနေမိသည်ဟု ခံစားနေရသည်။

အနည်းဆုံးတော့ ဖင်းနီကို ကူညီပေးသင့်တယ်လေ.. မဟုတ်ဘူးလား..

ဖင်းလီသည် အင်စလေ၏ မေးခွန်းကြောင့် မျက်ခုံးပင့်လိုက်သည်။ ကလေး ကြီးပြင်းလာလျှင်ပင် သူမထံမှ အကျိုးတစ်ခုခု မျှော်ကိုးထားဖူးခြင်း မရှိချေ။

အင်စလေသည် သူမ၏ အနာဂတ်အား မည်သို့ ဆန်းကြယ်စွာ ပြောင်းလဲပစ်သည်ကို စောင့်ကြည့်ရင်း သူ၏ ကံတရားသည်လည်း ပြောင်းလဲသွားလေမလား ဟူသော စိတ်သက်သက်ကြောင့်သာ အရာအားလုံး ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

သူ၏ ကြင်နာမှုများမှာ ဖျော်ဖြေမှု ပုံစံတစ်မျိုးဖြစ်သည်။ ထို့အပြင် အင်စလေနှင့် တစ်နေ့လျှင် နာရီပိုင်းလောက်သာ တွေ့ဆုံရသောကြောင့် သူ့အတွက် ဝန်ပိုးတစ်ခုလည်း မဟုတ်ပေ။ သူ၏ အန္တရာယ်များကာ ငြီးငွေ့ဖွယ်ကောင်းသော နေ့စဉ် လုပ်ငန်းဆောင်တာများမှ အားလပ်ချိန်ယူခြင်းသာ ဖြစ်သည်။

သို့သော် ကလေးသည် ရုတ်တရက် သူမကူညီနိုင်တာ ရှိလားဟု မေးလာသည်။ အပြစ်ရှိစိတ် ဝင်နေတာများလား။

ဖင်းလီ ခပ်သာသာရယ်မိ၏။ သူ၏စိတ်ထဲ၌ အင်စလေမှာ ပို၍ပို၍ ချစ်ဖို့ကောင်းလာလေသည်။ ကလေးမှာ ၃ နှစ်သာ ရှိသေးသော်ငြား ကျေးဇူးတရားကို နားလည်နေပြီပင်။

များသောအားဖြင့် မာဖီးယားကလေးများမှာ အကျိုးအမြတ် ရယူရန်သာ တွေးလေ့ရှိသည်။ သစ္စာဖောက်ခြင်းနှင့် လှည့်ဖျားခြင်းတို့မှာ သူတို့အတွက် အကျင့်တစ်ခုအလားပင်။ မာဖီးယားလောကမှာ မကောင်းဆိုးဝါးဆန်လှသည်။

အင်စလေ၏ နေရာ၌ အခြားတစ်ယောက်သာဆိုလျှင် ထိုသူများသည် အခမဲ့ အကျိုးအမြတ်များအား တုံ့ဆိုင်းခြင်းမရှိ လက်ခံကြမည်ဖြစ်သည်။ သို့သော် အင်စလေမှာမူ ထိုသို့ ပြုလုပ်လိုပုံ မရချေ။

ကောင်မလေးသည် ဖင်းလီအား စိုးရိမ်စွာဖြင့် ကြည့်နေသည်။ မိသားစု၏ အကြွေးများမှာ လုံလောက်နေပြီ ဖြစ်သောကြောင့် အခြားသူများထံတွင် အကြွေးတင်မခံလိုတော့ချေ။ အကြွေးထပ်မရှိရဘူး။

ထို့ကြောင့် ဖင်းနီအား ပြန်‌ပေးဆပ်လိုခြင်း ဖြစ်သည်။

“အွင်း.. ကူညီဖို့လား..”

ဖင်းလီ ခပ်တိုးတိုး ရေရွတ်လိုက်ပြီး အတွေးထဲ နစ်မြုပ်သွားသည်။

အင်စလေ၏ မိသားစု လက်ရှိအခြေအနေမှာ ရှင်သန်လာနိုင်မည်ဆိုလျှင် အင်စလေသည် သူ့အား အမှန်တကယ် ကူညီနိုင်မည် ဖြစ်သည်။ ထိုမှတပါး ကလေးသည် ဖင်းလီအား ကူညီနိုင်မည် မဟုတ်ပေ။ ထိုအချိန်မှပင် ဘလဲအာရီတာ၏ ပြဿနာအား အမှတ်ရသွားသည်။

အနာဂတ်တွင် အင်စလေအား ဘလဲနှင့် တိုက်ခိုက်ခွင့် ပြုလိုက်မည်ဆိုလျှင် ယင်းမှာ နှစ်ဦးနှစ်ဖက် အကျိုးရှိပေမည်။ ကောင်မငယ်လေးတစ်ဦးမှ ဘလဲအား အနိုင်ရယူသွားပါက တစ်ဖက်လူမှာ သူမထက်ပင် ပိုမိုငယ်ရွယ်နေလျှင် ထိုမိန်းမယုတ်၏ မာန်စွယ်အား ချိုးနိုင်ပေမည်။

ထိုနှစ်ဦးမှာ အချင်းချင်း ယှဉ်ပြိုင်ရန်အတွက် အရွယ်ရောက်သည်အထိ စောင့်နေရန် မလိုအပ်ပေ။ သူတို့သည် ထူးခြားသော ကလေးများအဖြစ် စတင်နိုင်ကြသည်။

ထိုသို့ဆိုလျှင် အင်စလေအား အကောင်းဆုံး ကလေးဖြစ်အောင် လေ့ကျင့်ပေးရမည်။ ဖင်းလီသည် မာဖီးယားလောက၏ ထိပ်ဆုံး၌ ရပ်တည်ရန် ရည်ရွယ်ထားသောကြောင့် ကလေးသည်လည်း သူနှင့် ပခုံးချင်ယှဉ် ရပ်တည်နိုင်ရမည်။

ဖင်းလီသည် အင်စလေအား အကူအညီများ ပေးနေရင်း တစ်ချိန်တည်းမှာပင် သူ၏ ချစ်စရာ ကလေးလေးမှာ သူ့ကိုယ်စား ထိုမိန်းမယုတ်ကို လက်စားချေပေးမည့် အချိန်အား စောင့်ကြည့်ရန်သာ လိုသည်။

မိန်းမတစ်ယောက်အား လက်စားချေတုံ့ပြန်သည့် ယောကျ်ားတစ်ဦးမှာ အမြင်မတင့်ပေ။ သို့သော် အင်စလေ ဘလဲအား အနိုင်ယူမည်ဆိုပါက ပို၍ပင် စိတ်ကျေနပ်ဖွယ် ကောင်းမည်ပင်။

ဖင်းလီ ပြုံးရယ်လာသည်။ သူ၏ အပြုံးမှာ မကောင်းဆိုးဝါး ဆန်လွန်းသောကြောင့် ကုတ် - စီ နှင့် အင်စလေမှာ ခိုက်ခိုက်တုန်သွားကြသည်။

ဒီနတ်သမီးလေးက ဘယ်လို ဆိုးယုတ်တဲ့ အကြံအစည်တွေ ရှိနေတာလဲ..

အင်စလေ တံတွေးမျိုချလိုက်သည်။ ဖင်းလီအား အကူအညီပေးရန် ကမ်းလှမ်းမိခြင်းအား နောင်တရမိသည်။ ငြိမ်ငြိမ်လေးနေကာ အကျိုးအမြတ်အားလုံးကို စုပ်ယူသင့်သော်ငြား သူမ၏ အငြိမ်မနေနိုင်သော ပါးစပ်မှာ..

သောက်ဂွပဲ..

“အာ.. ဖွင်း.. အာ့က..”

အင်စလေသည် ဖင်းလီအား ခက်ခဲသည့် တောင်းဆိုမှုများအား မပြုလုပ်ရန် ပြောမည်ပြုစဉ်မှာပင် ဖင်းလီ၏အသံ ထွက်လာသည်။

“ဒါဆိုရင်ကော ဘယ်လိုလဲ.. ဘလဲအာရီတာကို အရာအားလုံးမှာ အနိုင်ယူပေး..”

... ဟမ်.. ဘယ်လိုကြီးလား..

All Chapters