မမျှော်လင့်သော ရန်သူဟောင်း
Vol. 8 Ch. 107
အင်စလေသည် သူမငိုရသည့် အကြောင်းအရင်းမှနအား မပြောလိုသော်ငြား ဖင်းလီ၏ သိမ်မွေ့သော ဖြောင်းဖျပြောဆိုမှုနှင့် ချောမောသော မျက်နှာလေး၏ ဖြားယောင်းမှုကြောင့် အလျော့ပေးလိုက်ရသည်။ ကောင်မလေးသည် စိတ်မပါလက်မပါနှင့် ဖင်းလီအား အမှန်တရားကို ပြောပြလိုက်လေသည်။
“ဒီတော့.. မင်းက ဒေါသတကြီးဖြစ်နေတာ အာရီတာ မိသားစုက လေဒီဘလဲနဲ့ ကိုယ့်ကိုယ်ကိုယ် နှိုင်းယှဉ်နေမိလို့လား..”
ဖင်းလီ၏ မျက်လုံးများ ပြုးကျယ်ကာ အင်စလေအား မယုံနိုင်စွာဖြင့် ကြည့်လိုက်သည်။
အင်စလေသည် ထိုသိုသော အကြောင်းအရင်းမျိုးကြောင့် အော်ဟစ်ကာ ငိုနေလိမ့်မည်ဟု သူ၏ စိတ်ကူးထဲမှာပင် တွေးမကြည့်ဖူးခဲ့ချေ။
အင်စလေ၏ မျက်နှာတစ်ခုလုံး နီရဲကာ ရှက်နေမိသည်။ သူမငိုရသည့် အကြောင်းအရင်းမှာ ရိုးရှင်းသော်ငြား လွန်လွန်ကဲကဲ တုံ့ပြန်မိသွားခြင်း ဖြစ်ကြောင်း သူမကိုယ်တိုင်လည်း သိလေသည်။
ဒါပေမဲ့ ဒီလိုကြီး လာမကြည့်နဲ့လို့.. ဟုတ်ပြီလား..
“ဟုတယ်.. အာ့ရိုပဲ..”
အင်စလေ လည်ချောင်းရှင်းလိုက်ပြီး အင်တင်တင်နှင့် ခေါင်းညိတ်လိုက်သည်။ မည်သို့ပင်ဖြစ်စေ ဖင်းလီအား ကွယ်ဝှက်မထားနိုင်ချေ။
“အာ.. ငါသိပြီ.. ဒီတော့ အရာအားလုံးက လေဒီဘလဲရဲ့ ကောလဟာလတွေကြောင့်ပေါ့..”
ဖင်းလီ ငိုရမလား ရယ်ရမလားပင် မသိတော့ချေ။
သို့သော် လေဒီဘလဲ၏ အမည်အား ပြောလိုက်သည့် အသံမှာ အနည်းငယ် တင်းမာနေသလို ရှိသည်။ အင်စလေသည် စူးရှသောအကြားအာရုံ၏ ဆင့်ကဲပြောင်းလဲမှုကြောင့် လူများ၏ လေသံပြောင်းလဲမှုအား ခွဲခြားနိုင်ပြီ ဖြစ်သည်။
ဖင်း၏ လေသံအား နားထောင်ရသလောက် ရွံရှာခြင်းနှင့် အထင်သေးစက်ဆုပ်ခြင်းတို့ ပါဝင်နေသလိုပင်။
“လေဒီဘလဲကို တိရား”
အင်စလေ ခေါင်းလေးစောင်းကာ မေးလိုက်သည်။ ဖင်းလီ၏ လေသံမှာ မည်သည်ကြောင့် လေဒီဘလဲအား အထင်သေးစက်စုတ်ဟန် ဖြစ်နေရကြောင်း မသိချေ။ ထိုလေဒီဘလဲအား လူတိုင်းသဘောကျ နှစ်သက်သည် မဟုတ်ပါလား..။
“ဟားဟားဟား သေချာပေါက် သိတာပေါ့.. သူမက မာဖီးယားလောကမှာ နာမည်ကြီးပဲလေ..”
ဖင်းလီ ခါးသီးစွာ ပြုံးလိုက်သည်။
အဲဒီမိန်းမယုတ်ကို ဘယ်လိုလုပ် မသိဘဲ နေမှာလဲ.. အရင်ဘဝမှာ သူမက ငါ့ရဲ့ သတို့သမီးလောင်းလေ..
အဲဒီမိန်းမက အာရီတာမိသားစုကို မာဖီးယားလောကရဲ့ ထိပ်ဆုံးကို ပို့ဖို့အတွက်နဲ့ ငါ့ကို သစ္စာဖောက်ပြီး ဝေါ်လ်တာမိသားစု ပိုင်ဆိုင်သမျှကို ယူသွားခဲ့တာ..
ဒီလို မိန်းမယုတ်မျိုးကို ဘယ်လိုမေ့မှာတဲ့လဲ..
ဖင်းလီ၏ မျက်လုံးများ အေးစက်လာပြီး ခံစားချက် မဲ့သွားပုံရသည်။ သူ၏ ပတ်ပတ်လည်ရှိ လေထုမှာ ပြောင်းလဲသွားပြီး ရက်စက်ကြမ်းတမ်းကာ သွေးဆာသူ တစ်ဦးနှင့် တူလာသည်။ ရုတ်တရက် ပြောင်းလဲမှုသည် အင်စလေနှင့် ကုတ် - စီ အား မှင်တက်သွားစေသည်။
နှစ်ဦးသား တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ ထိတ်လန့်တုန်လှုပ်စွာဖြင့် အလိုအလျောက်ပင် ဖင်းလီနှင့် အကွာအဝေးတစ်ခု ခြားလိုက်ကြသည်။
ဘာလား.. ဒီလိုမျိုး အသွေးအသားထဲက မုန်းတီးမှုကြီး.. ဘာတွေ ဖြ်စနေတာလဲ.. ဖင်းက.. ဖင်းက ဘလဲကို မုန်းနေတာလား.. ဟမ်..
အင်စလေ မေးဖို့ရန်ပင် ကြောက်ရွံ့နေမိသည်။ ဖင်းလီ၏ အငွေ့အသက်မှာ သွေးအေးသူတစ်ဦးနှင့် တူလာပြီး သူ၏ မျက်လုံးများမှာ လူပေါင်းများစွာအား သတ်ဖြတ်ဖူးသူတစ်ဦး၏ မျက်လုံးများကဲ့သို့ အေးစက်လာသည်။ အင်စလေ နောက်တစ်ဖန် ကြောင်အလျက်သား ဖြစ်သွားရပြန်သည်။
ဖင်းက အရင်တုန်းက လူသတ်ဖူးတာလား.. သူက ၈ နှစ်ပဲ ရှိသေးတာလေ.. ဘယ်လို တော်ဝင်မိသားစုက မိသားစုမျိုးလဲ..
မာဖီးယားမိသားစုများမှ ကလေးအများစုသည် အသက် ၅ နှစ် ပြည့်ပြီးသည်နှင့် သတ်ဖြတ်ရန် သင်ကြားကြရသည်။ မည်သည့် မာဖီးယားမှာ စိတ်သဘောထား ပျော့ပျောင်းကြသနည်း။ မာဖီးယားအားလုံးမှာ ကြမ်းကြုတ်ရက်စက်ကြသည်။ နွေးထွေးဖော်ရွေသော မျက်နှာရှိသည့် ဖင်းလီပင်လျှင် ယခင်က လူပေါင်းများစွာကို သတ်ဖြတ်ခဲ့ဖူးသည်။
သို့သော် အင်စလေမှာ ထိုအကြောင်းများအား မသိထားချေ။ ဖင်းလီ၏ မျက်လုံးထဲရှိ ကြီးမားသော အမုန်းတရားအား မြင်သည့်အခါ အင်စလေ ရုတ်တရက် သိလိုစိတ် ပြင်းထန်လာသည်။
လေဒီဘလဲနဲ့ ဖင်းလီက ဘယ်လိုပတ်သက်နေတာလဲ.. ကောင်လေးက ဘယ်လောက်တောင် သတ်ဖြတ်ချင်နေခဲ့တာများလဲ..
အင်စလေ မသိနားမလည်ဟန်ဖြင့် မျက်တောင်ခတ်လိုက်သည်။ အသက် ၈ နှစ်သာ ရှိနေသေးသည့် ကောင်လေးထံတွင် ရန်သူဟောင်း ရှိနေပြီ ဖြစ်သလို ထိုရန်သူအား သတ်ဖြတ်ရန် တွေးနေခြင်းကြောင့် ဤကမ္ဘာကြီးမှာ မည်မျှ ပျက်စီးယိုယွင်းနေခြင်းမျိုးလဲ။
အင်စလေ မသိသည့်အချက်မှာ ဖင်းလီသည် ဘလဲအား ချစ်ခဲ့ဖူးသောကြောင့် နာနာကျည်းကျည်း မုန်းတီးနေရခြင်း ဖြစ်လေသည်။
ဤကမ္ဘာကြီးမှာ ဝတ္ထုတစ်ပုဒ်သာဆိုလျှင် ထိုနှစ်ဦးမှာ အဓိကဇာတ်ဆောင်များ ဖြစ်လိမ့်မည်။
သို့သော် ဤကမ္ဘာမှာ ဝတ္ထုတစ်ပုဒ် မဟုတ်ချေ။
အမျိုးသမီး ဇာတ်ဆောင်သူသော မိန်းမသည် ဖင်းလီ၏ ချစ်ခင်မြတ်နိုးမှုအား အသုံးချကာ မိသားစုအတွက် သစ္စာဖောက်ရန် ချွေးချယ်လိုက်သည်။ ဖင်းလီ တစ်ညအတွင်း အရာအားလုံး ဆုံးရှုံးခဲ့ရသည်။
သစ္စာဖောက်ခံရခြင်းကြောင့် အလွန်အမင်း ထိတ်လန့်ချောက်ချားသွားရသဖြင့် ဖင်းလီသည် အချစ်ကို မယုံကြည်နိုင်လောက်အောင် ဖြစ်သွားရသည်။ အင်စလေအား သဘောကျမိသော်လည်း သူ၏ နှလုံးသားဒဏ်ရာ မကျက်သေးသောကြောင့် သမီးရည်းစား ဆက်ဆံရေးမျိုးနှင့် စိတ်ဝင်စားမိခြင်း မဟုတ်ချေ။
ကောင်မလေးသည် သူ့လိုမျိုး သနားစဖွယ် ကောင်းလှသည်။ ထို့ကြောင့် သနားစဖွယ် ကလေးမလေးအား ခက်ခဲကြမ်းတမ်းမှုများအား ကျော်ဖြတ်နိုင်ရန် ကူညီပေးခြင်းသည် ဖင်းလီအတွက် ကိုယ့်ကိုယ်ကိုယ် ဖျော်ဖြေမှု တစ်မျိုးလည်းဖြစ်သည်။
အင်စလေ၏ တည်ရှိမှုသည် ဖင်းလီအား နှိမ်သိမ့်ပေးနိုင်ပြီး သူ၏အနာဂတ်ကို ပြောင်းလဲနိုင်မည်ဟု ယုံကြည်လာစေသည်။
သို့သော် ယခုအခါတွင် အတိတ်ဘဝမှ ရန်သူဟောင်းတစ်ဖြစ်လဲ သူချစ်နှစ်သက်ခဲ့ဖူးသော မိန်းမကြောင့် သူ၏ သူငယ်ချင်းငယ်လေးမှာ ဝမ်းနည်းတကြီး ငိုကြွေးနေရလေသည်။ သူမသည် စိတ်ဓာတ်ကျကာ အဆိုးမြင်စိတ်များ ဝင်ရောက်လာသည်။
ဤအတိုင်း ဆက်ဖြစ်နေမည်ဆိုလျှင် အင်စလေသည် သူမ၏ ဆိုးဝါးသော အနာဂါတ်မှ လွတ်မြောက်နိုင်လိမ့်မည် မဟုတ်ကြောင်း ဖင်းလီ ယုံကြည်သည်။
မည်သည်ကြောင့် ဒေါသမထွက်ဘဲ နေမည်နည်း။ အင်စလေ၏ ဘဝမှာ သူနှင့် အတော်လေး ဆင်တူသည်။ နှစ်ဦးစလုံးမှာ အတိတ်ဘဝ၌ ဆိုးဝါးသည့် အဆုံးသတ်များ ရှိခဲ့ကြပြီး မတူကွဲပြားသည့် လမ်းများအား လျှောက်ခဲ့ရသည်။
အင်စလေ ကျဆုံးသွားမည်ဆိုလျှင် သူ၏ ကံကြမ္မာမှာလည်း ပြောင်းလဲ၍ ရနိုင်တော့မည် မဟုတ်ဟု ဖင်းလီ ယုံကြည်သည်။
ထို့ကြောင့် ဖင်းလီ အံတင်းတင်းကြိတ်လိုက်သည်။ သူ၏ စိတ်ထဲတွင် လေဒီဘလဲ၏ လှပသော ပုံရိပ် ပေါ်လာသော်ငြား သတ်ဖြတ်လိုစိတ်သာ ရှိလေသည်။
အဲဒီမိန်းမယုတ်က အင် ကို ငိုအောင် လုပ်ရဲတယ်ပေါ့လေ.. သူမက ဘေဘီအင်ကို မမြင်ဖူးသေးတာတောင် သူမရဲ့ လွှမ်းမိုးမှုက ကလေးအပေါ် သက်ရောက်နေပြီပေါ့.. ဟ..
ဖင်းလီ သရော်ဟန်ဖြင့် နှာမှုတ်လိုက်သည်။ ကောင်လေးသည် အင်စလေနှင့် ကုတ် - စီ ရှေ့တွင် သူ၏ ပင်ကိုယ်စရိုက်အား ပြသမိလိုက်ကြောင်း သတိမပြုမိချေ။ သူ၏ စိတ်အာရုံ တစ်ခုလုံးမှာ ဘလဲ၏ အရိပ်အောက်မှ အင်စလေ လွတ်မြောက်နိုင်ရန် မည်သို့ ကူညီရမည်ကိုသာ စဉ်းစားနေခြင်း ဖြစ်သည်။
ခေတ္တမျှ စဉ်းစားပြီးနောက် ဖင်းလီ အားတင်းပြုံး၍ အင်စလေအား ကြည့်လိုက်သည်။
“သူမက ရွှေတွင်းတစ်တွင်း ရှာတွေ့တယ်လို့ မင်းပြောတယ်မလား.. ဘာလို့ အဲလောက်တောင် ဒုံးဝေးရတာလဲ..”
ဖင်းလီ စကားလုံးများအား တိတ်တဆိတ် မျိုချလိုက်ရသည်။
ကောင်လေးသည် သူ့အား စိုက်ကြည့်နေသော ကုတ် - စီ နှင့် တံခါးမှ ထွက်ပြေးလုနီးနီး ဖြစ်နေသော အင်စလေအား ကြည့်လိုက်သည်။
ဘာလား.. ဘာတွေ ဖြစ်နေတာလဲ..
“အင်..”
ဖင်းလီ နေရောင်ကဲ့သို့ နွေးထွေးကာ နူးညံ့သိမ်မွေ့သော အခြေအနေသို့ ပြန်လည်ရောက်ရှိလာသည်။ သို့သော် ကောင်လေး၏ ချိုသာသော အပြုံးသည် အင်စလေအား အရိုးထိအောင် ခိုက်ခိုက်တုန်သွားစေသည်။
သောက်ကျိုးနည်း.. နတ်သမီးက အရမ်းကို ရက်စက်နေတာလား.. သူ့အသက်လေးမှ ၈ နှစ်ပဲ ရှိသေးတာလေ.. ဘာကိစ္စနဲ့ လူသတ်သမားရုပ် ပေါက်နေတာတုန်း.. အားးးး ကြောက်ဖို့ကောင်းလိုက်တာ..
အင်စလေ၏ မျက်လုံးထဲတွင် ဖင်းလီမှာ သူမ၏ မိသားစုထဲရှိ မြေခွေးအိုများထက်ပင် ကြောက်ဖို့ကောင်းလေသည်။ နွေးထွေးမှု အလျင်းမရှိသော အေးစက်စက်မျက်လုံးများနှင့် ခန္ဓာကိုယ်တစ်ဝိုက် ရစ်ပတ်လွှမ်းခြုံနေသည့် သွေးဆာသော အငွေ့အသက်များ..။
ကောင်လေးမှာ ဂေါ့ဖားသားနှင့်ပင် ဆင်တူနေသည်။
“အင်..”
ဖင်းလီ နောက်တစ်ကြိမ် ခေါ်လိုက်သည်။ သူ၏အသံမှာ နူးညံ့သိမ်မွေ့ပြီး မျက်နှာပေါ်ရှိ အပြုံးမှာလည်း အတုအယောင် မဟုတ်ချေ။ ချောမောသော မျက်နှာထက်တွင် နွေးထွေးမှုတို့ အထင်းသားဖြစ်နေသော်ငြား အင်စလေသည် ကြောက်ရွံ့မှုကြောင့် မွန်းကြပ်နေပြီး ကုတ် - စီ ပင်လျှင် တုန်တုန်ယင်ယင် ဖြစ်နေသည်။
ကြောင်ပုံစံနဲ့ဆိုရင် ဒီကောင်လေးကို နိုင်မှာ မဟုတ်ဘူးလို့..