ရန်သူရဲ့ ရန်သူက မိတ်ဆွေ
Vol. 8 Ch. 108
အင်စလေသည် ဖင်းလီအား ကြောက်ရွံ့နေမိသော်ငြား သူမထံသို့ ချဉ်းကပ်လာသည့်အခါ မလှုပ်နိုင်တော့ချေ။ သူမသည် တဖြည်းဖြည်း နီးကပ်လာသည့် ဖင်းလီကို စိုက်ကြည့်နေရုံသာ တတ်နိုင်သည်။ကောင်လေး၏ မျက်လုံးထဲရှိ စိုးရိမ်မှုများအား လူတိုင်း မြင်နေရသည်။
“အင်.. ဘာဖြစ်တာလဲ.. အဲဒီမိန်း.. ငါပြောတာ လေဒီဘလဲကြောင့် စိတ်ဓာတ်ကျနေတုန်းပဲလား..”
ဖင်းလီ အင်စလေရှေ့၌ ရပ်ကာ ထိုင်ချလိုက်သည်။ ကောင်မလေးအား ရင်ခွင်ထဲသို့ ဆွဲခေါ်ကာ နောက်ကျောအား ခပ်သာသာပုတ်လိုက်သည်။
“မစိုးရိမ်ပါနဲ့.. သူမက အဲလောက်ကြီး မဟုတ်ပါဘူး.. ငါ့ မျက်လုံးထဲမှာဆို မင်းက သူမထက် အပြတ်အသက်ကို သာတယ်..”
ဖင်းလီသည် အင်စလေအား ပွေ့ဖက်ထားပြီး သူမ၏ ခေါင်းလေးအား လက်ဖြင့်သပ်ပေးနေသည်။ အင်စလေအား သူ၏ ရင်ခွင်ထဲသို့ ဆွဲခေါ်လိုက်ပုံမှာ အလွန်လျင်မြန်သောကြောင့် ကုတ် - စီ နှင့် အင်စလေတို့ နှစ်ဦးစလုံး ထိတ်လန့်သွားလေသည်။
ကောင်လေးက အရမ်းသန်မာတာပဲ.. အိုးခိုင်မော့.. ဖင်းလီက အရမ်းသန်မာတဲ့ နတ်သမီးလေးဆိုတာ မသိခဲ့ဘူး..
စာကြည့်တိုက်နတ်သမီးမှာ တိုက်ခိုက်စွမ်းရည် အတော်လေး နိမ့်မည်ဟု အင်စလေ ထင်ခဲ့မိခြင်းဖြစ်သည်။ သို့သော် မျှော်လင့်ထားသည့်အတိုင်း တော်ဝင်နတ်သမီးမှာ တော်ဝင်နတ်သမီး ဖြစ်နေဆဲပင်။
အင်စလေသည် ဖင်းလီအပေါ် အမြင် ပြောင်းလဲသွားပြန်သည်။ အတိတ်က ဖင်းလီမှာ ချစ်ဖို့ကောင်းကာ ချောမောကြင်နာတတ်သော နတ်သမီးလေးဆိုလျှင် ယခုဖင်းလီမှာ စွမ်းအားများအား ဖုံးဝှက်ထားသော လျှို့ဝှက်ဆန်းကြယ်သည့် နတ်သမီးတစ်ယောက် ဖြစ်သည်။
ကောင်လေးသည် စွမ်းရည်အသုံးပြုသူများနှင့် မြင့်မြတ် အစောင့်အရှောက်များအကြောင်း အများအပြား သိထားခြင်းမှာ အံ့ဩဖွယ် မကောင်းတော့ချေ။
အင်စလေ တံတွေးမျိုချလိုက်သည်။ ဖင်းလီ၏ ဘေးတိုက်မျက်နှာအား ချောင်းကြည့်လိုက်ပြီး ကောင်လေးသည် သူမအတွက် အမှန်တကယ် စိုးရိမ်နေခြင်းဖြစ်ကြောင်း မြင်လိုက်ရသည်။ ဖင်းလီ၏ စစ်မှန်သော စိုးရိမ်ပူပန်မှုများကို ခံစားမိပြီး သူ၏ ခင်မင်မှုမှာလည်း အတုအယောင် မဟုတ်ပေ။
ဒီတော့.. အဲဒီ သွေးဆာတဲ့ အငွေ့အသက်တွေက ငါ့ကို ဦးတည်တာ မဟုတ်ဘူးပေါ့.. လေဒီဘလဲကို ဦးတည်တာပေါ့.. လေဒီဘလဲက နတ်သမီးကို အပြစ်ပြုထားတာလား ဘာလား..
အင်စလေ ထုတ်မမေးနိုင်သော်ငြား လက်ရှိအချိန်တွင် ဖင်းလီ၏ မေးခွန်းအား ပြန်ဖြေရန် ဆုံးဖြတ်လိုက်သည်။
“အင် ဆင်ပြေတယ်.. စိုးရိမ်နဲ့..”
အင်စလေ ဖင်းလီအား တွန်းဖယ်ကာ ရယ်ပြလိုက်သည်။ ကောင်မလေးသည် တင်းမာနေမှုအား လျော့သွားစေရန်အတွက် စကားလမ်းကြောင်းပြောင်းရန် ကြိုးစားလိုက်သည်။
“ဖွင်း.. ထုနက ဘာမေးတာရဲ..”
အင်စလေ၏ အမေးကြောင့် ဖင်းလီ ကိုယ်နေဟန်ထား ပြုပြင်လိုက်ပြီး မေးခွန်းထပ်မေးလိုက်သည်။
“လေဒီဘလဲက အရမ်းအရမ်း ကံကောင်းပြီး ရွှေတွင်းတစ်တွင်း ရှာတွေ့တယ်လို့ ပြောလိုက်တာလား..”
လေဒီဘလဲ၏ နာမည်အား ပြောချိန်တွင် ဖင်းလီ၏ အသံမှာ အေးစက်နေသော်ငြား သတ်ဖြတ်လိုစိတ်အား ဖိနှိပ်ထားလေသည်။ အင်စလေအား ကြောက်ရွံ့သွားစေလိုခြင်း မရှိပေ။
သို့သော် သူကိုယ်တိုင်ပင် မသိလိုက်ဘဲ ကလေးအား ကြောက်ရွံ့သွားစေခဲ့ပြီး ဖြစ်လေသည်။
“အာ.. ဟုတယ်.. အိမ်ကူတွေပြောတာ..”
အင်စလေ ခေါင်းညိတ်လိုက်သည်။ သူမသည် လေဒီဘလဲအား နောက်တစ်ဖန် မနာလိုဖြစ်သွားပြန်သည်။ ဒီလို ကံမျိုး..။ သူမ၏ ကံကောင်းခြင်းစွမ်းရည်ကို အသုံးပြုမည် ဆိုလျှင်ပင် ရွှေတွင်းတစ်တွင်း ရှာတွေ့နိုင်မည်လား။
ဘလဲသည် ရွှေတွင်းရှာတွေ့ရန် မည်သို့လုပ်ခဲ့ကြောင်း အင်စလေ မသိသော်ငြား သူမ၏ ဒေါသများအား ကုတ် - စီ ထံ ပို့လိုက်သည်။ ကလေးသည် စိတ်ရှုပ်ထွေးစွာဖြင့် ကြောင်အား ပွေ့ဖက်ပြီးနောက် အမွေးလေးများအား ပွတ်သပ်နေလေသည်။
“ဟမ်.. ရွှေတွင်းလား..”
ဖင်းလီ၏ မျက်လုံးများ အရော်ငလက်သွားပြီး နှုတ်ခမ်းထောင့်များ မသိမသာ ကွေးတက်သွားသည်။
မိန်းမယုတ်က ရွှေတွင်းပဲ ရှာနိုင်တယ်ပေ့ါ.. ဟက်.. အတိတ်ကနဲ့ မတူဘူးပဲ..
ဖင်းလီ ခပ်ထေ့ထေ့ ပြုံးလိုက်သည်။ သူသည် အရူးမဟုတ်ပါ။ အတိတ်သို့ ပြန်ရောက်လာပြီးနောက် သူ သိထားသမျှ အသိပညာအားလုံး အသုံးပြုကာ အတိတ်ဘဝ၌ ရရှိခဲ့သည့် ကောင်းမွန်သော အရာများအား သိမ်းပိုက်ခဲံသည်။
ထိုမျှနှင့် မလုံလောက်သေးဘဲ လေဒီဘလဲ၏ အနာဂတ်အောင်မြင်မှုအားလည်း သူ၏ကိုယ်ပိုင်အဖြစ် ခိုးယူနိုင်ခဲ့သည်။ ရွှေတွင်းကဲ့သို့သော အဖြစ်အပျက်မျိုး ဖြစ်သည်။ အတိတ်တွင် ယင်းမှာ ရွှေတွင်းထက် များစွာတန်ဖိုးရှိသော မိုင်းတွင်းတစ်ခု ဖြစ်ခဲ့၏။
လေဒီဘလဲသည် စွမ်းအင်ကျောက်တွင်း တစ်ခုအား ရှာတွေ့ခဲ့ခြင်းဖြစ်သည်။ စွမ်းအင်ကျောက်များသည် စွမ်းရည်အသုံးပြုသူများ၏ ကုန်ဆုံးသွားသော စွမ်းအားများအား ပြန်လည်ဖြည့်တင်းရန် အသုံးပြုကြခြင်း ဖြစ်သောကြောင့် အလွန်အမင်း အဖိုးတန်လေသည်။ ကံကောင်းသူအချို့အတွက် စွမ်းရည်အသစ်များ နိုးထစေနိုင်ခြင်းမျိုး ရှိတတ်သည်။
စွမ်းရည်ကျောက် အသုံးပြုပုံအား ရှာဖွေဖော်ထုတ်နိုင်ခြင်း မရှိသေးသော်ငြား အဖြစ်အပျက်တစ်ခုပြီးနောက် လူသိများလာတော့သည်။
စွမ်းအင်ကျောက်တွင်းများအား အစိုးရအပါအဝင် လူတိုင်း မျက်စိကျလာသည်။ သူတို့သည် အခြားကျောက်တွင်းများအား ရှာဖွေရန် ကြိုးစားသော်ငြား အာရီတာမိသားစုသည် ရှာတွေ့ချိန်မှစကာ စွမ်းအင်ကျော်ကများအား လက်ဝါးကြီးအုပ် အပိုင်သိမ်းထားပြီး ဖြစ်သည်။
အာရီတာမိသားစုသည် စွမ်းအင်ကျောက်တွင်းကြောင့် ပိုမိုအင်အားကြီးမားလာခြင်း ဖြစ်သည်။ သူတို့သည် ဝေါ်လ်တာမိသားစု၏ နတ်သမီးပဋိညာဉ်ကိုပင် ပစ်မှတ်ထားရဲလာ၏။
စွမ်းအင်ကျောက်တွင်း ရှာဖွေတွေ့ရှိမှုသည် လူတိုင်းအား ထိတ်လန့်တုန်လှုပ် သွားစေသောကြောင့် အခြားသူများ၏ မျက်လုံးထဲတွင် လေဒီဘလဲ၏ အဆင့်အတန်းမှာ တစ်ဆင့်မြင့်သွားလေသည်။ ထို့ကြောင့်ပင် ဝေါ်လ်တာမိသားစုနှင့် အာရီတာမိသားစုမှာ ရန်ဘက်များ ဖြစ်သော်ငြား စေ့စပ်ကြောင်းလမ်းခဲ့ခြင်း ဖြစ်သည်။
လေဒီဘလဲသည် ဝေါ်လ်တာမိသားစု၏ တစ်ဦးတည်းသော အမွေဆက်ခံသူ၏ ဇနီးလောင်းဖြစ်ရန် လုံလောက်သည့် အဆင့်အတန်း ရှိလေသည်။ သို့သော် ထိုသည်ကပင် ဝေါ်လ်တာမိသားစု ပျက်စီးခြင်းအစ ဖြစ်၏။
ဖင်းလီသည် လေဒီဘလဲအပေါ် ချစ်မြတ်နိုးသောကြောင့် ဘုရင်မတစ်ပါးကဲ့သို့ ဆက်ဆံခဲ့သည်။ သူမလိုသမျှ အရာအားလုံး ဖြည့်ဆည်းပေးခဲ့သည်။ ဖင်းလီမှာ ချစ်မိပြီဆိုလျှင် ချစ်သူအား ပထမနေရာ၌ ထားကာ သည်းသည်းလှုပ် ချစ်မြတ်နိုးတတ်သော လူစားမျိုးဖြစ်သောကြောင့် အချစ်နွံထဲ နစ်မြုပ်သွားသည်နှင့် အရာအားလုံး ပေးဆပ်ကာ ချစ်ပေးမည့်သူပင်။
ယင်းမှာ ရူးနှမ်းခြင်းသာ။
အတိတ်အကြောင်း တွေးမိပြီးနောက် ဖင်းလီ၏ မျက်လုံးများ တဖျက်ဖျက်လင်းလာသည်။ လေဒီဘလဲအပေါ် မချစ်မိခဲ့လျှင် ကောင်းသားဟု တွေးမိသည်။ သူမသည် ထက်မြက်၊ လှပကာ အရည်အချင်းရှိပြီး ကြင်နာတတ်သူတစ်ဦး ဖြစ်သည့်တိုင်အောင် အာရီတာမိသားစုဝင် ဖြစ်နေဆဲ ဖြစ်ကြောင်း မမေ့သင့်ခဲ့ချေ။
သူ့အပေါ် သူမ၏ သစ္စာဖောက်မှုသည် မိသားစု၏ ဖိအားပေးခြင်းကြောင်း ဟုတ်၊ မဟုတ် ဖင်းလီ ဂရုမစိုက်တော့ပါ။ ဘလဲအပေါ် ထားရှိခဲ့ဖူးသော ချစ်ခြင်းမေတ္တာအားလုံး ပျောက်ကွယ်သွားပြီး အမုန်းတရားများသာ ကျန်ရှိတော့သည်။
သူ၏ ချစ်တတ်သော နှလုံးသားမှာလည်း ယခုအခါ အေးစက်သွားပြီ ဖြစ်သည်။ မည်သူ့ကိုမှ ချစ်ခင်အလိုလိုက်လိုစိတ် မရှိတော့ပေ။ သို့သော် အင်စလေဟူသော ကလေးငယ်သည် သူ၏စိတ်အား အတော်လေး ပြောင်းလဲစေနိုင်ခဲ့သည်။
အင်စလေသည်လည်း လေဒီဘလဲအား သဘောမကျကြောင်း သိလိုက်ရပြီးနောက် သူမအား ကူညီရန် အလိုလိုက်ချစ်ခင်ရန် စိတ်မရှိပါတော့ချေ။ အင်စလေ၏ သဘောမကျမှုမှာ မနာလိုမှုကြောင့် ဖြစ်သော်ငြား ဖင်းလီ စိတ်ထဲမထားပေ။
ရန်သူရဲ့ ရန်သူဟာ မိတ်ဆွေပဲ..
ဖင်းလီသည် အင်စလေနှင့် ဘလဲအား နှိုင်းယှဉ်ခဲ့ကြသော အိမ်အကူအချို့ကိုပင် ကျေးဇူးတင်မိသည်။ သူတို့နှစ်ဦး မဆုံတွေ့ခင်မှာပင် အက်ကွဲကြောင်းတစ်ခု ဖြစ်ပေါ်နှင့်ပြီး ဖြစ်လေသည်။
ထို့နောက် အင်စလေအား လေ့ကျင့်ပေးရန် လိုအပ်ပြီး အချိန်ကျလာချိန်တွင် အနိုင်ယူနိုင်စေရမည်။ ဘလဲနှင့် ယှဉ်လာလျှင် အင်စလေ အနိုင်ရရမည်။ အင်စလေမှာ အလားအလာရှိပြီး ထိုသို့ဖြစ်လာရန် သူကိုယ်တိုင် လုပ်မည်ပင်။
ဖင်းလီ၏ မျက်လုံးထဲတွင် အင်စလေ၏ စွမ်းရည်အားလုံး အပြည့်အဝ ဖော်ထုတ်ပြီးပါက ဘလဲ အယောက် တစ်ထောင် ရှိလျှင်ပင် အင်စလေအား အနိုင်ယူနိုင်မည် မဟုတ်ပေ။ ထို့ကြောင့် သူ့အနေဖြင့် တစ်စုံတစ်ခုအား ပြန်လည်ပေးဆပ်ရမည် ဆိုလျှင်ပင် အင်စလေအား ကူညီရန် ဆန္ဒရှိသည်။
ဖင်းလီ၏ နှုတ်ခမ်းများ တွန့်ချိုးသွားသည်။ အင်စလေအား ကြည့်ပြီးနောက် ကုတ် - စီ အား ချောင်းကြည့်လိုက်သည်။ စက္ကန့်အနည်းငယ် ကြာပြီးနောက် ဖင်းလီထံမှ စကားသံ ထွက်လာသည်။
“အင်.. လေးစားဖို့ကောင်းတဲ့ အစောင့်အရှောက်နဲ့ အောင်အောင်မြင်မြင် သံယောဇဉ်ကြိုး ဖွဲ့နိုင်အောင် ငါကူညီပေးရမလား..”
ဖင်းလီ ရုတ်တရက် ကြောင်တောင်တောင်နိုင်သော ကမ်းလှမ်းချက်တစ်ခု ပြုလေသည်။
တကယ်ကော ဖြစ်နိုင်မှာလား..