← Chapters

အခန်း (၄၃၆-၄၃၇)

Vol. 29 Ch. 436-437

အခန်း (၄၃၆-၄၃၇)

Vol. 29 Ch. 436-437

Chapter 436

ပြင်းထန်သောတိုက်ပွဲ ၆

Gemini စွမ်းအင်အမွှာဝတ်စုံများဖြင့် အာမင်နှင့် လိုလိုတို့သည် တောက်ပသော အလင်းရောင်များထွက်နေသည့် ကွင်းဆက်-ချိန်းဓားများကို ကိုင်ဆောင်လျက် တိုးဝင်လာသော နှင်းတစ္ဆေများကြားတွင် လှပစွာ လှုပ်ရှားနေကြသည်၊၊ လျောင်မင်သည် ရှုချင်းနှင့် တာလို့တို့၏ ကြမ်းတမ်းသော အနီးကပ်တိုက်ပွဲတွင် ပူးပေါင်းပါဝင်နေသည်။ ဦးလေးဝူ၏ အမြောက်များနှင့် ရှုကျင်း၏ ပစ်ခတ်မှုသည် ဖျက်ဆီးခြင်းမုန်တိုင်းအလားပင်၊၊ ပြီးနောက် စွမ်းအင်-စုစည်းမှုအမျိုးအစား စွမ်းအားရှင်ဖြစ်သော ရှန်းယောင်သည် ကိုယ်လုံးပြည့် သံချပ်ကာဝတ်စုံဖြင့် စစ်သားများစွာနှင့်အတူ အုပ်စုထဲသို့ တိုးဝင်လာသည်။ သူ၏ ခန္ဓာကိုယ်ထဲသို့ စီးဆင်းလာသော စွမ်းအားကြောင့် သူ၏ အရေပြားသည် မျက်စိကျိန်းဖွယ် လိမ္မော်-အဖြူရောင် အလင်းဖြင့် တောက်ပလာသည်။

နောက်တစ်စက္ကန့်တွင် သူသည် စွမ်းအင်အားလုံးကို လက်သီးတစ်ချက်တည်းဖြင့် ထုတ်လွှတ်လိုက်သည်—ဘန်း

ကြီးမားသော စွမ်းအင်ပေါက်ကွဲမှုတစ်ခုသည် မွန်းစတားအုပ်ကို ဖြတ်၍ ဓားစကြာတစ်ခုအလား ရာနှင့်ချီသောနှင်းတစ္ဆေများကို အမှုန့်ဖြစ်သွားစေသည်၊၊

ဝှစ် ဝှစ် ဝှစ် ဘွန်း ဘွန်း

လင်းရှန် ၏ အနက်ရောင်လှံရှည်သည် သေမင်း၏ လွန်းပျံယာဉ်ကဲ့သို့ ဆီးနှင်းမုန်တိုင်းကို ဖြတ်၍ သူ၏ ယန္တရားအမြောက်မှ တောက်ပသောအလင်းနှင့် ပေါင်းစပ်ပြီး ထူးဆန်းသည့် မွန်စတား- ဒီရေလှိုင်းထဲတွင် ၎င်းတို့၏ အသက်များကို တစ်ကောင်ပြီးတစ်ကောင် ရိတ်သိမ်းနေသည်။

ပြန်လှည့်ရိုက်ချက်ကို သုံးပြီး လင်းရှန်သည် သူ၏ ပျံသန်းနေသော လှံရှည်ပေါ်တွင် ဆင်းသက်လိုက်ပြီး ပေတစ်ဒါဇင်ကျော် အမြင့်မှ ပျံဝဲနေသည်။ စွမ်းအားထိုးတတ်ခြင်းနှင့် သူ၏ AT Field စွမ်းရည်ကို ဖွင့်လိုက်ပြီး နောက်ဘက်မှ ချောင်းမြောင်းတိုက်ခိုက်မှုများကို ပိတ်ဆို့လိုက်သည်။ တစ်ခဏချင်းအတွင်း သူသည် လှည့်ပြီး ယန္တရားအမြောက်ဖြင့် နှင်းမွန်းစတားတစ်ကောင်၏ ဦးခေါင်းခွံကို ပစ်ခတ်လိုက်သည်— သို့သော် ထိမှန်သွားသည်နှင့် ရှောင်ချင်းက ထိုမွန်းစတားကို ဓားချက်တစ်ခုဖြင့် ခေါင်းဖြတ်လိုက်သည်၊၊

လင်းရှန် စွမ်းအင်ကို ထိန်းသိမ်းနေသည်၊၊ အကြောင်းမှာ တင်းကျန်းရီက သူ့ကို သတိပေးခဲ့လေသည်၊၊

ကောင်းကင်ပေါ်မှ… S-Class အဆင့် ဖြစ်နိုင်သော သတ္တဝါ…

သူသည် ကီကီနှင့် မီးတောက်တို့ကို သူတို့၏ ခွန်အားကို ထိန်းသိမ်းရန် ပြောထားပြီး ဖြစ်သည်။ သူ့အတွက်မူ အဆိုးဆုံး အခြေအနေ ဖြစ်လာခဲ့လျှင် ဆွဲငင်အားမှန်ဘီလူးကို ထုတ်သုံးရမည့် အချိန်အတွက် စွမ်းအားအသင့်ရှိနေရန် လိုအပ်လေသည်။

ဝုန်း ဝုန်း အုန်း

ကောင်းကင်အထက်တွင် အနောက်ဘက်မြို့ မှ ဝေဟင်စစ်ကူတပ်ခွဲများသည် ဖန်းလန်တောင်ကို ဖြတ်ကျော်နေသော မွန်းစတားများအပေါ်သို့ ပြင်းထန်သော ဗုံးကြဲတိုက်ခိုက်မှုများဖြင့် တိုက်ခိုက်ခဲ့သည်၊၊

အုန်း အုန်း

အဝေးရှိ မြို့ပြင်တွင် thermobaric အပူရှိန်မြင့်ဗုံးများသည် ကောင်းကင်ကိုပင် ဆုတ်ဖြဲသွားမည့်အလား ထင်ရသော ထိတ်လန့်တုန်လှုပ်ဖွယ် လှိုင်းလုံးများကို ထုတ်လွှတ်လိုက်သည်—နားစည်များမှ သွေးထွက်လာသည်အထိ နားကွဲလုမတတ် ထစ်ချုန်းသံများ…

မြို့တွင်း၌ မြေပြင်သည် လုံးဝ ရပ်တန့်ခြင်းမရှိဘဲ တုန်ခါနေသည်။ ထိုတွင်းနက်ပိုးကောင်က လှုပ်ရှားနေသည်။ မြင့်မားသော အဆောက်အအုံ အများအပြားသည် လုံးဝ ပြိုကျသွားသည်။ မြို့တစ်ခုလုံးသည် ပေါက်ကွဲမှုများနှင့် အဆက်မပြတ် အရေးပေါ်ဥဩဆွဲသံများဖြင့် ဖုံးလွှမ်းနေသည်။

လင်းရှန်သည် သူ၏ လှံရှည်ကို ကိုင်လျက် ရုံးအဆောက်အအုံတစ်ခုသို့ သွားလိုက်သည်။ သူသည် နောက်ဘက်မှ တက်လာရန် ကြိုးစားနေသော နှင်းတစ္ဆေအစုအဝေးများကို ပစ်ချလိုက်ပြီးနောက် မြို့ ကို ကြည့်ရန် လှည့်လိုက်သည်—အမှောင်ထုက ဖုံးလွှမ်းနေဆဲ ဖြစ်သော်လည်း သေနတ်များ၊ အမြောက်များ၏ ပစ်ခတ်မှုများမှ မီးပွင့်များဖြင့် လင်းထိန်နေသည်၊၊

သူ၏ ရင်ထဲ မွန်းကျပ်နေသည်၊၊

ဒီည လူဘယ်နှစ်ယောက်လောက် ထပ်ပြီး သေရဦးမှာလဲ… သူသည် ရှေ့တန်းနှင့် တင်းကျန်းရီအတွက် စိုးရိမ်နေချိန်တွင် ပိုမိုနက်ရှိုင်းသော စိုးရိမ်မှုတစ်ခုက သူ့ကို စိတ်မသက်မသာဖြစ်နေစေသည်- မြို့သည် မိုးလင်းပြီး လူများ ရွှေ့ပြောင်းနိုင်သည်အထိ ဆက်လက်တည်ရှိနိုင်ပါ့မလား။

ဝူး—

ထိုအချိန်တွင် ရှောင်ဟယ်၏ ဦးဆောင်မှုဖြင့် သုတေသနယာဉ်တန်းသည် မြို့၏ ပတ်ပတ်လည် အဝေးပြေးလမ်းမများတွင် ပြေးလွှားနေသည်။ ပထမဆုံး ပိုးကောင်တိုက်ခိုက်မှုမှ လွတ်မြောက် ပြီးနောက် တုန်ခါမှုများသည် အနည်းငယ် တည်ငြိမ် သွားခဲ့သည်။ ပိုကြီးမားသော နှင်းတစ္ဆေအုပ်များ၏ တိုက်ခိုက်မှုကို ရှောင်ရှားရန် ရှောင်ဟယ်သည် အဖွဲ့ကို အဓိကစခန်းများနှင့် ဝေးရာသို့ ခေါ်ဆောင်သွားပြီး အဝေးပြေးလမ်းကြောင်းများကို ဆက်လက် အသုံးပြုနေသည်။

ကျင်းထျန် ဦးဆောင်သော ဝမ်ကျိုး၏ ညလမ်းလျှောက်သူများက ကာကွယ်ပေးထားသော ယာဉ်တန်းတွင် ယာဉ်တစ်ဒါဇင်ကျော်သာ ကျန်ရှိတော့သည်။ အတွင်း၌ သိပ္ပံပညာရှင် ဒါဇင်ပေါင်းများစွာ သည် လုံခြုံသောကြိမ်နှုန်းဖြင့် တီးတိုးပြောဆိုကာ ဖြေရှင်းနည်းများကို စဉ်းစားနေကြသည်။

ဦးဆောင် စမ်းသပ်ယာဉ်အတွင်း၌ ဝေ့ကီရှု၊ ယုဟန်နှင့် အခြားသူများသည် တင်းကျန်းရီ၏ အခြေအနေကို အာရုံစိုက်နေကြသည်။

အစောပိုင်းက တင်းကျန်းရီထံမှ ထွက်ပေါ်လာသော ထူးဆန်းသောအော်ရာသည် လူတိုင်းကို ထိတ်လန့်စေခဲ့သည်။ ထို့နောက် ရုတ်တရက် သူမ လဲကျသွားသည်နှင့်— သွေးကပ်ဘေးပန်း၏ အနီရောင်အလင်းသည်လည်း ပျောက်ကွယ်သွားသည်။

ဒါက လူတိုင်းကို ရှုပ်ထွေးမှုထဲသို့ ကျရောက်သွားစေသည်၊၊ သူမ၏ နှလုံးသာ အနည်းငယ်မျှ လှုပ်ရှားခြင်းမရှိခဲ့ပါက သူမ သေဆုံးသွားပြီဟု ထင်ကြလိမ့်မည်။

“ငါတို့ ဆေးအဖွဲ့ ကို အကြောင်းကြားပြီးပြီ… ဒါပေမဲ့ ယာဉ်ကို ရပ်တန့်လို့မရဘူး—အခု ဘာလုပ်ကြမလဲ”

ယုဟန် စိုးရိမ်တကြီး မေးသည်။

“အဖွဲ့ခေါင်းဆောင်ယု… ပါမောက္ခတင်းရဲ့ အခြေအနေဘယ်လိုလဲ” ရှောင်ဟယ်၏ အသံသည် ဆက်သွယ်ရေးစနစ်မှတစ်ဆင့် ရောက်လာသည်။

“အခုချိန်ထိတော့ တည်ငြိမ်နေတယ်… ဒါပေမဲ့ ဘာဖြစ်ခဲ့တယ်ဆိုတာ ငါတို့လည်း မပြောတတ်တော့ဘူး…. ဆေးအဖွဲ့က သူမကို သေသေချာချာစစ်ဆေးနိုင်ဖို့အတွက် လုံခြုံတဲ့နေရာကို အမြန်ဆုံးရှာဖို့ လိုတယ်”

ရှောင်ဟယ် မျက်မှောင်ကြုတ်ပြီး ငလျင်ဖတ်စက်ကို ကြည့်သည်။ “တုန်ခါမှုတွေ ငြိမ်နေတယ်။ ပိုးကောင်က အခြားတစ်နေရာ ကို ရွေ့သွားတာ ဖြစ်နိုင်တယ်။ လုံခြုံတဲ့နေရာကို အမြန်ဆုံးရှာဖို့အတွက် ဝေဟင်ယူနစ်တွေကို ရှေ့ကို ကင်းထောက်ခိုင်းလိုက်မယ်”

“ကောင်းပြီ… အမြန်လေး”

ဓာတ်ခွဲခန်းယာဉ် အတွင်း၌—

“ခဗျား သတိထားမိလား” ဝေ့ကီရှုသည် သွေးကပ်ဘေးပန်းကို ကြည့်ရင်း ပြောသည်။

“A-Class တွင်းနက်ပိုးကောင်—ဒါက သူ့ရဲ့ ဒုတိယ တိုက်ခိုက်မှုပဲ… ဒါပေမဲ့ ကျွန်တော်တို့ထဲက ဘယ်သူမှ မှတ်သားခံရခြင်း မရှိဘူး”

“မင်း ပြောချင်တာက ဘာလဲ” ယုဟန်က မေးသည်။

“ပိုပြီး အဆင့်မြင့်တဲ့ အမိန့်လား”

ဝေ့ကီရှုက တင်းကျန်းရီဘက်သို့ လှည့်ကြည့်သည်။ သူ့မျက်နှာထားက ရှုပ်ထွေးနေသည်။

“သူမ မှန်နေရင်ရော… ဒီသတ္တဝါက ကျွန်တော်တို့ရဲ့ သုတေသနကို ရပ်တန့်ဖို့ ကြိုးစားနေတယ်ဆိုရင်ရော”

“ဒါက အရမ်း အလွန်အကျွံတွေးနေတာလို့ မင်း မပြောခဲ့ဘူးလား”

ဝေ့ကီရှုက ခေါင်းညိတ်လိုက်သည်၊၊

“အဲ့တာက မှန်တယ်… ကျွန်တော်တို့နဲ့ ပါမောက္ခတင်းက နှစ်ဦးစလုံး မသိသေးတဲ့ တခြားအရာ တစ်ခုခုမရှိခဲ့ရင်ပေါ့… ကျွန်တော်တို့ ဒီမှာပဲ ထိုင်နေလို့ မရဘူး။ အဲဒီပိုးကောင်ဟာ အချိန်မရွေး ထပ်ပြီး တိုက်ခိုက်နိုင်တယ်။ ပြီးတော့ မြို့အနှံ့မှာ လူတွေ သေဆုံးနေကြတယ်။ ကျွန်တော်တို့ တစ်ခုခုလုပ်ဖို့ လိုတယ်”

ယုဟန် မျက်မှောင်ကြုတ်လိုက်သည်။ “ငါတို့ရဲ့ သုတေသနက အမှောင်သတ္တဝါတွေ ရဲ့ အပြုအမူပုံစံတွေ အကြောင်းပဲလေ… ငါတို့ အဖြေတွေ ရှာတွေ့ခဲ့ရင်တောင် ဒီညရဲ့ ရလဒ်ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး”

“မဟုတ်ဘူး”

ဝေ့ကီရှု၏ ပုံမှန်အသိစိတ်သည် စွဲလမ်းခြင်းလှိုင်းလုံးတစ်ခုဖြင့် လွှမ်းမိုး သွားပုံရသည်။

“ဘာလို့ ဓာတ်ခွဲခန်း ကို တိုက်ခိုက်ခံရတာလဲ… ဘာလို့ သေပြီလို့ ယူဆရတဲ့ ပိုးကောင်ကို စီလန်မြို့ အပြင်ဘက်မှာ လာထားရတာလဲ… ဘာလို့ ကျွန်တော်တို့ရဲ့ ဝေဟင်ကင်းလှည့်တပ်ဖွဲ့က မှတ်သားခံရတာလဲ… အဲဒါတွေ အားလုံးရဲ့ နောက်ကွယ်မှာ အကြောင်းရင်းတစ်ခု ရှိကိုရှိရမယ်… ကျွန်တော်တို့ရဲ့ သုတေသနနဲ့ ဆက်စပ်နေတယ်ဆိုရင်… အဲဒါက ဒီဆီးနှင်းမုန်တိုင်းထဲမှာ ပုန်းအောင်းနေတဲ့ တခြားတစ်ခုခု ရှိနေတယ်လို့ အဓိပ္ပာယ်ရပြီး အဲဒါက မြို့တော်ကို ဆက်ပြီး ရှင်သန်နိုင်ခြင်း ရှိ-မရှိ ဆုံးဖြတ်ပေးနိုင်တယ် မဟုတ်လား”

ယုဟန် ကြက်သေသေသွားသည်။ သိပ္ပံပညာရှင်တစ်ဦးအနေဖြင့် ဆင်ခြင်တုံတရားဖြင့် အမြဲစဉ်းစားခဲ့ရသည်၊၊ သို့သော် ဝေ့ကီရှု၏ စကားများသည် သူ၏ စိတ်ထဲတွင် ကြာရှည်စွာ စွဲမြဲနေသော သံသယများ အားလုံးကို လှုံ့ဆော်ပေးလိုက်သည်။

သူ၏ အကြည့်သည် ပြောင်းလဲသွားသည်။

“...ဒါဆို ငါတို့ ဘာလုပ်ကြမလဲ”

“ကျွန်တော်တို့မှာ နောက်ဆုံးလမ်းကြောင်းတစ်ခုပဲ ရှိတော့တယ်လို့ ကျွန်တော် ထင်တယ်” ဝေ့ကီရှုက ပြောသည်။

“ဒါရိုက်တာကျိုးပြောတာ မှန်ခဲ့တယ်—ရန်သူက ပိုပြီး ဝင်စွက်ဖက်လေ… ကျွန်တော်တို့ မှန်ကန်ကြောင်း ပိုသိလေပဲ… ကျွန်တော်တို့ အမှောင်အမှတ်သားကို အောင်မြင်စွာ ဖမ်းယူနိုင်ခဲ့ရင် အရာအားလုံးကို ဖော်ထုတ်နိုင်လိမ့်မယ်”

“အာ့လိုဆို မင်းက ဘယ်လိုလုပ်မှာလဲ ပြော”

ယုဟန် ဒေါသတကြီး အော်လိုက်သည်။

“A-Class ပိုးကောင်က အမှတ်အသား မချန်ခဲ့ဘူးလို့ မင်းကိုယ်တိုင်ပြောခဲ့တယ် မဟုတ်လား။ ဒါဆို ငါတို့က ဘယ်လိုလုပ်—”

“ဒါဆိုရင် ကျွန်တော်တို့ ကောင်းကင်ကို သွားကြမယ်” ဝေ့ကီရှု၏ တစ်ကိုယ်လုံး တုန်ယင်နေပြီး သူ၏ မျက်လုံးများက ရူးသွပ်စွာ တောက်ပနေသည်။

“ကောင်းကင်မှာရှိတဲ့ S-Class သတ္တဝါတစ်ကောင်ကပဲ အမှတ်အသားကို ထုတ်လွှတ်တာဆိုရင်… ဒါက ကျွန်တော်တို့ရဲ့ လေ့လာရေးပစ်မှတ်ပဲ”

Chapter 437

ပျံသန်းနေသောလေယာဥ်နှစ်စီး ၁

ညသည် အမှောင်ကန့်လန်ကာတစ်ခုကဲ့သို့ ကျဆင်းလာခဲ့ကာ ကောင်းကင်တစ်ခွင်တွင် မိုးခြိမ်းသံများ ဆူညံလျက်ရှိသည်။

စီလန်မြို့ထဲ၌ ပြင်းထန်သော တိုက်ပွဲမှာ ပို၍ မြင့်တတ်လာခဲ့၏။ မြို့တွင်းနှင့် မြို့ပြင်တို့သည် လုံးဝ ကသောင်းကနင်းဖြစ်နေသည်။ နှင်းတစ္ဆေများဖြတ်သွားသော လမ်းများတွင် ပျက်စီးနေသည့်ယာဉ်တန်းများ၊ မီးလောင်နေသည့် ယာဉ်များ၊ အေးခဲသောလေကြောင့် ခဲသွားသည့် သွေးများ၊ နှင်းတစ္ဆေနှင့် နှင်းမွန်းစတားအလောင်းပုံကြီးများ ပြန့်ကျဲနေသည်။ အတောင်ပံပါသော သတ္တဝါဆိုးများသည် အမှောင်ကျနေသော လမ်းသွယ်များနှင့် အထပ်မြင့် အဆောက်အအုံများမှ တွဲလောင်းကျနေကြသည်။ ထူးဆန်းသည့် သတ္တဝါများသည် ကြီးမားသည့် မြေကျင်းပေါက်များမှ မရပ်မနား တွားထွက်လာကြကာ ၎င်းတို့၏ ချွန်ထက်သော ခြေလက်များဖြင့် အဆောက်အအုံများနှင့် ယာဉ်များကို တက်ရောက်နေကြသည်။

ဒုန်း ဒုန်း

မြို့၏ မြောက်ဘက်နှင့် အရှေ့ဘက်တို့၌ တောက်ပစူးရှသော ပေါက်ကွဲသံများက မိုးကောင်းကင်ကို လင်းထိန်စေပြီး အသံလှိုင်းများက မြို့အနှံ့ လှုပ်ခတ်သွားသည်။

လျှပ်စစ်သံလိုက်အမြောက်များမှ အလင်းတန်းများသည် အရပ်မျက်နှာတိုင်းမှ မိုးကောင်းကင်ဆီသို့ ပစ်ခတ်လျက်ရှိသည်။ 1130 CIWS အော်တိုစက်အမြောက်များမှ ခြေရာခံကျည်ဆန်များသည် လိမ္မော်ရောင် အလင်းတန်းများဖြင့် ကောင်းကင်ကို ဖြတ်သန်းနေသည်၊၊

မြို့တွင်း၌ Arctic Wind မဟာမိတ်အဖွဲ့မှ လက်နက်ကြီးများသည် အရှေ့ဘက် ဥယျာဉ်၊ မြို့တော်ပလာဇာနှင့် အဖြူရောင်ငှက်မွှေး မြစ်ကမ်းတစ်လျှောက်ကို တင်းတင်းကျပ်ကျပ် ပိတ်ဆို့ထားသည်။ ဟန်ကျွမ့်၏ ကွပ်ကဲမှုအောက်တွင် ယာဉ်တန်းများသည် ခိုင်မာသော ခံစစ်ဖွဲ့စည်းမှုများကို ပြုလုပ်ထားလေသည်။ အလွှာလိုက် ပစ်ခတ်အားနှင့် အဝေးပစ် စွမ်းအားရှင်များ၊ ဆင့်ကဲပြောင်းလဲသူများ ပေါင်းစပ်ထားသော တပ်ဖွဲ့တို့သည် ခံစစ်စည်းကို ထိန်းထားပြီး အခြေအနေမှာ ခက်ခဲနေခဲ့သည်။

တောင်ဘက်တွင် ဗဟိုလမ်းမတစ်ဝိုက်၌ ယာဉ်တန်းအများစု စုဝေးနေသည့် နေရာတွင် တွင်းနက်ပိုးကောင်များ၏ ရုတ်တရက် တိုက်ခိုက်မှုကြောင့် အထိအခိုက် များပြားခဲ့သည်။ ကျိုးယုသည် အကာကွယ်ပေးရန် လေကြောင်းယူနစ်ကို ဖြန့်ကျက်ဖို့ အတင်းအကျပ် တွန်းအားပေးခံခဲ့ရသည်။ စကြဝဠာယာဥ်တန်း၊ စစ်သည်တော် ယာဉ်တန်းနှင့် ချန်ရှောင် ဦးဆောင်သော အလင်းမဟာမိတ်တို့၏ အကူအညီဖြင့် ကစဥ့်ကလျားဖြစ်နေသော အခြေအနေကို ယာယီထိန်းထားနိုင်ခဲ့သော်လည်း ဆုံးရှုံးမှုများမှာ ဆက်၍တိုးလာနေသည်။

မြို့၏ အရှေ့ဘက်ကောင်းကင်အထက်တွင် တန်ချိန် ၃၀၀၀၀ အလေးချိန်ရှိသော ဒရက်နော့တ်အမျိုးအစား လေသင်္ဘောသည် မိုးကောင်းကင်ထက်တွင် အမြင့်ပေ အနိမ့်ဖြင့် ရပ်နားလျက်ရှိသည်။ Lightning -2 လေကြောင်းတိုက်လေယာဉ်များသည် မောင်းသူမဲ့လေယာဉ် အစုအဝေးများနှင့် ကင်းထောက်ယူနစ်များကို ဦးဆောင်ကာ မိုးတိမ်များထဲမှ တရစပ် အုပ်စုဖွဲ့ စီးဆင်းလာခဲ့ပြီး ကြီးမားသော လေကြောင်းတိုက်ခိုက်မှုကို ပြုလုပ်ခဲ့သည်။ ကောင်းကင်သည် ပေါက်ကွဲသံများနှင့် လျှပ်စီးတန်းများဖြင့် ပြည့်နှက်နေသည်။ သေခြင်းတရား၏ အငွေ့အသက်များ ပျံ့နှံ့လာသည်နှင့်အမျှ စိတ်ပိုင်းဆိုင်ရာ အားနည်းသူများသည် အမှောင်ကျူးကျော်မှု၏ ဖိအားအောက်တွင် သန္ဓေပြောင်းလာကြသည်။

တစ်ချိန်တည်းတွင် လင်းရှန်တို့ဘက်မှ ပထမဆုံးသော နှင်းပြိုကျမှုလှိုင်းကို တုံ့ပြန်ပြီးကာစဖြစ်သည်။ ရထားယာဥ်တန်းနှင့် မဟာမိတ်ယာဉ်တန်းများသည် ခဏတာမျှ အနားယူနိုင်ခဲ့သော်လည်း ၎င်းတို့ဘက်၌ ယာဉ်အနည်းငယ်သာ ရှိသည်၊၊ ဖန်းလန်တောင်မှ မွန်းစတားများကလည်း အဆက်မပြတ် စီးဆင်းလာနေသဖြင့် ဖိအားမှာ မလျော့သွားသေးပေ၊၊

“လင်းရှန်…. မိုင်းတွင်းထဲကနေ အုပ်စုကြီးတစ်ခု ထွက်လာနေပြီ” ကီကီသည် အထက်မှ ဆင်းသက်လာခဲ့ပြီး သူမ၏ မျက်နှာတွင် စိုးရိမ်မှုများ ပြည့်နှက်နေသည်။

“အများကြီးပဲ…. အားလုံးက ကျွန်မတို့ဆီကို တန်းတန်းမတ်မတ် လာနေကြတယ်”

“နောက်ထပ် တိုက်ပွဲအတွက် ပြင်ဆင်ကြ …အားလုံး ယာဉ်တန်းထဲကို ဆုတ်ခွာ—ရထားကို ကာဗာယူကြ… Arc+ ကြိမ်နှုန်းမြှင့်စက်တွေ အသင့်ပြင်ထား”

လင်းရှန်သည် ဆက်သွယ်ရေးစနစ်ထဲသို့ တုံ့ဆိုင်းမှုမရှိဘဲ အော်ဟစ်လိုက်သည်။

တစ်လှိုင်းပြီး တစ်လှိုင်းရောက်လာသော မွန်းစတားများနှင့် အပြင်းအထန်တိုက်ပွဲဝင်ပြီးနောက် အမြောက်များ၊ လက်နက်ကြီးများနှင့် စက်သေနတ်များ၏ ပြောင်းများသည် နီရဲလာခဲ့သည်။ ပစ်အားကို အလှည့်ကျအသုံးပြုရမည့် အချိန်ရောက်လေပြီ… ကျန်သည့် တာဝန်က စွမ်းအားရှင်များ၊ ဆင့်ကဲပြောင်းလဲသူများနှင့် ခြေလျင်တပ်များ၏ လက်နက်များအပေါ်တွင် မူတည်နေသည်။

ဝေါ...

မွန်းစတားများ ပိုမိုများပြားလာပြီး သတ္တုတွင်းနယ်မြေတစ်ခုလုံးကို လွှမ်းမိုးလာသည်။ အဝေးမှကြည့်လျှင် ဖန်းလန်တောင်၏ တောင်စောင်းများသည် ရေတံခွန်ကဲ့သို့ ဖြစ်နေသည်—နီးကပ်စွာကြည့်မှသာ တရကြမ်း ပြေးဆင်းလာသည့် မွန်းစတားများ၏ သိပ်သည်းသော စီးဆင်းမှုကို မြင်တွေ့နိုင်သည်။

ကောင်းကင်… တောင်ပေါ်… မြေအောက်မိုင်းတွင်းများမှ ဤသတ္တဝါများသည် နှင်းမုန်တိုင်းအတွင်းက တိုက်ပွဲထက်ပင် ပို၍ ရူးသွပ်နေကြသည်။

၎င်းတို၏ အုပ်စုလိုက် တွားသွားလာသံများသည် လူတစ်ဦး၏ ဦးရေပြားကို ထုံကျဉ်သွားစေလောက်အောင် ကျယ်လောင်သော မြည်ဟီးသံအဖြစ်သို့ ရောက်ရှိလာခဲ့သည်။

ဘစ်ဇ်—

နဂါးတောင် ၁ ပေါ်တွင် အားဖေး၏ လေဆာရောင်ခြည်တန်းသည် မွန်းစတားအစုအဝေးတစ်ခုလုံးကို ဖြတ်တိုက်သွားကာ ချက်ချင်းပင် လှီးဖြတ်လိုက်သည်။ အဖွဲ့၏ ရှားပါးသော ဧရိယာအဆင့် စွမ်းအားရှင်များထဲမှ တစ်ဦးဖြစ်သည့်အတွက် သူ့ကို ရှောင်ချင်း၊ နန်ကျင်းနှင့် အခြားသူများ အဆက်မပြတ် ဝန်းရံကာ ကာကွယ်ထားကြသည်၊၊ သို့သော် မွန်းစတားဒီရေလှိုင်း—အထူးသဖြင့် လေထဲမှ အတောင်ပံပါသော သားရဲတို့သည်—အမိန့်တစ်ခုရထားသကဲ့သို့ အားဖေးကိုသာ ပစ်မှတ်ထား တိုက်ခိုက်နေကြပုံရသည်။

ကီကီနှင့် မီးတောက်တို့သည်လည်း အလားတူ ပစ်မှတ်ထားခံနေရသည်—တစ်ဦးက လေထဲ၌၊ တစ်ဦးက မြေအောက်၌—ဖိအားကြီးမားသော မွန်းစတားလှိုင်းများ၏ တိုက်ခိုက်ခြင်းကို အဆက်မပြတ် ခံနေကြရသည်။

လုရှင်းချန်၏ မီးတောက်များအောက်တွင် ရုပ်ဆိုးပန်းဆိုး နှင်းတစ္ဆေနှင့် နှင်းမွန်းစတားတို့သည် ဟင်းလင်းပွင့်နေသော ပါးစပ်များ၊ ချွန်ထက်သော ခြေလက်များနှင့် အစိမ်းရောင်သွေးများကို ပန်းထုတ်ကာ သူ့ထံသို့ ခုန်အုပ်လာကြသည်။

“သတ်ဖြတ်လေ… ငါ့စွမ်းအားက ပိုကောင်းလေပဲကွ—မင်းတို့ ငါ့ကို အနိုင်ယူဖို့ စိတ်တောင်မကူးနဲ့”

မီးတောက်က တိုက်ပွဲဆာလောင်နေဟန်ဖြင့် သူ့၏ အော်ရာသည် ချက်ချင်းထိုးတတ်လာသည်၊၊

“လာစမ်း… မီးလက်သီးကွ”

ဝုန်း

အလွန်ကြီးမားသော မီးတောက်လက်သီးက ရှေ့သို့ ပေါက်ကွဲထွက်သွားရာ ပူပြင်းသော လှိုင်းလုံးတစ်ခုက မီးလောင်ထားသော လမ်းကြောင်းတစ်ခုကို ဖန်တီးခဲ့ပြီး နှင်းများကို—မွန်းစတားများနှင့်အတူ—အရည်ပျော်စေခဲ့သည်။

“ခံစစ်ကို ထိန်းထားကြ”

ရှီတိယွမ်သည် မွန်းစတားဒီရေထဲမှ ကျားတစ်ကောင်ကဲ့သို့ ထိုးထွက်လာကာ သြရှသောအသံဖြင့် အော်ဟစ်လိုက်သည်။

“ကျည်ဆံတွေ အခုပဲ”

“လာနေပြီ”

ဆူနာမီကဲ့သို့ မြည်ဟည်းသံနှင့်အတူ မွန်းစတားအစုအဝေးသည် အရပ်မျက်နှာတိုင်းမှ ကုန်စည်ပို့ဆောင်ရေး ဂိတ်ဆီသို့ တရကြမ်း တိုးဝင်လာသည်။ ထိုအချိန်၌ အနီးကပ်တိုက်ခိုက်သူ အားလုံး ဆုတ်ခွာလိုက်ကြသည်။ နဂါးတောင် ၁ ပေါ်ရှိ Arc+ ကြိမ်နှုန်းမြှင့်စက်များနှင့် အနန္တရထား၏ သံချပ်ကာများသည် စွမ်းအားများ စုဆောင်းလာကြသည်။

ဘစ်ဇ်

ရထား၏ ဘေးဘက် သံချပ်ကာပေါ်တွင် မျက်စိကျိန်းစက်ဖွယ် အဖြူရောင် ပလာစမာမီးပွားများပေါက်ကွဲလာခဲ့သည်။

လျှပ်စစ်အားမြင့် ထုတ်လွှင့်နယ်ပယ်တစ်ခုသည် လေကို ဆုတ်ဖြဲသွားသကဲ့သို့ ထိုးဖောက်သည့် အက်ကွဲသံကို ထုတ်လွှတ်လိုက်ပြီး ဘေးနှစ်ဖက်၌ စုပုံနေသော နှင်းတစ္ဆေများကို ချက်ချင်းပင် မီးလောင်ထားသည့် အပိုင်းအစများအဖြစ် ကင်ပစ်လိုက်ရာ မီးခိုးငွေ့ ထွက်နေသည့် အသားများ မိုးရွာသကဲ့သို့ ရွာချလာခဲ့သည်။

“လင်းရှန်… နောက်ဘက်မှာလည်း လှုပ်ရှားမှု ရှိတယ်”

ချန်ဆီရွှမ်၏ အသံက ဆက်သွယ်ရေးစနစ်မှတစ်ဆင့် ထွက်ပေါ်လာသည်။ လင်းရှန် လှည့်ကြည့်လိုက်ရာ မြို့ထဲမှ အမည်းရောင် ပုံရိပ်အစုအဝေးတစ်စု ချဉ်းကပ်လာသည်ကို မြင်လိုက်ရသည်။ မြေပြင်သည် ၎င်းတို့၏ ခြေလှမ်းများအောက်၌ တုန်ခါနေသည်။

“မကြောက်ကြနဲ့…. ငါတို့ ထိန်းထားနိုင်တယ်”

သူသည် ယာဉ်တန်း၏ အကာကွယ်လိုင်းအတွင်းသို့ အော်ဟစ်လိုက်သည်—“ခံစစ်ကို သိပ်သည်းအောင်လုပ်ကြ… လက်နက်တွေနဲ့ လှည့်ပတ်ပစ်ခတ်ထား… အနီးကပ်တိုက်ခိုက်သူတွေက ယာဉ်တန်းထဲမှာပဲ ဒါမှမဟုတ် အဆောက်အအုံတွေရဲ့ အမိုးတွေပေါ်မှာပဲ လှုပ်ရှားပါ… အပြင် မထွက်ရဘူး”

“နားလည်ပြီ”

“အမိန့်အတိုင်းပါ”

ဒက် ဒက် ဒက်

အဝေးပြေးယာဉ်တန်း စစ်ယာဉ်တစ်စီးမှ လီယီသည် အစုအဝေးထဲသို့ စက်သေနတ်ကို ရမ်းပြီး ပစ်ခတ်ရင်း ဆက်သွယ်ရေးစနစ်ထဲသို့ အော်ဟစ်လိုက်သည်–

“လျန်… ကပ္ပတိန်လင်း ပြောတဲ့အတိုင်း လုပ်… နင့် ဖင်ကို ဒီဘက်ပြန်ရွေ့”

“လုပ်နေပြီ”

ကလန် ကလန် ကလန်

မွန်းစတားများ ဝန်းရံထားသော လျန်လေး၏ ခန္ဓာကိုယ်သည် မီးပွားများ လွင့်စင်နေသည်၊၊ လက်သည်းများနှင့် ဆူးချွန်များက သူ၏ သံချပ်ကာပေါ်ကို ထိမှန်နေသည်။ ဒေါသတကြီး အော်ဟစ်ရင်း သူသည် အချို့ကို ဖောက်ခွဲပစ်လိုက်ပြီး ဖရိုဖရဲတိုက်ပွဲအတွင်းတစ်ဆင့် ပြန်ပြေးဝင်လာခဲ့သည်။ တစ်ချိန်တည်းမှာပင် လော့ယန်၏ အာရုံစူးစိုက်ထားသော ရောင်ခြည်တန်း၊ ချန်ဆီရွှမ်၏ Meteor-3 စနိုက်ပါကျည်ဆန်နှင့် လုချန်၏ တရွှစ်ရွှစ်မြည်နေသော ဓားသွားများ… အားလုံး တစ်ပြိုင်နက် လှုပ်ရှားသွားရာ သူ့နောက်သို့ လိုက်နေသော နှင်းမွန်းစတားများသည် အမှုန့်ဖြစ်သွားသည်။ အဆောက်အအုံတစ်ခုမှ တာလို့၏ ကြီးမားသော လက်တစ်ဖက် —ဆန့်တန်းလာပြီး လျန်လေးကို ရထားအမိုးပေါ်သို့ ဆွဲတင်လိုက်သည်။

All Chapters