အခန်း (၄၃၈-၄၃၉)
Vol. 29 Ch. 438-439
Chapter 438
ပျံသန်းနေသောလေယာဥ်နှစ်စီး ၂
ဘစ်ဇ်
ထိုအချိန်၌ ရထား၏ ဘေးဘက် သံချပ်ကာသည် ထပ်မံ၍ မီးပွားများဖြစ်ပေါ်လာပြီး လိုက်လံတိုက်ခိုက်နေသော မွန်းစတားများကို မီးကျွမ်းသွားကာ အစိတ်စိတ်အမြွှာမြွှာ ပြိုကွဲသွားစေခဲ့သည်။
“တစ်ယောက်ယောက် ဒဏ်ရာရနေတယ်”
ကီကီသည် တုန်ခါလှိုင်းကို ထုတ်လွှတ်လိုက်ပြီးနောက် လီကွမ်းဝမ်နှင့် လျောင်မင်တို့ကို မွန်းစတားအုပ်ထဲမှ အချိန်မီ ဆွဲထုတ်လိုက်ကာ သူမ၏ စိတ်စွမ်းအားကို အသုံးပြု၍ ရထားဆီသို့ ပြန်ပစ်လိုက်သည်။
ရှောင်ယွမ်နှင့် သူမ၏ အဖွဲ့သည် ကာဗာပေး၍ပစ်နေပြီး ၎င်းတို့ကို ဖမ်းရန် အလျင်အမြန် ပြေးလာကြသည်။
၎င်းတို့၏ ပြင်းထန်သော ဒဏ်ရာများနှင့် သွေးများ ပန်းထွက်နေသည်ကို မြင်သောအခါ ရှောင်ယွမ်သည် ချက်ချင်း အော်ဟစ်လိုက်သည်– “မြန်မြန်… ဆေးကုသခန်းထဲကို သွားကြမယ်”
“ပစ်အားကို ထပ်တိုးကြ”
ဝီ...
1130 CIWS စက်အမြောက်နှစ်လက်သည် တစ်ဖန် အော်ဟစ်လာပြီး ၎င်းတို့၏ ကြမ်းတမ်းသော သတ္တုစီးကြောင်းက လက်ဝဲဘက်မှ မွန်းစတားအစုအဝေးကို စက္ကန့်ပိုင်းအတွင်း ဖျက်ဆီးပစ်လိုက်ရာ လူတိုင်းကို ခေတ္တမျှ အသက်ရှူရန် အခိုက်အတန့်လေး ရရှိစေခဲ့သည်။
“အကာကွယ်လိုင်းကို အခိုင်အမာထိန်းထား”
“ကီကီ၊ မီးတောက် အခုပဲ”
“လုပ်နေပြီ”
“ငါအလှည့်ပဲ… ခွေးxxxတွေ”
ဒုန်း ဒုန်း ဒုန်း ဒုန်း
ကီလိုမီတာပေါင်းများစွာ ကျယ်ဝန်းသော ကုန်တင်ရထားဘူတာရုံတစ်ခုလုံးသည် စစ်မြေပြင် ဖြစ်သွားခဲ့သည်။ မြေပြင်သည် မီးလောင်နေသည်။ အဆောက်အအုံများ ပြိုကျကုန်ကြသည်။ နှင်းမုန်တိုင်း၏ ပြင်းထန်သောအသံပင် နှင်းတစ္ဆေများ၏ အော်ဟစ်သံများဖြင့် ဖုံးလွှမ်းနေလေသည်၊၊
….
“အခုအချိန်မှာ သူမရဲ့ ဦးနှောက်လှိုင်း လှုပ်ရှားမှုက လုံးဝ ရှုပ်ထွေးနေတယ်၊ ဒါပေမဲ့ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ လုပ်ဆောင်ချက် အားလုံးက တည်ငြိမ်တယ်။ ဒါက စွမ်းရည်တစ်ခုခုနဲ့ ဆက်စပ်နေနိုင်တယ်လို့ ကျွန်တော်တို့ သံသယရှိပါတယ်”
မီးရောင်များလင်းထိန်နေသော ယာယီစစ်ဆင်ရေးအခန်း၌ အကာအကွယ်ဝတ်စုံ ဝတ်ဆင်ထားသည့် ဆရာဝန်တစ်ဦးက ရှောင်ဟယ်ကို ပြောလိုက်သည်။
“စွမ်းရည်”
“ဟုတ်တယ်… ညလမ်းလျှောက်သူအဖွဲ့အစည်းမှာ အရင်က ဒီလိုကိစ္စတွေ ရှိခဲ့ဖူးတယ်…. ဒါပေမဲ့ ကျွန်တော်တို့ အတိအကျ မပြောနိုင်သေးဘူး။ အနည်းဆုံးတော့ အခုအချိန်မှာ အခြေအနေက သိပ်မဆိုးဘူး—သူ မကြာခင် နိုးလာမှာပါ”
ရှောင်ဟယ် ခေါင်းညိတ်လိုက်သည်။ နောက်ဆုံးတော့ သတင်းကောင်း အနည်းငယ်တော့ ရှိလာခဲ့လေပြီ။
ထိုအချိန်၌ လေဆိပ်၏ အရန်လေယာဉ်ရုံတွင် ဝေ့ကီရှုနှင့် သူ၏အဖွဲ့သည် ထောက်လှမ်းကိရိယာကို တပ်ဆင်ပြီးကာစဖြစ်ပြီး မော်ဂျူးတစ်မျိုးနှင့် ဖော်မြူလာကို ကွန်ပျူတာထဲသို့ အလျင်အမြန် ထည့်သွင်းနေကြသည်။
“ပါမောက္ခဝေ့.. ပြီးပြီ… ကျွန်တော် ကပ္ပတိန်ရှောင်နဲ့ တခြားသူတွေကို သွားအကြောင်းကြားလိုက်မယ်” သုတေသနအဖွဲ့ဝင်တစ်ဦးက သူ၏ နဖူးမှ ချွေးများကို သုတ်ရင်း ပြောသည်။
“မလိုသေးဘူး… ငါ ဒီမှာ မပြီးသေးဘူး”
ဝေ့ကီရှုက အလောတကြီး ပြန်ဖြေသည်… သူ၏ မျက်မှန်သည် ဖန်သားပြင်ပေါ်တွင် လျင်မြန်စွာ ရွေ့လျားနေသော စာကြောင်းများဖြင့် ရောင်ပြန်ဟပ်နေသည်။
“ပါမောက္ခတင်းကို သွားပြီး စစ်ဆေးပေးပါ—ပြီးတော့ ဦးလေးကောင်း လာနေတယ်။ သူ ဒဏ်ရာရထားတယ်… သွားကြိုလိုက်ပါ”
“ကောင်းပါပြီ”
ဝေ့ကီရှုလည်း အခြားသူများ အလျင်အမြန် ထွက်သွားရာဘက်ကို ကြည့်လိုက်ပြီး စိုးရိမ်တကြီး တံတွေးမျိုချလိုက်သည်… ထို့နောက် မည်သူမျှ မမြင်ခင် သူ၏ laptopကို လျင်မြန်စွာ ပိတ်လိုက်ပြီး လေယာဉ်၏ လှေကားပေါ်သို့ တက်ရောက်သွားသည်။
သို့သော် သူ ရောက်သည်နှင့် သူ့နောက်မှ အသံသြသြတစ်ခု ထွက်ပေါ်လာခဲ့သည်။
“ငါက ကောလိပ်မှာ စက်မှုစနစ်နဲ့ သတင်းအချက်အလက်စနစ်ကို အဓိက သင်ယူခဲ့တာ… ပြီးတော့ ငါက အင်ပါယာစစ်ဆင်ရေးအဖွဲ့ရဲ့ ခေါင်းဆောင် နည်းပညာရှင်ပဲ… ဒီ တုန်းရှင်း လေယာဉ်ဟောင်းမှာ အလိုအလျောက် ထိန်းချုပ်စနစ် ပါဝင်ကောင်း ပါဝင်မယ်၊ ဒါပေမဲ့ အမှောင်ညသတင်းအချက်အလက် ထပ်ဆင့်ပေးပို့မှု ပြဿနာကို ဒီလို အချိန်တိုလေးအတွင်းမှာ ဖြေရှင်းဖို့က မဖြစ်နိုင်ဘူး”
ပင်ပန်းနွမ်းနယ်နေပုံရသည့် ပုံရိပ်တစ်ခုက အရိပ်ထဲမှ ထွက်ပေါ်လာခဲ့သည်။
ယုဟန်သည် သူ၏ မျက်မှန်ကို ပင့်လိုက်ပြီး ဝေ့ကီရှုကို ကြည့်လိုက်သည်။
“ငါတို့ လူသားအချက်ပြစနစ်နဲ့ ဒါကို တစ်ခါမှ မစမ်းသပ်ကြည့်ဖူးသေးဘူး။ ဒီပရောဂျက်ရဲ့ မူလအောင်မြင်နိုင်ခြေက အတော်နည်းနေတယ်။ အကောင်းဆုံး နည်းလမ်းကတော့ ကိုယ့်ကိုယ်ကို စမ်းသပ်ခံအဖြစ် အသုံးပြုပြီး—ပျံတက်သွားပြီး S-Class ထူးဆန်းသတ္တဝါကို ဆွဲဆောင်… ငါတို့ကို အမှတ်သားလုပ်ခိုင်း… ပြီးရင် လေ့လာမှုတွေကို လုပ်ဖို့ပဲ”
“ဒါပေမဲ့ ပါမောက္ခဝေ့… မင်းက တစ်ခုလွဲနေတယ်။ အဆင့်မြင့်သန့်စင် ဂျာမေနီယမ် ထောက်လှမ်းကိရိယာက ရလဒ်တွေကို ဒီလောက်မြန်မြန် တွက်ချက်နိုင်စွမ်း မရှိဘူး။ မင်း သေသွားရင်တောင်မှ ငါတို့ ဘာဒေတာမှ မရတာလည်း ဖြစ်နိုင်တယ်”
လှေကားပေါ်တွင် ရပ်နေသော ဝေ့ကီရှုလည်း တောင့်တင်းသွားသည်။ သူ့၏ မျက်နှာသည် မှောင်မိုက်သွားပြီး နှုတ်ခမ်းများ တုန်ယင်နေသည်။
“ဒါပေမဲ့ ကျုပ်မှာ ပိုကောင်းတဲ့ အကြံမရှိဘူး...”
“ငါ့မှာတော့ ရှိတယ်”
ယုဟန်က အိတ်ထဲမှ laptop တစ်လုံးကို ဆွဲထုတ်လိုက်ပြီး အခြားလေယာဉ်တစ်စင်းဆီသို့ လျှောက်သွားသည်။
“ကွန်ပျူတာ မော်ဂျူးနှစ်ခု… တစ်ယောက်ယောက်က ငါတို့ကို ကာကွယ်ပေးမယ်ဆိုရင် S-Class အဆင့် သတ္တဝါကို ကိုင်တွယ်ဖို့ အခွင့်အရေး ပိုရလာလိမ့်မယ်”
“အဖွဲ့ခေါင်းဆောင်ယု” ဝေ့ကီရှု၏ မျက်လုံးများ ပြူးကျယ်သွားသည်။
“ဘာမှ ထပ်မပြောနဲ့တော့… သွားကြစို့… ဒီအရာက အဲဒီပိုးကောင်ကို ဆွဲဆောင်မိရင် နောက်ထပ်အခွင့်အရေးရတော့မှာ မဟုတ်ဘူး” ယုဟန်က ဆုံးဖြတ်ချက်ချပြီးဟန်ဖြင့် ဒုတိယ တုန်းရှင်းလေယာဥ်တစ်စင်းထဲသို့ ဝင်လိုက်သည်… အလိုလျောက်ထိန်းချုပ်ခန်းတံခါးကို ပိတ်လိုက်ပြီး မာစတာထိန်းချုပ်စနစ်ကို စတင်လိုက်သည်။
ဝေ့ကီရှုသည် ခေတ္တရပ်နားကာ အသက်ပြင်းပြင်းရှူလိုက်ပြီး သူ၏ လေယာဉ်ထိန်းချုပ်ခန်းထဲသို့ ဝင်ရောက်သွားသည်။
လေယာဉ်နှစ်စင်းလုံးရှိ လွတ်လပ်သော အတောင်ပံမီးများသည် တစ်ပြိုင်နက်တည်း လင်းလက်လာသည်။
ဗရူး...
ထိုအချိန်၌ စစ်သုံးထရပ်ကားကြီး အများအပြားသည် စီလန်လေဆိပ်သို့ မောင်းဝင်လာကာ ကွပ်ကဲရေးဌာနချုပ် အပြင်ဘက်တွင် ရပ်တန့်လိုက်သည်။
ဆေးဘက်ဆိုင်ရာဝန်ထမ်းများနှင့် လုံခြုံရေးအစောင့်များသည် ဒဏ်ရာရနေသော ကောင်းစီချန်းကို နောက်မှ လိုက်လာသည့် သက်ကြီးပိုင်း သုတေသီအချို့နှင့်အတူ ဂရုတစိုက်ကူညီပြီး အတွင်းသို့ ခေါ်ဆောင်သွားသည်။
ကောင်းစီချန်းက စိုးရိမ်ပူပန်နေပုံရသည်။ သူ ကွပ်ကဲရေးခန်းမထဲသို့ ခြေချလိုက်သည်နှင့်
“ဒီလို ဂျီးနီးယပ်စ်အကြံပိုင်ရှင်က ဘယ်သူလဲ… အဆင့်မြင့်သန့်စင်ဂျာမေနီယမ် ထောက်လှမ်းကိရိယာက အချက်ပြစနစ် ထုတ်လုပ်ဖို့အတွက် အက်တမ် နျူကလိယနဲ့ WIMP ထိတွေ့မှုအပေါ်မှာ မူတည်နေတယ်… ဒါပေမဲ့ ဒီနည်းပညာကို ဇီဝနမူနာတွေ—အထူးသဖြင့် သက်ရှိ ဆဲလ်အမြှေးပါးပေါ်မှာ အသုံးပြုဖို့ဆိုရင် အလွန်မြင့်မားတဲ့ အာရုံခံနိုင်စွမ်းနဲ့ အရည်အသွေးလိုအပ်တယ်… နမူနာတွေကို ပျက်စီးအောင် မလုပ်သင့်ဘူး ဒါကို သက်ရှိလူသားတွေအပေါ်မှာ စမ်းသပ်မယ် ဟုတ်လား… အဝေးထိန်း စစ်ဆင်ရေး… လူသား အချက်ပြစနစ်… ဒါတွေက ဘယ်လိုအဓိပ္ပာယ်မရှိတဲ့ အရာတွေလဲ”
“သတင်းအရတော့ လေကြောင်းစမ်းသပ်မှုတစ်ခု လုပ်နေတယ်လို့ သိရပါတယ်… ပါမောက္ခကောင်းကိုယ်တိုင်က ဒီကိုလာဖို့ တောင်းဆိုခဲ့တာပါ”
၎င်းတို့ကို လိုက်ပို့သော စစ်အရာရှိတစ်ဦးက ရှောင်ဟယ်ကို အရိုအသေပေးပြီးနောက် မတတ်သာသော အမူအရာဖြင့် တင်ပြလိုက်သည်၊ယ
“ကျွန်တော်တို့ တပ်မှူးရဲ့ ခွင့်ပြုချက် ရခဲ့ပြီးပါပြီ”
ရှောင်ဟယ်သည် ခေါင်းညိတ်လိုက်ပြီး ပင်ပန်းနွမ်းနယ်နေသော သိပ္ပံပညာရှင်များ အလျင်အမြန် ဝင်လာသည်ကို ကြည့်လိုက်သည်။
“ပါမောက္ခကောင်း… ခင်ဗျား ဆိုလိုရင်းက ဘာလဲ”
“ငါတို့က လူ့ခန္ဓာကိုယ်ပေါ်က အမှောင်-အမှတ်သားကို ထောက်လှမ်းနိုင်ဖို့အတွက်ပဲ ရက်တွေအများကြီး စမ်းသပ်မှုတွေ လုပ်ခဲ့ရတယ်။ အခု သူတို့က လူမဲ့စမ်းသပ်မှု လုပ်ချင်နေကြပြီလား… ဝေ့ကီရှုက ရူးနေပြီလား” ကောင်းစီချန်းဘေးတွင် ရပ်နေသော ပါမောက္ခကျန်းက အော်ဟစ်လိုက်သည်။
“ဟမ်...”
“ဒါပေမဲ့ ပါမောက္ခဝေ့က ရှင်နဲ့ တိုင်ပင်ပြီး ရှင်က ဒီပရောဂျက်ကို ခွင့်ပြုခဲ့တယ်လို့ ပြောတယ်”
ယာဉ်တန်းမှ အမျိုးသမီးသုတေသီတစ်ဦးက ဝေခွဲမရစွာ ကြည့်လိုက်သည်။
“ငါ ခွင့်ပြုခဲ့တယ်… ဘယ်တုန်းကလဲ…ဒီထောက်လှမ်းကိရိယာနဲ့ သွေးကပ်ဘေးပန်းက ဒီလောက် အရေးကြီးနေတာကို ငါ လူနဲ့စမ်းသပ်မှုကို ဘယ်လိုလုပ် သဘောတူမှာလဲ… တစ်ခုခုမှားယွင်းသွားရင် ရှေ့တန်းက စစ်သားတွေကို ငါတို့ ဘာပြောရမလဲ… အခု ဝေ့ကီရှုဆိုတဲ့ ကောင်က ဘယ်မှာလဲ”
ရှောင်ဟယ်၏ မျက်နှာအမူအရာသည် မှောင်မိုက်သွားသည်။ စစ်သားတစ်ဦးအနေဖြင့် သူသည် သုတေသနနှင့်ပတ်သက်၍ နားမလည်လှသော်လည်း ကောင်းစီချန်း၏ တုံ့ပြန်မှုအရ တစ်ခုခုတော့ ရှင်းရှင်းလင်းလင်း မှားယွင်းနေသည်ကို သူ သဘောပေါက်သွားခဲ့သည်။ သူသည် ကျန်ရှိနေသော သုတေသနအဖွဲ့ဆီသို့ လှည့်လိုက်သည်၊၊
“ပါမောက္ခဝေ့နဲ့ အဖွဲ့ခေါင်းဆောင်ယု ဘယ်မှာလဲ”
ညလမ်းလျှောက်လှမ်းသူများထဲမှ ကျင်းထျန်းပင်လျှင် အခန်းကို လှည့်ပတ်ကြည့်ရှုရင်း ဝေခွဲမရဖြစ်နေသည်။
Chapter 439
ပျံသန်းနေသောလေယာဥ်နှစ်စီး ၃
“ပါမောက္ခဝေ့က မော်ဂျူးတွေ ထည့်သွင်းနေတုန်းပါပဲ” လေယာဉ်ရုံမှ ပြန်လာသော သုတေသီအချို့က ပြန်ဖြေကြသည်။
သို့သော် ၎င်းတို့ စကားမဆုံးခင်—ဝူး ဂျက်အင်ဂျင်နှစ်ခု၏ မြည်ဟည်းသံက မလှမ်းမကမ်းမှ ပဲ့တင်ထပ်လာသည်။
ရှောင်ဟယ်နှင့် ကျင်းထျန်းတို့၏ မျက်နှာများ ချက်ချင်း ပြောင်းလဲသွားသည်။
“ဖန်းချန်”
ငယ်ရွယ်သောစွမ်းအားရှင်တစ်ယောက် လေထဲသို့ တက်သွားသည်။ ခဏအကြာတွင် ဆက်သွယ်ရေးစနစ်မှ အသံတစ်သံက ကျယ်လောင်စွာ ထွက်ပေါ်လာသည်။
“တုန်းရှင်း လေယာဉ်နှစ်စင်း ပျံတက်သွားတယ်”
ကလစ်
ရှောင်ဟယ်သည် သူ၏ ဆက်သွယ်ရေး ခလုတ်ကို ဆောင့်နှိပ်လိုက်သည်။
“ပါမောက္ခဝေ့”
ဂျစ် ဂျစ်...
ဝေ့ကီရှု၏ အသံ ထွက်ပေါ်လာသည်။
“တောင်းပန်ပါတယ်… ကပ္ပတိန်ရှောင်… အခြေအနေက ချက်ချင်းကြီးဖြစ်လာလို့—ကျွန်တော့်မှာ ရှင်းပြဖို့ အချိန်မရလိုက်ဘူး။ အဖွဲ့ခေါင်းဆောင်ယုနဲ့ ကျွန်တော် အခု လေထဲမှာ ပစ်မှတ်ကို လုံခြုံအောင် လုပ်နေပြီ။ ပါမောက္ခတင်းနဲ့ ဆရာ့ကို ဂရုစိုက်ပေးပါဦး”
“ဘာ… သူတို့နှစ်ယောက်ပဲလား”
“အဓိပ္ပာယ်မရှိတာတွေ”
ကျင်းထျန်း၏ မျက်နှာဖျော့တော့သွားသည်၊၊ တိုက်ခိုက်ရေးစွမ်းရည် လုံးဝမရှိသည့် သိပ္ပံပညာရှင်နှစ်ဦးက S-Class အဆင့် ထူးဆန်းသည့် သတ္တဝါကို သွားရောက် ရင်ဆိုင်မည်ဆိုလျှင် သူတို့ အသက်ရှင်ဖို့ လုံးဝ မဖြစ်နိုင်ပေ။
ကောင်းစီချန်း သတိပြန်ဝင်လာပြီး ဒေါသတကြီးအမူယာသို့ ပြောင်းလဲသွားသည်။ သူသည် ဆက်သွယ်ရေးစနစ်ထဲသို့ အော်ဟစ်လိုက်သည်– “ဝေ့ကာရှု… အခု ချက်ချင်း ပြန်ဆင်းလာခဲ့စမ်း… ဂျာမေနီယမ် ထောက်လှမ်းကိရိယာမှာ အလွန်ကျဉ်းမြောင်းတဲ့ ထောက်လှမ်းဧရိယာပဲ ရှိတယ်…. အကွာအဝေး တိကျမှုဟာ အရာအားလုံးပဲ ဒီပရောဂျက်က လုံးဝအောင်မြင်နိုင်ချေမရှိဘူး”
“ဒါပေမဲ့ ၅% အခွင့်အရေးတော့ ရှိနေတုန်းပဲ မဟုတ်ဘူးလား”
ဝေ့ကီရှု၏ အသံက ဆက်သွယ်ရေးစနစ်ထဲတွင် ပဲ့တင်ထပ်လာရာ လူတိုင်းကို တိတ်ဆိတ်သွားစေသည်။
ကွပ်ကဲရေးဌာနချုပ်သည် သေစေနိုင်လောက်သော တိတ်ဆိတ်မှုဖြင့် ရှိနေကာ ရေဒီယိုလိုင်းမှ ဝေ့ကီရှု အသံတစ်ခုတည်းသာ ထွက်ပေါ်နေသည်။
“ဆရာ… ဆရာ့ရဲ့ ပထမဆုံး ဟောပြောပွဲကို ကျွန်တော် မှတ်မိတယ်။ ဆရာ ပြောခဲ့တာက ၁၈၉၅ ခုနှစ်မှာ ရွန်ဂန်က လျှပ်ကူးပစ္စည်းတစ်ခုကို လေ့လာနေရင်း မတော်တဆ X-rayရောင်ခြည်ကို ရှာဖွေတွေ့ရှိခဲ့ပြီး ၀.၀၁% အခွင့်အရေးက သိပ္ပံမှာ ခေတ်သစ်ကို ဦးတည်စေခဲ့တယ်။ ဆရာ ပြောခဲ့တယ်… အခွင့်အရေးက သေးငယ်နေရင်တောင်၊ ရှေ့က လမ်းကြောင်းက မရေရာရင်တောင် တစ်ယောက်ယောက်ကတော့ အဲဒီခြေလှမ်းကို လှမ်းကို လှမ်းရလိမ့်မယ်ဆို… ဒီတစ်ခါမှာ ကျွန်တော်တို့မှာ ၅% အခွင့်အရေး ရှိတယ်။ ကျွန်တော် ယုံကြည်တယ်… ဆရာသာဆိုရင်လည်း ဒီလိုပဲ ရွေးချယ်လိမ့်မယ်”
ကောင်းစီချန်း ပါးစပ်ဟလိုက်သော်လည်း ဘာမှမပြောနိုင်တော့ပေ၊၊ သူသည် ကွပ်ကဲရေးခန်း ပြတင်းပေါက်ပြင်ဘက်ရှိ မှောင်မိုက်နေသော ကောင်းကင်ကို လှည့်ကြည့်လိုက်သည်။ သူ၏ တည်ငြိမ်သော လက်များမှာ ယခုအခါ အနည်းငယ် တုန်ယင်နေသည်။
အတန်ကြာ တိတ်ဆိတ်မှုအပြီးတွင် သူသည် နောက်ဆုံး၌ ပြောလိုက်သည်။
“ပြောမရဆိုမရတဲ့ကောင်ပဲ...အေး… နျူထရီနို အချက်ပြလှိုင်းနှုန်းကို ချိန်ညှိဖို့ မမေ့နဲ့နော်”
“နားလည်ပါပြီ… ဆရာ” ဝေ့ကီရှု၏ အသံသည် ရုတ်တရက် ပို၍ လန်းဆန်းလာသယောင် ရှိနေသည်။
“ပါမောက္ခ...” ပါမောက္ခကျန်းသည် သူ့ကို ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်သည်။ နာရီအနည်းငယ် အကြာကမှ ထိုလူအိုကြီးသည် ဝေ့ကီရှုကို ဆူပူမည်ဟု ကျယ်ကျယ်လောင်လောင် ပြောနေခဲ့သည်… အခုတော့ ထိုသူ၏ မျက်လုံးများတွင် ခိုင်မာသော ဆုံးဖြတ်ချက်တစ်ခု ရှိနေသည်။
ကောင်းစီချန်းက လက်တစ်ဖက်ကို မြှောက်လိုက်ပြီး အဖွဲ့ဆီသို့ လှည့်လိုက်သည်။
“မင်းတို့အားလုံး ဘာရပ်လုပ်နေကြတာလဲ… လူငယ်တွေက အပေါ် ကောင်းကင်မှာ အရာအားလုံးကို ရင်းပြီး စွန့်စားနေကြပြီ—ငါတို့လို အိုမင်းနေတဲ့လူတွေက ပျင်းရိနေလို့ မဖြစ်ဘူး… ဒေတာကို လိုက်စစ်ဆေးကြပြီး တိုင်းတာမှုတွေ လုပ်ကြစို့”
“ဟုတ်ကဲ့ပါ၊ ဆရာ”
သုတေသီများက တစ်ပြိုင်နက် ပြန်ဖြေလိုက်ကြသည်။
သူသည် ရှောင်ဟယ်ဆီသို့ လှည့်လိုက်ပြီး ပြောလိုက်သည်– “ကပ္ပတိန် ရှောင်… ကိရိယာတွေအားလုံးကို ဒီကို ပြောင်းရွှေ့ပေးပါ။ ငါတို့ ဒီနေရာကနေ အလုပ်လုပ်မယ်”
ရှောင်ဟယ်သည် သိပ္ပံပညာရှင်များကို ကြည့်လိုက်ပြီး နက်ရှိုင်းသော လေးစားမှုတစ်ခုကို ခံစားလိုက်ရသည်။ သူသည် ချက်ချင်း လှည့်ပြီး အော်ဟစ်လိုက်သည်– “လူတိုင်း၊ ဓာတ်ခွဲခန်းသုံးပစ္စည်းတွေကို အခုပဲ ဒီကိုပြောင်းရွှေ့ကြ… လေဆိပ်လမ်းကြောင်းကို ပိတ်ဆို့ထား—ခြင်တစ်ကောင်တောင် ဖြတ်မလာစေနဲ့”
“ဟုတ်ကဲ့ပါ၊ ဆရာ”
“ဘာတွေ ဖြစ်နေတာလဲ”
“ကောင်းကင်မှာ တစ်ခုခု ပေါက်ကွဲသွားတာလား”
“အဲဒါ ဘယ်လို လက်နက်မျိုးလဲ”
“ကြည့်စမ်း အဲဒီမွန်းစတားတွေ”
“သောက်ကျိုးနဲ…”
ကျယ်လောင်သောအသံနှင့် အဖြူရောင် အလင်းတန်းတစ်ခုက ကောင်းကင်ကို ဖြတ်တန်းသွားသည်နှင့် ညကောင်းကင်အောက်ရှိ နှင်းတစ္ဆေ၊ နှင်းမွန်းစတားများနှင့် အတောင်ပံပါသတ္တဝါဆိုးများသည် စူးရှသော အော်သံတစ်ခုကို ထုတ်လွှတ်လိုက်ကြသည်။ တစ်ချိန်က ရန်မူခဲ့သော မွန်းစတားအုပ်ကြီးသည် အရူးအမူးပြန်ဆုတ်ခွာစပြုလာခဲ့သည်။ ကောင်းကင်ရှိ ထူးဆန်းသည် ထိတ်လန့်ဖွယ်သတ္တဝါများသည်လည်း အဝေးသို့ ပျံထွက်သွားကြပြီး မြေပြင်ပေါ်ရှိ မွန်းစတားဒီရေလှိုင်းသည် နှင်းအလွှာများနှင့် မြေကျင်းများဆီသို့ အစုလိုက်အပြုံလိုက် ဆုတ်ခွာသွားသည်။
ဤထူးဆန်းသော မြင်ကွင်းက သေခြင်းရှင်ခြင်းတိုက်ပွဲတွင် ရုန်းကန်နေရသော စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့မှ အသက်ရှင်ကျန်သူများနှင့် စစ်သားတိုင်းကို လုံးဝ အံ့အားသင့်သွားစေခဲ့သည်။
မြောက်ဘက်မြို့ရိုး၏ ခံစစ်လိုင်းတွင် ဟီကျန်းသည် လှိုင်းလုံးများ ဆုတ်ခွာသွားသကဲ့သို့ အမှောင်ထဲသို့ ပျောက်ကွယ်သွားသော မွန်းစတားဒီရေလှိုင်းကို စိုက်ကြည့်နေသည်။ မြို့ရိုးအောက်တွင် အလောင်းပုံကြီးများမှာ ပေအနည်းငယ် မြင့်နေပြီ ဖြစ်သည်။ သူ၏ မျက်စိသူငယ်အိမ်များသည် ကျဉ်းမြောင်းသွားသည်—သူ ချက်ချင်းပင် ဆက်သွယ်ရေးကိရိယာကို ဆွဲယူလိုက်သည်။
“ကျန်းချန်ဇီ… ကင်းထောက်အဖွဲ့နှစ်ဖွဲ့ကို အခု လွှတ်လိုက်… ဘာတွေဖြစ်နေလဲဆိုတာ ငါ သိချင်တယ်”
“ဟုတ်ကဲ့ပါ၊ ဆရာ”
“အခုပြောနေတာ ဟီကျန်းပါ… မြောက်ဘက်ရှေ့တန်းက မွန်းစတားဒီရေလှိုင်းတွေ လုံးဝ ဆုတ်ခွာသွားပြီ… အဘိုးကြီးကျိုး… ခင်ဗျားတို့ဘက်မှာရော...”
အရှေ့ဘက်မြို့ရိုးပေါ်တွင် မီကာယူနစ်မှ ဂတ်တလင်သေနတ်များ၏ လျှပ်စစ်မော်တာ မြည်သံသည် နောက်ဆုံး၌ တိတ်ဆိတ်သွားသည်။ ပူနေသော ပြောင်းများမှ ရေနွေးငွေ့များ ထွက်လာသည်။ ချောက်ထဲရှိ သတ္တဝါအုပ်ကြီးသည် လုံးဝ ပျောက်ကွယ်သွားပြီ။ ကျိုးယုသည် ကောင်းကင်ကို လှည့်ကြည့်လိုက်သည်—ဒရက်နော့တ်အမျိုးအစား လေသင်္ဘောကို အနှောင့်အယှက် ပေးနေသော မွန်းစတာများ ပျောက်ကွယ်သွားလေပြီ။ သူသည် ဆက်သွယ်ရေးလိုင်းကို ဖွင့်ကာ သတင်းပို့လိုက်သည်။
“အရှေ့ဘက်ခြမ်းကလည်း ဆုတ်ခွာသွားပြီ။ ဝမ်ကျိုး၊ မြို့ထဲက အခြေအနေဘယ်လိုလဲ”
မီရှဲလ် ဘုရားရှိခိုးကျောင်းအထက်တွင် ဝမ်ကျိုးသည် လေထဲတွင် ဝဲပျံနေသည်။ ကြီးမားသော သတ္တုတန်းများနှင့် ကွဲကြေနေသော သံချပ်ကာပြား ရာပေါင်းများစွာသည် သူ့ပတ်ပတ်လည်တွင် မုန်တိုင်းကဲ့သို့ လည်ပတ်နေသည်။ အောက်ရှိ ရင်ပြင်ပေါ်တွင် အလောင်းပုံကြီးများ စုပုံနေသည်။ ဗဟိုလမ်းမတစ်ဝိုက်တွင် ညလမ်းလျှောက်လှမ်းသူတစ်ရာကျော်သည် နေရာများအနှံ့ပြားတွင်—အချို့က လမ်းကြားများ၊ အချို့က အမိုးများ၊ အချို့က လမ်းမများ သို့မဟုတ် ပန်းခြံများ၏ အလယ်တို့တွင် နေရာယူထားကြသည်။ ၎င်းတို့ အားလုံးသည် သွေးများနှင့် အညစ်အကြေးများ စွန်းထင်းနေကြပြီး သတ်ဖြတ်ခြင်းအော်ရာများဖြင့် ပြည့်နှက်နေသည်၊၊
ကျိုးဝူ၊ ဖုန်းဖုန်းနှင့် စာပို့ယူနစ်မှ ညလမ်းလျှောက်လှမ်းသူဒါဇင်ပေါင်းများစွာပင် နှင်းတစ္ဆေအလောင်းပုံများပေါ်တွင် မတ်တပ်ရပ်နေကြပြီး ဆုတ်ခွာသွားသော မွန်းစတားဒီရေကို နားမလည်နိုင်စွာ စိုက်ကြည့်နေကြသည်။
“ဒါရိုက်တာ ကျိုး၊ ဗဟိုလမ်းမနားက မွန်းစတားတွေ ခုနကပဲ ဆုတ်ခွာသွားတယ်… တကယ် ထူးဆန်းတယ်—အရင်က ဖြစ်ခဲ့တဲ့ ကြီးမားတဲ့ ပေါက်ကွဲမှုနဲ့ ဆက်စပ်နေနိုင်တယ်”
တစ်ချိန်တည်းမှာပင် အခြားသူများကလည်း ကွပ်ကဲရေးလိုင်းတစ်လျှောက် သတင်းပို့လာကြသည်—အရှေ့မြောက်ဘက်မှ Arctic Windမဟာမိတ်မှ ဟန်ကျွမ့်၊ မြောက်ဘက်မှ ချီလီ၊ တောင်ဘက်မှ ချင်ရွှမ်မင်၊ ကျန်းထျန်းဖန်းနှင့် ချန်ရှောင်တို့—အားလုံးက မွန်းစတားများ ဆုတ်ခွာသွားပြီဖြစ်ကြောင်း အတည်ပြုခဲ့သည်။
အနောက်ဘက်ရှိ ကုန်စည်ရထားလမ်းပလက်ဖောင်း၌ ပူးပေါင်းရထားစခန်းပြင်ပရှိ စစ်မြေပြင်သည် သွေးစွန်းထင်းနေသော ရှုပ်ထွေးမှု ဖြစ်နေသည်။ သတ္တုတွင်းနယ်မြေတစ်ခုလုံးတွင် နှင်းများတစ်စိုးတစ်စိမျှ မကျန်တော့—မီးခိုးနှင့် မီးလောင်ထားသော အလောင်းများ၏ စူးရှသည့် အနံ့သာ ကျန်ရှိနေတော့သည်။
လူထောင်ပေါင်းများစွာသည် အသက်ရှူမှားနေကြပြီး ဆုတ်ခွာသွားသော မွန်းစတားဒီရေကို မယုံနိုင်စွာ လှည့်ပတ်ကြည့်နေကြသည်။
“သူတို့ ပြေးသွားပြီလား”
“ငါတို့ သူတို့ကို မောင်းထုတ်လိုက်တာလား”
“ငါတို့ နိုင်ပြီ”
“ဘုရားရေ… ငါတို့ အသက်ရှင်ကျန်ခဲ့ပြီ”
“ကျေးဇူးတင်ပါတယ်”
“ဒါ အိမ်မက်လား...”
အော်ဟစ်သံများနှင့် ဝမ်းမြောက်ဝမ်းသာ ငိုကြွေးသံများက ယာဉ်တန်းတစ်လျှောက်လုံး၌ ပေါ်ထွက်လာသည်။