အခန်း (၄၄၀-၄၄၁)
Vol. 29 Ch. 440+441
Chapter 440
ပျံသန်းနေသောလေယာဥ်နှစ်စီး ၄
ပတ်ဝန်းကျင်တွင် လင်းရှန်၊ ကီကီ၊ မီးတောက်၊ ရှုချင်းနှင့် ချန်ဆီရွှမ်တို့သည် နဂါးတောင် နံပါတ် ၁ မှ ရှီတိယွမ်၊ နန်ကျင်းနှင့် ပူးပေါင်းယာဉ်တန်းမှ အဖွဲ့ဝင်များ—ဦးလေးဝူ၊ လော့ယန်၊ လီယီ၊ ရှန်းယောင်နှင့် အခြားသူများနှင့်အတူ ပြန်လည် စုဖွဲ့ကြသည်။
“သောက်ကျိုးနဲ ဘာတွေဖြစ်ကုန်တာလဲ”
“အနောက်ဘက်ကလည်း ဆုတ်ခွာသွားပြီ”
လင်းရှန်သည် သူ၏ ဖီးနစ်တံဆိပ်ကို အသုံးပြု၍ ကွပ်ကဲရေးလိုင်းကို သတင်းပို့လိုက်သည်။
ရှီတိယွမ်၏ မျက်နှာသည် တည်ကြည်နေသည်။
“ခုနကပဲ သတင်းရတယ်—ဒီနေရာတင် မဟုတ်ဘူး။ နေရာတိုင်းကနေ ဆုတ်ခွာသွားကြတာ”
“ကျွန်မတို့ တကယ်ပဲ သူတို့ကို မောင်းထုတ်လိုက်တာလား” နန်ကျင်း မျက်မှောင်ကြုတ်လိုက်သည်။
“မသိဘူး”
လင်းရှန်က အသက်ရှူရင်း ပျက်စီးနေသော စစ်မြေပြင်ကို ကြည့်လိုက်သည်။
“ဒါပေမဲ့ တစ်ခုခုတော့ သေချာပေါက် ဖြစ်သွားပြီ”
“မြန်မြန်… စစ်မြေပြင်ကို ရှင်းလင်းကြ”
ညသည် အမှောင်ထုဖုံးလွှမ်းနေဆဲ ဖြစ်သော်လည်း အနားယူချိန် ရသည်နှင့် လင်းရှန်၏ ပထမဆုံးစိတ်ထဲပေါ်လာသည့် အရာမှာ ကျည်ဆံများ ပြန်လည်ဖြည့်တင်းပြီး နောက်ထပ် ဖြစ်နိုင်သော တိုက်ခိုက်မှုအသစ်တစ်ခုအတွက် ပြင်ဆင်ရန် ဖြစ်သည်။
ရန်သူ၏ တိုက်ခိုက်မှု ရုတ်တရက် ရပ်တန့်သွားခြင်းက မြို့တော်တစ်ခုလုံးကို အံ့အားသင့်သွားစေခဲ့သည်။
မိနစ်သုံးဆယ်အကြာတွင် လင်းရှန်သည် ခဲယမ်းမီးကျောက်များ ပြန်လည် ဖြည့်တင်းနေစဉ် ဆက်သွယ်ရေးကိရိယာမှ အသံတစ်သံ ထွက်ပေါ်လာသည်။
“ကပ္ပတိန်လင်း၊ ကပ္ပတိန် ရှီ—အခုပြောနေတာ စုံစမ်းထောက်လှမ်းရေးတပ်ဖွဲ့ (၇) က ရှောင်ဟယ်ပါ။ ကျုပ်တို့ ဖန်းလန်တောင်ကို သွားနေပါတယ်။ သိပ္ပံအဖွဲ့ရဲ့ လေယာဉ်တစ်စင်း ပျက်ကျသွားတယ်—တိကျတဲ့ နေရာကိုတော့ မသိရသေးဘူး။ ရှာဖွေရေးကို ကူညီဖို့ လူတစ်ယောက်ကို စေလွှတ်ပေးနိုင်မလား”
“လေယာဉ် ပျက်ကျတာလား”
လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။ ထိုအချိန်၌ တင်းကျန်းရီ၏ အသံလည်း ထွက်ပေါ်လာခဲ့သည်။
“လင်းရှန်၊ ဝေ့ကီရှုနဲ့ ယုဟန်တို့နှစ်ယောက်က S-Class အဆင့်သတ္တဝါနဲ့ အနီးကပ် ထိတွေ့ဖို့ လေယာဉ်တစ်စင်း ယူသွားခဲ့ကြတယ်။ သူတို့ရဲ့ ပျံသန်းမှု အချက်ပြစနစ် ပျောက်နေပြီ။ သွေးကပ်ဘေးပန်းကို အသုံးပြုပြီး အကြမ်းဖျင်းနေရာကို ကျွန်မ တွက်ချက်ထားတယ်… ရှင့်ဆီကို အခုပဲ ပို့ပေးလိုက်မယ်—ကျွန်မတို့တို့ မကြာခင် ရောက်တော့မယ်”
လင်းရှန်၏ မျက်နှာသည် မှောင်မိုက်သွားသည်။
S-Class အဆင့်သတ္တဝါနဲ့ အနီးကပ်ထိတွေ့မှု…
သူ မကောင်းသော ခံစားချက်တစ်ခု ရနေခဲ့သည်။
“အကိုရှီ”
“တောင်ပေါ်မှာ တစ်ခုခု ဖြစ်သွားပြီ။ ကျုပ် သွားရတော့မယ်။ ခဗျားက ဒီမှာ စောင့်ကြည့်ပေးပါ”
“ဘာဖြစ်တာလဲ”
ရှီတိယွမ်က စိတ်ရှုပ်ထွေးစွာ မေးလိုက်သော်လည်း လင်းရှန်သည် ကီကီနှင့်အတူ ဖန်းလန်တောင်ဆီသို့ ဦးတည်ပျံသန်းနေပြီ ဖြစ်သည်။
ဝှူးးး—
ထိုအချိန်၌ လေယာဉ်အများအပြားသည် မြောက်ဘက်လေဆိပ်မှ အပြေးအလွှား ပျံတတ်လာကြသည်။ ၎င်းတို့ထဲမှ တစ်စင်းတွင် တင်းကျန်းရီသည် ဖြူဖျော့သောမျက်နှာဖြင့် ထိုင်နေသည်၊ သူမ၏ မျက်လုံးများတွင် ပုံမှန်သေခြင်းတရားအပေါ်ထားသည့် တည်ငြိမ်မှုထက် ကျော်လွန်သော နက်ရှိုင်းပြီး အေးစက်သော ကြောက်ရွံ့မှုက ရောင်ပြန်ဟပ်နေသည်။ သူမ၏ ရင်ဘတ်သည် အသက်ရှူတိုင်း လှုပ်ရှားနေပြီး သူမ၏ စိတ်ကို ဆင်ခြင်တုံတရားရှိအောင် ထိန်းထားရန် ကြိုးစားနေသည်။
သူမ၏ ဘေးတွင် ထိုင်နေသော ရှောင်ဟယ်သည် သူမ၏ အမူအရာကို သတိထားမိလိုက်သည်။
“ပါမောက္ခတင်း… ဒီလမ်းကြောင်းက မှန်တယ်လို့ ယုံကြည်ရဲ့လား… အချက်ပြစနစ်က အရှေ့ဘက်ကနေ ပျောက်သွားတာလေ”
“ဒီလမ်းပဲ”
တင်းကျန်းရီက အသေးစိတ် မပြောပေ။ ညလမ်းလျှောက်လှမ်းသူများ အဖွဲ့သည် နောက်မှ ကပ်လိုက်နေသည်။
ရှောင်ဟယ် ခေါင်းညိတ်လိုက်ပြီး ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် အသံတိုးတိုးဖြင့် အမိန့်ပေးလိုက်သည်–
“ဒါရိုက်တာတင်းရဲ့ မြေပြင်အမှတ်အသားကို အသုံးပြုပြီး ရှာဖွေမှု စတင်မယ်… ဖန်းလန်တောင်ရဲ့ အနောက်မြောက်ဘက် တောင်စောင်းပေါ်မှာ ရှိလိမ့်မယ်။ အကူအညီတောင်းခံတဲ့ အချက်ပြသံတစ်ခုခုကို နားစွင့်ထားကြပါ”
ညအမှောင်ထဲတွင် လေယာဉ်ပျံသန်းမှု အချက်ပြစနစ်သည် သုံးကီလိုမီတာထက် ပို၍ မရောက်နိုင်ပေ။ မြို့အနှံ့ ဆက်သွယ်မှုသည် ဖီးနစ်၏ ထပ်ဆင့် အချက်ပြကွန်ရက်အပေါ် များစွာ မှီခိုနေပြီး ဖန်းလန်တောင်အနီးရှိ အနောက်ဘက် ဆင်ခြေဖုံးတွင် သက်ရောက်မှုနည်းပါးလေသည်။ ဝေ့ကီရှို့နှင့် ယုဟန်တို့ကို ရှာဖွေရန် ပတ်လည် လှည့်ပတ်ရှာဖွေသည့် ပုံစံများအပေါ်တွင်သာ မှီခိုနေရသည်။
တစ်ချိန်တည်းတွင် လင်းရှန်နှင့် ကီကီတို့သည် ဖန်းလန်တောင်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ ပေ ၂၀၀၀ မြင့်သော တောင်ထိပ်သည် မတ်စောက်ပြီး ချွန်ထက်နေကာ ၎င်း၏ မှောင်မိုက်သော တောင်တန်းများသည် မိုးတိမ်များထဲသို့ ပျောက်ကွယ်နေသည်။ တောင်စောင်းများတစ်လျှောက်ရှိ နှင်းအများစုသည် အစောပိုင်း မွန်းစတားဒီရေကြောင့် ပြိုကျသွားခဲ့ရာ ကျောက်တုံးသက်သက်သာ ကျန်နေခဲ့သည်။
တောင်ကြားလမ်းကို ဖြတ်ကျော်ပြီး အနောက်မြောက်ဘက်သို့ ရောက်ရှိသောအခါ ချောက်ကမ်းပါးများမှ လေသည် ပြင်းထန်စွာ တိုက်ခတ်နေသည်။ အောက်ခြေရှိ နက်ရှိုင်းသော နေရာများကို အမှောင်ထုက ဝါးမျိုထားသည်။ အော်ဟစ်နေသော မုန်တိုင်းကြားတွင် ရှုခင်းသည် အရိပ်များအဖြစ် ဝါးသွားသည်။
“ဖာခ့်… ဝေ့ကီရှုတို့က ဘာလို့ ဒီမှာ ပျက်ကျရတာလဲ” ကီကီသည် သူတို့ ပျံသန်းနေစဉ် တိုက်ခတ်နေသောလေကို ပိတ်ဆို့ရန် သူမ၏ စိတ်စွမ်းအားဒိုင်းကို အသုံးပြုပြီး လင်းရှန်ကို လှမ်းကြည့်လိုက်သည်။
“ငါလည်း မသိဘူး” သူက ခေါင်းခါရင်း ပြန်ဖြေသည်။
“ဒါပေမဲ့ ငါ ထင်တာကတော့ မွန်းစတားတွေ ဆုတ်ခွာသွားတာနဲ့ ဆက်စပ်နေတယ်”
ကီကီသည် သူ့ကို အံ့အားသင့်စွာ ကြည့်လိုက်သော်လည်း ဘာမှဆက်မပြောပေ။ ၎င်းတို့နှစ်ဦးစလုံးသည် ပတ်ဝန်းကျင်ကို သတိထားပြီး စူးစမ်းနေကြသည်။
ထို့နောက် လင်းရှန်၏ စွမ်းအားမြှင့်ဝတ်စုံက လျှပ်စစ်အာရုံခံစနစ် မှန်ပြောင်းက တစ်စုံတစ်ခုကို ခြေရာခံသွားသည်။ မြင်ကွင်းကို ချဲ့လိုက်ရာ အဝေးရှိ တောင်စောင်းတစ်ခုပေါ်တွင် မှိန်ဖျော့သော အနီရောင်အလင်းတစ်ခု တလက်လက်ဖြစ်နေသည်ကို မြင်လိုက်ရသည်။
“အဲဒီမှာ”
တုံ့ဆိုင်းမှုမရှိဘဲ သူတို့သည် ထိုနေရာဆီသို့ ပျံသန်းသွားကြသည်။
ဝှူးးး—
၎င်းတို့ ကောင်းကင်မှ ဆင်းသက်လာသည်နှင့်အမျှ ချောက်ကမ်းပါးများကြားမှ လေသည် ပို၍ ကျယ်လောင်လာပြီး ဒေါသထွက်နေသော သားရဲတစ်ကောင်ကဲ့သို့ ဖြစ်လာသည်။
အနီရောင်အလင်းက ရှင်းလင်းလာသည်– ၎င်းသည် တောင်ထိပ်ကုန်းမြင့်ပေါ်တွင် ပျက်ကျနေသော လေယာဉ်တစ်စင်းဖြစ်ပြီး မီးတောက်များဖြင့် လောင်ကျွမ်းနေသည်။ ၎င်း၏ အတောင်ပံများသည် နှင်းဖုံးလွှမ်းနေသော ကျောက်ချွန်များတစ်လျှောက် ကွဲကြေနေပြီး ပေရာပေါင်းများစွာ ရှည်လျားသော ပျက်ကျလမ်းကြောင်းကို ချန်ထားခဲ့သည်။
“တွေ့ပြီ။ အချက်ပြစနစ် ပို့လိုက်”
“ကောင်းပြီ”
ကီကီ ခေါင်းညိတ်လိုက်ပြီး လင်းရှန် ဖန်တီးထားသည့် အချက်ပြမီးကို မိုးတိမ်များထဲသို့ ပစ်တင်ရန် သူမ၏ စိတ်စွမ်းအားကို အသုံးပြုလိုက်သည်။
သူတို့ ပိုမို နီးကပ်လာသောအခါ ပျက်ကျနေသည့် နေရာနားတွင် လူတစ်ဦးက နှင်းများကို အသည်းအသန် တူးဆွနေပြီး မီးကို ငြှိမ်းသတ်ရန် နှင်းများကို ပစ်ထည့်နေသည်ကို တွေ့လိုက်ရသည်။
ပိုမို နီးကပ်လာသည်—၎င်းကို မှတ်မိလိုက်သည်။
“ယုဟန်”
ယုဟန်သည် သူ၏ လှုပ်ရှားမှုကို ရပ်တန့်သွားသည်၊ သူ နားကြားမှားသည်ဟု ထင်လိုက်သည်။ ထို့နောက် သူ လှည့်ကြည့်လိုက်ရာ လင်းရှန်နှင့် ကီကီတို့ သူ့ဆီသို့ ပျံသန်းလာသည်ကို တွေ့လိုက်ရသည်။ သူ၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူသည် စက္ကန့်အနည်းငယ်ကြာ ရပ်တန့်နေပြီးနောက် လုံးဝစိတ်ဖိစီးနေသည့်အမူရာဖြင့် ရှေ့သို့ တိုးလာခဲ့သည်။
“ကီကီ မီးငြှိမ်းပေး”
ဝှမ်း—
စိတ်စွမ်းအားလှိုင်းတစ်ခုသည် ကီကီထံမှ ထွက်ပေါ်လာပြီး မီးတောက်များကို ချက်ချင်း ငြှိမ်းသတ်လိုက်သည်။ အပျက်အစီးများမှ ထူထပ်သော မီးခိုးမည်းများသာ ဆက်လက်ထွက်ပေါ်နေသည်။
“ကပ္ပတိန်လင်း” ယုဟန်သည် နောက်ဆုံး၌ စကားပြောနိုင်သွားသည်၊ သူတို့ဆီသို့ ချိနဲ့စွာ လျှောက်လာပြီး သူ၏ နောက်ဘက်ရှိ လေယာဉ်ပျံဆီသို့ လက်ညှိုးထိုးပြလိုက်သည်။
“မြန်မြန်— ဂျာမေနီယမ် ထောက်လှမ်းကိရိယာကို ကျုပ်ကို ကူပြီးယူပေး… ကျုပ်တို့ တွေ့ပြီ— အမှောင်အမှတ်သားကို တွေ့ပြီ”
သူ၏ မျက်နှာသည် သွေးများဖြင့် ပေကျံနေကာ နှုတ်ခမ်းများမှာ အအေးဒဏ်ကြောင့် အက်ကွဲနေသည်၊ မျက်လုံးများက ရူးသွပ်ခြင်းနှင့် ထိတ်လန့်ခြင်းဖြင့် နီရဲနေသည်၊ သူက အော်ဟစ်လိုက်သည်—
“အဲဒါ အဲဒီမွန်းစတားပဲ—အဲဒါက မွန်းစတားဒီရေလှိုင်းကို လှုံ့ဆော်ခဲ့တာ… အဲဒါက အဆင့်-၅ အမှတ်သားကို ထုတ်လွှတ်ခဲ့တဲ့ တစ်ကောင်ပဲ… ကျုပ်တို့ မှားခဲ့တာ—မဟုတ်ဘူး… ပါမောက္ခဝေ့၊ ပါမောက္ခတင်း... ကျုပ်တို့ မှန်ခဲ့တယ်...”
“အဲဒီအရာက စောင့်ကြည့်နေတယ်… အဲဒါက ငါတို့ကို ဦးဆောင်နေတယ်။ အဲဒါ ကိုယ့်ကိုယ်ကို မဖော်ပြဘူး… ဘာလို့လဲဆိုတော့ အဲဒါက...”
“ကင်းထောက်ပဲ”
ဝူး ဝေါ ဝေါ—
ဖုန်းလန်တောင်အထက်တွင် အလွန်အေးစက်သော လေဝဲသည် ကြမ်းတမ်းစွာ လည်ပတ်နေသည်။ မိုးကောင်းကင်တစ်ခွင်တွင် မိုးခြိမ်းသံများ ထွက်ပေါ်နေပြီး မုန်တိုင်းထန်သော ညကောင်းကင်သည် စကြဝဠာ သားရဲတစ်ကောင်၏ ပါးစပ်ကဲ့သို့ လင်းလက်သွားသည်။
လင်းရှန်နှင့် ကီကီတို့ နှစ်ယောက်စလုံးသည် သူတို့၏ ခန္ဓာကိုယ်များကို အေးစိမ့်သောအငွေ့သက်တစ်ခုတ ဖြတ်သန်းသွားသည်ကို ခံစားလိုက်ရသည်။
မှောင်မိုက်သော တောင်ကြား ချောက်ကမ်းပါးများ၏ အောက်ခြေတွင် နှင်းမုန်တိုင်း၏ အော်ဟစ်သံသည် ငရဲ၏ တွင်းနက်မှ ထွက်ပေါ်လာသော ဝမ်းနည်းဖွယ်တေးသီချင်းတစ်ခုအလားပင်၊၊
Chapter 441
မြို့တော်တစ်ခုလုံး အကျပ်အတည်းနှင့် ရင်ဆိုင်ရခြင်း ၁
“ကပ္ပတိန်လင်း… ငါ့ကို သွေးကပ်ဘေးပန်းလို အရေးကြီးတဲ့ပစ္စည်းကို ယုံယုံကြည်ကြည်ပေးခဲ့တဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့ ခွင့်ပြုချက်မပါဘဲ ဒီစွန့်စားတဲ့ စမ်းသပ်မှုမှာ အသုံးပြုခဲ့တဲ့အတွက်လည်း တောင်းပန်ပါတယ်။ ငါက တွဲဖက်လေယာဉ်မှူးရဲ့ ထိုင်ခုံထုတ်လွှတ်စနစ်မှာ အကာအကွယ်တွေ ထပ်ထည့်ခဲ့ပေမယ့်... ငါ ဒီကနေ အသက်ရှင်လျက် ပြန်လာနိုင်ဖို့ အခွင့်အရေးနည်းတယ်ဆိုတာ သိပါတယ်”
“ငါက ဗိုလ်ချုပ်ကျန်းနဲ့ အဖွဲ့ခေါင်းဆောင်ဖေးတို့လို့ သတ္တိမရှိတဲ့အပြင်… ငါက ဒီနေရာကို အလောင်းပုံကြားကနေ ဖြတ်သန်းပြီး ရောက်လာခဲ့တာ မဟုတ်ပါဘူး။ ဝေမြစ် ဆုတ်ခွာမှုမှာ ငါက အဖွဲ့ခေါင်းဆောင်ဖေးရဲ့ အဓိကသုတေသနဝန်ထမ်းအဖြစ် ပထမဆုံးပြောင်းရွှေ့ခံရတဲ့ အဖွဲ့ထဲမှာ ပါခဲ့တာ… ယူပေဆိပ်ကမ်းမှာတုန်းက မင်းရဲ့ ရဲရင့်မှုကို ငါ မြင်ခဲ့ရတယ်၊ ဒါကြောင့် မင်းက ငါ့ကို သူရဲဘောကြောင်တဲ့သူလို့ မထင်စေချင်ဘူး။ ဒါပေမဲ့... ငါ့ဘေးပတ်လည်မှာ လူတွေ သေဆုံးနေတာကို ထပ်ပြီး ကြည့်ရမှာ အရမ်းကြောက်တယ်…. အဲဒါကြောင့် ဒီလိုမိုက်မဲတဲ့ ရွေးချယ်မှုကို လုပ်ခဲ့တာပါ… ငါသိပါတယ်... ဒါက ငါရဲ့ သူရဲဘောကြောင်ပြီး ထွက်ပြေးတဲ့ နည်းလမ်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်...”
“ဒါက ကမ္ဘာပျက်ကပ်အချိန်မို့… ငါက အာရုဏ်တတ်ချိန်ကို တွေ့ရပါဦးမလား... မင်းတော့ တွေ့ရလိမ့်မယ် ထင်ပါတယ်။ မင်းက ဒီအသံသွင်းဖိုင်ကို ရခဲ့ရင် ငါ့ရဲ့ ဆရာကို တောင်းပန်ပါတယ်လို့ ပြောပေးပါ—ငါ့မှာ သူ့လို သတ္တိမျိုး တစ်ခါမှ မရှိခဲ့ပါဘူး”
စီလန်လေဆိပ်ရှိ ယာယီဓာတ်ခွဲခန်းအတွင်း၌ ဝေ့ကီရှု ချန်ထားခဲ့သော အသံသွင်းဖိုင်ကို ကွန်ပျူတာက ဖွင့်ပြနေသည်။ ထိုဖိုင်ကို ဖန်းလန်တောင်ရှိ ချောက်ကမ်းပါးတစ်ခုတွင် သွေးကပ်ဘေးပန်း၏ အကာအကွယ်ဖန်အိမ်အတွင်းမှ တင်းကျန်းရီနှင့် လင်းရှန်တို့က နောက်ပိုင်းတွင် ပြန်လည်ရရှိခဲ့ခြင်း ဖြစ်သည်။
အခန်းထဲရှိ လေထုမှာ လေးလံပြီး ထိုင်းမှိုင်းနေသည်။
သုတေသနအဖွဲ့မှ လူများ၏ မျက်လုံးများမှာ နီရဲနေသည်။
ကောင်းစီချန်းသည် ရှေ့ဆုံးတွင် ရပ်နေကာ ချက်ချင်းပင် နှစ်ပေါင်းများစွာ အိုမင်းသွားသည့်ပုံ ဖြစ်နေသည်။
၎င်းသည် အရေးပေါ် အခြေအနေဖြစ်သောကြောင့် ကျိုးယု၊ ဟီကျန်း၊ ဝမ်ကျိုး၊ ဖီးနစ်မှ ရှောင်ဟယ်နှင့် ဖီးနစ်၏ မဟာမိတ်များထဲမှ လင်းရှန်နှင့် ရှီတိယွမ်တို့ကဲ့သို့ အနည်းငယ်မျှသော လူများသာ တက်ရောက်ခဲ့သည်။
လင်းရှန် စိတ်ထဲမှ သက်ပြင်းချလိုက်မိသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်အကြာကမှ ပြန်တွေ့ခဲ့ရသော ဝေ့ကီရှုသည် ဤမျှ လျင်မြန်စွာ ပျောက်ကွယ်သွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ သူသည် သူ၏ အိတ်ကပ်ထဲမှ သတ္တုဘူးတစ်ခုကို ထုတ်ယူပြီး ဖွင့်လိုက်သည်—အတွင်း၌ အနီရောင်သွေးပဲစေ့ သုံးလုံးသည် တိတ်ဆိတ်စွာ ရှိနေဆဲဖြစ်သည်။ ၎င်းတို့သည် ဝေ့ကီရှုက သူ၏ သုတေသနတွင် သွေးကပ်ဘေးပန်းကို အသုံးပြုရန်ငှားရမ်းသည့်အတွက် လက်ဆောင်ဖြစ်သည်။ သို့သော် အမှန်တကယ်တော့ လင်းရှန်တွင် တစ်စုံတစ်ရာကို ပြန်ယူလိုသည့် ရည်ရွယ်ချက် မရှိခဲ့ပေ။ ၎င်းကို လက်ခံခြင်းက ဝေ့ကီရှု၏ စိတ်ပိုင်းဆိုင်ရာအခြေနေကို သက်သာစေလိမ့်မည်ဟု သူ သိသောကြောင့်သာ ဖြစ်သည်။
ဝေ့ကီရှုသည် ပြောင်းရွေ့ခါနီး အကြိုနေ့တွင် သီအိုရီတစ်ခုနောက်ကို လိုက်ရင်း အဆုံးသတ်ရလိမ့်မည်ဟု ဘယ်တုန်းကမျှ စိတ်ကူးမိမည် မဟုတ်ပေ။
သွေးကပ်ဘေးပန်းသည် စားပွဲပေါ်တွင် အနီရောင် တောက်ပမှုတစ်ခုကို ထုတ်လွှတ်လျက်ရှိသည်။ ၎င်း၏ ဘေးတွင် ဖရိုဖရဲအမူယာဖြင့် ယုဟန်သည် တိတ်ဆိတ်စွာ ထိုင်နေသည်။
သူလည်း အမှတ်အသားရခဲ့ပြီး—အဆင့် ၅ ဖြစ်သည်။
ကျိုးယု၏ မျက်နှာအမူအရာသည် မှောင်မိုက်သွားသည်။
“ဒီတော့… အခုပရောဂျက်က အမှောင်-အမှတ်သားရဲ့ သက်သေကို အတည်ပြုနိုင်ခဲ့တယ်… ဒါပေမဲ့ တခြား ပုံမှန်မဟုတ်တဲ့ အရာတွေကိုလည်း ရှာဖွေတွေ့ရှိခဲ့တယ်ပေါ့”
ကောင်းစီချန်းက သူ၏ မျက်မှန်ကို ချိန်လိုက်ပြီး ခေါင်းညိတ်သည်။
“အဆင့်မြင့်သန့်စင် ဂျာမေနီယမ် ထောက်လှမ်းကိရိယာက အားနည်းတဲ့ အပြန်အလှန်သက်ရောက်မှု ကြီးမားတဲ့ အမှုန် (WIMP) တစ်မျိုးကို ရယူခဲ့တယ်။ အဲ့အရာက လူ့ဆဲလ်အမြှေးပါးနှင့် အမှောင်ဒြပ်ပေါင်းစပ်မှုကို ဖြစ်ပေါ်စေတယ်။ အမှောင်ဒြပ်စီးကြောင်းသည် ဘယ်လိုအတားအဆီးကိုမဆို ထိုးဖောက်နိုင်ပြီး အမှတ်အသားခံရသူတွေကို ‘အမှောင်ထဲက မီးပြတိုက်’ လို ဖြစ်စေတယ်။ ဒါက အောင်မြင်မှုတစ်ခုပဲ… ငါတို့မှာ အချိန်ပိုရှိခဲ့ရင် လူတိုင်းက ကိုယ့်ရဲ့ အမှတ်အသားကို စကင်ဖတ်ဖို့ ခွင့်ပြုတဲ့ ထောက်လှမ်းရေးစက်ကို တီထွင်နိုင်မှာ အသေချာပဲ”
ညလမ်းလျှောက်သူ အဖွဲ့ခေါင်းဆောင် ဝမ်ကျိုးသည် ယခုအချိန်ထိ တုန်လှုပ်နေဆဲဖြစ်သော ယုဟန်ဘက်သို့ လှည့်လိုက်သည်။
“ခေါင်းဆောင်ယု… အတိအကျ ဘာတွေ ဖြစ်ခဲ့လဲဆိုတာ ကျုပ်တို့ကို ပြောပြနိုင်မလား…. ခင်ဗျားက ဘာလို့ အဲဒီသတ္တဝါကို ကင်းထောက်လို့ ခေါ်တာလဲ…. ဘာက ခင်ဗျားကို ဒီလို ထင်စေခဲ့တာလဲ”
လူတိုင်းသည် သူ၏ အဖြေကို သိလိုစိတ်ဖြင့် လှည့်ကြည့်လိုက်ကြသည်။
ယုဟန်က တုန်လှုပ်နေဆဲပင် ဖြစ်ကာ ခေါင်းကို မော့လိုက်သည်… အကြည့်များက အာရုံပျံ့လွင့်နေပုံရသည်၊၊ လွန်ခဲ့သည့်နာရီပိုင်းက ကြောက်မက်ဖွယ်ဖြစ်ရပ်၏ အမှတ်ရစရာများက သူ၏ စိတ်ထဲတွင် ပြန်လည်ပေါ်လာခဲ့သည်၊၊
အစောပိုင်း နှစ်နာရီအချိန်က—
ယုဟန်၏ လေယာဉ်သည် တိမ်တိုက်တစ်ခုမှ ထိုးကျလာခဲ့သည်။ အမြင့်ပေကျဆင်းမှုကြောင့် သူ၏ စိတ်သည် ပြင်းထန်စွာလှုပ်ရှားသွားသည်။ ကံကောင်းစွာဖြင့် အလိုအလျောက် ပျံသန်းစနစ် အသက်ဝင်လာပြီး ပျံသန်းမှုကို တည်ငြိမ်စေခဲ့သည်။
လေယာဉ်ပျံသန်းခြင်း အတွေ့အကြုံမရှိသဖြင့် သူသည် ကိရိယာများကို စမ်းသပ်စစ်ဆေးပြီး ပြတင်းပေါက်မှ အပြင်ကို ကြည့်လိုက်သည်။
သို့သော် သူ မြင်လိုက်ရသည့် အရာက သူ့ကို တောင့်တင်းသွားစေခဲ့သည်—ကြီးမားသော အရိပ်မည်းကြီးတစ်ခုသည် လေယာဉ်၏ ညာဘက်ရှိ တိမ်ထုထဲမှ ထွက်ပေါ်လာပြီး မှိန်ဖျော့ဖျော့ လရောင်ကို ဖုံးသွားသည်၊၊
၎င်းသည် လွင့်မျောနေသော မွန်းစတားတစ်ကောင်… မီတာရာပေါင်းများစွာ ရှည်လျားသော ခြေလက်များစွာ ပါရှိသည်… ကောင်းကင်တွင် ဝဲပျံနေသော ပင်လယ်နက်ထဲမှ ဖြူကောင်အလားပင်… ၎င်း၏ ခန္ဓာကိုယ်ကို အနီရောင်မျက်လုံးပေါင်းများစွာဖြင့် ဖုံးအုပ်ထားသည်၊ ၎င်း၏ ခြေလက်များပေါ်ရှိ ထောင်နေသောအမွှေးအမျှင်များသည် နှင်းမုန်တိုင်းအတွင်း၌ ထူးဆန်းစွာ တုန်ခါနေသည်။ ယုဟန်နှင့် ဝေ့ကီရှုတို့၏ သေးငယ်သောလေယာဉ်ပျံများသည် ထိုအရာနှင်ယှဥ်လျှင် ပုရွက်ဆိတ်တစ်ကောင်ထက် မပိုတော့ပေ၊၊
တီ-တီ-တီ—အချက်ပေးသံများ မြည်လာသည်။
“ပါမောက္ခဝေ့…အဲဒါကြီးက ငါတို့ရဲ့ အပေါ်ဘက် တည့်တည့်မှာ”
ယုဟန် အသက်ရှူမှားသွားသည်။
“ဆွဲတင်…ဆွဲတင်”
ဝေ့ကီရှု၏ အသံက ဆက်သွယ်ရေးစနစ်မှတစ်ဆင့် ထွက်ပေါ်လာသည်။
“သွေးကပ်ဘေးပန်း အသက်ဝင်နေပြီလား”
“မဟုတ်ဘူး”
“ဘယ်လို”
တီ-တီ-တီ အချက်သေံ အမျိုးမျိုး မြည်ဟည်းလာသည်။
“ထောက်လှမ်းကိရိယာတွေ အလုပ်လုပ်နေတယ်—ဒီကောင်က ငါတို့ကို စိုက်ကြည့်နေသလိုပဲ”
“အဲဒါကြီးက ဒီနေရာမှာ တစ်ချိန်လုံး ဖုံးကွယ်နေခဲ့တာလား”
“စဉ်းစားဖို့ အချိန်မရှိဘူး—ပစ်လိုက်တော့… ဒီကောင် ဘာလုပ်မလဲ ကြည့်ရအောင်”
ဝေ့ကီရှုက အံကြိတ်ကာ ပြောလိုက်သည်… ကြောက်ရွံ့မှုသည် အက်ဒရီနာလိုင်းဖြစ်လာပြီး လှုံ့ဆော်မှုအဖြစ် ပြောင်းလဲသွားသည်။
“အားးးး”
ရွှီ
ဒုံးကျည်သည် ယာဉ်၏ ဗိုက်အောက်မှ ထွက်လာသည်… ကောင်းကင်ကို ဖြတ်တန်းသွားပြီး သတ္တဝါ၏ ပေါင်းစပ်မျက်လုံးများထဲမှ တစ်ခုဆီသို့ ဦးတည်သွားခဲ့သည်။
အုန်း
ပေါက်ကွဲမှုက လေထုကို လင်းထိန်စေခဲ့သော်လည်း ထူးဆန်းသည့်သတ္တဝါကြီးကို နာကျင်စေပုံ မရပေ။ ဒုံးကျည်သည် မမြင်ရသော နံရံတစ်ခုကဲ့သို့ ထိမှန်ပြီး လေထဲ၌ ပေါက်ကွဲသွားသည်။ မှိန်ဖျော့သော၊ မြင်သာသော လှိုင်းတစ်ခုက လေထုကို လှုပ်ခတ်သွားပြီး ပျောက်ကွယ်သွားသည်။
“အဲဒါ ဘာလဲ”
“ဒိုင်းကာ တစ်မျိုးလား”
“သေစမ်း..”
“အခု ဘာလုပ်ရမလဲ”
ဝေ့ကီရှုလည်း သွေးကပ်ဘေးပန်းကို ပြန်ကြည့်လိုက်သည်… ၎င်းသည် အသက်မဝင်သေးပေ။ သူသည် မေးရိုးကို တင်းကြပ်အောာင် အံကြိတ်ထားလိုက်သည်။
“ခေါင်းဆောင်ယု… ကျွန်တော် ပိုနီးအောင် သွားတော့မယ်။ ပါမောက္ခတင်းရဲ့ သုတေသနအရ သွေးကပ်ဘေးပန်းက မီတာ ၅၀၀ အကွာအဝေးကိုပဲ ဖုံးအုပ်နိုင်တယ်… ကျွန်တော် ပိုနီးသွားရင် အသက်ဝင်လာနိုင်တယ်”
“မီတာ ၅၀၀ က အရမ်းနီးလွန်းနေတယ်”
ယုဟန်လည်း ထိတ်လန့်သွားကာ အော်ဟစ်လိုက်သည်။
“တခြားနည်းလမ်းမရှိတော့ဘူး—ဒါက ကျွန်တော်တို့ရဲ့ တစ်ခုတည်းသော အခွင့်အရေးပဲ”
ဝေ့ကီရှုက အသက်ပြင်းပြင်း ရှူလိုက်ပြီး မွန်းစတားဆီသို့ လေယာဉ်ကို ပြင်းထန်စွာ ပြန်ကွေ့လိုက်သည်။
“ပါမောက္ခဝေ့”
“ခဗျားက လိုက်မလာနဲ့… လုံခြုံတဲ့ အကွာအဝေးမှာ နေပြီး သွေးကပ်ဘေးပန်းကို စောင့်ကြည့်ပါ။ ကျွန်တော် ပျက်ကျသွားရင် ဘယ်နေရာကျမလဲဆိုတာကိုလည်း သတိထားကြည့်ပေးဦး… ကျွန်တော်က ကပ္ပတိန်လင်းကို ဘာမှမဖြစ်စေရပဲ ပြန်ပေးမယ်လို့ ကတိပေးထားတယ်”
ဝှူးးး
တုန်းရှင်း လေယာဉ်၏ အင်ဂျင်များ ပြင်းထန်စွာ လှုပ်ရှားလာက ဝေ့ကီရှုသည် တိမ်များကို ဖြတ်၍ ဧရာမ မွန်းစတားဆီသို့ တည့်တည့်ပျံသန်းသွားလေသည်။
တီ-တီ-တီ-တီ
ရေဒါသည် အရူးအမူး အချက်ပြနေသည်။
ထို့နောက် မွန်းစတား၏ အနီရောင်မျက်လုံးအားလုံးသည် လေယာဉ်ဆီသို့ လှည့်လာသည်။ ထူးဆန်းသော အနီရောင်တောက်ပမှုတစ်ခုသည် ၎င်းတို့ထဲမှ စတင်ခုန်လာသည်။ ချက်ချင်းဆိုသလိုပင် ကောင်းကင်သည် သွေးနီရောင်သို့ ပြောင်းလဲသွားသည်။
ယုဟန်သည် သူ၏ အရိုးတွင်းအထိ အေးစက်သွားသည်ကို ခံစားလိုက်ရသည်။ သူ မော့ကြည့်လိုက်သောအခါ ထိုသတ္တဝါသည် ကြီးမားသော သွေးလတစ်ခုအလား ဖြစ်နေသော်လည်း ဝေ့ကီရှုသည် ၎င်းထံသို့ တုံ့ဆိုင်းမှုမရှိဘဲ တန်းတန်းမတ်မတ် ပျံသန်းဝင်ရောက်သွားသည်။
“ပါမောက္ခဝေ့… ”