← Chapters

အခန်း (၄၄၂-၄၄၃)

Vol. 29 Ch. 442-443

အခန်း (၄၄၂-၄၄၃)

Vol. 29 Ch. 442-443

Chapter 442

မြို့တော်တစ်ခုလုံး အကျပ်အတည်းနှင့် ရင်ဆိုင်ရခြင်း ၂

ဘိ-ဘိ-ဘိ-ဘိ

ယုဟန်၏ မျက်လုံးများသည် ထိတ်လန့်မှုဖြင့် ပြည့်နှက်နေသည်။ ထူးဆန်းသော အမြင်အာရုံများက သူ့ရှေ့၌ လှုပ်ရှားနေသည်။ သွေးနီရောင်လှိုင်းများက ကောင်းကင်ကို မွှေနှောက်နေကာ သူ၏ တုန်ယင်နေသော မျက်စိသူငယ်အိမ်များတွင် ရောင်ပြန်ဟပ်နေသည့် ကြောက်မက်ဖွယ်ပုံရိပ်—လေပွေအဖြစ် လည်ပတ်နေသော မုန်တိုင်းတိမ်များ ဝန်းရံထားသည့် ဖျော့တော့သော မျက်လုံးထောင်ပေါင်းများစွာမှ ဖွဲ့စည်းထားသော မျက်လုံးတစ်လုံးတည်းသာ ဖြစ်သည်။

သူသည် မျက်မှန်ကို ဆွဲချွတ်လိုက်ကာ မျက်လုံးများကို ပွတ်သပ်လိုက်ပြီး လေယာဉ်၏ တွက်ချက်မှု မော်ဂျူးကို နှိပ်ရန် ရုန်းကန်လိုက်သည်။

“လုပ်စမ်းပါ…”

သူသည် ထောက်လှမ်းကိရိယာမှ ဖတ်ရှုမှုများကို ဒေါသတကြီးဖြင့် refresh လုပ်နေသည်၊၊

ဘိ-ဘိ-ဘိ-ဘိ

ဘဇ်

“အသက်ဝင်ပြီ… သွေးကပ်ဘေးပန်းက တောက်ပလာပြီ”

ဝေ့ကီရှု၏ ဝမ်းသာအားရအသံက ဆက်သွယ်ရေးစနစ်မှတစ်ဆင့် ရုတ်တရက် ထွက်လာသည်၊၊

ဒင်…

ထိုအချိန်၌ အဆင့်မြင့်သန့်စင် ဂျာမေနီယမ် ထောက်လှမ်းကိရိယာသည်လည်း အစိမ်းရောင်တောက်ပလာသည်—ထောက်လှမ်းမှု အောင်မြင်သည်။

“ပါမောက္ခဝေ့… ထွက်—“

ဘန်းး

သူ စကားမဆုံးမီ ကြီးမားသော ထိတ်လန့်တုန်လှုပ်ဖွယ်လှိုင်းတစ်ခုက ရိုက်ခတ်လာသည်။ လေယာဉ်အတွင်းရှိ စနစ်အားလုံး အမှောင်ကျသွားသည်။ ယုဟန်သည် ပြင်းထန်သော အလေးချိန်ကင်းမဲ့မှုက သူ့ကို လွှမ်းမိုးသွားသည်ကို ခံစားလိုက်ရသည်။

ပြတင်းပေါက်မှ အပြင်ကို ကြည့်လိုက်ရာ သွေးလ၏ ရှေ့တွင် မှိန်ဖျော့သော ပေါက်ကွဲမှုတစ်ခုကို သူ မြင်လိုက်ရသည်—ဝေ့ကီရှု၏ လေယာဉ်….

“ပါမောက္ခဝေ့—”

ဝုန်း

သူ အော်ဟစ်နိုင်ခြင်း မရှိမီ မူးဝေခြင်းလှိုင်းတစ်ခုက သူ့ကို ရိုက်ခတ်လာသည်၊၊ ကမ္ဘာကြီးက ချာလပတ်လည်သွားသည်။ ထို့နောက် သတိပေးချက်များ ဆက်တိုက် ထွက်ပေါ်လာသည်–

【အမြင့်ပေ သတိပေးချက်။ အမြင့်ပေ သတိပေးချက်။】

【ပျံသန်းမှု ထိန်းချုပ်ခြင်းကို အသက်သွင်းနေပါသည်】

【ရှေ့တွင် တောင်တစ်ခု…. ရှေ့တွင် တောင်တစ်ခု】

【ဆွဲတင်ခြင်း ကျရှုံး… ဆွဲတင်ခြင်း ကျရှုံး】

ကြက်သေသေနေသော ယုဟန်သည် နောက်ဆုံးတွင် သတိပြန်ဝင်လာပြီး ထိန်းချုပ်မောင်းတံများကို ဆုပ်ကိုင်လိုက်သည်။

…

“အဲဒီကောင်က ကျုပ်တို့ အရင်က မြင်ဖူးတဲ့ မွန်းစတားမျိုးမဟုတ်ဘူး။ ပုံမှန် လက်နက်တွေက သူ့အပေါ်မှာ အလုပ်မလုပ်ဘူး… ပြီးတော့ ဧရိယာအဆင့် တိုက်ခိုက်တဲ့ ပုံစံတစ်မျိုးမျိုး ရှိပုံရတယ်”

ဓာတ်ခွဲခန်းအတွင်း၌ ယုဟန်သည် အရာအားလုံးကို အသေးစိတ် ပြန်လည်ပြောပြနေရင်း မျက်မှန်ကို ချွတ်လိုက်ကာ နဖူးကို ပွတ်သပ်လိုက်ပြီး သက်ပြင်းချလိုက်သည်။

“အဲဒီ အချိန်အခိုက်အတန့်မှာ စက်တွေအားလုံး ပျက်သွားတယ်။ ပြီးတော့ ကျုပ်စိတ်ထဲမှာ— ကြောက်မက်ဖွယ်ရာ တစ်ခုခုကို မြင်ခဲ့တယ်လို့ ထင်တယ်။ ဒါပေမဲ့ ခုနက သတ္တဝါမဟုတ်ဘူး… တစ်ခုခုထူးခြားနေတယ်… အဲ့အရာက ဆက်သွယ်ဖို့ ဒါမှမဟုတ် ကျုပ်တို့ကို လမ်းပြဖို့ ကြိုးစားနေတဲ့ တစ်ခုခုလို ခံစားရတယ်။ အဲဒီ ခံစားချက်က ရှုပ်ထွေးလွန်းတယ်”

ဟီကျန်း မျက်မှောင်ကြုတ်သွားသည်။

“ခင်ဗျား ဆိုလိုတာက... S-Class အဆင့် သတ္တဝါက တစ်ကောင်မက ရှိတယ်ပေါ့”

ကျိုးယုက အသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်၊၊

“အဆင့်တွေက အစဥ်လိုက်ရှိတယ်ဆိုရင်… အခြားတစ်ကောင်က S-Class အဆင့်ထက် ကျော်လွန်နေနိုင်တယ်”

လူတိုင်း ကျောရိုးထဲစိမ့်တတ်သွားသည်၊၊

“S-Class အဆင့် ဟုတ်သည်ဖြစ်စေ… မဟုတ်သည်ဖြစ်စေ… အဲဒါက ကြီးမားတဲ့ ခြိမ်းခြောက်မှုပဲ”

ကျိုးယု သက်ပြင်းချလိုက်သည်။ သူသည် ဟီကျန်းနှင့် ဝမ်ကျိုးကို ကြည့်လိုက်သည်။

“အခု မွန်းစတားဒီရေလှိုင်းက ဆုတ်ခွာသွားပြီဆိုတော့ ပြောင်းရွှေ့မှုကို အမြန်လေးလုပ်ကြရအောင်… ထိခိုက်မှု အစီရင်ခံစာတွေနဲ့ ထောက်ပံ့ရေးအစီအစဉ်တွေကို သွားနေရင်း ကိုင်တွယ်မယ်။ ရှောင်ဟယ်၊ ဟန်ကျွမ့်နဲ့ ချင်ရွှမ်မင်တို့ကို ဒီကို ခေါ်လာခဲ့… ခဲယမ်းမီးကျောက် စီမံခန့်ခွဲမှုကို ဆွေးနွေးဖို့ လိုတယ်”

“ဟုတ်ကဲ့”

“ခဏ”

လင်းရှန်က နောက်ဆုံး၌ စကားပြောလိုက်သည်။

“ဒါရိုက်တာကျိုး… ကျုပ်တို့ မနက်ဖြန် ရွှေ့ပြောင်းဖို့ စီစဉ်ထားတယ်ဆိုတာ သိပါတယ်။ ဒါပေမဲ့ မနေ့ကတည်းက ဖြစ်ခဲ့တဲ့ အရာအားလုံးက ထူးဆန်းနေတယ်လို့ ခင်ဗျား မထင်ဘူးလား”

“ကျုပ်လည်း အတူတူပဲ ခံစားရတယ်”

ရှီတိယွမ်က ပြောသည်။

“အဲဒီ S-Class အဆင့် မွန်းစတားက ပုန်းနေပြီး မတိုက်ခိုက်ခဲ့ဘူး… အဲဒါက သံသယဖြစ်စရာ မကောင်းဘူးလား”

“ဟုတ်တယ်” ဝမ်ကျိုးက ခေါင်းညိတ်ကာ ကျိုးယုကို ကြည့်လိုက်သည်။

“အဲဒါက တကယ်ပဲ ကင်းထောက်တစ်ကောင်ဖြစ်ပြီး အမှောင်သတ္တဝါတစ်ကောင်အတွက် သားကောင်ကို ရှာနေတယ်ဆိုရင် ဘာလို့ ဒီည မွန်းစတားဒီရေလှိုင်း ရှိနေတာလဲ…. မြို့ထဲက လူတိုင်း သေသွားရင် ဘာအဓိပ္ပာယ်ရှိတော့မှာလဲ”

“ဘာလို့လဲဆိုတော့ အဲဒါက တိုက်ခိုက်မှု မဟုတ်လို့ပဲ”

အမျိုးသမီးတစ်ဦး၏ အသံက ထွက်ပေါ်လာသည်။ လူတိုင်း လှည့်ကြည့်လိုက်ရာ ပါမောက္ခတင်းကျန်းရီက ရှေ့သို့ ထွက်လာသည်ကို တွေ့လိုက်ရသည်။

“ပါမောက္ခတင်း… အဲဒါက တိုက်ခိုက်မှု မဟုတ်ဘူးဆိုတာက ဘာကိုဆိုလိုတာလဲ” ကျိုးယု မျက်မှောင်ကြုတ်လိုက်သည်။

တင်းကျန်းရီက ယုဟန်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ဆက်ပြောလိုက်သည်–

“ပါမောက္ခဝေ့ ပြောတာ မှန်တယ်။ အဲဒီ မွန်းစတားက သွေးကပ်ဘေးပန်းအတွက် သီးသန့်လာတာ မဟုတ်ဘူး—အဲဒါကို သူတွေ့သွားတာက မတော်တဆပဲ… စီလန်မြို့တစ်ခုလုံးမှာ အမှောင်-အမှတ်သား မရှိရတဲ့ အကြောင်းရင်းက နှင်းတစ္ဆေနဲ့ နှင်းမွန်းစတားတွေ အားလုံးက အမှတ်သားထုတ်လွှတ်တာကို ရပ်လိုက်လို့ပဲ… S-Class အဆင့် သတ္တဝါတွေကပဲ အဆင့် ၅ အမှတ်အသားတွေကို ထုတ်လွှတ်နိုင်တယ်…. ပြီးတော့ အဲဒီသတ္တဝါက ကျွန်မတို့ အမှောင်-အမှတ်သားကို လေ့လာနေတယ်ဆိုတာ အာရုံခံမိသွားပုံရတယ်… အဲဒါကြောင့် မြို့ပြင်က လင်းယုန်ကင်းလှည့်အဖွဲ့ကို အမှတ်အသားလုပ်ခဲ့တာပဲ… အဲဒါက ဒီညရဲ့ တိုက်ခိုက်မှုကို ဖြစ်ပေါ်စေခဲ့တယ်”

ဟီကျန်း ရှုပ်ထွေးသွားသည်။

“ခင်ဗျားပဲ ခုနက အဲဒါ တိုက်ခိုက်မှုမဟုတ်ဘူးလို့ ပြောခဲ့တာ မဟုတ်ဘူးလား”

တင်းကျန်းရီက သွေးကပ်ဘေးပန်းကို ကြည့်လိုက်သည်။

“အခု ကောင်းကင်ပေါ်ကလွဲလို့ ထူးဆန်းတဲ့သတ္တဝါ တခြားဘယ်အကောင်မှ အမှတ်အသား မထုတ်လွှတ်ဘူး။ အဲဒီ မွန်းစတားက စီလန်မြို့ကို စောင့်ကြည့်နေတယ်… အဲဒါ အစောပိုင်းက အမှတ်အသား မလုပ်ရတဲ့ အကြောင်းရင်းက မြို့ကို လုံခြုံနေအောင် ထားဖို့ပဲ—ဒါမှ လူတွေ ပိုပြီး စုဝေးလာလိမ့်မယ်”

သူမ၏ မျက်လုံးများ စူးရှလာသည်။

“ဘာလို့လဲဆိုတော့ စီလန်မှာ ခိုင်မာတဲ့ ခံစစ်တွေ ရှိတယ်… ဒါက ထိခိုက်မှုကို လျှော့ချဖို့ ဖြစ်နိုင်တယ်… ဒါမှမဟုတ် ရှုပ်ထွေးမှုနဲ့ ကြောက်ရွံ့မှုကို ပျံ့နှံ့စေချင်ရုံသက်သက်ဖြစ်နိုင်တယ်။ ဒါကြောင့် ဒီညက တိုက်ခိုက်မှု မဟုတ်ဘူး—အဲဒါက ဖိအားပေးပြီး မြို့ကိုစွန့်ပြီး ပြောင်းရွှေ့စေချင်နေတာပဲ”

“ဒါပေမဲ့ ကျွန်မတို့က မနက်ဖြန် ပြောင်းရွှေ့ဖို့ စီစဉ်ထားတာလေ”

အမျိုးသမီး သုတေသီတစ်ဦးက အော်လိုက်သည်။

“ဟုတ်တယ်… အခု ငါတို့ စောစော ထွက်ခွာမယ်—ပြီးတော့ ဝင်ရိုးစွန်းညနဲ့ တွင်းနက်ဇုန် နံပါတ် ၅ ရဲ့ လွှမ်းမိုးမှုကနေ လွတ်မြောက်နိုင်တော့မယ်… အဲဒါက ပိုကောင်းတာ မဟုတ်ဘူးလား”

အခန်းတွင်း၌ မရေရာသော ဆွေးနွေးသံများဖြင့် ဆူညံသွားသည်။

ထို့နောက် လင်းရှန် ရှေ့သို့ တိုးလာသည်။

“ကျုပ်တို့ မထွက်ခွာခင် အဆင့် ၅ အမှတ်အသားတွေနဲ့ မြို့တစ်ခုလုံးကို အမှတ်အသားလုပ်လိုက်ရင်ကော”

တိတ်ဆိတ်သွားကာ လူတိုင်း တင်းမာသွားကြသည်၊၊

ဟီကျန်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူသည် လင်းယုန်အဖွဲ့၏ ကံကြမ္မာကို သတိရသွားသည်။

“ခင်ဗျား ဆိုလိုတာက...”

လင်းရှန်က ကျိုးယုဆီသို့ လှည့်လိုက်သည်။

“ဒါရိုက်တာကျိုး… ကျုပ် အကြံပြုချင်တာက မြို့ထဲက ယာဉ်တန်းခေါင်းဆောင်တိုင်းကို ခေါ်ပြီး သူတို့ရဲ့ အမှတ်အသား အခြေအနေကို စစ်ဆေးဖို့ပဲ…. ကျုပ် သွေးကပ်ဘေးပန်းကို သယ်လာရင်း ကျုပ်ရဲ့ လူတွေကို စစ်ဆေးခဲ့ပြီးပါပြီ—လူတိုင်း အဆင့် ၅ အမှတ်အသား ရထားတယ်။ အဲဒါက ကျုပ်တို့ အစောပိုင်းက ကောင်းကင်မှာ ကြားခဲ့ရတဲ့ အသံကြီးနဲ့ တစ်ခုခုဆက်စပ်နေတယ်လို့ ထင်တယ်။ အဲ့လိုဆိုရင် မွန်းစတားဒီရေက ဘာလို့ ဆုတ်ခွာသွားရတယ်ဆိုတဲ့ ပါမောက္ခတင်းရဲ့ သီအိုရီကို ထောက်ခံနိုင်မှာပါ”

ကျိုးယုသည် လင်းရှန်ကို ခဏတာမျှ တိတ်ဆိတ်စွာ စူးစိုက်ကြည့်သည်။ ထို့နောက် ခိုင်မာစွာဖြင့် သူ ပြောလိုက်သည်– “ကောင်းပြီ၊ ခင်ဗျား နည်းလမ်းအတိုင်း လုပ်မယ်။ ဝမ်ကျိုး… ငါတို့ မီရှဲလ် ဘုရားရှိခိုးကျောင်းကို နေရာပြောင်းမယ်… ယာဉ်တန်းခေါင်းဆောင်တွေကို စုစည်းလိုက်—ဘာကြောင့်ဆိုတာကိုတော့ မပြောပါနဲ့ဦး…. သီးခြား စမ်းသပ်မှုတွေ လုပ်ပါ… ငါတို့ အတည်ပြုပြီးတာနဲ့ ဆုံးဖြတ်ချက်ချမယ်”

“ဟီကျန်း… မင်းက ထိခိုက်မှု အစီရင်ခံစာတွေ တင်ပြီး ခံစစ်လိုင်းကို အထောက်ပံ့ပေး…. ငါတို့ စွန့်ခွာမှုကို အတည်ပြုတဲ့အထိ နယ်နိမိတ်ကို ထိန်းထား”

“နားလည်ပါပြီ” ဟီကျန်းက ခေါင်းညိတ်လိုက်သည်။

Chapter 443

မြို့တော်တစ်ခုလုံး အကျပ်အတည်းနှင့် ရင်ဆိုင်ရခြင်း ၃

ကျိုးယုသည် အချိန်ကို စစ်ဆေးလိုက်ပြီးနောက် လူတိုင်းကို ပြောလိုက်သည်။

“အချိန်မရှိတော့ဘူး… အခုပဲ သွားကြပါ။ ကျုပ်တို့ မနက်မိုးလင်းတဲ့အထိ စောင့်နေရင် အရမ်းနောက်ကျသွားလိမ့်မယ်။ ကျုပ်တို့ နံနက် ၅ နာရီမတိုင်ခင် ပြောင်းရွှေ့အစီအစဉ်ကို အကောင်အထည်ဖော်မယ်”

“ကောင်းပါပြီ”

အမှောင်ညတိုက်ပွဲသည် ယခုမှ ပြီးဆုံးသွားခဲ့ပြီး… လူများသည် အသက်ရှူရန် အချိန်တောင် မရသေးပေ—သူတို့သည် ၎င်းတို့ကိုယ်တိုင် ပို၍ကြီးမားသော အကျပ်အတည်းထဲသို့ ရောက်ရှိနေသည်ကို တွေ့လိုက်ရသည်။ ကြီးမားသောအကြောက်တရားသည် စီလန်မြို့တစ်ခုလုံးကို မွန်းကျပ်စေသော မြူခိုးကဲ့သို့ ပျံ့နှံ့သွားသည်။

ဝှူး ဝှူး ဝှူး—

နံနက် ၄:၀၀၊၊

မီရှဲလ် ဘုရားရှိခိုးကျောင်း ရင်ပြင်တွင် လှုပ်ရှားမှုများ ပြည့်နှက်နေသည်။ အသက်ရှင်ကျန်ရစ်သူ အဖွဲ့များမှ ယာဉ်တန်းခေါင်းဆောင် အများအပြားကို အရေးတကြီး ခေါ်ယူထားသည်။ ရင်ပြင်တစ်ခုလုံး တိုက်ပွဲကြောင့် ပျက်စီးနေသည်၊၊ ညလမ်းလျှောက်လှမ်းသူများက ယာယီရှင်းလင်းထားသော မွန်းစတားအလောင်းများ စုပုံနေသော်လည်း လေထုကို လွှမ်းခြုံနေသော သွေးနံ့နှင့် အပုပ်နံ့များသည် ရှိနေဆဲဖြစ်ရာ လူများကို ခေါင်းများ လေးလံစေလေသည်။ ရင်ပြင်၌ တောက်ပသော မီးများအောက်တွင် တင်းကျန်းရီနှင့် သူမ၏ သုတေသနအဖွဲ့သည် ပတ်ပတ်လည်တွင် ပျံ့နှံ့နေပြီး ယာဉ်တန်းခေါင်းဆောင်တစ်ဦးချင်းစီအပေါ် အမှတ်အသား စမ်းသပ်မှုများ ပြုလုပ်နေကြသည်။

“ဘာတွေ ဖြစ်နေတာလဲ”

“မသိဘူး... ပူးပေါင်းလိုက်ရုံပဲ”

“သူတို့က ထူးဆန်းတဲ့ သတ္တဝါတွေရဲ့ တိုက်ခိုက်မှု ပုံစံကို ဖော်ထုတ်နိုင်ပြီလို့ ပြောတယ်—အဲဒါကို အမှောင်-အမှတ်သားလို့ ခေါ်တယ်။ အဲဒါနဲ့ မှတ်သားခံရတဲ့သူတိုင်း ညဘက်မှာ မွန်းစတားတွေကို ဆွဲဆောင်နိုင်တယ်”

“ဟမ်…အဲ့တာက ဘယ်လိုကြီးလဲ...”

“ဒီတော့ သူတို့က ငါတို့ကို အခု စစ်ဆေးနေတယ်ဆိုရင် နောက်ထပ် တိုက်ခိုက်မှု လာတော့မှာလား”

“ငါတို့ ယာဉ်တန်းက ထိခိုက်မှုတွေကိုတောင် စစ်ဆေးလို့ မပြီးသေးဘူး”

“ဖီးနစ်က ငါတို့ကို ခဲယမ်းမီးကျောက်နဲ့ ထောက်ပံ့ရေးပစ္စည်းတွေ ပေးနေတာဟ… ကောင်းလိုက်တာ...”

“ငါတို့က မြို့ကို စွန့်ခွာတော့မှာလား”

ရင်ပြင်၏ အစွန်တွင် ကျိုးဝူ၊ ဖုန်းဖုန်းနှင့် ကျန်သော ညလမ်းလျှောက်လှမ်းသူများ၏ စာပို့အဖွဲ့သည် ထောင့်တွင် ရပ်နေပြီး ရှုပ်ထွေးသော အမူအရာများဖြင့် စောင့်ကြည့်နေကြသည်။

“လူတွေ အများကြီး မှတ်သားခံရပြီး... ငါတို့ စွန့်ခွာရေး အစီအစဉ် ပျက်သွားပြီ ထင်တယ်” ဖုန်းဖုန်းက လက်ပိုက်လျက် ပြောသည်။

တစ်ညလုံး တိုက်ခိုက်ခဲ့သော ကျိုးဝူ၏အမူယာသည် လေးနက်နေသည်။ “ဘယ်သူသိနိုင်မလဲ… ပိုကောင်းလာဖို့ပဲ မျှော်လင့်ရတာပေါ့”

ဘဇ် ဘဇ်—

ထိုအချိန်၌ ၎င်းတို့၏ ဆက်သွယ်ရေးကိရိယာ လင်းလက်လာသည်။ ကျိုးဝူသည် သူ၏ နောက်ဘက်သို့ လက်ဝှေ့ယမ်းလိုက်သည်။

“သွားကြစို့… သူတို့ ငါတို့ကို ဝင်လာခိုင်းနေပြီ”

၀၄:၃၅၊၊

ဘုရားရှိခိုးကျောင်း၏ ခန်းမရှိ ယာယီကွပ်ကဲရေးဌာနချုပ်အတွင်း လူအများအပြား စုရုံးနေကြသည်။

ဆွေးနွေးမှုကို ဦးဆောင်နေသူများမှာ ဖီးနစ်အကြီးအကဲများဖြစ်သော ကျိုးယုနှင့် ဟီကျန်း၊ သုတေသီများဖြစ်သော အဘိုးကြီးကောင်း၊ ယုဟန်၊ ညလမ်းလျှောက်လှမ်းသူများ၊ ယာဉ်တန်းခေါင်းဆောင်များ၊ ကြက်သွေးရောင် ဖီးနစ်တံဆိပ်ပိုင်ရှင်များဖြစ်သော လင်းရှန်၊ ရှီတိယွမ်၊ ချီလီ၊ ဟန်ကျွမ့်၊ ချင်ရွှမ်မင်၊ ကျန်းထျန်းဖန်း၊ ချန်ရှောင်နှင့် အခြားသူများ ပါဝင်သည်။

“စကင်ဖတ်ထားတဲ့ ရလဒ်တွေ ထွက်လာပြီ။ မြို့ထဲက ယာဉ်တန်း ၁,၂၃၆ ခုထဲမှာ ယာဉ်တန်းခေါင်းဆောင် ၇၈၆ ဦးက အဆင့် ၅ အမှောင်-အမှတ်သားကို ရထားတယ်” ရှောင်ဟယ်က တည်ကြည်သော မျက်နှာဖြင့် သတင်းပို့သည်။

“ဘာလို့ လူတိုင်း မဟုတ်ရတာလဲ” ဟီကျန်းက ရှုပ်ထွေးစွာ မေးသည်။

“ဒီ မွန်းစတားတွေက ရွေးချယ်တတ်တာလား”

“ကျွန်မ ထင်တာက ကပ္ပတိန်ယုနဲ့ ပါမောက္ခဝေ့ရဲ့ လှုပ်ရှားမှုက သတ္တဝါကို အနှောင့်အယှက်ပေးခဲ့ပုံရတယ်” တင်းကျန်းရီ ပြောသည်။

“အဲဒါကြောင့် အချို့က အမှတ်သားမရခဲ့တာ—ပြီးတော့ မွန်းစတားတွေ အစောကြီး ဆုတ်ခွာသွားရတာကြောင့် ဖြစ်နိုင်တယ်”

“၆၄%...” ကျိုးယုက မျက်မှောင်ကြုတ်လျက် ရေရွတ်သည်။

“ဒါက ကောင်းတာလား… ဆိုးတာလား… မပြောတတ်ဘူး”

သူသည် မော့ကြည့်လိုက်ပြီး ခန်းမကို လှည့်ပတ်ကြည့်လိုက်သည်။

“ခင်ဗျားတို့ အားလုံးက အကျဉ်းချုပ်ကို နားလည်ပြီလို့ထင်တယ်… ခင်ဗျားတို့ရဲ့ ထင်မြင်ချက်တွေကို အခု ပြောကြပါ”

“ကျွန်တော်တို့ ချက်ချင်း စွန့်ခွာရမယ်”

စကြဝဠာယာဥ်တန်းမှ ချင်ရွှမ်မင်က ပြောသည်။ သူ့၏တစ်ကိုယ်လုံးတွင် ပြင်းထန်သောတိုက်ပွဲမှ သွေးများနှင့် စွန်းထင်းနေလေသည်၊၊

“S-Class အဆင့် သတ္တဝါကို ကျုပ်တို့က အနိုင်ယူပြီး ရှင်သန်နိုင်မယ်လို့ ထင်ကြတာလား”

“ကျုပ်တို့လည်း ဒီအတိုင်းပဲတွေးတယ်… ဘာဆွေးနွေးစရာ ရှိသေးလို့လဲ” အလင်းမဟာမိတ်မှ ချန်ရှောင်က စိတ်ပျက်လက်ပျက်အမူယာဖြင့် ဝင်ပြောလိုက်သည်၊၊

“သုတေသနအဖွဲ့ ပြောတာကိုရော ခင်ဗျားတို့ မကြားလိုက်ဘူးလား… အဆင့် ၅ အမှတ်အသားကို ရထားတဲ့သူတိုင်း အပြင်ဘက်မှာ သေဆုံးဖို့ သေချာနေပြီ” ကျန်းထျန်းဖန်းက ပြောသည်။

“ဒီတော့ ဘာလဲ… ကျုပ်တို့က S-Class အဆင့်ကို သတ်မလို့လား”

ချင်ရွှမ်မင်က အသံမြှင့်လိုက်သည်။

“ဒါမှမဟုတ် ပိုဆိုးတဲ့ တစ်ခုခုလား… ကျုပ်တို့ချည်းပဲလား”

Arctic Wind မာမိတ်အဖွဲ့မှ ဟန်ကျွမ့်သည် တည်ငြိမ်နေပြီး လင်းရှန်ဘက်သို့ လှည့်လိုက်သည်။

“ကပ္ပတိန်လင်း… ခင်ဗျားရဲ့ အနန္တယာဉ်တန်းက အမှောင်-အမှတ်သားနဲ့ ပတ်သက်ပြီး အတွေ့အကြုံအများဆုံးရှိတယ်။ နှင်းတစ္ဆေနဲ့ နှင်းမွန်းစတားတွေကို အတိုင်းတာတစ်ခုအထိ သတ်ဖြတ်ခြင်းက အမှတ်အသားရဲ့ ပြင်းအားကို လျှော့ချနိုင်မလား—ဒါမှမဟုတ် ကျုပ်တို့ကို ငြိမ်သက်တဲ့ အခြေအနေထဲ ဝင်စေနိုင်မလား”

ဟီကျန်းလည်း ခေါင်းညိတ်လိုက်သည်။

“အတိအကျပဲ… အမှတ်အသားကို ဖယ်ရှားလို့ မရတာ မဟုတ်ဘူး… နည်းလမ်းရှိရင် S-Class အဆင့် သတ္တဝါကို သတ်ဖို့ မလိုလောက်ဘူး”

လူများစွာက သဘောတူ ခေါင်းညိတ်ကြသော်လည်း ကျိုးယုက တုံ့ပြန်ခြင်းမရှိပေ။ ထိုအစား သူသည် သုတေသနအဖွဲ့—ယုဟန်၊ တင်းကျန်းရီနှင့် လင်းရှန်တို့ကို ကြည့်လိုက်သည်။

“ခင်ဗျားတို့ရဲ့ အတွေးက…”

“ကျုပ် ထင်တာတော့... အဲဒါက ဒီလောက် ရိုးရှင်းမှာ မဟုတ်ဘူး” ယုဟန်က တုံ့ဆိုင်းစွာ ပြောသည်။

တင်းကျန်းရီလည်း ခေါင်းညိတ်လိုက်သည်။

“စဉ်းစားကြည့်ပါ—အဲဒီ မွန်းစတားက ကျွန်မတို့ကို အမှတ်အသားလုပ်ပြီးတာနဲ့ ဘာလို့ ချက်ချင်း ဆုတ်ခွာသွားတာလဲ”

“နေဦး… သေစမ်း...” ချင်ရွှမ်မင် ကြောင်အသွားပုံရသည်။

“အဲဒါက ရှုပ်ထွေးနေတယ်”

ဟန်ကျွမ့်၏ မျက်နှာ မှောင်မိုက်သွားသည်။ အခုကြည့်ရတာ—စီလန်မြို့ကို စောင့်ကြည့်နေတဲ့ သတ္တဝါက ဉာဏ်ကောင်းပြီး အရာအားလုံးကို ကြိုတင်စီစဉ်ထားသလို ခံစားရသည်။

ထိုသတ္တဝါ၏ လှုပ်ရှားမှုများကို ပြန်စဥ်းစားကြည့်လျှင်-

အမှတ်အသားများကို ဖယ်ရှားခြင်း… အသက်ရှင်ကျန်သူ အရေအတွက် တိုးမြှင့်စေခြင်း… လူတိုင်းကို မှားယွင်းသည့်လုံခြုံမှု ခံစားချက်ထဲ နှစ်မြှုပ်စေပြီးမှ… မြို့ကို ရုတ်တရက် တိုက်ခိုက်ကာ ကြောက်ရွံ့မှု ပျံ့နှံ့စေခြင်း… လူတိုင်းကို အစုလိုက်အပြုံလိုက် စွန့်ခွာမှုကို အတင်းအကျပ် တွန်းအားပေးခြင်း….

သို့သော် သူတို့ ယခု စွန့်ခွာပြီး ရွှေ့ပြောင်းပါက အဆင့် ၅ အမှတ်အသားပါသူများသည် ချွမ်းချန်ကို ရောက်မည် မဟုတ်ပေ။ ဆက်နေရင်လည်း သေခြင်းပဲ ရှိလေသည်—ကောင်းကင်အပေါ်က ကျယ်လောင်သောအသံကို ထုတ်လွှတ်သည့် သတ္တဝါနဲ့ အမည်မသိ ကြောက်မက်ဖွယ်ရာတစ်ခု…

သူတို့ရဲ့ ရှေ့မှာ ရှိနေသည်က... မြို့တစ်ခုလုံးကို ခြိမ်းခြောက်နေတဲ့ သေမင်းထောင်ချောက်သာဖြစ်သည်။

လူတိုင်း ကျောရိုးတစ်လျှောက် အေးစက်မှုကို ခံစားလိုက်ရသည်။

“ညီလေးလင်း” ရှီတိယွမ်က လင်းရှန်အနားသို့ ကပ်ပြောလိုက်သည်။

“အခု ဘယ်လိုလုပ်မလဲ… ငါတို့ ဒုက္ခရောက်နေပြီလား”

လင်းရှန်၏ မျက်လုံးများ မှောင်မိုက်နေသည်။ သူ အရင်က မကြုံခဲ့ဖူးသည့် ကြောက်ရွံ့မှု—အမှောင်ထုက အမဲလိုက်နေသည့် ကြောက်ရွံ့မှုကို သူ ခံစားလိုက်ရသည်။

“သေစမ်း... ဒီသတ္တဝါတွေက ငါတို့ကို ဖက်ထုပ်လို စားဖို့ အမှန်တကယ်ပဲ စီစဉ်ထားတာပဲ” ချီလီက သူ၏ သားမွေးကုတ်ကို ပွတ်သပ်ရင်း သက်ပြင်းချသည်။

“ဂရုမစိုက်တော့ဘူး… ငါ အရက်အဝသောက်ပြီးရင် အသေပြန်တိုက်ခိုက်မယ်”

လင်းရှန်လည်း ချီလီကို ကြည့်လိုက်ပြီး မျက်နှာအမူယာ ပြောင်းလဲသွားသည်။

“ခင်ဗျား ပြောတာ မှန်တယ်… တိုက်တာက ကျုပ်တို့ရဲ့ တစ်ခုတည်းသော အခွင့်အရေး ဖြစ်နိုင်တယ်”

လူတိုင်း မျှော်လင့်ချက်ကင်းမဲ့နေစဉ် လင်းရှန်သည် ရုတ်တရက် သူ၏ အသံကို မြှင့်လိုက်သည်။

“ကျုပ်တို့ တိုက်ခိုက်ရင် အခွင့်အရေး ရှိနိုင်သေးတယ်”

လူတိုင်း သူ့ဆီသို့ လှည့်လာသည်။

ချီလီက ခေါင်းငုံ့ကာ ရေရွတ်လိုက်သည်။

“အမ်—ငါ ဆိုလိုတာက ထွက်ပြီး တိုက်တာကိုပြောတာ… အစီစဥ်ချမယ်လို့ ပြောတာ မဟုတ်ဘူး”

ကျိုးယုက လင်းရှန်ကို ကြည့်လိုက်သည်။

“ခင်ဗျား စိတ်ထဲရှိတာကို ပြောပါ”

လင်းရှန်၏ ခေါင်းထဲတွင် ရူးသွပ်သော အကြံတစ်ခု ဆူပွက်နေသည်၊ သူ ထိန်းချုပ်နိုင်ခြင်း မရှိတော့ပဲ အသက်ရှူသံ မြန်လာကာ ပြောလိုက်သည်–

“ဒီလိုဖြစ်မယ်ဆိုရင်ကော... မနက်ဖြန် မပြောင်းရွှေ့ဘူး”

All Chapters