အခန်း (၄၅၀-၄၅၁)
Vol. 29 Ch. 450-451
Chapter 450
မြို့ခံတပ်စီမံကိန်း ၄
[ Black Hwak အသံတိတ်မုဆိုးဝတ်စုံကို စတင်သည်။ စနစ်စစ်ဆေးမှုများ လုပ်ဆောင်နေသည်]
စနစ်၏ ရေခဲကဲ့သို့ အေးစက်သော အမျိုးသမီးအသံက ပဲ့တင်ထပ်လာပြီး သူမ၏ မျက်နှာဖုံးပေါ်ရှိ စနစ်မြင်ကွင်းတွင် အခြေအနေဘားများ—ရွေ့လျားမှု၊ ကာကွယ်ရေး၊ ရေဒါ၊ အခြေအနေအထောက်ပံံ့၊ အသက်ကယ်ပံ့ပိုးမှု—တို့သည် အဆင့်လိုက်အသက်ဝင်လာသည်။ စွမ်းအားဝတ်စုံ၏ အစိတ်အပိုင်းများသည် တင်းကျပ်သွားပြီး အံဝင်ခွင်ကျဖြစ်သွားသည်။
[စစ်ဆေးမှု ပြီးဆုံးသည်။ အစိတ်အပိုင်းများစွာပါဝင်သော ကိုယ်ထည်ချပ်ကာဝတ်စုံသည် အသုံးပြုသူ၏ အရေးပါသောအချက်အလက်များနှင့် ချိတ်ဆက်နေသည်။ ပြင်ပဝတ်စုံ ဖွဲ့စည်းပုံကို ချိန်ညှိနေသည်]
[ချိန်ညှိမှု ပြီးဆုံးသည်၊၊]
အသံသည် သူမပတ်ပတ်လည်တွင် ပဲ့တင်ထပ်နေပြီး ဒေတာစီးကြောင်းများသည် သူမ၏ မြင်ကွင်းကို လွှမ်းမိုးထားသည်။ စွမ်းအားဝတ်စုံသည် အားကောင်းသော်လည်း ချောမွေ့သည်ဟု ခံစားရပြီး သူမ ယခင်က ဝတ်ဆင်ခဲ့ဖူးသည့် မည်သည့်အရာထက်မဆို ပို၍ပင် ခွန်အားနှင့် သွက်လက်မှုကို ပေးသည်။
ကလန်။ ကလန်။
ချန်ဆီရွှမ်သည် အခန်းမှ ထွက်လာရာ ချောမွေ့သော ကိုယ်လုံးပြည့် အနက်ရောင်စွမ်းအားဝတ်စုံကို ဝတ်ဆင်ထားသည်။ သူမ၏ မျက်နှာကာ ဟိုလိုဂရပ်ဖစ် အာရုံခံကိရိယာသည် အပြာရောင်တောက်ပနေသည်။
Panel များစွာပါဝင်သော ဝတ်စုံသည် သူမ၏ ပုံသဏ္ဌာန်ကို ပြီးပြည့်စုံစွာ ဖော်ပြထားသည်—သူမသည် ကြယ်စင်တန်းများမှ ဆင်းသက်လာသော စက်ရုပ်နတ်သမီးကဲ့သို့ ဖြစ်နေသည်။
လင်းရှန် အံ့သြတုန်လှုပ်သွားသည်။ ဤမြင်ကွင်းက သူ၏ ယန္တရားနှလုံးသားအတွင်း နက်ရှိုင်းစွာ တစ်စုံတစ်ရာကို လှုံ့ဆော်လိုက်သည်—၎င်းသည် သူ တည်ဆောက်ရန် အိပ်မက်မက်ခဲ့သော အနာဂတ်ဖြစ်သည်။
“ဆရာမချန်”
“အိုး”
“မင်းက အရမ်းလှတယ်”
သူသည် အနမ်းပေးရန် ရွေ့လိုက်သည်—သို့သော် ဦးထုပ်၏ မျက်နှာကာသည် သူ့ကို ပိတ်ဆို့ရန် အလိုအလျောက် မြင့်တက်လာသည်။ လင်းရှန် ခဏရပ်သွားပြီး ကိုးရိုးကားရား ရယ်မောကာ သက်ပြင်းချသည်။
“ငါက အန္တရာယ်ရှိတဲ့ မစ်ရှင်ကို သွားရတော့မယ်… မင်း ငါ့ကို အနမ်းလေးတောင် ခွင့်မပြုဘူးလား”
“အမ်… မဟုတ်ပါဘူး...” ချန်ဆီရွှမ်သည် ဝတ်စုံကို ထိန်းချုပ်ရာတွင် လမ်းပျောက်နေသည်။
“ကျွန်မ ဒါကို ဘယ်လိုသုံးရမှန်း မသိသေးလို့ပါ...”
“စိတ်မပူပါနဲ့။ ငါ ပြန်လာတဲ့အခါ ငါရအောင် နမ်းမယ်” လင်းရှန်က ပြုံးသည်။
“ငါ စောစောသွားပြီး… စောစော ပြန်လာခဲ့မယ်”
“ဟေး...”
ချန်ဆီရွှမ်သည် သူ လျှောက်သွားသည်ကို ကြည့်နေပြီး နှလုံးသား တင်းကျပ်လာသည်။
“လင်းရှန်—ရှင် ဘာမှမဖြစ်ပဲ ပြန်လာရမယ်နော်။ ရှင်ဒဏ်ရာရတာ ဒါမှမဟုတ်—ဒါမှမဟုတ် လုံးဝ မပြန်လာတာမျိုး လုပ်ရဲကြည့် ...”
သူမသည် ဆက်သွယ်ရေးစနစ်ထဲသို့ စိတ်ခံစားမှုအပြည့်ဖြင့် အော်ပြောလိုက်သည်။
“ကျွန်မ ရှင့်ရဲ့ အမှတ်တွေကို လျှော့လိုက်မှာနော်...”
လင်းရှန် ခြေလှမ်းအနည်းငယ်သာ လှမ်းရသေးချိန်တွင် ထိုစကားလုံးများကို ကြားလိုက်ရပြီး တုန်လှုပ်မှုကြောင့် လဲကျလုနီးပါး ဖြစ်သွားသည်။
“မပူပါနဲ့” သူ ပြန်လှည့်ကာ ပြုံးသည်။
“ငါ သေချာပေါက် ပြန်လာမှာပါ။ ငါတို့ စက်တင်ဘာလရဲ့ အရုဏ်ဦးကို မြင်ရလိမ့်မယ်”
ဟူး...ဟူး
အေးခဲနေသော လေသည် တိုက်ခတ်နေသော်လည်း လင်းရှန်သည် ကီကီ၏ စိတ်စွမ်းအင်ကာကွယ်မှု အတွင်းတွင် ရှိနေသည်။ အဆုံးမဲ့ ဆီးနှင်းမုန်တိုင်းက အောက်ရှိ မြို့ကို မြင်နိုင်ရန် မဖြစ်နိုင်သလောက် ဖြစ်စေသည်။
သူသည် ကီကီကို အင်ပါယာပရောဂျက်အဖွဲ့ စောင့်ဆိုင်းနေသော လေဆိပ်သို့ ခေါ်သွားရန် တောင်းဆိုခဲ့သည်။ အချိန်ကုန်သက်သာစေရန်အတွက် ပြန်လည်စတင်ရေးအဖွဲ့သည် ဒရာကာမာ ရေခဲချောက်သို့ လေယာဉ်ဖြင့် တိုက်ရိုက်သွားမည့် အန္တရာယ်ရှိသော လမ်းကြောင်းကို ရွေးချယ်မည်ဖြစ်သည်။
လမ်းတစ်လျှောက်လုံးတွင် ကီကီသည် ဘာမှမပြောပေ။ လင်းရှန် လှမ်းကြည့်လိုက်ရာ သူမ၏ မျက်နှာသည် ရေခဲကဲ့သို့ အေးစက်နေသည်ကို သတိပြုမိသည်—သူမက စိတ်အခြေနေမကောင်းပုံရသည်၊၊
“ဘာဖြစ်လို့လဲ” လင်းရှန်က မေးလိုက်သည်။
“ကျွန်မကို ဘာလို့ ဒရာကာမာ ရေခဲချောက်ကို မခေါ်သွားတာလဲ” ကီကီက လေသံပြတ်ဖြင့် ပြန်ပြောသည်။
ပုံမှန်ဆိုလျှင် လင်းရှန်သည် မစ်ရှင်များသွားလျှင် သူမကို အမြဲခေါ်ဆောင်သွားလေ့ရှိသည်။ သူတို့သည် ပြီးပြည့်စုံစွာ ပူးပေါင်းလုပ်ဆောင်နိုင်သည်၊၊ သို့သော် ဤတစ်ကြိမ်တွင်မူ သူ မခေါ်ခဲ့ပေ။
အမှန်တကယ်တွင် လင်းရှန်သည် သူမကို ခေါ်ဆောင်ရန် စဉ်းစားခဲ့သော်လည်း… နောက်ဆုံးတွင် သူမကို ထားခဲ့ရန် ဆုံးဖြတ်ခဲ့သည်။
အဓိကအကြောင်းရင်းမှာ- နှင်းလွင်ပြင်မှ သတ္တဝါအားလုံးနီးပါးသည် စီလန်မြို့ပတ်လည်တွင် စုဝေးနေပြီဟု သူ သံသယရှိသည်။ မြို့သည် ၎င်းတို့၏ နောက်ဆုံးပစ်မှတ်ဖြစ်နေပုံရသည်— S-Class အဆင့် ကင်းထောက်ပင်လျှင် ၎င်း၏ သားကောင်ကို စောင့်ကြည့်နေပြီး ပို၍ ကြီးမြတ်သောအရာကို ခစားနေပုံရသည်၊၊
ထိုအခြေအနေတွင် ဒရာကာမာသို့ တစ်ယောက်တည်း ဦးတည်သွားခြင်းသည် တကယ်တမ်းတွင် ဖိအားနည်းနိုင်သည်။ လင်းရှန်က ထိုသို့သာ မျှော်လင့်ထားသည်။ ၎င်းသည် ပြန်လည်စတင်ရေး စီမံကိန်းနှင့် ကျိုးဝူ၏ စာပို့မစ်ရှင် နှစ်ခုလုံးအတွက် အကျိုးရှိစေလိမ့်မည်။
နောက်ထပ် အကြောင်းရင်းတစ်ခုမှာ အမဲလိုက်အဖွဲ့ဖြစ်သည်။ ကီကီသည် အမြင့်ဆုံး စွမ်းရည်အညွှန်းကိန်းရှိသော ရှင်သန်သူများထဲတွင် ထိပ်ဆုံးသုံးယောက်ထဲ၌ တစ်ယောက်အဖြစ် အဆင့်သတ်မှတ်ခံရသည်။ သူမနှင့် လင်းရှန် နှစ်ဦးလုံး ထွက်ခွာသွားပါက အဖွဲ့အပေါ် ဖိအားသည် သိသိသာသာ မြင့်တက်လာလိမ့်မည်။
အစစ်အမှန် ခြိမ်းခြောက်မှုသည် အရင်ထဲက စီလန်မြို့အပေါ်တွင် ရှိနေသည်။ ပြီးတော့ ကီကီသည် သူမ၏ စိတ်စွမ်းရည်များဖြင့် အားကောင်းရုံသာမက—ကာကွယ်ရေး၊ ပံ့ပိုးမှုနှင့် ရွေ့လျားမှုတို့တွင်ပါ ထူးချွန်သည်။ သူမ၏ ရှိနေခြင်းသည် မီးတောက်၏ စွမ်းဆောင်ရည်ကို အလွန်အမင်း မြှင့်တင်ပေးနိုင်ပြီး ရှုချင်း၊ လုချန်နှင့် မြောက်မြို့ရိုးအနီးရှိ အနန္တရထားအဖွဲ့ကို ကာကွယ်ရန် ကူညီနိုင်သည်။
အရာအားလုံးကို ထည့်သွင်းစဉ်းစားပြီးနောက် လင်းရှန်က သူမကို ထားခဲ့ရန် ဆုံးဖြတ်ခဲ့သည်။ ယူနစ် ၀၁ ကို ပြုပြင်ရန် မည်မျှကြာမည်ကို သူ မသိပေ။ ထိုအတောအတွင်း မြို့ကျသွားခဲ့လျှင် သူ ပြုပြင်နိုင်ခဲ့သည်ဖြစ်စေ… မပြုပြင်နိုင်ခဲ့သည်ဖြစ်စေ အရေးမကြီးတော့ပေ။
“မွန်းစတားအများစုက စီလန်မြို့ပတ်ပတ်လည်မှာ စုဝေးနေလောက်တယ်” သူ နောက်ဆုံးတွင် စိတ်ရှည်စွာ ရှင်းပြသည်။
“မင်းရဲ့ စွမ်းရည်တွေက မီးတောက်ကို မြို့ထဲမှာ ကူညီတဲ့နေရာမှာ ပိုအသုံးဝင်လိမ့်မယ်”
“ချီးလား… အဲဒီကိုသွားရင်ရော လုံခြုံရေးက အာမခံရှိလို့လား” ကီကီက မကျေမချမ်းဖြင့် နှာမှုတ်လိုက်သည်၊၊
လင်းရှန်သည် သူမ စိုးရိမ်နေရုံမျှသာ ဖြစ်သည်ကို သိသောကြောင့် ပြန်ဖြေသည်။
“လုံခြုံတယ်ဆိုတာမျိုးတော့ ဘယ်ရှိမလဲ… ဒါပေမယ့် ငါတို့ အဲဒီ မီကာကို အသက်ပြန်သွင်းနိုင်ရင် ကောင်းကင်ပေါ်က ဘာပဲဖြစ်ဖြစ် တိုက်ခိုက်ဖို့ အစစ်အမှန်စွမ်းအားတစ်ခုရလိမ့်မယ်။ ဒီမှာပဲ နေခဲ့… မီးတောက်၊ ဝမ်ကျိုးတို့နဲ့အတူ အလုပ်လုပ်ပေးလေ… ကလေးမက လိမ္မာပါတယ်”
“သိတယ်—လျှာမရှည်နဲ့”
ကီကီက ပွစိပွစိရေရွတ်ပြီး ရှုပ်ထွေးသော အကြည့်ဖြင့် သူ့ကို ကြည့်ပြီးနောက် နှုတ်ခမ်းဆူကာ မျက်လုံးချင်းဆုံခြင်းကို ရှောင်ရန် ခေါင်းလှည့်လိုက်သည်။
မကြာမီတွင် စီလန်လေဆိပ်သည် ဆီးနှင်းမုန်တိုင်းမှတစ်ဆင့် ပေါ်လာသည်။ ကျယ်ပြန့်သော လေယာဉ်ပြေးလမ်းပေါ်တွင် Lightning-2 တိုက်လေယာဥ်အချို့နှင့် သယ်ယူပို့ဆောင်ရေးလေယာဉ် တစ်စင်း ရပ်ထားသည်။
ဝန်ထမ်း ဒါဇင်ပေါင်းများစွာသည် ယူနစ် ၀၁ ၏ အနက်ရောင်သေတ္တာ—အထိမ်းအမှတ် အူတိုင် —အပါအဝင် ပစ္စည်းများ၊ ကွန်ပျူတာများ၊ ယာယီတဲများတို့ကို သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ်သို့ အပြေးလွှားတင်နေကြသည်။
ယုဟန်သည် ပင်ပန်းနွမ်းနယ်နေပြီး ထူထဲသော အပူထိန်းပစ္စည်းများဖြင့် ပတ်ထားကာ ပစ္စည်းများကို တစ်မျိုးချင်းစီ စစ်ဆေးနေသည်။ ထိုအတောအတွင်း ချန်ဝေသည် လက်နှစ်ဘက်အပြည့် ဆေးပိုက်များ ချိတ်ထားပြီးသားဖြစ်ကာ သယ်ယူပို့ဆောင်ရေးယာဥ်ထဲတွင် တိတ်ဆိတ်စွာ ထိုင်၍ လေယာဉ်တက်ချိန်ကို စောင့်နေသည်။
လင်းရှန်သည် ရင်းနှီးသော မျက်နှာအချို့ကိုလည်း တွေ့လိုက်ရသည်။
လက်နက်ကိုင်တပ်မှူး စွန်းကိုင်။
“ကပ္ပတိန်လင်း”
လင်းရှန်နှင့် ကီကီ ကောင်းကင်မှ ဆင်းသက်လာသည်ကို တွေ့သောအခါ စွန်းကိုင်က သူ၏ လူများကို ဦးဆောင်ကာ လျှောက်လာသည်။
“ကပ္ပတိန်စွန်း… အခြေနေဘယ်လိုလဲ”
“ငါက ကွပ်ကဲရေးဆီကနေ တောင်းဆိုထားတာကြောင့် ပြန်လည်စတင်ရေးအဖွဲ့ရဲ့ အစောင့်အရှောက်ခေါင်းဆောင်အဖြစ် တာဝန်ပေးထားတာ”
လင်းရှန် ခေါင်းညိတ်လိုက်သည်။ စွန်းကိုင်၏ နောက်တွင် ညလမ်းလျှောက်သူ ကျင်းထျန်းသည် သူ့ကို တိတ်ဆိတ်စွာ ခေါင်းညိတ်ပြသည်—ဝမ်ကျိုးက ပို့လိုက်ခြင်းဖြစ်ကြောင်း ရှင်းလင်းစွာ သိသာပေသည်။
Chapter 451
မြို့ခံတပ်စီမံကိန်း ၅
“ငါတို့ အဆင်သင့်နီးပါးပဲ… ဆယ့်ငါးမိနစ်လောက်ဆို လေယာဉ်တက်နိုင်မယ်။ ကင်းထောက်လေယာဉ်တစ်စင်းကို လေကြောင်းကင်းထောက်ဖို့ တောင်ဘက်ကနေ လွှတ်ထားပြီးပြီ… ဒါပေမယ့်... သတင်းအသစ် ဘာမှမရသေးဘူး”
“မိုးမလင်းသေးဘူး… အဲဒီထူးဆန်းတဲ့ သတ္တဝါတွေက အဆင့် ၅ အမှတ်အသားရှိနေပေမယ့် အရူးအမူး မတိုက်ခိုက်ဘူးဆိုရင် သူတို့ရဲ့ အမိန့်ပေးယန္တရားက ငါတို့ မျှော်လင့်ထားတာထက် အများကြီး ကျော်လွန်တယ်လို့ ပြောနိုင်တယ်”
အမှန်တကယ်တွင် လင်းရှန်သည် မွန်းစတားအုပ်စုများ ထပ်မံတိုက်ခိုက်လာရန် မျှော်လင့်ခဲ့သည်—၎င်းသည် ၎င်းတို့အား အမှတ်အသားကို အားနည်းစေပြီး နေရာရွှေ့ပြောင်းကာ ထိုကြောက်မက်ဖွယ် S-Class အဆင့် သတ္တဝါနှင့် တိုက်ရိုက်ရင်ဆိုင်ခြင်းကို ရှောင်ရှားရန် အခွင့်အရေးပေးလိမ့်မည်။
သို့သော် အမှတ်အသား ပေါ်လာပြီး မွန်းစတားများဆုတ်ခွာသွားကတည်းက လင်းရှန် သိလိုက်သည်- စီလန်မှ ရှင်သန်သူများအတွက် ၎င်းသည် ကောင်းကင်တစ်ခုလုံးကို ဖုံးအုပ်ထားသော ပိုက်ကွန် ဖြစ်သည်။
“ကပ္ပတိန်လင်း”
လော့ယန်နှငိ့ အခြားသူများ ခံတပ်ဖွဲ့စည်းနေရာမှ ပြေးလာကြသည်။ သူ့နှင့်အတူ လျန်လေး၊ လီယီ၊ ဦးလေးဝူ၊ လျောင်မင်နှင့် ရှန်းယောင်တို့ ပါလေသည်။
လင်းရှန်က သူတို့ကို လှည့်ကြည့်ပြီး ပြုံးပြသည်။
“ကောင်းတယ်။ ခရီးသည်တင် ဂျက်လေယာဉ်တွေကို ဘန်ကာတွေအဖြစ် ပြောင်းလဲပစ်တာ—ဒီအိုင်ယွန်နံရံတွေရောပဲ”
“လော့ယန်လို ငယ်ရွယ်တဲ့ ကလေးတွေက အသစ်ဆန်း အတွေးအခေါ်တွေအပြည့်ပဲ”
ဦးလေးဝူက ရယ်မောလိုက်သည်။
“သူတို့ တပ်မှူးဟီကိုပါ ကူညီနေကြတယ်။ လူငယ်တွေရဲ့ စိတ်က ပိုမြန်မြန် တွေးနိုင်တာကိုး”
“အတိအကျပဲ” လျောင်မင်က ရယ်လိုက်သည်။
“ဒါပေမယ့် ဒီနေရာက အနေထားပွင့်လင်းလွန်းတယ်။ ကာကွယ်ရတာ မလွယ်ဘူး”
Northwind မဟာမိတ်အဖွဲ့မှ ရှန်းယောင်က ပြောသည်။
“ရွေးချယ်စရာ မရှိဘူး… မြို့ထဲမှာဆိုရင် ကျုပ်တို့ ပိတ်မိပြီး ထောင်ချောက်ဆင်ဖို့ မလွယ်ဘူး… ဒီအပြင်မှာဆိုရင် လူတစ်သောင်းကျော်ကို ချထားနိုင်ပြီး ထောက်ပံ့ရေးလမ်းကြောင်းတွေက ဆက်ထိန်းထားနိုင်တယ်” လင်းရှန်က ပြန်ဖြေသည်။
“ဒါ့အပြင်… ခဗျားတို့က ပတ်ပတ်လည်မှာ ဝိုင်းရံခံရမှာ မဟုတ်ဘူး။ မြောက်မြို့ရိုးကနေ ဒီကို ဆယ်ကီလိုမီတာတောင် မဝေးဘူး။ အဓိက မွန်းစတားအုပ်စုက မြို့ဘက်ကနေ လာတိုက်ခိုက်မှာဖြစ်ပြီး မြောက်ပိုင်းဘတ်စ်ကားဂိတ်ကလည်း ဖိအားအချို့ကို ဆွဲဆောင်သွားလိမ့်မယ်။ ခဗျားတို့ ရင်ဆိုင်ရမယ့် အများစုက အနောက်တောင်ဘက်ကနေ ဖြစ်လိမ့်မယ်”
လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။
“ကပ္ပတိန်လင်း… ခင်ဗျားက အန္တရာယ်ရှိတဲ့ မစ်ရှင်ကို လုပ်နေတယ်လို့ ကြားတယ်။ ကျေးဇူးပြုပြီး သတိထားပါ” ကိုယ်ဝန်ဆောင်ထားသော လီယီက သူ့ကို စိုးရိမ်တကြီးကြည့်နေသည်။
“ဟုတ်တယ်… ခင်ဗျား ပြန်လာမှာကို ကျွန်တော်တို့ စောင့်နေပါ့မယ်” လျန်လေးက ထပ်ပြောသည်။
“ကပ္ပတိန်လင်း”
ညိုမည်းနေသောမျက်ကွင်းများဖြင့် ယုဟန်က ချဉ်းကပ်လာသည်။
“ကျုပ်တို့ အဆင်သင့်နီးပါး ဖြစ်နေပြီ… သွားဖို့ အချိန်ကျပြီ”
“ရပြီ”
လင်းရှန်က ကီကီကို ပြန်ကြည့်လိုက်သည်။
“သွားတော့—ပြင်ဆင်ထားလိုက်။ လုံခြုံအောင် နေပါ.. ငါပြန်လာခဲ့မယ် ကြားလား”
ကီကီသည် သူ့ကို စူးစိုက်ကြည့်ပြီးနောက် တိုးတိုးလေး ရေရွတ်လိုက်သည်။
“အမြန် ပြန်လာခဲ့...”
“ငါ ပြန်လာပါ့မယ်”
လေတိုက်ခတ်နေသည့်ကြားမှ လင်းရှန်သည် လူတိုင်း၏ အကြည့်များအောက်တွင် သယ်ယူပို့ဆောင်ရေးလေယာဉ်ပေါ်သို့ တက်လိုက်သည်။ လေယာဉ်တံခါး ပိတ်သွားသည်။
Lightning-2 တိုက်လေယာဉ် အစောင့်အရှောက်များဖြင့် သယ်ယူပို့ဆောင်ရေးလေယာဉ်သည် လေထဲသို့ တက်ကာ အရှေ့တောင်ဘက်သို့ ပျံတက်သွားသည်။
အတွင်းဘက်တွင် ယုဟန်သည် လက်ပ်တော့ပ်တစ်ခုနှင့် ထိုင်လျက် ယူနစ် ၀၁ ၏ လက်ရှိအခြေအနေနှင့် ၎င်းတို့ ကြုံတွေ့ခဲ့ရသော ပြဿနာများကို ရှင်းပြနေသည်။
ယခု သူတို့သည် အတူတကွ ရှိနေပြီဖြစ်သောကြောင့် ဖီးနစ်တွင် လျှို့ဝှက်ချက်များကို ဆက်လက်ထိန်းထားရန် အကြောင်းပြချက် မရှိတော့ပေ။ ပြီးတော့ လင်းရှန် မြင်လိုက်ရသည်မှာ ကြီးမားသော၊ လေးစားဖွယ်ကောင်းသော ပရောဂျက်တစ်ခုဖြစ်သည်။
ယုဟန်သည် အင်ပါယာပရောဂျက်တွင် မူလက လူသားပုံသဏ္ဌာန် လက်နက်ဒီဇိုင်း သုံးမျိုးရှိကြောင်း အတိုချုပ် ဖော်ပြခဲ့သည်။ စွမ်းအင်ကန့်သတ်ချက်များနှင့် ပေါင်းစည်းမှု၏ ခက်ခဲမှုကြောင့် ယခု ယူနစ် ၀၁ သည် တကယ်တမ်းတွင် အနက်ရှိုင်းဆုံးသော ပုံစံဖြစ်သည်။
“ကျုပ်တို့ ကြုံခဲ့ရတဲ့ S-Class ထူးဆန်းတဲ့ သတ္တဝါကို ‘မီးခိုးရောင်မြူ’ လို့ နာမည်ပေးထားတယ်၊၊
ယုဟန်က ဆက်ပြောသည်။
“ဒါက ကျုပ်တို့ကို တိုက်ခိုက်တဲ့အချိန်မှာ အခြေအနေက ကျုပ်တို့ ကြောက်ရွံ့ခဲ့သလောက် မဆိုးခဲ့ဘူး။ အဲဒီညက ချန်ဝေနဲ့ အခြားသူတွေဟာ ယူနစ် ၀၁ ကို မောင်းနှင်ပြီး ဒါကို လေးနာရီကျော် တိုက်ခိုက်ခဲ့တယ်။ နောက်ဆုံးတော့ အဲ့အရာက ပျောက်ကွယ်သွားတယ်။ ကျုပ်တို့ မီကာကို ထိတ်လန့်ပြီး ထွက်ပြေးသွားတယ်လို့ ထင်ခဲ့တာ…. ဒါပေမယ့် နောက်တော့...”
ယုသည် သူ၏ မျက်မှန်ကို တင်လိုက်သည်။
“ကျုပ်တို့ကိုယ်တိုင်မှာ အဆင့် ၅ အမှတ်အသား ရှိနေမှန်းတောင် မသိခဲ့ဘူး။ ဒရာကာမာ ရေခဲချောက်မှာ ညရောက်တဲ့အခါ ကျုပ်တို့ အရင်ကထက် ပိုပြင်းထန်တဲ့ တိုက်ခိုက်မှုကို ခံခဲ့ရတယ်။ ဧရာမ ပိုးကောင်ကြီးနှစ်ကောင်ဟာ ကျုပ်တို့ရဲ့ လက်နက်ကိုင်ယူနစ်တစ်ခုလုံးကို ဝါးမျိုလုနီးပါး ဖြစ်ခဲ့တယ်။ ကောင်းကင်မှာ မီတာ ၇၀ ဒါမှမဟုတ် ၈၀ လောက်ရှည်တဲ့ အတောင်ပံပါတဲ့ သတ္တဝါဆိုးတွေရှိတယ်။ ကျုပ်တို့ လုံးဝ အဆင်သင့်မဖြစ်ခဲ့ဘူး—အကြီးအကျယ် ဆုံးရှုံးမှုတွေ ရှိခဲ့ပြီး အပြည့်အဝ အကူအညီတောင်းခံမှုကို ပို့လွှတ်ခဲ့ရတယ်”
လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။
“ခဗျားတို့က အမှောင်ညအတွက် ပြင်ဆင်မထားဘူးလား”
ယုဟန်၏ အမူအရာ ပြောင်းသွားပြီး ပြန်ဖြေရန်ပြင်နေစဥ် ချန်ဝေက ဖြတ်ပြောသည်။
“ပြင်ဆင်ရမယ် ဟုတ်လား… တစ်ကောင်ချင်း ဒါမှမဟုတ် တစ်ယောက်ကို နှစ်ကောင်… သုံးကောင်လောက်ဆိုရင်တောင် ဖန်ကူက အဲဒီသားရဲတွေနဲ့ ရင်ဆိုင်နိုင်တယ်။ ဒါပေမယ့် တစ်သောင်း ဒါမှမဟုတ် တစ်သန်းဆိုရင်ရော ဘယ်လိုလုပ်မလဲ”
ယုဟန်က သက်ပြင်းချသည်။
“ကျုပ်တို့အဖွဲ့ကို S-Class အဆင့် သတ္တဝါတွေကို ပစ်မှတ်ထားပြီး တည်ဆောက်ခဲ့တာ… အဲ့လို မွန်းစတားဒီရေလှိုင်းအလုံးအရင်းကို ကျုပ်တို့ ကြိုမတွေးခဲ့ဘူး။ နှင်းတစ္ဆေတွေနဲ့ နှင်းမွန်းစတားတွေက ပိုမြင့်တဲ့ အဆင့်ရဲ့ ကွပ်ကဲမှုအောက်မှာ အစုလိုက်အပြုံလိုက် တိုက်ခိုက်မှု စတင်တာက ရှားတယ်။ ကျုပ်တို့ အဲဒါအတွက် အဆင်သင့်မဖြစ်ခဲ့ဘူး”
လင်းရှန် ခေါင်းညိတ်လိုက်သည်။ ဆင်တစ်ကောင်တောင် ပုရွက်ဆိတ် အများကြီးကို ကြောက်ရသည်။ အင်ပါယာပရောဂျက်ကို လျှို့ဝှက်ထားမည့်အစား ယူပေမြို့ကဲ့သို့သော နေရာ၌ တိုက်ရိုက်ရင်ဆိုင်ဖို့ ချထားခဲ့ခြင်းက ပိုကောင်းခဲ့မည်လား မသိပေ။
“ကျုပ် တည့်တိုးမေးလို့ ရမလား”
“ဘာလို့ ဒီလောက်လျှို့ဝှက်ထားတာလဲ… အမှောင်အင်အားစု ဒါမှမဟုတ်.. တခြားတစ်ခုခုကို ပေါက်ကြားမှာကို ရှောင်ရှားဖို့လား”
ယုသည် ထိုမေးခွန်းကြောင့် အေးခဲသွားပြီး ပါးစပ် အနည်းငယ် ပွင့်နေကာ ဘယ်လိုတုံ့ပြန်ရမှန်း မသိဖြစ်နေသည်။
ချန်ဝေက လင်းရှန်ကို တည့်တည့်စိုက်ကြည့်လိုက်သည်။
“ကျုပ်လည်း အဲဒီမေးခွန်းကို မေးဖူးတယ်… သူတို့ပေးတဲ့ အဖြေက အဓိပ္ပာယ်မရှိဘူးလို့ ထင်ရတယ်။ ဒါပေမယ့် အင်ပါယာပရောဂျက်မှာ ပါဝင်ပြီးနောက် ကျုပ်အမြင်က ပြောင်းသွားတယ်”
“ဘာကို ဆိုလိုတာလဲ”
ချန်ဝေက အသက်ပြင်းပြင်း ရှူလိုက်သည်။ သူ၏ လေယူလေသိမ်း တိကျလာသည်။
“ကမ္ဘာပျက်ကပ်နေ့ရဲ့ အစောပိုင်းကာလတွေမှာ စတားဖလိ့က အမှောင်သတ္တဝါတွေနဲ့ တွင်းနက်တွေကို နျူကလီးယားဗုံးတွေ သုံးပြီး ကြီးမားတဲ့ တန်ပြန်တိုက်ခိုက်မှုကို စတင်ခဲ့တယ်။ သူတို့ဟာ ဖီးနစ်နဲ့အတူ အချက်နှစ်ချက်ကို သိလာခဲ့တယ်-
တွင်းနက်က ပိုပြီး မြန်မြန် ချဲ့ထွင်လာတယ်။
ထူးဆန်းတဲ့ သတ္တဝါတွေက ဆင့်ကဲပြောင်းလဲလာတယ်—အထူးသဖြင့် ဓာတ်ရောင်ခြည်ဒဏ်ခံနိုင်စွမ်းမှာပေါ့”
လင်းရှန်၏ မျက်နှာ လုံးဝ မှောင်မိုက်သွားသည်။
“ခဗျား ဆိုလိုတာက... ခဗျားတို့က အမှောင်ထုကိုယ်တိုင်မသိအောင် လျှို့ဝှက်ထားတာလား”
“အဲဒါက တစ်စိတ်တစ်ပိုင်းပဲ”
ယုဟန်က ပခုံးတွန့်လိုက်သည်။
“ဒါပေမယ့် ရှင်သန်သူတွေဆီကိုရောပဲ…. ရုံးချုပ်က ပရောဂျက်အဆင်သင့်မဖြစ်ခင်အထိ ဘာမှ ဖော်ထုတ်ချင်ပုံမရဘူး။ ယူနစ် ၀၁ ကျရှုံးခဲ့ရင် လူတိုင်းရဲ့ ယုံကြည်မှုကို ပျက်စီးစေလိမ့်မယ်”
“ကျုပ် နားလည်ပါပြီ”
လင်းရှန်၏ နှလုံးသား နစ်မြုပ်သွားသည်။
ဖီးနစ်၏ စစ်ဗျူဟာသည် သံသယမရှိစေရအောင် သေချာအလုပ်လုပ်သည်။ သို့သော် ချန်ဝေ ပြောသည်မှာ သူ့ကို ကျောချမ်းစေလေသည်။
အမှောင်သတ္တဝါများသည် ဉာဏ်ရည်ရှိသည်—လိုက်လျောညီထွေဖြစ်နိုင်သည်၊ ဆင့်ကဲပြောင်းလဲနိုင်သည်၊ လူသားလက်နက်များကိုပင် တန်ပြန်နိုင်သည်ဟု အရိပ်အမြွက် ပြောနေသည်။
၎င်းသည် နျူကလီးယားဗုံးများကို တွင်းနက်ကို ဖျက်ဆီးရန် ဘာကြောင့် အသုံးမပြုရသည်ကို ရှင်းပြနိုင်ပေလိမ့်မည်။
သူတို့ မကြိုးစားခဲ့သောကြောင့် မဟုတ်ဘဲ…. ကြိုးစားခဲ့သောကြောင့်သာ ဖြစ်သည်။