← Chapters

အခန်း (၄၅၂+၄၅၃)

Vol. 29 Ch. 452+453

အခန်း (၄၅၂+၄၅၃)

Vol. 29 Ch. 452+453

Chapter 452

မြူခိုးသရဖူ ဝတ်ရုံ ၁

ဝူး—

ကောင်းကင်ယံထက်တွင် သယ်ယူပို့ဆောင်ရေး လေယာဉ်တစ်စင်းသည် စီလန်မြို့မှ အရှေ့တောင်အရပ်သို့ Lightning -2 အာကာသတိုက်လေယာဉ်များ ခြံရံလျက် အရှိန်အဟုန်ဖြင့် ပျံသန်းနေသည်။ ထိုအချိန်တွင် တောင်ပိုင်းနှင့် အရှေ့ပိုင်းခရိုင်များရှိ လေကြောင်းရန်ကာကွယ်ရေး လက်နက်များအားလုံးသည် ၎င်းတို့၏ ပစ်ခတ်မှု ထိန်းချုပ်ရေး ရေဒါများကို ဖွင့်ထားကြသည်။ ဝမ်ကျိုးကိုယ်တိုင်ဦးဆောင်သော မိုးပျံစွမ်းအားရှင်များ အဖွဲ့တစ်ဖွဲ့သည် မြို့ပြင်အထိ နောက်မှ လိုက်ပါခဲ့ပြီး၊ လူတိုင်းသည် ပြန်လည်စတင်ရေးအဖွဲ့ ထွက်ခွာသွားသည်ကို စိုးရိမ်တကြီး စောင့်ကြည့်နေကြသည်။

သို့သော် သူတို့ မျှော်လင့်ထားသည့်အတိုင်းပင် အဆင့်-၅ အမှတ်အသားဖြင့် မှတ်သားခံရပြီးနောက် စီလန်မြို့ပတ်ဝန်းကျင်ဒေသသည် မှောင်နေသေးသော်လည်း မည်သည့် တိုက်ခိုက်မှုမျိုးမှ မကြုံတွေ့ရပေ။

သယ်ယူပို့ဆောင်ရေး လေယာဉ်သည် ဆီးနှင်းမုန်တိုင်းထဲသို့ ပျောက်ကွယ်သွားသည်ကို မြင်သောအခါ အဖွဲ့နှင့်အတူ ပျံသန်းနေသော ဝမ်ကျိုး သည် မျက်လုံးများကို မှေးလိုက်ကာ

“စာပို့ယူနစ်လည်း ဒီလိုပဲ အဆင်ပြေပါစေလို့ မျှော်လင့်ရတယ်”

သယ်ယူပို့ဆောင်ရေး လေယာဉ်အတွင်းတွင် လင်းရှန်နှင့် အင်ပါယာပရောဂျက်အဖွဲ့ဝင်များသည် စိတ်လှုပ်ရှားနေကြသည်။ ကမ္ဘာပျက်ကပ်နေ့မှစ၍ အမြင့်ပျံသန်းမှုများသည် မယုံနိုင်လောက်အောင် အန္တရာယ်များလာသည်။ ယခုအချိန်အထိ လင်းရှန် ကောင်းကင်တွင် ကြုံတွေ့ခဲ့ရသော သတ္တဝါတိုင်းသည် ကိုင်တွယ်ရခက်ခဲသောအရာများသာ ဖြစ်သည်။ ကျန်းကျိုးမြို့ မှ ဖုတ်ကောင်ကျီးကန်းများပင်လျှင် အတော်လေးကို ဆိုးဝါးပေသည်၊၊ လေယာဉ်တစ်စင်း ပျက်ကျပါက စွမ်းအားမြှင့်ဝတ်စုံကို ဝတ်ဆင်ထားသော လင်းရှန်ကဲ့သို့သူပင် ဘေးကင်းစွာ ဆင်းသက်နိုင်မည်ဟု အာမမခံနိုင်ပေ။

ချောမွေ့စွာ ပျံသန်းပြီးသည့်နောက် အပေါ်မှ ကျယ်လောင်သော မိုးခြိမ်းသံများမှလွဲ၍ လေယာဉ်အုပ်စုသည် မည်သည့် တိုက်ခိုက်မှုကိုမှ မကြုံတွေ့ရပေ။ ဤအရာက ယုဟန်ကို စိတ်သက်သာရာရမှုနှင့် ထိတ်လန့်ကြောက်ရွံ့မှုများ ရောယှက်နေသော ခံစားချက်ကို ဖြစ်ပေါ်စေသည်။

“ကျုပ်တို့က အဆင့်-၅ အမှတ်အသားကို သယ်ဆောင်ထားတယ်… အဲဒီမွန်းစတားတွေက ကျုပ်တို့ကို လျစ်လျူရှုထားပြီး မတိုက်ခိုက်ကြဘူး။ ဒါက တကယ်ကို ကြောက်စရာပဲ’”

ချန်ဝေက ပြုံးလိုက်ကာ ရယ်မောလိုက်သည်။ “ရှင်းနေတာပဲလေ။ အဲဒီသတ္တဝါအတွက်တော့ ကျုပ်တို့က သေပြီးသား အကောင်တွေ ဖြစ်နေပြီ”

သို့သော် လင်းရှန်မှာမူ အနည်းငယ် အံ့သြနေသည်။ သူသည် ရုတ်တရက် တိုက်ခိုက်မှုအတွက် ပြင်ဆင်ထားသော်လည်း ဤထူးဆန်းသော တိတ်ဆိတ်မှုက သူ့ကို ပို၍ စိတ်မသက်မသာဖြစ်စေသည်။

အကြောင်းမှာ ဤအရာက မဖြစ်သင့်သောကြောင့်ပင်။

“ထူးဆန်းတယ်။ ဒါဆို အခု မြို့တစ်ခုလုံး ရွှေ့ပြောင်းမယ်ဆိုရင် သူတို့ တိုက်ခိုက်ကြမှာလား၊ မတိုက်ခိုက်ကြဘူးလား”

“ဒီကိစ္စက အဲဒီလောက် မရိုးရှင်းဘူး”

ယုဟန်က မျက်မှန်ကို ပင့်တင်လိုက်သည်။

“ကပ္ပတိန်လင်း… ကျုပ် တွေးနေတာက ဘာလို့ အဲဒီသတ္တဝါက အဆင့်-၅ အမှတ်အသား ကို ထုတ်ပေးရတာလဲ။ ခင်ဗျားရဲ့ သုတေသန အချက်အလက်အရ သာမန် နှင်းတစ္ဆေထောင်ပေါင်းများစွာတောင်မှ အများဆုံး အဆင့်-၄ ကိုပဲ မှတ်သားနိုင်တာလေ… အကယ်၍ အဆင့်-၅ အမှတ်အသားက အဲ့ဒီသတ္တဝါတစ်ကောင်တည်းကပဲ သီးခြားပစ်မှတ်တွေအတွက် ထုတ်နိုင်တဲ့ အထူးအချက်ပြမှု တစ်ခုခုဆိုရင်တော့ ဒါက အဓိပ္ပာယ်ရှိတယ်’”

လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။

“ဝင်ရိုးစွန်းညရဲ့ သတ္တဝါတွေအတွက်လား”

“ဖြစ်နိုင်တယ်။ ဒါကြောင့် ခင်ဗျားပြောတာ မှန်တယ်။ ကျုပ်တို့ ဒီအမှတ်အသားကို ဝင်ရိုးစွန်းညထဲကို လုံးဝ သယ်သွားလို့မရဘူး… တွင်းနက်ပတ်ပတ်လည်ကိုတောင် မသွားသင့်ဘူး။ ကျုပ်တို့ အသက်ရှင်နိုင်မှာ မဟုတ်ဘူး’” ယုဟန်က လေးနက်စွာ ပြောသည်။

“နောက်တစ်ခုက အဲဒီ S-class သတ္တဝါရဲ့ လွှမ်းမိုးနိုင်စွမ်းက ကန့်သတ်ချက် ရှိနိုင်တယ်။ ကျုပ်တို့ ရွှေ့ပြောင်းနေတာလား၊ ဒါမှမဟုတ် ဆက်နေတာလားဆိုတာကို သူ မသိဘူး။ သူ့အတွက်တော့ ဘာမှ ကွာခြားချက် မရှိဘူး’”

လင်းရှန် ခေါင်းညိတ်လိုက်သည်။

“ကျုပ်တို့ စီလန်မှာ နေရင်တော့ သူရဲ့ သားကောင်…သူရဲ့ယဇ်ပူဇော်တဲ့ ပစ္စည်းဖြစ်တယ်။ သူ့ရဲ့ ပိုင်နက်ကနေ ထွက်ခွာသွားရင်တော့ တခြားဝင်ရိုးစွန်းည သတ္တဝါတွေရဲ့ သားကောင် ဖြစ်သွားမယ်...”

“ဟမ့်… ဒီသတ္တဝါစုတ်က လက်ပါးစေ အခန်းကဏ္ဍကို ကောင်းကောင်း လုပ်နေပုံပဲ”

ချန်ဝေက လှောင်ပြောင်လိုက်သည်။

“ကျုပ်တို့ကို ယဇ်ပူဇော်ပွဲအဖြစ် သုံးဖို့ အဲဒီလောက် ဒုက္ခခံခဲ့ရတာလား”

လင်းရှန် တိတ်ဆိတ်သွားသည်။

တွင်းနက်။ ဝင်ရိုးစွန်းည။

ဤအမှောင်ထဲရှိ သတ္တဝါများသည် အမှန်တကယ် ဘာတွေလဲ… ၎င်းတို့သည် ဆင့်ကဲပြောင်းလဲတိုးတက်လာသည်… ကမ္ဘာကို တွင်းနက် အရိပ်များဖြင့် ဖုံးလွှမ်းထားသည်…. ဤအရာအားလုံး၏ တစ်ခုတည်းသော ရည်ရွယ်ချက်—လူသားမျိုးနွယ်ကို သတ်ဖြတ်ရန်….

ဘဇ် ဘဇ်—

လေယာဉ်၏ အပြင်ဘက်တွင် လေလှိုင်းများ တိုက်ခတ်နေသည်။ ပန်းတိုင်နှင့် နီးကပ်လာသည်နှင့်အမျှ လေယာဉ်အတွင်းရှိ တင်းမာသော အခြေအနေသည် တဖြည်းဖြည်း လျော့ပါးလာသည်။ အင်ပါယာပရောဂျက် သုတေသီအများအပြားသည် အလုပ်ပြန်လုပ်နေကြသည်။

ထိုအချိန်တွင် စွန်းကိုင်နှင့် ကျင်းထျန်တို့သည် စစ်သားအချို့နှင့်အတူ အထူးပြုလုပ်ထားသော သတ္တုသေတ္တာ အများအပြားကို ကိုင်ဆောင်ကာ သုတေသီများထံ ဖြန့်ဝေပေးရန် လေယာဉ်ခန်းထဲသို့ ဝင်လာသည်။ လင်းရှန်၊ ယုဟန် နှင့် ချန်ဝေတို့သည်လည်း တစ်လုံးစီ ရရှိခဲ့သည်။

လင်းရှန်က သူ့သေတ္တာကို ဖွင့်လိုက်သောအခါ ညလမ်းလျှောက်သူများ အဖွဲ့အစည်းမှ အနက်ရောင်ဝတ်ရုံတစ်ထည်ကို တွေ့လိုက်ရသည်။

“ဒါကို ဒါရိုက်တာကျိုး က အထူးစီစဉ်ထားတာ” ကျင်းထျန်က ရှင်းပြသည်။

“ဒါက ညလမ်းလျှောက်သူတွေရဲ့ မြူခိုးသရဖူဝတ်ရုံပဲ။ အထူးပစ္စည်းနဲ့ ပြုလုပ်ထားပြီး ကျည်ကာတယ်၊ မီးဒဏ် ခံနိုင်တယ်၊ ခဏတာ လေဟုန်စီးနိုင်ဖို့အတွက် မာကျောတဲ့ လေဟုန်စီး မျက်နှာပြင်အဖြစ်ကို ပြောင်းလဲနိုင်တယ်။ အရေးအကြီးဆုံးကတော့ အမှောင်သတ္တဝါတွေက ထောက်လှမ်းမိဖို့ အခွင့်အရေးကို လျှော့ချပေးတယ်”

ချန်ဝေ မျက်မှောင်ကြုံ့ကာ စွန်းကိုင်ကို မေးလိုက်သည်။ “လူအိုကြီး စွန်း… ဘာလို့ အခုမှ ဒါတွေကို လာပေးနေတာလဲ”

စွန်းကိုင်သည် ကျင်းထျန်နှင့် အကြည့်ချင်းဖလှယ်ပြီးနောက် ပခုံးတွန့်လိုက်ကာ “အထက်က လာတဲ့အမိန့်တွေပဲ…. ဘာကြောင့်မှန်းတော့ ကျုပ်လည်း မသိဘူး”

“အဲဒီလောက် မရှုပ်ထွေးပါဘူး”

လင်းရှန်က ဝတ်ရုံကို ရှုပ်ထွေးသော အကြည့်ဖြင့် မြှောက်ကြည့်ရင်း ပြောသည်။

“ကျုပ်တို့ မြို့ကနေ ထွက်ခွာတုန်းက အလစ်အငိုက်တိုက်ခိုက်ခံရရင် မြို့ရဲ့ ကာကွယ်ရေးတွေနဲ့ အစောင့်အဖွဲ့တွေဆီကို ပြန်ဆုတ်နိုင်သေးတယ်။ ဒါပေမဲ့ အခု ကျုပ်တို့ ဒီအပြင် ရောက်နေပြီဆိုတော့... ကိုယ့်အားကိုယ့်ကိုးရတော့မယ်… ဒီအရာက ကျုပ်တို့ရထားတဲ့ တစ်ခုတည်းသော အထောက်ပံ့ပဲ”

“ပြောတာ ကောင်းတယ်”

စွန်းကိုင်က လင်းရှန်ကို ခေါင်းညိတ်ပြသည်။

ဝတ်ရုံပေါ် ပွတ်ကြည့်လိုက်သောအခါ လင်းရှန်သည် ပစ္စည်းနှင့် ဒီဇိုင်းသည် အလွန် သေသပ်ကောင်းမွန်ကြောင်း တွေ့ရှိရသည်။ အထူးဒြပ်ပေါင်းတစ်မျိုးဖြင့် ပြုလုပ်ထားသည့် ယှက်နွယ်နေသော ဆဋ္ဌဂံပြားများသည် အလင်းကို စုပ်ယူနိုင်ပုံရကာ နက်နဲလှသည်၊၊

လင်းရှန် သူ၏ ယန္တရားနှလုံးသားကို ဖွင့်ပြီး လျင်မြန်စွာ စကင်န်ဖတ်လိုက်သည်။

[စကင်ဖတ်ခြင်း ပြီးဆုံးပါပြီ: ပျားအုံမက်ထရစ်ကို အတုယူပြီး တန်စတင်ကာဗိုက်ကုန်ကြမ်းများကို အသုံးပြု ဖန်တီးထားသည်]

သူသည် အာရုံခံခလုတ်ကို နှိပ်လိုက်သည်။ သိမ်မွေ့သော လျှပ်စီးကြောင်းတစ်ခု ဖြတ်သန်းသွားပြီး ဝတ်ရုံတစ်ခုလုံးသည် မာကျောသွားကာ လေခွင်းအားရှိသော လေဟုန်စီးချပ်ပြားတစ်ခုအဖြစ် တင်းကျပ်သွားသည်။ ခလုတ်ကို နောက်တစ်ကြိမ် နှိပ်လိုက်သောအခါ သာမန်ဝတ်ရုံတစ်ခုကဲ့သို့ ပြန်လည်လွင့်ပျံလာသည်။ ၎င်းသည် မည်သည့် မော်တာမျှ အားမယူဘဲ၊ ပါးနပ်သော ဒီဇိုင်းနှင့် အဆင့်မြင့်ပစ္စည်းအသုံးပြုမှုတို့ဖြင့်သာ အလုပ်လုပ်သည်။

လင်းရှန် အံ့အားသင့်သွားသည်။ ဒီဇိုင်းသည် အလွန်အံ့သြဖွယ်ကောင်းလှသည်။

သူတွေးနေမိသည်၊၊

“ဒီအရာကို အထူးပြုပြင်မွမ်းမံမှုတွေ လုပ်မယ်ဆိုရင် ပိုပြီးတော့ အလားအလာရှိနိုင်မယ် ထင်တယ်”

“ကပ္ပတိန်လင်း၊ အဖွဲ့ခေါင်းဆောင်ယု… ကျုပ်တို့ သိပ်မကြာခင် ရောက်တော့မယ်”

စွန်းကိုင်၏ အသံသည် ဆက်သွယ်ရေးကိရိယာမှတစ်ဆင့် ထွက်ပေါ်လာပြီး အစောင့်ရှောက်စစ်သားများအားလုံးသည် လက်နက်များကို လော့ခ်ဖြုတ်ထားကာ အသင့်ဖြစ်နေကြသည်။

လင်းရှန် အချိန်ကို စစ်ဆေးလိုက်သည်။ နံနက် ၇:၂၀ နာရီ။ မိုးလင်းရန် ငါးနာရီကျော် ကျန်သေးသည်။ သို့သော် နေ့အလင်းရောင်က လေးနာရီအောက်သာ ကြာမြင့်သည်။

တွင်းနက်ဇုန် အမှတ် ၃ ချဲ့ထွင်လာပြီး တွင်းနက်ဇုန် အမှတ် ၅ နှင့် ပေါင်းစပ်လာသည်နှင့်အမျှ အမှောင်ကျရောက်လာမှုသည် သူတို့ ကျိအန်းမြို့ မှ ထွက်ပြေးလာခဲ့စဉ်ကထက် များစွာ ပို၍မြန်ဆန်လာသည်။ ဝင်ရိုးစွန်းညတွင်းနက်နှစ်ခုကြားတွင် ပိတ်မိခြင်းမှ ရှောင်ရှားရန်အတွက် ၎င်းတို့သည် စီလန်မြို့မှ မိုးလင်းချိန်တွင် ထွက်ခွာကာ တွင်းနက်ဇုန် အမှတ် ၅—စွန့်ပစ်ထားသော ချွမ်းချန်မြို့ဆီသို့ သွားရန်—တစ်ရက်နှင့် တစ်ညသာ အချိန်ရှိတော့သည်။

Chapter 453

မြူခိုးသရဖူဝတ်ရုံ ၂

ဒရာကာမာရေခဲချောက်၏ အစွန်းတွင်၊ ဟောင်းနွမ်းနေသော ကာကွယ်ရေးစခန်း၏ တဲများမှာ တစ်ဝက်တစ်ပျက် ပြိုကျကာ နှင်းများ ဖုံးလွှမ်းနေသည်။ တိုက်ပွဲနယ်မြေသည် ယခုအခါ နှင်းများ ဖုံးလွှမ်းနေပြီး နှင်းတစ္ဆေ အလောင်းပုံကြီးများသာ ကျန်ရှိနေကာ ထူးဆန်းစွာ နေရာယူထားသည်။

သယ်ယူပို့ဆောင်ရေး လေယာဉ်နှင့် တိုက်လေယာဉ်ခြောက်စင်းတို့သည် ဟောင်းနွမ်းသော စခန်း၏ ကွင်းပြင်ပေါ်သို့ ဆင်းသက်လာသည်။ ၎င်းတို့၏ ဆင်းသက်ဘီးအစိတ်အပိုင်းများသည် နှင်းထဲသို့ နစ်မြုပ်သွားသည်။ တံခါးဖွင့်လိုက်သည်နှင့် တဝေါဝေါတိုက်ခတ်နေသော လေပွေနှင့် ကောင်းကင်ကို ဖုံးလွှမ်းထားသည့် ဆီးနှင်းမုန်တိုင်းသည် သူတို့ဆီသို့ တိုက်ခတ်လာသည်။

“မြန်မြန်လုပ်ကြမယ်… ကျုပ်တို့မှာ အချိန်သိပ်မရှိဘူး။ တဲတွေကို ပြန်ဆောက်… နည်းပညာအဖွဲ့က ယူနစ် ၀၁ ရဲ့ စနစ်ကို ပြန်နေရာချထားဖို့ အချိန်လိုတယ်”

ယုဟန်သည် အစောင့်အဖွဲ့နှင့် နည်းပညာအဖွဲ့ဝင် ဒါဇင်ပေါင်းများစွာကို ဦးဆောင်ကာ သယ်ယူပို့ဆောင်ရေးလေယာဥ်ပေါ်မှ ဆင်းသက်ပြီး ပစ္စည်းများကို ချလိုက်သည်။ စွန်းကိုင်နှင့် ကျင်းထျန်တို့သည် ပတ်ပတ်လည်တွင် ကာကွယ်ရေးများကို လျင်မြန်စွာ စီစဉ်ပြီး ထောက်လှမ်းရေး အဖွဲ့များကို စေလွှတ်လိုက်သည်။

“နေရာတိုင်းကို စစ်ဆေးကြ… နှစ်နာရီ၊ လေးနာရီ၊ ဆယ့်တစ်နာရီ၊ ချောက်တစ်လျှောက်လုံး…”

“တဲတွေကို ပြန်ဆောက်ကြ”

“’မီကာ ယူနစ်—မီးစက်ကို အရင်ရွှေ့။ ပေါင်းစည်းအာရုံကြောထပ်တူပြုအခန်းကို ကာကွယ်ရမယ်… အဲဒါကို နောက်ဆုံးမှ လုပ်”

ဝူးးးး—

ယခုအခါ မြူခိုးသရဖူဝတ်ရုံ ဝတ်ဆင်ထားသော လင်းရှန်သည် ချန်ဝေနှင့်အတူ လေယာဉ်ပေါ်မှ ဆင်းသက်လာပြီး ချက်ချင်းပင် မျက်စိပင် မဖွင့်နိုင်လောက်အောင် လေမုန်တိုင်းနှင့် ရင်ဘတ်အထိ နစ်မြုပ်နေသော နှင်းများထဲသို့ ရောက်ရှိသွားသည်။ သူသည် သယ်ယူပို့ဆောင်ရေးယာဉ်ကို ဖြတ်ကျော်ကာ ချောက်ကမ်းပါးကို ကြည့်လိုက်သည်။

စခန်းမီးပုံများသည် မုန်တိုင်းထဲတွင် မှိတ်တုတ်မှိတ်တုတ် ဖြစ်နေသော်လည်း လင်းရှန် မြင်လိုက်ရသည်—ချောက်ကမ်းပါးထိပ်တွင် တိတ်ဆိတ်စွာ ရပ်နေသော၊ လက်သီးတစ်ဖက်ကို မြေပြင်ပေါ် ဖိထားသည့် ကြီးမားသော ပုံရိပ်တစ်ခု။

သူသည် မဆိုင်းမတွပင် နှင်းများကို ရုန်းကန်ဖြတ်သန်းကာ ယူနစ် ၀၁ ၏ ညာဘက်လက်မောင်းပေါ်သို့ တက်သွားသည်။

ဝူးးးး—

ခေါင်းခန်း၏ နာနို-ကြွေထည်မျက်နှာကာတွင် အက်ကွဲကြောင်းမှ လေများ တရွှီရွှီ တိုက်ခတ်နေသည်—ထက်ဝက်နီးပါး ဆုတ်ပြဲနေသည်။ ပျက်စီးမှုမှာ ကြောက်မက်ဖွယ်ရာ ဖြစ်သည်။ ဤအရာသည် အနန္တရထားထက်ပင် ပိုမို ခိုင်မာသော်လည်း တစ်စုံတစ်ခုက ၎င်းကို ဆုတ်ဖြဲပစ်လိုက်သည်။ ၎င်းနောက်ကွယ်မှ ကြီးမားသောစွမ်းအားကို စိတ်ကူးကြည့်၍ ရနိုင်သည်။

ခရက်ခ်—

လင်းရှန်သည် ယိုစိမ့်နေသော ရွှေရောင် အေးခဲမှုဆန့်ကျင်ပစ္စည်း၏ ရေခဲနေေသာအပိုင်းကို ဖြတ်တောက်ပြီး အပေါက်မှတစ်ဆင့် အာရုံကြောထပ်တူပြုထိန်းချုပ်ခန်းထဲသို့ တွားဝင်သွားသည်။

အတွင်းဘက်တွင် ပြတ်တောက်နေသော ကေဘယ်ကြိုးများသည် အပေါ်မှ တွဲလောင်းကျနေသည်။ အာရုံကြော ထပ်တူပြုကိရိယာများထဲမှ တစ်ခုသည် ကြေမွနေပြီး သွေးများသည် ခေါင်းခန်း၏ တစ်ဝက်နီးပါး စွန်းထင်းနေသည်—အတွင်းမှ တစ်စုံတစ်ခု ပေါက်ကွဲသွားသကဲ့သို့ပင်။ ဓာတုပစ္စည်းများ၏ ပြင်းထန်သော အနံ့ဆိုးသည် လေထဲတွင် ပြည့်နေသည်။

လင်းရှန် မျက်မှောင်ကြုတ်လိုက်သည်။ သူ၏ စိတ်ထဲတွင် ချန်လီ တိုက်ခိုက်မှုတွင် လက်သည်းဖြင့် အပိုင်းပိုင်း အဖြတ်ခံရသည်—ခေါင်းခန်းကို ဆုတ်ဖြဲခံရစဉ် သွေးများ ပန်းထွက်သွားသည်ကို မြင်ယောင်မိနေသည်။

“ဒီထဲမှာ မင်းရဲ့ စွမ်းရည်ကို သုံးဖို့ စီစဉ်နေတာလား”

ချန်ဝေ၏ အသံသည် သူ၏ နောက်ဘက်အပေါက်မှ ထွက်ပေါ်လာသည်။

လင်းရှန် လှည့်ကြည့်ကာ ခေါင်းညိတ်လိုက်သည်။

“ခဗျား အဆင်ပြေရင်တော့… ကျုပ်က ဒီအပေါက်ကို အရင်ပိတ်ချင်တယ်။ဒီထဲမှာ အရမ်းအေးနေလို့”

ချန်ဝေ ဝင်လာပြီး ညာဘက်ထိန်းချုပ်နေရာကို လက်ညှိုးထိုးပြသည်။

“ငါ့အစ်ကိုနဲ့ ငါက အကောင်ကြီးကို သတ်လိုက်တယ်… ဒါပေမဲ့ နောက်တစ်ကောင် လာမယ်လို့ မထင်ထားဘူး။ ဘယ်ဘက်လက်မောင်းက လုံးဝနီးပါး ဆုတ်ပြဲသွားခဲ့တယ်”

ကလန် ကလန် ကလန်။

လင်းရှန်သည် အပေါက်ကို ပိတ်ရန် ယာယီသတ္တုပြားတစ်ချပ်ကို ဖန်တီးလိုက်ပြီး လေမုန်တိုင်း၏ ဆူညံသံကို လျှော့ချလိုက်သည်။

ဤအရာကို မြင်သောအခါ ချန်ဝေသည် အထင်ကြီးဟန်ဖြင့် ကြည့်သည်။

“ဒီစွမ်းရည်က အတော်ကောင်းတယ်။ ဒါပေမဲ့ သံပြားတွေနဲ့ ပြင်ဖို့ စီစဉ်နေတယ်လို့တော့ မပြောနဲ့နော”

“မဟုတ်ပါဘူး… ဒါက ယာယီပြင်တာပဲ”

သူ ထိုင်ချလိုက်ပြီး ယန္တရားနှလုံးသားကို ဖွင့်ကာ စကင်န်ဖတ်ခြင်းနှင့် ပြုပြင်ခြင်းကို စတင်လိုက်သည်။

“ဟေ့...”

ချန်ဝေသည် ရှုပ်ထွေးသော အမူအရာဖြင့် သူ့ကို ကြည့်လိုက်သည်။

“ငါ့အစ်ကိုရဲ့ ပစ္စည်းတွေကို ရှာပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ပြီးတော့... အစည်းအဝေးမှာ ငါ့ရဲ့ အစီအစဉ်ကို ထောက်ခံပေးတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်”

လင်းရှန် ခဏရပ်ပြီးနောက် ပြုံးလိုက်သည်။

“ရပါတယ်။ ခဗျားရဲ့ အစီအစဉ်က ခိုင်မာတယ်။ ဒီမီကာက ကျုပ်တို့အတွက် ဂိမ်းကိုပြောင်းလဲပေးနိုင်မယ့်အရာ ဖြစ်နိုင်တယ်”

ချန်ဝေ အသက်ပြင်းပြင်း ရှူလိုက်သည်။

“ဟုတ်တယ်။ S-class သတ္တဝါကို တိုက်ဖို့ ဒီထက်ကောင်းတာ မရှိဘူး။ ငါပြောတာ ယုံ—မင်း ဒါကို ပြင်လိုက်ရင် ဒါရဲ့ စွမ်းဆောင်ရည် အစစ်အမှန်ကို တွေ့ရလိမ့်မယ်”

လင်းရှန် ခေါင်းညိတ်ပြီး အလားတူ မျှော်လင့်ချက်ကို ခံစားလိုက်ရသည်။ သူ အာရုံစိုက်ပြီး စကင်န်ဖတ်ခြင်းကို ဆက်လုပ်နေသည်၊၊

ချက်ချင်းပင် သူ မျက်မှောင်ကြုတ်သွားသည်။ ဖိအားသည် အလွန်ကြီးမားသည်—သာမန်ထက်များစွာ ကျော်လွန်နေသည်။

“အနည်းဆုံးတော့ ထိန်းချုပ်ခန်း၊ ဘယ်ဘက်လက်မောင်းနဲ့ မောင်းနှင်ရေး အစိတ်အပိုင်း အချို့ပဲ ဖြစ်တယ်။ အဆင့်လိုက် ပြင်ရတော့မယ်...”

အောက်တွင် ယူနစ် ၀၁ ၏ အရန်စနစ်များသည် ပါဝါပွင့်လာပြီး ဟိုလိုဂရမ်မြင်ကွင်းပေါ်တွင် မီးများ လင်းလာသည်။ နည်းပညာအဖွဲ့သည် အစိတ်အပိုင်းစနစ်များကို ပြန်ဖွင့်ကာ စစ်ဆေးမှုများ စတင်ခဲ့သည်။

လင်းရှန် ခန့်မှန်းလိုက်သည်—ထိန်းချုပ်ခန်းနှင့် ပေါင်းစည်း မောင်းနှင်ရေး ယန္တရားကို စကင်န်ဖတ်ခြင်းပင် ၇-၈ နာရီ ကြာမည်။ ပြုပြင်ခြင်း___ ၁၂ နာရီကျော် အသာလေးကြာနိုင်မည်။ ပို၍လည်း ကြာနိုင်သေးသည်။ ဘယ်ဘက်လက်မောင်း ပျက်စီးမှုမှာ အလွန်ကြီးမားပြီး ပစ္စည်းပြောင်းလဲခြင်းကို စကင်န်ဖတ်ခြင်း ပြီးဆုံးသည်အထိ စောင့်ဆိုင်းရမည်။ ထို့ကြောင့် သူသည် ဒြပ်ပေါင်းသံချပ်ကာပစ္စည်းအချို့ကို ကြိုတင်ပြင်ဆင်ထားသည်။

“မြန်မြန်… မြန်မြန်”

စီလန်မြို့တွင် ၃၁ ရက်နေ့ည ဖြစ်နေပြီ။ စွမ်းအားရှင်များအမဲလိုက်အဖွဲ့သည် သွေးကပ်ပန်းကို အသုံးပြုကာ ရန်သူများကို မျှားခေါ်နေသည်။ လူတိုင်းသည် မနေ့ညကထက် ပိုဆိုးသော အခြေအနေနှင့် ရင်ဆိုင်နေရသည်—အချိန်တိုင်းသည် အရေးကြီးနေသည်။

လင်းရှန်သည် အေးခဲ-အမှောင်ဆေးရည်ပုလင်းတစ်လုံးကို ထုတ်ကာ တွန့်ဆုတ်ခြင်းမရှိဘဲ သောက်ချလိုက်သည်။

လောင်ကျွမ်းနေသော ဓာတုအရသာသည် သူ၏ လည်ချောင်းအောက်သို့ စီးဆင်းသွားပြီး သိပ်သည်းဆမြင့်မားသော စွမ်းအင်သည် သူ၏ ခန္ဓာကိုယ်ထဲတွင် မီးတောက်တစ်ခုကဲ့သို့ ပျံ့နှံ့သွားသည်။ အစာချေ စုပ်ယူမှုသည် သွေးကြောထဲ ထိုးသွင်းခြင်းထက် ပို၍ ဘေးကင်းသည်—သို့သော် ထိုသို့ပင်ဖြစ်စေ၊ ထိတ်လန့်မှုကြောင့် လင်းရှန်၏ ခန္ဓာကိုယ်သည် အလိုလျောက် တုန်ယင်သွားသည်။

သို့သော် မကြာမီတွင် အပူရှိန်သည် လျှပ်တစ်ပြက်တိုးလာသည့် အက်ဒရီနယ်လင်အဖြစ် ပြောင်းလဲသွားသည်။ သူ၏ စိတ်သည် လှုပ်ရှားလာကာ နှလုံးခုန်နှုန်း မြန်လာသည်… အာရုံများ၏ကြည်လင်ပြတ်သားမှုသည် ယခင်ကထက် ပိုအားကောင်းလာသည်၊၊

“ဒီအဆင့်မြင့် ပစ္စည်းတွေက ကိုယ်တိုင်ဖောက်ထားတဲ့ အရက်ကို သောက်လိုက်ရသလို ခံစားရတယ်”

ပါးစပ်မှ ညည်းတွားနေသော်လည်း လင်းရှန်သည် အာရုံစိုက်နိုင်မှု တိုးလာသည်ကို ရှင်းရှင်းလင်းလင်း ခံစားနိုင်သည်။ စွမ်းအားစစ်စစ် မဟုတ်သော်လည်း နိုးကြားဖျတ်လပ်မှုကား သေချာသည်။

အအေးဓာတ်ကို တွန်းလှန်ပြီးနောက် သူသည် မီကာကို စကင်န်ဖတ်ခြင်းထဲသို့ အပြည့်အဝ နစ်မြုပ်လိုက်သည်။

တစ်ချိန်တည်းမှာပင် အောက်ဖက်ရှိ အင်ပါယာပရောဂျက်ခန်းတွင် တဲများ ပြန်ဆောက်ထားပြီး ပစ္စည်းကိရိယာများ အများအပြားထည့်သွင်းကာ ရေခဲချောက်တွင် မီးရောင်များ တောက်ပနေသည်။ အစောင့်အဖွဲ့များသည် ပတ်ပတ်လည်တွင် အမြဲမပြတ် ကင်းလှည့်နေသည်။

နေ့လည် ၁၂:၄၀ နာရီ။ နေ့အလင်းရောင် ကျရောက်လာပြီ၊၊

အစွန်းရောက် အအေးလေပွေက ပိုမို နီးကပ်လာသည်။ ဆီးနှင်းမုန်တိုင်းက ပိုဆိုးလာပြီး တဲများကို ရိုက်ခတ်ကာ တိုက်လေယာဉ်ခြောက်စင်းကို နှင်းလွှာများ ဖုံးလွှမ်းသွားသည်။ ၎င်းတို့၏ ပင်မ စနစ်များသည် အရေးပေါ် အသင့်အနေအထားအတွက် ဆက်လက်ဖွင့်ထားသည်။

စီလန်မြို့တွင် ယခုအခါ နေ့အလင်းရောင်အောက်တွင် ထောင်ပေါင်းများစွာသော အသက်ရှင်ကျန်ရစ်သူများနှင့် စုံစမ်းစစ်ဆေးရေးတပ်ဖွဲ့မှ စစ်သားများသည် သတိအပြည့်ရှိနေကြသည်။ လေထဲရှိ ဖိအားသည် ယခင်ကထက် ပိုမို လေးလံနေသည်။

လမ်းကြောင်းများနှင့် ရထားလမ်းများအားလုံး ပိတ်ဆို့ထားသည်—တစ်စိတ်တစ်ပိုင်းသည် ကာကွယ်ရေးအတွက် ဖြစ်ပြီး၊ တစ်စိတ်တစ်ပိုင်းမှာမူ ပြတ်သားသော ရည်ရွယ်ချက် ဖြစ်သည်။

သူတို့သည် ဆုတ်ခွာစရာမရှိအောင် နောက်ကြောင်းကို ဖြတ်တောက်နေကြသည်။

Plan B မရှိပေ။

အသက်ရှင်သန်ရန် တိုက်ပွဲသာရှိသည်။

All Chapters