← Chapters

အခန်း (၄၅၄+၄၅၅)

Vol. 29 Ch. 454-455

အခန်း (၄၅၄+၄၅၅)

Vol. 29 Ch. 454-455

Chapter 454

မြူခိုးသရဖူဝတ်ရုံ ၃

ဗရူး ဗရူး ဝူး—

ဖီးနစ်၏ သယ်ယူပို့ဆောင်ရေး ထရပ်ကားများသည် မြို့အနှံ့ အဆက်မပြတ် မောင်းနှင်နေပြီး ခံစစ်မျဥ်းသုံးခုသို့ ခဲယမ်းများ သယ်ယူပို့ဆောင်နေသည်။ အသက်ရှင်ကျန်ရစ်သူယာဉ်တန်းများသည် ရှေ့တန်းကို ခိုင်ခံ့စေရန် အသုံးဝင်သော အရာမှန်သမျှကို ရှာဖွေနေကြသည်။

“ဟိုတံခါးတွေကို ဖြုတ်ချ၊ လက်ရန်းတွေ၊ လုံခြုံရေးသံဇကာတွေ၊ သတ္တုမှန်သမျှ ယူပြီး အကုန်တင်လိုက်”

“အချက်ပြမျှော်စင်တွေ အားလုံးကို ယူကြ… ငါတို့ အဲဒါတွေကို ရေဒါစခန်းမှာ စက်သေနတ်ပစ်စင်တွေအဖြစ် ပြောင်းမယ်”

“’ရွှေ့၊ ရွှေ့… ပျက်စီးနေတဲ့ ကားတွေကိုလည်း လမ်းကြောင်းတွေ ပိတ်ဖို့ လုပ်ကြ”

“ဒီမြို့ထဲက အသုံးဝင်တဲ့ အရာတိုင်းကို ငါတို့ ယူရမယ်။ ငါတို့အသက်တွေက ဒီအပေါ်မှာ မူတည်တယ်… အချိန်မဖြုန်းကြနဲ့”

ကလန် ကလန် ကလန်

အရှေ့ပိုင်း စက်မှုဇုန် —

အင်ဂျင်နီယာတပ်ဖွဲ့ မှ မြေတူးစက်များ၊ ဖျက်ဆီးစက်များနှင့် အင်ဂျင်နီယာကိရိယာအမျိုးမျိုးတို့သည် အဆက်မပြတ် ဆူညံနေသည်။ ဓာတ်ငွေ့ကာမျက်နှာဖုံး ဝတ်ထားသော စစ်သားများသည် ကြိုတင်ပြုလုပ်ထားသော မြောင်းများအတွင်းသို့ napalm ဗုံးများကို ထည့်သွင်းနေကြပြီး သတ္တုများ တချွမ်ချွမ်မြည်ဟည်းသံနှင့် ဟိုက်ဒရောလစ် တူများ၏ စည်းချက်ကျကျ ထုနှက်သံများသည် ဗုံးဒဏ်ခံ နံရံများကြားတွင် ထပ်ခါတလဲလဲ ပဲ့တင်ထပ်နေသည်။

ဘုန်း ဘုန်း ဘုန်း၊ ဘုန်း ဘုန်း ဘုန်း။

တောင်ပိုင်း ခရိုင် —

မြင့်မားသော အဆောက်အအုံ အများအပြားသည် ကြီးမားသော ပေါက်ကွဲမှုများ ဆက်တိုက်ဖြင့် ပြိုကျသွားသည်။ ထိတ်လန့်တုန်လှုပ်မှု လှိုင်းတစ်ခု ဖြတ်သန်းသွားပြီး ကျကွဲနေသော မှန်ချပ်များက လမ်းများပေါ်သို့ ပြိုကျကာ လမ်းများကို လုံးဝ ပိတ်ဆို့သွားသည်။ ပြိုကျနေသော အဆောက်အအုံများနှင့် အပျက်အစီးများသည် ယာယီ ထိခိုက်မှုဒဏ်ခံ ဘန်ကာများအဖြစ် ပြောင်းလဲသွားသည်။

ရေဒါစတေရှင်၏ အတွင်းပိုင်း စခန်းချနေရာတွင် ထောင်နှင့်ချီသောလူများသည် ပြင်ဆင်မှုများဖြင့် အလုပ်ရှုပ်နေကြသည်။

ခဲယမ်းများ တင်ဆောင်ခြင်း၊ လက်နက်များ စစ်ဆေးခြင်း—လူတိုင်း၊ ကျား/မ မခွဲခြားဘဲ စစ်ပွဲအတွက် ပြင်ဆင်ရန် အဆက်မပြတ် အလုပ်လုပ်နေကြသည်။ ငယ်ရွယ်သောကလေးများပင် ထောက်ပံ့ရေးသေတ္တာများကို ရွှေ့ပြောင်းရာတွင် ကူညီနေကြပြီး သက်ကြီးရွယ်အိုများနှင့် အမျိုးသမီးများသည် ဝေငှရန်အတွက် ပူနွေးသောအစားအသောက်များပြင်ဆင်ရာတွင် အလျင်စလို လုပ်ဆောင်နေကြသည်။

မီရှဲလ် ဘုရားရှိခိုးကျောင်း ကွပ်ကဲရေးစင်တာတွင် ကျိုးယုသည် ကာကွယ်ရေး ရှေ့တန်းတစ်ခုစီ၏ ပြင်ဆင်မှု တိုးတက်နှုန်းကို တစ်ချိန်လုံးစောင့်ကြည့်နေသည်။

“ကျန်ရှိတဲ့ ခဲယမ်းတွေ အားလုံး ပို့ပြီးပြီ။ ဒီတစ်ကြိမ်တော့ ကျုပ်တို့မှာ အရန် ဘာမှမရှိတော့ဘူး”

ဟီကျန်းသည် အပြင်မှ လျင်မြန်စွာ ဝင်လာပြီး ပြောသည်။

“ဒါပေမဲ့ အနည်းဆုံးတော့ ကျုပ်တို့ ဒီအသက်ရှင်ကျန်ရစ်သူတွေကို လက်နက်တွေ ဘယ်လိုသုံးရမယ်ဆိုတာ လေ့ကျင့်ပေးဖို့ အချိန်ရခဲ့တယ်။ သူတို့ အများစုက စစ်တပ်မှာ လေ့ကျင့်ထားသူတွေ မဟုတ်ဘူး… သူတို့ကိုယ်တိုင် နည်းလမ်းရှာနေကြရတာ… အဘိုးကြီးကျိုး… ဒါကို နောက်ဆုံးကောက်ရိုးတမျှင်လို့ ခေါ်နိုင်လား”

ကျိုးယု၏ မျက်နှာသည် တင်းမာနေပြီး ယာယီနေရာပြမြေပုံကို စိုက်ကြည့်ကာ ရေရွတ်သည်။

“ကောင်ရိုးတစ်မျှင်က ဘာမှ မရှိတာထက်တော့ ပိုကောင်းတယ်။ ငါတို့ လုပ်နေတဲ့ ပြင်ဆင်မှုတိုင်းက သေဆုံးမှုတွေကို ထောင်နဲ့ချီပြီး လျော့ကျသွားနိုင်တယ်”

သူသည် နေရာပြတုတ်ဖြင့် ယာယီမြင်ကွင်းပေါ်ရှိ နေရာအနည်းငယ်ကို ထိုးလိုက်သည်။

“ခန့်မှန်းခြေအရ မနေ့ညက လူ ၆,၀၀၀ ကျော် သေဆုံးခဲ့တယ်။ ယာဉ်တန်း ၄၀ ကျော် လုံးဝ ပျက်စီးသွားတယ်။ ငါတို့ ကယ်ဆယ်ရေးအဖွဲ့က အသက်ရှင်ကျန်ရစ်သူအချို့ကို တခြားယာဉ်တန်းတွေနဲ့ ပေါင်းလိုက်တယ်၊ ပြီးတော့ အချို့ကို ဖီးနစ်ရဲ့ စောင့်ရှောက်မှုအောက်မှာ ယာယီထားရှိတယ်”

“အခု သူတို့ကို ခွဲထားဖို့ အဓိပ္ပာယ်မရှိဘူး”

ဟီကျန်းက အမှတ်အသားပြုထားသော နေရာများကို ကြည့်ရင်း အေးစက်စွာ ပြန်ပြောသည်။

“ဘယ်လိုပဲဖြစ်ဖြစ် ကျုပ်တို့အားလုံးက ဒီစစ်ပွဲမှာ အတူတူပါပဲ။ ပြီးတော့ ကြည့်—ခင်ဗျား အမှတ်အသားလုပ်ထားတဲ့ နေရာတွေက အဲဒီပိုးကောင်တွေ တူးထားတဲ့ ဥမင်လိုဏ်ခေါင်းတွေ နားမှာပဲ။ မြေအောက်ကနေ အလစ်အငိုက် တိုက်ခိုက်တာတွေက ဥမင်တူးစက်တွေထက်တောင် ပိုပြီး ဆိုးတယ်။ သူတို့က ကျုပ်တို့ကို ခနလေးအတွင်းမှာပဲ ပြင်းပြင်းထန်ထန် တိုက်ခိုက်တတ်တယ်။ ဒါကြောင့် သေဆုံးသူ အရေအတွက်က အရမ်းများနေတာပဲ”

ကျိုးယု အသက်ပြင်းပြင်းရှူလိုက်သည်။

“အဲဒါက ငါ အစိုးရိမ်ဆုံးပဲ”

“အဲဒီအရာတွေက ကျုပ်တို့ ခံစစ်မျဥ်းတွေရဲ့ အတွင်းကနေ ဥမင်တူးပြီး တက်လာနိုင်တယ်လို့ ခင်ဗျား ထင်နေတာလား”

ဟီကျန်းက မေးသည်။

ကျိုးယန်က ခေါင်းညိတ်လိုက်သည်။

“တောင်ဘက်ခြမ်းက နည်းနည်းတော်သေးတယ်။ အဲဒီက ရေဒါစတေရှင်အောက်မှာ စွန့်ပစ်ထားတဲ့ မိုင်းတွင်းဟောင်းတစ်ခုနဲ့ မြေအောက်လေကြောင်းရန်ကာကွယ်ရေးအခြေခံအဆောက်အအုံဟောင်းတွေ ရှိတယ်။ ပြီးတော့ ငါတို့ ကွန်ကရစ် တန်ပေါင်း သန်းချီ လောင်းထည့်ခဲ့တယ်။ ဒါပေမဲ့ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းကတော့...”

“တခြားရွေးစရာ မရှိတော့ဘူး”

ဟီကျန်းက ဖြတ်ပြောသည်။

“ကျုပ်တို့ရဲ့ တစ်ခုတည်းသော လက်ရှိအစီအစဉ်ကတော့ သွေးကပ်ဘေးပန်းကို အသုံးပြုပြီး အဲဒီအရာကို ဗဟိုရိပ်သာလမ်းမှာ ပေါ်လာအောင် သွေးဆောင်ဖို့ပဲ။ ပြီးရင် ကျုပ်တို့ ဝင်တိုက်မယ်။ အစောပိုင်း နှစ်ကြိမ်ရင်ဆိုင်တွေ့ဆုံမှုတွေအရ ဒါက အလုပ်ဖြစ်နိုင်တယ်”

ကျိုးယုက ခဏစဉ်းစားပြီး သူ့၏ ဆက်သွယ်ရေးကိရိယာကို နှိပ်လိုက်သည်။

“ဝမ်ကျိုး… အဲဒီမှာ ဘယ်လိုလဲ”

“လေ့ကျင့်နေတယ်” ဝမ်ကျိုးက ပြန်ဖြေသည်၊၊

ဗဟို ရိပ်သာလမ်း ကွင်းပြင် —

ရူးသွပ်သူအဆင့် တိုက်ခိုက်ရေးသမားတစ်ဦးစီ ဦးဆောင်သော အဖွဲ့ ၃၅ ဖွဲ့ စုဝေးနေကြသည်။

ဝမ်ကျိုး၊ ကီကီ၊ ဟန်ကျွမ့်၊ ချင်ရွှမ်မင်နှင့် လုရှင်းချန်တို့သည် အဓိကတိုက်ခိုက်ရေးသမားများအဖြစ် ရှေ့တွင် ရပ်နေကြသည်။ ကျန်သူများသည် ၎င်းတို့၏ စွမ်းရည်များနှင့် ညလမ်းလျှောက်သူများမှ စစ်ဆေးထားသော ယခင် စမ်းသပ်အချက်အလက်များအပေါ် အခြေခံ၍ အုပ်စုဖွဲ့ထားသည်—၎င်းတို့ အများစုမှာ တစ်ယောက်နှင့်တစ်ယောက် မသိကျွမ်းကြပေ။

ဘီပ် ဘီပ်

လေထဲတွင် ဝဲပျံနေသော ဝမ်ကျိုးသည် ဆီးနှင်းမုန်တိုင်းနှင့် တစ်သားတည်းဖြစ်နေသော လျှပ်စစ်-အလင်းရောင် အသွင်ပြောင်းဝတ်စုံကို ဝတ်ဆင်ထားသည်။ သူသည် မျက်မှန်တစ်ခုကို တပ်ထားပြီး သူ၏ လက်ကောက်ဝတ်တွင် တပ်ဆင်ထားသော စက်ပစ္စည်းသည် အမဲလိုက်တပ်ဖွဲ့၏ ခေါင်းပေါ်မှ HUD များ အတွင်းသို့ ယာယီနေရာပြမြေပုံကို တိုက်ရိုက်ထုတ်လွှင့်ပြသနေသည်။

ပူးပေါင်းဆောင်ရွက်မှုကို သေချာစေရန်အတွက် အဖွဲ့ဝင်တိုင်းအား ညလမ်းလျှောက်သူများမှ ဤ မျက်မှန်များကို ထုတ်ပေးထားသည်။ ၎င်းတို့သည် ပတ်ဝန်းကျင် မြို့ပြတိုက်ပွဲမြေပြင်၏ အချိန်နှင့်တစ်ပြေးညီ 3D မြေပုံကို ပံ့ပိုးပေးသည်။

“တိုက်ခိုက်ရေးယူနစ်များ အားလုံးတွင် နည်းဗျူဟာ ချိတ်ဆက်မှု တည်ဆောက်ပြီးပါပြီ” ဟူသော Ai မိန်းကလေး အသံသည် လူတိုင်း၏ နားကြပ်တွင် ထွက်ပေါ်လာသည်။ ကီကီသည် သူမ၏ ရှေ့ရှိ ယာယီမြင်ကွင်းကို ထိလိုက်ပြီး စူးစမ်းလိုစိတ်က သူမ၏ မျက်လုံးများကို လင်းလက်သွားစေသည်။

“ဒီအရာက နည်းနည်းတော့ ပျော်စရာကောင်းတယ်~ ဟဲဟဲ… လင်းရှန်အတွက် နောက်မှ တစ်ခုလောက်ယူသွားပေးရမလား”

ထိုအချိန်တွင် ဝမ်ကျိုးက ပြောသည်။

“အားလုံးပဲ… ဒီဆက်သွယ်ရေးကိရိယာကို ညလမ်းလျှောက်သူတွေက တိုက်ပွဲအတွက် အထူးပြင်ဆင်ထားတာပဲ…. ငါက ရေဒီယိုလှိုင်းနှောင့်ယှက်မှု တိုက်ဖျက်ရေး ချန်နယ်နှစ်ခုကို သတ်မှတ်ထားတယ်—တစ်ခုက ငါးယောက်အဖွဲ့အတွက်… နောက်တစ်ခုက အမဲလိုက်တပ်ဖွဲ့တစ်ခုလုံးအတွက်ပဲ…. ဒီအချိန်ကစပြီး အဖွဲ့ခေါင်းဆောင်တွေကိုပဲ စကားပြောခွင့်ပြုတယ်။ ကျန်တဲ့လူတွေ အားလုံး၊ ကိုယ်ပိုင်ဆက်သွယ်ရေးတွေမှာ ရေဒီယိုတွေ တိတ်ဆိတ်နေရမယ်။ ငါက ပူးပေါင်းစစ်တင်ရေးကို ကိုင်တွယ်မယ်… နောက်ကျကျန်ရစ်သူ မရှိရဘူး”

“အတွင်းပိုင်းအဖွဲ့တွေအတွက်ကတော့ တစ်ယောက်နဲ့တစ်ယောက် အမြန်ရင်းနှီးအောင် လုပ်ပါ။ ငါက ဒီမြို့ရဲ့ မြေပုံကို လူတိုင်းကို ပြပြီးပြီ။ အဓိကမြေမျက်နှာသွင်ပြင်ကို မှတ်ထားပါ။ မင်းတို့ရဲ့ အသက်ရှင်သန်မှုက မင်းတို့ အဖွဲ့ရဲ့ ပူးပေါင်းလုပ်ဆောင်မှုအပေါ် မူတည်တယ်”

သူ လူအုပ်ကို ဝေ့ကြည့်လိုက်သည်။

“အားလုံး နားထောင်ကြ… ငါတို့ ကြယ်မီးတောက်အဖွဲ့ဝင်တွေကလွဲရင် မင်းတို့ အများစုက မူရင်းယာဉ်တန်းတွေမှာ အဓိက တိုက်ခိုက်ရေးသမားတွေ ဖြစ်ကြတယ်။ ဒါပေမဲ့ ဒီတစ်ကြိမ်မှာ ငါတို့က A-Class နဲ့ S-Class သတ္တဝါတွေကို တိုက်ခိုက်ရမှာပဲ။ သူရဲကောင်းဆန်တဲ့ အပြုအမူမျိုး မလုပ်ရဘူး။ တစ်ယောက်တည်း ခေါင်းမာတာမျိုး မလုပ်ရဘူး။အာ့လိုလုပ်တာတွေက မင်းတို့ကို သေစေနိုင်တယ်။ မင်းတို့ အဖွဲ့ခေါင်းဆောင်တွေရဲ့ အမိန့်တွေကို လိုက်နာကြပါ”

“နားလည်ကြလား”

“နားလည်ပါတယ်”

“သဘောပေါက်ပြီ...”

“အိုကေ”

အဖွဲ့တစ်ခုလုံး တစ်ညီတစ်ညွှတ်တည်း တုံ့ပြန်လိုက်ကြသည်။

Chapter 455

မြူခိုးသရဖူဝတ်ရုံ ၄

ဤအမဲလိုက်တပ်ဖွဲ့ သည် စီလန်မြို့ရှိ ထိပ်တန်းအဆင့် ဆင့်ကဲပြောင်းလဲသူများနှင့် စွမ်းအားရှင်များကို ကိုယ်စားပြုသည်။ လက်ရှိတွင် ဤနေရာ၌ မရှိသူများမှာ တာလို့ကဲ့သို့ ရွေ့လျားနိုင်စွမ်းကောင်းသောသူများဖြစ်ပြီး ထိုသူများသည် တိုက်ခိုက်ရေးထက် ကာကွယ်ရေးတွင် ပို၍သင့်လျော်ပေသည်။ မျိုးရိုးဗီဇ ပြောင်းလဲသူ တိုက်ခိုက်ရေးသမားအများအပြားသည် ၎င်းတို့၏ မြှင့်တင်ထားသော ခန္ဓာကိုယ်ဖြင့် လျင်မြန်စွာ ရွေ့လျားနိုင်ရန် စွမ်းအားဝတ်စုံများကို ဝတ်ဆင်ထားကြသည်။

အနန္တရထားဘက်မှ ရှုချင်း၊ လုချန် နှင့် နဂါးတောင် ၁ မှ နန်ကျင်းနှင့် ရှောင်ချင်းတို့က အဖွဲ့ဖွဲ့ထားသည်။ ၎င်းတို့၏ အဖွဲ့ခေါင်းဆောင်မှာ ကြယ်မီးတောက်အဖွဲ့မှ ညလမ်းလျှောက်သူ ဝမ်မိုချန်း—ကျန်းယွမ်ကဲ့သို့ စွမ်းအားရှင်တစ်ဦးဖြစ်သော်လည်း လေစွမ်းအားက အလွန်ကွဲပြားသည်။ သူသည် ပျံသန်းနိုင်သည့်အစား သူ၏ အဖွဲ့ပတ်ပတ်လည်တွင် လေပွေများကို အဆက်မပြတ် ဖန်တီးပေးကာ ၎င်းတို့အား လေထုထဲမှ အလေးချိန်မရှိသော ခံစားချက်ကို ပေးပြီး ခဏတာ လေဟုန်စီးနိုင်စေသည်။

“ညရောက်ဖို့ ငါးနာရီ လိုသေးတယ်။ ကာကွယ်ရေးတွေကို စပြီး စီစဉ်ကြ”

ဝမ်ကျိုးသည် ကီကီကို လှည့်ကြည့်သည်။ သွေးကပ်ဘေးပန်းကို အထူးပြုလုပ်ထားသော သေတ္တာတစ်ခုတွင် လုံခြုံစွာ သိမ်းဆည်းထားသည်။

“ငါ့ကို ပေး”

ကီကီ ခေါင်းညိတ်ပြီး သူမ၏ စိတ်စွမ်းအားကို အသုံးပြုကာ ပန်းကို သူ့ထံသို့ ပျံသွားစေသည်။ ဝမ်ကျိုးက ၎င်းကို ဆွဲယူပြီး သတ္တုအပိုင်းအစများစွာကို ဆင့်ခေါ်ကာ ချက်ချင်းဆိုသလို သံကြိုးတစ်ခု ဖန်တီးကာ သေတ္တာကို သူ၏ ဘေးတွင် လုံခြုံစွာ ချည်နှောင်လိုက်သည်။

“လိုအပ်ရင် ဇုန်တွေကြားမှာ လှုပ်ရှားရမယ်၊၊ မင်းတို့ရဲ့ စွမ်းအားတွေကို သုံးပြီး ကာကွယ်ရေးလိုင်းတွေကို အားဖြည့်ကြ”

ဟန်ကျွမ့်သည် လက်ကို မြှောက်လိုက်ပြီး ပတ်ဝန်းကျင် လေထဲမှ ရေခဲပလက်ဖောင်းတစ်ခုကို ဆင့်ခေါ်လိုက်သည်။

“ကောင်းပြီး… Lets Go”

ညနေ ၃:၃၀ နာရီ — ဒရာကာမာ ရေခဲချောက်

ယန္တရားလက်တံတစ်ချောင်းသည် ကြီးမားသော အထိမ်းအမှတ် အူတိုင်ကို မြှောက်တင်ကာ ယူနစ် ၀၁ ၏ ခေါင်းခန်းအောက်ရှိ အပေါက်ထဲသို့ ထည့်သွင်းလိုက်သည်။

ဝှီး... ရှဲး...

မီကာ ယူနစ်သည် အပေါက်ကို ပြန်ပိတ်လိုက်သည်။ ယုဟန်၏ မိုဘိုင်းလ်ကိရိယာတွင် စစ်ဆေးမှု တိုးတက်နှုန်းပြဘားသည် စတင်ပြည့်လာသည်။

“ကပ္ပတိန်လင်း၊ ပြီးပြီ… နောက်တစ်ခုကတော့ အဓိက အူတိုင်ကို ပြန်စတင်ဖို့ပဲ”

“သဘောပေါက်ပြီ”

ကလန်၊၊

ဝှီး...

ယူနစ် ၀၁ ၏ အမြွှာ နျူကလီးယား ပေါင်းစည်း တာဘိုင်အင်ဂျင်များသည် တစ်စိတ်တစ်ပိုင်း အေးခဲနေသော်လည်း ချာရန်ကော့ဗ် ဓာတ်ရောင်ခြည်ကို ထုတ်လွှတ်လာသည်။ ၎င်း၏ ရင်ဘတ် ဓာတ်ပေါင်းဖိုရှိ နီယိုဘီယမ်-တိုက်တေနီယမ် စူပါလျှပ်ကူး လျှပ်စီးပတ်လမ်းသည် စတင် ပူနွေးလာပြီး စက္ကန့်ပိုင်းအတွင်း ပတ်ပတ်လည်ရှိ ရေခဲများကို အရည်ပျော်စေသည်။

ထူးဆန်းသော စွမ်းအင်လှိုင်းတစ်ခု အပြင်ဘက်သို့ ပျံ့နှံ့သွားသည်၊၊

ခေါင်းခန်းအတွင်းတွင် အာရုံကြော-ထပ်တူပြု မောင်းနှင်ရေးဝတ်စုံကို ဝတ်ဆင်ထားပြီးသော ချန်ဝေသည် စနစ် စစ်ဆေးမှုများကို အေးဆေးစွာ လုပ်ဆောင်နေသည်။ ကျောရိုးစနစ်မြင်ကွင်း ဆယ့်နှစ်ခုသည် ယူနစ် ၀၁ ၏ ပင်မအူတိုင်နှင့် ထပ်တူကျလျက် တဝီဝီ မြည်နေသည်။ လင်းရှန်သည် ထောင့်တွင် ထိုင်နေဆဲဖြစ်ပြီး မီကာကို စကင်န်ဖတ်ရန်အတွက် ယန္တရားနှလုံးသားကို ဆက်လက်အသုံးပြုနေသည်။ ပြုပြင်ရေးလုပ်ငန်းပင် မစရသေးပေ။

[စကင်ဖတ်နေသည် : 73%]

ညနေ ၄:၂၅ နာရီ — စီလန်မြို့ မြောက်ပိုင်း ခရီးသည်တင်ဂိတ်

ကွင်းပြင်ကို ကွန်တိန်နာများနှင့် ကြီးမားသော ယာဉ်များဖြင့် လုံးဝ ကာကွယ်ထားသည်။ ငါးလွှာရှိ အဆောက်အအုံ၏ ပြတင်းပေါက်တိုင်းကို ဖြုတ်ချပြီး ကြီးမားသော စက်သေနတ်များနှင့် အမြောက်များကို တပ်ဆင်ထားသည်။

ကျုံးဇီ ရိပ်သာလမ်း အပြင်ဘက်တွင် တင့်ကားကာကွယ်ရေးအဆင့် အတားအဆီးများ၊ မီးလောင်လွယ်သောပစ္စည်းများ၊ ဆူးကြိုး ခြံစည်းရိုးများနှင့် ဆူးထောင်ချောက်များကို အလွှာလိုက်ချထားသည်။ တစ်ကီလိုမီတာ ရှည်လျားသော မီးတောက်ကျုံးများကို နှစ်ဖက်စလုံးတွင် တူးထားသည်။ ဦးတည်ချက် ဖိအားအားလုံးကို ကွင်းပြင်ဆီသို့ ပို့ဆောင်ပေးသည်။

မြို့ပေါ်နှင့် ရထားလမ်းများ ပတ်ပတ်လည်တွင် ကမ္ဘာပျက်ကပ်ရထားလက်နက် စနစ် ၂၂ ခုသည် အသင့်အနေအထားတွင် ရှိနေသည်။ အမိုးပေါ်တွင် YJ-03 လေယာဉ်ပစ်အမြောက် တစ်ဒါဇင်ကျော် တပ်ဆင်ထားပြီး ရေဒါနှင့် စမတ်-ပစ်ခတ်မှု စံနှုန်းများအောက်တွင် ၎င်းတို့၏ ပစ်ခတ်မှု ထောင့်များကို ချိန်ညှိကာ ကောင်းကင်သို့ ပစ်မှတ်ထားသည်။

ညနေ ၅:၀၀ နာရီ — တောင်ပိုင်း ခရိုင်၊ ဒူဂါရေဒါစတေရှင်

တင့်ကားများသည် စခန်းပတ်လည်ရှိ နှင်းဖုံးတောင်ကုန်းများကို ဖုံးအုပ်ထားသည်။ ယာဉ်များ နောက်တွင် သေနတ်မျှော်စင်များပါသော အသစ်တည်ဆောက်ထားသည့် ကွန်ကရစ်နံရံတစ်ခု ရှိသည်။ ထိုထက် ပို၍ အပြင်ဘက်တွင် လမ်းလွှဲသံဇကာခြံစည်းရိုးများသည် ဒေါင်လိုက် အလွှာလိုက်ရှိပြီး မွန်းစတားအုပ်စုကို အောက်ဖက်ရှိ ကျဉ်းမြောင်းသော သတ်ကွင်းများအတွင်းသို့ တွန်းပို့ကာ ထိုနေရာတွင် မီးလျှံပစ်လွှတ်စက်များကို အတန်းလိုက် စီထားပြီး တောင်ပေါ်မှ ရေတံခွန်ကဲ့သို့ မီးများ သွန်ချရန် အသင့်ရှိနေသည်။

ဤသည်မှာ မြို့တစ်ခုလုံး၌ လူဦးရေ အထူထပ်ဆုံး နေရာဖြစ်သည်။ ရှောင်ဟယ်သည် သူ၏ အဖွဲ့နှင့်အတူ ကာကွယ်ရေးလိုင်း၏ အပိုင်းတိုင်းကို စစ်ဆေးရင်း ဆီးနှင်းမုန်တိုင်းထဲတွင် အဆက်မပြတ် ရွေ့လျားနေစဉ် တောင်ကြီးတစ်လုံးကဲ့သို့ ဖိအားကို ခံစားနေရသည်။

ညနေ ၅:၃၀ နာရီ — မီရှဲလ် ဘုရားရှိခိုးကျောင်း ကွပ်ကဲရေးစင်တာသည် ယခုအခါ ဗလာနတ္တိဖြစ်နေသည်။

ကျိုးယန် နှင့် ဟီကျန်းတို့ နှစ်ဦးစလုံးသည် အရှေ့ပိုင်းနှင့် မြောက်ပိုင်း ရှေ့တန်းများသို့ ဦးတည်သွားကြသည်။ အမဲလိုက်တပ်ဖွဲ့သာလျှင် ကွင်းပြင်အနီးရှိ အဓိကနေရာအမျိုးမျိုးတွင် တပ်စွဲထားသည်။

အရှေ့ဘက်နံရံ ကာကွယ်ရေးလိုင်း

ကျိုးယုသည် မျှော်စင်ပေါ်တွင် ရပ်နေပြီး မျက်နှာသည် လေးနက်နေကာ အာရုံစိုက်ထားသည်။ ပြင်ဆင်မှုများ ပြီးစီးလေပြီ။ သူ၏ မျက်လုံးများသည် အဝေးမှ ချောက်ကမ်းပါးကို စိုက်ကြည့်နေသည်။

ရုတ်တရက် သူ့၏ နားကြပ်မှ အသံတစ်ခု ထွက်ပေါ်လာသည်—၎င်းသည် လေကြောင်း တိုက်ခိုက်ရေးတပ်ဖွဲ့မှ ကျန်းချန်ဇီဖြစ်သည်။

“ဒါရိုက်တာ ကျိုး… ရေဒါက တိမ်တွေထဲမှာ အတောင်ပံပါ သတ္တဝါဆိုးအုပ်စုတစ်ခုကို ဖမ်းမိတယ်။ သူတို့ မြို့ဆီကို မလာဘူး။ ဦးတည်ချက်က အရှေ့တောင်ဘက် ဖြစ်ပုံရတယ်”

ကျိုးယန် မျက်လုံးများ ကျဥ်းမြောင်းသွားသည်။

“ဘာလို့ အခုမှလဲ”

“ကျွန်တော်တို့လည်း သေချာမသိသေးဘူး”

“ထောက်လှမ်းရေးအဖွဲ့တစ်ဖွဲ့ကို သူတို့ လမ်းကြောင်းကို လိုက်ဖို့ စေလွှတ်လိုက်… သူတို့က အင်ပါယာပရောဂျက်အဖွဲ့ ရဲ့ လှုပ်ရှားမှုတွေကို တုံ့ပြန်နေတာဆိုတာ အတည်ပြုနိုင်တာနဲ့ သူတို့ကို စစ်ကူအဖွဲ့အဖြစ်ပြောင်းလဲပါ”

“ဟုတ်ကဲ့… အမိန့်အတိုင်းပါ”

ဝူးးးး~

တိုက်လေယာဉ် ဒါဇင်ဝက်ခန့်သည် ကောင်းကင်သို့ ပျံတက်ပြီး ဒရာကာမာ ရေခဲချောက်ဆီသို့ ဦးတည်သွားသည်။

ညနေ ၅:၄၀ နာရီ — ညအမှောင်ကျရောက်ဖို့ ၁၀ မိနစ်ခန့်အလို…

ဒရာကာမာ ရေခဲချောက်ရှိ အင်ပါယာပရောဂျက်အဖွဲ့စခန်းအတွင်း၌ ယုဟန်နှင့် သူ၏ အဖွဲ့သားများသည် နောက်ဆုံး ချိန်ညှိမှုများဖြင့် အလုပ်ရှုပ်နေကြဆဲ ဖြစ်သည်။

“ညရောက်တော့မယ်။ အဲဒီသတ္တဝါတွေကို ယူနစ် ၀၁ ရဲ့ ခေါင်းခန်းနဲ့ ဝေးဝေးမှာ ထားဖို့ အစွမ်းကုန် လုပ်ကြ” ယုဟန်က အလျင်စလို ပြောလိုက်သည်။

“နားလည်ပါပြီ”

ညလမ်းလျှောက်သူအဖွဲ့မှ ကျင်းထျန်သည် တဲအဝမှတစ်ဆင့် ကြီးမားသော မီကာကို တစ်ချက်ကြည့်လိုက်သည်။

“ကပ္ပတိန်လင်းက နောက်ထပ် နာရီအနည်းငယ် ကြာဦးမယ်လို့ ပြောတယ်။ မွန်းစတားတွေ တစ်ကောင်မှ အနီးအနားမှာ မရှိပါစေနဲ့လို့ မျှော်လင့်ရတာပဲ”

ယုဟန်က အလုပ်လုပ်နေရင်း ခေါင်းညိတ်လိုက်သည်။

“ဒါနဲ့… ခဗျားတို့ ညလမ်းလျှောက်သူ မြူဝတ်ရုံတွေအကြောင်း ကြားဖူးတယ်။ ဒါပေမဲ့ ကျုပ်တို့ရဲ့ စမ်းသပ်မှုတွေအရ ဒီပစ္စည်းက အမှောင်သတ္တဝါတွေရဲ့ ထောက်လှမ်းမှုကို ပိတ်ဆို့နိုင်ပုံမရဘူး။ ခဗျားတို့က ဒါတွေကို ဆက်ပြီး စမ်းသပ်နေတုန်းလား… ကျုပ်တို့ လွတ်သွားတဲ့ ထူးခြားတာ တစ်ခုခုရှိလား”

“သေချာတော့ မသိဘူး” ကျင်းထျန်က ပြန်ဖြေသည်။

“ကျုပ်တို့ အဖွဲ့က လုပ်နေတဲ့ စွမ်းရည်သုတေသနတစ်ခုခုနဲ့ ဆက်စပ်နေတယ်လို့ ထင်တယ်။ အေးခဲ-အမှောင် အခြေခံအမှုန်တွေနဲ့ ပတ်သက်တဲ့ တစ်ခုခုပဲ။ ဘယ်လိုပဲဖြစ်ဖြစ် မီးဒဏ်၊ ကျည်ဒဏ် ခံနိုင်ပြီး လေဟုန်စီးတာကို လုပ်နိုင်သရွေ့… ၁% ပဲ ကာကွယ်ပေးနိုင်ရင်တောင် ဘာမှ မရှိတာထက်တော့ ပိုကောင်းတယ် မဟုတ်လား”

ယုဟန်သည် သူ့ကိုယ်တွင် ဝတ်ဆင်ထားသော ဝတ်ရုံကို ကြည့်လိုက်ပြီး မျက်မှောင်ကြုံ့လိုက်သည်။

“အသုံးဝင်ပါစေလို့ပဲ မျှော်လင့်ရတာပေါ့”

All Chapters