← Chapters

ပြိုင်ပွဲ စတင်ပြီ

Vol. 51 Ch. 763

ပြိုင်ပွဲ စတင်ပြီ

Vol. 51 Ch. 763

ဘုရင်အဆင့် သိုင်းပညာရှင်တစ်ဦး၏ တပည့်ရင်း သုံးဦးနှင့် မူလစိတ်ဝိညာဉ် အလယ်အလတ်အဆင့် သိုင်းပညာရှင် နှစ်ဦး။

သူတို့၏ ခွန်အားဖြင့် ကိုရီးယားနိုင်ငံသည် ပထမနေရာကို ရရှိရန် အရည်အချင်း ပြည့်မီနေသည်မှာ သံသယဖြစ်စရာ မရှိပေ။ ရဲ့လင်းချန်နှင့် အခြားသူများသည် ပထမဆုံးတိုက်ပွဲတွင် ထိုသို့သော ပရိယာယ်များသည့် ပြိုင်ဘက်မျိုးနှင့် ရင်ဆိုင်ရသည့်အတွက် သူတို့၏ ကံဆိုးမှုကိုသာ အပြစ်တင်နိုင်တော့သည်။

စွန်းဟုန်ထောင်က သက်ပြင်းချပြီး ရဲ့လင်းချန်ကို စူးစိုက်ကြည့်လိုက်သည်။ ရဲ့လင်းချန်သည် ကိုရီးယားနိုင်ငံက ကိုင်တွယ်ရ ခက်သော ပြိုင်ဘက်ဖြစ်ကြောင်း သိသော်လည်း မဲနှိုက်နေစဉ်တွင် ထိုနိုင်ငံကို ဆက်လက် ရေရွတ်နေသည်။

*အရူး*

*တကယ့်ကို ကံဆိုးစေတဲ့သူ*

သူတို့သည် ထိုတပည့်ရင်း သုံးဦး၏ ခွန်အားအဆင့်အတန်းကို လုံးဝ မသိကြပေ။

ရဲ့လင်းချန်က ပခုံးတွန့်၍ အပြစ်ကင်းဟန်ဖြင့် နေနေသည်။

*ဒါက ကျွန်တော့်အပြစ်လား*

“မနက်ဖြန် ကျန်းတလီက အရင်တက်မယ်၊ ပြီးရင် ကျင့်ရှန် တက်မယ်။ ရဲ့လင်းချန်က နောက်ဆုံးမှ တက်ရမယ်”

စွန်းဟုန်ထောင်က အစီအစဉ်ကို ပြောလိုက်သည်။

“ကျွန်တော်က နောက်ဆုံးလား”

ရဲ့လင်းချန်က အံ့သြဟန်ဖြင့် မျက်ခုံးပင့်သည်။

“ဒါ အဓိပ္ပာယ်မရှိဘူး။ အဲဒီလူတွေက ကျွန်တော်နဲ့ အငြိုးတွေ ရှိတယ်။ ကျွန်တော် သူတို့နဲ့ တွေ့ချင်တယ်။ ဘယ်လိုလုပ်ပြီး ကျွန်တော့်ကို နောက်ဆုံးထားတာလဲ”

“မင်းကို နောက်ဆုံးထားတာက မင်းနဲ့ သူတို့ ရန်ငြိုးရှိလို့ပဲ။ မင်း ပထမဆုံး တက်ပြီး ပထမပွဲကို အနိုင်ရခဲ့ရင် ပြိုင်ဘက်က ဒုတိယပွဲမှာ မင်းကို ပိုပြီး ရက်ရက်စက်စက် ချေမှုန်းဖို့ အခွင့်အရေးကို သေချာပေါက် ယူလိမ့်မယ်”

စွန်းဟုန်ထောင်က အသာအယာ ပြောသည်။

“ဒါက သေချာမနေဘူးလေ။ ပြောလို့မရဘူး၊ ကျွန်တော် သူတို့ကို တန်းအဆုံးသတ်နိုင်မလားပဲ”

ရဲ့လင်းချန်က ရေရွတ်သည်။

စွန်းဟုန်ထောင်က ရယ်သည်။

“ယုံကြည်မှု ရှိတာ ကောင်းပါတယ်။ ဒါပေမဲ့ ဘယ်သူ့ကိုမှ အထင်မသေးပါနဲ့။ မင်းရဲ့ ခွန်အားကို ငါ ကိုယ်တိုင် မျက်မြင် မတွေ့ရသေးဘူး၊ ဒါပေမဲ့ ထျဲကျွင်းရဲ့ အစီရင်ခံစာမှာ မင်းရဲ့ ရမှတ်က သိပ်မမြင့်ဘူး”

ရဲ့လင်းချန် မျက်လုံးလှန်လိုက်မိသွားသည်။

ထိုအကဲဖြတ်မှုသည် သူ၏ အတွေ့အကြုံ နည်းပါးမှုနှင့် သိုင်းပညာရှင်များအပေါ် မပြည့်စုံသော အသိပညာကိုသာ ပြသနိုင်သည်။ သူသည် အလွန်အမင်း တိုးတက်နေပြီ ဖြစ်သည်။

“အဲ့လိုဆိုရင်တောင်မှ ကျွန်တော့်ကို မိန်းကလေးတွေ နောက်မှာ မထားသင့်ဘူး။ အန္တရာယ်ကို ရင်ဆိုင်တဲ့သူက ကျွန်တော်ပဲ ဖြစ်သင့်တယ်”

ရဲ့လင်းချန်က ဆက်ပြောသည်။

လင်းရှီက မပျော်မရွှင်ဖြင့် မေးသည်။

“ဒီစကားက ဘာစကားလဲ၊ မိန်းကလေးတွေကို အထင်သေးနေတာလား”

“ဒါတွေအားလုံး ကျွန်တော့်ကြောင့် ဖြစ်တာပါ။ ခင်ဗျားတို့သာ အရင် ဒဏ်ရာရခဲ့ရင် ကျွန်တော် တကယ် စိတ်မသက်မသာ ဖြစ်မိမှာ။ ပြီးတော့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရတဲ့အခါ နောက်ဆုတ်တာက စစ်သည်တော် တစ်ဦးရဲ့ စတိုင် မဟုတ်ဘူး”

ရဲ့လင်းချန်က

စွန်းဟုန်ထောင်က တစ်ခဏမျှ စဉ်းစားနေပြီးမှ ပြောလိုက်သည်။

“ကျန်းတလီက ပထမ၊ ကျင့်ရှန်က ဒုတိယ၊ ရဲ့လင်းချန်က တတိယ၊ လင်းရှီက စတုတ္ထနဲ့ ချန်ရှောင်ရှောင်က ပဉ္စမ၊ အဲ့လိုပဲ ဆုံးဖြတ်လိုက်ပြီ”

ချန်ရှောင်ရှောင်က အနည်းငယ် နှုတ်ခမ်းစူလိုက်ပြီး စကားပြောချင်သော်လည်း နောက်ဆုံးတွင် ဘာမှ မပြောတော့ပေ။

အမျိုးသမီး စစ်သည်တော်များသည်လည်း ခိုင်မာသော အသွင်အပြင် ရှိကြပြီး တိတ်ဆိတ်ပုံပေါက်သည့် ချန်ရှောင်ရှောင်ပင်လျှင် ကောင်းစွာ တိုက်ခိုက်ရန် အသင့်ဖြစ်နေပုံရသည်။

“ကျွန်တော် တတိယနေရာက သွားတာ ကောင်းပါတယ်။ ကျွန်တော့်နောက်က မိန်းကလေး နှစ်ယောက် ကောင်းကောင်း အနားယူလို့ ရတယ်။ သူတို့ ဘာမှ မလုပ်ရဘဲ နေရတာတောင် ဖြစ်ကောင်းဖြစ်နိုင်တယ်”

ရဲ့လင်းချန်က ပြုံးပြီး ပြောသည်။

စွန်းဟုန်ထောင်၏ မျက်နှာ မည်းမှောင်သွားပြီး ထိုကောင်လေး၏ ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုက ဘယ်ကလာလေသလဲဟု တွေးမိသွားသည်။ ချန်ချီသည် ရဲ့လင်းချန်က ရုပ်ပြ လေလုံးကြီးတတ်သည်ဟု ပြောခဲ့သော်လည်း ထိုကောင်လေးက ဤမျှကြီးမားသော ကြွားဝါတတ်သူ ဖြစ်မည်ဟု မမျှော်လင့်ခဲ့ပေ။

သူသည် ရဲ့လင်းချန်ကို စကားဆက်ပြောရန် စိတ်မပါတော့ဘဲ လှည့်ထွက်သွားပြီးမှ ပြောလိုက်သည်။

“ငါသာ လီဆောင်းယွန်းဆိုရင် အင်အားအနည်းဆုံး နှစ်ယောက်ကို ဒုတိယနဲ့ စတုတ္ထနေရာမှာ ထားခဲ့လိမ့်မယ်။ ငါတို့က အားနည်းချက်မရှိဘဲ ကျန်သုံးယောက်အတွက် ပြိုင်ဘက်ရဲ့ ခွန်အားကို ဖြုန်းတီးနိုင်တာမို့ ငါတို့ဘက်က တတိယလူက အရမ်း အရေးကြီးတဲ့ နေရာမှာ ရှိတယ်။ ရဲ့လင်းချန်၊ မင်းရဲ့ ပေါ့ဆမှုကြောင့် ရှုံးနိမ့်ခဲ့ရင် မင်း တာဝန်ကြီးကို ထမ်းရလိမ့်မယ်။ မင်းရဲ့ စိတ်ကူးအချို့ကို အစကတည်းက ရပ်လိုက်သင့်တယ်”

စွန်းဟုန်ထောင်သည် ရှန့်ကျန်း၏ စစ်သည်တော်ဌာနမှ ဖြစ်ပြီး ရဲ့လင်းချန်က မြို့တော်၏ စစ်သည်တော်ဌာနမှ ဖြစ်သည်။ သူတို့နှစ်ဦးသည် တစ်ဦးနှင့်တစ်ဦး ရင်းနှီးမှုမရှိသော်လည်း သူက ရဲ့လင်းချန်ကို ယုံကြည်ရန် ရွေးချယ်ခဲ့သည်။ သို့သော် သူသည် အလွန် လေးနက်သော ပုံစံဖြင့် ပြောဆိုခဲ့သည်။

ရဲ့လင်းချန်၏ မာနကြောင့် သူတို့ ရှုံးနိမ့်ခဲ့ပါက တရုတ်၏ အရင်းအမြစ်များမှာ ချက်ချင်း လျှော့ချခံရလိမ့်မည်။ သူတို့၏ ခွန်အားသည်လည်း မလွဲမသွေ ပြင်းထန်စွာ လျော့ကျသွားမည်ဖြစ်ပြီး နောက်ဆက်တွဲ ရလဒ်အနေဖြင့် တရုတ်နိုင်ငံရှိ ငရဲတံခါးများကို ဖိနှိပ်ရန် မတတ်နိုင်ခြင်းမျိုး ဖြစ်နိုင်ပြီး လုံးဝ စိတ်ကူးမယဉ်နိုင်သော ဆုံးရှုံးမှု ဖြစ်လိမ့်မည်။

ထိုတိုက်ပွဲတွင် နိုင်ခြင်းသည်သာ တစ်ခုတည်းသော ရွေးချယ်မှု ဖြစ်သည်။ တာဝန်သည် အလွန် အရေးကြီးသည်။

ရဲ့လင်းချန် ပထမတိုက်ပွဲကို ရှုံးနိမ့်ခဲ့ပါက သူ၏ သိုင်းပညာကျောင်း ဖွင့်လှစ်ရန် ရည်ရွယ်ချက်ကို စွန့်လွှတ် သင့်သည်။

“နားလည်ပါပြီ”

“ကောင်းပြီ၊ ငါတို့ရဲ့ပွဲက တတိယဖြစ်တာမို့ မနက်ဖြန် တက်စရာမလိုလောက်ဘူး။ ငါတို့ နိုင်ငံအသီးသီးက သိုင်းပညာရှင်တွေရဲ့ ခွန်အားနဲ့ နည်းလမ်းတွေကို လေ့လာသင့်တယ်။ နောက်ဆုံးအချိန် လေ့ကျင့်မှုနည်းနည်း လုပ်ပြီး တည်ငြိမ်အောင် နေကြ”

စွန်းဟုန်ထောင်သည် ကြာကြာ မနေတော့ဘဲ ထွက်ခွာသွားသည်။

သူ ထွက်သွားသည်နှင့် လင်းရှီက လျင်မြန်စွာ ပြောသည်။

“ရဲ့လင်းချန် အရမ်း ဖိအား မများပါနဲ့။ ကျွန်မတို့ကိုလည်း လုပ်ခွင့်ပေးပါ။ ကျွန်မတို့ မိန်းကလေးတွေကို အထင်မသေးပါနဲ့။ ရှောင်ရှောင်နဲ့ ကျွန်မလည်း အရမ်း အစွမ်းထက်ပါတယ်”

ချန်ရှောင်ရှောင်ကလည်း ခေါင်းညိတ်လိုက်သည်။

“ဒါရိုက်တာစွန်းရဲ့ အဆိုအရ နောက်ဆုံးလူက တပည့်ရင်း သုံးယောက်ထဲက တစ်ယောက် ဖြစ်လာမှာ သေချာတယ်။ အဲဒီလူက အလွယ်တကူ တွန်းထိုးနိုင်သူဖြစ်မယ်လို့ ထင်သလား”

ရဲ့လင်းချန် ပခုံးတွန့်လိုက်သည်။ သူ ဖိအား မခံစားရဘူးလို့ ပြောလျှင် လိမ်ရာ ကျပေလိမ့်မည်။ သို့သော် သူ ငြိမ်နေပြီးမှ ပြောလိုက်သည်။

“အခြေအနေ ကောင်းရင် သူတို့ကို ခင်ဗျားတို့ဆီ လွှဲလိုက်ပါမယ်၊ မဟုတ်ရင်တော့ ကြိုတင်ကာကွယ်မှု အချို့ ယူတာ ပိုကောင်းပါတယ်။ အမေရိကန်ကလည်း ငါတို့ရဲ့ ပြိုင်ဘက်တွေထဲက တစ်ယောက်ဖြစ်တာမို့ ခွန်အားချွေတာ (တာ အကောင်းဆုံးပါပဲ”

“တကယ်ပဲ နင်က ဘယ်လောက်တောင် အစွမ်းထက်နေလို့လဲ၊ နင့်ရဲ့ ယုံကြည်မှုက မယုံနိုင်စရာပဲ...”

လင်းရှီက ထိုသို့ ပြောရင်း ပြုံးလိုက်သည်။ သူက ပြိုင်ဘက်ကို ရင်ဆိုင်နေချိန်မှာပင် ခွန်အားချွေတာဖို့ စဉ်းစားနိုင်ခြင်းက ပြိုင်ဘက်သည် သူ၏ ပြိုင်ဘက် ဖြစ်ဖို့ပင် မထိုက်တန်သကဲ့သို့ ပြသနေသည်။

“ဟဲဟဲ၊ စောင့်ကြည့်နေပါ”

ရဲလင်ချင်းက ရယ်သည်။

သူသည် မူလ စိတ်ဝိညာဉ် အလယ်အလတ်အဆင့်တွင်သာ ရှိသော်လည်း သူသည် အလွန် သန်မာသူတစ်ဦး ဖြစ်သည်။ သူ၏ စွမ်းရည်များက များပြားပြီး ၎င်းတို့ထဲမှ တစ်ခုမျှ အားနည်းခြင်း မရှိပေ။

အလျင်အမြန် ပြေးခြင်း စွမ်းရည် (အဆင့်မြင့်အဆင့်)၊ ရှစ်ဆပြင်းထန် သားရဲ လေ့ကျင့်‌ရေး (အဆင့်မြင့် အဆင့်) ၊ အရဟာ လက်သီးစွမ်းအင် (အဆင့်မြင့်အဆင့်)၊ နဂါးဖမ်းလက် (အဆင့်မြင့် အဆင့်)၊ လေအလျင် ခြေသိုင်း (အခြေခံ အဆင့်)၊ နှလုံးဖျက် လက်ဝါး။

သာမန် သိုင်းပညာရှင်များသည် သိုင်းပညာ၏ အပိုင်းတစ်ခုခုကို အလွန်အမင်း ကျွမ်းကျင်စွာ လေ့ကျင့်ရန် ခက်ခဲလိမ့်မည်။ သို့သော် ရဲ့လင်းချန်သည် အများအပြား ကျွမ်းကျင်ထားသဖြင့် သူနှင့် အဆင့်တူသူများကြားတွင် ထူးခြားသော အားသာချက်ကို ရရှိစေသည်။

ထျဲကျွင့်က ရဲ့လင်းချန်သာ တကယ်တမ်း သူ့ကို စိန်ခေါ်တိုက်ခိုက်ရဲပါက သူတို့ နှစ်ဦးစလုံး အနိုင်ရရန် အခွင့်အရေးမှာ ၅၀-၅၀ ဖြစ်သည်ဟု ပြောခဲ့ဖူးသည်။

ထို့အပြင် ရဲ့လင်းချန်တွင် တခြားသူ မသိသော ဝှက်ဖဲတစ်ခု ရှိသေးတယ်။ သိုင်းပညာ လေ့ကျင့်ခြင်းအပြင် သူသည် ကျင့်ကြံမှုလည်း လုပ်နိုင်သည်။

နောက်တစ်နေ့ မနက်စောစော Buff ကျွန်း၏ ပြိုင်ပွဲ ဧရိယာ၌။

ထိုနေရာ၏ ဗိသုကာပုံစံသည် ရှေးရောမ ပွဲကြည့်စင်ကြီးများနှင့် ဆင်တူသော်လည်း လူသားဆန်သော စရိုက် ပိုရှိသည်။ ကွင်းသည် ကြီးမားသောကြောင့် လူတိုင်း ပြိုင်ကွင်းကို ရှင်းရှင်းလင်းလင်း မြင်နိုင်သည်။

ပါဝင်ယှဉ်ပြိုင်သူများသည် ကွင်းအပြင်ဘက်တွင် အသင့်အနေအထားဖြင့် ရှိနေကြပြီး အခြားသူများက ဒုတိယထပ်မှ ပွဲများကို ကြည့်ရှုနေကြသည်။

အစီအစဉ်တင်ဆက်သူ စင်မြင့်သည် ထောင့်တစ်နေရာတွင် ရှိပြီး ဝူထျန်းပေါင်က ဆက်လက် တင်ဆက်နေသည်။

ရဲ့လင်းချန်နှင့် အခြားသူများ စောစော ရောက်လာကြသည်။ အနည်းငယ် ဝေးသောနေရာတွင် ကိုရီးယားနိုင်ငံ၊ အမေရိကန်နှင့် ဂျာမနီတို့သည်လည်း စီစဉ်ထားသည့်အတိုင်း ထိုင်နေကြသည်။

ယနေ့၏ ပထမဆုံးပွဲမှာ အိန္ဒိယနှင့် အင်္ဂလန်တို့ဖြစ်ပြီး ဒုတိယပွဲမှာ ရှေးဟောင်း ဂရိနှင့် ဂျပန်နိုင်ငံ တို့ဖြစ်သည်။ ပွဲများသည် မနက်ပိုင်းနှင့် နေ့လယ်ပိုင်းတို့တွင် စတင်မည်ဖြစ်ပြီး တရုတ်နိုင်ငံ၏ အလှည့်မှာ နောက်တစ်နေ့ ဖြစ်သည်။

ထိုအချိန်တွင် အထွတ်အထိပ် ဘုရင်အဆင့် သိုင်းပညာရှင် ငါးဦးသည်လည်း ဒုတိယထပ်တွင် ထိုင်နေကြသည်။ သူတို့သည် လူတိုင်းနှင့် မဝေးကြသော်လည်း မည်သူမှ ဖိအား မခံစားရပေ။ လူတိုင်း စကားပြော၊ ရယ်မောကြပြီး ခပ်ခွာခွာ နေခြင်းမျိုး မပြကြပေ။

ဒုတိယထပ်မှ အောက်ကို ကြည့်လိုက်သောအခါ အိန္ဒိယမှ ဘုန်းကြီးငါးပါးသည် မျက်စိမှိတ်ကာ တရားထိုင် နေသကဲ့သို့ တင်ပျဉ်ခွေ ထိုင်နေကြသည်။ ထိုအတောအတွင်း အင်္ဂလန်မှ လူငါးဦးက တည်ကြည်သော မျက်နှာများဖြင့် စောင့်ဆိုင်းနေကြသည်။

လူတိုင်းသည် နှစ်ဖက်စလုံး၏ ခွန်အားနှင့် အနိုင်ရရန် အခွင့်အလမ်းအကြောင်း ဆွေးနွေးနေကြသည်။

မကြာမီတွင် ဒိုင်လူကြီးက ဝီစီမှုတ်လိုက်ပြီး ပရိသတ်သည် ချက်ချင်း တိတ်ဆိတ်သွားသည်။

ပြိုင်ပွဲ တရားဝင် စတင်လေပြီ။

ဝူထျန်းပေါင်က နှစ်ဖက်စလုံး၏ ထွက်လာမည့် လူအစဉ်လိုက်ကို စတင် မိတ်ဆက်သည်။

အိန္ဒိယမှ အဖွဲ့ဝင် ငါးဦးမှာ ဆာသီ ၊ ဂျာကူ၊ ဂျာလစ်၊ ရှရီယာ၊ နှင့် ဗီကတ်စ်တို့ဖြစ်သည်။

အင်္ဂလန်မှ လူငါးဦးမှာ အန်တိုနီ၊ ဖရန်၊ ဂျူလီယန်၊ ဂျိုအီနှင့် အဲလက်စ်တို့ဖြစ်သည်။

နိုင်ငံခြားသားများ၏ နာမည်များက ရဲ့လင်းချန်ကို ခေါင်းကိုက်စေသော်လည်း သူသည် ထူးချွန်သော မှတ်ဉာဏ် ရှိနေ၍ တော်သေးသည်။ သို့မဟုတ်ပါက သူ မှတ်မိနိုင်မှာ မဟုတ်ပေ။

သူတို့၏ ချီစွမ်းအင်အရ အိန္ဒိယနှင့် အင်္ဂလန်၏ ပထမဆုံး ပြိုင်ပွဲဝင် နှစ်ဦးစလုံးသည် ပိုသန်မာသောသူများထဲမှ တစ်ဦးဖြစ်သည်ကို တွေ့ရသည်။ နှစ်ဖက်စလုံးသည် ပထမပွဲကို တိုက်ရိုက် အနိုင်ရခြင်းဖြင့် တည်ငြိမ်မှုကို ထိန်းရန် ရည်ရွယ်ထားပုံရသည်။

All Chapters