မျိုးဆက်သစ် အညွန့်အဖူး သုံးရာ နှင့် ဂယက်ရိုက်ခတ်မှုကြီး (၃)
Vol. 13 Ch. 194
~"သူတို့ အချက်နည်းနည်းပါးပါး ပြောခဲ့ပေမဲ့ ကြီးကြီးမားမား အကျိုးဆက် ရှိတာ ဘာမှ မပါပါဘူး။ တစ်ခုတည်းသော မှတ်သား လောက်တဲ့ သတင်း ကတော့ မိစ္ဆာဂိုဏ်း နဲ့ တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့ မဟာမိတ် ဖွဲ့လိုက်ကြပြီ ဆိုတာပါပဲ။"
တာအိုဆရာလုံရှန်း နှင့် နင်ချီ နှစ်ဦးလုံး သူတို့၏ မျက်လုံးများကို မှေးမှိတ် လိုက်ကြသည်။
ဤ အင်အားစု နှစ်ခု တည်း ကပင် ဧရာမ အချိုးအစား ကြီးမား လှသည်။ ယခု သူတို့ မဟာမိတ် ဖွဲ့ လိုက်ကြ ပြန်ပြီ။
နင်ချီက ဖြည်းညင်းစွာ ဆိုသည်။
"ကြည့်ရတာ ချင် ပြည်နယ် အခြေစိုက်စခန်း ဖျက်ဆီး ခံလိုက်ရတဲ့ အဖြစ်အပျက် အပေါ် သူတို့ တကယ် သံသယ ဝင်နေပုံ ပဲ။ မထင်မှတ်ထားတာက သူတို့ တစ်ယောက် နဲ့ တစ်ယောက် ရန် ဖြစ် ကြမယ့် အစား မဟာမိတ် ဖွဲ့ လိုက်ကြတာ ပဲ။"
သူ ယုံကြည် ထားသည်မှာ ထိုစဉ်အခါက သူ ပြုလုပ် ခဲ့သော အရာများ အစစ်အမှန်သိုင်းဂိုဏ်း နှင့် ပတ်သက်သော ခြေရာ တစ်စုံတစ်ရာ မကျန်ရစ် စေခဲ့ ဟူ၍။ သို့သော် မထင်မှတ်ဘဲ အရာရာ ဤ လမ်း ဘက်သို့ ပြောင်းလဲ သွားခဲ့သည်။
တာအိုဆရာလုံရှန်းက တွေးတွေးဆဆ ခေါင်းညိတ် လိုက်သည်။
"ဒါပေမဲ့ သူတို့ သံသယ တွေ ရှိနေ လောက်တယ်။ ပြီးတော့ ဖြစ်နိုင်တာက သူတို့ ငါတို့ကို သိပ်ပြီး သံသယ မဝင် သေး ဘူး။ မဟုတ် ရင် သူတို့ စမ်းသပ် ဖို့ ဒီလို သူလျှို လေး တွေ ပဲ လွှတ် မှာ မဟုတ်ဘူး။"
အဖွဲ့အစည်း နှစ်ခု လုံး၏ စွမ်းအား နှင့် ကြီးစိုး လွှမ်းမိုးမှု အရ အကယ်၍ သူတို့ နင်ချီ၏ ယခင် ဗျူဟာမြောက် လမ်းလွှဲမှု အကြောင်း အမှန်တကယ် သိရှိ သွားခဲ့ လျှင် သူတို့ ဤ ကိစ္စကို အလွယ်တကူ လက်လျှော့ မည် မဟုတ် မှာ သေချာသည်။
နင်ချီ လက်ဖက်ရည် တစ်ငုံ သောက် လိုက်ပြီး ပြောလိုက်သည်။
"ဖြစ်နိုင်တာကတော့ ကျွန်တော်တို့က မိစ္ဆာဂိုဏ်း ရော တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့ နဲ့ ပါ အကြိမ်ပေါင်း များစွာ ပတ်သက် ခဲ့ ဖူးလို့ နေမှာပေါ့။ ဒီလို လှုပ်ရှားမှု သေးသေးလေး တွေကိုတော့ ကျွန်တော် မကြောက် ပါဘူး။ သူတို့ သာမန် အတိုင်း မဟုတ်ဘဲ ထူးထူးခြားခြား လုပ်လာ မှာ ကို ပဲ စိုးရိမ် တာ။ ဘာပဲဖြစ်ဖြစ် ဒီ ကာလ အတွင်းမှာ အထူး သတိထား ကြပါ။ ပြီးတော့ ကျွန်တော်တို့ အပေါ် အထောက်အထား တစ်ခုခု မိ မသွား အောင် ဂရုစိုက် ပါ။"
နင်ချီ၏ မျက်လုံးများ နက်ရှိုင်း နေသည်။
သူ့ကိုယ်အတွင်းမှ 'မူလအမြုတေ' လျင်မြန်စွာ လည်ပတ် နေပြီး စွမ်းအား ကြီးမားသော စွမ်းအင်များ အတွင်း၌ လှုပ်ရှား ဆူပွက် နေခဲ့သည်။
သူ့ကို အချိန် နည်းနည်း ပေးလိုက်ပါ။
‘ကောင်းကင်ဘုံလူသားနယ်ပယ်' ကို
တက်လှမ်း သွားသည့်အခါ ဒီ လူတွေ သာ ရမ်းကား ရဲ လျှင် အကျိုးဆက် တွေ ဘယ်လို ဖြစ်မလဲ ဆိုတာ ပြ လိုက်မည်။
ယခု အချိန် မှာတောင် သူ မကြောက် တော့ ပါ။ မိစ္ဆာဂိုဏ်း နှင့် တောင်ပိုင်းနယ်စပ် က မလုပ်သင့်သော အရာ တစ်ခုခု လုပ် လာခဲ့လျှင် သူ၊ နင်ချီ လည်း သေချာပေါက် ဒီ အတိုင်း ကြည့် နေမှာ မဟုတ်ပေ။
နင်ချီ တွေး နေခဲ့သည်။
'မိစ္ဆာဂိုဏ်း နဲ့ တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့ရဲ့ ဌာနချုပ် တွေကို သာ ရှာ တွေ့ နိုင်ရင် ကောင်းမှာပဲ'။
သို့သော် ဤသည်မှာ လွယ်ကူသော အလုပ် တစ်ခု မဟုတ်။
တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့သည် တောင်တစ်သိန်း တွင် တည်ရှိ ပြီး မိစ္ဆာဂိုဏ်း မှာမူ 'မဟာယန်' နှင့် နှစ်ပေါင်း တစ်ထောင် ကြာအောင် ရင်ဆိုင် နိုင်ခဲ့ ရာ အမြဲတမ်း ရှင်သန် နိုင်မည့် နည်းလမ်းများ ရှာဖွေ နေခဲ့ပြီး ပုန်းခို ရာ နေရာ များစွာ ရှိနေမှာ သေချာသည်။
"ကိုးလေး ပြောတာ မှန်တယ်။ ဒီ ကာလ အတွင်းမှာ တပည့် တွေ အပြင် ထွက် တာ အတတ်နိုင်ဆုံး လျှော့ချ ပြီး ပို သတိထား ရမယ်။" ဟု လော့ဝမ်ထျန်းက ထောက်ခံလေသည်။
သူသည် မိစ္ဆာဂိုဏ်း နှင့် တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့ အပေါ် အလွန် သတိထား နေသည်။ လက်ရှိ အစစ်အမှန်သိုင်းဂိုဏ်းသည် ဤ နှစ်ဖွဲ့ နှင့် နှိုင်းယှဉ် လျှင် အနည်းငယ် မရင့်ကျက် သေးပေ။
နင်ချီ အနည်းငယ် ခေါင်းညိတ် လိုက်သည်။
ထိုစဉ် တာအိုဆရာလုံရှန်းက မေးမြန်း လိုက်သည်။
"မိစ္ဆာဂိုဏ်း နဲ့ တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့ က လွဲ ရင် ရော။"
လော့ဝမ်ထျန်းက ဆက်လက် တင်ပြသည်။
"ဒီ နှစ်ဖွဲ့ က လွဲရင် တခြား သူလျှို တွေက 'ပုံသဏ္ဌာန်မဲ့ ဂိုဏ်း' နဲ့ 'ဓားသိုင်း ရှာဖွေ စံအိမ်’ က လာကြတာ။ ပြီးတော့ တစ်ယောက် က ချင် ပြည်နယ် က ပထမတန်းစား အင်အားစု 'လော့ရှန်း ဂိုဏ်း' က လာတာ။ ဒါပေမဲ့ မနေ့ကပဲ 'လော့ရှန်း ဂိုဏ်း' ဂိုဏ်းချုပ်က ဂိုဏ်းကို ဖျက်သိမ်း ပြီး ကိုယ့်ကိုယ်ကိုယ် ကြိုးဆွဲချ သတ်သေ သွားပြီ။"
သူ၏ မျက်နှာ တည်ငြိမ် နေခဲ့သည်။
တခြား ဂိုဏ်း တွေ ထဲ သူလျှို တွေ စေလွှတ် တာက ပြင်းထန်သည့် ကိစ္စ ဖြစ်နိုင် သလို သေးငယ် တဲ့ ကိစ္စ လည်း ဖြစ်နိုင်သည်။ ဖြစ်နိုင်တာက 'လော့ရှန်း ဂိုဏ်း' က စစ်မှန်သော ဂိုဏ်းမှာ စိမ့်ဝင် ဖို့ အခွင့်အရေး ကြီးကြီး တစ်ခု ကို လောင်းကြေး ထပ် ကြည့် တာ ဖြစ်နိုင်သည်။ အခွင့်အရေး ကို ဆုပ်ကိုင် ပြီး အစစ်အမှန်သိုင်းဂိုဏ်း၏ အဆုံးစွန် သိုင်းကွက် တွေကို ခိုးယူ ဖို့ မျှော်လင့် နေတာ ဖြစ်နိုင်သည်။
သို့သော် ဘာပဲ ဖြစ်ဖြစ် အစစ်အမှန်သိုင်းဂိုဏ်း၏ဒေါသ က ပထမတန်းစား အင်အားစု တစ်ခု ခံနိုင်ရည် ရှိတာ ထက် ပို ကြီးမားလေသည်။ 'လော့ရှန်း ဂိုဏ်း' ဂိုဏ်းချုပ် ကိုယ့်ကိုယ်ကိုယ် သတ်သေ သွားတာ အကောင်းဆုံး ရွေးချယ်မှု ပင် လော့ဝမ်ထျန်း ဤ ကိစ္စ အပေါ် ဆက်လက် လိုက်လံ စုံစမ်း ရန် အစီအစဉ် မရှိပေ။
လော့ဝမ်ထျန်းက "အဓိက က အခု ကျန် နေသေးတဲ့ အင်အားစု နှစ်ခု ကို ဖြေရှင်း ဖို့ပါပ၊ 'ပုံသဏ္ဌာန်မဲ့ ဂိုဏ်း' နဲ့ 'ဓားသိုင်းရှာဖွေ စံအိမ်' ကို ကျွန်တော်တို့ ဘယ်လို တုံ့ပြန် သင့်သလဲ”
ဟု စူးစမ်း သလို မေးမြန်း လိုက်သည်။
ဤ အင်အားစု နှစ်ခု သည် အား မနည်း သဖြင့် သူ တစ်ယောက်တည်း ဆုံးဖြတ်ချက် မချ နိုင်ပါ။
'ပုံသဏ္ဌာန်မဲ့ ဂိုဏ်း' သည် 'တာအိုပြည်နယ်' တွင် တည်ရှိ ပြီး ယခင်က နဝမမြောက် ထိပ်တန်း တာအိုဂိုဏ်း ဖြစ်ခဲ့ သော်လည်း မကြာသေးမီက အစစ်အမှန်သိုင်းဂိုဏ်း၏ ရုတ်တရက် ထိုးတက် လာမှု ကြောင့် တွန်းထုတ် ခံလိုက်ရသည်။
အနည်းငယ် သာမန် မကျေနပ်မှု များ ဖြစ်ပေါ် လာပြီး အခွင့်အရေး ရှာဖွေ ရန် ဂိုဏ်း ထဲသို့ စိမ့်ဝင် ထိုးဖောက် ရန် ကြံစည် နေခြင်း ဖြစ်နိုင်၏။ သို့သော် ထို အရာ သည် နားလည် နိုင်ဖွယ် ရှိသော်လည်း မျှတ ခြင်း မရှိချေ။
'ဓားသိုင်းရှာဖွေ စံအိမ်' မှာမူ 'ချူ ပြည်နယ်' တွင် ရှိသည်။
နင်ချီသည် 'ဓားသိုင်းရှာဖွေ စံအိမ်' အပေါ် အနည်းငယ် အထင်အမြင် ရှိနေသည်။ သူ 'တာအိုဆရာလုံရှန်း' အား 'အစစ်အမှန်သိုင်း ခန္ဓာကျင့်စဉ်' အကြောင်း ပြောပြ စဉ် က 'တာအိုဆရာလုံရှန်း' မှတ်ချက် ပေးခဲ့ ဖူးသည်မှာ အဓိက အင်အားစု များ ဖြစ်သော 'မဟာယန်' နှင့် 'မိစ္ဆာဂိုဏ်း' နှစ်ခု လုံး 'ပြိုင်ဘက်ကင်း ခန္ဓာကျင့်စဉ်' များ ပိုင်ဆိုင် ထားကြပြီး 'တာ့ကျွယ် ကျောင်းတော်' နှင့် 'ဓားသိုင်းရှာဖွေ စံအိမ်' တို့သည် 'တစ်ဝက် ပြိုင်ဘက်ကင်း ခန္ဓာကျင့်စဉ်' များ ပိုင်ဆိုင် ထားကြသည် ဟူ၍။
ထို အချိန် က.. 'တာအိုဆရာလုံရှန်း' သည် 'ဓားသိုင်းရှာဖွေ စံအိမ်' ကို မော့ ကြည့် အားကျ ခဲ့ရသည်။ အကြောင်းမှာ စံအိမ်၏ အစွမ်းသတ္တိသည် အမှန်တကယ် ပင် ကြောက်မက်ဖွယ် ကောင်း လှပြီး 'ပုံသဏ္ဌာန်မဲ့ ဂိုဏ်း' ထက် များစွာ ပိုမို ခိုင်မာ ကာ မတူညီသော အဆင့် တစ်ခု တွင် ရှိနေ သလောက် ပင်။
စံအိမ်၏ 'ကောင်းကင်ဘုံ ဓားသမားများ' မှာ များပြား လှပြီး အသန်မာဆုံး 'အဓိပတိ အကြီးအကဲ နှလုံးသား စူးစမ်းခြင်းဓား ကူချန်းဟဲ' လည်း ရှိ၏။ သူသည် 'ကောင်းကင်ဘုံအဆင့်စာရင်း' တွင် အဆင့် (၁၄) နေရာ၌ ရပ်တည် နေပြီး စစ်မှန်သော ပြိုင်ဘက်ကင်း အစွမ်းထက် ပုဂ္ဂိုလ် တစ်ဦး ဖြစ်သည်။
'ဓားသိုင်းရှာဖွေ စံအိမ်' အစစ်အမှန်သိုင်းဂိုဏ်း ထဲသို့ သူလျှိုများ စေလွှတ် ရခြင်း အကြောင်းရင်း ကို နင်ချီ အကြမ်းဖျင်း နားလည် မိသည်။
'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' အတွက် ဖြစ်နိုင်ခြေ များသည်။ ယခင်က 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ကို တည်ထောင် ခဲ့ပြီး အစစ်အမှန်သိုင်းတောင်ကို 'ဓားတာအို' ၏ နောက်ထပ် 'မြင့်မြတ်သော နယ်မြေ' တစ်ခု အဖြစ်သို့ ပြောင်းလဲ ခဲ့ရာ ၎င်းသည် 'ဓားသိုင်းရှာဖွေ စံအိမ်' အား မနာလို ဖြစ်စေ ခဲ့သည်မှာ သေချာသည်။
ကျောက်စာတိုင်၏ အကူအညီ ဖြင့် သူတို့သည် မရေမတွက် နိုင်သော ထိပ်တန်း ဓားသမားများကို သေချာပေါက် ပျိုးထောင် နိုင်လိမ့်မည် ဖြစ်သည်။
အမှန်တကယ်တွင် အဖွဲ့အစည်း တစ်ခု ထက်မက အစစ်အမှန်သိုင်းဂိုဏ်း၏ 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ကို လောက နှင့် မျှဝေ ခဲ့ခြင်း အပေါ် မိုက်မဲ မှု အဖြစ် တိတ်တဆိတ် လှောင်ပြောင် ခဲ့ကြသည်။ အခြားသူများ ဆိုလျှင် ဤသို့သော 'အမြတ်ဆုံး ရတနာ' တစ်ပါး ကို ပွင့်လင်းစွာ ပြသ မည့် အစား ဖုံးကွယ် ထား လိုကြ ပေလိမ့်မည်။
လော့ဝမ်ထျန်း၏ မေးမြန်းမှုကို ကြားသောအခါ တာအိုဆရာလုံရှန်းသည်လည်း အနည်းငယ် မျက်မှောင် ကြုတ် လိုက်မိသည်။ တစ်ဖွဲ့ က ယခင် လောက၏ နဝမမြောက် တာအိုဂိုဏ်း ဖြစ်ခဲ့ပြီး အခြား တစ်ဖွဲ့ မှာမူ ကျော်ကြားသော ပထမဆုံး'ဓားတာအို မြင့်မြတ်သော နယ်မြေ' ဟုပင် ဆိုနိုင်၏။
နှစ်ဖွဲ့ လုံး အား မနည်း ကြ။
သို့သော် တိတ်ဆိတ် နေခြင်း သည် သဘာဝအတိုင်း မသင့်လျော် ပေ။ ဤ အတိုင်း သာ ဆက် ဖြစ်နေပါက လူတိုင်း သူတို့ကို အတုခိုး လာကြ မည် မဟုတ်လော။
ထိုအခါ အစစ်အမှန်သိုင်းဂိုဏ်းသည် ဤ သူလျှိုများကို စစ်ထုတ် နေရုံ မျှ ဖြင့် ပင် မောပန်း လာပေလိမ့်မည်။
အတွေးများနှင့်အတူ တာအိုဆရာလုံရှန်းသည် နင်ချီ့ဘက်သို့ လှည့် ကြည့် လိုက်သည်။
နင်ချီ၏ အကြည့် မတုန်လှုပ်ပေ။
သူက တည်ငြိမ်စွာ ဆိုလိုက်သည်။
"သဘာဝအတိုင်း ကျွန်တော်တို့ ဒီ အတိုင်း ငြိမ် နေလို့ တော့ မဖြစ်ဘူးပေါ့။"
ဤ စကား များ နှင့် အတူ
လော့ဝမ်ထျန်း နှင့် တာအိုဆရာလုံရှန်း နှစ်ဦးလုံး မျက်နှာများ ဝင်းပ သွားပြီး ပြုံး လိုက်ကြသည်။
ဒါက ယုံကြည်မှု ပင်။
အကယ်၍ နင်ချီ သာ လက်လျှော့ လိုက် ပါ ဟု ပြောခဲ့ လျှင် သူတို့ လောလောဆယ် သည်းခံ နေကြ ပေလိမ့်မည်။
သို့သော် နင်ချီ ဤ စကား များကို ပြောဆို လိုက်ခြင်း ဆိုသည်မှာ သူ မကြောက်ရွံ့ ကြောင်း ဆိုလို နေသည်။
မိစ္ဆာဂိုဏ်း နှင့် တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့ ကို လွယ်လွယ်ကူကူ မဖြေရှင်း နိုင်သေးသော်လည်း သူတို့ နှစ်ဖွဲ့ လောက် ကို မိမိတို့က မကိုင်တွယ် နိုင် ပဲ နေမည်လား။
သူတို့ သာ အသိတရား ရှိ ရင် တော် သေးသည်။ မရှိလျှင် တော့ ဒါ မိမိတို့၏ ဩဇာ အာဏာ တည်ဆောက် ဖို့ အခွင့်အရေး တစ်ခု တည်း။