← Chapters

မျိုးဆက်သစ် အညွန့်အဖူး သုံးရာ နှင့် ဂယက်ရိုက်ခတ်မှုကြီး (၂)

Vol. 13 Ch. 193

မျိုးဆက်သစ် အညွန့်အဖူး သုံးရာ နှင့် ဂယက်ရိုက်ခတ်မှုကြီး (၂)

Vol. 13 Ch. 193

ဒီတစ်ခေါက်တော့ အစစ်အမှန်သိုင်းဂိုဏ်းဟာ သူတို့ရဲ့ ထူးကဲ နက်ရှိုင်းတဲ့ အခြေခံအုတ်မြစ်ကို အမှန်တကယ် ပြသနိုင်ခဲ့လေပြီ။

'ကောင်းကင်သို့ တက်လှမ်းခြင်း လှေကား'၊ 'ရုပ်သေး'၊ 'နှလုံးသား စစ်မေးခြင်း စင်မြင့်'။

၎င်းတို့ တစ်ခုချင်းစီတိုင်းက မည်သည့် ဂိုဏ်းအတွက်မဆို အဓိက မှတ်တိုင်တစ်ခုအဖြစ် တည်ရှိနိုင်ပေမဲ့... အစစ်အမှန်သိုင်းဂိုဏ်းကတော့ သုံးခုစလုံးကို တစ်ပြိုင်နက်တည်း ထုတ်ပြခဲ့လေသည်။

လူတိုင်းကို အမှန်တကယ် ကြက်သေသေသွားစေခဲ့သည့် အရာမှာ... အစစ်အမှန်သိုင်းဂိုဏ်း၏ တပည့်သစ် ခေါ်ယူပွဲ အတွင်း အဖွဲ့အစည်း အသီးသီးမှ သူလျှိုပေါင်းများစွာ ပေါ်ပေါ်ထင်ထင် ထွက်ပေါ်လာခဲ့ခြင်းပင်။

မိစ္ဆာဂိုဏ်း။ တောင်ပိုင်းနယ်စပ်။ 'ဓားသိုင်း ရှာဖွေ စံအိမ်'။ 'ပုံသဏ္ဌာန်မဲ့ ဂိုဏ်း'။

ဤ အင်အားစု တစ်ခုချင်းစီတိုင်းသည် အလွန် ကြီးမားသော ဩဇာ အရှိန်အဝါများ ရှိကြပြီး... အထူးသဖြင့် မိစ္ဆာဂိုဏ်း နှင့် တောင်ပိုင်းနယ်စပ်တို့မှာမူ... နက်နဲ ရှုပ်ထွေးမှုများဖြင့် ဖုံးလွှမ်းနေခဲ့သည်...။ သူတို့ အားလုံး... အစစ်အမှန်သိုင်းဂိုဏ်းထဲသို့ သူလျှိုများ ထည့်သွင်းရန် ကြိုးပမ်းလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ကြရာ... ကျယ်ပြန့်သော တွေးဆမှုပေါင်းများစွာကို ဖြစ်ပေါ်စေခဲ့တော့၏။

သို့သော်... အစစ်အမှန်သိုင်းဂိုဏ်း၏ ကျန်ရှိသော အပိုင်းများကလည်း သူတို့၏ စွမ်းဆောင်ရည်များဖြင့် ဂုဏ်သတင်းကို ပိုမို ခိုင်မာစေခဲ့သည်။

အစစ်အမှန်သိုင်းဂိုဏ်းသည် မူလကတည်းက 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' နှင့် 'တာအိုဆရာလုံရှန်း' တို့၏ ကျောထောက်နောက်ခံဖြင့် ကမ္ဘာတစ်ဝှမ်း ကျော်ကြားခဲ့ပြီး ဖြစ်သည်...။ သိုင်းလောက၏ ယေဘုယျ သုံးသပ်ချက်မှာ... အစစ်အမှန်သိုင်းဂိုဏ်း၏ ထိပ်တန်း တိုက်ခိုက်ရေး စွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းလှသော်လည်း... ၎င်း၏ အလယ်အလတ်တန်းမှာမူ လစ်ဟာနေခဲ့သည်... ဟူ၍ ဖြစ်၏။

သို့ပေမဲ့... ဤတစ်ကြိမ်တွင်... လော့ဝမ်ထျန်း နှင့် ရှုံးရှီတို့၏ လုပ်ဆောင်ချက်များက... လူတိုင်း၏ အမြင်ကို... တစ်စစီ... ရိုက်ခွဲ... ချေမှုန်း... ပစ်လိုက်တော့သည်...။

“အဲ့ဒီ... ဂိုဏ်းချုပ် လော့... က... သာမန်လူ... တစ်ယောက်... မဟုတ်ဘူး...။ ကြည့်ရတာ... အစစ်အမှန်သိုင်းဂိုဏ်းမှာ... ဂိုဏ်းချုပ်ရဲ့... စွမ်းအားကို... အချိန်တို... အတွင်း... ကြီးကြီးမားမား... မြှင့်တင်... ပေးနိုင်တဲ့... လျှို့ဝှက်... နည်းစနစ်... တစ်ခု... ရှိပုံပဲ...။ ဒါ... အစစ်အမှန်သိုင်း... အမွေအနှစ်... ထဲက... ပြိုင်ဘက်ကင်း... လျှို့ဝှက်... နည်းစနစ်... ဖြစ်နိုင်တယ်...”

“ပြီးတော့... ဟို... မျောက်ဖြူ...။ သူက... ငယ်သေးတယ်... လို့... ပြောကြပေမဲ့... 'ကျောက်စိမ်းအရည် နယ်ပယ်' ... ကို... လက်သီးနဲ့... ထိုးနိုင်ပြီး... 'မူလအမြုတေ နယ်ပယ်' ... ကို... ခြေနဲ့... ကန်... နိုင်တဲ့အထိ... မယုံနိုင်စရာ... ကြမ်းတမ်းနေတာပဲ...။ အနာဂတ်မှာ... သူ... 'မြစ်တစ်ရာ ရေကန်' ... က... 'ရေလွှမ်းမိုး နဂါး ဧကရာဇ်' ... ဒါမှမဟုတ်... 'တိမ်တိုက် အိပ်မက် တောင်' ... က... 'မိစ္ဆာ နွားသိုး ဘုရင်' ... တို့နဲ့... နှိုင်းယှဉ်နိုင်တဲ့... အဆင့်ကို... ရောက်သွားနိုင်တယ်...”

“အစစ်အမှန်သိုင်းဂိုဏ်းရဲ့... အခြေ... အုတ်မြစ်က... တကယ်ကို... ထူးခြား... ဆန်းကြယ်လွန်းပါပေတယ်...”

အံ့ဩ... တုန်လှုပ်... သွားသော... ကြွေးကြော်သံများ... နေရာတိုင်းတွင်... ပဲ့တင်ထပ်သွားခဲ့၏။

အကယ်၍... တစ်စုံတစ်ယောက်၏... အစွမ်း... အစ... အားနည်းနေခဲ့လျှင်... 'တာအိုဆရာလုံရှန်း' ... 'ကောင်းကင်ဘုံလူသားနယ်ပယ်' ... သို့... မဝင်ရောက်မီ... ကာလကဲ့သို့ပင်...။ လူ... အများအပြား... အစစ်အမှန်သိုင်း... အမွေအနှစ်ကို... တပ်မက်... မှု... ကြောင့်... ညဘက်... ဝင်ရောက်... စီးနင်းရန်... ကြိုးပမ်း... ခဲ့ကြပေလိမ့်မည်...။ သို့သော်... ယခု... အခါ... အစွမ်းသတ္တိက... ကြီးမား... လွန်းနေသောအခါ... အခြားသူများ... မည်သည့်... လောဘအရိပ်အယောင်... မျှ... မရှိဘဲ... အစစ်အမှန်သိုင်းဂိုဏ်း၏... နက်ရှိုင်းမှုကိုသာ... ချီးကျူးကြ... တော့သည်...။

ဤသည်ကား... ကွာခြားချက် ပင်...။

စွမ်းအား ကြောက်ရွံ့လေးစားမှုကို ဖြစ်ပေါ်စေပြီး အားနည်းမှုက မနာလိုမှုကို ဖိတ်ခေါ်ခြင်း ဖြစ်သည်။

တုံ့ပြန်မှု အားလုံး ကြောက်ရွံ့လေးစားခြင်း နှင့် အထင်ကြီးခြင်း များသာ မဟုတ်။ အချို့တွင် မကောင်းကြံသော အတွေးများ ရှိနေခဲ့သည်။

အစစ်အမှန်သိုင်းဂိုဏ်း ထဲသို့ အဖွဲ့အစည်း များစွာ စိမ့်ဝင် ထိုးဖောက် နေရခြင်းမှာ ဂိုဏ်း၏ အလွန်အမင်း ထင်ပေါ် ကျော်ကြားမှု ကြောင့် ဖြစ်သည်ဟု သူတို့ ခံစား နေကြသည်။ ဤ အခိုက်အတန့်ကို ကြာရှည်စွာ ခံစား ရလိမ့်မည် မဟုတ်ဟု ကြောက်ရွံ့ နေကြ၏။

အထူးသဖြင့် 'မဟာယန် တော်ဝင်နန်းတော်' ကို ဆန့်ကျင် နိုင်စွမ်း ရှိသော ဧရာမ အဖွဲ့အစည်းကြီး ဖြစ်သည့် 'မိစ္ဆာဂိုဏ်း' ။

ထို့အတူ မကြာသေးမီ နှစ်များအတွင်း လူ အချို့၏ အမြင် ထဲသို့ တဖြည်းဖြည်း ဝင်ရောက် လာခဲ့သော နက်နဲ လျှို့ဝှက်သည့် 'တောင်ပိုင်းနယ်စပ်' ။

ဤ လူ များက ဤ ကိစ္စတွင် နောက်ဆက်တွဲ အကျိုးဆက်များ ရှိလာ နိုင်သည်ဟု ယုံကြည် နေကြသည်။ ဤမျှ ပွင့်လင်းစွာ သူလျှို ထည့်သွင်း ခဲ့သော အဖွဲ့အစည်းများ ဤ ကိစ္စကို အလွယ်တကူ အဆုံးသတ် ခွင့် ပြု မည် မဟုတ်ပေ။

—-----

အစစ်အမှန်သိုင်းတောင်ပေါ်တွင်၊ တပည့်များသည်လည်း အလားတူ စိတ်လှုပ်ရှား နေကြ၏။ သူတို့သည် ထို နေ့ က တိုက်ပွဲကို ပြန်လည် မြင်ယောင် နေကြဆဲ ဖြစ်သည်။

ရှုံးရှီ နှင့် ယဲ့ချင်းဟယ် တို့၏ စွမ်းဆောင်ရည်ကို မျှော်လင့် ထားခဲ့ကြသည်။ သို့သော် လော့ဝမ်ထျန်း၏ စွမ်းဆောင်ရည်မှာ မျှော်လင့်ထားသည် ထက် များစွာ ကျော်လွန် နေခဲ့ပြီး ရှုံးရှီ နှင့် ကျန်းပိုင်ရှန်း ကဲ့သို့သော အံ့ဩဖွယ် ပုဂ္ဂိုလ်များကိုပင် တုန်လှုပ် စေခဲ့သည်။

ရုတ်တရက် ကြီး။ အစ်ကိုကြီး က ဒီလောက် ကြောက်မက်ဖွယ် ကောင်းတဲ့ တိုက်ခိုက်ရေး စွမ်းအား တွေ ပိုင်ဆိုင် သွားခဲ့တယ်။ ဘယ်လို ဖြစ် နိုင် တာလဲ။

သူတို့ လော့ဝမ်ထျန်းကို မမေး ဘဲ မနေနိုင် ကြ။ သို့သော် လော့ဝမ်ထျန်းကမူ 'တောက်ပအလင်း သိုင်း ခန်းမဆောင်' ဘက်သို့ ညွှန်ပြ လိုက်ပြီး စကား မဆို ဘဲ ပြုံး နေခဲ့သည်။

အဖွဲ့သားများ မျက်နှာချင်းဆိုင် ကြည့် ကာ ပဟေဠိ ဖြစ် သွားကြသည်။

အနည်းငယ် သံသယ ဝင် သွား၏။

သူတို့ ဆရာ (တာအိုဆရာလုံရှန်း) ကို မယုံကြည် ခြင်း မဟုတ်။ သို့သော် သူတို့ ခံစား မိသည်မှာ သူတို့ ဆရာ ၌သာ ဤသို့သော နည်းလမ်းများ ရှိခဲ့ လျှင် သူ အစော ကတည်းက ထုတ်ပြ လိမ့်မည် ဟူ၍။ ထို အစား သူတို့၏ စိတ်ထဲတွင် မတူညီသော ပုံရိပ် တစ်ခု ပေါ်ထွက် လာခဲ့သည်။

နင်ချီ...။ ဟုတ်တယ်...။ ကိုးလေး... ပဲ...။

ယခု နေ့ရက်များတွင် နင်ချီသည် သူ၏ လုပ်ဆောင်ချက်များကို ယခင်ကဲ့သို့ လျှို့ဝှက် မထား တော့။ သူ၏ အစွမ်း ကြီးထွား လာသည်နှင့်အမျှ သူ သူ၏ ဆရာတူ ညီအစ်ကိုများ ရှေ့တွင် ခြေရာ အချို့ကို တဖြည်းဖြည်း ဖော်ပြ လာခဲ့သည်။ ကြွားဝါ ရန် မဟုတ်။

သဘာဝ အတိုင်း သာ။

ဥပမာ အားဖြင့် 'ကောင်းကင်သို့ တက်လှမ်းခြင်း လှေကား' နှင့် အခြား အခြေခံအုတ်မြစ်များ နင်ချီ ဖန်တီး ခဲ့ကြောင်း သူတို့ သိရှိ ထားကြသည်။

သို့‌‌ဆိုတော့ လော့ဝမ်ထျန်း ကိစ္စ ထပ် ပေါင်း လိုက်တာက ယုတ္တိ ရှိ သွားသည်လေ။

သို့ရာတွင် သူတို့ တွေးမိလိုက်ကြသည်။

‘သေစမ်း။ တကယ်လို့ ကိုးလေးက လော့ဝမ်ထျန်း လို သာမန် 'မူလအမြုတေ နယ်ပယ်' ကိုတောင် လွှမ်းမိုး နိုင်တဲ့ တည်ရှိမှု မျိုး ဖန်တီး နိုင်ခဲ့ ရင်။ ဒါ ဒါ ဆို ကိုးလေး ကိုယ်တိုင် က ဘယ်လောက် တောင် အစွမ်းထက် နေ ပြီ လဲ’

သူတို့ ဤ အယူအဆမှာ အနည်းငယ် ချဲ့ကား လွန်း သည်ဟု တွေ့ရှိ သွားကြပြီး ၎င်း အပေါ် ဆက်လက် မတွေး တော တော့ ရန် ရွေးချယ် လိုက်ကြသည်။

‘တော် ပါ ပြီ။ ငါတို့ ကိုးလေးက ဒီလောက် တောင် ကြောက်စရာ ကောင်း နေ ရင် ငါတို့ အစ်ကို တွေ မျက်နှာ ဘယ် သွား ထား ရ တော့ မလဲ’

အခြား အစစ်အမှန်သိုင်း တပည့်များသည်လည်း တိတ်ဆိတ် နေတတ်ပြီး နက်နဲ လျှို့ဝှက်သော 'နဝမ ဆရာဦးလေး' (နင်ချီ) အပေါ် စပ်စု နေကြသည်။

သူတို့ လော့ဝမ်ထျန်းကို စိတ်ဝင်စား နေကြသည် မဟုတ်။ ထို အစား 'မျောက်ဖြူ' (ယွမ်ထျန်းရှန်း) ကို ဖြစ်သည်။

ခြောက် နှစ် တိုင် အသိအမှတ် မပြု ဘဲ ကြိုးစား ကျင့်ကြံ ခဲ့ပြီးနောက် အစွမ်း တစ်ကြိမ် ပြသ လိုက်ရုံ ဖြင့် သူ ကမ္ဘာ တစ်ဝှမ်း ကျော်ကြား သွားစေခဲ့သည်။

သူ၏ အောက်မှ 'မျောက်ဖြူ တာအို ကလေးငယ်' တစ်ဦး ဤမျှ ကြောက်မက်ဖွယ် ကောင်း နေခြင်းက နင်ချီ အပေါ် နက်နဲ လျှို့ဝှက်မှု အလွှာ တစ်ခု ထပ်မံ ပေါင်းထည့် လိုက်သည်မှာ သံသယ ရှိစရာ မလို။ အထူးသဖြင့် မကြာသေးမီ နှစ်များအတွင်း တာအိုဆရာလုံရှန်း နှင့် လော့ဝမ်ထျန်းတို့ နင်ချီ၏ အသက် ကို အဆက်မပြတ် ဖုံးကွယ် ထားခဲ့ကြသည်။ မည်မျှ အထိ ဆိုလျှင် တပည့် အများအပြား ယခု နင်ချီ အသက် ဘယ်လောက် ရှိပြီ ဆိုသည်ကို မသိကြ တော့ ပေ။

သူတို့ သိ သည်မှာ ဤ 'နဝမ ဆရာဦးလေး' သည် ကျမ်းစာများ လေ့လာ ခြင်းကို နှစ်သက် ပြီး တစ်ယောက်တည်း ကြိုးစား လေ့ကျင့် ကာ အရေးကြီးသော အဖြစ်အပျက်များ အတွင်း သာ ပေါ်ထွက် လာ တတ် ခြင်း ဖြစ်သည်။ ၎င်းက သူ့အား ယခင် တပည့်ရင်းများ အကြား အနက်နဲ အလျှို့ဝှက်ဆုံး ဖြစ်စေခဲ့သည်။

အချို့ အစစ်အမှန်သိုင်း တပည့်များ 'နဝမ ဆရာဦးလေး' သည် ပုန်းကွယ် နေသော သခင်ကြီး တစ်ဦး ဖြစ်နိုင်သည်ဟု တွေးဆ ခဲ့ကြသည်။

သို့သော် အချို့ စီနီယာ တပည့်များက နင်ချီ၏ အသက် ကို အကြမ်းဖျင်း နားလည် ထားကြရာ ခပ်ဖွဖွ သာ ရယ်မော နေခဲ့ကြသည်။

‘ဟားဟား ဒီ ကလေးတွေ။ ကိုးလေး အသက် ကို သာ သိ သွားကြ ရင် သွေး အန် ကုန် ကြ ဦးမလား မသိဘူး။’

သူတို့ ခံစား မိသည်မှာ သူ မည်မျှ ပင် အားကောင်း နေစေကာမူ ထူးထူးခြားခြား အားကောင်း လိမ့်မည် မဟုတ် ဟူ၍။

သို့သော် သူတို့ ဤအကြောင်းကို ဖွင့်ဟ ပြောဆို မည် မဟုတ်ဘဲ ထို အစား လူသစ်များ အား လေးစား အားကျ ရန် ပုံရိပ် တစ်ခု ချန်ထား ပေးရန် ရွေးချယ် ခဲ့ကြသည်။

အစစ်အမှန်သိုင်းတောင်သည် ပို၍ ပို၍ သက်ဝင် လှုပ်ရှား လာခဲ့သည်။ ထူးချွန်သော မျိုးဆက်သစ် အညွန့်အဖူး သုံးရာ ထပ်မံ ပေါင်းထည့် လိုက်သည် နှင့် ၎င်းသည် ပို၍ပင် တက်ကြွ လာခဲ့၏။

ဤ အသစ် ဝင်ရောက် လာသော အပြင်ဂိုဏ်းသား တပည့်များ အတွက်.. လော့ဝမ်ထျန်းသည် သဘာဝအတိုင်း သက်ဆိုင်ရာ ကျင့်ကြံခြင်း အစီအစဉ်များကို ကြာမြင့်စွာ ပြင်ဆင် ထားခဲ့ပြီး ဖြစ်သည်။ ဝင်ခွင့် စမ်းသပ်ပွဲ တွင် သူတို့၏ စွမ်းဆောင်ရည် အပေါ် မူတည် ၍ အရင်းအမြစ် များ ခွဲခြား သတ်မှတ် ပြီး နှစ်စဉ် ပြိုင်ပွဲ အလိုက် သိုင်းပညာ နှင့် အရင်းအမြစ်များ ခွဲဝေ ချထား ပေးမည် ဖြစ်သည်။

ဤ ကိစ္စရပ်များ 'ကျွမ်းကျင်မှု လွှဲပြောင်း ရေး အကြီးအကဲ' စွန်းချွမ်းဟိုင် (အစ်ကိုခြောက်) ၏ စီစဉ် မှု အောက်တွင် စနစ်တကျ ရှေ့ဆက် သွားခဲ့သည်။ သူသည် သူ၏ တည်ငြိမ် ပြီး တရားမျှတ သော သဘာဝ ကြောင့် ခန့်အပ် ခြင်း ခံခဲ့ရသည်။

ယခုအခါ 'တောက်ပအလင်း သိုင်း ခန်းမဆောင်' အတွင်း..

'စိတ် စုစည်း ရေး အမွှေးတိုင်' ဖြည်းညင်းစွာ အငွေ့ တလူလူထလာ နေသည်။

လော့ဝမ်ထျန်း၊ တာအိုဆရာလုံရှန်း နှင့် နင်ချီ တို့ ခြား ၍ ထိုင် နေကြသည်။

“ဆရာ နဲ့….ကိုးလေး ခင်ဗျာ။ အစ်ကိုနှစ် (ရှုံးရှီ) က ဝင်ခွင့် စမ်းသပ်ပွဲ က သူလျှို တွေကို စစ်ကြော မေးမြန်း ပြီး သွားပါပြီ”

လော့ဝမ်ထျန်း၏ မျက်လုံးများ ဒေါသ အရိပ်အယောင် တစ်စ ကိန်းဝပ် နေသည်။

“'နှလုံးသား စစ်မေးခြင်း စင်မြင့်' ပေါ်က ရလဒ် တွေက စစ်မေး မှု ရလဒ် တွေနဲ့ ကိုက်ညီ နေတယ်။ ထုတ်ပယ် ခံရတဲ့ လူ တွေ ထဲမှာတောင် မိစ္ဆာဂိုဏ်း နဲ့ တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့ က လူတွေ ပါ နေတယ် ခင်ဗျာ”

All Chapters