မျိုးဆက်သစ် အညွန့်အဖူး သုံးရာ နှင့် ဂယက်ရိုက်ခတ်မှုကြီး (၄)
Vol. 13 Ch. 195
~တာအိုဆရာလုံရှန်းက အနည်းငယ် တွေးတော... ဆင်ခြင်လိုက်သည်...။
“ဝမ်ထျန်း...အစစ်အမှန်သိုင်းဂိုဏ်းချုပ်နာမည်နဲ့ စာနှစ်စောင်ရေးလိုက်။ သူတို့ သူလျှိုလွှတ်တဲ့ ကိစ္စကို အပြစ်တင်ရှုတ်ချလိုက်။ ကိုယ်တွေဘက်က အရင်ဆုံး 'ကိုယ်ကျင့်တရား' ပလ္လင်ပေါ် တက်ထိုင်ထားရမယ်။ သူတို့သာ ဒီကိစ္စကို အေးဆေး
ပြီးသွားချင်တယ်ဆိုရင်တော့... သွေးအကြီးအကျယ် ထွက်ရလိမ့်မယ်။...”
လော့ဝမ်ထျန်း၏ မျက်လုံးများ အရောင်တောက်သွားပြီး ခေါင်းကို အဆက်မပြတ် ညိတ်လိုက်၏။
"ဟုတ်တယ်။ ဟုတ်တယ်။ ဒါ တကယ် ဒီအတိုင်း ဖြစ်သင့်တာ ဆရာ။ 'ပုံသဏ္ဌာန်မဲ့ ဂိုဏ်း' က အရင်က နဝမမြောက် တာအိုဂိုဏ်း ဖြစ်ခဲ့တာ။ သူတို့ဆီမှာ တာအိုကျမ်းစာတွေ အများကြီး ရှိတာ။ ဒီတစ်ခါ ကျွန်တော်တို့ များများမတောင်းရင် ကျွန်တော်တို့ အစစ်အမှန်သိုင်းဂိုဏ်းရဲ့ ဆုံးရှုံးမှု တွေကို သူတို့ ဘယ်လို လျော်ကြေးပေးနိုင်မှာလဲ။"
"ပြီးတော့ 'ဓားသိုင်းရှာဖွေ စံအိမ်'၊ သူတို့မှာ အခု တပည့်ငယ် သုံးရာ ခေါ်ယူ ထားတာ။ ရတနာဓား တချို့နဲ့ ဓားကျမ်းတွေ မပံ့ပိုးဘဲ ဘယ်လို လုပ်ဖြစ်မှာလဲဗျ။"
လော့ဝမ်ထျန်း စိတ်လှုပ်ရှားလာခဲ့သည်။ ဂိုဏ်း နှစ်ခု လုံး သွေး ထွက် အောင် ဘယ်လိုလုပ်ရမလဲ ဆိုတာ သူ စတင် အစီအစဉ်ချနေခဲ့ပြီ ဖြစ်သည်။
ဟုတ်ပါသည်။ ဤအရာ တစ်ခု တည်း ကို အားကိုးပြီး အဖွဲ့အစည်း နှစ်ခုကို ဖျက်ဆီးပစ်ရန် မလုံလောက် သော်လည်း သူတို့ကို ဤမျှ လွယ်လွယ်ကူကူ လွှတ်ပေး လိုက်၍လည်း မဖြစ်နိုင်။ နှစ်ဖက်စလုံး နက်နက်ရှိုင်းရှိုင်း နာကျင်ခံစားရမှ ဤ ဗျူဟာ အောင်မြင်မည် ဖြစ်သည်။
သို့သော်၊ သူ မျက်မှောင်ကြုတ်လိုက်ပြီး ကောက်ချက်ချလာသည်။
“တပည့်တို့ 'ပုံသဏ္ဌာန်မဲ့ ဂိုဏ်း' နဲ့ တင်းမာတဲ့ ရပ်တည်ချက်မျိုး သုံး ရင် အဆင်ပြေသင့်တယ်။ သူတို့က 'ကိုးလေး' ကို ကြောက်ကြတယ်။ ဒါပေမဲ့ 'ဓားသိုင်းရှာဖွေ စံအိမ်' နဲ့ ဆိုရင် 'ကောင်းကင်ဘုံအဆင့်စာရင်း' မှာ အဆင့် (၁၄)ချိတ်တဲ့ 'နှလုံးသား စူးစမ်းခြင်းဓား ကူချန်းဟဲ' ရှိနေတယ်။ သူက ဒီလောက် လွယ်လွယ် သဘောတူမှာ မဟုတ်ဘူး ဆရာ ”
နင်ချီကမူ ခပ်ဖျော့ဖျော့ ပြုံး လိုက်ပြီး ဘာမျှ မပြော။
ဤအရာကို မြင်သောအခါ လော့ဝမ်ထျန်း ရင်တွင်း အံ့အားသင့်သွားသော်လည်း မိမိကိုယ်ကို စိတ်ပြန်ထိန်း လိုက်သည်။
‘ကိုးလေးက 'ကောင်းကင်ဘုံ လူသား အဆင့်စာရင်း'က အဆင့် (၁၄) ချိတ်တဲ့လူ တစ်ယောက် ရှေ့မှာ ဒီလောက် တည်ငြိမ် နေနိုင် မှတော့ ငါက ဘာ စိတ်ပူ နေစရာ လို သေး လဲ’
သူ၏ 'မိစ္ဆာဂိုဏ်း' နှင့် 'တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့' အပေါ် စိုးရိမ်ပူပန်မှုများပင် အတော်လေး လျော့ပါး သွားခဲ့သည်။
ထို ညနေ တွင်၊ လော့ဝမ်ထျန်းသည် စာ နှစ်စောင်ကို အားတက်သရော ရေးသား လိုက်သည်။
'ပုံသဏ္ဌာန်မဲ့ ဂိုဏ်း' နှင့် ‘ဓားဆည်းပူး စံအိမ်’ တို့၏ ကိုယ်ကျင့်တရား မဲ့သော လုပ်ရပ်များ ကို ရှုတ်ချ လိုက်ပြီး သူတို့ အစစ်အမှန်သိုင်း အမွေအနှစ်ကို ချောင်းမြောင်း နေပုံ ပေါက် ကြောင်း ရေး သား လိုက်သည်။
သူသည် 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ထံမှ မကျေနပ်မှု အချို့ ရှိနေ ကြောင်း သွယ်ဝိုက် ဖော်ပြ လိုက်ပြီး အခြေအနေ တစ်ခုလုံးကို အပြည့်အဝ ပုံဖော် လိုက်တော့သည်။
ထို့နောက် အခြေအနေများ ကို အရိပ်အမြွက် ဖော်ပြ လိုက်၏။
မလွဲမသွေပင် 'ပုံသဏ္ဌာန်မဲ့ ဂိုဏ်း' ကို အစစ်အမှန်သိုင်းဂိုဏ်း၏ အခြေခံအုတ်မြစ် တိမ် ကြောင်း၊ တာအိုကျမ်းစာ စုစည်းမှု အချို့ အထူးသဖြင့် ရှားပါး တစ်ခုတည်း သော စာမူများ လိုအပ် နေပြီး များ လေ ကောင်း လေ ဖြစ် ကြောင်း ပြော လိုက်သည်။
'ဓားသိုင်းရှာဖွေ စံအိမ်' ကိုမူ အစစ်အမှန်သိုင်းဂိုဏ်း၏ အသစ် ခေါ်ယူ ထားသော တပည့်ငယ် သုံးရာ ဓား မရှိ ဘဲ ဖြစ်နေ ကြောင်း၊ ဆက်လက် လုပ်ဆောင် ရန် ခက်ခဲ နေ ကြောင်း နှင့် 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' သည် 'ဓားသိုင်းရှာဖွေ စံအိမ်' ၏ ပြိုင်ဘက်ကင်း ဓား ကျမ်းများ ကို စိတ်ဝင်စား နေ ကြောင်း ပြောကြား လိုက်ပြီး နှစ်အုပ် လောက် ပေးပို့ ရန် အကြံပြု လိုက်သည်။
ဟုတ်ပါသည်။ အချို့သော 'စိတ်ဝိညာဉ် ဆေးပင်' များ နှင့် 'ရတနာ' များ ကိုလည်း သူတို့ ဂရုတစိုက် စဉ်းစား ပေးပို့ နိုင်၏။ အတိုချုပ် ဆိုရလျှင် သွေး မထွက် ဘဲ အစစ်အမှန်သိုင်းဂိုဏ်း၏ ဒေါသကို ငြိမ်းအေး စေရန် မဖြစ်နိုင် ပေ။
ထို့နောက်မှာတော့ ဤ စာများကို ညတွင်းချင်း အဖွဲ့အစည်း နှစ်ခု ထံ ပေးပို့ လိုက်တော့သည်။
ဒါ တင် မက သေး။ လော့ဝမ်ထျန်းသည် 'ပုံသဏ္ဌာန်မဲ့ ဂိုဏ်း' နှင့် 'ဓားသိုင်းရှာဖွေ စံအိမ်' တို့က အစစ်အမှန်သိုင်းဂိုဏ်း ထဲသို့ သူလျှိုများ စေလွှတ် ခြင်း အကြောင်းကို တိတ်တဆိတ် သတင်း ဖြန့်ဝေ စေပြီး ပွဲဆူစေလိုက်သေးသည်။
—----
နင်ချီ စာ ၏ အကြောင်းအရာကို သိရှိ လိုက်ရပြီးနောက် မချိပြုံး ပြုံးလိုက်မိသည်။ သူ၏ အစ်ကိုကြီးမှာ တစ်ခါတစ်ရံ အတော်လေး စဉ်းလဲတတ်မှန်း သူ သဘောပေါက်သွား၏။
'ပုံသဏ္ဌာန်မဲ့ ဂိုဏ်း' နှင့် 'ဓားသိုင်းရှာဖွေ စံအိမ်' သဘောတူ မည်၊ မတူ မည် ကို သူ စိုးရိမ် မနေခဲ့ပေ။ သူတို့ လိုလိုလားလား လိုက်နာ ကြလိမ့်မည် ဟု ထင်နေ၍ မဟုတ်။ သူ၏ ကိုယ်ပိုင် ခွန်အားအပေါ် ယုံကြည်မှု ရှိ နေသောကြောင့် ဖြစ်သည်။
အဆုံး တွင် သူတို့ အားလုံး သဘောတူလာကြပေလိမ့်မည်။ လုပ်ငန်းစဉ် အနည်းငယ် ရှုပ်ထွေးနိုင်သော်လည်းပေါ့။
ယခုအခိုက်အတန့်မှာ နင်ချီသည် ခြံဝင်း အပြင်ဘက်မှ တဖြည်းဖြည်း ပိုမို အသက်ဓာတ် ပြည့်ဝလာသော မက်မွန်ပန်းများကို ငေးကြည့်လိုက်သည်။
'ဉာဏ်အလင်း လက်ဖက်ပင်'မှ ပေါက်နေသော နုနယ်သည့် အရွက် အနည်းငယ်ကို ငုံ့ကြည့်လိုက်ရာ သူ၏နှလုံးသား တဖြည်းဖြည်း တည်ငြိမ် သွားသည်ကို ခံစားလိုက်ရသည်။
"ဒါတွေက သာမန် ဘေးထွက် ကိစ္စလေးတွေပါပဲ။"
သူ 'စိတ်ဝိညာဉ် သန့်စင်ခြင်း' ကို အာရုံစိုက် အပြည့် ဖြင့် စတင် လည်ပတ် လိုက်သည်။ 'ကောင်းကင်နှင့်မြေကြီး ကြိတ်စက်န်ဝး' သူ၏ ဘေးတွင် ပေါ်လာပြီး တုန်ခါသံသဲ့သဲ့ ထွက်ပေါ် နေခဲ့သည်။ ထိုအရာက သူ၏ ဖန်တီးမှု 'ကြီးမြတ်သော စိတ်ဝိညာဉ် သန့်စင်ခြင်း နည်းစနစ်' ဖြစ်ပြီး 'ချီစွမ်းအင် သန့်စင်ခြင်း နည်းစနစ်' အပေါ် အခြေခံထားသော်လည်း အခြေခံ အုတ်မြစ် ကွဲပြား ခြားနားသည်။ 'ချီစွမ်းအင် သန့်စင်ခြင်း နည်းစနစ်' သည် 'ကောင်းကင်နှင့်မြေကြီး၏ စွမ်းအား' အပေါ် အဓိက မှီခိုပြီး 'စိတ်ဝိညာဉ် သန့်စင်ခြင်း နည်းစနစ်' မှာမူ 'ကောင်းကင်နှင့်မြေကြီး၏ စွမ်းအား' ကို အထောက်အကူအဖြစ် အသုံးပြုကာ 'မူလအမြုတေ'၏ တုံ့ပြန်မှု အပေါ် အဓိက မှီခို နေသည်။
အကြောင်းမှာ 'စိတ်ဝိညာဉ်'သည် အတော်လေးပျော့ပျောင်းပြီး ပြင်းထန်သော 'ကောင်းကင်နှင့်မြေကြီး၏ စွမ်းအား' ကို မခံနိုင်သောကြောင့် ဖြစ်ပါသည်။
ယခု နင်ချီ ကနဦး အောင်မြင်မှု ရရှိ နေခဲ့ပြီ ဖြစ်သည်။ 'စိတ်ဝိညာဉ်' ပိုမို အားကောင်း လာခဲ့ပြီး ၎င်းသည် 'ကောင်းကင်ဘုံလူသား ပေါင်းစည်းခြင်း လျှို့ဝှက် နည်းစနစ်' တွင် အထူး ထင်ရှားလှသည်။ သူ၏ ခွန်အားသည်လည်း တိုးတက် နေပြီး ရပ်တန့်မနေခဲ့ပါ။
အချိန် ဖြည်းညင်းစွာ ကုန်လွန် သွားသည်နှင့်။ ခုနစ် ရက် ကြာ သောအခါ၊ အမှန်တကယ်ပင်
'တာအိုပြည်နယ်' မှ အဝေး တွင် ရှိသော 'ပုံသဏ္ဌာန်မဲ့ ဂိုဏ်း' က ပထမဆုံး အကြောင်းပြန်လာခဲ့သည်။
'ပုံသဏ္ဌာန်မဲ့ ဂိုဏ်း'၏ အမှား ဝန်ခံသော သဘောထားမှာ ကောင်းမွန်လှသည်။ အစစ်အမှန်သိုင်းတောင် တွင် ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်များ သဘာဝအတိုင်း သူတို့၏ နားသို့ ပေါက်ကြား သွားခဲ့ပြီဖြစ်၏။ သူတို့၏ သူလျှိုများ နေရာ တကာ တွင် ဖမ်းဆီး ခံလိုက်ရသည်ကို သိရှိ လိုက်ရသောအခါ သူတို့ ငြင်းဆန် လိုသော်ငြားလည်း ထိုသို့ ပြုလုပ်ရန် နည်းလမ်း မရှိတော့။
သူတို့၏ နှလုံးသား ခါးသီး နေမိသည်။ သူတို့ မူလက ပြီးပြည့်စုံသော အစီအစဉ် တစ်ခု ဟု ထင်ထားခဲ့သော်လည်း အစစ်အမှန်သိုင်းဂိုဏ်း၏ စွမ်းဆောင်ရည်ကို အလွန်လျှော့ တွက်ထားခဲ့မိသည်။ သို့သော် ယခု သူတို့ အကောင်းဆုံး ပြန်လည် ပြုပြင်ရန်သာ ကြိုးစား နိုင်တော့သည်။
သူတို့ မူလကတည်းက လျော်ကြေးအချို့ ပေးရန် သဘောတူ ထားခဲ့ကြပြီး ဖြစ်သည်။
မထင်မှတ်ဘဲ လော့ဝမ်ထျန်း၏ 'နှုတ်ခွန်းဆက်စကား' က ချက်ချင်း ဆိုသလို ရောက်ရှိလာခဲ့သည်။ 'ပုံသဏ္ဌာန်မဲ့ ဂိုဏ်း' အဖွဲ့ဝင်များ စာ များကို ဖတ်ရှုပြီးနောက် သူတို့ ကျယ်လောင်စွာ ကျိန်ဆဲ လိုက်ချင်စိတ် ပေါက်သွား ကြပြီး သူတို့၏ နှလုံးသားများ သွေး ထွက်သွားခဲ့ရသည်။
"အရမ်း ရက်စက် တာပဲ။"
သူတို့ ခုခံ တွန်းလှန် ပြီး တင်းမာ နေ လို သော်လည်း မ လုပ် ဝံ့ ကြ။ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ စွမ်းအားသည် သူတို့၏ စိတ်ထဲတွင် ထင်ရှား နေဆဲ ဖြစ်ပြီး သူတို့ အပြစ်ရှိသူများ ဖြစ်နေကြသည်။
ယခု နေ့ရက်များတွင် အစစ်အမှန်သိုင်းဂိုဏ်းသည် နယ်မြေ အတွင်း နဝမမြောက် အကြီးဆုံး ဂိုဏ်း အဖြစ် ရပ်တည်နေသည်။
ထို ထိပ်တန်း ဂိုဏ်း များသည် သူတို့ကို မဟုတ်ဘဲ အစစ်အမှန်သိုင်းဂိုဏ်းကိုသာ ထောက်ခံ ကြပေလိမ့်မည်။ အမှန်တကယ်တွင် ထိပ်တန်း ဂိုဏ်း အများအပြား ဖိအားပေး နေကြပြီ ဖြစ်သည်။
ဤ အချက်က 'ပုံသဏ္ဌာန်မဲ့ ဂိုဏ်း' အား ခါးသီးသော ဆေးလုံးကို မျိုချစေခဲ့သည်။ ဤတစ်ကြိမ်တွင် သူတို့ ဇနီး ရော စစ်သည် များပါ အမှန်တကယ် ဆုံးရှုံးသွားခဲ့ရသည်။ (ဘာသာပြန်သူ မှတ်ချက်။ "losing both their wife and soldiers" - 赔了夫人又折兵 (péi le fū rén yòu zhé bīng) - နှစ်ခါ နာသော ဆုံးရှုံးမှုမျိုးကို တင်စားသည့် တရုတ် စကားပုံ ဖြစ်ပါသည်။ မူလက တစ်ခုခုကို ရယူရန် ကြိုးစားရင်း မိမိ ပိုင်ဆိုင်ထားသည်များကိုပါ လက်လွှတ် ဆုံးရှုံးသွားခြင်းကို ဆိုလိုပါသည်။)
ဆွေးနွေး တိုင်ပင် ပြီးနောက်၊ သူတို့သည် ကြင်နာသော တောင်းပန်လွှာ တစ်စောင်နှင့်အတူ လျော်ကြေး စာရင်းတစ်ခု ပြင်ဆင်၍ ပြန်ကြားလိုက်သည်။ တာအိုကျမ်းစာ အုပ် (၁,၅၀၀)၊ ရှားပါး တစ်ခုတည်း သော စာမူ တစ်ရာ၊ 'စိတ်ဝိညာဉ် ဆေးပင်' နှင့် 'ရတနာ' အမျိုးမျိုး၊ 'ထူးဆန်း သားရဲ အတွင်း အမြုတေ' များနှင့် 'သိုင်းပညာ လျှို့ဝှက် လက်စွဲကျမ်း' များ ကမ်းလှမ်းခဲ့ပြီး အားလုံးမှာ အရည်အသွေး ကောင်းမွန်လှသည်။
လော့ဝမ်ထျန်း ၎င်းကို မြင်တွေ့ လိုက်ရပြီး ပါးစပ်မှ နားရွက်ထိတိုင်အောင် ပြုံးဖြီးဖြီး ဖြစ်သွားသည်။
တပည့်ငယ် သုံးရာ နှင့် အစောင့်အရှောက် တစ်ဆယ့်ခြောက် ဦး အခု လေးတင် ခေါ်ယူ ထားခဲ့ရာ သူတို့ အရင်းအမြစ် များစွာ အရေးတကြီး လိုအပ် နေခဲ့ပါသည်။ ယခု တစ်သုတ် ချက်ချင်း ပြန်လည်ဖြည့်တင်း လိုက်ရပြီ။
သူသည် 'ပုံသဏ္ဌာန်မဲ့ ဂိုဏ်း' မှ လူများ အံ့ဩဖွယ် ကောင်း ကြောင်း ကြွေးကြော်လိုက်သည်။ ဝင်ခွင့် စစ်ဆေးပွဲ အတွင်း နောက်ထပ် ဂိုဏ်းများသာ သူလျှိုများ စေလွှတ် ရန် ကြိုးစားခဲ့ကြမည် ဆိုလျှင် ဟူ၍ အကြိမ်ကြိမ် ညည်းတွား နေမိတော့သည်။
ဤ အချက်က နင်ချီအား ခေါင်းခါ၍ ပြုံးလိုက်မိစေသည်။
သို့သော်၊ လျော်ကြေးကိစ္စရပ်များ မှာ ဤမျှ ချောမွေ့နေသည် မဟုတ်ပါ။
ဥပမာ အားဖြင့် 'တာအိုပြည်နယ်' မှ အဝေးတွင် ရှိသော 'ပုံသဏ္ဌာန်မဲ့ ဂိုဏ်း'က ပြန်ကြားခဲ့ပြီး သူတို့၏ ရပ်တည်ချက်ကို ပြသ ခဲ့သော်လည်း 'ချူ ပြည်နယ်' တွင် အနီးကပ် ရှိနေသော 'ဓားသိုင်းရှာဖွေ စံအိမ်'’ မှာမူ တိတ်ဆိတ်နေဆဲ ဖြစ်သည်။