← Chapters

အမြုတေ အတု၏ စွမ်းအား၊ တစ်ဆယ့်ခြောက်ပေ မျောက်ဖြူ နှင့် တပည့် လက်ခံရန် ရှာဖွေခြင်း (၃)

Vol. 13 Ch. 190

အမြုတေ အတု၏ စွမ်းအား၊ တစ်ဆယ့်ခြောက်ပေ မျောက်ဖြူ နှင့် တပည့် လက်ခံရန် ရှာဖွေခြင်း (၃)

Vol. 13 Ch. 190

~အရာအားလုံးက... ရက်စက်လွန်းလှပါသည်။

အခြေအနေက မျက်စိတစ်မှိတ်အတွင်း လျင်မြန်စွာ ပြောင်းလဲသွားခဲ့၏။

နောက်ဆုံးတွင်၊ မူလအမြုတေ နယ်ပယ် အဆင့် ဓားသမား တစ်ယောက်တည်းသာ လော့ဝမ်ထျန်း၏ ရှေ့မှောက်တွင် အသက်ရှင်ရန် ရုန်းကန်နေရဆဲ ဖြစ်သည်။ သို့သော်... သူ၏ ရုန်းကန်မှုက အရာမထင်တော့ပေ။ လော့ဝမ်ထျန်း၏ မိုးကြိုးအလင်းတန်းများက သူ့ကို လွှမ်းမိုးထားပြီး ဖြစ်သည်။ သူ၏ ဓားသွား 'ချီစွမ်းအင်' များသည် လော့ဝမ်ထျန်း၏ မိုးကြိုးအလင်းကို ထိုးဖောက်နိုင်စွမ်း မရှိတော့ချေ။

ဤတိုက်ပွဲက... အစကတည်းက ရှုံးနိမ့်ပြီးသား ဖြစ်နေခဲ့သည်။

ထိုအခိုက်အတန့်တွင်... ရုတ်တရက် ပေါ်ထွက်လာသော (၁၆) ပေ မြင့်သည့် မျောက်ဖြူကြီး (ယွမ်ထျန်းရှန်း) ၏ ပုံရိပ်က... သူ့ကို အဆုံးစွန် ထိတ်လန့်သွားစေသည်။

ထိုသူ သွားကြိတ်လိုက်သည်။ သူ၏ ဓားက လေထဲတွင် နဂါးပျံတစ်ကောင်နှယ် လှုပ်ရှားသွားပြီးနောက်... သူ၏ ဘယ်ဘက်လက်မောင်းကို မိုးကြိုးအလင်းတန်း လက်ဝါးချက်တစ်ခုဖြင့် အလဲအလှယ်လုပ်ကာ... နောက်သို့ အတင်း ဆုတ်ခွာလိုက်တော့သည်။

... အသက

ယင်းက အသက်ကို ပုံအပ်သော လောင်းကြေး တစ်ခုပင်။ အကယ်၍ မအောင်မြင်ခဲ့ပါက... သူ၏ အဆုံးသတ်သည် ဆိုးရွားစွာ ဒဏ်ရာရပြီး... ပြန်လည် နာလန်ထူနိုင်စွမ်းမရှိတော့သည့် အခြေအနေသို့ ကျရောက်သွားမည် ဖြစ်သည်။

ဓားသမား၏ ပါးစပ်မှ သွေးများ ပန်းထွက်လာသည်။

သူ အလျင်အမြန် နောက်ဆုတ်နေ၏။

လော့ဝမ်ထျန်းသည်... ထိုရုတ်တရက် ဆုတ်ခွာမှုကို မြင်သောအခါ... တစ်ခဏမျှ ကြောင်ငေးသွားခဲ့သည်။

ချီစွမ်းအင် အနှစ်သာရ နယ်ပယ် သိုင်းသမားများကြား တိုက်ခိုက်ရေး အတွေ့အကြုံ နည်းပါးမှုက ထင်ရှားနေ၏။ သို့သော်... သူ ချက်ချင်းပင် စိတ်ပြန်တည်ငြိမ်သွားပြီး... မျက်ဝန်းထဲတွင် ကျေနပ်မှု ပြုံးရိပ် တစ်ခု ပေါ်လာသည်။

အဝေးတွင်... မျောက်ဖြူကြီးက အသင့် စောင့်ကြိုနေခဲ့သည်။

၎င်း၏ မျက်ဝန်းထဲမှ ရွှေရောင်အလင်းတန်းများက... စွမ်းအင် လှုပ်ရှားမှု လမ်းကြောင်းများကို ထွင်းဖောက် မြင်နိုင်စွမ်း ရှိသည်။

မူလအမြုတေ ဓားသမား၏ ရည်ရွယ်ချက်ကို ၎င်းက အလွယ်တကူ ပိုင်းဖြတ်နိုင်၏။

စိတ်ရှည်စွာ... စောင့်ဆိုင်းနေခဲ့သည်။

ထို့နောက်... မျောက်ဖြူကြီးက ခြေထောက်ကို လွှဲကန်လိုက်သည်။

ထိုအရှိန်အဟုန်က တောင်များကိုပင် ဖြိုခွဲနိုင်လောက်ပြီး... လေနှင့် မိုးကြိုးတို့၏ အရှိန်အဟုန်ဖြင့်... ထိုဓားသမား၏ ကိုယ်ပေါ်သို့ တည့်မတ်စွာ ပိကျသွားသည်။

မူလအမြုတေ နယ်ပယ် ကျွမ်းကျင်သူ တစ်ဦး ဖြစ်လင့်ကစား... ဤမျှ ကြီးမားသော အင်အားကို သူ မည်သို့မျှ တောင့်မခံနိုင်ခဲ့။ သူ၏ ခန္ဓာကိုယ်က... ပို၍ လျင်မြန်သော အရှိန်ဖြင့် နောက်သို့ လွင့်စဉ်သွားလေသည်။

လော့ဝမ်ထျန်းက လက်ဝါး တစ်ချက်ဖြင့် အဆုံးသတ်လိုက်သည်။ မိုးကြိုးအလင်းတို့က ကောင်းကင်ကို ဖုံးလွှမ်းသွား၏။

မူလအမြုတေ ဓားသမားသည် သွေးများ အဆက်မပြတ် အန်ထုတ်ရင်း... သေလု မျောပါး ဖြစ်သွားခဲ့သည်။

ရှုံးရှီ ကိုယ်တိုင် သူ့ကို ဝင်ရောက် ဖမ်းဆီးလိုက်၏။

မျက်စိတစ်မှိတ်အတွင်း... ဆူပူလှုပ်ရှားမှုတို့သည်... လုံးဝ ငြိမ်သက်သွားခဲ့လေသည်။

...

ထိုအခိုက်အတန့်၌ တောက်ပအလင်း သိုင်း ခန်းမဆောင် အတွင်း၌...။

နင်ချီနှင့် တာအိုဆရာလုံရှန်းတို့ နှစ်ဦးစလုံး၏ မျက်နှာတွင် အပြုံးကိုယ်စီ သီးဝေနေသည်။

အစစ်အမှန်သိုင်းဂိုဏ်း တပည့်များက... ဤအခြေအနေကို တည်ငြိမ်စွာ ကိုင်တွယ်နိုင်ခဲ့ပြီး... သူလျှိုအားလုံးကို လုံးဝ ထိန်းချုပ်နိုင်ခဲ့ခြင်းကြောင့်... သူတို့နှစ်ဦး အလွန် ကျေနပ်နေကြ၏။

တာအိုဆရာလုံရှန်းက ချီးကျူးစကား ဆိုလိုက်သည်။

"ထျန်းရှန်း... ဒီမျောက်ငယ်လေးက... ငါတို့ မသိလိုက်ဘဲ ဒီလောက်တောင် အင်အားကြီးလာခဲ့ပါလား။"

ယခင်က... သူသည် ယွမ်ထျန်းရှန်း၏ အစွမ်းကို မရေမရာသာ သိရှိခဲ့သော်လည်း... ဤမျှ အဆင့်ထိ ရောက်ရှိနေမည်ဟု မထင်ထားခဲ့ပေ။

ယခုဆိုလျှင်... ယွမ်ထျန်းရှန်းက အစစ်အမှန်သိုင်းဂိုဏ်း၏ တတိယမြောက် အသန်မာဆုံး ဖြစ်လာလုနီးပါးပင်။

နင်ချီက ပြုံးရင်း ခေါင်းညိတ်သည်။

"ထျန်းရှန်းဆီမှာ သွေးမျိုးဆက် အင်အားကောင်းတွေ ရှိတယ်။ ပြီးတော့ ဇွဲ၊ ထိုးထွင်းဉာဏ်၊ ခိုင်မာတဲ့ တာအိုနှလုံးသား... အားလုံး ပိုင်ဆိုင်ထားတယ်။ သူ့ရဲ့ သွေးမျိုးဆက်က အလျင်အမြန် နိုးထလာခဲ့သလို... သူ သိုင်းလမ်းစဉ်ကိုလည်း လေ့ကျင့်နေတာပါပဲ။"

ထိုရှင်းပြချက်ကြောင့် တာအိုဆရာလုံရှန်း အံ့အားသင့်သွားသည်။

"သိုင်းလမ်းစဉ်... ဟုတ်လား။"

စောစောက... ယွမ်ထျန်းရှန်း များများစားစား မပြသခဲ့သော်လည်း... သူ၏ လှုပ်ရှားမှုများထဲတွင် ထူးခြားဆန်းကြယ်သော အငွေ့အသက် တစ်ခုကို... တာအိုဆရာ လုံရှန်း သတိပြုမိခဲ့သည်။

နင်ချီက ခေါင်းညိတ်ပြ၏။

"တပည့်က လူသားတွေရဲ့ သိုင်းလမ်းစဉ်ကို အခြေခံပြီး သူ့အတွက် မျောက်ဘုရင် ခန္ဓာကျင့်စဉ်၊ မျောက်ဘုရင် အင်အား၊ မျောက်ဘုရင် ချီစွမ်းအင်တွေကို ဖန်တီးပေးခဲ့တယ်။ အဲ့ဒါက သူ့ရဲ့ သွေးမျိုးဆက်ကို အောင်မြင်စွာ နိုးထစေခဲ့တယ်။ ဒါပေမဲ့... တပည့် သတိထားမိလာတာက... ဆန်းပြားသားရဲတွေရဲ့ သွေးမျိုးဆက် နိုးထခြင်း လမ်းစဉ်ဟာ... နောက်ဆုံးမှာ သိုင်းလမ်းစဉ်နဲ့ပဲ ပြန်လည် ပေါင်းဆုံသွားနိုင်တယ်။ အရင် ထင်ထားသလို... ဆန်းကြယ်လွန်းတဲ့ ကိစ္စမျိုးတော့ မဟုတ်လောက်ဘူး။"

တာအိုဆရာလုံရှန်း၏ မျက်ဝန်းများ ပြူးကျယ်သွားရသည်။

ဆန်းပြား သားရဲ တစ်ကောင်အတွက်... သိုင်းလမ်းစဉ်တစ်ခုကို ဖန်တီးပေးခြင်း...။

သူ၏ တပည့်ငယ်လေးက... ဤမျှ တော်လှန်သော အရာတစ်ခုကို... အေးဆေးတည်ငြိမ်စွာ ပြောကြားလိုက်ခြင်း ဖြစ်သည်။

သို့သော်... ဤသည်မှာ နင်ချီ၏ စိတ်ရင်းမှန်ဖြင့် တွေးခေါ်မိသော အရာသာ ဖြစ်သည်။

လက်ရှိ မျောက်ဖြူကြီး၏ စွမ်းအား ဖွဲ့စည်းပုံတွင်... သူ၏ သွေးမျိုးဆက် စွမ်းအားက အများစု ပါဝင်နေဆဲ ဖြစ်သည်။ သို့မဟုတ်ပါက... သူ၏ (အတွင်းစွမ်းအင် နယ်ပယ်) အဆင့် သက်သက်ဖြင့် ဤမျှ အစွမ်းထက်နိုင်မည် မဟုတ်ပေ။

သို့သော်... သိုင်းလမ်းစဉ်က ဆန်းပြားသားရဲများအပေါ် အဓိက အခန်းကဏ္ဍ နှစ်ခုမှ ပါဝင်နေသည်ကို သူ ရှာဖွေတွေ့ရှိခဲ့သည်။ သာမန် သွေးမျိုးဆက်ရှိသော သားရဲများကို ကြီးထွား တိုးတက်ရန် အခွင့်အရေး ပေးနိုင်ခြင်း... နှင့်... ဆန်းပြားသားရဲများ၏ သွေးမျိုးဆက် နိုးထမှုကို အထောက်အကူ ပေးနိုင်ခြင်းတို့ ဖြစ်သည်။

တာအိုဆရာလုံရှန်း သက်ပြင်းတစ်ချက်သာ ချနိုင်တော့သည်။

သူ၏ တပည့်ငယ်လေးက... တိတ်တဆိတ်... ဤမျှ ကြီးကျယ်သော အရာများကို ပြီးမြောက်အောင်မြင်ခဲ့လေပြီ။

ထို့နောက်... သူ အာရုံခံကြည့်လိုက်ပြီး မေးသည်။

"ကိုးလေး...ကောင်းကင်ဘုံလူသား

နယ်ပယ် အဆင့် တစ်ယောက်ယောက် ပါဝင် ပတ်သက်တာ... ခံစားမိသေးလား။"

နင်ချီက ခေါင်းအသာခါသည်။

"မတွေ့မိသေးဘူး ဆရာ။ တကယ်လို့ ကောင်းကင်ဘုံလူသား တစ်ယောက် ပေါ်လာခဲ့ရင်... အစစ်အမှန်သိုင်း ဓားကျောက်စာတိုင် က ခံစားမိမှာပါ။"

မူလအမြုတေ နယ်ပယ်သို့ တက်လှမ်းပြီးနောက်... ထိုကျောက်တိုင်ထဲမှ ဓားစိတ်ဆန္ဒကို သူ ထပ်မံ အားဖြည့်ထားခဲ့ပြီး ဖြစ်သည်။ ၎င်းကို သဘောတရား နားလည်ရန် အသုံးပြုနိုင်သလို... အရေးကြီးသည့် အခိုက်အတန့်များတွင်... ရန်သူကို ရင်ဆိုင်ရန်လည်း အသုံးပြုနိုင်၏။

"သူတို့ မပေါ်လာတာ သဘာဝကျပါတယ်။ တောင်ပိုင်းနယ်စပ်က လူတွေက အမြဲ သတိကြီးတယ်။ အရင်တစ်ခေါက် ညဘက် ဝင်တိုက်ခဲ့တဲ့ မူလအမြုတေ နယ်ပယ် အမျိုးသမီးလည်း ဒီအတိုင်းပဲ။ ဒီ သူလျှိုတွေက... ဂိုဏ်းရဲ့ အခြေအနေကို စမ်းသပ်တဲ့... ‘အပေါင်ခံလေး’ တွေပဲ ဖြစ်လိမ့်မယ်။ အောင်မြင်ရင် အခြေအနေကို သိရမယ်။ မအောင်မြင်ရင်... စွန့်ပစ်လိုက်ရုံပဲ။"

တာအိုဆရာလုံရှန်းက ထောက်ခံသည့် အနေဖြင့် ခေါင်းညိတ်လိုက်သည်။

ထို့နောက်... သူ၏ မျက်နှာထား တည်သွားသည်။

"အဖွဲ့အစည်း တော်တော်များများက... ငါတို့ အစစ်အမှန်သိုင်းဂိုဏ်းထဲမှာ သူလျှိုတွေ ထည့်ထားတယ်။ ဒါက... ငါတို့ရဲ့ အောင်မြင်မှုက သိသာလွန်းနေတာကြောင့် တစ်ပိုင်း ပါသလို... တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့က... အရင် ဖြစ်စဉ်တွေကြောင့်... ငါတို့ကို သံသယဝင်နေတာလည်း ဖြစ်နိုင်တယ်။"

"နောက်ပိုင်း... အပြင်မှာ လေ့ကျင့်တဲ့ တပည့်တွေကို... ပစ်မှတ်ထား ခံရနိုင်တာမို့... သတိရှိဖို့ သတိပေးရမယ်။"

နင်ချီ ခေါင်းညိတ်လိုက်သည်။

မိစ္ဆာဂိုဏ်းနှင့် တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့ကို ယခုချက်ချင်း ရှင်းလင်းပစ်ရန် မဖြစ်နိုင်သေးသည့်အတွက်... တပည့်များ၏ အရည်အချင်းကို တတ်နိုင်သမျှ အမြန်ဆုံး မြှင့်တင်ပေးရန်သာ... သူ တတ်နိုင်ပေသည်။

...

(အစစ်အမှန်သိုင်းမြို့တော်)။

တည်းခိုခန်း တစ်ခု၏ ဧည့်ဆောင်ထဲတွင်...။

ချင်ယွင်နှင့် တောင်ပိုင်းနယ်စပ် သူတော်စင်မလေးတို့... တိတ်ဆိတ်စွာ လက်ဖက်ရည် သောက်သုံးနေကြသည်။

သူတို့၏ ပတ်ဝန်းကျင်တွင်... အစစ်အမှန်သိုင်းဂိုဏ်း၏ စစ်ဆေးမှုအကြောင်း... ဆူညံစွာ ပြောဆိုနေသံများကို ရံဖန်ရံခါ ကြားနေရသည်။

"ကောင်းကင်သို့ တက်လှမ်းခြင်း လှေကား၊ ရုပ်သေး အခင်းအကျင်း၊ နှလုံးသား စစ်မေးခြင်း စင်မြင့်.."

တောင်ပိုင်းနယ်စပ် သူတော်စင်မလေးက ကြားသိရသော သတင်းများကို ရေရွတ်ရင်း... သူမ၏ မျက်ဝန်းများ အရောင်လက်သွားသည်။ ပထမ နှစ်ခုအကြောင်းကို သူမ အသေးစိတ် သိရှိပြီး ဖြစ်သည်။

တည်ထောင်ထားသည်မှာ ဆယ်စုနှစ် အနည်းငယ်မျှသာ ရှိသေးသော ဤ အစစ်အမှန်သိုင်းဂိုဏ်းက... ဤသို့ မယုံနိုင်ဖွယ်ရာ အရာများကို အဆက်မပြတ် မိတ်ဆက်နေခြင်းက... သူမကို အံ့အားသင့်စေသည်။

" သူတော်စင် ဆက်ခံသူလောင်း ချင်ယွင်... ရှင် အရင်က အစစ်အမှန်သိုင်းဂိုဏ်းမှာ... ဒါတွေ ကြားခဲ့ဖူးလား။" သူမက စူးစမ်းစွာ မေးလိုက်သည်။

ချင်ယွင် တိတ်ဆိတ်စွာ ခေါင်းခါလိုက်သည်။

သူ ဂိုဏ်းမှ ထွက်ခွာလာသည်မှာ... လေးငါးနှစ်မျှသာ ရှိသေးသည်။ သို့သော်... ယခု အပြောင်းအလဲများက... သူ အရင် နေထိုင်ခဲ့သည့် နှစ်ပေါင်း နှစ်ဆယ်ကျော်ထက်ပင် ကြီးမားနေခဲ့ပြီ။ သူ့ရင်ထဲတွင်... ရှုပ်ထွေးသော ခံစားချက်တို့ လှိုက်တက်လာသည်။

ဤအပြောင်းအလဲက... မည်သည့်နေရာမှ အစပြုခဲ့သည်ကို... သူ မသိခဲ့။

သို့သော်...

တောင်ပိုင်းနယ်စပ် သူတော်စင်မလေး၏ စကားများက သူ့ကို သိသိသာသာ အနေရခက်သွားစေသည်။ သူက အေးစက်စွာ ပြန်ပြောလိုက်သည်။

"သူတော်စင်မလေး... ခင်ဗျားသာ ချင်ပြည်နယ်ကို တကယ် စိတ်ဝင်စားတယ် ဆိုရင်... လာမယ့် နှလုံးသား စစ်မေးခြင်း စင်မြင့်ကိုပဲ ပိုပြီး စိုးရိမ်သင့်တယ်။ ကျွန်တော့်ရဲ့ အတွင်းအသိက... အဲ့ဒါ... ပြဿနာ အကြီးကြီး ဖြစ်လိမ့်မယ်လို့ ပြောနေတယ်။"

အချိန်ကို တွက်ကြည့်လျှင်... သူ စေလွှတ်လိုက်သော... ထို 'စစ်တုရင်ရုပ်’ များ... ယခုအချိန်လောက်ဆိုလျှင်... ထိုနှလုံးသား စစ်မေးခြင်း စင်မြင့် ပေါ်တွင်... စတင် စစ်ဆေးခံနေရလောက်ပြီ ဖြစ်သည်။

All Chapters