အခန်း (၁၁၁)
Vol. 9 Ch. 111
နှစ်ရက်ခန့်အကြာ မဟာရှ နန်းတော်ထဲ၌…..
လင်းပိုင်ဖန် သည် အန်း နိုင်ငံ၏ ဧကရာဇ်ကို ပြုံးကာ ကြည့်လိုက်ပြီး - “ငါ့ကတိကို ငါတည်ပြီးပြီ၊ မင်းနဲ့ မင်းမိသားစုကိုလည်း ကယ်ထုတ်ပေးခဲ့ပြီးပြီ။ အခု မင်းဘက်က ကတိတည်ဖို့ အလှည့်ပဲ။ ရတနာက ဘယ်မှာလဲ၊ ငွေနဲ့ဆို ဘယ်လောက်တန်ဖိုးရှိလဲ။ အကုန်ပြောပြတော့”
အန်းနိုင်ငံရဲ့ ဧကရာဇ်က ကျေးဇူးတင်ကြောင်း ဦးညွှတ်လိုက်ပြီး- “ကယ်ဆယ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ငါတို့ အန်းနိုင်ငံရဲ့ ရတနာက ** နေရာမှာ မြှုပ်ထားပြီး ငွေ တေး နှစ်သန်း လောက် တန်ပါတယ်” ဟု ပြောလိုက်သည်။
လင်းပိုင်ဖန်၏ မျက်နှာပေါ်က အပြုံးမှာ တောင့်တင်းသွားပြီး- “ငွေတေး နှစ်သန်းပဲလား”
“ငွေတေး နှစ်သန်းဆိုတာကလည်း အများကြီးပါပဲ။ ဒါဟာ နိုင်ငံငယ်လေးတစ်နိုင်ငံရဲ့ တစ်နှစ်တာ နိုင်ငံတော် ဘဏ္ဍာဝင်ငွေလောက် ရှိပါတယ်” ဟု အန်းနိုင်ငံ ဧကရာဇ်က အနည်းငယ် ရှက်ရွံ့စွာဖြင့် ပြောလိုက်သည်။
လင်းပိုင်ဖန်က အသံကို မြှင့်လိုက်ပြီး- “ဒါပေမဲ့ ငါက မို နိုင်ငံနဲ့ ရှန် နိုင်ငံက ဧကရာဇ်တွေကို ကယ်ထုတ်ပေးခဲ့တုန်းက တစ်ယောက်က ငါ့ကို ငွေတေး ငါးသန်း ပေးတယ်၊ နောက်တစ်ယောက်က ခြောက်သန်းပေးခဲ့တယ်၊ မင်းရဲ့ ငွေတေး နှစ်သန်းနဲ့ ငါ ဘာလုပ်ရမှာလဲ”
“ဒါပေမဲ့ ဒါဟာ ငါ့ရဲ့ အန်းနိုင်ငံမှာ ရှိသမျှ အားလုံးပဲလေ၊ နောက်ထပ် မရှိတော့ဘူး” ဟု အန်းနိုင်ငံ ဧကရာဇ်က ကူရာမဲ့စွာဖြင့် ပြောလိုက်သည်။
“ကောင်းပြီ၊ ကောင်းပြီ၊ ငါ အရှုံးပေါ်တဲ့ အရောင်းအဝယ်ကို လုပ်မိတယ်လို့ပဲ သဘောထားလိုက်ပါတော့မယ်။ ကဲ သွားတော့၊ ထွက်သွားတော့” ဟု လင်းပိုင်ဖန်က ပစ်ပယ်သည့် အမူအရာဖြင့် လက်ကိုဝှေ့ယမ်းလိုက်သည်။
“ဒါပဲလား။ ဘာမှ ပေးစရာမရှိဘူးလား” ဟု အန်းနိုင်ငံ ဧကရာဇ်က စိတ်အားထက်သန်စွာ မေးလိုက်သည်။
လင်းပိုင်ဖန်လည်း အံ့အားသင့်သွားပြီး- “မင်း ဘာလိုချင်သေးတာလဲ”
“အရှင်မင်းကြီး၊ တခြား ဘုရင်တွေလိုပဲလေ၊ အရှင်က မိုနိုင်ငံနဲ့ ရှန်နိုင်ငံက ဧကရာဇ်တွေကို မြို့စားအဖြစ် ခန့်အပ်ပြီး သက်ဆိုင်ရာ အခွင့်ထူးတွေကို ဆက်လက် ခံစားခွင့်ပေးခဲ့တယ်။ အခု ကျွန်တော်မျိုး အလှည့်၊ အရှင် မလုပ်ပေးတော့ဘူးလား” ဟု အန်းနိုင်ငံ ဧကရာဇ်က မျက်တောင်ကို ခပ်ရင်း အသည်းအသန် အရိပ်အမြွက်ပြလိုက်သည်။
လင်းပိုင်ဖန်လည်း ဒေါသထွက်သွားပြီး- “ငွေတေး နှစ်သန်းလေးနဲ့၊ ငါ ကယ်တင်ပေးခဲ့တာကိုတောင် ကျေးဇူးတင်ရအုံးမယ်၊ မင်းက ပိုလိုချင်သေးတာလား။ သွား၊ ကိုယ့်ဘာသာ ရပ်တည်တော့”
အန်းနိုင်ငံ ဧကရာဇ်ခင်ဗျာ ထိတ်လန့်သွားပြီး- “အရှင်မင်းကြီး၊ မလုပ်ပါနဲ့။ ဒီလိုဆိုရင် ငါတို့တွေ ငတ်ပြီး သေဆုံးရပါလိမ့်မယ်”
ယခုမူ သူ့၌ ဘာမှ မရှိတော့ပေ၊ နိုင်ငံလည်း မရှိ၊ ငွေလည်း မရှိတော့ပေ။
ဘဝတစ်ဝက်စာကို ဧကရာဇ်အဖြစ် နေထိုင်ခဲ့ပြီး ဖြစ်သလို၊ သူ့မိသားစုသည်လည်း အကောင်းဆုံး ပိုးထည်များနှင့် အကောင်းဆုံး အစားအစာများကို စားသုံးကာ ဇိမ်ခံပြီး နေထိုင်ခဲ့ကြသူများဖြစ်သည်။
သူတို့ကို ပိုက်ဆံရှာခိုင်းပါက ဘယ်လိုရှာရမယ်မှန်း မသိကြပေ။
ယခင် အဆင့်အတန်းကနေ ရုတ်တရက် ကျဆင်းသွားခြင်းကိုပင် မခံနိုင်ကြပေ။
“ဒါက ငါ ပူပန်ရမယ့် ပြဿနာ မဟုတ်ဘူး” ဟု လင်းပိုင်ဖန်က ပြောလိုက်သည်။
စိုးရိမ်ပူပန်နေသော အန်းနိုင်ငံ ဧကရာဇ်က တောင်းပန်လိုက်ပြီး “အရှင် တကယ်ပဲ ငါတို့ကို လျစ်လျူရှုလို့ မရပါဘူး… ခဏလေး၊ အခု ရတနာတစ်ခုကို သတိရမိလိုက်တယ်”
လင်းပိုင်ဖန်က ဒေါသတကြီးဖြင့် “မင်း ဘယ်လိုလုပ် လျှို့ဝှက်ထားရဲတာလဲ”
အန်းနိုင်ငံ ဧကရာဇ်မှာ ပို၍ပင် စိုးရိမ်လာပြီး- “ဖုံးကွယ်ထားချင်တာ မဟုတ်ပါဘူး၊ ဒါပေမဲ့ ဒီရတနာက ဘာလဲ၊ ဘယ်လောက်တန်ဖိုးရှိလဲ ဆိုတာကို ငါ တကယ်ပဲ မသိဘူး။ ငါမှ ယူလို့ မရနိုင်တဲ့အတွက် ပြောပြော၊ မပြောပြော ဘာမှ မထူးခြားဘူးလေ”
ထို့နောက် အန်းနိုင်ငံ၏ ဧကရာဇ်က ဇာတ်လမ်းကို ဖော်ထုတ်ပြောပြခဲ့သည်။
ထိုရတနာကို သူ့ဘိုးဘေးတစ်ဦးက ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။
လွန်ခဲ့သော နှစ် ၅၀ ခန့်က ထိုဘိုးဘေးက သိုင်းပညာ လေ့ကျင့်ရန် တောင်တန်းကြီးကို ဖြတ်ကျော်ကာ စွန့်စားခရီး ထွက်ခဲ့သည်။ ကံအားလျော်စွာ၊ ဟန်ဒွမ် တောင်တန်းကြီး၏ အလယ်တွင် လူလုပ် လိုဏ်ဂူတစ်ခုကို တွေ့ရှိခဲ့ပြီး အပြင်ဘက် မြေပြင်ပေါ်တွင် ရွှေ၊ ငွေနှင့် ကျောက်မျက်ရတနာများ ပြန့်ကျဲနေသည်ကို တွေ့ခဲ့ရသည်။
သိလိုစိတ်ကြောင့် သူ ရဲရဲဝံ့ဝံ့ ရှေ့သို့ တက်ခဲ့သည်။
သူ ပိုနက်နက်ဝင်သွားသည်နှင့်အမျှ ရွှေ၊ ငွေနှင့် ရတနာများ ပို၍ ပို၍ မြေပြင်ပေါ်တွင် ပြန့်ကျဲနေသည်။
ရတနာတွေကို ရှာတွေ့ပြီဟု ထင်လိုက်ချိန်တွင် ဧရာမမြွေကြီး တစ်ကောင်၏ တိုက်ခိုက်ခြင်းကို ခံခဲ့ရသည်။
ထိုမြွေကြီးမှာ အလွန် ကြောက်မက်ဖွယ်ကောင်းပြီး ကြမ်းတမ်းလှသည်။ ကြီးမားသော ကိုယ်လုံး၊ မာကျောသော အရေပြား၊ ထူထဲသော အသားများရှိပြီး အဆိပ်ငွေ့ကိုပင် ထုတ်လွှတ်နိုင်သည်။ ချီဖွဲ့တည်ခြင်းအဆင့်သို့ တစ်ဝက်လောက် ရောက်နေပြီဖြစ်သော သူ့ဘိုးဘေးသည်ပင် နှစ်ချက်၊ သုံးချက်အတွင်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ပြီး အလျင်အမြန် ဆုတ်ခွာခဲ့ရသည်။
“ပြန်ရောက်ပြီးနောက်မှာ ငါ့ ဘိုးဘေးက ဒီကိစ္စကို အသိပေးပြီးမှ ဒီလောကကနေ ကွယ်လွန်သွားခဲ့တယ်”
အန်းနိုင်ငံ၏ ဧကရာဇ်က သက်ပြင်းချကာ ပြောခဲ့သည်။ “ဒါဟာ အန်းနိုင်ငံရဲ့ ဘုရင့်မိသားစု အတွင်းမှာတောင် လျှို့ဝှက်ချက် အကြီးစားဖြစ်ပြီး ဧကရာဇ်တွေသာ သိကြတယ်။ အဲဒီရတနာတွေက စွဲဆောင်မှု ရှိပေမဲ့၊ ငါ့ဘိုးဘေးရဲ့ ပြောပြချက်အရ ဂူထဲမှာ နေထိုင်တဲ့ ဧရာမမြွေကြီးက ကြယ်တာရာချီ အဆင့် ကိုတောင် ရောက်နေပြီလို့ ထင်ရတယ်။ ဒါကြောင့် ငါတို့တွေ လိုချင်ပေမဲ့လည်း အလျင်စလို မလုပ်ရဲခဲ့ကြဘူး”
ဒီအကြောင်းတွေကို ကြားပြီးတဲ့နောက် လင်းပိုင်ဖန်က အန်းနိုင်ငံ ဧကရာဇ်ကို ပြန်လွှတ်လိုက်သည်။
သူက မိန်းမစိုး လျူကို ငွေတေး နှစ်သန်းကို သွားယူရန် အမိန့်ပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် ဟန်ဒွမ်တောင်တန်းရှိ ရတနာနေရာကို စစ်ဆေးရန် လက်ဗလာ ဆရာကြီး ကို အမိန့်ေပးခဲ့လိုက်သည်။
ငါးရက်ကြာပြီးနောက် မိန်းမစိုးလျူသည် ငွေတေး နှစ်သန်းနှင့်အတူ ပြန်ရောက်လာသည်။
လက်ဗလာဆရာကြီးလည်း ပြန်ရောက်လာသော်လည်း သူ၏ ပုံစံမှာ အခြေအနေ သိပ်မကောင်းပေ။
“ဘယ်လိုလဲ၊ ရတနာတွေ ရှိလား” ဟု လင်းပိုင်ဖန်က မေးလိုက်သည်။
လက်ဗလာဆရာကြီးက ခေါင်းညှိတ်လိုက်ပြီး “ဟုတ်တယ်၊ ရတနာတွေတော့ ရှိပါတယ်၊ ဒါပေမဲ့ သိပ်မများဘူး၊ ငွေတေး တစ်သန်းလောက်ပဲ တန်ဖိုးရှိမယ်။ အဲဒီမှာ ကွယ်လွန်သွားတဲ့ စွမ်းအားကြီးတဲ့ ပုဂ္ဂိုလ်တစ်ဦး ချန်ထားခဲ့တာ ဖြစ်ပုံရပြီး သူ့ရဲ့ အရိုးစုပဲ ကျန်တော့တယ်။ ဒါပေမဲ့ အဲဒီထဲမှာ ရှားပါးတဲ့ ရတနာ တစ်ခုကို ကျွန်တော်မျိုး တွေ့ခဲ့ရတယ်”
အဲ့ဒီအချိန်တွင် လက်ဗလာ ဆရာကြီး၏ မျက်နှာ၌ အံ့သြမှု အရိပ်အယောင်တို့ ပေါ်လာခဲ့သည်။
လင်းပိုင်ဖန်က “ဘယ်လို ရတနာမျိုးလဲ” ဟု မေးလိုက်သည်။
"ကိုးမျက်လုံးကျောက်ဖြူကြာပန်း" လက်ဗလာ ဆရာကြီး၏ မျက်လုံးများက တောက်ပလာခဲ့သည်။
သလင်းပိုင်ဖန်၏ ရှုပ်ထွေးနေမှုကို သူ သတိထားမိပြီး ချက်ချင်း ရှင်းပြလိုက်သည်။ “ဒါက ဒဏ္ဍာရီလာ ကောင်းကင်နဲ့ မြေပြင်ရဲ့ ရတနာပဲ၊ ဒီလိုအရာမျိုး တကယ်ရှိနေလိမ့်မယ်လို့ ကျွန်တော်မျိုး မထင်ခဲ့မိဘူး။ ဒါဟာ ကြာအဖြူရောင်လို ကြာသီးတောင့်တစ်ခု ဖြစ်ပြီး အတွင်းက အစေ့တွေက မျက်လုံးပုံစံ ရှိနေတယ်။ စုစုပေါင်း ကိုးစေ့ ရှိတဲ့အတွက် ကိုးမျက်လုံး ကျောက်ကြာပန်းလို့ ခေါ်တာပဲ”
“သူ့ရဲ့ ဖြစ်ပေါ်လာပုံ အခြေအနေတွေက အလွန်ကို ခက်ခဲနက်နဲပြီး ဘာတွေလဲဆိုတာ ကျွန်တော်မျိုးတောင်မှ မသိပါဘူး။ ကျွန်တော်မျိုး သိတာကတော့ သူ့ရဲ့ အစေ့တွေမှာ ထူးခြားတဲ့ အကျိုးသက်ရောက်မှုတွေ ရှိတယ်ဆိုတာပဲ၊ ဆေးစွမ်းထက် နတ်ဆေးတွေလိုပါပဲ။ တစ်စေ့ စားသုံးလိုက်ရင် ဘယ်လောက် ပြင်းထန်တဲ့ ဒဏ်ရာပဲဖြစ်နေပါစေ ပျောက်ကင်းပြီး မူလအခြေအနေကို ပြန်ရောက်စေတယ်။ ဒဏ်ရာမရရင်တောင်မှ မိမိရဲ့ ခွန်အားကို မြှင့်တင်ပေးနိုင်ပါတယ်”
လင်းပိုင်ဖန်လည်း အံ့သြသွားပြီးတော့- “ဒါဆိုရင်တော့ တန်ဖိုးကြီးမားတဲ့ ရတနာပဲ။ ဘာလို့ ပြန်မယူလာခဲ့တာလဲ”
“ယူချင်ခဲ့ပါတယ်၊ ဒါပေမဲ့ ကိုးမျက်လုံး ကျောက်ဖြူကြာပန်းကို စောင့်နေတဲ့ ဧရာမ မြွေကြီးတစ်ကောင် ရှိနေတယ်၊ တခြားသားရဲတွေနဲ့ မတူဘူး။ အရှင်မင်းကြီး ပြောသလိုပဲ၊ သူက ကြီးမားပြီး ကြေးနီနဲ့ သံနံရံတွေလို ဖောက်ထွင်းလို့ မရနိုင်တဲ့ ကြေးခွံတွေရှိတယ်။ အဆိပ်ငွေ့ကိုလည်း ထုတ်လွှတ်နိုင်ပြီး အလွန် သတိကြီးတယ်။ ကျွန်တော်မျိုး မျက်နှာပြရုံလေးပဲ ရှိသေးတယ်၊ သူက ကျွန်တော့်မျိုးကို တွေ့သွားခဲ့တယ်၊ သူက ကြယ်တာရာချီ အဆင့်ရဲ့ အထွတ်အထိပ် အဆင့်ကို သေချာပေါက် ရောက်နေလိမ့်တယ်”
လက်ဗလာဆရာကြီးက ကြောက်ရွံ့စိတ်ဖြင့် ပြောပြခဲ့သည်။ “ကျွန်တော့်မျိုးရဲ့ လှုပ်ရှားမှု ပညာရပ်တွေနဲ့ နည်းလမ်းအမျိုးမျိုးသာ မရှိခဲ့ရင် သူ့ရဲ့ လက်အောက်ကို ကျရောက်သွားနိုင်တယ်”
လက်ဗလာဆရာကြီး၏ စကားများကို နားထောင်ပြီးနောက် လင်းပိုင်ဖန်သည် အတွေးနက်ထဲသို့ ရောက်သွားခဲ့သည်။
ထိုလိုဏ်ဂူထဲရှိ ရွှေ၊ ငွေနှင့် ကျောက်မျက် ရတနာများသည် ငွေတေး တစ်သန်းခန့်သာ တန်ဖိုးရှိပြီး တစ်သန်းအတွက် စွန့်စားရတာ မတန်ပေ။
သို့သော်လည်း ကိုးမျက်လုံး ကျောက်ဖြူကြာပန်းကိုတော့ မဖြစ်မနေ ယူရမည်ဖြစ်သည်။
ဒါဟာ ဒဏ်ရာတွေကို ကုသပေးနိုင်ပြီး ဒဏ်ရာမရှိရင်တောင် စွမ်းရည်ကို မြှင့်တင်ပေးနိုင်တဲ့ အလွန်ရှားပါးတဲ့ ကောင်းကင်နဲ့ မြေပြင်ရဲ့ ရတနာပင်ဖြစ်သည်။
ဒီရတနာနဲ့ဆိုရင် ကျွမ်းကျင်သူ အများအပြားကို မွေးထုတ်ပေးနိုင်သည်။
သူ့တွင် လူအင်အား မရှားပေမဲ့ လိုအပ်နေတာကတော့ ကျွမ်းကျင်သူတွေပင် ဖြစ်သည်။
ဟန်ဒွမ် တောင်တန်းကြီးသည် တကယ်တော့ သိပ်မဝေးဘဲ မဟာရှနိုင်ငံ၏ တောင်ဘက်တွင် တည်ရှိသည်။
အဲ့ဒါဟာ မိုင်ထောင်ချီ ရှည်လျားပြီး ကြီးမားမြင့်မားတဲ့ တောင်တန်းကြီးပဲဖြစ်တယ်။ သားရဲတိရစ္ဆာန်တွေနဲ့ ပြည့်နေပြီး သိုင်းပညာရှင်တွေတောင် ဖြတ်ကျော်ဖို့ ခက်ခဲသည်။ ကမ္ဘာကြီးကို နှစ်ပိုင်းနီးပါး ဖြတ်တောက်ထားသလို့ ဖြစ်နေတဲ့အတွက် အဲဒီလိုမျိုး နာမည်ပေးထားတာ ဖြစ်သည်။
သို့သော်၊ လျှို့ဝှက်ရတနာရဲ့ တည်နေရာက ဟန်ဒွမ် တောင်တန်းကြီးရဲ့ တစ်ဖက်ခြမ်းနဲ့ ပိုနီးပြီး မဟာယန် နိုင်ငံရဲ့ နယ်မြေဖြစ်သည်။
“ငါ ထပ်ပြီး အခက်အခဲတွေကို ဖြတ်ကျော်ရတော့မယ် ထင်တယ်” ဟု လင်းပိုင်ဖန်က ရေရွတ်လိုက်သည်။
သူသည် အင်ပါယာ မြေပုံပေါ်တွင် နတ်ဘုရား၏လက်ကို အသုံးပြု၍ ဟန်ဒွမ် တောင်တန်းကြီးဆီသို့ ဆန့်တန်းလိုက်သည်။
နှစ်ရက်အကြာတွင် စစ်သူကြီးတစ်ဦးက နန်းတော်သို့ အလျင်အမြန် ပြန်ရောက်လာပြီး သတင်းပို့ခဲ့သည်။
“အရှင်မင်းကြီးအား သတင်းပို့ပါသည်၊ မနေ့တနေ့က ညနေပိုင်းမှာ ဟန်ဒွမ် တောင်တန်းကြီးမှာ မြေကြီးအောက်မှ နဂါးတစ်ကောင် လှုပ်ရှားသကဲ့သို့ ကြီးမားလှတဲ့ ငလျှင် လှုပ်ခတ်မှု ဖြစ်ပေါ်ခဲ့ပါတယ်။ တောင်တွေကွဲအက်သွားပြီး ဖြတ်သန်းသွားလာလို့ရတဲ့ အက်ကွဲကြောင်းတစ်ခု ပေါ်လာခဲ့ပါတယ်။ ကျွန်တော်မျိုး လူစေလွှတ်ပြီး စုံစမ်းကြည့်လိုက်ရာ ထိုအက်ကွဲကြောင်းက တစ်ဖက်ရှိ မဟာယန် နိုင်ငံသို့ အမှန်တကယ် ဦးတည်နေကြောင်း တွေ့ရှိရပါတယ်”
အရာရှိများလည်း အလွန်ထိတ်လန့်သွားကြပြီး- “ဘာ၊ ဟန်ဒွမ် တောင်တန်းကြီးက နှစ်ခြမ်းကွဲသွားပြီလား”
ဟန်ဒွမ် တောင်တန်းကြီး ကွဲသွားခြင်း၏ အဓိပ္ပာယ်ကို လူတိုင်း သိကြသည်။
ဟိုးအချိန်အကြာကြီးကတည်းက မဟာရှနိုင်ငံနှင့် မဟာယန်နိုင်ငံတို့သည် အိမ်နီးချင်းနိုင်ငံများ ဖြစ်ကြသော်လည်း ဟန်ဒွမ် တောင်တန်းကြီး၏ အတားအဆီးကြောင့် နှစ်နိုင်ငံသည် နီးစပ်သော်လည်း ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်ခဲ့ကြသည်။
သို့သော် ယခုအခါ ဟန်ဒွမ် တောင်တန်းကြီးက နှစ်ခြမ်းကွဲသွားခဲ့ပြီ။
ဒါက နှစ်နိုင်ငံ စတင် တိုက်ခိုက်လို့ ရနိုင်နေသည်ကို ဆိုလိုနေသည်။
မဟာယန်နိုင်ငံသည် မဟာရှနိုင်ငံထက် ကာလကြာရှည်စွာ တည်ရှိနေခဲ့ပြီး ကြီးမားသည့် နိုင်ငံဖြစ်သည်။
နှစ်နိုင်ငံသာ တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပါက မဟာရှနိုင်ငံသည်သာ နစ်နာမှု ရှိလိမ့်မည်မှာ သေချာနေသည်။
လူတိုင်း စိုးရိမ်ပူပန်လာခဲ့ကြသည်။
လင်းပိုင်ဖန်က ရယ်မောလိုက်ပြီး- “ငါကိုယ်တော်ရဲ့ အမတ်မင်းတို့၊ ဘာကို စိုးရိမ်နေကြတာလဲ။ ဒါက ကြီးမားတဲ့ အခွင့်အရေးကြီးပဲ”
“အခွင့်အရေးလား” လူတိုင်း နားမလည်နိုင်ပဲ ဖြစ်နေခဲ့ကြသည်။