← Chapters

အခန်း (၁၁၉)

Vol. 9 Ch. 119

အခန်း (၁၁၉)

Vol. 9 Ch. 119

သုံးရက်ကြာပြီးနောက်။

တခမ်းတနားရှိလှသော မြင်းရထားတစ်စီးသည် မဟာရှနိုင်ငံ၏ နယ်နိမိတ်သို့ ရောက်ရှိလာပြီး၊ ထိုရထားပေါ်မှ ခမ်းနားထည်ဝါသော အဝတ်အစားများကို ဝတ်ဆင်ထားကာ မြင့်မြတ်သောအသွင်အပြင်ရှိသည့် လူတစ်စု ဆင်းသက်လာခဲ့ကြသည်။

ထိုလူများထဲတွင် ရုပ်ရည်ချောမောရုံသာမက မင်းမျိုးမင်းနွယ်တို့၏ အရှိန်အဝါကို ထုတ်လွှင့်နေသော လူငယ်တစ်ဦးလည်း ပါဝင်နေပြီး ကျန်သူများကလည်း သူ့ကို ရိုသေလေးစားသော အကြည့်တို့ဖြင့် ကြည့်နေကြသည်။

"အရှင်မင်းသား၊ ရှေ့တည့်တည့်မှာကတော့ မဟာရှနိုင်ငံပါပဲ"

အခြွေအရံတစ်ဦးက ရိုသေစွာ ပြောလိုက်သည်။ "ဒီမဟာရှက လွန်ခဲ့တဲ့ ခြောက်လလောက်က နိုင်ငံရော လူဦးရေပါ အားနည်းလှတဲ့ နိုင်ငံငယ်လေး တစ်နိုင်ငံသာ ဖြစ်ခဲ့တယ်လို့ ပြောကြပါတယ်။ ဒါပေမယ့် အဲဒီမိုက်မဲတဲ့ ဧကရာဇ် နန်းတက်ပြီးနောက်ပိုင်း လအနည်းငယ် အတွင်းမှာပဲ ရှာနိုင်ငံဟာ အံ့မခန်း တိုးတက်လာခဲ့ပါတယ်။ လူဦးရေလည်း များပြားလာတယ်၊ စစ်အင်အားလည်း တိုးတက်လာတယ်၊ နိုင်ငံလည်း စည်ပင်ဝပြောလာခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်လလောက်ကပဲ တိုင်းပြည်ကြီး အဆင့်သို့ တိုးမြှင့်လိုက်ပြီး ပတ်ဝန်းကျင်နိုင်ငံတွေရဲ့ လေးစားမှုကို ရယူခဲ့တယ်လို့ ဆိုပါတယ်"

"အရှင်မင်းသား" ဟု အခေါ်ခံရသူ လူငယ်လေးက အနည်းငယ် ခေါင်းယမ်းလိုက်ပြီး ခနဲ့တဲ့တဲ့ အသံဖြင့်၊ မောက်မာစွာနဲ့ - "တိုင်းပြည်ကြီးတစ်ခု ဖြစ်လာရင်တောင်မှ မဟာလီရှေ့မှာတော့ နိုင်ငံငယ်လေး တစ်နိုင်ငံပဲ မဟုတ်လား"

"အရှင်မင်းသား ပြောတာ မှန်ပါတယ်" ပတ်ဝန်းကျင်မှ လူအုပ်က သဘောတူညီစွာ ခေါင်းညိတ်လိုက်ကြပြီး သူတို့မျက်နှာများတွင်လည်း မောက်မာမှု အရိပ်အယောင်များ ပေါ်လွင်နေသည်။ "နိုင်ငံငယ်ပဲ ဖြစ်ဖြစ်၊ နိုင်ငံကြီးပဲဖြစ်ဖြစ် ဘယ်သူမှ မဟာလီ မင်းဆက်နဲ့တော့ ယှဉ်လို့မရနိုင်ပါဘူး"

ဤလူအုပ်စုသည် အခြားသူများ မဟုတ်ဘဲ၊ အဝေးမှ လာရောက်ကြသော မဟာလီမင်းဆက်၏ ကိုးရောက်မြောက်မင်းသား နှင့် သူ၏ ကိုယ်ရံတော်များ နှင့် အခြွေအရံများပင် ဖြစ်ကြသည်။

ကိုးရောက်မြောက်မင်းသားသည် ကောင်းကင်ကို တစ်ချက်ကြည့်လိုက်ကာ "ညနေစောင်းနေပြီ၊ အမြန်သွားကြစို့။ ငါ့ ဆရာတူအစ်မကို ခေါ်သွားတဲ့သူက ဘယ်လိုအရည်အချင်းမျိုး ရှိလဲဆိုတာ ငါကိုယ်တိုင် မြင်ချင်လှပြီ"

"မိုက်မဲတဲ့ ဧကရာဇ် တစ်ယောက်က အရှင်မင်းသားနဲ့ ဘယ်လိုလုပ် ယှဉ်နိုင်မှာလဲ" တစ်စုံတစ်ယောက်က မြှောက်ပင့်ကာ ပြောလိုက်သည်။

ကိုးရောက်မြောက်မင်းသားလည်း ကျယ်လောင်စွာ ရယ်မောလိုက်ပြီး လက်သီးကို ယုံကြည်မှုအပြည့်တို့ဖြင့် ဆုပ်ကာ- "ငါထင်တာလည်း အဲဒီလိုပဲ၊ အဲဒါကြောင့် ငါကိုယ်တိုင် လာခဲ့တာပဲ။ သူ့ရဲ့ မာန်မာနကို ချိုးနှိမ်ပြီး ဆရာတူ အစ်မကို သူ့လက်ထဲကနေ ပြန်လုယူမယ်"

ထိုသို့ပြောပြီးနောက် သူသည် မြင်းရထားပေါ် တက်ကာ ခရီးဆက်ခဲ့သည်။

ထိုအချိန်တွင် လင်းပိုင်ဖန်ကလည်း ထိုအဖွဲ့ကို သတိထားမိလိုက်ပြီး သူ၏မျက်နှာပေါ်၌ ထူးဆန်းသော အပြုံးတစ်ခု ပေါ်လာခဲ့သည်။ "သူတို့တွေ တကယ်ကြီးကို လာကြတာပဲ။ ဘဝက နည်းနည်းပျင်းနေတာနဲ့ အတော်ပဲ၊ သူတို့နဲ့ ခဏလောက် ကစားလိုက်ရအောင်"

ထိုသို့ပြောပြီးနောက် သူသည် နတ်ဘုရား၏ လက်ကို အသုံးပြု၍ အင်ပါယာ မြေပုံ၏ နေရာတစ်ခုဆီသို့ လက်ညွှန်လိုက်သည်။

တစ်နာရီခန့်ကြာသော် နောက်ဆုံးတွင် ကောင်းကင်က တဖြည်းဖြည်း မှောင်စပြုလာခဲ့သည်။

တခမ်းတနားရှိလှသော မြင်းရထားသည် ခရီးကို တစ်နေ့လုံး ဆက်နေသော်လည်း ရွာတွေ သို့မဟုတ် လူနေအိမ်ခြေ အရိပ်အယောင်ကိုတောင် လုံးဝမတွေ့ရချေ။

"ရပ်"

ကိုးရောက်မြောက်မင်းသားသည် ရထား၏ လိုက်ကာကို ဖွင့်ကာ မျက်မှောင်ကြုတ်လျက် ပြောလိုက်သည်။ "ဒီလောက်ကြာနေတာတောင်မှ ဘာလို့ ရွာတစ်ရွာကိုမှ မတွေ့ရတာလဲ"

နောက်လိုက်တစ်ဦးက သတင်းပို့လိုက်သည်။ "အရှင်မင်းသား၊ ကျွန်တော်မျိုးတို့ လမ်းမကြီးအတိုင်း လာခဲ့တာပါ၊ ယုတ္တိရှိစွာ ပြောရရင် လူ ဒါမှမဟုတ် ရွာတစ်ရွာလောက်တော့ တွေ့သင့်နေပြီ၊ ဒါပေမယ့် ဘာမှမရှိနေတာက တကယ်ပဲ ထူးဆန်းပါတယ်"

"လမ်းများ မှားနေတာလား။ ဘာပဲဖြစ်ဖြစ်၊ ငါတို့က ဒီနေရာတွေကို မကျွမ်းကျင်တဲ့ ဧည့်သည်တွေပဲလေ..."

ကိုးရောက်မြောက်မင်းသားသည် ရထားပေါ်မှ ခုန်ဆင်းလိုက်ပြီး "မင်းတို့ထဲက တစ်ယောက်ယောက်ကို ရှေ့ဆက်ပြီး လမ်းကြောင်းကို စုံစမ်းခိုင်းလိုက်။ သူတို့ အခြေအနေကို သိရရင် ပြန်လာခဲ့လိမ့်မယ်။ ငါတို့ ဒီမှာပဲ နားပြီး တစ်ခုခု စားကြမယ်"

"ဟုတ်ကဲ့၊ အရှင်မင်းသား"

သူတို့သည် ချီဖွဲ့တည်ခြင်းအဆင့် တစ်ဦးကို စစ်ဆေးရန် စေလွှတ်လိုက်သည်။

သို့သော် နှစ်နာရီကြာသည်အထိ ထိုသူသည် ပြန်လာခြင်း မရှိချေ။

ကိုးရောက်မြောက်မင်းသားက အိပ်ရေးဝပြီး နိုးလာသောအခါ မျက်မှောင်ကျုတ်လိုက်ပြီး- "အာချန် ဘာလို့ မပြန်လာသေးတာလဲ။ သူ့ရဲ့လျင်မြန်မှုနဲ့ဆို အခုဆို မိုင် ၄၀၀ ကျော်လောက် ရောက်နေလောက်ပြီ၊ မြို့တော်ကိုတောင် ရောက်နေနိုင်တယ်"

"အရှင်မင်းသား၊ တစ်ခုခုများ ဖြစ်နေလို့လား" တစ်စုံတစ်ယောက်က သတိကြီးစွာဖြင့် မေးလိုက်သည်။

"ဘာများဖြစ်နိုင်မှာလဲ။ ဒါက နိုင်ငံငယ်လေး တစ်နိုင်ငံပဲ၊ အာချန်ကို ဖမ်းချုပ်ထားနိုင်တဲ့ သိုင်းပညာရှင်တွေ ဒီမှာမရှိနိုင်ဘူး"

ကိုးရောက်မြောက်မင်းသားက ခဏ စဉ်းစားလိုက်ကာ- " ဒါပေမယ့် မတော်တဆမှုတစ်ခု မဖြစ်နိုင်ဘူးလို့တော့ ကျိန်းသေ ပြောလို့မရဘူး"

သူ၏ဘေးနားမှ ကိုယ်ရံတော်ကို လှည့်ကြည့်ကာ အမိန့်ပေးလိုက်သည်။ "အာရှင်း မင်းသွားစစ်ဆေးလိုက်။ ဘာတွေပဲဖြစ်ဖြစ် တစ်နာရီအတွင်း ပြန်လာရမယ်"

"ဟုတ်ကဲ့၊ အရှင်မင်းသား" ထိုသူသည်လည်း အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

ဒါပေမယ့် တစ်နာရီကြာခဲ့သော်လည်း သူ ပြန်ရောက်မလာခဲ့ချေ။

ကိုးရောက်မြောက်မင်းသား၏ အခြွေအရံများ၏ ရင်ထဲတွင် မကောင်းသော အတိတ်နိမိတ်များ တဟပ်ဟပ် တက်လာခဲ့သည်။ "အာရှင်းလည်း တစ်ခုခု ဖြစ်သွားတာလား"

"အရှင်မင်းသား..." အဖွဲ့သားများက ကိုးရောက်မြောက်မင်းသားကို ကြည့်လိုက်ကာ ဆုံးဖြတ်ချက်ချရန် စောင့်ဆိုင်းနေကြသည်။

ကိုးရောက်မြောက်မင်းသားသည် အနည်းငယ် ဆုံးရှုံးသွားသလို ခံစားလိုက်ရသော်လည်း၊ သူ၏ဘေးနားတွင် မျက်လုံးမှိတ်၍ အနားယူနေသော အကြီးအကဲကို မြင်လိုက်ရသောအခါ စိတ်သက်သာရာရသွားပြီး ပြောလိုက်သည်။ "သူတို့နှစ်ယောက် အခက်အခဲ ရှိကောင်းရှိနိုင်တယ်။ ဒီလမ်းက နိမိတ်မကောင်းဘူးနဲ့ တူတယ်။ ငါတို့ လမ်းကြောင်းပြောင်းပြီး မဟာရှမြို့တော်ကို အမြန်သွားသင့်တယ်။ ငါ့ရဲ့ စီနီယာအစ်မက အဲဒီမှာ သြဇာအာဏာ အနည်းငယ်ရှိတယ်၊ အာရှင်းနဲ့ အာချန်ကို ရှာဖို့ သူမကို အကူအညီ တောင်းလို့ရတယ်"

"ဟုတ်ကဲ့၊ အရှင်မင်းသား"

ယခုဆိုလျှင် ကောင်းကင်သည် တဖြည်းဖြည်း လင်းလာပြီဖြစ်ပြီး သူတို့သည်လည်း ခရီးဆက်ရန်အတွက် အခြားလမ်းကြောင်းတစ်ခုကို ရွေးချယ်လိုက်ကြသည်။

သို့သော် ထူးဆန်းသည်မှာ သူတို့ မည်သည့်လမ်းကို သွားသည်ဖြစ်စေ၊ လူတစ်ယောက်ကိုမျှ မတွေ့ရချေ၊ အိမ်တစ်လုံးတောင်မှလည်း မတွေ့ရပေ။

ပတ်ဝန်းကျင်သည် စိမ်းစိုနေသော တောင်တန်းများနှင့် ကြည်လင်သော ရေများသာ ရှိပြီး အဆုံးမရှိပေ။

"အားလုံး၊ ရပ်"

ကိုးရောက်မြောက်မင်းသားသည် မြင်းရထားပေါ်မှ တစ်ဖန် ဆင်းလာပြီး၊ ကောင်းကင်တွင် မြင့်တက်နေပြီဖြစ်သော နေ၏ အနေအထားကို ကြည့်ကာ မေးလိုက်သည်။ "ငါတို့ ခုထိ မရောက်သေးဘူးလား"

"အရှင်မင်းသားကို သတင်းပို့ပါတယ်၊ ကျွန်တော်မျိုးတို့ တကယ်ပဲ လမ်းပျောက်နေတာ ဖြစ်နိုင်ပါတယ်။ ကျွန်တော်မျိုးတို့က ဒေသခံတစ်ဦးကို လမ်းညွှန်ပေးဖို့ ရည်ရွယ်ခဲ့ပေမယ့် အခုချိန်ထိ လူတစ်ယောက်မှ မတွေ့ရသေးတာက တကယ်ပဲ ကျွန်တော်မျိုးတို့အတွက် ခက်ခဲနေပါတယ်" ဟု ကိုယ်ရံတော်က သတင်းပို့လိုက်သည်။

"အဲဒါကို စိတ်မပူနဲ့၊ ငါတို့ ခြေထောက်အောက်က လမ်းကတော့ မှားစရာမရှိဘူး"

ကိုးရောက်မြောက်မင်းသားက သူတို့ ခြေထောက်အောက်ရှိ လမ်းမကြီးကို လက်ညှိုးထိုးပြပြီး "ဒီလမ်းအတိုင်း ဆက်သွားကြစို့၊ နောက်ဆုံးမှာတော့ ရောက်ကိုရောက်မှာပါ"

ထိုအဖွဲ့သည် ခရီးဆက်ခဲ့ကြသော်လည်း နေ့လယ်ရောက်သည်အထိ လူတစ်ယောက်ကိုမျှ မတွေ့ရသေးပေ။

သူတို့သည် ခဏ အနားယူရန်၊ ရေ သောက်ရန်နှင့် တစ်ခုခု စားဖို့ရန်အတွက် ရပ်နားဖို့ကလွဲပြီး ရွေးချယ်စရာ မရှိခဲ့ပေ။

သူတို့ထဲမှ အချို့ကတော့ စုဝေးပြီး တိုးတိုးလေး ဆွေးနွေးနေကြသည်။

"ငါတို့တွေ နတ်ဆိုးများ အစွဲခံရတာများလားလို့ မင်းတို့ ထင်လား"

"ငါလည်း အဲဒီလို ခံစားရတယ်။ ဒဏ္ဍာရီတွေထဲမှာ ပြောတဲ့ 'သရဲ နံရံကို တိုက်မိခြင်း' လိုမျိုးကို ကြုံတွေ့နေရတာ ဖြစ်နိုင်တယ်။ ဘယ်ကို သွားရမှန်း မသိတော့ဘဲ ဘယ်လိုပဲ လျှောက်လျှောက် ထွက်ပေါက်ကို ရှာမတွေ့နိုင်ဘူး"

"ဒါပေမယ့် အခုက နေ့ခင်းကြီးလေ၊ သရဲတွေ ထွက်လာလို့ရလို့လား"

"သာမန်သရဲတွေကတော့ မရနိုင်ဘူး၊ ဒါပေမယ့် သရဲဘုရင် ဆိုရင်ရော။အာရှင်းနဲ့ အာချန်တို့ သရဲတစ်ကောင်ကောင်နဲ့များ တွေ့ခဲ့ကြတာလားလို့ ငါ သံသယရှိမိတယ်..."

"မင်း ဒီလို ပြောလေလေ၊ ဖြစ်နိုင်ခြေများလေပဲ"

အားလုံးက ဆက်ပြီး ဆွေးနွေးလေ၊ သူတို့ရဲ့ ရင်ထဲမှာ ပိုပြီးတော့ မလုံမလဲ ဖြစ်လာလေလေ ဖြစ်သည်။

ကိုးရောက်မြောက်မင်းသားက မျက်မှောင်ကြုတ်လိုက်ကာ မာန်မဲလိုက်သည်။ "ယောက်ျားကြီးတွေအနေနဲ့ သဘာဝလွန် အင်အားစုတွေနဲ့ ပရမ်းပတာတွေအကြောင်း မပြောသင့်ဘူး၊ ဒီလောကမှာ သရဲဘယ်လိုရှိနိုင်မှာလဲ။ ဒါက ကိုယ့်ဘာသာကိုယ် ကြောက်အောင် လုပ်နေတာပဲ။ ငါတို့ ဗိုက်ဝပြီဆိုရင် ခရီးဆက်ကြမယ်"

ထိုအဖွဲ့သည် ခရီးကို ဆက်ခဲ့ကြပြီး နှစ်နာရီကြာသည်အထိ အချိန်က ကုန်လွန်သွားခဲ့သည်။

နေက တဖြည်းဖြည်း နိမ့်ဆင်းလာပြီး ကောင်းကင်သည်လည်း မှောင်လာခဲ့သည်။

ထိုအချိန်တွင် ရထားအပြင်ဘက်ရှိ အခြွေအရံများနှင့် ကိုယ်ရံတော်များက စိုးရိမ်တကြီးဖြင့် အော်ဟစ်လိုက်ကြသည်။ "အရှင်မင်းသား။ အရှင်မင်းသား၊ ထွက်လာပြီး ကြည့်ပါဦး"

"ဒီလောက်ထိ ဆူညံနေရတာ ဘာဖြစ်လို့လဲ"

ကိုးရောက်မြောက်မင်းသားသည် စိတ်ဆိုးမာန်ဆိုးဖြင့် သူ၏ရထားထဲမှ ထွက်လာသော်လည်း သူ့ရှေ့မှ မြင်ကွင်းကြောင့် သူ့၏ မျက်နှာအမူအရာမှာ ပျက်သွားခဲ့သည်။

အကြောင်းမှာ သူသည် သစ်ပင်ကြီးတစ်ပင်ကို မြင်လိုက်ရလို့ပင် ဖြစ်သည်။

ပြီးခဲ့သည့်ညက သူတို့သည် ဤသစ်ပင်အောက်တွင် နားခဲ့ကြပြီး မြေပြင်ပေါ်တွင် သူတို့ ချန်ထားခဲ့သော ခြေရာလက်ရာများသည်လည်း ရှိနေဆဲဖြစ်သည်။

"ငါတို့တွေ ဒီနေရာကို တဖန် ပြန်ရောက်လာတာလား"

All Chapters