ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့် အထွတ်အထိပ်
Vol. 25 Ch. 314
နှစ်နာရီကြာပြီးနောက် ကျန်းရွှမ်သည် စိတ်ပျက်လက်ပျက်အမူအယာဖြင့် ကောင်းကင်ကံကြမ္မာခန်းမ၏ ယာယီခန်းမမှ ထွက်လာခဲ့သည်။
'ဒုခန်းမသခင် မိုပိုင်ယဲ့က တော်တော်လေး တန်ဖိုးနည်းတာပဲ... ငါက ပေါင်နှံမှုတွေ လက်ဗွေနှိပ်မှုတွေ အကုန်လုပ်ပြီးတာတောင် ကံကြမ္မာချပ်ပြား ငါးရာပဲ ချေးလို့ရတယ်...'
'သနားဖို့ ကောင်းလိုက်တာ'
သို့ရာတွင် သူ အလုပ်ရှုပ်ခံပြီး ရရှိလာသော ကံကြမ္မာချပ်ပြားနှစ်ထောင်ငါးရာသည် မများလှသော်လည်း နည်းပါးခြင်းလည်း မရှိချေ။ သူ
ကျင့်ကြံဆင့်ကို ချိုးဖျက်ရန် လုံလောက်နိုင်ပေ၏။
ခန်းမထဲမှ ထွက်လာပြီး သူ အိမ်တော်သို့ပြန်ရန် ဟန်ပြင်လိုက်စဉ်မှာပင် ခန်းမသခင်ရှစ်ယွင်ကျင်းက ကြောင်တောင်တောင် အမူအယာဖြင့် ကြည့်နေသည်အား မြင်လိုက်ရသည်။
"ဒုခန်းမသခင်မို... မင်း ကံကြမ္မာချပ်ပြားတွေကို ဒီလောက်ထိ အရေးတကြီး လိုအပ်နေတာက ပြဿနာတစ်ခုခု ကြုံနေရလို့လား"
"ကျွန်တော် တကယ်ပဲ ပြဿနာတက်နေလို့ပါ... ခန်းမသခင်ရှစ်... ကျွန်တော့်ကို ကံကြမ္မာချပ်ပြား နည်းနည်းလောက် ချေးပေးနိုင်မလား"
ကျန်းရွှမ်က မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်၏။
ရှစ်ယွင်ကျင်းက ပြောဆိုသည်။
"ဘာတွေဖြစ်ခဲ့လို့လဲ...မင်းက ကောင်းကင်ကံကြမ္မာခန်းမရဲ့ အကူအညီကို လိုအပ်တယ်ဆိုရင် ငါ စီစဉ်ပေးလို့ရပါတယ်"
"ငါက တကယ့်ကို ခန်းမသခင်ရဲ့အကူအညီကို လိုအပ်နေတာပါ...တကယ်လို့ ခန်းမသခင်ရှစ် အဆင်ပြေမယ်ဆိုရင် တခြားလူတွေကိုပါ ပြောပြီး ငါ့ကို ကံကြမ္မာချပ်ပြား နည်းနည်းလောက် ဝိုင်းချေးပေးကြပါလား... ငါက အကြွေးစာချုပ် ရေးပေးပါ့မယ်"
ကောင်းကင်ကံကြမ္မာခန်းမဆီမှ ချေး၍မရလျှင် သူသည် ကောင်းကင်ကံကြမ္မာ ဆရာသခင်အမြောက်အများထံမှ ချေးယူရန် ကြိုးစားရပေမည်။
ကျန်းရွှမ်က အလျင်အမြန် ပြောဆိုသည်။
"ဒါက အလကား ချေးခိုင်းတာ မဟုတ်ပါဘူး... အတိုးက တစ်ရာရာခိုင်နှုန်း ပေးပါ့မယ်... ဆိုလိုတာက အခု ကံကြမ္မာချပ်ပြားတစ်ထောင်ချေးရင် ကျီးလန်တောင်ကြား မပွင့်ခင် နှစ်ထောင် ပြန်ဆပ်ပါ့မယ်"
"ကျီးလန်တောင်ကြား မပွင့်ခင် ပြန်ဆပ်မယ်....ဟုတ်လား"
ရှစ်ယွင်ကျင်း အံ့အားသင့်သွားသည်။
"အခုက တစ်ရက်တောင် မလိုတော့ဘူးလေ... မင်း တကယ်ကြီး ပြန်ဆပ်နိုင်မှာ သေချာရဲ့လား... ပြီးတော့ အတိုးနှစ်ဆနဲ့လေ"
"သေချာတာပေါ့... ငါ ပြန်မဆပ်နိုင်ရင် မင်း ကြိုက်သလို သတ်နိုင် ရိုက်နိုင်ပါတယ်... ငါ မိုပိုင်ယဲ့က မျက်တောင်တစ်ချက်ခတ်မှာ မဟုတ်ဘူး"
ကျန်းရွှမ်က ယုံကြည်မှုအပြည့်ဖြင့် ပြောဆိုလိုက်၏။
ရှစ်ယွင်ကျင်းက အချိန်တခဏကြာမျှ တွေဝေနေပြီးနောက် ပြောဆိုသည်။
"မင်း ဒီနေရာမှာ ခဏစောင့်နေအုံး.. ငါ တခြားသူတွေကို သွားမေးပေးမယ်"
"ကျေးဇူးအများကြီး တင်ပါတယ် ခန်းမသခင်" ကျန်းရွှမ်က သူ၏လက်ကိုပူးဆုပ်ပြီး အရိုအသေ ပြုလိုက်သည်။
ရှစ်ယွင်ကျင်းသည် အလျင်စလို ထွက်ခွာသွားပြီး နာရီဝက်အကြာတွင် ပြန်ရောက်လာသည်။
"ခန်းမထဲက ကောင်းကင်ကံကြမ္မာ ဆရာသခင်တွေအားလုံးကို ဒီကိစ္စ ပြောပြပြီးပြီ... လူတော်တော်များများက မင်းရဲ့အခက်အခဲကို ကူညီပေးချင်ကြတယ်... ဒါတွေက အကြွေးစာချုပ်တွေပါ..."
သူသည် ထိုစကားကိုပြောဆိုရင်း အကြွေးစာချုပ်များဖြစ်သော စာရွက်အပုံလိုက်ကြီးကို လက်ကမ်းပေးလိုက်သည်။
ကျန်းရွှမ်က လှမ်းယူလိုက်ရာ စာရွက်သုံးလေးဆယ်ခန့်ထူပြီး တချို့က တစ်ရာနှစ်ရာ တချို့က သုံးရာလေးရာ စသဖြင့်... ထိုအရာများအားလုံး ပေါင်းလိုက်ချိန်၌ အံ့အားသင့်ဖွယ်ကောင်းအောင်ပင် ကံကြမ္မာချပ်ပြား ရှစ်ထောင်တိတိ ရှိနေပေ၏။
သူသည် တွေဝေတုံ့ဆိုင်းခြင်း မရှိဘဲ ထိုစာရွက်များအားလုံးပေါ်တွင် မိုပိုင်ယဲ့၏နာမည်ကို လက်မှတ်ရေးထိုးလိုက်သည်။
"ဒုခန်းမသခင်မိုက ပွင့်လင်းသားပဲ"
သူသည် ကံကြမ္မာချပ်ပြားအမြောက်အများကို အမှန်တကယ် ချေးယူသည်အား မြင်တွေ့ချိန်၌ ရှစ်ယွင်ကျင်းက စိတ်ကျေနပ်စွာဖြင့် ခေါင်းညိတ်လိုက်သည်။ ထို့နောက် သူ၏လက်ကောက်ဝတ်ကို လှုပ်ခတ်လိုက်ရာ ကံကြမ္မာချပ်ပြားပုံကြီး ထွက်ပေါ်လာသည်။
ကျန်းရွှမ်က စိတ်ဝိညာဥ်စွမ်းအားဖြင့် ထိုအရာများကို စစ်ဆေးလိုက်ရာ ရှစ်ထောင်အတိအကျရှိနေသည်ကို မြင်တွေ့လိုက်ရသည်။ သူသည် ထိုအရာများကို ကမ္ဘာသစ်ထဲသို့ သိမ်းဆည်းလိုက်ပြီးနောက် ပြောဆိုသည်။
"ခန်းမသခင် စိတ်ချပါ... ကျီးလန်တောင်ကြား ထဲ မဝင်ခင် သေချာပေါက် ပြန်ဆပ်ပါ့မယ်... ပြန်မဆပ်ရင် ငါ့ကို သတ်သာသတ်ပစ်လိုက်ပါ..."
"ဟား ဟား ဟား... ဒုခန်းမသခင်မိုကလည်း အပိုစကားတွေ ပြောနေပြန်ပြီ... မင်းကို သတ်လိုက်ရင် မင်း ဒါတွေကို ဘယ်လိုလုပ်ပြီး ပြန်ဆပ်နိုင်တော့မလဲ... မင်းရဲ့ဂုဏ်သိက္ခာကို ငါတို့ ယုံပါတယ်...ငါတို့ကို စိတ်မပျက်စေနဲ့ပေါ့"
ရှစ်ယွင်ကျင်းက အော်ဟစ်ရယ်မောလိုက်၏။
"ဟုတ်ကဲ့"
ကျန်းရွှမ်က ထပ်ခါတလဲလဲ ခေါင်းညိတ်ပြပြီးနောက် လှည့်ထွက်လာခဲ့သည်။
ကောင်းကင်ကံကြမ္မာခန်းမမှ ထွက်လာပြီးနောက် သူ၏နောက်သို့ မည်သူမျှ လိုက်မလာသည်ကို မြင်တွေ့သဖြင့် ကျန်းရွှမ်က မူလရုပ်သွင်သို့ ပြန်ပြောင်းကာ ဖုမိသားစုထံသို့ အလျင်အမြန်သွားလိုက်သည်။
အရာအားလုံးကို အဆင်သင့်ပြင်ဆင်ပြီးဖြစ်ကာ ကောင်းကင်ကံကြမ္မာစွမ်းအင်များလည်း လုံလောက်ပြီဖြစ်သဖြင့် သူသည် ပို၍မြင့်မားသော ကျင့်ကြံဆင့်နယ်ပယ်သို့ ချိုးဖျက်ဝင်ရောက်ရန် နည်းလမ်းရှာဖွေရပေမည်။
ယခင်က ခုန်းရှီက ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့်သို့ ရောက်မှသာ သူ့ကို လာရှာနိုင်မည်ဟု ပြောခဲ့ဖူးသည်။ ယခုချိန်၌ သူသည် ဒုတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေပြီဖြစ်သဖြင့် သူ အဆင့်တက်ရန် အချိန်တန်လေပြီ။
ဖုယင်ယင်၏ခြံဝန်းသို့ ရောက်လာပြီးနောက် ယုရှောင်ယွီနှင့်ဟုန်ရီတို့ ရောက်ရှိနေသည်ကို အတည်ပြုပြီးမှသာ ကျန်းရွှမ် စိတ်သက်သာရာ ရသွားသည်။ သူသည် တိတ်ဆိတ်သော အခန်းတစ်ခန်းကိုရှာ၍ ပလ္လင်ခွေထိုင်လိုက်၏။
အတွေးတစ်ချက်ဖြင့် သူ အစောပိုင်းက ရရှိခဲ့သော ကံကြမ္မာချပ်ပြားတစ်သောင်းကျော်သည် တပြိုင်နက်တည်း ပေါက်ကွဲသွားပြီး သန့်စင်သော စွမ်းအင်စီးကြောင်းများအဖြစ် ပြောင်းလဲကာ သူ့၏ ကောင်းကင်ဘုံသောက ကံကြမ္မာစွမ်းအင်မြစ်ဆီသို့ တိုးဝင်သွားကြသည်။
ရှဲ... ရှဲ... ရှဲ...
ခြောက်သွေ့နေသော မြေကြီးသည် မိုးရေချိုကို ရရှိလိုက်သည့်အလား ကောင်းကင်ဘုံသောက ကံကြမ္မာသည် ကောင်းကင်ကံကြမ္မာစွမ်းအားများ၏ အာဟာရဖြည့်တင်းမှုအောက်တွင် အားကောင်းလာသည်။ အသက်ဆယ်ရှိုက်စာ အချိန်အတွင်းမှာပင် ထိုစွမ်းအင်မြစ်သည် ယခင်ထက် အရွယ်အစား နှစ်ဆနီးပါး ကြီးထွားလာသည်။
သူ၏ "ကောင်းကင်ဘုံသောက"ကံကြမ္မာအပေါ် နားလည်သဘောပေါက်မှုသည်လည်း ပို၍နက်ရှိုင်းလာပေ၏။
အချိန်မည်မျှကြာသွားသည်ကို မသိရသော်လည်း တိုးတက်မှုရပ်တန့်သွားပြီး ကောင်းကင်ဘုံသောက ကံကြမ္မာသည် ဒုတိယအဆင့် အထွတ်အထိပ်တွင် တည်ငြိမ်သွားသည်။
တတိယအဆင့်သို့ တက်လှမ်းရန် ကံကြမ္မာအပေါ် နားလည်သဘောပေါက်မှုနှင့် ဉာဏ်အလင်းပွင့်မှုတို့ ပို၍လိုအပ်ကြောင်း သိရှိထားသဖြင့် ကျန်းရွှမ်က ရပ်တန့်လိုက်၏။
ကောင်းကင်ဘုံသောကကံကြမ္မာကို ဒုတိယအဆင့် အစောပိုင်းမှ အထွတ်အထိပ်ထိ တက်လှမ်းနိုင်ရန်အတွက် ကောင်းကင်ကံကြမ္မာချပ်ပြားပေါင်း ရှစ်ထောင်တိတိ ကုန်ဆုံးသွားခဲ့သည်။
ကောင်းကင်ကံကြမ္မာချင်း အတူတူပင် ဖြစ်သော်လည်း သူ နားလည်သဘောပေါက်ထားသော "ကောင်းကင်ဘုံသောက"ကံကြမ္မာသည် မည်သည့်အဆင့်၌ ရှိနေသနည်း။ ဤသည်မှာ မိုတောက်ကံကြမ္မာ မြေခွေးညှို့ငင်ကံကြမ္မာတို့နှင့် နှိုင်းယှဉ်လျှင် အဆပေါင်းများစွာ သာလွန်နေသည်။ သူ့ထံ၌ အဆင့်မြင့်ဆုံးဖြစ်သော "အရှိန်အဟုန်ကံကြမ္မာ"ပင်လျှင် ထိုအရာကို မမီပေ။
ကံကောင်းထောက်မစွာဖြင့် သူသည် မိုပိုင်ယဲ့၏နာမည်ဖြင့် ငွေများချေးယူခဲ့သည်။ ထိုသို့မဟုတ်လျှင် သူ ကျင့်ကြံရန် မည်သို့မျှ လုံလောက်မည် မဟုတ်ချေ။
ကောင်းကင်ကံကြမ္မာ အဆင့်တက်သွားသည်နှင့်အမျှ ကျင့်ကြံဆင့် ချိုးဖျက်ဝင်ရောက်မှုသည် ရိုးရှင်းသွားပေ၏။ နှစ်နာရီအကြာတွင် ကျန်းရွှမ်သည် ကြယ်စင်မြစ် တတိယအဆင့် အထွတ်အထိပ်သို့ အောင်မြင်စွာ ရောက်ရှိသွာသည်။
ဤကျင့်ကြံဆင့်နှင့် စတုတ္ထအဆင့် အထွတ်အထိပ်တွင်ရှိသော မိုတောက်ဓားနည်းစနစ်ကို ပေါင်းစပ်လိုက်ပါက သူသည် ကြယ်စင်မြစ်နယ်ပယ် ပဉ္စမအဆင့်ရှိ မိုပိုင်ယဲ့ကို အလွယ်တကူ ထပ်မံအနိုင်ယူနိုင်ပေမည်။ သူသည် ဖုအကြီးအကဲများ၏ အကူအညီကိုပင် ထပ်မံ၍လိုအပ်တော့မည် မဟုတ်ပေ။
ကျင့်ကြံပြီးနောက် ကျန်းရွှမ်က အခန်းထဲမှ ထွက်လာပြီး ဖုယင်ယင်ကို သွားရှာလိုက်သည်။
ယခုအချိန်တွင် ထိုမိန်းကလေး၌ တိုးတက်မှုတချို့ ရှိနေသော်လည်း လုံလောက်ရန် လိုအပ်နေဆဲပင်။ ကျန်းရွှမ်သည် အချိန်တခဏကြာစဉ်းစားပြီးနောက် မြေခွေးညှို့ငင်ကံကြမ္မာကို အသုံးပြု၍ မြေခွေးတစ်သောင်းကျင်းကို အသက်သွင်းပြီး သူမကို ထိုအထဲသို့ ပစ်ထည့်လိုက်သည်။
ယန်မိုနှင့် အတွေ့အကြုံရှိခဲ့ဖူးသဖြင့် သူမအနေဖြင့် ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေ၏ အမွေအနှစ်ကို လက်ခံမှသာ လျင်မြန်စွာ အဆင့်တက်နိုင်မည်ဖြစ်ကြောင်း သူ နားလည်ထားသည်။ နတ်ဘုရားနယ်မြေ၏ အသိအမှတ်ပြုမှုကို ရရှိပြီး အမွေအနှစ်ကို အောင်မြင်စွာ လက်ခံနိုင်ခြင်း ရှိမရှိကမူ သူမ၏ ကိုယ်ပိုင်ကံတရားအပေါ်တွင်သာ မူတည်သည်။
အရာအားလုံး ပြင်ဆင်ပြီးပြီဖြစ်သောကြောင့် သူ တိတ်ဆိတ်စွာ စောင့်ဆိုင်းနေရန်သာ ကျန်တော့သည်။
နှစ်နာရီအကြာတွင် ဖုယင်ယင်သည် မြေခွေးတစ်သောင်းကျင်းထဲမှ ပြန်ထွက်လာသည်။ သူမ၏ပုံစံသည် ဖရိုဖရဲ ဖြစ်နေသော်လည်း သူမ၏အရှိန်အဝါမှာမူ အလွန်တောက်ပနေပေ၏။
ကျန်းရွှမ်၏အကူအညီဖြင့် သူမသည် ကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေ ကို သူမ၏ခန္ဓာကိုယ်ထဲသို့ အောင်မြင်စွာပေါင်းစပ်နိုင်ခဲ့သည်။ သူမ၏ မြေခွေးညှို့ငင်ကံကြမ္မာသည် စတုတ္ထအဆင့်သို့ မရောက်သေးသော်လည်း တတိယအဆင့် အထွတ်အထိပ်သို့ ရောက်ရှိနေလေပြီ။
ထိုမျှသာမက သူမ၏ကျင့်ကြံဆင့်သည်လည်း ကျန်းရွှမ်ကဲ့သို့ပင် ကြယ်စင်မြစ်နယ်ပယ် တတိယအဆင့် အထွတ်အထိပ် ရောက်ရှိသွားပြီး ဖုမိသားစု၏မျိုးဆက်သစ်လူငယ်များကြားတွင် အမြင့်မားဆုံး ဖြစ်လာခဲ့သည်။
"အားလုံးပဲ... အချိန်နီးကပ်လာပြီ... အခုသွားရင် ကျီးလန်တောင်ကြား ပွင့်တဲ့အချိန်နဲ့ အချိန်ကိုက်ပဲနေလိမ့်မယ်... ."
သူမ၏အောင်မြင်မှုကို မြင်တွေ့ချိန်၌ ဖုမိသားစုခေါင်းဆောင်သည် စိတ်ကျေနပ်သွားပြီး မိသားစုဝင်များအားလုံးကို စုစည်းလိုက်သည်။
လေထုကိုရိုက်ခတ်သွားသော တောင်ပံခတ်သံများနှင့်အတူ ရင်းမြစ်သားရဲပျံဆယ်ကောင်ကျော် မိုးကောင်းကင်ယံသို့ မြင့်တက်သွားပြီး ကျီးလန်တောင်ကြားထံသို့ တန်းတန်းမတ်မတ် ဦးတည်သွားကြသည်။
ဤတစ်ကြိမ်တွင် ဖုမိသားစုသည် ဖုချင်းဟုန် ကဲ့သို့ အကြီးအကဲအယောက်နှစ်ဆယ်နှင့် မိသားစုအတွင်းသို့ လက်ထပ်ပြီး ဝင်ရောက်လာသော အစွမ်းထက်ကျင့်ကြံသူများကို စေလွှတ်ခဲ့သည်။ ဖုမိသားစု၏အင်အားသည် စုစုပေါင်းလူဦးရေငါးဆယ် ကျော်ပေ၏။
ကြယ်စင်မြစ်နယ်ပယ် စတုတ္ထအဆင့်နှင့် ပဉ္စမအဆင့် သို့မဟုတ် ထို့ထက်မြင့်သော အစွမ်းထက်ပုဂ္ဂိုလ် အယောက်ငါးဆယ်ဆိုသည်မှာ ကျိုးယီမြို့တွင်ပင် ထိပ်သီးအင်အားစုကြီးတစ်ခုအဖြစ် သတ်မှတ်ခံရပေမည်။
ယန်ဆန်းရှစ်ဆန်းသည် စိတ်အားထက်သန်စွာဖြင့် ပြေးလာခဲ့ခြင်းမှာ အံ့အားသင့်စရာ မရှိတော့ချေ။ ဖုမိသားစု၏အင်အားသည် အမှန်တကယ်ကို မနည်းလှချေ။
ကျန်းရွှမ်နှင့်အဖွဲ့သည် ဖုမိသားစု၏ရင်းမြစ်သားရဲပျံများကို စီးနင်းပြီး ကျီးလန်တောင်ကြား ဆီသို့ အရှိန်ပြင်းစွာ သွားရောက်နေကြသည်။ ထိုအချိန်တွင် အဖြူရောင်ကျောက်တုံးမြို့ရှိ ခြံဝန်းငယ်လေးတစ်ခုအတွင်းတွင် မိုပိုင်ယဲ့သည် သတိကြီးစွာထား၍ ထွက်ပေါ်လာခဲ့သည်။
တစ်ရက်ကျော် ကျင့်ကြံပြီးနောက် သူ၏ဒဏ်ရာများ လုံးလုံးလျားလျား ပျောက်ကင်းသွားခဲ့လေပြီ။ သူသည် လက်တစ်ဖက် ဆုံးရှုံးထားဆဲ ဖြစ်သော်လည်း သူ၏တိုက်ခိုက်ရေးစွမ်းရည်ကို သိသိသာသာ မထိခိုက်စေချေ။
တပည့်ဖြစ်သူ၏သစ္စာဖောက်မှုကြောင့် ဖြစ်ပေါ်ခဲ့သော စွမ်းအားဆုံးရှုံးမှုတချို့ကိုပင် ပြန်လည်ပြုပြင်နိုင်ခဲ့ပြီး သူသည် ကြယ်စင်မြစ်နယ်ပယ် ဆဌမအဆင့် အစောပိုင်းသို့ ပြန်လည်ရောက်ရှိနေလေပြီ။
ဤစွမ်းအားနှင့်မိုတောက်ကံကြမ္မာတို့ကို ပေါင်းစပ်လိုက်ပါက သူ့အား ကျိုးယီမြို့တွင် ထိပ်သီးတည်ရှိမှုကြီးတစ်ယောက်ဟု ယူဆနိုင်သည်။
"အရင်ဆုံး မိုအိမ်တော်ကို ပြန်သွားကြည့်အုံးမယ်... ကျန်းရွှမ်ဆိုတဲ့ကောင်သာ အဲ့ဒီနေရာမှာ ရှိနေသေးရင် ငါ ချက်ချင်းသတ်ပစ်မယ်"
မိုပိုင်ယဲ့၏မျက်လုံးများတွင် နာကျည်းမုန်းတီးမှုများ ဖြတ်ပြေးသွားလေ၏။