ဓားလမ်းစဉ်၏ အထွတ်အထိပ်၊ ဓားမျှော်စင်ကို ကိုယ်တိုင် လာပို့ခြင်း (၂)
Vol. 14 Ch. 209
~သို့သော်လည်း ယခုအချိန်တွင်တော့၊
'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ ပြသမှုကြောင့် သူတို့သည် သူတို့၏ အရိုင်းဆန်သော တွေးခေါ်မှုများကို မထိန်းချုပ်နိုင်တော့ပေ။
'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ အစွမ်းကုန်မှာ အမှန်တကယ် ဘယ်အဆင့်တွင် ရှိနေသည်ကို မည်သူမျှ မသိနိုင်တော့ချေ။
ချင်ယွင်သည် အစစ်အမှန်သိုင်းတောင်၏ တံခါးဝရှိရာ ဦးတည်ရာသို့ အတွေးနက်နေသော အကြည့်ဖြင့် စိုက်ကြည့်နေမိသည်။
တစ်ချိန်က အလွန် ရင်းနှီးခဲ့သော နေရာ။
သို့သော် ယခုမူ လက်လှမ်းမမီနိုင်သော အိပ်မက်တစ်ခု ဖြစ်သွားခဲ့ချေပြီ။ သူ့ကိုပင် အနည်းငယ် သူစိမ်းဆန်သွားစေသလို ခံစားလိုက်ရသည်။
ချင်ယွင် သက်ပြင်းတစ်ချက်ကို ဖွဖွ ချလိုက်မိ၏။
လွန်ခဲ့သော နှစ်များဆီက သူ 'တာအိုရှာဖွေခြင်း ကျောင်းတော်' သို့ ညဘက် ချောင်းမြောင်း ဝင်ရောက်ခဲ့စဉ်က တွေ့ဆုံခဲ့ရသော ထို ထူးဆန်းသည့် တာအိုပညာရှင်ကို သူ ပြန်လည် သတိရသွားသည်။
ထိုစဉ်က 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ပေါ်မလာသေးချိန်။
သူက ထိုပုဂ္ဂိုလ်ကို 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ဖြစ်လိမ့်မည်ဟု ထင်ခဲ့မိသည်။
သို့သော် ပြီးခဲ့သောတစ်ခေါက် 'မိုးကြိုးတုန်ဟီး ဓားမ အရှင်' နှင့် ထျန်းကျန့် တိုက်ခိုက်သည်ကို မြင်ပြီးနောက် သူ မဟုတ်လောက်ဘူးဟု ခံစားခဲ့ရပြန်သည်။
သို့သော်လည်း ယနေ့ သူ ရှင်းမပြနိုင်သော အကြောင်းရင်းတစ်ခုကြောင့် 'ဟုတ်လောက်သည်' ဟု ပြန်လည် ခံစားနေရပြန်သည်။
ဖြစ်နိုင်တာက 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ရဲ့ ထိုးတက်လာမှုက မြန်လွန်း မြန်လွန်း နေလို့ ဖြစ်လိမ့်မည်။
မြန်လွန်း လွန်း နေတာက သူ့ကို အတွေးမှား တစ်ခု ဝင်လာစေသည်။
‘'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က သူ့ရဲ့ အစွမ်းကို ဝှက်ထားတာ မဟုတ်ဘဲ ဒီ နှစ်တိုလေးတွေ အတွင်းမှာ ရုတ်တရက်ကြီး ဒီလောက် ကြီးမားတဲ့ စွမ်းအားကို ရရှိသွားတာလား’
ဤ ထူးဆန်းသော အတွေးသည် သူ့ကိုယ်သူပင် လန့်သွားစေပြီး သူ ခါးသက်သော အပြုံးဖြင့် ခေါင်းကို ခါယမ်းလိုက်မိသည်။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူပင် 'သွေးမိစ္ဆာကန်' ထဲမှာ သက်တမ်း နှစ်ပေါင်း (၄၀၀) စတေးခဲ့ပြီးမှ 'ကောင်းကင်ဘုံလူသားနယ်ပယ်' ထဲကို ကပ်သီးကပ်သပ် ခြေချနိုင်ခဲ့သည်။ တစ်စုံတစ်ယောက်က နှစ်အနည်းငယ်အတွင်း ဒီလောက် ကြောက်စရာကောင်းသော စွမ်းအားမျိုးကို ဘယ်လိုလုပ် ရနိုင်မည်နည်း။
'ကောင်းကင်ဘုံလူသားနယ်ပယ်' သို့ တက်လှမ်းပြီးနောက် ရရှိခဲ့သော နောက်ထပ် သက်တမ်း နှစ် (၄၀၀) ကို အကုန် သုံးစွဲလိုက်ဦးတောင် 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကို မှီဖို့ အလှမ်းဝေး နေဦးမည်ပင်။
ချင်ယွင် သဘောပေါက်လိုက်သည်မှာ လွန်ခဲ့သော နှစ်များဆီက ထိုတာအိုပညာရှင် သူ့အပေါ် သက်ရောက်စေခဲ့သော စိတ်ပိုင်းဆိုင်ရာ အရိပ်မည်းကြီးက အလွန် ကြီးမားနေခဲ့ခြင်း ဖြစ်နိုင်ပေသည်။
"သူက အဲ့ဒီတုန်းက 'ချီအနှစ်သာရ နယ်ပယ်' လောက်ပဲ ရှိနေလောက်တာ။ တကယ်လို့ ငါ အခု သူနဲ့ ပြန်တွေ့ရင် သူ့ကို အလွယ်လေး အနိုင်ယူနိုင်မှာပါ"
ချင်ယွင် တွေးလိုက်ရင်း သူ၏ စိတ်ထဲ၌ ရှုပ်ထွေးနေသော အတွေးများ ထွက်ပေါ်လာသည်။
သူ့ကိုယ်သူ သတိမထားမိလိုက်ဘဲ သူ၏ဘေးမှ 'တောင်ပိုင်းနယ်စပ် သူတော်စင်မလေး' ထံသို့ ခေါင်းလှည့် ကြည့်လိုက်မိသည်။
လေပြေညင်းက အနက်ရောင် ပဝါစ တစ်စကို လှစ်ခနဲ လေထဲ လွင့်သွားစေရာ သူမ၏ ချောမေ့ ချွန်မြသော မေးစေ့လေးကို မြင်လိုက်ရသည်။ ထိုမေးစေ့ ပိုင်ရှင်လေးသည် တိတ်ဆိတ်နေပြီး အရင်ကဲ့သို့ တက်ကြွ မနေတော့။
ချင်ယွင်က အလိုအလျောက် မေးလိုက်မိသည်။
"သူတော်စင်မလေး။ ဘာတွေ စဉ်းစား နေတာလဲ"
သူတို့ (၂) ယောက်သည် ထိုနေရာမှ တိတ်တဆိတ် ထွက်ခွာလာခဲ့သည်မှာ ကြာပြီ ဖြစ်ပြီး သစ်ရွက်များကို လေတိုးသံ တရှဲရှဲ ထွက်ပေါ်နေသော တောင်ပေါ် သစ်တော တစ်ခုအတွင်း လမ်းလျှောက်နေကြခြင်း ဖြစ်သည်။
တောင်ပိုင်းနယ်စပ် သူတော်စင်မလေးက သက်ပြင်းဖွဖွ ချလိုက်သည်။
"ကျွန်မ စဉ်းစားနေတာက တကယ်လို့ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' သာ ရူးသွားခဲ့ရင် သူက ကျွန်မတို့အပေါ် ဘယ်လောက်ထိ ခြိမ်းခြောက်မှု ဖြစ်လာနိုင်မလဲ ဆိုတာကိုပါ"
ချင်ယွင်၏ စိတ်များ တက်ကြွလာပြီး သူ အဓိက တာဝန်ကို မေ့လု နီးပါး ဖြစ်သွားသည်။
ဤခရီးစဉ်သည် 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ စွမ်းအားကို အကဲဖြတ်ရန်နှင့်၊ အစစ်အမှန်သိုင်းဂိုဏ်းအပေါ် မည်သို့သော အရေးယူမှုများ ပြုလုပ်ရမည်ကို ဆုံးဖြတ်ရန် ဖြစ်သည်။
ယခင်က သူတို့သည် ဂိုဏ်းမှ
အရေးပါသော ပုဂ္ဂိုလ်များကို ဖမ်းဆီးပြီး လျှို့ဝှက် စစ်ဆေးမေးမြန်းရန် စီစဉ်ခဲ့ကြသော်လည်း၊ စိမ့်ဝင်မှုမှာ လုံးဝ ကျရှုံးခဲ့သည်။
ယခုမူ။
'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' သည် သူတို့ကို ကြီးမားသော အံ့ဩမှုကြီးတစ်ခု ပေးလိုက်သည်မှာ ယုံမှားဖွယ်မရှိပေ။
ချင်ယွင်သည် တည်ငြိမ်နေဆဲဖြစ်ပြီး ခပ်ပေါ့ပေါ့သာ ပြောလိုက်သည်။
"ကောင်းကင်ဘုံ လူသား အဆင့် စာရင်းရဲ့ ထိပ်ဆုံး (၁၀) ယောက် ဒါမှမဟုတ် ထိပ်ဆုံး (၅) ယောက် စာရင်းဝင် ဖြစ်တာက တကယ် သန်မာတာ မှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ 'မြင့်မြတ်သော ဂိုဏ်းတော်' ဒါမှမဟုတ် ခင်ဗျားတို့ 'တောင်ပိုင်းနယ်စပ်' မှာ ဒီလို အစွမ်းထက်တဲ့ သတ္တဝါတွေ မရှိတာမှ မဟုတ်တာ။ ဘာလို့ စိတ်ပူနေရမှာလဲ"
'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ အစွမ်းသတ္တိကို သိရှိသွားပြီးနောက်၊ သူ မလောတော့ပေ။ 'မိစ္ဆာဂိုဏ်း' နှင့် 'တောင်ပိုင်းနယ်စပ်' တို့၏ နည်းလမ်းများကို သူ သိသည်။ သူတို့သည် ဤကဲ့သို့ အစွမ်းထက်သော ပုဂ္ဂိုလ်၏ ရှေ့မှောက်တွင် ပို၍ သတိထား လာကြလိမ့်မည်။ မကြောက်သော်လည်း သွား ရန်စရန် မလိုအပ်ပေ။
တောင်ပိုင်းနယ်စပ် သူတော်စင်မလေးက ချင်ယွင်ကို တစ်ချက် လှမ်းကြည့်ပြီး ဆိုသည်။
"သူတော်စင် ဆက်ခံသူလောင်း 'ချင်' က ဒါ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ရဲ့ အစွမ်းကုန် လို့ သိပ် သေချာ နေတာပဲလား။ တကယ်လို့ သူက 'ဓားမ မိစ္ဆာ' ကို ယှဉ်နိုင်ပြီး 'လေနားထောင် အဘိုးအို' ကို အမီလိုက်နိုင်ခဲ့ရင် ဘယ်လိုလုပ်မလဲ.."
(ဒီမိန်းမ အတွေးလွန်နေပြီ)
"ဒီလို လူမျိုးကို ဖြေရှင်းနိုင်ရင်တောင် တစ်ချက်တည်းနဲ့ အပြတ် သတ်နိုင်ဖို့ လိုတယ်။ မဟုတ်လို့ အရိပ်ထဲကနေ ပုန်းခိုပြီး လက်စားချေမယ့် သေမင်းတမန် ရန်သူတစ်ယောက် ဖြစ်လာခဲ့ရင် အဆုံးမရှိတဲ့ ဒုက္ခတွေ ရောက်လာလိမ့်မယ်"
သူမသည် အစစ်အမှန်သိုင်းဂိုဏ်းဘက်သို့ လှည့်ကြည့်လိုက်ပြီး သက်ပြင်းဖွဖွ ချသည်။
"ကြည့်ရတာ ငါတို့ ဖြည်းဖြည်းချင်း လှုပ်ရှားရတော့မယ် ထင်တယ်။ ဒီလောက် ရိုးရိုးရှင်းရှင်းနဲ့ ကြမ်းကြမ်းတမ်းတမ်း လုပ်လို့ မဖြစ်တော့ဘူး။ 'သွေးဘုရင် ကူ' အမှုကနေ စပြီး ပြန် စုံစမ်းကြရအောင်။ ကျွန်မ မကြာသေးခင်က စိတ်ဝင်စားစရာ တစ်ခု တွေ့ထားတယ်။ အဲ့ဒါက သူတော်စင် ဆက်ခံသူလောင်း 'ချင်' နဲ့ နည်းနည်း ပတ်သက်နေတယ်"
ချင်ယွင် အံ့အားသင့် သွားသည်။
တောင်ပိုင်းနယ်စပ် သူတော်စင်မလေးက ခပ်ဖွဖွ ရယ်မောလိုက်သည်။
"လွန်ခဲ့တဲ့ (၁၀) နှစ်တုန်းက တာအိုဆရာ လုံရှန်းက 'နင်ချီ' လို့ခေါ်တဲ့ ကလေးတစ်ယောက်ကို ပြန်ခေါ်လာခဲ့တယ်။ သူက သူတော်စင် ဆက်ခံသူလောင်း 'ချင်' ရဲ့ ကိုးယောက်မြောက် ဂျူနီယာလေး ပေါ့။ ဖြစ်နိုင်တာက သူက တာအိုဆရာ လုံရှန်း တောထဲက ကောက်လာတာ မဟုတ်ဘဲ သူ မွေးတဲ့ နှစ်မှာပဲ အသတ်ခံလိုက်ရတဲ့ 'နှင်းဆီးပန်း စံအိမ်' က ဖြစ်နိုင်တယ်။ ဟုတ်ပါတယ်၊ ဒီနာမည်ကို တစ်ခါမှ မကြားဖူးဘူး ကျွန်မလည်း မှတ်တမ်းဟောင်းတွေ ပြန်မရှာခဲ့ရင် သိမှာ မဟုတ်ဘူး"
သူမသည် ချင်ယွင်နှင့် အစစ်အမှန်သိုင်းဂိုဏ်းကို လေ့လာခဲ့ပြီး၊ ချင်ယွင် အစစ်အမှန်သိုင်းဂိုဏ်းမှ ထွက်ခွာခဲ့ရသည့် အကြောင်းရင်း အချို့ကို အကြမ်းဖျင်း ခန့်မှန်းမိနေသည်။
ချင်ယွင်၏ မျက်လုံးအိမ်များ ချွန်မြစွာ ကျုံ့သွားသည်။
တောင်ပိုင်းနယ်စပ် သူတော်စင်မလေးက ဆက်ပြောသည်။
"အဲ့ဒီတုန်းက 'နှင်းဆီးပန်း စံအိမ်' ရဲ့ ပိုင်ရှင်က 'သွေးဘုရင် ကူ' အမှုကို ရှာတွေ့သွားခဲ့တယ်။ အဲ့ဒါကြောင့် ချင်ပြည်နယ်မှာရှိတဲ့ ကျွန်မတို့ တောင်ပိုင်းနယ်စပ်ရဲ့ ဌာနခွဲ သေးသေးလေး တစ်ခုက သူတို့ကို ရှင်းပစ်လိုက်တာ။ မမျှော်လင့်ဘဲ တစ်ယောက် လွတ်ကျန် သွားခဲ့တယ်။ တာအိုဆရာ လုံရှန်းက ကယ်သွားခဲ့တာ"
"တကယ်တော့ သူ ဒီကိစ္စကို အာရုံစိုက်မိခဲ့ပြီး တာအိုဆရာ လုံရှန်း ခေါ်လာတဲ့ ကလေးက 'နှင်းဆီးပန်း စံအိမ်' က လွတ်မြောက်လာသူ ဟုတ်၊ မဟုတ် သံသယ ဝင်ခဲ့သေးတယ်။ ဒါပေမဲ့ အဲ့ဒီအချိန်က 'သွေးမိုးမျှော်စင်' ထူထောင်ခါနီး ဖြစ်နေပြီး အောင်မြင်မှုတွေ ဆုလာဘ်တွေ ဆွေးနွေးနေကြတာ။ အဲ့ဒီလူက ဒါကို လျှို့ဝှက် ထားလိုက်ပြီး ဘယ်သူမှ အစစ်အမှန်သိုင်းတောင်ကို စုံစမ်းဖို့ မစိမ့်ဝင်ခဲ့ကြဘူး"
အမှန်တကယ်တော့။
ထိုစဉ်က 'သခင် လေ ၊(ဝါ)သခင်ဖုန်း' သည် တာအိုဆရာ လုံရှန်းက 'နင်ချီ' အမည်ရှိ ကလေး တစ်ဦးကို ပြန်ခေါ်လာသည်ကို သိရှိသွားသောအခါ၊ အလွန် အံ့အားသင့်ခဲ့သည်။
သို့သော် အကြိမ်များစွာ စဉ်းစားပြီးနောက် သူက ထိုကိစ္စကို လျှို့ဝှက်ထားရန် ဆုံးဖြတ်ခဲ့သည်။
ပထမတစ်ချက်မှာ၊ ၎င်းသည် သူ၏ အောင်မြင်မှုကြောင့် ရာထူးတက်ခါနီး အချိန်ဖြစ်၍ ရှုပ်ထွေးမှုများကို မလိုလားခြင်း ဖြစ်သည်။ ဆက်လက် စုံစမ်းစစ်ဆေးခြင်းသည် 'မူလအမြုတေ နယ်ပယ်' ပညာရှင်ကြီး တာအိုဆရာ လုံရှန်းကို အုပ်စုထဲ ဆွဲထည့်သလို ဖြစ်သွားနိုင်ပြီး ပိုမို အားထုတ်ရပေလိမ့်မည်။
ဒုတိယအချက်မှာ၊ သူသည် တာအိုဆရာ လုံရှန်းက ထိုကလေး၏ 'နင်' ဟူသော မျိုးရိုးအမည်ဖြင့် ရန်သူများကို တမင် ဆွဲဆောင်နေပြီး အခြားသူများ မိမိကိုယ်ကိုယ် ဖော်ထုတ်လာစေရန် ထောင်ချောက်ဆင်နေသည်ဟု သံသယ ဝင်ခဲ့သည်။ နောက်ဆုံးတော့ ကြီးမားသော မီးလောင်မှုကြီး အောက်တွင် ကလေး တစ်ယောက် မည်သို့ အသက်ရှင်နိုင်မည်နည်း။
ထိုကလေးသည် အမှန်တကယ် 'နင်ယဲ့' နှင့် သူ၏ ဇနီးတို့၏ သားဖြစ်ခဲ့လျှင်ပင် သူ လက်စားချေရန် နှစ်တစ်ရာ မဟုတ်လျှင်တောင် ဆယ်စုနှစ်များစွာ ကြာမြင့်ပေဦးမည်။ ထိုအချိန်တွင် 'ဖုန်း' သည် 'ကောင်းကင်ဘုံလူသားနယ်ပယ်' သို့ ရောက်ရှိနေလောက်ပြီဖြစ်ရာ လုံးဝ စိုးရိမ်ပူပန် မနေတော့ပေ။
ထိုအခိုက်အတန့်၌ ချင်ယွင်သည် တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့အပေါ် သတ်ဖြတ်လိုသော အငွေ့အသက် တစ်ချက် ထွက်ပေါ်လာသော်လည်း သူ တည်ငြိမ်သော အသံကို ထိန်းထားဆဲ ဖြစ်သည်။
"ဒီကိစ္စက ချင်ပြည်နယ် စခန်း အသတ်ခံရတာနဲ့ ဘယ်လို ပတ်သက်နေလို့လဲ"
တောင်ပိုင်းနယ်စပ် သူတော်စင်မလေးသည် ခြေလှမ်းများကို ရပ်တန့်လိုက်ပြီး ဆိုသည်။
"တာအိုဆရာ လုံရှန်းက 'သွေးမိုးမျှော်စင်' အမှုကို နှစ်ပေါင်းများစွာ စုံစမ်း နေခဲ့တာ။ သူ လျှို့ဝှက် ခဲ့ပေမဲ့ ခြေရာတွေ ကျန်နေခဲ့တယ်။ အစစ်အမှန်သိုင်းဂိုဏ်းရဲ့ လှုပ်ရှားရတဲ့ ရည်ရွယ်ချက်က ပိုပြီး ခိုင်မာတယ်။ ဒီတစ်ချက်တည်းနဲ့တင် သံသယ ဝင်ဖို့ လုံလောက်နေပြီ။ 'မြို့စောင့်မြောက်ပိုင်းဘုရင်' နဲ့ မတူဘူး။ 'မြို့စောင့်မြောက်ပိုင်းဘုရင်’က ကျွန်မတို့ အရင်းအမြစ်တွေ အကုန် သုံးပြီး စုံစမ်းတာတောင် ခြေရာ တစ်စက်မှ မရှိဘူး။ ဒါ သက်သေ ပြနေတာ မဟုတ်ဘူးလား"