← Chapters

ဓားလမ်းစဉ်၏ အထွတ်အထိပ်၊ ဓားမျှော်စင်ကို ကိုယ်တိုင် လာပို့ခြင်း (၃)

Vol. 14 Ch. 210

ဓားလမ်းစဉ်၏ အထွတ်အထိပ်၊ ဓားမျှော်စင်ကို ကိုယ်တိုင် လာပို့ခြင်း (၃)

Vol. 14 Ch. 210

~ချင်ယွင်က မေးခွန်းထုတ်လိုက်သည်။

"ဒါဆို သူတော်စင်မလေးရဲ့ သဘောအရ ကျွန်တော်တို့က အစစ်အမှန်သိုင်း

ဂိုဏ်းကို အပြတ်ရှင်း ပစ်ရမှာလား။"

ထိုအခါ သစ်တောထဲတွင် သက်ပြင်းချသံ တစ်ခု ပဲ့တင်ထပ်လာသည်။

"ဒီနေ့ မတိုင်ခင်ကသာ ဆိုရင်တော့ ဒါက လွယ်ပါတယ်။"

"ဒါပေမဲ့ အခုတော့ စောင့် လိုက်ဦး။ ကျွန်မတို့ဆီမှာ 'သိုင်းသူတော်စင်' တွေ မမွေးဖွား လာခင်မှာ ဒီလောက် ဒုက္ခများတဲ့ ရန်သူမျိုးကို သွားဆွတာ ဉာဏ်ကောင်းတဲ့ အလုပ် မဟုတ်ဘူး။ 'သိုင်းသူတော်စင်' တစ်ပါး မွေးဖွား လာတာနဲ့ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ဆိုတာ ပုရွက်ဆိတ် အကြီးစား တစ်ကောင် အဆင့် ပဲ ရှိတော့မှာ။"

"အဲ့ဒီအချိန်ကျမှ အစစ်အမှန်သိုင်းဂိုဏ်းကို ကျွန်မတို့ရဲ့ အောင်ပွဲ အလံတင် ယဇ်ပူဇော်ပွဲ အဖြစ် သုံးလိုက်ရုံပဲ။"

သူတော်စင်မလေး၏ အသိပေးချက်အား နား‌ထောင်နေရင်း ချင်ယွင်သည် သူ၏ နှလုံးသားထဲ၌ အေးစက်မှုကို ခံစားလိုက်ရသည်။

သို့သော်လည်း သူ၏ မျက်လုံးများထဲတွင် အရိပ်မည်းကြီးတစ်ခု တဖြည်းဖြည်း ပေါ်ထွက်လာခဲ့သည်။

၎င်းသည် အစစ်အမှန်သိုင်းဂိုဏ်း ရင်ဆိုင်ရမည့် အကြပ်အတည်းကြောင့် တစ်ခုတည်း မဟုတ်ဘဲ တောင်ပိုင်းနယ်စပ် သူတော်စင်မလေး၏ စကားများထဲမှ မရှင်းလင်းသော သတိပေးမှုကြောင့်လည်း ဖြစ်ပါ၏။

ထင်ရှားနေလေပြီ။

'မိစ္ဆာဂိုဏ်း' နှင့် 'တောင်ပိုင်းနယ်စပ်' တို့သည် တိတ်တဆိတ် သတင်းအချက်အလက် များစွာကို စုဆောင်းထားပြီး အစစ်အမှန်သိုင်းဂိုဏ်းကို ဆန့်ကျင်ရန် ဗျူဟာများပင် ချမှတ်ထားခဲ့ကြသည်။

သို့သော် သူ ဤအမှောင်ထဲတွင် ကျန်နေခဲ့ပြီး အရာအားလုံးမှ ဖယ်ထုတ်ခံထားရသည်။ ဤသည်က သူ့အား 'မိစ္ဆာဂိုဏ်း' ၏ ယုံကြည်မှုကို ဆုံးရှုံးသွားခဲ့ပြီ ဖြစ်ကြောင်း ညွှန်ပြနေသည်။

တကယ်လို့ သူတော်စင်မလေး၏ သိမ်မွေ့သော အရိပ်အမြွက် သာ မရှိခဲ့ပါက မိမိသည် အဖွဲ့အစည်း (၂) ခုလုံး အေးအေးဆေးဆေး စမ်းသပ်နေကြပြီး အစစ်အမှန်သိုင်းဂိုဏ်းမှ အရေးပါသော လူများကို ဖမ်းဆီး စစ်ဆေးရန် ပြင်ဆင်နေကြသည်ဟု ထင်နေမိပေဦးမည်။

…တကယ်လို့သာ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က ဒီနေ့ သူ့ရဲ့ ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းရည်ကို မပြသခဲ့ဘူးဆိုရင် ဖြစ်နိုင်တာက ရက်အနည်းငယ်အတွင်းမှာ အဖွဲ့အစည်း (၂) ခုလုံးက အထက်တန်းလွှာတွေ တောင်ပေါ်တက်ပြီး သူတို့ကို အမြစ်ဖြတ် သုတ်သင် ပစ်ကြတော့မှာ။ အဲ့ဒီအချိန်ထိ ငါက ဘာမှ သိလိုက်ရမှာ မဟုတ်ဘူး။

ငါ့ကို ဘယ်အချိန်ကတည်းက သံသယ ဝင်နေခဲ့ကြတာလဲ။

'တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့' နဲ့ ညှိနှိုင်းဖို့ ပထမဆုံး အစည်းအဝေး တုန်းကလား။ ဒါမှမဟုတ် အဲ့ဒီမတိုင်ခင် ဂိုဏ်းသား လက်ခံ စစ်ဆေးပွဲထဲကို သူလျှိုတွေ လွှတ်တဲ့ အချိန်ကတည်းကလား…

ချင်ယွင် ခေါင်းငုံ့ချလိုက်မိသည်။ သူသည် 'မိစ္ဆာဂိုဏ်း' ကို အလွန် လျှော့တွက်ခဲ့မိကြောင်း သဘောပေါက်သွား၏။ မူလက သူသည် အရာအားလုံးကို အပြစ်အနာအဆာကင်းစွာ လုပ်ဆောင်နိုင်ခဲ့သည်ဟု ယုံကြည်ခဲ့သော်လည်း ယခုမူ ရယ်စရာ ကောင်းနေတော့သည်။

..ငါ့မှာ အသုံးဝင်တုန်းမို့လို့ တန်ဖိုး ရှိနေသေးတာပဲ။ ဘယ်အချိန် ငါ့ကို စွန့်ပစ်ခံရမလဲ မသိနိုင်တော့ဘူး။…

ချင်ယွင်သည် သူ၏ အတွေးနက်နေခြင်းမှ နိုးထလာသည်။

'သွေးမိစ္ဆာကန်' မှ 'သူတော်စင် ဆက်ခံသူလောင်း' အဖြစ် ထွက်ပေါ်လာခဲ့သော သူ၏ ကျေနပ် ဂုဏ်ယူမှု အားလုံးသည် ခြေရာ တစ်စက်မျှ မကျန် ပျောက်ကွယ်သွားခဲ့လေပြီ။

တောင်ပိုင်းနယ်စပ် သူတော်စင်မလေးသည် နောက်သို့ လှည့်မကြည့်တော့။

သူမသည် ပို၍ ပို၍ မြန်ဆန်စွာ လျှောက်လှမ်းသွားပြီး သူမ၏ ပုံရိပ်သည် သစ်တောထဲသို့ မှေးမှိန် ပျောက်ကွယ်သွားကာ ခပ်ဖျော့ဖျော့ အသံတစ်ခုသာ ကျန်ရစ်ခဲ့သည်။

"သူတော်စင် ဆက်ခံသူလောင်း 'ချင်' ဆုံးဖြတ်ချက် မပြတ်သားတာက အကျင့်ကောင်း တစ်ခု မဟုတ်ဘူးနော်။"

ချင်ယွင်၏ မျက်နှာအမူအရာသည် အလင်းနှင့် အရိပ်ကြား၌ လျှပ်ခနဲ လျှပ်ခနဲ ပြောင်းလဲ နေသည်။

သူသည် ဆုံးဖြတ်ချက် တစ်ခု ချမှတ်ရမည့် အခြေအနေနှင့် ရင်ဆိုင်နေရပြီ ဖြစ်ကြောင်း သဘောပေါက် သွားတော့သည်။

---

'နှလုံးသားစူးစမ်းခြင်းဓား' ကျဆုံးသွားခဲ့ ချေပြီ။

ဤသတင်းသည် မဟာယန်တစ်ခွင်သို့ ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် ပျံ့နှံ့သွားသည်။

ကူချန်းဟဲကား မည်သူနည်း။

'ကောင်းကင်ဘုံ လူသား အဆင့် စာရင်း' တွင် (၃၆) နေရာသာ ဆံ့ပြီး အဆင့် (၁၄) ရှိသော ကူချန်းဟဲသည် စာရင်း၏ ရှေ့တန်း အဆင့်တွင် ရှိနေခဲ့ပြီး ဖြစ်သည်။

ဤကဲ့သို့ ပြိုင်ဘက်ကင်း ပညာရှင်ကြီးတစ်ဦး ကျဆုံးသွားခြင်းသည် လောကကြီးကို ကိုင်လှုပ် လိုက်သည်မှာ မလွဲဧကန်ပင်။

ထို့အပြင် ထပ်လောင်း ပြောရလျှင်၊

'နှလုံးသားစူးစမ်းခြင်းဓား' သည် 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ အလွယ်တကူ နှိမ်နင်းခြင်းကို ခံခဲ့ရပြီး ဓားတစ်ချက်တည်းဖြင့် အသတ်ခံခဲ့ရခြင်း ဖြစ်သည်။

ဤသတင်းသည် ငလျင်လှုပ်ခြင်း နှင့် အလားသဏ္ဌာန် တူလှသည်။

ကြားသိရသူတိုင်း အစပိုင်းတွင် မယုံနိုင်ခြင်းဖြင့် တုံ့ပြန်မိကြသည်။

'ဓားသိုင်းရှာဖွေ စံအိမ်' နှင့် 'အစစ်အမှန်သိုင်းဂိုဏ်း' ကြားမှ မကြာသေးမီက ပဋိပက္ခသည် လူအများ၏ အာရုံစိုက်မှုကို ရရှိခဲ့သော်လည်း ၎င်းသည် 'နှလုံးသားစူးစမ်းခြင်းဓား' ၏ ကျဆုံးခြင်းဖြင့် အဆုံးသတ်သွားလိမ့်မည်ဟု မည်သူမျှ မျှော်လင့်မထားခဲ့ပေ။

သို့သော် ထိုနေ့က အဖြစ်အပျက် နေရာတွင် ရှိနေခဲ့သူများ ရှေ့ထွက် အတည်ပြုလာသောအခါ၊

သံသယ ဝင်နေသူများပင်လျှင် ယုံကြည်လိုက်ရတော့သည်။

နောက်ဆုံးတော့ တိုက်ပွဲကို မျက်မြင်တွေ့ခဲ့ရသူများထဲတွင် 'ကောင်းကင်ဘုံနယ်ပယ်' ပညာရှင်များ မနည်း ၊ ပါဝင်နေခဲ့သည် မဟုတ်ပါ‌လော။

ဤကဲ့သို့သော ကိစ္စရပ်များအပေါ် လိမ်ညာရန် မလိုအပ်ပေ။ မည်သည့် ဟန်ဆောင်မှုမျိုးမဆို အလွယ်တကူ ဖော်ထုတ် ခံရပေလိမ့်မည်။

အချိန်တိုအတွင်းမှာပင်၊ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ နာမည်သည် ကျန်းဟူ (သိုင်းလောက) အနှံ့ ကျော်ကြားသွားတော့သည်။

မဟာယန်၏ ပြည်နယ် (၁၃) ခု တစ်လျှောက်လုံး လူတိုင်း ဤအကြောင်းကို ပြောနေကြသည်။

အထူးသဖြင့် ကူချန်းဟဲနှင့် 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကြားမှ တိုက်ပွဲ၏ အသေးစိတ် အချက်အလက်များ ထွက်ပေါ်လာပြီးနောက် နေရာအနှံ့မှ ဓားသမားများ လျှပ်စီးလက်သကဲ့သို့ တုန်လှုပ်သွားကြသည်။

လူတိုင်းက 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' တွင် ကမ္ဘာ့အကြီးကျယ်ဆုံး ဓားသမား ဘွဲ့ အတွက် ယှဉ်ပြိုင်နိုင်စွမ်းရှိသည်ဟု ခံစားလိုက်ကြရသည်။

'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ၏ ကျော်ကြားမှုသည် ပို၍ပင် ခမ်းနားလာခဲ့၏။

'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကိုယ်တိုင် ပေါ်မလာဘဲ ဓားကျောက်စာတိုင်ကို အသုံးပြု၍ 'ကောင်းကင်မိုးကြိုး' ကို ဆွဲငင်ကာ ကူချန်းဟဲကို သတ်ဖြတ်ခဲ့ခြင်းသည် ဓားသမားတိုင်းကို တောင့်တ လာစေသည်။ ဓားသမား အများအပြားသည် အစစ်အမှန်သိုင်းတောင်ဆီသို့ ခရီး စတင် ထွက်ခွာလာကြသည်။

'မိုးကြိုးတုန်ဟီး ဓားမ အရှင်' သည် ထို မဟာတိုက်ပွဲကြီး၏ အသေးစိတ် အချက်အလက်များကို နားထောင်ပြီးနောက် အချိန်အတော်ကြာ တိတ်ဆိတ် နေခဲ့သည်။

သူ၏ မျက်လုံးများ တုန်လှုပ်မှုနှင့် ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေ၏။

..ဓားကျောက်စာတိုင်က ကောင်းကင်မိုးကြိုးကို ဆွဲယူတယ် ဟုတ်လား။ ဘာလို့ ဒါက 'ကောင်းကင်မိုးကြိုး ဓားမ' နဲ့ တစ်ပုံစံတည်း တူနေရတာလဲ။..

တဆက်တည်း၌ သူသည် ယခင်က 'မိုးကြိုးတုန်ခါ လျှို့ဝှက်မှတ်တမ်း' နှင့် 'ကောင်းကင်မိုးကြိုး ဓားမ' ကို လျော်ကြေးအဖြစ် တောင်ပေါ်သို့ ပေးပို့ခဲ့သည်ကို ပြန်လည် သတိရသွားပြီး တစ်ကိုယ်လုံး တုန်လှုပ်လာကာ ချွေးအေးများ ပျံလာတော့သည်။

ထို့နောက် 'မိုးကြိုးတုန်ဟီး ဓားမ အရှင်’သည် အနည်းဆုံး နှစ် (၂၀) ကြာနိုင်သော တံခါးပိတ် ကျင့်ကြံခြင်း ပြုလုပ်ရန် စီစဉ်နေကြောင်း ကြေညာ လိုက်တော့၏။

နေရာတိုင်းတွင် ဆွေးနွေးမှုများ ဆက်လက် ဖြစ်ပွားနေသည်။

သိုင်းပညာရှင်များ အံ့ဩ မှင်သက်နေကြပြီး သိုင်းဂိုဏ်း အသီးသီးကလည်း အစစ်အမှန်သိုင်းဂိုဏ်း၏ အဆင့်အတန်းကို ပို၍ ပို၍ မြင့်မားစွာ သတ်မှတ် လာကြသည်။

'ပုံသဏ္ဌာန်မဲ့ ဂိုဏ်း' မှ အဖွဲ့ဝင်များမှာမူ နောက်ကျော၌ ချွေးများ စိုရွှဲနေကြသည်။

သူတို့၏ စိတ်ပိုင်းဆိုင်ရာ ခရီးမှာ ကြမ်းတမ်းလှသည်။ အစပိုင်းတွင် သူတို့သည် 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကို စိုးရိမ်ကြောက်လန့်ပြီး လျော်ကြေး များစွာ ပေးပို့ခဲ့ကြ၏။ သို့သော် 'ဓားသိုင်းရှာဖွေ စံအိမ်' ၏ (၂) လ ကြာ မထီမဲ့မြင် ပြုမှု ကို မြင်တွေ့ပြီးနောက် သူတို့ အနည်းငယ် နောင်တရချင် ဖြစ်လာပြီး အလျင်အမြန် အလျှော့ပေး လိုက်မိသလား ဟု တွေးတောမိကာ သူတို့၏ ဂုဏ်သိက္ခာကျဆင်း

သွားစေသည်ဟု ထင်ခဲ့ကြသည်။

ယခုမူ…

'ဓားသိုင်းရှာဖွေ စံအိမ်' ၏ ကံကြမ္မာကို မျက်မြင် တွေ့လိုက်ရသောအခါ သူတို့ ခံစားရ သမျှမှာ ကျေးဇူးတင်ခြင်း သက်သက်သာ ဖြစ်တော့သည်။

..တော်ပါသေးရဲ့။ ငါတို့ မြန်မြန် ဒူးထောက် လိုက်မိလို့။..

—-----

ယခု အခိုက်အတန့်တွင်၊ 'မြို့စောင့်မြောက်ပိုင်းဘုရင်' သည် ချန်ရှင်းနှင့် ချန်ယွဲ့ ပေးပို့လိုက်သော စာလွှာကို ကြည့်လိုက်၏။

ထိုစာထဲတွင် ထိုနေ့က မဟာတိုက်ပွဲကြီး၏ အသေးစိတ် ဖော်ပြချက်များ ပါဝင်ပြီး သူ၏ အမြော်အမြင် ကြီးမားမှုအပေါ် ချီးကျူးထားသော စကားလုံးများလည်း ပါရှိသည်။

သူ အနည်းငယ် စိတ်ရှုပ်ထွေး သွားသည်။

(ငါ တကယ် ဒီလောက် အမြော်အမြင် ကြီးခဲ့လို့လား။)

ချန်ရှင်းနှင့် ချန်ယွဲ့တို့က သူ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ စွမ်းပကားကို ကြိုတင် သိရှိခဲ့ပြီး ထို့ကြောင့် လီလင်ကို အစစ်အမှန်သိုင်းတောင်သို့ စေလွှတ်ခဲ့သည်ဟု ထင်နေကြသည်။

သို့သော် အမှန်တကယ်တွင်မူ တာအိုဆရာ လုံရှန်း ၏ မျက်နှာကြောင့်သာ သူ လီလင်ကို ထိုနေရာသို့ စေလွှတ်ခဲ့ခြင်း ဖြစ်သည်။

'မြို့စောင့်မြောက်ပိုင်းဘုရင်' သည် ရှားရှားပါးပါး ခါးသက်သော အပြုံး တစ်ခုကို ပြုံးလိုက်မိသည်။

'မိုးကြိုးတုန်ဟီး ဓားမ အရှင်' နှင့် 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကြားမှ တိုက်ပွဲတွင် သူ ရှိနေခဲ့ပြီး ထိုစဉ်က ထျန်းကျန့်၏ ဓားစိတ်ဆန္ဒသည် ပြိုင်ဘက်ကင်းသော်လည်း သူ၏ ကျင့်ကြံမှုသည် 'ကောင်းကင်ဘုံလူသားနယ်ပယ်' ၏ ထိပ်တန်းအဆင့်များအတွက် မလုံလောက်သေးဟု သူက တစ်ခါက ညည်းတွား ခဲ့ဖူးသည်။

သို့သော် ယခု ကြည့်ရသည်မှာ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' သည် သာမန် ယုတ္တိတရားများကို ဆန့်ကျင် နေသူ ဖြစ်သည်။

သူသည် နေဝင်ချိန် နီးကပ်နေသော ဓားနတ်ဘုရား တစ်ပါး ဖြစ်ပြီး 'မြို့စောင့်မြောက်ပိုင်းဘုရင်' နှင့် တစ်ဆင့်တည်း ရှိနေသည်မှာ ငြင်းမရပေ။

ချန်ရှင်းနှင့် ချန်ယွဲ့တို့၏ ဖော်ပြချက်ကို ဖတ်ပြီးနောက်မှာပင် 'မြို့စောင့်မြောက်ပိုင်းဘုရင်' သည် ဤသည် 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ အဆုံးစွန် အတိုင်းအတာ မဖြစ်နိုင်သေးဟု မသဲမကွဲ ခံစားနေရသည်။

'မြို့စောင့်မြောက်ပိုင်းဘုရင်' ထပ်မံ တွေးတော လိုက်သည်။

..ငါ ကြို မျှော်လင့်ထားခဲ့ သင့်တယ်။ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က 'သိုင်းသူတော်စင်' တွေနဲ့ ပတ်သက်တဲ့ ကိစ္စတွေကို စူးစမ်းချင်တယ် ဆိုကတည်းက ဒါ သူ့မှာ 'အနှစ်သာရ၊ ချီ၊ ဝိညာဉ် ပန်းသုံးပွင့်' ပြီးပြည့်စုံနေပြီ ဖြစ်ပြီး 'သိုင်းသူတော်စင်' လမ်းကြောင်းကို ရှာဖွေနေပြီ ဆိုတဲ့ သဘောပဲ။..

သူ၏ မျက်လုံးများထဲ၌ တောင့်တမှု တစ်ခု ထင်ဟပ်နေသည်။

..‘သိုင်းသူတော်စင်' တစ်ယောက် ဖြစ်လာဖို့ လမ်းက သိပ် ခက်ခဲလွန်းတယ်။ ဒီခရီးမှာ အဖော် တစ်ယောက် ရှိနေတာက အကျိုး ရှိပါတယ်လေ။’..

"ဒါပေမဲ့ ဒီတစ်ခါတော့ ရှေးဟောင်း မိစ္ဆာကြီး တချို့ နိုးထ လာနိုင်တယ်။"

တုံ့ဆိုင်း နေပြီးနောက်၊

'မြို့စောင့်မြောက်ပိုင်းဘုရင်’သည် အစစ်အမှန်သိုင်းတောင်သို့ စာတစ်စောင် ပေးပို့ရန် ဆုံးဖြတ်လိုက်သည်။

ဤကိစ္စသည် ပြီးဆုံးခြင်း နှင့် အလှမ်းဝေး နေသေးသည်။

အစစ်အမှန်သိုင်းဂိုဏ်းအား 'ဓားသိုင်းရှာဖွေ စံအိမ်' အပေါ် အလွန်အကျွံ မလုပ်မိစေရန် သတိပေး လိုသည်။ မျက်လုံး များစွာ သူတို့ကို စောင့်ကြည့် နေလိမ့်မည် ဖြစ်သောကြောင့် မည်သည့် အပြစ်တင်စရာမျှ မကျန်ရစ်စေရန် ဖြစ်သည်။ တစ်ခါတစ်ရံ ရန်သူကို လုံးဝ အမြစ်ပြတ် ချေမှုန်းခြင်းသည် ပညာရှိ အလုပ် မဟုတ်ပေ။

သို့သော်လည်း၊ လော့ဝမ်ထျန်းသည် လုံးဝ အမြစ်ပြတ် ချေမှုန်းရန် စီစဉ်မထားခဲ့သည်မှာ ထင်ရှားသည်။

ဤကဲ့သို့ အပြစ်ကြီးမားသော မျိုးဖြုတ် သုတ်သင်မှု လုပ်ရပ်မျိုးမှာ သူ လုပ်နိုင်စွမ်း မရှိပေ။

သူတို့ လိုအပ်သည်မှာ 'ဓားသိုင်းရှာဖွေ စံအိမ်' နောက်ထပ် ခြိမ်းခြောက်မှု မပြုနိုင်တော့ရန် သေချာစေဖို့ သာ ဖြစ်သည်။

ထန်ချုံးနှင့် "မိတ်ဆွေ" ဆန်ဆန် ညှိနှိုင်းမှု တစ်ခု ပြုလုပ်ပြီးနောက်၊

'ဓားသိုင်းရှာဖွေ စံအိမ်' သည် အဆုံးစွန် အနေဖြင့် အောက်ပါ အခြေအနေများကို သဘောတူ လိုက်ရသည်။

ပထမဦးစွာ၊ 'ဓားသိုင်းရှာဖွေ စံအိမ်' သည် နှစ်ပေါင်း (၂၀၀) တိုင်တိုင် မိမိကိုယ်ကိုယ် တံခါးပိတ် ထားရမည် ဖြစ်ပြီး ထို အတောအတွင်း အပြင် ထွက်ပေါ် လာခြင်း မပြုရ။

ဒုတိယအချက်မှာ၊ သူတို့သည် 'အမွေအနှစ် ဓားမျှော်စင်' ကို အစစ်အမှန်သိုင်းဂိုဏ်းထံ အခမဲ့ လက်ဆောင် အဖြစ် ပေးအပ် ရမည်။

တတိယအချက်မှာ၊ ဂိုဏ်း၏ သိုင်းပညာ နှင့် ကျမ်းစာများ အားလုံးကို ပုံတူ ကူးရမည် ဖြစ်ပြီး တစ်စုံကို အစစ်အမှန်သိုင်းဂိုဏ်းသို့ ပေးပို့ ရမည်။

စတုတ္ထအချက်မှာ၊ သူတို့သည် စိတ်ဝိညာဉ် ဆေးဖက်ဝင် အပင်များ၊ ရတနာ ပစ္စည်းများ၊ ရတနာ ဓားများ နှင့် အခြား ကုန်ပစ္စည်းများ ပုံစံဖြင့် လျော်ကြေး ပေးရမည်။

ထန်ချုံးသည် ယိုင်နဲ့ ထော့နဲ့ ဖြစ်နေပြီး သူ့ကိုယ်သူ 'ဓားသိုင်းရှာဖွေ စံအိမ်' သို့ မည်သို့ ပြန်ရောက်သွားမှန်း ပင် မသိရှာတော့ချေ။

ဤ စည်းကမ်းချက်များကို ကြေညာ လိုက်သောအခါ၊

အချို့မှာ ဒေါသတကြီး အော်ဟစ် ကြသည်။

"သူတို့နဲ့ ချ မယ်ကွာ။"

သို့သော် ထန်ချုံး၏ ညင်သာသော စကားများက သူတို့ကို ငြိမ်သက် သွားစေသည်။

"'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' လက်ထဲမှာ ဝက် အသတ် ခံရသလို သေချင် နေကြတာလား။ ဒီ စည်းကမ်းချက်တွေကို လက်ခံလိုက်။ နှစ်ပေါင်း (၂၀၀) အသက်ရှင် နေဦး။ 'ဓားသိုင်းရှာဖွေ စံအိမ်' အတွက် မျှော်လင့်ချက် ရှိပါသေးတယ်။"

နောင်တ တရားသည် လူတိုင်း၏ နှလုံးသားထဲတွင် ပြည့်နှက် သွားသည်။

ခြေတစ်လှမ်း မှား လိုက်မိရုံဖြင့် နောက်ထပ် အမှားများ ဆက်တိုက် ဖြစ်ပေါ် ခဲ့ရသည်။

('အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' ကို လောဘ မတက်ခဲ့သင့်ဘူး။ ငါတို့ရဲ့ 'အမွေအနှစ် ဓားမျှော်စင်' ကို ဆုံးရှုံးအောင် မလုပ်ခဲ့သင့်ဘူး။)

လူတိုင်း ဒေါသတကြီး မေးရိုးများ တင်းမာနေအောင် အံကြိတ်လိုက်ကြသည်။

အခိုက်အတန့် တစ်ခုတွင် ကျန်ရှိနေသေးသော 'ကောင်းကင်ဘုံ လူသားနယ်ပယ်' ပညာရှင် (၂) ဦးကတော့ အစစ်အမှန်သိုင်းဂိုဏ်းက ပို၍ ရက်စက်ခဲ့လျှင် ကောင်းမည်ဟု ထူးထူးဆန်းဆန်း တွေးလိုက်မိကြသည်။

'ဓားသိုင်းရှာဖွေ စံအိမ်' ကို မျိုးဖြုတ် သုတ်သင် ပစ်လိုက်လျှင် သူတို့ တိတ်တဆိတ် နောက်ဆုတ် သွားပြီး နောက်ပိုင်းတွင် အရိပ်ထဲမှ အပြစ်ဒဏ် ကင်းလွတ်စွာဖြင့် လက်စားချေ တိုက်ခိုက် နိုင်ပေလိမ့်မည်။

(ဒါပေမဲ့ အစစ်အမှန်သိုင်းဂိုဏ်းကို ထိခိုက်မှု အကြီးအကျယ် ပေးဖို့ လား။)

သူတို့ မဝံ့ရဲကြ တော့ပေ။

"သူတို့ 'ဓားမျှော်စင်' ကို ဘယ်တော့ လာယူကြမှာလဲ။"

'ကောင်းကင်ဘုံနယ်ပယ်' အကြီးအကဲ တစ်ဦးက မေးလိုက်သည်။

ထန်ချုံးသည် ထို (၂) ဦး၏ မျက်လုံးများကို မကြည့်ရက် နိုင်ဘဲ တိုးတိုးလေး ပြောလိုက်သည်။

"သူတို့က ခင်ဗျားတို့ (၂) ယောက် ကိုယ်တိုင် သွားပို့ စေချင် နေတယ်။"

ထိုစကားများလေထုတွင်း ကျဆင်းသွားသောအခါ အခြား အကြီးအကဲ တစ်ဦးသည် ကောင်းကင်သို့ သွေးများ ဝေါ့ခနဲ အန်ချ လိုက်ပြီး မြေပြင်ပေါ်သို့ ခန္ဓာကိုယ်လည်း ပျော့ခွေ၍ လဲကျ သွားတော့သည်။

'ဓားသိုင်းရှာဖွေ စံအိမ်' မှ အဖွဲ့ဝင်များသည် ချွေးအေးများဖြင့် တုန်လှုပ် နေကြ၏။

ထိုည၊

တစ်စုံတစ်ယောက်သည် 'ကောင်းကင်ဘုံလူသား' အဆင့် ပုဂ္ဂိုလ် (၂) ဦး ပေပေါင်း ရာနှင့်ချီ မြင့်သော 'ဓားမျှော်စင်' ကြီးကို ဆွဲငင်လျက် ည အမှောင်ထဲ တရကြမ်း ပြေးလွှား သွားသည်ကို မသဲမကွဲ မြင်တွေ့ လိုက်ရ ကြောင်း ဆိုလေသတည်း။

All Chapters