← Chapters

မဟာအကြီးအကဲ၊ ကြီးမားသောဖိအားဖြင့် ချဉ်းကပ်လာခြင်း

Vol. 14 Ch. 196

မဟာအကြီးအကဲ၊ ကြီးမားသောဖိအားဖြင့် ချဉ်းကပ်လာခြင်း

Vol. 14 Ch. 196

~အစစ်အမှန်သိုင်းဂိုဏ်းမှ သူတို့၏ တောင်တံခါးကို ဖွင့်လှစ်လိုက်သည့်အချိန်မှစ၍၊ လူအများအပြားသည် ဤအဖြစ်အပျက်ကို မျက်ခြည်မပြတ် စောင့်ကြည့်နေခဲ့ကြသည်။

ပုံသဏ္ဌာန်မဲ့ဂိုဏ်းဘက်မှ အရှုံးပေးဝန်ခံလိုက်ခြင်းသည် အစစ်အမှန်သိုင်းဂိုဏ်း၏ ဂုဏ်သတင်းကို သံသယဖြစ်ဖွယ်မရှိ မြင့်တက်သွားစေခဲ့တော့၏။

တစ်ခါတစ်ရံတွင် ဂိုဏ်းတစ်ဂိုဏ်း၏ ထိုးတက်လာမှုဟူသည် ဤသို့ပင်ဖြစ်၏။ နာမည်ရပြီးသား သိုင်းလမ်းစဉ်ဂိုဏ်းကြီး တစ်ခုပြီးတစ်ခုကို နင်းတက်ရင်းဖြင့်သာ ပေါ်ထွက်လာရခြင်း ဖြစ်လေသည်။

သို့သော်လည်း ဓားသိုင်းရှာဖွေ စံအိမ်ဘက်မှ အချိန်အတော်ကြာ တိတ်ဆိတ်နေပုံကမူ လူအများကို တော်တော်လေး စိတ်ဝင်စားသွားစေခဲ့သည်။

"ဓားသိုင်းရှာဖွေ စံအိမ်ဆိုတာ နာမည်ကြီး ဓားလမ်းစဉ်ရဲ့ မြင့်မြတ်တဲ့နေရာဗျ ထိပ်တန်းဓားသမားတွေ၊ ကောင်းကင်ဘုံလူသား အဆင့်ဓားသမားတွေ မရေမတွက်နိုင်အောင် ရှိတယ်။ အထူးသဖြင့် သူတို့ရဲ့ မဟာအကြီးအကဲ 'နှလုံးသားစူးစမ်းခြင်းဓား' ကူချန်းဟဲ ဆိုရင် ကောင်းကင်ဘုံ လူသား အဆင့် စာရင်းမှာ အဆင့် ၁၄ ချိတ်ထားတာ.."

"ဒီလိုအင်အားမျိုးနဲ့ အစစ်အမှန်သိုင်းဂိုဏ်းကို ကြောက်စရာအကြောင်း လုံးဝမရှိဘူး"

"ပုံသဏ္ဌာန်မဲ့ဂိုဏ်းက 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ရဲ့ ထက်ရှတဲ့ ဓားစိတ်ဆန္ဒကို ကြောက်တာ 'နှလုံးသားစူးစမ်းခြင်းဓား' ကတော့ ကြောက်မှာမဟုတ်ဘူး။ သူ့ရဲ့ အဆင့် ၁၄ ဆိုတာ တကယ့်တိုက်ပွဲစွမ်းဆောင်ရည်တွေနဲ့ ရထားတာဗျ.."

"ကျွတ် ကျွတ် ဓားသိုင်းရှာဖွေ စံအိမ်က နောက်ဆုံး ဘယ်လိုတုံ့ပြန်မလဲ မသိဘူး။ သူတို့ဘက်က စေတနာနည်းနည်းလောက် လျော့နည်းနေရင်တောင် အစစ်အမှန်သိုင်းဂိုဏ်းက ဒီကိစ္စကို အလွယ်တကူ အဆုံးသတ်ပေးမှာ မဟုတ်ဘူး"

လူအချို့သည် ပဋိပက္ခ၏ရနံ့ကို ထက်ထက်ရှရှ အနံ့ခံမိနေကြလေပြီ။

အထူးသဖြင့် ဓားသမားများမှာ အနည်းငယ် စိတ်လှုပ်ရှားတက်ကြွနေကြ၏။

ဓားသိုင်းရှာဖွေ စံအိမ်က အစစ်အမှန်သိုင်းဂိုဏ်းကို ရင်ဆိုင်တွေ့ခြင်း

ပို၍ နက်နက်နဲနဲ ဆိုရလျှင်၊ ဤသည်မှာ 'နှလုံးသားစူးစမ်းခြင်းဓား' က 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကို ရင်ဆိုင်ခြင်းပင် ဖြစ်သည်။

ဤသည်ကား ဓားသမားများ၏ အတွင်းရေးပြဿနာ ဖြစ်၏။

ယခင်တစ်ခေါက် 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က 'မိုးကြိုးတုန်ဟီး ဓားမ အရှင်' ၏ ဂုဏ်သိက္ခာကို နင်းတက်၍ ပိုမိုမြင့်မားသောနေရာသို့ ရောက်ရှိသွားခဲ့သည်။ ယခုမူ ပြိုင်ဘက်ကင်း ဓားသမားကြီးနှစ်ယောက် ထိပ်တိုက်တွေ့ကြတော့မည်ဖြစ်ရာ မည်သူနိုင်၊ မည်သူရှုံးဖြစ်စေ သူတို့အဖို့ မြင်ရသည်နှင့်ပင် ပျော်ရွှင်နေကြပေပြီ။

ဤသို့သောအချိန်၌

သူတို့သည် ဓားသိုင်းရှာဖွေ စံအိမ်ကို နည်းနည်းလောက် ပို၍ မာမာထန်ထန် ရှိစေချင်နေကြတော့သည်။

အကြည့်အားလုံးသည် ဓားသိုင်းရှာဖွေ စံအိမ်ဆီသို့သာ ဦးတည်သွားကြလေ၏။

ဓားသိုင်းရှာဖွေ စံအိမ်။

အတိုင်းအတာအားဖြင့် 'ကျန်း' သုံးရာ့သုံးဆယ့်သုံး 'ကျန်း' မြင့်မားသော ဓားမျှော်စင်ကြီးသည် ခံ့ညားထည်ဝါစွာ မတ်မတ်ရပ်တည်နေပြီး၊ ၎င်းထံမှ ထုတ်လွှတ်နေသော ထက်ရှသည့် ဓားစိတ်ဆန္ဒက မြင်ရသူတိုင်းကို အထင်ကြီးလေးစားစေသည်။

[၃၃၃ ကျန်း * (၁၀/၃ မီတာ/ကျန်း) = ၁၁၁၀ မီတာ

၁၁၁၀ မီတာ * ၃.၂၈၀၈၄ ပေ/မီတာ ≈ ၃၆၄၁.၇ ပေ

ထို့ကြောင့် "ကျန်း သုံးရာ့သုံးဆယ့်သုံး" (333 zhang) သည် ပေ ၃၆၄၂ ပေ နီးပါး (သို့မဟုတ် ၁၁၁၀ မီတာ) အမြင့်]

ဤသည်ကား ဓားသိုင်းရှာဖွေ စံအိမ်၏ အမွေအနှစ်တည်ရှိရာ နေရာပင်ဖြစ်သည်။ ဓားသိုင်းရှာဖွေ စံအိမ်၏ ထူးချွန်သော ဓားသမားတစ်ဦးဦး သူတို့၏ အသက်ဓာတ် အဓဆုံးသတ်ခါနီးပြီဆိုလျှင်၊ ဤဓားမျှော်စင်ထဲသို့ ဆန္ဒအလျောက် ဝင်ရောက်ပြီး ထာဝရအနားယူရန် အထပ်တစ်ထပ်ကို ရွေးချယ်ကာ သူတို့၏ တစ်ဘဝလုံးစာ ဓားလမ်းစဉ် အနှစ်သာရကို ချန်ထားခဲ့ကြသည်။ သူတို့ မည်မျှ ပိုသန်မာလေ၊ ထိုမျှလောက် အထပ်မြင့်ကို တက်နိုင်လေဖြစ်၏။

ဓားသိုင်းရှာဖွေ စံအိမ်၏ ဓားသမားတိုင်းသည် ဤအချက်အတွက် ဂုဏ်ယူကြ၏။

အချိန်ကာလ ကြာမြင့်လာသည်နှင့်အမျှ ဤအတွင်း၌ ဓားလမ်းစဉ်အမွေအနှစ်များ မည်မျှတောင် ကျန်ရစ်ခဲ့ပြီလဲဆိုတာ မည်သူမျှ မသိနိုင်တော့ပေ။ တစ်ခါတစ်ရံတွင်မူ ပြိုင်ဘက်ကင်းသော အရည်အချင်းရှိသည့် ဓားသမားများကို ရှေးဘိုးဘေးတို့၏ အမွေအနှစ်များ ဝင်ရောက်စုပ်ယူရန် ခွင့်ပြုတတ်ကြလေသည်။

ယခုမူ

ဓားမျှော်စင်၏ အပြင်ဘက်၌ အင်အားကြီး ပုဂ္ဂိုလ်အများအပြားက ရိုသေလေးစားစွာဖြင့် စောင့်ဆိုင်းနေကြ၏။ သူတို့အားလုံးသည် ဓားသိုင်းရှာဖွေ စံအိမ်၏ အဆင့်မြင့် ပုဂ္ဂိုလ်များသာ ဖြစ်ကြသည်။

သူတို့၏ မျက်နှာအမူအရာများမှာ တည်ကြည်လေးနက်နေပြီး၊ သူတို့၏ အကြည့်များကလည်း ကိုးကွယ်ဆည်းကပ်နေသကဲ့သို့ မယိမ်းမယိုင် တည်ငြိမ်လို့နေသည်။

ရုတ်တရက်

ထူးခြားသော လှိုင်းတစ်ခု သ်ိပ်သည်းလာပြီး လူတိုင်းကို တုန်လှုပ်ကာ အာရုံစိုက်သွားစေ၏။ သူတို့၏ အတွင်းစိတ်ထဲမှ ဓားစိတ်ဆန္ဒများသည် ထိန်းမနိုင်သိမ်းမရ တက်ကြွလာကြပြီး၊ ဓားပေါင်းတစ်သောင်း တပြိုင်နက် မြည်ဟီးလိုက်သကဲ့သို့ ဖြစ်ပေါ်စေသည်။ လူတိုင်း၏ မျက်လုံးများသည် ပြင်းပြသော စိတ်ဆန္ဒများဖြင့် တောက်လောင်သွားကြသည်။

ထို့နောက် ဆံပင်ဖြူ အဘိုးအိုတစ်ယောက်သည် တိတ်ဆိတ်စွာ ပေါ်ထွက်လာခဲ့သည်။

သူက ဓားမျှော်စင်ထဲမှ ထွက်လာသည်မှာ ထင်ရှားနေသော်လည်း မည်သူမျှ သူ့ကို မမြင်လိုက်ရ၊ မခံစားလိုက်ရပေ။

အဘိုးအို၏ ပုံစံမှာ သာမန်မျှသာဖြစ်၏ သူ့ထံ၌ အားကောင်းသော ဖိအားအရှိန်အဝါလည်း မရှိ၊ သူ့အကြည့်များကလည်း အေးစက်စက်နိုင်လှသည်။ တစ်ခုတည်းသော ထူးခြားချက်မှာ သူ၏ ဘယ်ဘက်လက်ပင်တည်း။ လက်မနှင့် လက်ညှိုးကလွဲ၍ ကျန်သည့် လက်သုံးချောင်းမှာ တိတိရိရိ ပြတ်တောက်နေလေသည်။

"မဟာအကြီးအကဲကို ဂါရဝပြုပါတယ်.."

လူတိုင်းက ရိုသေစွာဖြင့် ဦးညွှတ် အလေးပြုလိုက်ကြသည်။

ကူချန်းဟဲက လက်ကို ခပ်ဖွဖွ ဝှေ့ယမ်းလိုက်ပြီး

"ထန်ချုံး မင်း ငါ့ကို ခေါ်ထုတ်လိုက်တာ၊ ဘာကိစ္စရှိလို့လဲ"

သူ့၏အကြည့်များသည် ဓားသိုင်းရှာဖွေ စံအိမ်၏ ဂိုဏ်းချုပ်အပေါ်၌ ကျရောက်သွားသည်။ အေးစက်စက် နိုင်နေသော်လည်း မလွန်ဆန်နိုင်သည့် ဖိအားတစ်ခု ပါဝင်နေခဲ့၏။

ထန်ချုံး၏ နှလုံးသားသည် ဒိန်းခနဲ တင်းကျပ်သွားပြီး ချက်ချင်းပင်

ဖြေလိုက်၏။

"မဟာအကြီးအကဲ ဆုံးဖြတ်ပေးရမယ့် ကိစ္စတစ်ခု ရှိနေလို့ပါ ခင်ဗျာ.."

ခဏအကြာ

ခမ်းနားလှသော ခန်းမကြီးထဲ၌ တိတ်ဆိတ်မှုကသာ ကြီးစိုးနေသည်။

ကူချန်းဟဲက အဓိကနေရာ၌ ထိုင်နေပြီး၊ လူတိုင်းကို အပေါ်စီးမှ ကြည့်နေ၏။ သူ့၏အသံထဲတွင် မည်သည့်စိတ်ခံစားချက်မျှ ပါဝင်မနေ။

"မင်းတို့က ငါ့ကို ပြောချင်နေတာက မင်းတို့ တခြားဂိုဏ်းတစ်ခုထဲကို လူခိုးလွှတ်တယ်၊ အဲ့ဒါ လက်ပူးလက်ကြပ် အမိခံရတယ်၊ အခု သူတို့က ရှင်းပြချက်တောင်းတဲ့စာ ပို့လိုက်တယ် ဒီလိုလား"

ထန်ချုံးတစ်ယောက် သူ၏ဦးရေပြား တစ်ခုလုံး ထုံကျဉ်သွားသကဲ့သို့ ခံစားလိုက်ရပြီး

"မဟာအကြီးအကဲ ဒီကိစ္စက အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်ကြောင့် စခဲ့တာပါ၊ အဲ့ဒီ ကျောက်စာတိုင်က တကယ်ကို ဆန်းကြယ်လွန်းလို့ပါ"

သူ၏စကားပင် မဆုံးသေး၊ အနှောင့်အယှက်ပေးခြင်း ခံလိုက်ရသည်။

"အသုံးမကျတဲ့ လူ.."

လူတိုင်းသည် ကြောက်လန့်တကြားဖြင့် ငြိမ်သက်သွားကြ၏။

ကူချန်းဟဲက အေးစက်စွာ ပြောလိုက်သည်။

"ငါတို့ ဓားသိုင်းရှာဖွေ စံအိမ်က နှစ်ပေါင်း တစ်ထောင်နီးပါး အမွေအနှစ် ရှိခဲ့တာကွ။ ဒီ 'အမွေအနှစ် ဓားမျှော်စင်' တစ်ခုတည်းနဲ့တင် ငါတို့တပည့်တွေအတွက် အဆုံးမရှိ အကျိုးကျေးဇူးတွေ ရနေတာ။ သူများပစ္စည်းကို သွားပြီး တပ်မက်စရာ လိုလို့လား"

"မင်းတို့သာ ဓားလမ်းစဉ်ပေါ်မှာ ဒီစိတ်ရဲ့ တစ်ဝက်တစ်ပျက်လောက်ကို ပိုထည့်ထားခဲ့ရင်၊ ငါတို့ ဓားသိုင်းရှာဖွေ စံအိမ်က ကောင်းကင်အောက်က နံပါတ်တစ် ဓားလမ်းစဉ် မြင့်မြတ်တဲ့ နေရာ ဖြစ်နေတာ ကြာလှပြီ.. အခုထိ ဒီအဘိုးကြီးကလွဲရင် မင်းတို့ထဲက ကောင်းကင်ဘုံ လူသား အဆင့် စာရင်းဝင် ဓားသမား တစ်ယောက်တောင် မရှိသေးဘူးဆိုတဲ့ အဖြစ်ကိုတော့ ထည့်မပြောတော့ဘူး.."

ထန်ချုံး၏ မျက်နှာသည် ခါးသက်သွားပြီး

"မဟာအကြီးအကဲ ဆုံးမတာ မှန်ပါတယ် ကျွန်တော် ချက်ချင်းပဲ တောင်းပန်စကားပြောဖို့ စီစဉ်လိုက်ပါ့မယ်"

ကူချန်းဟဲ၏ မျက်နှာသည် ပို၍ အေးခဲသွားသည်။

"ထန်ချုံး ကြည့်ရတာ မင်းက ဓားသိုင်းရှာဖွေ စံအိမ်ရဲ့ ဂိုဏ်းချုပ်နေရာနဲ့ တကယ်ကို မသင့်တော်တော့ဘူးပဲ"

ဤစကားလုံးများသည် ထန်ချုံးအတွက် မိုးကြိုးပစ်ချလိုက်သလိုပင်။ သူ၏မျက်နှာသည် ဖြူဖျော့သွားပြီး ကြောက်လန့်တကြားဖြင့် မြေပြင်ပေါ်၌ ဒူးထောက်ချလိုက်ကာ မည်သည့်စကားမျှ ပြန်မပြောရဲတော့ချေ။

ကူချန်းဟဲသည် မတ်တပ်ထရပ်လိုက်ပြီး လူအုပ်ကို ဝေ့ဝဲကြည့်လိုက်၏။

"မင်းတို့အားလုံးလည်း ဒီလိုပဲ တွေးနေကြတာလား ဟမ်.. အသုံးမကျတဲ့ အစုတ်အပလုတ် တစ်သိုက်.. မင်းတို့အားလုံး ဓားသမားတစ်ယောက်ရဲ့ ထက်ရှမှုကို ပျောက်ဆုံးနေကြပြီ.."

မည်သည့်အချိန်ကတည်းကပင်ဖြစ်စေ မသိ ထက်ရှသော အရှိန်အဝါတစ်ခုသည် သူ့ပတ်ပတ်လည်၌ ပျံ့နှံ့ထွက်ပေါ်လာပြီး လူတိုင်းကို အသက်ရှူ ကြပ်သွားစေတော့သည်။

"ဒီတစ်ခါ မင်းတို့ရဲ့ တုံ့ပြန်မှုမှာ အလျှော့ပေးလိုက်မယ်ဆိုရင်၊ မင်းတို့က ငါတို့ ဓားသိုင်းရှာဖွေ စံအိမ်ရဲ့ နှစ်တစ်ထောင် ဂုဏ်သိက္ခာကို လွှင့်ပစ်ဖို့ ရည်ရွယ်နေကြတာလား ဟမ်.. ထူထောင်တာ နှစ်ပေါင်း ဆယ်ဂဏန်းလောက်ပဲ ရှိသေးတဲ့ ဂိုဏ်းတစ်ခုကို ကြောက်နေကြတာလား"

"'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' 'အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်' မင်းတို့က သူများရဲ့ အစွမ်းကို အံ့ဩမှင်သက်နေကြပြီး ကိုယ့်ရဲ့ အရင်းအမြစ် ဘယ်မှာရှိလဲ ဆိုတာကိုတော့ မေ့နေကြတယ်"

"ဓားသမားတစ်ယောက်ရဲ့ ဂုဏ်သိက္ခာဆိုတာကိုရော မင်းတို့ မှတ်မိကြသေးရဲ့လား"

သူ၏အကြည့်များမှာ စူးရှနေ၏။

သူ၏ စကားလုံးများက လူတိုင်း၏ နှလုံးသားထဲသို့ တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သွားပြီး သူတို့အားလုံး ချွေးများ စိုရွှဲသွားစေသည်။

'နှလုံးသားစူးစမ်းခြင်းဓား' ဟူသည့်အတိုင်း သူ အသက်သုံးဆယ် အရွယ်၌ သူ၏ 'ဓားနှလုံးသား' ကို စစ်မေးရန် အလို့ငှာ ကိုယ်ပိုင် ဘယ်ဘက်လက်မှ လက်သုံးချောင်းကို ဖြတ်ပစ်ခဲ့သူ ဖြစ်သည်။

ထိုလမ်းစဉ်ပေါ်၌ပင် သူ၏ ဓားလမ်းစဉ်သည် အောင်ပွဲခံကာ တိုးတက်လာခဲ့ခြင်း ဖြစ်၏။ ယခု မျိုးဆက်သစ်များ ဤသို့သောပုံစံ ဖြစ်နေသည်ကို မြင်လိုက်ရသောအခါ သူ အမှန်တကယ်ကို စိတ်ပျက်မိသွားသည်။

သူတို့များကို အသုံးမကျဟု ပြောလိုက်ခြင်းမှာ သူတို့တွေ ရတနာ တောင်ကြီးကို ပိုင်ဆိုင်ထားပါလျက် မတူးဖော်ဘဲ တခြား

အာရုံနောက်စရာများကို လိုက်လံ အာရုံစိုက်နေသောကြောင့် ဖြစ်လေသည်။

ခန်းမကြီးတစ်ခုလုံး တိတ်ဆိတ်သွားပြန်သည်။

ကူချန်းဟဲ၏ ဒေါသများ အနည်းငယ် ငြိမ်သက်သွားပြီးနောက်မှ

ထန်ချုံးက သတိထား၍ မေးလိုက်သည်။

"ဒါဆို မဟာအကြီးအကဲရဲ့ သဘောအရ ဘယ်လိုလုပ်သင့်ပါသလဲ"

သူ သဘောပေါက်လိုက်သည်မှာ မဟာအကြီးအကဲက နဂိုကတည်းက စိတ်ညစ်ညူးမှု အချို့ ရှိနေပုံ ရသည်။ မူလက အမွေအနှစ် ဓားမျှော်စင်ထဲ၌ အေးအေးချမ်းချမ်း တရားထိုင်နေသည်ကို ရုတ်တရက် အခေါ်ခံလိုက်ရသောကြောင့် စိတ်မကြည်မလင် ဖြစ်နေခြင်းမှာ သဘာဝကျပေသည်။

ကူချန်းဟဲက မျက်လုံးစွေကြည့်လိုက်ပြီး

"အစစ်အမှန်သိုင်းဂိုဏ်းက သူတို့တွေ သူလျှိုလို့ ပြောရင် သူလျှို ဖြစ်သွားရောလား သက်သေပြခိုင်းလိုက်"

"ငါတို့ ဓားသိုင်း ရှာ‌ဖွေ စံအိမ်က ဒီလောက်တောင် အနိုင်ကျင့်လို့ လွယ်နေသလား 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' တစ်ယောက် 'မိုးကြိုးတုန်ဟီး ဓားမ အရှင်' တစ်ယောက်ကို နှိမ်နင်းနိုင်တာနဲ့ပဲ သူ ဘာလုပ်နိုင်မှာမို့လို့လဲ ဒါပေမဲ့ အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်ကို ထူထောင်နိုင်ခဲ့တာတော့ တကယ်ကို မခေဘူး ဓားလမ်းစဉ်မှာ သူ 'ထူးခြားတဲ့' နားလည်မှုအချို့တော့ ရှိနိုင်တာပေါ့"

"ဒါပေမဲ့ ဒီအဘိုးကြီး တံခါးပိတ် ကျင့်ကြံနေတဲ့ ဒီနှစ်တွေအတွင်းမှာ တိုးတက်မှု မရှိဘဲ နေခဲ့တာမှ မဟုတ်တာ။ ဖြစ်နိုင်ရင် ကောင်းကင်ဘုံ လူသား အဆင့် စာရင်းမှာ ငါ့အဆင့်ကို နည်းနည်း ရှေ့တိုးလို့ ရနိုင်လောက်ပါသေးတယ်..”

All Chapters