← Chapters

ဓားစိတ်ဆန္ဒ မြှင့်တင်ခြင်း၊ မြို့တံခါးတွင် ချိတ်ဆွဲခြင်း (၄)

Vol. 14 Ch. 202

ဓားစိတ်ဆန္ဒ မြှင့်တင်ခြင်း၊ မြို့တံခါးတွင် ချိတ်ဆွဲခြင်း (၄)

Vol. 14 Ch. 202

~"အစ်ကိုကြီးက အရင်ဖမ်းမိထားတဲ့ ဓားသိုင်းရှာဖွေ စံအိမ်က သူလျှိုတချို့ကို အစစ်အမှန်သိုင်းမြို့တော်ရဲ့ တံခါးမုခ်ပေါ်မှာ သွားချိတ်ဆွဲထားမလို့။ ဒါမှ လူတွေက သူတို့တွေက ဓားသိုင်းရှာဖွေ စံအိမ်က ဟုတ်၊ မဟုတ် သေချာခွဲခြား သိနိုင်ကြမှာ။"

"ပြီးတော့ မီးလောင်ရာ လေပင့်ပေးရတာပေါ့။"

နင်ချီက ပြုံးလျက် ခေါင်းညိတ်လိုက်သည်။

"အစ်ကိုကြီး စိတ်ရှိသလိုသာ ဆက်လုပ်ပါ။"

လော့ဝမ်ထျန်းသည် သူ၏နှလုံးသားထဲ၌ သေချာသွား၏။ ဤသည်မှာ ပဋိပက္ခကို လုံးလုံးလျားလျား အရှိန်မြှင့်တင်လိုက်ခြင်းဖြစ်ပြီး၊ ဓားသိုင်းရှာဖွေ စံအိမ်ကို အရှက်ရစေရန် ရည်ရွယ်သည်။ ဖြစ်နိုင်သည်မှာ 'နှလုံးသားစူးစမ်းခြင်းဓား' ကိုယ်တိုင်ပင် ပုဂ္ဂိုလ်ရေးအရ ရောက်ရှိလာနိုင်ပေသည်။ နင်ချီ၏ ထောက်ခံမှု ရှိနေသောကြောင့်၊ သူသည် ရဲရဲဝံ့ဝံ့နှင့် ခြွင်းချက်မရှိ ရှေ့ဆက် လှုပ်ရှားနိုင်လေပြီ။

နောက်တစ်နေ့၊

အစစ်အမှန်သိုင်းဂိုဏ်းမှ တပည့်အချို့သည် တောင်အောက်သို့ ဆင်းသွားပြီး၊ အစစ်အမှန်သိုင်းမြို့တော်သို့ ဓားသိုင်းရှာဖွေ စံအိမ် သူလျှို (၂) ဦးကို ခေါ်ဆောင်သွားသည်။

ဓားသမားများက အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်ကို မည်သည့်အချိန်တွင် ဖွင့်လှစ်မည်ကို မမေးမြန်းနိုင်မီမှာပင်၊

အစစ်အမှန်သိုင်း တပည့်များက ဒုက္ခိတဖြစ်နေသော ဤသူလျှို (၂) ဦးကို မြို့တံခါးမုခ်အထက်၌ ချိတ်ဆွဲလိုက်ပြီး၊ ကျယ်လောင်စွာ ကြေညာလိုက်သည်။

"ဂိုဏ်းချုပ်ရဲ့ အမိန့်အရ သူတော်ကောင်းတွေကို မှားယွင်း စွပ်စွဲမိတာမျိုး ရှောင်ရှားနိုင်ဖို့ ဒီသူလျှိုတွေက ဓားသိုင်းရှာဖွေ စံအိမ်က ဟုတ်၊ မဟုတ် တစ်လောကလုံး မြင်နိုင်အောင် ဒီ (၂) ယောက်ကို ဒီနေရာမှာ ချိတ်ဆွဲထားလိုက်တယ်။"

ဤသို့ ပြောကြားပြီးနောက်၊

သူတို့သည် လှပစွာ ထွက်ခွာသွားကြသည်။

တအံ့တဩ ကြည့်ရှုနေသူများမှာမူ လုံးလုံးလျားလျား တုန်လှုပ်သွားကြ၏။

အချို့သူများ ချက်ချင်း သဘောပေါက်လိုက်သည်။

ကိစ္စများ ပိုမို ဆိုးရွားလာပြီ ဖြစ်သည်။

အစစ်အမှန်သိုင်းဂိုဏ်းနှင့် ဓားသိုင်းရှာဖွေ စံအိမ်ကြားမှ ပဋိပက္ခသည် ပြန်လည် ပြေလည်နိုင်စွမ်း မရှိတော့သော အဆင့်သို့ ရောက်ရှိသွားခဲ့ပြီး၊ ထိပ်တိုက်တွေ့ဆုံမှုတစ်ခုမှာ မလွှဲမရှောင်သာ ဖြစ်လာတော့မည်။

သို့သော် မကြာမီပင်။ လူအများအပြားသည် စိတ်လှုပ်ရှားလာကြပြီး၊ ဤသည်မှာ ကြီးကျယ်ခမ်းနားသော ရှုခင်းတစ်ခု ဖြစ်လာနိုင်သည်ဟု တွေးတောမိကြသည်။

အစစ်အမှန်သိုင်းမြို့တော် အပြင်ဘက်တွင် လူအများ ဝင်ထွက်သွားလာလျက်ရှိပြီး၊ နေ့စဉ်နေ့တိုင်း လူများသည် ထိုနေရာ၌ ချိတ်ဆွဲထားသော သူလျှို (၂) ဦးကို လာရောက် ကြည့်ရှုကြသည်။ အစစ်အမှန်သိုင်းဂိုဏ်းမှ အစောင့်အရှောက် အများအပြားကိုလည်း သူတို့အား ကယ်ဆယ်ခြင်းမှ ကာကွယ်ရန် တာဝန်ပေး ချထားသည်။

အကယ်၍ ကောင်းကင်ဘုံလူသားနယ်ပယ်မှ ပညာရှင်တစ်ဦး ဝင်ရောက် စွက်ဖက်ခဲ့လျှင်၊ သူတို့ကို တားဆီးရန် မလိုအပ်ပေ။ အဘယ်ကြောင့်ဆိုသော် ဤမျှ အစွမ်းထက်သော ပညာရှင်တစ်ဦး ပါဝင်ပတ်သက်လာခြင်းသည်ပင် အရာအားလုံးကို ရှင်းပြပြီးသား ဖြစ်သွားမည် ဖြစ်သောကြောင့်တည်း။

တစ်စုံတစ်ယောက်က မေးလိုက်သည်။

"အစစ်အမှန်သိုင်းဂိုဏ်းက တောင်တံခါးကို ဘယ်တော့လောက် ပြန်ဖွင့်ဖို့ စီစဉ်ထားလဲ သိခွင့်ရမလား ခင်ဗျာ။"

အစောင့်အရှောက်များက ပြုံးလျက်သာ။

"သူလျှိုတွေရဲ့ အထောက်အထားကို အတည်ပြုပြီးတာနဲ့ ကျွန်တော်တို့ တောင်တံခါးကို ပြန်ဖွင့်နိုင်မှာပါ။"

လူတိုင်းသည် အစစ်အမှန်သိုင်းဂိုဏ်း၏ ပြတ်သားသော ဆုံးဖြတ်ချက်ကို သဘောပေါက်ကာ အလွန်တုန်လှုပ်သွားကြသည်။

သတင်းသည် လေပွေကဲ့သို့ ပျံ့နှံ့သွား၏။

မရေမတွက်နိုင်သော လူများသည် သူတို့၏ အာရုံစိုက်မှုကို ဓားသိုင်းရှာဖွေ စံအိမ်ထံသို့ ပြောင်းလိုက်ကြပြီး၊ သူတို့၏ တုံ့ပြန်မှုကို မြင်တွေ့ရန် ပြင်ဆင်လိုက်ကြသည်။

ဓားသိုင်းရှာဖွေ စံအိမ် အတွင်းဝယ်၊

လေထုသည် အလွန်ပင် လေးလံနေသည်။

လွန်ခဲ့သော တစ်လ၊ (၂) လ အတွင်း၊ ဓားသိုင်းရှာဖွေ စံအိမ်သည် မကြုံစဖူးသော ပစ်မှတ်ထား တိုက်ခိုက်ခြင်းကို ရင်ဆိုင်ခဲ့ရပြီး၊ အရာအားလုံး အလွန် ဆိုးရွားစွာ မှားယွင်းနေခဲ့ကာ၊ အရည်အချင်းရှိသော တပည့်အချို့ပင် ချောင်းမြောင်း တိုက်ခိုက်ခံခဲ့ရသည်။

ရေရှည်မှာ.. ဤသည်မှာ ဓားသိုင်းရှာဖွေ စံအိမ်၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် အလွန်အမင်း ထိခိုက်နစ်နာစေသည်။

ဤအရာအားလုံး၏ အရင်းမြစ်မှာ မည်သည့်နေရာတွင် ရှိနေသည်ကို လူတိုင်း သိကြသည်။

ဓားသိုင်းရှာဖွေ စံအိမ်၏ ဂိုဏ်းချုပ် ထန်ချုံးသည် အစစ်အမှန်သိုင်းတောင်သို့ မကြာခဏ စာများ ပေးပို့ခဲ့သော်လည်း၊ ပင်လယ်ထဲသို့ ကျသွားသော ကျောက်တုံးတစ်တုံးကဲ့သို့ပင် မည်သည့် တုံ့ပြန်မှုမျှ မရရှိခဲ့ပေ။

ယခုမူ။

အစစ်အမှန်သိုင်းမြို့တော် အပြင်ဘက်မှ အဖြစ်အပျက်များကို သိရှိပြီးနောက်၊ ဓားသိုင်းရှာဖွေ စံအိမ်မှ အဆင့်မြင့် ပုဂ္ဂိုလ်များအားလုံး ဒေါသထွက်နေကြသည်။

"ဒါက လွန်လွန်းသွားပြီ။ ဒါ တကယ်ကို လွန်လွန်းသွားပြီ။"

ထန်ချုံး၏ အေးစက်ပြီး ဒေါသတကြီး အသံသည် ခန်းမကြီးထဲ၌ ပဲ့တင်ထပ်သွားသည်။

"ဒါက ငါတို့ ဓားသိုင်းရှာဖွေ စံအိမ်ရဲ့ နှစ်တစ်ထောင် ဂုဏ်သိက္ခာကို လုံးဝ မျက်ကွယ်ပြုတာပဲ။ ငါတို့သာ မကြာခင်မှာ တန်ပြန် မတိုက်ခိုက်ဘူးဆိုရင် မဟာယန် တစ်ခွင်လုံးရဲ့ ရယ်စရာ ဖြစ်သွားနိုင်တယ်။"

အဆင့်မြင့် ပုဂ္ဂိုလ်များသည်လည်း သူတို့၏ မကျေနပ်မှုများကို တညီတညွတ်တည်း ဖော်ထုတ်ကြသည်။

"ဟုတ်တယ်။ ဂိုဏ်းက အခုတောင် ခုခံမှုတွေနဲ့ ရင်ဆိုင်နေရပြီ။ ကျွန်တော်တို့သာ ပြန်မတိုက်ရင် အနာဂတ်မှာ လူတိုင်းက ကျွန်တော်တို့အပေါ် တက်နင်းကြလိမ့်မယ်။"

"ဘိုးဘေးတွေရဲ့ နှစ်တစ်ထောင် အမွေအနှစ်က ငါတို့လက်ထဲ

ကျမှတော့ ကျဆင်းသွားလို့ မဖြစ်ဘူး။"

တစ်စုံတစ်ယောက်က သတ်ဖြတ်လိုသော အငွေ့အသက်ဖြင့် ပြောလိုက်၏။

"အစစ်အမှန်သိုင်းဂိုဏ်းက တော်တော် ထင်တိုင်းကြဲလွန်းတယ်။ ဟမ့်၊ နာမည်လေး နည်းနည်း ထွက်လာတာနဲ့ပဲ ကမ္ဘာပေါ်က ဂိုဏ်းအားလုံးကို သူတို့အောက် ရောက်ပြီလို့များ ထင်နေတာလား။"

"မဟာယန် နန်းတော်ကြီးကသာ မျက်စိဒေါက်ထောက် မကြည့်နေဘူးဆိုရင် အဲ့ဒီအကောင်တွေကို အပြတ်ရှင်းပစ်ဖို့က လွယ်လွယ်လေး။ ဒါပေမဲ့ သူတို့ကို သွေးနဲ့ ပြန်ဆပ်အောင် လုပ်ဖို့ကတော့ မဖြစ်နိုင်တာ မဟုတ်ဘူး။"

"ငါတို့ ဓားသိုင်းရှာဖွေ စံအိမ်က ငြိမ်နေတာ ကြာပြီ။ ကြည့်ရတာ ငါတို့ရဲ့ အစွမ်းသတ္တိကို ဒီလောကကြီးက မေ့သွားကြပြီ ထင်တယ်။ ငါတို့ ဘယ်သူတွေလဲဆိုတာ သူတို့ကို ပြန်ပြီး မျက်မြင်သက်သေ ပြရမယ့် အချိန် ရောက်ပြီနဲ့ တူတယ်။”

လူအုပ်ကြီးသည် လှုပ်ရှားသွားကြ၏။ ဓားသိုင်းရှာဖွေ စံအိမ်မှ သူလျှိုများကို ချိတ်ဆွဲထားသည့် အစစ်အမှန်သိုင်းဂိုဏ်း၏ လုပ်ရပ်ကြောင့် ဒေါသထွက်နေကြလေသည်။

လွှမ်းမိုးနေသော အခြေအနေများ၏ ဖိအားပေးမှုကြောင့် ခံစားခဲ့ရသော မကျေနပ်မှုများနှင့် ပေါင်းစပ်လိုက်သောအခါ၊ ဤအခိုက်အတန့်တွင် အရာအားလုံး ပေါက်ကွဲထွက်လာပြီး၊ သူတို့သည် အစစ်အမှန်သိုင်းဂိုဏ်းအား အဖိုးအခများ ပြန်လည် ပေးဆပ်စေလိုကြသည်။

ထန်ချုံးသည် လူတိုင်းကို စစ်ဆေးကြည့်ရှုလိုက်ပြီး လေးနက်သော အသံဖြင့်

"အခု တစ်ခုတည်းသော ဖြေရှင်းနည်းက မဟာအကြီးအကဲကိုပဲ လှုပ်ရှားခိုင်းဖို့ပဲ။"

သူတို့၏ စကားများထဲတွင် အစစ်အမှန်သိုင်းဂိုဏ်းကို မည်မျှပင် အထင်သေးနေစေကာမူ၊ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ စွမ်းအားကိုမူ ငြင်းပယ်၍ မရနိုင်ပေ။

ခန်းမ အပြင်ဘက်မှ အေးစက်ပြီး တည်ငြိမ်သော နှာခေါင်းရှုံ့သံ တစ်ခု ထွက်ပေါ်လာ၏။

"ဟွန်း၊ အသုံးမကျတဲ့ တစ်သိုက်"

ပြိုင်တူပင် လူတိုင်းသည် သူတို့၏ ခေါင်းများကို ငုံ့ချလိုက်ကြသည်။

"မဟာအကြီးအကဲကို ဂါရဝပြုပါတယ်။"

ကူချန်းဟဲသည် လူတိုင်းကို အေးစက်စွာ တစ်ချက် ဝေ့ကြည့်လိုက်ပြီးနောက်၊ သူ၏ လက်ကို ဝှေ့ယမ်းလိုက်ကာ၊ သူတို့ထဲမှ အနည်းငယ်ကို လက်ညှိုးထိုးလိုက်သည်။

"မင်းတို့တွေဒီအဘိုးကြီးနောက်ကို အစစ်အမှန်သိုင်းတောင်အထိ လိုက်ခဲ့ကြ။ အဲ့ဒီ (၂) ယောက်က ငါတို့ ဓားသိုင်းရှာဖွေ စံအိမ်က သူလျှိုတွေ ဟုတ်၊ မဟုတ် ငါကိုယ်တိုင် သွားကြည့်ရမယ်။"

သူ၏အသံထဲ၌ ရေခဲတမျှ အေးစက်သော သတ်ဖြတ်လိုသည့် အငွေ့အသက်များ ပါဝင်နေခဲ့သည်။

All Chapters