← Chapters

အေးဆေး လမ်းလျှောက်ခြင်း၊ ကူချန်းဟဲအား သတ်ဖြတ်ခြင်း

Vol. 14 Ch. 203

အေးဆေး လမ်းလျှောက်ခြင်း၊ ကူချန်းဟဲအား သတ်ဖြတ်ခြင်း

Vol. 14 Ch. 203

~အစစ်အမှန်သိုင်း မြို့တော်..

လူများ တိုးသထက်တိုးကာ.. ဤနေရာတွင် စုရုံးလာကြသည်။

ပညာအမြော်အမြင်ရှိသူများက ဤလှုပ်ရှားမှုသည် ဓားသိုင်းရှာဖွေ စံအိမ်၏ မျက်နှာကို မြေကြီးထဲသို့ ခြေဖြင့် နင်းချေခြင်းနှင့် တူကြောင်း သိကြသည်။ ကိစ္စများကို အပေါ်ယံသို့ ဆွဲတင်လိုက်သည်နှင့် ရှင်းလင်းချက် တစ်ခု ရှိရမည်သာ။

မြို့တံခါးအထက်မှ သနားစဖွယ် ပုံရိပ် (၂) ခုက လူအုပ်၏ နှလုံးသားနှင့် စိတ်အာရုံများကို လှုပ်ခတ်စေသည်။

"ဒီ (၂) ယောက်က ဓားသိုင်းရှာဖွေ စံအိမ်က လူတွေ တကယ် ဟုတ်ရဲ့လား။"

"ဟက်။ ဓားသိုင်းရှာဖွေ စံအိမ်ရဲ့ ဂိုဏ်းချုပ်ကလွဲရင် ဘယ်သူသိမှာလဲ။ ဒါပေမဲ့ သူတို့ ဟုတ်သည် ဖြစ်စေ၊ မဟုတ်သည် ဖြစ်စေ အရေးမကြီးတော့ဘူး။ အရေးကြီးတာက အစစ်အမှန်သိုင်းဂိုဏ်းရဲ့ သဘောထားကို ရှင်းရှင်းလင်းလင်း ချပြလိုက်ပြီ။ အဓိကက ဓားသိုင်းရှာဖွေ စံအိမ်က ဘယ်လို တုံ့ပြန်မလဲ ဆိုတာပဲ။"

"ဟုတ်ပါတယ်ဗျာ။ ကျွန်တော် ခံစားနေရတာက ဒီဖြစ်ရပ်ကို ဖြေရှင်းဖို့ အဖွဲ့အစည်း (၂) ခုကြားမှာ တိုက်ပွဲတစ်ပွဲတော့ ဖြစ်ရလိမ့်မယ်။ ဖြစ်နိုင်တာကအစစ်အမှန်သိုင်းဂိုဏ်းက ဓားသိုင်းရှာဖွေ စံအိမ်ကို နင်းတက်ပြီး ထိပ်ဆုံးရောက်

ချင်နေတာလား မသိဘူး။"

တိတ်ဆိတ်စွာ ဆွေးနွေးသံများ ထွက်ပေါ်လာသည်။

အချို့သော ထင်မြင်ချက်များသည် လူအုပ်ကို ကြောက်လန့်စေသည်။

လူတိုင်း သိကြသည်။ ဓားသိုင်းရှာဖွေ စံအိမ်သည် ဤနေရာတွင် အဓိကသော့ချက် မဟုတ်တော့ပေ။

သော့ချက်မှာ ဤသူလျှို (၂) ဦး၌ တည်ရှိနေပြီး၊ သူတို့သည် ဓားသိုင်းရှာဖွေ စံအိမ်၏ မျက်နှာကို ကိုယ်စားပြုနေသောကြောင့် ဖြစ်သည်။ ထို့ကြောင့် လူအများအပြားသည် ဤနေရာ၌ ရပ်တည် စောင့်ကြည့်နေကြသည်။

အမွှာညီအစ်မ ဖြစ်သည့် ချန်ရှင်းနှင့် ချန်ယွဲ့တို့လည်း ထိုဧရိယာပတ်လည်သို့ ရောက်ရှိနေကြသည်။

မြို့စောင့်မြောက်ပိုင်းဘုရင်၏ အမိန့်အောက်တွင်၊ မိန်းကလေး နှစ်‌ယောက်သည် အရေးကြီးသော အခိုက်အတန့်များ၌ လီလင်ကို ကာကွယ်ရန် အစစ်အမှန်

သိုင်းမြို့တော်တွင် အခြေချနေထိုင်ခဲ့ကြပါသည်။ ထို့ကြောင့် သူမတို့သည်လည်း အစစ်အမှန်

သိုင်းဂိုဏ်းနှင့် ဓားသိုင်းရှာဖွေ စံအိမ်ကြားမှ ပဋိပက္ခကို အလွန် စိတ်ဝင်စားနေကြလေသည်။

"ချန်ယွဲ့။ ဓားသိုင်းရှာဖွေ စံအိမ်နဲ့ အစစ်အမှန် သိုင်းဂိုဏ်းကြားမှာ စစ်ပွဲတစ်ခု ဖြစ်လာရင် ငါတို့ ဘာလုပ်သင့်လဲဟင်။"

ထိုအခါ ချန်ရှင်းသည် မျက်လုံးများကို လှန်လိုက်ပြီး

"နင်က ဒါကို မေးနေသေးလားဟယ်။ သိသာတာပဲ။ ငါတို့က အစစ်အမှန်သိုင်းဂိုဏ်းကို ထောက်ခံရမှာပေါ့။ မင်းသားက ငါတို့ကို ဒီကို လွှတ်လိုက်တာက မင်းသားလေးကို ကာကွယ်ဖို့တင် မဟုတ်ဘူး။ သူက အစစ်အမှန်သိုင်းဂိုဏ်းအပေါ် မျှော်လင့်ချက် အကြီးကြီး ထားထားတာ။ မင်းသားလေးရဲ့ လုံခြုံရေးကို အာမခံနိုင်သရွေ့ ငါတို့က အစစ်အမှန်သိုင်းဂိုဏ်းကိုလည်း ကူညီရမယ်။"

"တကယ်လို့ အစစ်အမှန်သိုင်းဂိုဏ်းက တကယ်ကို တောင့်မခံနိုင်တော့ဘူးဆိုရင် မင်းသားရဲ့ နာမည်က အသုံးဝင်ပါသေးတယ်။"

ချန်ယွဲ့၏ မျက်လုံးများက ဝိုင်းစက်သွားသည်။

"အမ်..မင်းသားက ဒါကို ဘယ်တုန်းက ပြောလိုက်တာလဲ။"

"သူကငါ့ကို တိတ်တိတ်လေး ပြောခဲ့တာပေါ့။ နင်က စိတ်မချရဘူးလေ။ မင်းသားက ဒါကို ကောင်းကောင်းသိတယ်။"

ချန်ရှင်း၏ ဤသို့ စနောက်ခြင်းကို ခံလိုက်ရသောအခါ၊ ချန်ယွဲ့သည် ချက်ချင်းပင် ခါးသက်သော အပြုံးတစ်ခုကို ပြုံးလိုက်မိတော့သည်။

အဝေးတစ်နေရာ၌၊

ချင်ယွင်နှင့် တောင်ပိုင်းနယ်စပ် သူတော်စင်မလေးတို့သည် မျှော်စင်မြင့်တစ်ခုပေါ်မှ လှမ်းမျှော် ကြည့်ရှုနေကြ၏။ သူတို့၏ စူးရှသည့် အမြင်အာရုံဖြင့် ဤနေရာ၌ ဖြစ်ပျက်နေသမျှ အရာအားလုံးကို အလွယ်တကူ သိမြင်နိုင်ကြသည်။

တောင်ပိုင်းနယ်စပ် သူတော်စင်မလေးက သူမ၏ မျက်ခုံးများကို အနည်းငယ် ပင့်လိုက်သည်။

"အစစ်အမှန်သိုင်းဂိုဏ်းရဲ့ လုပ်ရပ်တွေက တကယ်ကို မထင်မှတ်ထားစရာပဲ။ သူတို့က သူတော်စင် ဆက်ခံသူလောင်း 'ချင်' လိုမျိုး ပါရမီရှင်တစ်ယောက်ကို မွေးထုတ်ပေးနိုင်တာ မဆန်းပါဘူး။"

သူမ၏ စကားများထဲ၌ ပေါ့ပေါ့ဆဆ လေသံတစ်ခု ပါဝင်နေသည်။ ယခင်က သူလျှိုများ ထည့်သွင်းရန် ကြိုးစားမှု မအောင်မြင်ပြီးနောက်၊ သူမသည် အခြားသော လှုပ်ရှားမှုများ ပြုလုပ်ရန် ပြင်ဆင်နေခဲ့သည်။ သို့သော် သူမ မလှုပ်ရှားရသေးမီမှာပင်၊ အစစ်အမှန်သိုင်းဂိုဏ်း တောင်ပိတ်လိုက်သော သတင်း ထွက်ပေါ်လာပြီး၊ ယခု သူတို့သည် ဓားသိုင်းရှာဖွေ စံအိမ်ကို စိန်ခေါ်လိုက်ပုံ ပေါ်သည်။

ချင်ယွင်သည် တောင်ပိုင်းနယ်စပ် သူတော်စင်မလေးကို ဒေါသတကြီး အေးစက်စွာ စိုက်ကြည့်လိုက်သည်။

"သူတော်စင်မလေး။ ကျွန်တော်က အစစ်အမှန်သိုင်းဂိုဏ်းရဲ့ အဖွဲ့ဝင် မဟုတ်တော့ဘူး။ ဒီကိစ္စကို ထပ်မပြောပါနဲ့တော့။ အချိန်ဖြုန်းနေမယ့်အစား ခင်ဗျားရဲ့ တောင်ပိုင်းနယ်စပ် မဟာမိတ်အဖွဲ့ ကိစ္စတွေကိုပဲ အာရုံစိုက်တာ ပိုကောင်းမယ်။"

တောင်ပိုင်းနယ်စပ် သူတော်စင်မလေးသည် လှည့်လာပြီး သူ၏အကြည့်နှင့် ဆုံလိုက်သည်။

သူတို့သည် ချစ်သူစုံတွဲ တစ်တွဲကဲ့သို့ အချင်းချင်း ကြည့်နေကြသော်လည်း၊ နူးညံ့မှုများ မပါဝင်ဘဲ၊ တောင်ပိုင်းနယ်စပ် သူတော်စင်မလေးက ပထမဆုံး ခစ်ခနဲ ရယ်မောလိုက်သည်။

ချင်ယွင်ကို စနောက်ရသည်ကို အမြဲတမ်း ပျော်စရာကောင်းသည်ဟု သူမ အဘယ်ကြောင့် ခံစားနေမိသည်ကို သူမကိုယ်တိုင်ပင် မသိခဲ့ပေ။

"ဒါက 'ယီယီ' ရဲ့ အမှားပါ။ သူတော်စင် ဆက်ခံသူလောင်း 'ချင်' ကျေးဇူးပြုပြီး စိတ်ကို လျှော့ပါရှင်။"

သူမသည် တောင်းပန်စကား ဆိုလိုက်ပြီး၊ သူမ၏ အမြဲတမ်း အေးစက်နေသော အသံသည် ရှားရှားပါးပါး နူးညံ့မှု အရိပ်အယောင် တစ်ခုကို ဆောင်သွားသည်။

ချင်ယွင်သည် သူ၏ ဦးခေါင်းကို လွှဲလိုက်သည်။

သို့သော် သူ၏ နှလုံးသားထဲ၌မူ၊ တောင်ပိုင်းနယ်စပ် သူတော်စင်မလေးရဲ့ နာမည်က 'ယီယီ' လို့ ခေါ်တာလားဟု မတွေးဘဲ မနေနိုင်ခဲ့ပေ။

တောင်ပိုင်းနယ်စပ် သူတော်စင်မလေးက စကားလမ်းကြောင်း ပြောင်းလိုက်သည်။

"သူတော်စင် ဆက်ခံသူလောင်း 'ချင်' က ဓားသိုင်းရှာဖွေ စံအိမ် ဘယ်လိုဖြစ်သွားမယ်လို့ ထင်ပါသလဲ။"

ချင်ယွင်က တည်ငြိမ်စွာပြောလိုက်၏။

"သူတို့ကြားမှာ တိုက်ပွဲတစ်ပွဲတော့ ဖြစ်ကို ဖြစ်ရမယ်။"

"ဒါဆို ဘယ်သူက အသာစီး ရနိုင်ခြေ ရှိသလဲရှင်။"

"အစစ်အမှန်သိုင်းဂိုဏ်းက ဒီအစပျိုးမှုကို လုပ်ခဲ့ကတည်းက ဒါ သူတို့က ဓားသိုင်းရှာဖွေ စံအိမ်ကို မကြောက်ဘူး။ 'နှလုံးသားစူးစမ်းခြင်းဓား' ကိုလည်း မကြောက်ဘူး ဆိုတဲ့ အဓိပ္ပာယ်ပါပဲ။"

ချင်ယွင်၏ စကားကို ကြားသောအခါ၊ တောင်ပိုင်းနယ်စပ် သူတော်စင်မလေး၏ မျက်ဝန်းလေးများ အရောင်လက် ဖြစ်သွားသည်။

"တကယ်လို့ ဒီလိုသာ ဆိုရင် 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' က 'မိုးကြိုးတုန်ဟီး ဓားမ အရှင်' ကို တိုက်ခိုက်ခဲ့တုန်းက ပြသခဲ့တဲ့ အစွမ်းသတ္တိလောက်နဲ့ မလုံလောက်နိုင်ဘူး။ ဖြစ်နိုင်တာက ဒီတစ်ခါ ကျွန်မတို့ တခြားသူတွေရဲ့ စွမ်းအားတွေကို အတုခိုးနိုင်တဲ့ နောက်ထပ် သိုင်းပညာရှင်ကြီး တစ်ယောက်ကို တွေ့မြင်ရနိုင်မလား။"

ထိုအခါ ချင်ယွင်သည် သူ၏ နှလုံးသားထဲ၌ တုန်လှုပ်သွားသော်လည်း၊ တုံ့ပြန်ခြင်း မပြုခဲ့ပေ။

တောင်ပိုင်းနယ်စပ် သူတော်စင်မလေးက သူမဘာသာ ဆက်လက်၍တီးတိုးရေရွတ်လိုက်သည်။

"တောင်ပိုင်းနယ်စပ်ရောရှင့်ရဲ့ မိစ္ဆာဂိုဏ်းရော ဘယ်သူ့ကိုမှ အလွယ်တကူ အရူးလုပ်လို့ မရနိုင်ပါဘူး။"

သူတို့၏ စကားပြောဆိုမှု အတောအတွင်းမှာပင်

အဝေးဆီမှ ကောင်းကင်ယံ၌ လှုပ်ရှားမှုများ စတင်လာခဲ့သည်။

မသဲမကွဲသော ပုံရိပ်အချို့သည် လေထဲမှတစ်ဆင့် ခြေလှမ်းလာနေသည်ကို တွေ့မြင်နိုင်ပြီး၊ မျက်စိတစ်မှိတ်အတွင်း ထိုပုံရိပ်များက အစစ်အမှန်သိုင်းမြို့တော်၏ ရှေ့မှောက်သို့ ရောက်ရှိလာကြသည်။

ချင်ယွင်နှင့် တောင်ပိုင်းနယ်စပ် သူတော်စင်မလေး နှစ်ဦးလုံးသည် သူတို့၏ အကြည့်များကို ထိုဦးတည်ရာသို့ စူးစိုက်လိုက်ကြသည်။

သူတို့မျှသာ မဟုတ်။ မျက်လုံးအားလုံးသည် ထိုနေရာသို့ ဆွဲငင်ခံလိုက်ရသည်။

ဦးဆောင်လာသော ပုံရိပ်မှာ ဆံပင်ဖြူဖြူနှင့် အဘိုးအို တစ်ဦးဖြစ်ပြီး သူ၏ အကြည့်များမှာ အေးစက် တည်ငြိမ်နေသည်။

ဓားကိုင်ဆောင်ထားခြင်း မရှိသော်လည်း လွှမ်းမိုးဖိနှိပ်နိုင်သော ထက်ရှမှု တစ်ခုကို ထုတ်လွှတ်နေကာ အခြားသူများ၏ မျက်လုံးများကို စူးရှစေပြီး တိုက်ရိုက် ကြည့်ရန်ပင် မစွမ်းနိုင်အောင် နာကျင်စေ၏။

တစ်စုံတစ်ယောက်က သူ့ကို မှတ်မိသွားသည်။

"အဲ့ဒါ 'နှလုံးသားစူးစမ်းခြင်းဓား' ဓားသိုင်းရှာဖွေ စံအိမ်ရဲ့ မဟာအကြီးအကဲ ကူချန်းဟဲ။"

"သူ သူ တကယ် တံခါးပိတ် ကျင့်ကြံနေရာကနေ ထွက်လာခဲ့ပြီ။ ဒီတစ်ခါတော့ ..တကယ် အလေးအနက်ဖြစ်ကုန်ပြီ။"

မျက်လုံးအများအပြားသည် ထိန်းချုပ်မရနိုင်ဘဲ ပြူးကျယ်ထွက်သွားပြီး၊ သူတို့၏ နှလုံးသားများမှာ ဗုံတီးနေသကဲ့သို့ ခုန်နေကြသည်။

ဤ ပြိုင်ဘက်ကင်း ပညာရှင်ကြီးသည် ကောင်းကင်ဘုံ လူသား အဆင့် စာရင်း၌ အဆင့် (၁၄) ချိတ်ထားပြီး၊ သက်ရှိ ဒဏ္ဍာရီတစ်ပါး ဖြစ်သည်။

ယခင်က လူအများသည် သူ ပေါ်လာနိုင်သည်ဟု တွေးထင်ခဲ့ကြသော်လည်း၊ ဖြစ်နိုင်ခြေ နည်းပါးသည်ဟု ယူဆခဲ့ကြပြီး၊ ဓားသိုင်းရှာဖွေ စံအိမ်၏ ဂိုဏ်းချုပ်နှင့် အခြားသော ကောင်းကင်ဘုံ လူသား အဆင့် ပုဂ္ဂိုလ်များကသာ ဤကိစ္စကို ကိုင်တွယ်လိမ့်မည်ဟု ထင်ထားခဲ့ကြသည်။

သို့သော် ယခု ကြည့်ရသည်မှာ၊

သူတို့ မှန်းဆခဲ့သည်မှာ မှားယွင်းသွားခဲ့ပြီ ဖြစ်သည်။ အစစ်အမှန်သိုင်းဂိုဏ်း သို့မဟုတ် 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ အလေးချိန်သည် သူတို့ ထင်ထားသည်ထက် ပိုမို ကြီးမားနေခဲ့သည်။

ကူချန်းဟဲ၏ ဘေးတွင်၊ ဓားသိုင်းရှာဖွေ စံအိမ်၏ ဂိုဏ်းချုပ် ထန်ချုံး၊ ကောင်းကင်ဘုံလူသားနယ်ပယ် အဖွဲ့ဝင် တစ်ဦး၊ နှင့် မူလအမြုတေ နယ်ပယ် အဖွဲ့ဝင် အများအပြား ပါဝင်ပြီး၊ ကြောက်မက်ဖွယ်ကောင်းသော တပ်ဖွဲ့တစ်ခု ဖြစ်သည်။

လူအများ၏ အပြည့်အဝ ကြည့်ရှုမှုအောက်မှာ.. ကူချန်းဟဲနှင့် အခြားသူများသည် အစစ်အမှန်သိုင်းမြို့တော်၏ တံခါးမုခ်ဆီသို့ ဖြည်းညင်းစွာ ချဉ်းကပ်လာသည်။

သူတို့သည် သနားစဖွယ် ပုံရိပ် (၂) ခုကို မော့ကြည့်လိုက်ကြသည်။

ကူချန်းဟဲ၏ မျက်နှာအမူအရာသည် တည်ငြိမ်၍ အေးစက်နေဆဲ

ဖြစ်သော်လည်း ထန်ချုံး၏ မျက်လုံးအိမ်များမှာမူ ကျုံ့သွားပြီး ဒေါသများ ထွက်ပေါ်လာသည်။

သူကိုယ်တိုင် ဤ (၂) ဦးကို အစစ်အမှန်သိုင်းတောင်သို့ စေလွှတ်ခဲ့ပြီး၊ ကြိုတင်၍ ဂရုတစိုက် သတိပေးခဲ့သည်။ အကယ်၍ သူတို့ အစစ်အမှန်သိုင်း အမွေအနှစ်နှင့် အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်၏ လျှို့ဝှက်ချက်များကို ယူဆောင်၍ ပြန်လာနိုင်ပါက၊ သူတို့သည် ဓားသိုင်းရှာဖွေ စံအိမ်၏ သူရဲကောင်းများ ဧကန်မလွဲ ဖြစ်လာလိမ့်မည်ဟု ကတိပေးထားခဲ့သည်။

သို့သော် မမျှော်လင့်ဘဲ၊ ပြန်လည် ဆုံတွေ့မှုသည် ဤမြင်ကွင်း၌ ဖြစ်နေခဲ့သည်။

ထိုသူလျှို (၂) ဦးသည် ထန်ချုံးကို မြင်တွေ့လိုက်ရသောအခါ အလွန် ဝမ်းမြောက်သွားကြသော်လည်း၊ ထုတ်ဖော် မပြရဲကြပေ။

မြို့တံခါးရှေ့၌၊ ပုံရိပ် အနည်းငယ် ချဉ်းကပ်လာသည်။

All Chapters