← Chapters

အေးဆေး လမ်းလျှောက်ခြင်း၊ ကူချန်းဟဲအား သတ်ဖြတ်ခြင်း (၄)

Vol. 14 Ch. 206

အေးဆေး လမ်းလျှောက်ခြင်း၊ ကူချန်းဟဲအား သတ်ဖြတ်ခြင်း (၄)

Vol. 14 Ch. 206

~လီလင်သည် သူ၏ဘေးမှ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ကို မကြည့်ရဲသော်လည်း၊ သူ၏ နှလုံးသားထဲ၌မူ၊ သူ၏ ဓားလမ်းစဉ်အပေါ်၌ အထွတ်အထိပ်သို့ ရောက်သော လေးစားမှုတစ်ခုကို ခံစားနေရသည်။

သူ ဓားသိုင်းပညာ လေ့ကျင့်လိုက်တိုင်း၊ ကြီးမားသော တိုးတက်မှုကို ရရှိခဲ့သည်။ ကျွမ်းချန်၏ ခြေလှမ်းများနှင့်အမီ လိုက်နိုင်ခြင်းမှာ၊ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ နောက်လိုက်၍ ဓားသိုင်းပညာ သင်ယူရခြင်းသည် လုံးဝ မရှိမဖြစ် လိုအပ်ခဲ့သည်။

'စီနီယာ ထျန်းကျန့်ကသာ ဒီလောက် တသီးတသန့် မနေခဲ့ရင် နေ့တိုင်း သူ့ဆီက ဓားသိုင်းပညာ သင်ယူချင်လိုက်တာ။'

ရုတ်တရက်၊

တောင်တံခါးဝမှ မိုးကြိုးထစ်ချုန်းသကဲ့သို့ ဒေါသတကြီး အော်ဟစ်သံတစ်ခု ပဲ့တင်ထပ်လာသည်။

"စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်။ တွေ့ဖို့ ထွက်လာခဲ့။"

လီလင်သည် အလိုအလျောက်ပင် ထိုဦးတည်ရာသို့ လှည့်ကြည့်လိုက်ပြီး၊ သူ့မျက်လုံးများ ပြူးကျယ်သွားရ၏။ ဓားဝတ်ရုံဖြူ ဝတ်ဆင်ထားသော အဘိုးအိုတစ်ဦး ဟင်းလင်းပြင်ထဲသို့ ခြေလှမ်းတက်လာပြီး၊ အစစ်အမှန်သိုင်း ဓားကျောက်စာတိုင် အထက်၌ ရပ်နေသည်ကို မသဲမကွဲ မြင်တွေ့လိုက်ရသည်။ လီလင် အနည်းငယ် ဒေါသထွက်သွား၏။

ဒါက စီနီယာာ ထျန်းကျန့်ကို အကြီးအကျယ် မလေးမစား လုပ်တာပဲ။

သို့သော် ချက်ချင်းပင်၊ သူ သဘောပေါက်လိုက်သည်။

ဤပုဂ္ဂိုလ်သည် အလွန်အမင်း သန်မာလှပြီး၊ မကြာသေးမီက အဖြစ်အပျက်များကို ထည့်သွင်းစဉ်းစားလိုက်လျှင်၊ သူ၏ ရှေ့မှ ပုဂ္ဂိုလ်၏ မည်သူမည်ဝါ ဖြစ်သည်ကို လီလင် အကြမ်းဖျင်း ခန့်မှန်းမိလိုက်သည်။

"ကောင်းကင်ဘုံ အဆင့်စာရင်း (၁၄) ကူချန်းဟဲ။"

လီလင်၏ အသက်ရှူသံများ ရပ်တန့်သွားသည်။

သို့သော် ချက်ချင်းပင် သူသည် နာကျင်သော မျက်နှာအမူအရာကို ပြသလိုက်ရ၏။ အကြောင်းမှာ ဓားချီတစ်ခုက သူ၏ လက်ကောက်ဝတ်ကို ထောက်လိုက်သောကြောင့် ဖြစ်သည်။

"ဓား လေ့ကျင့်။"

အေးစက်သော စကား (၂) လုံးသည် လီလင်အား ပေါ့ဆမှု မပြုလုပ်ရဲအောင် ဖြစ်စေသည်။

သို့သော် သူ၏ စိတ်အာရုံသည် ရှေ့သို့ မထိန်းနိုင်ဘဲ လွင့်မျောသွားသည်။

'ကူချန်းဟဲ အစစ်အမှန်သိုင်းတောင်ပေါ် တက်လာပြီ။ စီနီယာ ထျန်းကျန့် စိန်ခေါ်မှုကို တုံ့ပြန်မှာလား။'

ခဏမျှ လီလင်သည် အလွန် မျှော်လင့်တကြီး ဖြစ်သွားသည်။

စီနီယာ ထျန်းကျန့်က သူ့ကို ခေါ်သွားခဲ့ရင် ဘယ်လောက်တောင် ခန့်ညားလိုက်မလဲ။

အေးစက်သော အသံက လီလင်၏ လွင့်မျောနေသော အတွေးများကို ဖြတ်တောက်ကာ ဆက်လက် ထွက်ပေါ်လာသည်။

"ကောင်းကင်ဘုံ ဓားနည်းစနစ်ဆိုတာ ဓားသိုင်းပညာပဲ။ ဒါဟာ ဓားစိတ်ဆန္ဒ။ ပိုပြောရရင် ဓားလမ်းစဉ်ပဲ။ မင်း သင်ယူနေတဲ့ ဓားတိုင်းက ကောင်းကင်ဘုံ ဓားနည်းစနစ်ပဲ။"

ထိုအခါ လီလင်သည် ဤဝါကျကို ဂရုတစိုက် မှတ်သားလိုက်ပြီး လေးလေးနက်နက် နားလည် သဘောပေါက်အောင် ကြိုးစားလိုက်သည်။

စီနီယာ ထျန်းကျန့်သည် တစ်ဝက်တစ်ပျက်နှင့် လက်လျှော့ခြင်းကို မနှစ်သက်ကြောင်း သူ သိသည်။ ယခင်က ဤအတွက် သူ အပြစ်ပေးခံခဲ့ရပြီး ဖြစ်သောကြောင့်၊ ဓားလေ့ကျင့်မှု စတင်သည်နှင့်၊ သူ့ကို ရပ်တန့်ခွင့် မပြုတော့ပေ။

သူသည် ဓားသိုင်းပညာ လေ့ကျင့်မှုကို လိမ်လိမ်မာမာ အဆုံးသတ်လိုက်သည်။

နောက်ဆုံးတွင် မထိန်းနိုင်ဘဲ မေးလိုက်သည်။

"စီနီယာ ထျန်းကျန့်။ ကျွန်တော်တို့ တကယ် မသွားကြဘူးလား။"

ကူချန်းဟဲကဲ့သို့ ပြိုင်ဘက်ကင်း သခင်ကြီးတစ်ဦးကို အစစ်အမှန်သိုင်းဂိုဏ်း၌ မည်သူမျှ ယှဉ်နိုင်မည် မဟုတ်သည်မှာ သေချာသည်။ လီလင်သည် တောင်တံခါးဝမှ လာသော ပြင်းထန်သည့် လှုပ်ခတ်မှုများကို ခံစားမိနေပြီ ဖြစ်ပြီး၊ ကူချန်းဟဲ၏ အသံထဲ၌ သတ်ဖြတ်လိုစိတ်နှင့် ဒေါသများ ပါဝင်နေသည်ကို သူပင်လျှင် ပြောပြနိုင်နေသည်။

'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ အကြည့်များမှာ အလွန်ပင် အေးစက် တည်ငြိမ်နေသည်။

"ဒီနေ့ မင်းကို နောက်ထပ် ဓားတစ်ကွက် သင်ပေးမယ်။ သေချာ ကြည့်။"

လီလင်သည် အလိုအလျောက်ပင် ပြူးကျယ်သွားသည်။

သူ၏ ကိုယ်ပိုင်လက်ထဲမှ ဓားသည် မည်သို့မည်ပုံမှန်း မသိ၊ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ လက်ထဲသို့ ရောက်ရှိသွားသည်ကို သူ မြင်လိုက်ရသည်။

'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' သည် ရှေ့သို့ ပေါ့ပေါ့ဆဆပင် ဝှေ့ယမ်းလိုက်ရာ၊ အံ့အားသင့်ဖွယ် ဓားချီများ သို့မဟုတ် ပြိုင်ဘက်ကင်း ဓားစိတ်ဆန္ဒများ မပါဝင်ဘဲ၊ ဓားသွားသည် ဟင်းလင်းပြင်ကို ထူးခြားမှုမရှိဘဲ ခုတ်ပိုင်းလိုက်သကဲ့သို့ ဖြစ်နေသည်။

တာအိုရှာဖွေခြင်း ကျောင်းတော်၌၊ နင်ချီသည် မျက်လုံးများကို ဖွင့်လိုက်ပြီး၊ ခပ်ဖျော့ဖျော့ ပြုံးလိုက်ကာ၊ တောင်နောက်ဘက်သို့ တစ်ချက် လှမ်းကြည့်လိုက်ပြီးနောက်၊ တောင်တံခါးဝသို့ ထပ်မံ ကြည့်လိုက်သည်။ ထို့နောက် သူ၏ လက်ထဲမှ ပုံသဏ္ဌာန်မဲ့ဂိုဏ်းက ပေးပို့လိုက်သော တာအိုကျမ်းစာအုပ်ပေါ်သို့ အာရုံစိုက်လိုက်သည်။

သူသည်လည်း ဓားသိုင်းရှာဖွေ စံအိမ်မှ လူများ ယနေ့ ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။

သို့သော်လည်း၊

ဒါက ပြဿနာ အကြီးကြီး မဟုတ်ပါ။

ယခု သူ မူလအမြုတေ နယ်ပယ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သောကြောင့်၊ 'ပုံသဏ္ဌာန်မဲ့ ချီ ခန္ဓာ' ကို ယခင်ကဲ့သို့ ပေါ်ထွက်စေရန် မလိုအပ်တော့ပေ။

လီလင်သည် ဤဓားချက်ကို ကြောင်ငေး၍ စိုက်ကြည့်နေပြီး၊ သူ၏ မျက်လုံးများမှာ ရှုပ်ထွေးမှုများဖြင့် ပြည့်နှက်နေသည်။

သို့သော် ချက်ချင်းပင်၊

ဤရှုပ်ထွေးမှုသည် တုန်လှုပ်မှုအဖြစ်သို့ ပြောင်းလဲသွားသည်။

သူသည် အံ့ဩဖွယ် ဓားစိတ်ဆန္ဒတစ်ခု ကောင်းကင်သို့ တိုးတက်သွားသည်ကို ခံစားလိုက်ရသော်လည်း၊ ၎င်းသည် သူ၏ ရှေ့၌ မဟုတ်ဘဲ၊ တောင်တံခါးဝ၌ ဖြစ်သည်။

သူ အလိုအလျောက် လှည့်ကြည့်လိုက်သည်။

သူ မြင်လိုက်ရသည်မှာ၊ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ဤဓားကို ဝှေ့ယမ်းလိုက်ပြီးနောက်၊ လှုပ်ရှားမှုမရှိဘဲ တိတ်ဆိတ်နေခဲ့သော အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်သည် နောက်ဆုံးတွင် လှုပ်ရှားလာခဲ့သည်။

သူ၏ ကြောင်ငေးမိန်းမောနေမှုကြားတွင်၊ ဤဓားသည် လုံးဝ မရိုးရှင်းဘဲ၊ သူ နားမလည်နိုင်သော ဓားလမ်းစဉ်၏ အမြင့်ဆုံး နယ်ပယ်တစ်ခု ပါဝင်နေသည်ကို သဘောပေါက်သွားသည်။

ဤအခိုက်အတန့်တွင်၊ ဓားလမ်းစဉ်၏ မြင့်မားသော တောင်ထွတ်ကြီးသည် အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်မှတစ်ဆင့် ထောင့်တစ်ထောင့်ကို ဖော်ပြလိုက်ခြင်း ဖြစ်သည်။

"ဝီ..။"

ညင်သာသော တုန်ခါသံတစ်ခုသည် အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်မှ ထွက်ပေါ်လာပြီး၊ အစပိုင်းတွင် သိမ်မွေ့၍ မကြားနိုင်သော်လည်း၊ အသက်တစ်ရှိုက်အတွင်း၌၊ ၎င်းသည် တဟုန်ထိုး စီးဆင်းနေသော မြစ်ကြီးတစ်စင်းအဖြစ်သို့ ပြောင်းလဲသွားပြီး၊ ပတ်ပတ်လည်သို့ အဆက်မပြတ် တိုက်ခတ်သွားသည်။

ကူချန်းဟဲ တုန်လှုပ်သွားသည်။

လူတိုင်း တုန်လှုပ်သွားကြသည်။

သူတို့ မြင်တွေ့လိုက်ရသည်။

ကူချန်းဟဲ သူ၏ ဓားကို ဝှေ့ယမ်းလိုက်ပြီးနောက်၊ မူလက မလှုပ်မယှက် တည်ငြိမ်နေသော အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်သည် ရုတ်တရက် တုံ့ပြန်လာ၏၊ ပြိုင်ဘက်ကင်း ကောင်းကင်ခွင်းသော ဓားစိတ်ဆန္ဒတစ်ခု ၎င်းထံမှ ပေါက်ကွဲထွက်လာကာ၊ ကောင်းကင်မှ ဆင်းသက်လာသော နဂါးနတ်မင်းတစ်ပါး သို့မဟုတ် ပင်လယ်ထဲမှ ရုန်းကြွလာသော သားရဲကြီး တစ်ကောင်ကဲ့သို့ ဖြစ်နေသည်။

အားလှိုင်း လေပွေများသည် အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်ကို ဗဟိုပြု၍ အပြင်ဘက်သို့ တိုးထွက်သွားသည်။

ကူချန်းဟဲ၏ ထက်မြက်သော ဓားချီသည် မည်သည့် ခုခံမှုမျှ မရှိဘဲ၊ ချက်ချင်း ပြာမှုန်အဖြစ်သို့ ပြောင်းလဲသွား၏။

ကူချန်းဟဲ၏ မျက်နှာအမူအရာ လုံးဝ ပြောင်းလဲသွားပြီး၊ အလွန်အမင်း လေးနက်သွားသည်။

လူတိုင်း၏ မျက်လုံးများ ပို၍ပင် ပြူးကျယ်သွားကြသည်။

'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင် ပေါ်တောင် မလာသေးဘူး။ ဒါပေမဲ့ ကျောက်စာတိုင်က ထွက်လာတဲ့ ဓားစိတ်ဆန္ဒက ဒီလောက် ကြောက်စရာ ကောင်းနေပြီလား။'

လော့ဝမ်ထျန်း၏ မျက်လုံးများ တောက်ပစွာ လင်းလက်သွား၏။ သူက စိတ်ပိုင်းဆိုင်ရာ ပြင်ဆင်ထားသော လူအနည်းငယ်ထဲမှ တစ်ဦး ဖြစ်သည်။

လုံးဝ မျက်နှာပျက်သွားသော ကူချန်းဟဲကို ကြည့်ရင်း၊ သူသည် အလွန် ကျေနပ်မှုကို ခံစားလိုက်ရပြီး၊ ကျယ်လောင်စွာ ဟားတိုက်

ပစ်လိုက်ချင်မိသည်။

ဓားသိုင်းရှာဖွေ စံအိမ်မှ အဖွဲ့ဝင်များ မည်မျှ မောက်မာကြကြောင်း၊ အစစ်အမှန်သိုင်းတောင်၏ အခြေခံအုတ်မြစ်များစွာကို သူတို့၏ ပိုင်ဆိုင်မှုများအဖြစ် ရှုမြင်ခဲ့ကြပုံကို တောင်စောင့် တပည့်များထံမှ သူ ကြားသိပြီး ဖြစ်သည်။

ကူချန်းဟဲ၏ ဆံပင်ဖြူများက အရိုင်းဆန်စွာ လွင့်ပျံ၍ လာ၏။ မည်သည့်အရာကိုမျှ ချုပ်တည်းမထားတော့ဘဲ၊ 'နှလုံးသားစူးစမ်းခြင်း ဓားစိတ်ဆန္ဒ' က ဓားပေါင်းတစ်သောင်းကို လှုံ့ဆော်လိုက်ရာ၊ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားများ စုစည်းလာပြီး၊ တောင်များကို ခွဲနိုင်၊ မြစ်များကို ဖြတ်တောက်နိုင်စွမ်းရှိသော တန်ခိုးကြီး ဓားချီများအဖြစ်သို့ ပြောင်းလဲသွားသည်။

သူ ဒေါသတကြီး အော်ဟစ်လိုက်သည်။

"နည်းနည်းတော့ စွမ်းသားပဲ။ ဒါပေမဲ့ သက်မဲ့ အရာဝတ္ထုတွေ ရှေ့မှာ ဒီအဘိုးကြီးကို နောက်ဆုတ်စေချင်တာလား။ မဖြစ်နိုင်ဘူး။"

ကူချန်းဟဲမှာ အလွန် ဒေါသထွက်နေပြီး၊ စော်ကားခံလိုက်ရသည်ဟု ခံစားနေရသည်။

'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်က ထွက်မတွေ့ဘူးပေါ့လေ။ ဒါ ငါ့ကို အထင်သေးတာပဲ။ ဒီလို ဖြစ်မှတော့ တန်ရာတန်ကြေး အကြီးအကျယ် ပြန်ပေးဆပ်ရ စေမယ်။'

ကူချန်းဟဲသည် အစစ်အမှန်သိုင်းဂိုဏ်းမှ လူများကို စူးစူးရဲရဲ ကြည့်လိုက်ရာ၊ ကြောက်မက်ဖွယ် သတ်ဖြတ်လိုစိတ် တစ်ခု ပထမဆုံးအကြိမ်အဖြစ် မြင့်တက်လာသည်။

'ဒီအရှက်ကို သွေးနဲ့ပဲ ဆေးကြောလို့ ရမယ်။'

စိတ်ပိုင်းဖြတ်မှုနှင့်အတူ ဓားချီများသည် ကူချန်းဟဲ၏ ပတ်ပတ်လည်၌ သိပ်သည်းစွာ ပေါ်ထွက်လာပြီး၊ သူ့ကို ဓားနတ်ဘုရား တစ်ပါးကဲ့သို့ ဖြစ်စေကာ၊ မယုံနိုင်လောက်အောင် စွမ်းအားကြီးလှသည်။

ဓားချီများသည် အစစ်အမှန်သိုင်းဂိုဏ်း တစ်ခုလုံးကို ဦးတည်လျက်၊ အောက်သို့ တိုးဝင်လာရာ၊ တောင်ခြေရှိ လူတိုင်း၏ ဦးရေပြားများ ထုံကျဉ်သွားစေသည်။

သို့သော် လော့ဝမ်ထျန်းသည် ဓားချီများ၏ ရှေ့မှောက်၌ မကြောက်မရွံ့ ရပ်နေ၏။ သူက ‘နင်ချီ’ကို ယုံကြည်လေသည်။'

ထိုအခိုက်အတန့်၌ လူတိုင်းသည် အေးစက်သော နှာခေါင်းရှုံ့သံ တစ်ခုကို မသဲမကွဲ ကြားလိုက်ရသည်။

အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်သည် ပို၍ပင် တောက်ပလာပြီး၊ အားလှိုင်း လေပွေများသည် အလွန် လျင်မြန်သော အရှိန်ဖြင့် ပျံ့နှံ့သွားသည်။

ကူချန်းဟဲ၏ သိပ်သည်းစွာ တဝီဝီ မြည်နေသော ဓားချီများသည် ချက်ချင်း ပြာကျသွားပြီး၊ ကျန်ရှိသော အစအန အနည်းငယ်မှာမူ အစစ်အမှန်သိုင်းဂိုဏ်းမှ လူများ၏ အဝတ်အစားများပေါ်သို့ ဖြတ်သန်းတိုက်ခတ်သွားသော လေပြေညင်းလေး တစ်ခုသဖွယ် ဖြစ်သွားတော့သည်။

All Chapters