← Chapters

အေးဆေး လမ်းလျှောက်ခြင်း၊ ကူချန်းဟဲအား သတ်ဖြတ်ခြင်း (၅)

Vol. 14 Ch. 207

အေးဆေး လမ်းလျှောက်ခြင်း၊ ကူချန်းဟဲအား သတ်ဖြတ်ခြင်း (၅)

Vol. 14 Ch. 207

~"ဒီလေက မမျှော်လင့်ဘဲ သက်တောင့်သက်သာ ရှိနေသလိုပဲ။"

ကျွမ်းချန်က မယုံနိုင်သလောက် ဖြစ်နေဟန်ဖြင့် ပြောလိုက်သည်။

ထိုစကားကြောင့် လူတိုင်းသည် သူတို့၏ နှုတ်ခမ်းများကို အပြုံးတစ်ခုအဖြစ် အလိုအလျောက် တွန့်ကွေးမိသွား၏။

တောင်ကြားအောက်တွင်၊ လူတိုင်းမှာ အံ့အားသင့်ကာ ကြက်သေသေနေကြပြီ ဖြစ်၏။ ဤပြိုင်ဘက်ကင်း သူရဲကောင်းများကြားမှ တိုက်ပွဲသည် အမှန်တကယ်ပင် သည်းထိတ်ရင်ဖို ဖြစ်သော်လည်း၊ ရလဒ်မှာမူ ဤနှစ်ဦးကြား၌ အဆုံးအဖြတ် ပေါ်သွားခဲ့လေပြီ။

တောင်ပိုင်းနယ်စပ် သူတော်စင်မလေးသည် မယုံနိုင်သော အမူအရာတစ်ခုကို ပြသလိုက်သည်။

"ဖြစ်နိုင်တာက 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' မှာ ကောင်းကင်ဘုံ လူသား အဆင့် စာရင်းရဲ့ ထိပ်ဆုံး (၁၀) ယောက်နား ကပ်တဲ့ အစွမ်းသတ္တိတွေ ပိုင်ဆိုင်ထားတာလား။"

ဤသည်မှာ သူမ၏ မျှော်လင့်ချက်များထက် များစွာ ကျော်လွန်သွားခဲ့ လေသည်။ မူလက၊ သူမသည် အစစ်အမှန်သိုင်းဂိုဏ်း၏ ဝှက်ဖုံးထားသော ပညာရှင်ကြီးများ ရန်သူကို ရင်ဆိုင်ရန် အတူတကွ ထွက်လာသည်ကို မြင်တွေ့ရလိမ့်မည်ဟု ထင်ထားခဲ့၏။ သို့သော် အဖြစ်အပျက်များ၏ တိုးတက်မှုက သူမအား တစ်စုံတစ်ခု မှားယွင်းနေသည်ကို သဘောပေါက်သွားစေခဲ့သည်။

ကူချန်းဟဲသည် ဒေါသတကြီး ဖြစ်သွားသည်။

သို့သော်လည်း နောက်တစ်ခဏ၌၊ သူ၏ ခန္ဓာကိုယ်သည် ကျောက်ရုပ်ကြီးပမာ မလှုပ်မယှက် တောင့်တင်းသွားတော့၏။

ကြောက်မက်ဖွယ် ဓားစိတ်ဆန္ဒတစ်ခုက သူ့အပေါ်သို့ တိတိကျကျ ပစ်မှတ်ထား ပိတ်ဆို့လိုက်လေပြီ။ အစစ်အမှန်သိုင်းဂိုဏ်းမှ လူများကို သူ ဂရုစိုက်နိုင်စွမ်း မရှိတော့သည့်အပြင်၊ မူလက သူ၏ဘေး၌ မျောလွင့်နေသော ဦးခေါင်း (၂) လုံးပင်လျှင် ချက်ချင်း သွေးမှုန်များအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။ အချို့မှာ သူ၏ ဝတ်ရုံပေါ်၌ စွန်းထင်းသွားသော်လည်း၊ ၎င်းကို ဂရုပြုနိုင်ရန် သူ့၌ အချိန်မရှိတော့ပေ။

ကူချန်းဟဲ၏ မျက်လုံးများထဲ၌ ထိတ်လန့်တုန်လှုပ်မှု မှု တစ်ခု ပေါ်လာသည်။

"ဒီလောက် ကြောက်စရာကောင်းတဲ့ ဓားစိတ်ဆန္ဒမျိုး ဘယ်လိုလုပ် ရှိနိုင်ရတာလဲ။ ဒါ ဒါ ဓားသူတော်စင် ပေါ်ထွက်လာတာ များလား။"

သို့သော် သူချက်ချင်းပင် သူ့ကိုယ်သူ အားပေးလိုက်သည်။

"ဟင့်အင်း၊ ဒါ ဓားစိတ်ဆန္ဒ သက်သက်ပဲ။ လုံလောက်တဲ့ အစွမ်းသတ္တိ မရှိဘဲနဲ့ ဒါက ကြီးကြီးမားမား ဖျက်ဆီးနိုင်စွမ်း ရှိမှာ မဟုတ်ဘူး။"

ထန်ချုံး ယခင်က ပြောခဲ့သော ကောလာဟလများကို

ကူချန်းဟဲ ပြန်သတိရလိုက်မိသည်။ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ ဓားစိတ်ဆန္ဒသည် ပြိုင်ဘက်ကင်းသော်လည်း၊ သူ၏ သက်တမ်းမှာ ကန့်သတ်ချက်ရှိနေပြီး၊ သူ၏ ကျင့်ကြံမှုမှာလည်း ထိပ်တန်း မဟုတ်ဟူ၍။

သို့သော် ဤအတွေး ပေါ်ပေါက်လာသည်နှင့်၊

ကူချန်းဟဲ၏ မျက်လုံးများ ပြူးကျယ်သွားရ၏။

"အုန်း။"

ဧရာမ ပေါက်ကွဲသံကြီး တစ်ခု ကောင်းကင်ယံအမြင့်မှ ပဲ့တင်ထပ်လာရာ၊ လူတိုင်း အလိုအလျောက် မော့ကြည့်လိုက်ကြသည်။

ကြည့်နေသူများထဲမှ ချန်ရှင်းနှင့် ချန်ယွဲ့တို့မှာ ကျောက်ဆစ်ရုပ်မာ ဖြစ်သွားကြပြီး၊ သူမတို့၏ စိတ်ထဲ၌ အတွေး တစ်ခုတည်းသာ ရှိတော့သည်။

‘ကောင်းကင်ဘုံလူသားနယ်ပယ် ချင်း တူတာတောင် ဘယ်လိုလုပ် ဒီလောက် ကြီးမားတဲ့ ကွာခြားမှု ရှိနိုင်ရတာလဲ။’

ကောင်းကင်များထက်ဝယ်၊ ရေလွှမ်းမိုးနဂါးများကဲ့သို့သော မိုးကြိုးများ ဆွဲငင်ခံလိုက်ရပြီး၊ ရုတ်တရက် အစစ်အမှန်သိုင်း ဓားကျောက်စာတိုင်ထဲသို့ ပေါင်းစပ် ဝင်ရောက်သွားသည်။

ထို့နောက်၊ ဓားကျောက်စာတိုင် အတွင်းရှိ ပြိုင်ဘက်ကင်း ဓားစိတ်ဆန္ဒ၏ လမ်းညွှန်မှုအောက်တွင်၊ ကောင်းကင်ဘုံဓားများသည် ကောင်းကင်သို့ တိုးတက် ပျံသန်းသွားကြတော့၏။

ဤမြင်ကွင်းသည် လူတိုင်းကို အံ့အားသင့်သွားစေသည်။ ကြိုတင် ပြင်ဆင်ထားခဲ့သော လော့ဝမ်ထျန်းပင်လျှင် ငိုင်၍ သွားခဲ့ရသည်။

ဓားကျောက်စာတိုင်က ကောင်းကင်မိုးကြိုးကို ဆွဲယူပြီး၊ မိုးကြိုးကို ကောင်းကင်ဘုံဓားများအဖြစ် ပြောင်းလဲပစ်လိုက်သည်။ ဤမြင်ကွင်းကား ကြားပင် မကြားဖူးခဲ့ပေ။

နူးညံ့သော မိုးကြိုးအလင်းတန်း ထုတ်လွှတ်နေသည့် ဓားများသည် ကောင်းကင်ယံကို ဖြတ်သန်းသွားပြီး၊ ကူချန်းဟဲအား တင်းကျပ်စွာ ပိတ်ဆို့ထားလိုက်၏။

သူသည် အတက်အဆင်း လမ်းမရှိတော့ဘဲ၊ သူ၏ နဖူး၌ ချွေးများ စုပုံလာကာ၊ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ၏ စွမ်းအားကို အလွန်အမင်း လျှော့တွက်ခဲ့မိကြောင်း သဘောပေါက်သွားတော့သည်။

"ဒီလို ကြောက်စရာကောင်းတဲ့ သားရဲ၊ ကမ္ဘာ့ထိပ်တန်း ဓားသမားနေရာအတွက် 'နေကို လိုက်သော ဓားဘုရင်' နဲ့ ယှဉ်ပြိုင်နိုင်လောက်တယ် မဟုတ်လား။"

"ကောင်းကင်ဘုံဓား (၃၆) လက်။"

တစ်စုံတစ်ယောက်က မသိစိတ်ဖြင့် မသိမသာ ရေရွတ် လိုက်သည်။

ယခင် 'မိုးကြိုးတုန်ဟီး ဓားမ အရှင်' နှင့် တိုက်ပွဲအတွင်းက၊ ကောင်းကင်ဘုံဓား ပြောင်းလဲခြင်း (၉) လက်သာ ရှိခဲ့သည်။

သို့သော် ယခု 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' ပေါ်မလာသေးဘဲလျက်၊ ကောင်းကင်ဘုံဓား (၃၆) လက် ပေါ်ထွက်လာခဲ့သည်။ ကွာခြားမှုမှာ အံ့မခန်းဖြစ်ပြီး၊ 'စစ်မှန်သူ ကောင်းကင်ဘုံဓားသခင်' သည် ယခင်က သူ၏ အစွမ်းကုန် မထုတ်သုံးခဲ့ကြောင်း လူတိုင်း သဘောပေါက်သွားကြသည်။

ကူချန်းဟဲ၏ ခန္ဓာကိုယ် တုန်လှုပ်သွားပြီး၊ ဒေါသတကြီး မာန်သွင်းလိုက်သည်။ ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို ဓားချီအဖြစ်သို့ အကောင်းဆုံး ကြိုးစား လှည့်ပတ်ကာ၊ ထို ကောင်းကင်ဘုံဓား (၃၆) လက်ကို တားဆီးရန် ကြိုးပမ်းလျက်၊ ထိုင်၍ အသေခံရန် ဆန္ဒမရှိခဲ့ပေ။

သို့သော် အချည်းနှီးသာ ဖြစ်ခဲ့သည်။ ကောင်းကင်ဘုံဓား (၃၆) လက်သည် အနည်းငယ် တုန်ခါသွားသည်။

ထို့နောက် ဆန်းကြယ် မြင်ကွင်း မျိုးစုံအသွင် ပြောင်းလဲသွားပြီး၊ ကူချန်းဟဲ၏ စိတ်ဓာတ်ကျဆင်း ညှိုးရော်နေသော အကြည့်ထဲတွင်၊ အံ့ဩဖွယ် ဓားအခင်းအကျင်း

တစ်ခုအဖြစ်သို့ ထပ်မံ ပြောင်းလဲသွားလေသည်။

တစ်ခုတည်းသော ကောင်းကင်ဘုံဓားသည်ပင် ကြောက်ရွံ့မှုကို ဖြစ်စေရန် လုံလောက်နေပြီ ဖြစ်ရာ၊ 'ကောင်းကင် တာရာ ဓားအခင်းအကျင်း' အဖြစ်သို့ ပြောင်းလဲသွားသည်ကို ဆိုဖွယ်ရာ မရှိတော့ပေ။

နင်ချီသည် မိုးကြိုးကို ဆွဲယူရန် 'ကောင်းကင်မိုးကြိုး နည်းစနစ်' ကို အသုံးပြုခဲ့ခြင်း ဖြစ်၏၊ ၎င်းကို ဓားချီအဖြစ် ပိုင်းခြားကာ၊ ကြားခံတစ်ခုအဖြစ် 'ချီ' ၏ အစိတ်အပိုင်းအချို့ကိုသာ သုံးစွဲရန် လိုအပ်သည်။

ဒါက သူ မကြာသေးမီက ရှာဖွေတွေ့ရှိခဲ့သော အသုံးချမှု အသစ်တစ်ခုဖြစ်ပြီး၊ ကူချန်းဟဲသည် ၎င်းကို ပထမဆုံး တွေ့ကြုံခံစားရသူ ဖြစ်လာခဲ့သည်။

“ဝူး…ဝူး..ဝူး…”

ကောင်းကင်ဘုံဓားများ မြည်ဟည်းလာ လေသည်။

ကူချန်းဟဲ ရပ်နေသော ဟင်းလင်းပြင်ကို လုံးဝ ဓားရိပ်များ ဖုံးလွှမ်း သွား၏။ ဓားချီများ အဆက်မပြတ် ပေါက်ကွဲထွက်လာသည်။

သို့သော် မကြာမီပင် ၎င်းသည် ရပ်တန့်သွားသည်။

လူတိုင်းသည် မျက်လုံးများကို အားစိုက်၍ ထိုနေရာသို့ ကြည့်လိုက်ကြရာ၊ ဓားချီတစ်ချက် ယှက်သန်းသွားသည်ကိုသာ မြင်လိုက်ရပြီး၊ တပြိုင်နက် ကူချန်းဟဲ၏ ခန္ဓာကိုယ်သည် (၂) ပိုင်း ပြတ်သွားလေပြီ။

ဓားသိုင်းရှာဖွေ စံအိမ်မှ အဖွဲ့ဝင်များ ငိုယိုကာ ဝမ်းနည်းစွာ အော်ဟစ်ကြသည်။ အခြား ကောင်းကင်ဘုံလူသားနယ်ပယ် ပုဂ္ဂိုလ်တစ်ဦးသည် ကူချန်းဟဲ၏ အလောင်းကို ဖမ်းယူရန် ခုန်ပျံတိုက်ခိုက် တက်သွားသော်လည်း၊ နောက်ထပ် ဓားချီ တစ်ချက်၏ ရိုက်ခတ်ခြင်းကို ခံလိုက်ရပြီး၊ ချက်ချင်းပင် သေဆုံးသွားတော့၏။

ထို့နောက်တွင်၊ ဓားသိုင်းရှာဖွေ စံအိမ်မှ လူအားလုံး သေဆုံးသွားကြပြီး၊ ထန်ချုံး တစ်ဦးတည်းသာ ထိုနေရာ၌ ရပ်ကျန်ခဲ့ကာ၊ သူ၏ ခန္ဓာကိုယ်မှာ သစ်ရွက်တစ်ရွက်ကဲ့သို့ တုန်ယင်နေတော့သည်။

တောင်နောက်ဘက်ဝယ်၊

လီလင်သည် ကူချန်းဟဲ၏ ပြုတ်ကျလာသော ခန္ဓာကိုယ်ကို ကြည့်ရင်း၊ လက်တွေ့မကျသလို ခံစားနေရသည်။

"ဒါ ဒါ တကယ် ကောင်းကင်ဘုံ လူသား အဆင့် စာရင်းမှာ အဆင့် (၁၄) ချိတ်ထားတဲ့ ပြိုင်ဘက်ကင်း သူရဲကောင်း ဟုတ်ရဲ့လား။"

"ငါ့အဖေတောင် ဒီလောက် လွယ်လွယ်ကူကူနဲ့ ဒါကို လုပ်နိုင်မှာ မဟုတ်ဘူး ထင်တယ်။"

သူ၏ ဘေး၌၊ ခံစားချက်မရှိသော အေးစက်သည့် အသံတစ်ခု ထွက်ပေါ်လာသည်။

"မင်းရဲ့ ဓားလေ့ကျင့်မှုကို ဆက်လုပ်။"

လီလင်သည် သစ်သားတုံးတစ်တုံးကဲ့သို့၊ အလိုအလျောက်ပင် သူ၏ လက်ထဲမှ ဓားကို ဝှေ့ယမ်းလိုက်သည်။ ခဏအကြာတွင်၊ သူ၏ မျက်လုံးများ၌ တောင့်တမှု အရိပ်အယောင်တစ်ခု ထွက်ပေါ်လာပြီး၊ ခေါင်းမော့ကာ မေးလိုက်သည်။

“စီနီယာ ထျန်းကျန့်။ တစ်နေ့နေ့မှာ ကျွန်တော် ခင်ဗျားလောက် သန်မာလာနိုင်ပါ့မလားခင်ဗျ”

အေးစက်သော အသံသည် ခဏမျှ ရပ်တန့်သွားပြီး၊ ထို့နောက် ပြန်ဖြေသည်။

"မင်း ဖြစ်လာမှာပါ။"

လီလင် တောက်ပစွာ ပြုံးလိုက်သည်။

သူ၏ ဓားလေ့ကျင့်ရန် စိတ်အားထက်သန်မှုသည် ယခင်ကထက် ပိုမို ပြင်းထန်ခဲ့သည်မှာ ဘယ်သောအခါမျှ မရှိခဲ့ဖူးတော့ပေ။

All Chapters