← Chapters

ယင်နတ်ဘုရားတွေက အင်အားကြီးလွန်းတယ်၊ ငါကြယ်တွေကို ဝါးမျိုမှရတော့မယ်

Vol. 13 Ch. 156

ယင်နတ်ဘုရားတွေက အင်အားကြီးလွန်းတယ်၊ ငါကြယ်တွေကို ဝါးမျိုမှရတော့မယ်

Vol. 13 Ch. 156

သုံးရက်ကြာပြီးနောက်.....

ကျိယွမ်သည် သိုလှောင်အိတ်ထဲတွင်ရှိသော များပြားလှသည့် နည်းစနစ်များကို ကြည့်ပြီး ဝမ်းမြောက်ဝမ်းသာ ပြုံးလိုက်သည်။

“မျှော်လင့်ထားတဲ့အတိုင်းပဲ၊ လက်အောက်ခံတွေ ရှိတာတော်တော်ကောင်းတယ်။”

“လျူဖုန်းနယ်မြေက နည်းစနစ်တွေကသာ အသုံးဝင်မယ်ဆိုရင် ပိုတောင်ကောင်းမှာ။”

“ထားတော့...ဒီလောက်များတဲ့ နည်းစနစ်တွေနဲ့ဆိုရင် ကျိယွမ်ကျမ်းရဲ့ အဆင့်မြင့်စိတ်ဝိညာဉ်အခန်းကို တိုးတက်အောင်လုပ်လို့လည်း ရသလို ငါ့ရဲ့အမြုတေကိုလည်း အလယ်အလတ်အဆင့်ကို တက်လှမ်းဖို့ လုံလောက်မယ်ထင်တာပဲ"

ကျိယွမ်က သို့လှောင်အိတ်ထဲမှ နည်းစနစ်များကိုတစ်ခုချင်း ထုတ်ယူကြည့်ရင်းမှ စဉ်းစားသည်။

အမြုတေလမ်းစဉ်သည် ကျိယွမ်အတွက် အဆုံးမရှိသော တွင်းနက်ကြီးနှင့် တူလှသည်။ စကြဝဠာထဲတွင် ဂြိုဟ်များနှင့် ကြယ်များ အရေအတွက်မည်မျှရှိသည်ကို သူမသိပါ။ ၎င်းတို့အားလုံးကို ဝါးမျိုပစ်ရန်ဆိုသည်မှာ အလွန်မလွယ်ကူသော အလုပ်ဖြစ်သည်။

"ဒါပေမဲ့ အခုဆိုရင် ငါ့ရဲ့စစ်မှန်နေမင်းမီးတောက်ကလည်း တိုးတက်လာပြီဆိုတော့ ဂြိုဟ်အနည်းငယ်ကို ဝါးမျိုနိုင်ဖို့ အဆင်ပြေမယ်ထင်တာပဲ"

ကျိယွမ်သည် သူ၏မူလဒန်တျန်ထဲသို့ စစ်ဆေးလိုက်၏။ထိုနေရာတွင် အမြုတေ၏ပုံရိပ်တစ်ခုသည် တောက်ပသော မီးတောက်များဖြင့် အဆက်မပြတ် လောင်ကျွမ်းနေသည်။

ကမ္ဘာပေါ်မှတစ်ရက်သည် ကောင်းကင်ဘုံတွင် အနှစ်တစ်ရာ ဖြစ်သည်။ သူ၏အမြုတေက ဂြိုဟ်အချို့ကို စတင်ဝါးမျိုရန် သိပ်ကြာကြာမစောင့်ရတော့ဟု သူတွေးမိလေ၏။

လောလောဆယ်တော့ ငါရထားတဲ့နည်းစနစ်တွေကို အာရုံစိုက်ထားပဲ ကောင်းပါတယ်၊ အလှမ်းကျယ် အလယ်လပ်တဲ့ ၊ လောဘမကြီးမသင့်ဘူး ၊ တစ်ဆင့်ချင်း သွားရမှာပဲ။

နောက်ထပ် မစဉ်းစားတော့ဘဲ ကျိယွမ်သည် သူရရှိထားသော နည်းစနစ်များထဲသို့ အပြည့်အဝ အာရုံနစ်မြုပ်သွားလေသည်။

.............

သာ့ရှန်းတိုင်းပြည် ၊ ရှန်ကွမ်းဂိုဏ်းတွင်ဖြစ်သည်။

ကောင်းကင်ဘုံဆေးဝါးတောင်ထိပ်မှ အကြီးအကဲရွှမ်ချုန်းမျက်နှာပျက်နေသလို ဂိုဏ်းချုပ်ကြီးကုမူသည်လည်း ထူးမခြားနားပေ။သူလည်း သိသိသာသာ မျက်နှာပျက်ယွင်းနေ၏။

သူတို့နှစ်ဦး၏ ရှေ့တွင် အဖြူရောင်ဝတ်စုံဝတ်ထားသော လူငယ်တစ်ဦးက ခန့်ညားစွာ ရပ်နေ၏။

“ဂိုဏ်းချုပ်ကြီး ကုမူ၊ ခင်ဗျားနဲ့ ကျွန်တော်က တစ်မျိုးနွယ်တည်း ဖြစ်တယ်၊ ဘာလို့ ခင်ဗျားကို ကျွန်တော် လိမ်ရမှာလဲ။ ပြီးတော့ အကြီးအကဲရွှမ်ချုန်း ၊ ကျွန်တော်တို့ သုံးယောက်လုံးဟာ သစ်သားမျိုးနွယ်က လာသူတွေဆိုတော့ သစ်သားမျိုးနွယ်ရဲ့ အကျိုးစီးပွားကို ဦးစားပေးသင့်တယ်မဟုတ်လား”

မူကုန်းဟု အမည်ရသော အဖြူရောင်ဝတ် လူငယ်က သူ၏တောင်းဆိုမှုက အလဃန်ဖြစ်သင့်သော ကိစ္စတစ်ခုလို ပြောလိုက်သည်။

အတိတ်တွင် ဟုန်လျန်က သစ်သားမျိုးနွယ်ကို သုတ်သင်ချိန်၌ မူကုန်းသည် မျိုးနွယ်ထဲတွင်မရှိဘဲ အပြင်ရောက်နေသဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့သည်။

ဂိုဏ်းချုပ်ကြီးကုမူက မူကုန်းကို ဒေါသတကြီးကြည့်ကာ အော်ဟစ်လိုက်၏။

“သစ်သားမျိုးနွယ်ရဲ့ အကျိုးစီးပွားလား၊ မင်းရဲ့ ကိုယ်ကျိုးစီးပွားကို ဆိုလိုတာလားဆိုတာ လူတိုင်းသိနိုင်တယ်”

မူကုန်းသည် အေးဆေးစွာပြုံးလျှက် တုန့်ပြန်သည်။

“ခင်ဗျားရဲ့ အရည်အချင်းနဲ့ကတော့..ဂိုဏ်းချုပ်ကုမူ ၊ ခင်ဗျား ဘယ်တော့မှ ခရမ်းရောင်နန်းတော်အဆင့်ကို ရောက်နိုင်မှာလဲ ၊ ကျွန်တော့်ရဲ့ ဆရာဖြစ်တဲ့ ဓားနီဂိုဏ်းရဲ့ အမြင့်ဆုံးအကြီးအကဲက ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူနော် ။ ခင်ဗျားသာ မူလဘူတသစ်သားမျိုးနွယ်ကျမ်းကို ပေးအပ်ပြီး သာ့ရှန်းကလည်း ဓားနီဂိုဏ်းကို အမှုထမ်းမယ်ဆိုရင်၊ ကျွန်တော့်ဆရာက ဒဏ်ရာတွေကနေ သက်သာလာတဲ့အချိန် သစ်သားမျိုးနွယ်အတွက် လက်စားချေပေးလိမ့်မယ်”

အမှန်တွင် မူကုန်းက ရှန်ကွမ်းဂိုဏ်းအား အေးဓားပြတိုက်နေခြင်းဖြစ်သည်။သိူ့သော် သူကဓားပြတိုက်သည့်လုပ်ရပ်ကို ဘုရားတည်သည့်လုပ်ရပ်တစ်ခုအလား အခိုင်အမာပြောနေ၏။

ဂိုဏ်းချုပ်ကြီးကုမူ၏မျက်နှာ မည်းမှောင်သွားသည်။

ဓားနီဂိုဏ်းသည် သာ့ရှန်ကို ဟိုးယခင်အချိန်းများကတည်းက လိုချင်တပ်မက်ခဲ့ခြင်းပင်။

နဂါးလုပွဲကျင်းပစဥ်က သာ့ရှန်းဧကရာဇ်၏ လုပ်ရပ်များနောက်ကွယ်တွင် ဓားနီဂိုဏ်း၏ ခြေရာလက်ရာများ ရှိခဲ့သည်။ ယခု သူတို့၏မူလအစီအစဥ်က မအောင်မြင်သောကြောင့်၊ မူကုန်းကို ထပ်မံစေလွှတ်ပြီး နောက်ထပ်ဇာတ်လမ်းတစ်မျိုးကို ဖန်တီးခြင်းများလားဟု သူစဉ်းစားမိသည်။

“ဂိုဏ်းချုပ်ကုမူ ၊ သုံးရက်အတွင်း အဖြေပေးပါ။ မဟုတ်ရင် ကျွန်တော့်ဆရာ ကိုယ်တိုင် ဒီကို လာပါလိမ့်မယ်၊ ဒါပေမဲ့ သူကိုယ်တိုင်လာရရင်တော့ ဒီလို အကျိုးသင့်အကြောင်းသင့်စကားတွေ ပြောနေမှာ မဟုတ်တော့ဘူး"

မူကုန်းက ထိုသို့ခြိမ်းခြောက်ပြီးနောက် ဆက်ပြောပြန်၏။

"ဒီနေ့ ကျွန်တော်... ကျိစယ်တောင်ထွတ် မှာ နေမယ်။ တောင်ထိပ်သခင်မက အံ့မခန်းလှပတယ်လို့ သတင်းကြီးနေတော့ ရောက်တုန်းရောက်ခိုက် သူ့ရဲ့အလှအပလေးတွေကို တွေ့မြင်ခွင့်လေးများရမလား ကြည့်ရသေးတာပေါ့"

မည်းမှောင်နေသော ဂိုဏ်းချုပ်ကြီးကုမူ၏ မျက်နှာက ပြာနှမ်းသွားလေသည်။

"ကျိစယ်တောင်ထိပ်သခင်မက တံခါးပိတ် ကျင့်ကြံနေတယ်၊ ဧည့်သည် မတွေ့ဘူး”

ကျိစယ်တောင်ထွတ်မှနန်းတော်ထဲတွင် နေထိုင်သူ မရှိခဲ့သည်မှာ အလွန်ကြာမြင့်နေခဲ့ပြီကို သူ မသိပါ။

ထို့ကြောင့် အသည်းအသန်တားမြစ်လိုက်သည်။

“ဘယ်လောက် ဝမ်းနည်းစရာ ကောင်းလိုက်လဲ”

မူကုန်းက စိတ်မကောင်းဖြစ်ဟန်ဖြင့် ခေါင်းယမ်းသည်။

သူသည် အားနည်းသူ ဖြစ်သည်၊ အမြုတေအဆင့်သာရှိသဖြင့် ကျိစယ်သခင်မရွမ်ယူချမ်းကို ​ လွန်လွန်ကျူးကျူး ရန်စခြင်းမျိုးတော့ မလုပ်ရဲပါ။

သို့သော်... သူ့ဆရာ ရောက်လာသောအခါ အခြေအနေ ပြောင်းသွားနိုင်သည်။

“ဂိုဏ်းချုပ်ကုမူ ၊ ရွှမ်ချုန်း အကြီးအကဲ၊ သေချာစဉ်းစားပြီး ပိုအရေးကြီးတဲ့အခြေအနေကို သဘောပေါက်ကြပါ။ မျက်တောင်တစ်ဆုံးတင်မကြည့်ဘဲ မျက်စိတစ်ဆုံးကြည့်သင့်တယ် ၊ ကျွန်တော့်ဆရာဆီကို သုံးရက်အတွင်းမှာမှ ကျွန်တော့်ရဲ့သတင်းစကား မရောက်ဘူးဆိုရင်၊ သူကိုယ်တိုင် ရှန်ကွမ်းဂိုဏ်းကို လာပါလိမ့်မယ်”

ထိုသို့ ပြောပြီးနောက် မူကုန်းသည် သူတို့အား အထက်စီးဆန်စွာပြုံးပြပြီး ကျိစယ်တောင်ထွတ်ဘက်သို့ လျှောက်သွားလေသည်။

ဂိုဏ်းချုပ်ကြီးကုမူနှင့် အကြီးအကဲရွှမ်ချုန်းတို့သည် ခန်းမထဲတွင် ရပ်ကျန်နေခဲ့ကြပြီး သူတို့၏ မျက်နှာထားများက ခံပြင်းမှုနှင့်အတူ ဒေါသများတလိပ်လိပ်တတ်နေ၏။

“ဒါက တော်တော်လွန်လွန်းတယ်”

ဂိုဏ်းချုပ်ကူမုသည် မူကုန်းကို တစ်ချက်တည်းနှင့် အရိုးအသားပါမကျန်အောင် သတ်ပစ်ချင်နေသည်။

သို့သော် သူသည် စိတ်ရှိသလို မလုပ်နိုင်ခဲ့ပါ။ဓားနီဂိုဏ်း၏ အမြင့်ဆုံးအကြီးအကဲက လက်တုန့်ပြန်မည်ကို ကြောက်နေရလေ၏။ထိုသို့ဖြစ်လျှင် သူသာမကဘဲ ရှန်ကွမ်းဂိုဏ်းတစ်ခုလုံး ကပ်ဘေးကြီးဆိုက်သွားမည်မဟုတ်ပါလား။

ခွေးကိုရိုက်ချင်သော်လည်း ခွေးရှင်မျက်နှာကြည့်ရသေး၏။

“ငါ့အထင် ..ဒီဂိုဏ်းတည်ထားတဲ့မြေက ဖုန်းရွှေမကောင်းဘူးလား”

ပုံမှန်အားဖြင့် တိတ်ဆိတ်နေတတ်သော ရွှမ်ချုန်းက စကားစလာသည်။

သူသည် ရှန်ကွမ်းဂိုဏ်းတွင် ရာစုနှစ်ပေါင်းများစွာ နေခဲ့ပြီး၊ တိတ်ဆိတ်စွာ ကျင့်ကြံခဲ့ကာ ဂိုဏ်းရေးကိစ္စများတွင် ဘယ်တော့မှ မပါဝင်ခဲ့ပါ။ သို့သော် လွန်ခဲ့သော နှစ်တစ်ရာအတွင်း ဤငယ်ရွယ်သော ဂိုဏ်းငယ်လေးတစ်ခုအတွင်းမှာ ပြဿနာများစွာရှိနေသည်ကို သူသတိထားမိခဲ့သည်။

သူသည် ဂိုဏ်းအတွင်း၌ သူလျှိုတစ်ရာကျော်ရှိနေကြောင်းကို တွေ့ခဲ့ရသည်။

ထို့အပြင် ထူးဆန်းသော တပည့်များ၊ထူး ဆန်းသော ဂိုဏ်းထောက်များနှင့် ထူးဆန်းသောအကြီးအကဲများကလည်း ရှိနေပြန်၏။

ပထမဆုံးသိလိုက်ရချိန်တွင် ထိုသူများသည် ရှန်ကွမ်းဂိုဏ်းကို မရိုးသားသော ရည်ရွယ်ချက်များဖြင့် ဝင်လာသည်ဟု သူ ထင်ခဲ့သည်။

သို့သော်လည်း နောက်ပိုင်းတွင် သူတို့သည် ပုံမှန်ဖြစ်ပြီး ဘယ်တော့မှ ပြဿနာ မရှာခဲ့ကြောင်းကို ထပ်မံတွေ့ရှိရပြန်လေသည်။

ပြဿနာရှိသောသူများသည် ပြဿနာမရှိသော ဂိုဏ်းတစ်ခုကို ဖွဲ့စည်းထား၏။မည်မျှထူးဆန်းလှလေသနည်း။

သို့သော်ရှန်ကွမ်းဂိုဏ်း၏ ပြဿနာက ထိုမျှနှင့်မပြီးသေးပါ ။ တိုင်းပြည်တစ်ရာသွေးစစ်ပွဲကို အကြောင်းပြု၍ အင်အားကြီးမားသော အလင်းနန်းတော်၏ရန်ငြှိုးထားခြင်းခံနေရ၏။

ထိုပြဿနာကြီးမှ မပြီးသေးဆုံးပါ နောက်ထပ်အင်အားကြီးဂိုဏ်းတစ်ခုဖြစ်သော ဓားနီးဂိုဏ်းကလည်း ယခုလိုခြိမ်းခြောက်လာပြန်သည်။

ရွှမ်ချုန်းအကြီးအကဲသည် ယခုနေရာ၏ ဖုန်းရွှေက လုံးဝမကောင်းနိုင်ဟု အမှန်တကယ် ယုံကြည်နေသည်။

ဂိုဏ်းချုပ်ကြီးကုမူသည်လည်း အလွန်ပင်ပန်းနွမ်းနယ်နေဟန်ရှိသည်။

မျိုးရိုးမြင့်မားသော မိသားစုမှ မွေးဖွားလာသော်လည်း ယခုအခြေအနေသို့ ရောက်နိုင်အောင် မရေမတွက်နိုင်သော ခက်ခဲမှုများကို အကြိမ်ကြိမ်ခံစားခဲ့ရသူဖြစ်သောကြောင့် တော်ရုံနှင့်စိတ်ဓာတ်မကျတတ်၍သာ ခံသာတော့သည်။

အခက်အခဲကြုံနေသော်လည်း သူ၏မျက်နှာထားက ခိုင်မာနေသည်။

“ကံကြမ္မာက အကန့်အသတ် ရှိနိုင်တယ်၊ ဒါပေမယ့် လူတွေက... အကန့်အသတ် မရှိနိူင်ဘူး”

သူ၏ဘဝအတွေ့အကြုံအရ ကံကြမ္မာကို မယုံကြည်ပါ၊ အရာရာတိုင်းကို တိုက်ယူရမည်ဟုသာ သူယုံကြည်သည်။

“အဓိပ္ပါယ်မရှိတာတွေ လုံလောက်ပြီ။ မင်း မူလဘူတသစ်သားကျမ်းကို ပေးမှာလား မပေးဘူးလားပဲပြော၊ ဒါကအခုလက်ရှိပြဿနာပဲ”

ရွှမ်ချုန်းက ဂိုဏ်းချုပ်ကုမူ၏ ဒဿနများကို စိတ်မဝင်စားပါ။ သူစိတ်ဝင်စားသည်က ယခုပြဿနာကို မည်သို့ရှင်းမည်လဲဆိုသည်ကိုပင်။

ဂိုဏ်းချုပ်ကုမူက သက်ပြင်းချကာ ခေါင်းယမ်းလိုက်သည်။သူက ထိုမေးခွန်းအား အဖြေမပေးခဲ့။

အဘယ့်ကြောင့်ဆိုသော သူ့၌အဖြေမရှိသေးပုံရ၏။

“အရှေ့ပိုင်းဒေသ ပါရမီရှင်တိုက်ပွဲက ခုလောက်ဆိုစပြီထင်တယ် ၊ဖူလူနဲ့ကျိယွမ်

ဘယ်လိုအခြေအနေရှိနေမလဲ မသိဘူး"

ရွှမ်ချုန်းအကြီးအကဲ၏ မျက်လုံးများတွင် လည်း နှမြောနေသလို အရိပ်အယောင်များပေါ်လာသည်။

"ကျိယွမ်အတွက် အချိန်မလုံလောက်ခဲ့တာ ဆုံးရှုံးမှုတစ်ခုပဲ၊ မဟုတ်ရင်... သူသာ အမြုတေကို ဖွဲ့စည်းနိုင်ခဲ့ရင်၊ အရှေ့ပိုင်းဒေသ ပါရမီရှင်တိုက်ပွဲရဲ့ ထိပ်ဆုံးတစ်ရာထဲ ဝင်ပြီး ခရမ်းရွှေဖရုံသီးကို ပြန်ယူနိုင်ဖို့ အခွင့်အရေး ရှိနိုင်တယ်။ အဲဒီ ဖရုံသီးနဲ့ဆိုရင် ငါတို့ သစ်သားမျိုးနွယ် ပြန်လည်ရှင်သန်ဖို့အတွက် မျှော်လင့်ချက် အလင်းတန်းလေး ရနိုင်တာ”

ဂိုဏ်းချုပ်ကြီးကုမူက ခါးသီးသောအမူအယာဖြင့်ခေါင်းယမ်းလေသည်။

“ဟုန်လျန်ဆိုတဲ့လူယုတ်မာကောင် အသက်ရှင်နေသမျှ ဘယ်လို ပြန်လည်ရှင်သန်နိုင်မှာလဲ”

သို့သော် သူတို့၏လက်ရှိခွန်အားက ဟုန်လျန်ကို အသာထား ၊ ဒဏ်ရာရထားသော ဓားနီးဂိုဏ်းမှ ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူကိုပင် မယှဥ်ပြိုင်နိုင်ပါ။

ရင်နာစရာကောင်းလှ၏။

သူတိူ့နှစ်ဦးသည် ခါးသီးသောအမူအယာများဖြင့် ငြိမ်သက်သွားပြီး အကူအညီမဲ့စွာ သက်ပြင်းချလိုက်ကြသည်။

ဒီလိုဘဝမျိုးက လွတ်မြောက်ချင်လို့ တစ်သက်လုံးကြိုးစားလာတာတောင် ဘာမှမတတ်နိုင်ပါလား။

ကုမူကျန့်ကျွမ်းက တွေးရင်းမှ သူ၏ဘဝကိုစိတ်နာကာ အံကြိတ်မိ၏။

သူတို့သည် အတွေးကိုစီနှင့်အတန်ကြာသည်အထိ ငြိမ်သက်နေခဲ့သည်။

နောက်ဆုံးတွင် မိမိတို့နေရာသို့ ပြန်လည်အနားယူမည်ဟုစဥ်းစားကာ ထွက်ခွါရန်ပြင်လ်ုက်စဥ်မှာ အလွန်ထိတ်လန့်နေသော အသံတစ်ခုက ခန်းမထဲသို့ ရုတ်တရက် အော်ဟစ်လာ၏။

“ဂိုဏ်းချုပ်ကြီး မကောင်းတော့ဘူး၊ မကောင်းတော့ဘူး"

ဂိုဏ်းထောက်တစ်ယောက်သည် ထိတ်လန့်စွာအော်ဟစ်ရင်းမှ ခွင့်တောင်းရန်ပင်သတိမရတော့ဘဲ ခန်မထဲသို့ ဒရောသောပါးအားကုန်ပြေးဝင်လာသည်။

ထိုအရာကိုမြင်သောအခါ ရွှမ်ချုန်းသည် သူ၏နဖူးကို ပွတ်လ်ုက်ရင်းမှ စိတ်ညစ်စွာညည်းညူလိုက်၏။

" ငါပြောပါတယ်၊ဒီနေရာက ဖုန်းရွှေမကောင်းပါဘူးဆို၊ခုလည်း ဘာဖြစ်လာပြန်ပြီလဲ။"

“ဘာဖြစ်လို့လဲ”

ဂိုဏ်းချုပ်ကြီးကုမူက စိုးရိမ်သွားသော်လည်း ငယ်သား၏ရှေ့ဖြစ်သောကြောင့် စိတ်တည်ငြိမ်မှုကို ထိန်းသိမ်းကာ မေးလိုက်သည်။

“မူကုန်း.. သေသွားပါပြီ... သူက ကျိစယ်တောင်ထွတ်ရဲ့ အလယ်လောက်မှာ သေဆုံးနေတာပါ”

"ဘာ...."

တည်ငြိမ်စွာရှိသော ဂိုဏ်းချုပ်ကြီးမှာ ထခုန်မိမလိုဖြစ်သွားသည်။

ငါတော့ ပျားတုပ်ပြီ။

“လိုက်ပြစမ်း.."

သူသည် လက်စတစ်ဖက်ကို ဝှေ့ယမ်းလိုက်ပြီး ရွှမ်ချုန်းနှင့်အတူ ကျိစယ်တောင်ဆီသို့ ချက်ချင်း ပျံသန်းသွားသည်။

တောင်ထိပ်၏အလယ်မှ ရင်နှီးနေသောသစ်ပင်ကြီးတစ်ပင်နားတွင် သူတို့ဆင်းသက်လိုက်ကြသည်။

တစ်ချိန်က သူသည် သာ့ရှန်း၏ ဧကရီ၊ ယခု မယ်တော်ကြီးမူယိုနှင့် ယခုသစ်ပင်အောက်တွင် လျှို့ဝှက်စွာ တွေ့ဆုံခဲ့ဖူးသည်။

သို့သော် ယခုအခါမှာတော့ မူကုန်း၏ သက်မဲ့ခန္ဓာကိုယ်သည် ထိုနေရာတွင် လဲလျောင်းနေပြီး ဓားဖြင့်တိကျစွာခုတ်ဖြတ်ခံထားရသကဲ့သို့ နှစ်ပိုင်းကွဲနေ၏။

ကျန်းလင်းစုသည် အလောင်းအနီးနားတွင် ရပ်နေပြီး လိမ္မော်ရောင်ဝတ်စုံဝတ်ထားသဖြင့် ပျားမလေးတစ်ကောင်နှင့်ပင် တူနေသည်။

“ဘာဖြစ်ခဲ့တာလဲ”

ဂိုဏ်းချုပ်ကုမူက အလောတကြီးမေးလိုက်သည်။

​မြေပြင်အားကြည့်ကာ နက်ရှိုင်းစွာစဉ်းစားနေပုံရသော ကျန်းလင်းစုက လေးစားစွာပြန်ဖြေ​၏။

“ကျွန်မ အခန်းထဲမှာ ကျင့်ကြံနေတုန်း ရုတ်တရက် ဓားဆန္ဒတစ်ခု ထွက်ပေါ်လာတာ ကို ခံစားမိလိုက်ပါတယ် ၊ အပြင်ကို ကြည့်လိုက်တော့ မြက်ပင်တစ်ပင်က ဒီလူကို ထက်ပိုင်း ပိုင်းပစ်တာကို မြင်လိုက်ရတာပါပဲ”

သူမ ပြောနေစဉ် မြက်များဖုံးလွှမ်းနေသောမြေပြင်ကို ငဲ့ကြည့်လိုက်သည်။ သို့သော်လည်း ယခုအချိန် ဘယ်မြက်ရွက်က သတ်လိုက်သည်ကို သူမမသိသေးပါ။

“မြက်ရွက်တစ်ရွက်က အမြုတေအဆင့်ကျင့်ကြံသူကို သတ်လိုက်တယ်တဲ့လား”

ကုမူကျန့်ကျွမ်း မျက်မှောင်ကြုတ်လိုက်သည်။

“ဒါနဲ့ နင်ရဲ့ဆရာရော ဘယ်မှာလဲ”

၎င်းသည် ရွမ်ယူချမ်း၏ လက်ချက် ဖြစ်နိုင်သည်ဟု သူ သံသယရှိသည်။

“ကျွန်မရဲ့ ဆရာ... ကျိစယ်တောင်က ထွက်သွားပြီလို့ ဆရာတူအစ်ကိုကြီးက ပြောပါတယ်”

ကျန်းလင်းစုက ပြန်ဖြေသည်။

ဂိုဏ်းချုပ်ကုမူသည် တောင်ထိပ်ပေါ်မှ နန်းတော်ကိုတစ်ချက်လှမ်းကြည့်မိသော်လည်း ထိုကိစ္စကိုဆက်မမေးတော့ဘဲ မြေပြင်ပေါ်ရှိ အလောင်းကို ကြည့်ပြီး သူ၏စိုးရိမ်မှုသည် အဆမတန်ကြီးထွားလာသည်။

ယခု မူကုန်း သေဆုံးသွားပြီဖြစ်ရာ မူလဘူတသစ်သားကျမ်းကို ပေးအပ်ချင်လျှင်တောင် ပေးနိုင်တော့မည် မဟုတ်သလို မူကုန်း၏သေဆုံးမှုကိုပါ ထပ်ပေါင်းလျှင် အဖြေမှာတစ်ခုတည်းသာရှိသည်။

ဓားနီဂိုဏ်းသည် သူတို့အပေါ်သို့ အပြစ်ဒဏ်ပေးတော့မည်။

“ဂိုဏ်းရဲ့ မဟာအစီအရင်ကို ချက်ချင်း အသက်သွင်းပါ”

ဂိုဏ်းချုပ်ကြီးကုမူ ချက်ချင်းအမိန့်ပေးလိုက်သည်။

ဓားနီဂိုဏ်း၏ အမြင့်ဆုံးအကြီးအကဲသည် လွန်ခဲ့သော ကာလများစွာကတည်းက ပြင်းထန်စွာဒဏ်ရာရခဲ့ပြီး သူ၏ခွန်အား မည်မျှ ကျန်ရှိနေသည်ကိုတော့ သူမသိပါ။

သို့သော်လည်း ထိုသူသည် ခရမ်းရောင်နန်းတော်တစ်ဦးဖြစ်သောကြောင့် ယခုအခြေနေက သူတို့ဂိုဏ်းအတွက် အလွန်ခက်ခဲမည်မှာတော့ မြေကြီးလက်ခတ်မလွဲသလို သေချာနေသည်။

ရှန်ကွမ်းဂိုဏ်းက ဒီတစ်ခါတော့ ပျက်စီးမဲ့ဘေးက လွတ်မြောက်နိုင်ပါ့မလား။

ကုမူကျန်းကျွမ်း၏ မျက်နှာတွင် ကြီးမားသောစိုးရိမ်သောကများ ထင်ဟပ်နေသည်။

ထိုအချိန်တွင် ကျန်းလင်းစုက ရုတ်တရက်သတင်းတစ်ခုကို ​တင်ပြလိုက်သည်။

“ဂိုဏ်းချုပ်ကြီး၊ အစ်ကိုကြီးကျိယွမ်က နှစ်ရက်အတွင်း သူ့ရဲ့လက်အောက်ခံတချို့ ရှန်ကွမ်းဂိုဏ်းကိုရောက်လာပြီး ဂိုဏ်းချုပ်အတွက် လက်ဆောင် ယူလာပေးမယ်လို့ ပြောပါတယ်”

“လက်အောက်ခံတွေတဲ့လား”

"ပြီးတော့ လက်ဆောင်တွေရော .."

ဂိုဏ်းချုပ်ကြီးကုမူသည် နားမလည်နိုင် ဖြစ်သွားသည်။

သူ၏တပည့်က ဘယ်အချိန်က နောက်လိုက်များရရှိပြီး ဘာတွေများချမ်းသာသွားလို့ ယခုလို ကြီးကြီးကျယ်ကျယ် သတင်းပို့ရလေသနည်း။

“နေစမ်းပါဦး ၊ သူက အရှေ့ပိုင်းဒေသ ပါရမီရှင်တိုက်ပွဲမှာ မပါဝင်ဘူးလား”

“မသိပါဘူး”

ကျန်းလင်းစုက ခေါင်းခါပြလိုက်သည်။ ထိုကိစ္စအကြောင်းကို သူမ သိပ်မသိပါ။

သူမ၏အစ်ကိုကြီး တိုက်ပွဲတွင်ပါဝင်သည်ဖြစ်စေ၊ မပါဝင်သည်ဖြစ်စေ သူမအတွက် အရေးမကြီးပါ။

သူမ စိတ်ပူနေသည်က အခြားတစ်ခု မဟုတ်ပါလား။

ဂိုဏ်းချုပ်ကြီးက နောက်ထပ် ဘာမှမပြောတော့ပါ၊ ၎င်းသည် သေးငယ်သော ကိစ္စ ဖြစ်သည်။

ယခုလက်ရှိတွင် ဓားနီဂိုဏ်း၏ ခြိမ်းခြောက်မှုကသာ သူတို့အားလုံးအတွက် အဓိက စိုးရိမ်စရာ ဖြစ်နေလေပြီ။

အင်း....သူတိူ့နှစ်ယောက်ပြန်လာချိန်မှာ ရှန်းကွမ်းဂိုဏ်းက ရှိပါဦးမလား။

..........................

ကွေးယွန်တိုက်ကြီး၏ တိမ်တိုက်မြို့တော်

တွင်ဖြစ်သည်။

ကျိယွမ်သည် ဂူအိမ်တွင် မဟုတ်တော့ပါ။

ယခုအခါ ယွင်ကျုံးစံအိမ်သို့ ပြောင်းရွှေ့နေထိုင်နေလေသည်။

“ခေါင်းဆောင်”

စံအိမ်သခင်ကြီးသည် ခန်းမကြီး၏ အပြင်ဘက်တွင်ရပ်ကာ လေးစားစွာခေါင်းငုံ့ပြီး တိုးတိုးလေး ခေါ်လိုက်၏။

“ဝင်ခဲ့ပါ”

ငြိမ်သက်နေသော ကျိယွမ်သည် သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။ နှစ်သန်းပေါင်းများစွာသော အချိန်ကာလများကို ဖြတ်သန်းလာရသူလို သူ၏မျက်လုံးများက နက်ရှိုင်းနေ၏။

စံအိမ်သခင်ကြီးသည် ခါးကုန်းနေသော လူအိုကြီးတစ်ဦးနှင့်အတူ ဝင်လာပြီး နှစ်ဦးစလုံးသည် လေးစားသော အမူအရာများကို ပြသနေသည်။

“ခေါင်းဆောင်၊ ဒါတွေက ကျွန်တော်တို့ အသစ် စုဆောင်းထားတဲ့ နည်းစနစ်တွေပါ”

စံအိမ်သခင်ကြီးက သိုလှောင်အိတ်တစ်လုံးကို ပေးရင်းမှ လေးစားစွာပြောသည်။သိုလှောင်အိတ်အတွင်း၌ နည်းစနစ်ကျောက်စိမ်းပြားမှာ မြောက်များစွာပါရှိလေ၏။

ကျိယွမ်သည် ၎င်းတို့အား တစ်ချက်ကြည့်လိုက်ပြီး သိသိသာသာ စိတ်ကျေနပ်သွားသည်။

ယခုနည်းလမ်းက အဘိုးကြီးများကို သတ်ပြီးနည်းစနစ်များကို ရယူခြင်းထက် ပိုမြန်မြန်စုဆောင်းနိုင်ကြောင်း သူသဘောပေါက်လိုက်သည်။

ဒါကြောင့်လည်း အရင်းရှင်တွေက အခြားသူတွေအပေါ် ခေါင်းပုံဖြတ်ရတာကို သဘောကျကြတာကိုး။လွယ်ကူတယ် ၊ မြန်ဆန်တယ် ၊ ချမ်းသာတယ် ၊ ဘယ်လောက်ကောင်းသလဲ။

“ကောင်းတယ်၊ ဆက်ကြိုးစားကြပါ”

ကျိယွမ်က ပေါ့ပေါ့ပါးပါး ချီးမွမ်းလိုက်သည်။

စံအိမ်သခင်ကြီးက ကျိယွမ်အား တင်ပြစရာကျန်နေသေးပုံရ၏။

“အခု​တလော..တချို့ အင်အားစုတွေဟာ ခေါင်းဆောင်ရဲ့ကိုယ်ပိုင်လက္ခဏာကို လျှို့ဝှက် စုံစမ်းနေပုံ ရပါတယ်။ သိသာတာကတော့ .. သူတို့ဟာ တိုင်းပြည်တစ်ရာထဲက ရှင်းဟွာအဖွဲ့ဝင်တွေအားလုံးကို အတွင်းကျကျ လိုက်လံရှာဖွေနေကြပါတယ်”

ပေါ့ပါးနေသော ကျိယွမ်၏ မျက်လုံးများက ကျဉ်းမြောင်းသွားသည်။

တစ်ယောက်ယောက်က ငါ့ကိုဖော်ထုတ်ဖို့ ကြိုးစားနေတာလား။

ဒါက နည်းနည်းများသွားပြီ။

ငါ့ရဲ့ပရိုက်ဗေစီကို လာငြိနေတာပဲ။ဒီကောင်တွေ လူတစ်ယောက်ရဲ့သီးသန့်တည်ရှိခွင့်ကို နားမလည်ကြဘူးလား။

“ဘယ်သူက စုံစမ်းနေတာလဲ”

ကျိယွမ်၏ လေသံက သိသိသာသာ မာနေသည်။

“ကောင်းကင်နဲ့မြေကြီးဂူက လူတွေ ဖြစ်နိုင်ပါတယ်”

စံအိမ်သခင်ကြီးက သူ၏ထင်မြင်ချက်ကို ပြန်ဖြေသည်။

တိုင်းပြည်တစ်ရာသည် ကွေးယွန်တိုက်ကြီးနှင့် နယ်နိမိတ်ချင်း ထိစပ်နေသည်။ထို့ကြောင့် တိုင်းပြည်တစ်ရာအကြောင်း သတင်းအချက်အလက် စုဆောင်းလိုလျှင် ကွေးယွန်တိုက်ကြီး၏ အင်အားစုများထဲမှ တစ်ခုမဟုတ်တစ်ခုနှင့် ဆက်ဆံရမည်မှာ မလွဲပါ။

ယခုအချိန်၌ ကွေးယွန်တိုက်ကြီးတွင် သွေးဝတ်စုံမဟာမိတ်ဟူသော အဖွဲ့အစည်းကြီးက နေရာတိုင်းတွင် တိတ်တဆိတ်လွှမ်းမိုးနေလေပြီ၊ ထိုအဖွဲ့အစည်းမသိဘဲ စုံစမ်းရန် မဖြစ်နိုင်ပါ။တစ်ခုခုဆိုလျှင် သူတိူ့က ချက်ချင်းသိမည်သာ။

"ယဲ့ချုံအရှင်လား"

ကျိယွမ်၏ မျက်လုံးများ တောက်ပလာသည်။

“သူ ခြိမ်းခြောက်စကားတွေ ဘာတွေ ပြောသွားသေးလဲ ၊ ငါ့ကို သတ်ချင်တယ်လို့များပြောသွားသေးလား”

စံအ်မ်သခင်ကြီးသည် ယဲ့ချုံနှင့်ပတ်သတ်သောစကားဖြစ်သောကြောင့် အနည်းငယ် ကြောက်ရွံ့ဟန်ဖြင့် အားနည်းစွာ ပြန်ဖြေသည်။

“မပြောပါဘူး ”

“တကယ်လား”

“တကယ်ပါ ခေါင်းဆောင်”

စံအိမ်သခင်ကြီးက ထပ်မံအတည်ပြုသည်။

အချိန်ကြာလာသည်နှင့်အမျှ သူသည် သွေးဝတ်စုံဓားနတ်ဘုရား၏ စရိုက်ကို အနည်းငယ်နားလည်လာခဲ့သည်။

ထိုသူက တကယ်ကိုရူးသွပ်နေ၏။ လူသတ်ရခြင်းကို စွဲလမ်းနေပြီး ရန်သူများကိုအမြဲတောင့်တနေသလားဟုပင် ထင်ရသည်။

သို့သော် ထိုသူကအကြောင်းမဲ့ မသတ်ဖြတ်တတ်သည်ကိုပင် ကျေးဇူးတင်ရပေးလိမ့်မည်။

“သူ မပြောဘူးဆိုရင်တောင်၊ သူ စဉ်းစားခဲ့မှာ သေချာတယ်”

ကျိယွမ်က လေးနက်သော အမူအရာဖြင့်ပြောလိုက်ပြန်သည်။

စံအိမ်သခင်ကြီးမှာ ပြန်မဖြေရဲသဖြင့် တိတ်တိတ်သာနေလိုက်၏။

သူက ယဲ့ချုံကိုသတ်ချင်လို့ သင့်တော်တဲ့အကြောင်းပြချက် ရှာနေတာလို့ ငါဘာလိုထင်နေမိတာလဲ။

သို့သော် စံအိမ်သခင်ကြီးက ထိုအတွေးကို ပယ်ချလိုက်သည်။

ယင်နဆ်ဘုရားတစ်ပါးကို သတ်ရန်က ထိုမျှမလွယ်ကူပါ။

“အချိန်ရလို့ ယဲ့ချုံအရှင်နဲ့ တွေ့တဲ့အခါ၊ သူ ငါ့ကို သတ်ဖို့ စဉ်းစားခဲ့ဖူးလားဆိုတာ ကိုယ်တိုင် မေးကြည့်ရမယ်”

စံအိမ်သခင်ကြီးသည် ချွေးအေးများပင် ထွက်လာသည်။

ဒီလူက တော်တော်လွတ်နေတာလား။

ခရမ်းရောင်နန်းတော်အဆင့်တစ်ဦးက ယင်နတ်ဘုရားတစ်ဦးအား ထိုသို့မထိလေးစားသွားမေးလျှင် မူလကမသတ်ချင်လျှင်တောင် ဒေါသထွက်သွားပြီး သတ်ချင်လာမည်မဟုတ်ပါလား။

စံအိမ်သခင်ကြီးသည် တွေးရင်းမှ အလွန် ရှုပ်ထွေးသော ခံစားချက်ကို ခံစားရသည်။

ထိုမျှအစွမ်းထက်သော ခေါင်းဆောင်တစ်ဦး ရှိခြင်းသည် သူတို့အတွက် ကောင်းချီးလား ကျိန်စာလားဟုပင် မခွဲခြားတတ်တော့ပါ။

ကပ်ဘေးဒုက္ခကြီး မရောက်မီ ကျိယွမ်သည် သူ၏ပါးစပ်ကြောင့် ယင်နတ်ဘုရားအချို့ကို ရန်စပြီး အသတ်ခံလိုက်ရမည်ကို သူကြောက်မိလေသည်။

နောက်ဆုံးတွင် သူသည် ဘေးနားရှိ အဘိုးအိုကို ကြည့်ကာ မျက်လုံးချင်းဆုံလိုက်ပြီး ကျိယွမ်အား နှုတ်ဆက်သည်။

“ခေါင်းဆောင်၊ ကျွန်တော် သွားခွင့်ပြုပါ”

ကောင်းကင်နှင့်မြေကြီးဂူက သွေးဝတ်စုံဓားနတ်ဘုရား၏ ကိုယ်ပိုင်လက္ခဏာကို စုံစမ်းနေသဖြင့် သူတို့ မအောင်မြင်စေရန် ဆောင်ရွက်စရာများ ရှိနေ၏။

သူတို့အတွက်မှာမူ သူနှင့်တကွ အားလုံးသည် ခေါင်းဆောင်၏ နောက်ခံကိုမည်သူမျှ နက်နက်နဲနဲ စုံစမ်းရန်မဝံ့ရဲကြပါ။

သူတို့လိုအပ်သည်မှာ ကာကွယ်ပေးမည့်သူဖြစ်ပြီး လူကောင်းဖြစ်ခြင်း ၊ လူဆိုးဖြစ်ခြင်းသို့မဟူတ် ထိုသူ၏ မူလက ဘယ်ကလာသည်ဆိုခြင်းများက ယခုအချိန်တွင် အရေးမပါတော့ပါ။

သူတို့က အကာအကွယ်လိုအပ်၏ ။ခေါင်းဆောင်က ကာကွယ်ပေးသည်။ ကိစ္စက အဆင်ပြေနေပြီ မဟုတ်ပါလား။ ထိုင်နေတုန်းက အကောင်း ၊ ထသွားမှ ကျိုးမှန်းသိ ဟူသောအဖြစ်မျိုး သူတို့အဖြစ်မခံနိုင်ပါ။

စံအိမ်သခင်ကြီး ထွက်ခွာသွားပြီးနောက် ခန်းမထဲတွင် ကျိယွမ်နှင့် ခါးကုန်းသောအဘိုးအိုကြီးသာ ကျန်ရစ်သည်။

“ထိုင်ပါ”

ကျိယွမ်က လူအိုကြီးကိုထို့သို့ပြောပြီး လက်ကိုဝှေ့ယမ်းလိုက်ရာ ထိုင်ခုံတစ်လုံး ပေါ်လာခဲ့သည်။

ကျိယွမ်သည် အမြဲတမ်း အသက်ကြီးသူများကို ရိုသေလေးစားပြီး အထူးစဉ်းစားပေးလေ့ ရှိသည်။ ဝမ်ယုကုန်းမြေတိုက်ကြီးသို့မရောက်မီ ကန်းလန်နယ်မြေသို့ ဘဝကူးပြောင်းရောက်ရှိလာစကပင် သက်ကြီးရွယ်အိုများကို ရိုသေပြီး လူငယ်များကို ဂရုစိုက်သော ကောင်းမြတ်သည့် စိတ်ဓာတ်များက ယခင်ဘဝအတိုင်း ဆက်လက်ရှိနေဆဲပင်။

“ ထိုင်ခွင့်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် ​ခေါင်းဆောင် ”

အဘိုးအိုက ကျေးဇူးတင်စကားပြောလိုက်သော်လည်း အတွင်းစိတ်မှာ မလုံမခြုံဖြစ်နေပုံရသည်။

“ခင်ဗျားက နှစ်ပေါင်း တစ်သိန်းနီးပါး အသက်ရှင်ခဲ့ပြီး ယင်နတ်ဘုရားတွေကို တွေ့ဖူးတယ်လို့ ကြားပါတယ်”

အဘိုးအိုသည် မြေလိပ်မျိုးနွယ်မှ နတ်ဆိုးကျင့်ကြံသူတစ်ဦး ဖြစ်ပြီး၊ လက်ရှိ ကွေးယွန်တိုက်ကြီးတွင် သက်တမ်းအရှည်ဆုံး သတ္တဝါ ဖြစ်သည်။ ကျိယွမ်သည် ယင်နတ်ဘုရားများအကြောင်းနှင့် ၄င်းတို့ မည်မျှ အစွမ်းထက်သည်ကို သိရှိရန် သူ့ကို အထူး ရှာဖွေခဲ့ခြင်းပင်။

“ဟုတ်ပါတယ်”

မြေလိပ်အိုကြီးက တိုးညင်းစွာပြန်ဖြေသည်။ ၎င်း၏ ခန္ဓာကိုယ်သည် ပိန်လှီပြီး အားနည်းနေသော်လည်း ထိုအရာသည် အပေါ်ယံအသွင်အပြင်မျှသာ ဖြစ်ကြောင်း ကျိယွမ် ကောင်းစွာသဘောပေါက်သည်။

ထိုလိပ်အဘိုးအိုသည် အလင်းနန်းတော်ပထမသခင်ထက် ပိုပြီး အားကောင်းဖွယ် ရှိသည်။

“ယင်နတ်ဘုရားတွေက ဘယ်လောက် အစွမ်းထက်လဲ”

ကျိယွမ်က လိုရင်းကို တန်းသွားလိုက်သည်။

မြေလိပ်အိုကြီးသည် စဉ်းစားနေဟန်ဖြင့် အနည်းငယ်ငြိမ်သွား၏။

ယွင်ကျုံးစံအိမ်သခင်ကြီးမှာကြားထားသော ယင်နတ်ဘုရားများက အလွန်အစွမ်းထက်သည်ဟုဖော်ပြရန် အကြံပေးချက်ကို သူ မမေ့ခဲ့ပါ။

သို့သော်လည်း စံအိမ်သခင်ကြီး မမှာကြားခဲ့လျှင်ပင် အလွန်အားကောင်းသည်ဟုသာဖြေရမည်ဖြစ်၏။ ယင်နတ်ဘုရားများက အမှန်တကယ်လည်း အစွမ်းထက်လွန်းလှသည် မဟုတ်ပါလား။

“ယင်နတ်ဘုရားနယ်ပယ်က အင်မော်တယ်နတ်ဘုရားများရဲ့ နယ်ပယ်ဖြစ်ပါတယ်။ ကျွန်တော်က အလင်းနန်းတော်ရဲ နဂါးသရဖူရဲ့ မူလပိုင်ရှင်၊ ဝူလုံအရှင်ကိုလည်း သေချာ မြင်ဖူးခဲ့ပါတယ်၊ သူသည် ဒုတိယအဆင့် ယင်နတ်ဘုရားပါ”

“ဒုတိယအဆင့်လား”

ကျိယွမ် အံ့သြသွားသည်။ ယင်နတ်ဘုရားများကိုလည်း အဆင့်ခွဲထားကြောင်း သူမသိခဲ့ပါ။

“ယင်နတ်ဘုရားနယ်ပယ်ကို ပထမအဆင့်ကနေ သတ္တမအဆင့်အထိ အဆင့်ငယ် ခုနစ်ဆင့် ခွဲထားပါတယ် ။ ပထမအဆင့်ကနေ တတိယအဆင့်အထိကို အုပ်စိုးအရှင် လို့ခေါ်ကြပြီးတော့ စတုတ္ထအဆင့်ကို မဟာအုပ်စိုးရှင်လို ခေါ်ကြပါတယ်"

"အဲဒီအဆင့်ခုနစ်ဆင့်လုံး ပြီးမြောက်တဲ့အခါယင်နတ်ဘုရားကနေ... ယန်နတ်ဘုရား ဖြစ်လာပါမယ်”

“ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦးက နတ်ဘုရားပေါက်ကို ဖွဲ့စည်းပြီး သူတို့၏ ချီကို နတ်ဘုရားချီအဖြစ် ပြောင်းလဲနိုင်မှသာ ယင်နတ်ဘုရား ဖြစ်လာနိုင်တာပါ။ ယင်နတ်ဘုရားနယ်ပယ်မှာ ကျင့်ကြံခြင်းကနတ်ဘုရားပေါက်ကို ပိုများအောင် ချဲ့ထွင်ရပါတယ်၊ ထပ်တိုးလာတဲ့ နတ်ဘုရားပေါက် တစ်ခုစီတိုင်းက သူတို့ရဲ့ ခွန်အားကို နှစ်ဆ တိုးစေတာကြောင့် နတ်ဘုရားပေါက်က အလွန်အရေးတဲ့ အရာဖြစ်ပါတယ်"

" နတ်ဘုရားပေါက် ၁၂ ခုရှိရင် ဒုတိယအဆင့်လို့ သတ်မှတ်ပြီး။ နတ်ဘုရားပေါက် ၃၆ ခု ရှိရင်တော့ တတိယအဆင့်ကို ရောက်ပါပြီ"

လိပ်အဘိုးအိုက ကျိယွမ်အားရှည်လျားစွာရှင်းပြလေသည်။

ကျိယွမ်က အစမှအဆုံးသေချာနားထောင်နေပြီး တစ်စုံတစ်ရာဝင်ပြောခြင်းမျိုးမရှိခဲ့ပါ။

လိပ်အဘိုးအို၏ စကားဆုံးသောအခါမှ သူက မေးလိုက်သည်။

“ခင်ဗျားပြောတဲ့အထဲမှာ နတ်ဘုရားပေါက်တစ်ပေါက်က ခွန်းအားနှစ်ဆတိုးစေတယ်လို့ ပါတယ်နော်၊ အဲဒီနှစ်ဆက မျဉ်းဖြောင့်အတိုင်းတိုးတာကို ဆိုလိုတာလား၊ ဒါမှမဟုတ် အဆများစွာ တိုးတာကို ဆိုလိုတာလား”

ကျိယွမ်က ထိုကိစ္စကို သေချာသိချင်သည်။အကယ်၍ အဆများစွာ တိုးခြင်းဖြစ်ပါက၊ ၎င်းသည် အလွန်ကို ကြောက်မက်ဖွယ် ကောင်းလိမ့်မည်။

လိပ်အဘိုးအိုကြီးသည် ကျိယွမ်၏ ဆိုလိုရင်းကို နားမလည်ပါ။သူက မျဥ်းဖြောင့်အတိုင်းတိုးခြင်းဟူသော စကားလုံးကို စဥ်းစားကာ ကြောင်တောင်တောင်ပြန်ကြည့်နေ၏။

“ခန့်မှန်းခြေဗျာ .. နတ်ဘုရားပေါက် ၁၁ ခု ရှိတဲ့ အုပ်စိုးရှင်တစ်ဦးကို အနိုင်ယူဖို့ သာမန်အုပ်စိုးရှင် ဘယ်နှစ်ယောက်လိုအပ်မလဲ”

ကျိယွမ်က မေးခွန်းကို ပြန်ပြင်ပေးလိုက်သည်။

“အနည်းဆုံး ဆယ်ယောက်၊ ဒါမှမဟုတ် ဒါဇင်များစွာ၊ ဒါမှမဟုတ် ရာပေါင်းများစွာတောင် ဖြစ်နိုင်ပါတယ်။ သူတို့ရဲ့ နတ်ဘုရားပေါက်တွေ တိုးတက်လာတာနဲ့အမျှ သူတို့ ပိုင်ဆိုင်တဲ့ နတ်ဘုရားချီက ပိုပြီးများပြားလာပါတယ် ။ ဝူလုံအုပ်စိုးအရှင်က နတ်ဘုရားပေါက် ၁၃ ခု ရှိပြီး ဒုတိယအဆင့်ပါ"

"မပြည့်စုံတဲ့ ယင်နတ်ဘုရားရတနာ၊ နဂါးသရဖူက နတ်ဘုရားပေါက် ၆ ခု ဒါမှမဟုတ် ၇ ခုရှိတဲ့အုပ်စိုးအရှင်တစ်ပါးရဲ့ခွန်အားကို ထုတ်လွှတ်နိုင်ပါတယ်"

"အဲဒီလိုလား"

ကျိယွမ်အနည်းငယ် သဘောပေါက်သွား၏။

လိပ်အဘိုးအိုကြီးက အတွေ့အကြုံရင့်ကျတ်သူပီသလှသည်။ သူ ထည့်မမေးသော်လည်း အနီးစပ်ဆုံး ဥပမာအဖြစ် သူရင်ဆိုင်ဖူးသော နဂါးသရဖူကို ထည့်ကာရှင်းပြသွားသည်။

"ဒါဆိုရင် ယဲ့ချုံစိုးစံရှင်...မဟုတ်ဘူး.. ယဲ့ချုံအုပ်စိုးရှင်ကနတ်ဘုရားပေါက် ဘယ်နှစ်ခု ဖွင့်ထားပြီးပြီလဲ”

ကျိယွမ်က အဓိကအချက်ကို ထပ်မေးလိုက်သည်။

မြေလိပ်အိုကြီးသည် အားကိုးရာမဲ့စွာ ပြုံးလိုက်ပြီး တွန့်ဆုတ်ကာဖြေလေ၏။

“ဒီလို လျှို့ဝှက်ချက်မျိုးက ကျွန်တော့်ရဲ့ အသိပညာထက် ကျော်လွန်နေပါတယ် ခေါင်းဆောင်”

ကျိယွမ်က လက်ခံသလိုခေါင်းညိတ်သည်။

ဘာပဲပြောပြော ယခုအခါ ယင်နတ်ဘုရားနယ်ပယ်အကြောင်းကို သူက အကြမ်းဖျင်းတော့ သဘောပေါက်သွားပါသည်။ ထိုနယ်ပယ်အတွင်းမှာပင် နတ်ဘုရားချင်းအတူတူကို ခွန်အားကွာခြားချက်က ကြီးမားလှ၏။

ကျိယွမ်စဥ်းစားနေစဥ်မှာပင် မြေလိပ်အဘိုးအိုကြီးက တိုးတိုးလေး ထပ်ပြောသည်။

“မကြာသေးခင်က ၊ ခေါင်းဆောင်နဲ့ အလင်းနန်းတော်ဟင်းလင်းပြင်ထဲမှာ တိုက်ခိုက်ပြီးတော့ ၊ ကျန်နေခဲ့တဲ့တိုက်ပွဲ အကြွင်းအကျန်တွေကို ကျွန်တော်ကိုယ်တိုင် သွားကြည့်ခဲ့ပါတယ်...”

ထိုစဥ်က ကျိယွမ်သည် သူ၏ကြယ်အမြုတေ ရုပ်ပုံလွှာကို ဆင့်ခေါ်သောအခါ ကြီးမားသော ပျက်စီးမှုကို ဖြစ်စေခဲ့သည်။ ၎င်းသည် ပုံရိပ်မျှသာ ဖြစ်ပြီး စစ်မှန်သောအမြုတေမဟုတ်သော်လည်း သိသာထင်ရှားသော အကြွင်းအကျန်များကို ကျန်ရစ်စေခဲ့ပသည်။

“တိုက်ပွဲရဲ့ အကြွင်းအကျန်တွေအပေါ် အခြေခံပြီး၊ တိုက်ပွဲဟာ ဒုတိယအဆင့် ယင်နတ်ဘုရား အဆင့်မှာ ရှိတယ်လို့ ကျွန်တော် ခန့်မှန်းပါတယ်”

မြေလိပ်အဘိုးအိုကြီးက လေးစားမှုအပြည့်ဖြင့် သူ၏သုံးသပ်ချက်ကို တင်ပြလေ၏။

ကျိယွမ်သည် ထိုစကားကို ကြားသောအခါ အနည်းငယ် အလိုမကျဖြစ်သွားပြီး စတင် တွက်ချက်ကြည့်မိသည်။

စကြဝဠာတွေကို ဖြတ်ကျော်လာရလို့များ ငါ့ရဲ့ ကြယ်အမြုတေပုံရိပ်က ယင်နတ်ဘုရား ဒုတိယအဆင့်မှာပဲ ရှိနေတာလား။

သို့သော် သေသေချာချာ ပြန်လည် စဉ်းစားကြည့်သောအခါ ၎င်းသည် အဓိပ္ပါယ် ရှိပါသည်။ အဘယ်ကြောင့်ဆိုသော် စကြဝဠာတစ်ခုကို ဖြတ်ကျော်လာရသော ပုံရိပ်လေးတစ်ခုသာ ဖြစ်ကာ စစ်မှန်သောအမြုတေ မဟုတ်သောကြောင့်ပင်။

အရှင်းလင်းဆုံးအချက်ကတော့ တစ်ခုတည်းသာ။

အရမ်းအားနည်းတယ်။ လုံးဝ မလုံလောက်ဘူး။

ကျိယွမ်သည် မလုံခြုံသလို ခံစားလိုက်ရသည်။

သူက လျှင်​မြန်စွာမေးလိုက်သည်။

“ကန်းလန်နယ်မြေမှာ အစွမ်းအထက်ဆုံး ယင်နတ်ဘုရားက ဘယ်သူလဲ၊ ပုန်းအောင်းနေတဲ့ ယန်နတ်ဘုရားတွေဘာတွေများ ရှိနေသေးလား”

လိပ်အဘိုးအိုကြီးက ခေါင်းယမ်း၏။

“ဒီအကြောင်းတော့ ကျွန်တော် မသိပါဘူး၊ ဒါပေမယ့် အရှေ့ပိုင်းဒေသမှာ မဟာအုပ်စိုးရှင်အဆင့် မရှိပါဘူး၊ သာမန်အုပ်စိုးရှင်အဆင့်တွေပဲ ရှိတာကိုတော့ ကျွန်တော် အတည်ပြုနိုင်ပါတယ်”

"အင်း.."

ကျိယွမ်က ခေါင်းညိတ်လိုက်ပြီး ယဲ့ချုံအုပ်စိုးရှင်သည် အလွန်ဆုံးရှိမှ တတိယအဆင့်ထဲသာဖြစ်နိုင်ကြောင်း သုံးသပ်မိ၏။ယန်နတ်ဘုရားတော့ မဖြစ်နိုင်ပါ။

ကျိယွမ်က စကားဆက်မပြောဘဲ ငြိမ်သက်ကာတွေးနေသဖြင့် လိပ်အဘိုးအိုက အလိုက်တသိ ထွက်သွားသည်။

ကျိယွမ်သည် အတန်ကြာအထိ ငိုင်နေပြီးမှ

သိုလှောင်အိတ်ထဲမှ နည်းစနစ်ကျောက်စိမ်းပြားများကို ကြည့်လိုက်ပြီး သူ၏မျက်နှာတွင် ပြင်းပြသောအမူအယာပေါ်လာခဲ့သည်။

“ယင်နတ်ဘုရားတွေက တကယ်ပဲ ခွန်အားကြီးလွန်းတယ် ၊ ပိုဆိုးတာက ... ငါ့ရဲ့ ကြယ်အမြုတေက တခြားကမ္ဘာမှာ ရှိနေတာပဲ”

"မတော်လို့ ယဲ့ချုံက တတိယအဆင့်မှာ ရှိနေရင် ဘယ်လိုလုပ်မလဲ”

မြေလိပ်အိုကြီး၏ အဆိုအရ တတိယအဆင့်တွင် အနည်းဆုံး နတ်ဘုရားပေါက် ၃၆ ခု ရှိပြီး ပြီးပြည့်စုံအောင်ကျင့်လျှင် နတ်ဘုရားပေါက် ၈၁ ခုအထိ ရှိနိုင်သည် မဟုတ်ပါလား။

ထိုခွန်အားဆိုလျှင် ကျိယွမ်အနေဖြင့် ယှဥ်ပြိုင်နိုင်စရာ လုံးဝမရှိပါ။အသေခံရုံသာ ရှိလေသည်။

“မဖြစ်သေးဘူး၊လုံးဝ မဖြစ်သေးဘူး ၊ စိတ်ဝိညာဥ်ကို ခဏထားပြီး ငါ့ရဲ့အမြုတေ လမ်းစဉ်ကို တိုးတက်အောင် လုပ်တာကို ဦးစားပေးရမယ်”

ကျိယွမ်သည် သူ၏မူလဒန်တျန်အတွင်းသို့ စစ်ဆေးလိုက်ရာ စစ်မှန်နေမင်းမီးတောက်ပမာဏတော်တော်များများထိ စုဆောင်းမိနေပြီကို တွေ့လိုက်သည်။

လက်ရှိကမ္ဘာ၌ ဆယ်ရက်သာ ရှိသေးသော်လည်း အမြုတေနှင့်နင်းထောင်ရှိနေသော စကြဝဠာမှာတော့ နှစ်တစ်ထောင်ကြာခဲ့ပြီ မဟုတ်ပါလား။

"စစ်မှန်နေမင်းမီးတောက် ..ဝါးမျိုးစေ"

ကျိယွမ်သည် သူ၏ စစ်မှန်နေမင်းမီးတောက် အသက်သွင်းလိုက်သည်။

ချက်ချင်းပင် သူ၏မူလဒန်တျန်က ဓာတ်ပေါင်းဖိုတစ်ခုလို ပြင်းထန်စွာပူလောင်လာပြီး နီရဲသွားသည်။

တစ်ချိန်တည်းမှာပင် ကျယ်ပြောလှသော စကြဝဠာထဲတွင်ရှိသော ကြယ်တစ်လုံးပေါ်ရှိ မီးတောက်များက အရှိန်အဟုန်ပြင်းစွာ

တောက်လောင်လာ၏။

အနက်ရောင်ဝတ်စုံဝတ်ထားသော အေးစက်ပြီးလှပသည့် မိန်းမပျိုတစ်ဦးသည် သူမ၏နက်မှောင်သော မျက်လုံးများကို ဖွင့်လိုက်သည်။

သူမ၏ဖြူဖွေးသော လက်ဖဝါးတွင် စစ်မှန်နေမင်းမီးတောက်၏ အငွေ့အသက်တစ်ခု က တရိပ်ရိပ်လောင်ကျွမ်းနေသည်။

သူမသည် ရှေ့တွင်မြင်နေရသော အနီးဆုံး ဂြိုဟ် ၁၃ လုံးကို ကြည့်လိုက်ပြီး မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု အရိပ်အယောင် ပေါ်လာသည်။

"စစ်မှန်နေမင်းမီးတောက်.. "

နင်းထောင်၏ အမိန့်ကြောင့် ကြယ်ပေါ်ရှိ ရွှေရောင်မီးတောက်များသည် တဟုန်ထိုး တက်လာသည်။

အမြုတေကြယ်၏ အရွယ်အစားသည် ရုတ်တရက် ဆယ်ဆခန့်အထိ တိုးလာ၏။

မီးတောက်များကလည်း ပြင်းထန်သည်ထက်ပြင်းထန်လာပြီးနောက် အဆတစ်ရာ ခန့်အထိ ထပ်တိုးလာသည်။

ကန်းလန်နယ်မြေ၏ ကောင်းကင်ယံရှိ နေငယ်လေးသည် ပိုမိုတောက်ပလာပြီး တစ်ချက်ပြီးတစ်ချက် သိသာစွာ ပိုလင်းလာတော့သည်။

သာမန်လူများအားလုံးနှင့် ကျင့်ကြံသူများမှာ ထိုအရာကို သတိထားမိသွားကြပြီး ထိုနေငယ်လေးကို နားမလည်ခြင်းနှင့်အတူ ထိတ်လန့်စွာမော့ကြည့်နေကြသည်။

"ဘာဖြစ်တာလဲ"

"အရင်တခါလို ကျဆင်းလာဦးမလို့လား"

ကျယ်ပြောလှသော စကြဝဠာထဲတွင်တော့ စစ်မှန်နေမင်းမီးတောက်သည် အဆုံးမရှိနိုင်တော့သလို တောက်လောင်နေသည်။

အရပ်မျက်နှာ အားလုံးတွင် ပြင်းထန်သော မီးတောက်များက ပို၍ပို၍ လောင်ကျွမ်းလာ၏။

ဒဏ္ဍာရီလာမီးတောက်သည် အရာရာကို ဝါးမျိုပြီး ၎င်း၏ကြီးမားသော အပူလှိုင်းကို ကျယ်ပြောလှသော စကြဝဠာတစ်လျှောက် ပျံ့နှံ့စေသည်။

ဧရာမ ဂြိုဟ်ကြီး ၁၃ လုံး။

လူသားများ၏ တစ်သက်တာတွင်ပင် မမြင်ဖူးနိုင်အောင် ကြီးမားသော ကြယ်များသည်

စစ်မှန်နေမင်းမီးတောက်အောက်တွင် တဖြည်းဖြည်းကျရှုံးလာကြသည်။

တစ်လုံးကို ဝါးမျို၏။

ထို့နောက် ဒုတိယအလုံးကို ဆက်လက်ဝါးမျိုသည်။

ထိုမှတစ်ဆင့် တတိယမြောက်ကိုလည်း ဝါးမျိုးပစ်ပြန်၏။

ဂြိုဟ် ၁၃ လုံးသည် စစ်မှန်နေမင်းမီးတောက်ဖြင့် အဆက်မပြတ် ဝါးမျိုခြင်းကို ခံရသည်။

မာကျောသည်ဖြစ်စေ။

ဓာတ်ငွေ့ဖြစ်စေ။

သို့မဟုတ် ရေခဲဖြစ်စေ။

စကြာဝဠာဆိုင်ရာ အရာဝတ္ထုများသည် မီးတောက်များဖြင့် အားလုံး လောင်ကျွမ်းသွားတော့သည်။

နင်းထောင်၏ မျက်လုံးများက ဝမ်းသာအားရဖြစ်သွားပြီး တောက်ပလာသည်။

“ငါလည်း နန်းဆောင်နည်းနည်း ပိုရသွားပြီ”

ကန်းလန်နယ်မြေတွင် ကျင့်ကြံနေသော ကျိယွမ်သည် ကျင့်ကြံနေရင်းမှ စားပိုးနင့်သလို ဂေ့ခနဲ လေချဥ်တက်သွားလေသည်။

သူ၏ မူလဒန်တျန်ထဲသို့ စစ်ဆေးလိုက်ရာ

များပြားသောကြယ်များ၏ပုံရိပ်များကို တွေ့လိုက်ရသည်။

များပြားသောဟုဆိုသော်လည်း အမှန်မှာ စုစုပေါင်း ၁၄ ခုသာရှိလေသည်။

ကြယ်တစ်လုံး ၊ ဂြိုဟ် ၁၃ လုံးနှင့် အရေးမပါသော အခြားအရာဝတ္ထုငယ်များစွာ ဖြစ်သည်။

“ငါ တံဆိပ်ခေါင်းတွေ စုဆောင်းမိနေပြီ”

“နောက်ပစ်မှတ်ကတော့ ကြယ်တစ်လုံးကို ဝါးမျိုဖို့ပဲ”

ကျိယွမ်သည် သူ့တွင်မီးတောက်များစွာကျန်ရှိနေသေးသည်ဟု ခံစားရသည်။

သူက မူလဒန်တျန်ထဲမှ အမြုတေပုံရိပ်များကိုကြည့်ကာ ကြုံးဝါးလိုက်သည်။

“ကြယ်တစ်လုံးက ယဲ့ချုံးကို မချေမှုန်းနိုင်ရင် နှစ်လုံးနဲ့ချရုံပေါ့ ၊ နှစ်လုံးနဲ့မရရင် သုံးလုံးကွာ .."

--------------------------

All Chapters